4th APR 2024 - Morning Daily News by Radio NUG

၂၀၂၄ ဧပြီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတက်ရောက်

📌 ၂။ စစ်တပ်၏ မြန်မာပြည်သူများအပေါ် ဆိုးရွားသော ရက်စက်ကြမ်းကြုတ်မှုများ ရပ်တန့်ရန် တစ်ခုတည်းသောနည်းလမ်းမှာ လက်နက်တင်ပို့ရောင်းချမှု အလုံးစုံ တားဆီးပိတ်ပင်ရေးဖြစ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂ မှာပြောကြား

📌 ၃။ မန္တလေးဒေသ တော်လှန်ရေးအင်အားစုများ အစည်းအဝေးတွင် လက်တလော နိုင်ငံရေး၊ တော်လှန်ရေး ဖြစ်ပေါ်တိုးတက်မှုများကို အပြန်အလှန် မျှဝေဆွေးနွေး

📌 ၄။ IFNMC သို့ ချိတ်ဆက်ပြီး သင်ရိုးညွှန်းတမ်းဆိုင်ရာ အကြံဥာဏ်ရယူ၍  တော်လှန်ရေးကာလအတွင်း အသုံးပြုရန် "သင်ရိုးညွှန်းတမ်းအသုံးပြုခွင့်အတည်ပြုချက်" ထုတ်ပြန်ပေးထားသော ကျောင်းနှစ်ကျောင်းပေါ်ထွက်လာ

📌 ၅။ သတင်းတုများကို စစ်တပ်ထောက်ခံသူတွေနဲ့ လူမျိုးကြီးအစွန်းရောက်သမားတွေပဲဖြန့်ဝေခြင်းဖြစ်နိုင်တယ်လို့ သတင်းသမားအချို့သုံးသပ်

📌 ၆။ မတ်လအတွင်း မကွေးတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး () ဦးနှင့် အမျိုးသား () ဦး စုစုပေါင်း (၁၃) ဦး သေဆုံးခဲ့


၂၀၂၄ ခုနှစ် ဧပြီလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရခိုင်ပြည် တိုက်ပွဲများမှ စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား () ဦးကို PRA (မကွေး) ဖမ်းဆီးရမိ

🚩 ၂။ မြိုင်နယ် လင်းကတောစခန်းကို တော်လှန်ရေးတပ်ပေါင်းစုက ရက်ဆက်တိုက်ခိုက် စစ်သား ဦးသေဆုံး 

🚩 ၃။ ပုဇွန်မြောင်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်မှုရှိ

🚩 ၄။ သင်္ကန်းညီနောင် ခမရ (၃၅၅) ကို စစ်ကူလာတဲ့ စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ သေဆုံး

🚩 ၅။ ပေါက်ခေါင်းမှာ စစ်မှုထမ်းဖို့ လူငယ်တွေကို လိုက်လံစုဆောင်းနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူ တပ်ကြပ်ကြီးတို့ ပစ်ခတ်ခံရပြီး သေဆုံး

🚩 ၆။ နတ်မောက်မြို့နယ်တွင် ပျူစောထီးခေါင်းဆောင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတက်ရောက်


ဧပြီလ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (/၂၀၂၄)ကို ဧပြီလ ရက်နေ့တွင် ကျင်းပခဲ့ပါတယ်။


အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့ အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ ပညာရေး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ စစ်တပ်၏ မြန်မာပြည်သူများအပေါ် ဆိုးရွားသော ရက်စက်ကြမ်းကြုတ်မှုများ ရပ်တန့်ရန် တစ်ခုတည်းသောနည်းလမ်းမှာ လက်နက်တင်ပို့ရောင်းချမှု အလုံးစုံ တားဆီးပိတ်ပင်ရေးဖြစ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂ မှာပြောကြား


ဧပြီလ ၃ရက်။

စစ်တပ်၏ မြန်မာပြည်သူများအပေါ် ဆိုးရွားသောရက်စက်ကြမ်းကြုတ်မှုများ ရပ်တန့်ရန် တစ်ခုတည်းသောနည်းလမ်းမှာ လက်နက်တင်ပို့ရောင်းချမှု အလုံးစုံ တားဆီးပိတ်ပင်ရေးဖြစ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာပြောကြားခဲ့ပါတယ်။


ဧပြီလ ၂ရက် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေး ကော်မရှင်မှ အစည်းအဝေးကျင်းပရာ အထွေထွေရေးရာ ဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။


"မြန်မာစစ်တပ်သည် အချို့သောနိုင်ငံများမှ တင်သွင်းသည့် တိုက်လေယာဉ်၊ လက်နက်ခဲယမ်းများ၊ အမြောက်၊ လက်နက်ကြီးများနှင့် ဆက်စပ်နည်းပညာများကို အသုံးပြု၍ အပြစ်မဲ့အရပ်သားပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ် အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိကြောင်း၊မြန်မာနိုင်ငံ၏ ကြေကွဲဖွယ်အခြေအနေမှာ စကားလုံးဖြင့်ဖော်ပြရန် လုံလောက်မှုမရှိကြောင်း၊ ပြည်သူများသည် ယင်းသို့ ဆိုးရွားသောဒုက္ခအတိကို ခံစားနေရကြောင်း၊  စစ်တပ်၏ မြန်မာပြည်သူများအပေါ် ဆိုးရွားသောရက်စက်ကြမ်းကြုတ်မှုများ ရပ်တန့်ရန် တစ်ခုတည်းသောနည်းလမ်းမှာ စစ်တပ်သို့ လက်နက်တင်ပို့ရောင်းချမှု အလုံးစုံ တားဆီးပိတ်ပင်ရေးဖြစ်ကြောင်း"သံအမတ်ကြီးကပြောကြားခဲ့ပါတယ်။


ဒါ့အပြင် မြန်မာစစ်တပ်၏ ပြည်သူများအပေါ် လူမဆန်သောကျူးလွန်မှုများစွာကို ခံစားနေရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် လက်နက်ပြန့်ပွားခြင်းကြောင့် လူသားချင်းစာနာမှုဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများ အပါအဝင် ပြည်သူများအပေါ် ထိခိုက်ခံစားရမှုများကို  ကောင်းစွာနားလည်ကြောင်းလည်းသံအမတ်ကြီးကဆိုခဲ့ပါတယ်။


========================


📌📌 ၃။ မန္တလေးဒေသ တော်လှန်ရေးအင်အားစုများ အစည်းအဝေးတွင် လက်တလော နိုင်ငံရေး၊ တော်လှန်ရေး ဖြစ်ပေါ်တိုးတက်မှုများကို အပြန်အလှန် မျှဝေဆွေးနွေး


ဧပြီလ ၃ရက်။

မန္တလေးဒေသ တော်လှန်ရေးအင်အားစုများ အစည်းအဝေးတွင် လက်တလော နိုင်ငံရေး၊ တော်လှန်ရေး ဖြစ်ပေါ်တိုးတက်မှုများကို အပြန်အလှန် မျှဝေဆွေးနွေးခဲ့ပါတယ်။


မန္တလေးဒေသ တော်လှန်ရေးအင်အားစုများကြား ပုံမှန် တွေ့ဆုံမှုအစည်းအဝေးကို  (ဧပြီလ ၁ရက်) က Zoom Platform မှတဆင့် ကျင်းပခဲ့ကြပါတယ်။


ပုံမှန်မပျက် တွေ့ဆုံညှိနှိုင်းကြရာမှာ-မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Mandalay Region Hluttaw - CRMH) အပါအဝင် မန်းဒေသကိုယ်စားပြု ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီဝင်များ၊ လူထုသပိတ်တိုက်ပွဲ၊ လူထုလှုပ်ရှားမှုဆိုင်ရာ အင်အားစုများ၊ သမဂ္ဂ ကျောင်းသား လူငယ် အမျိုးသမီး အင်အားစုများ၊ CDM ဆိုင်ရာအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းဝင်များ၊ တက်ကြွလှုပ်ရှားသူများတက်ရောက်ခဲ့ကြပါတယ်။


အစည်းအဝေးတွင် လက်တလော နိုင်ငံရေး၊ တော်လှန်ရေး ဖြစ်ပေါ်တိုးတက်မှုများကို အပြန်အလှန် မျှဝေ၊ ဆွေးနွေးကြပါတယ်။

အဲ့ဒီနောက် မန္တလေးဒေသတွင်းရှိ မိမိတို့နှင့် မချိတ်ဆက်ရသေးသည့် တော်လှန်ရေးအင်အားစုများကို ထပ်မံ ချိတ်ဆက်နိုင်ရေးကိစ္စ၊ မန္တလေးဒေသတွင်း နိုင်ငံရေးအင်အားစုများ ပိုမို စုစည်း၊ ခိုင်မာနိုင်ရေးကိစ္စ၊ မန္တလေးဒေသအတွက် လက်ရှိတော်လှန်ရေးကာလ (ဝါ) ကြားကာလအတွက် နိုင်ငံရေးဆိုင်ရာ၊ တော်လှန်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ကိစ္စရပ်တွေနဲ့ စပ်လျဉ်းပြီး တက်ရောက်လာသူများအကြား အမြင်သဘောထားများကို ရင်းရင်းနှီးနှီး ဆွေးနွေး၊ မျှဝေခဲ့ကြပါတယ်။


========================


📌📌 ၄။ IFNMC သို့ ချိတ်ဆက်ပြီး သင်ရိုးညွှန်းတမ်းဆိုင်ရာ အကြံဥာဏ်ရယူ၍  တော်လှန်ရေးကာလအတွင်း အသုံးပြုရန် "သင်ရိုးညွှန်းတမ်းအသုံးပြုခွင့်အတည်ပြုချက်" ထုတ်ပြန်ပေးထားသော ကျောင်းနှစ်ကျောင်းပေါ်ထွက်လာ


ဧပြီလ ၃ရက်။

IFNMC သို့ ချိတ်ဆက်ပြီး သင်ရိုးညွှန်းတမ်းဆိုင်ရာ အကြံဥာဏ်ရယူ၍  တော်လှန်ရေးကာလအတွင်း အသုံးပြုရန် "သင်ရိုးညွှန်းတမ်းအသုံးပြုခွင့်အတည်ပြုချက်" ထုတ်ပြန်ပေးထားသော ကျောင်းနှစ်ကျောင်းပေါ်ထွက်လာပါတယ်။


ဧပြီလအတွင်း Interim Federal Nursing and Midwifery Councilကအသိပေးဖော်ပြပါတယ်။


"ကြားကာလအတွင်း IFNMC သို့ ချိတ်ဆက်ပြီး သင်ရိုးညွှန်းတမ်းဆိုင်ရာ အကြံဥာဏ်ရယူ၍ လုပ်ငန်းစဥ်များကို ညှိနှိုင်းပြီး တော်လှန်ရေးကာလအတွင်းအသုံးပြုရန် "သင်ရိုးညွှန်းတမ်းအသုံးပြုခွင့်အတည်ပြုချက်" ထုတ်ပြန်ပေးထားသော ကျောင်းနှစ်ကျောင်းရှိခဲ့တယ်လို့ဖော်ပြပါတယ်။


အဆိုပါကျောင်းများမှာ ကရင်နီပြည်နယ်၊ သူနာပြုတက္ကသိုလ်အား ၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပေးခဲ့ပြီး ယခု၂၀၂၄ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် သူနာပြုတက္ကသိုလ်၊ ကချင်ပြည်နယ်ပညာရပ်စုံ တက္ကသိုလ်အား အတည်ပြုချက်ထုတ်ပြန်ပေးထားတယ်လို့သိရပါတယ်။


သက်ဆိုင်ရာတိုင်း၊ ပြည်နယ်တချို့မှလည်း မိမိတို့ဖက်ဒရယ်ဒေသအလိုက် သူနာပြုတက္ကသိုလ်ဖွင့်လှစ်နိုင်ရန် စီစဥ်ဆောင်ရွက်နေကြရာ IFNMC အနေဖြင့် သူနာပြုနှင့်သားဖွားပညာရေးအား နိုင်ငံတကာအဆင့်အတန်းနှင့်အညီ ရင်ပေါင်တန်းနိုင်ပြီး အရည်အသွေးပြည့်မီသော သူနာပြုနှင့်သားဖွားများမွေးထုတ်ပေးနိုင်ရေးကို ရှေးရှု၍ ဆောင်ရွက်ပေးလျက်ရှိပါသောကြောင့် တိုင်း/ပြည်နယ်များအနေဖြင့် မိမိတို့ဒေသဆောင်ရွက်မှုအတွက် IFNMC သို့ ဆက်သွယ်နိုင်ပါကြောင်း သတင်းစကားပါးအသိပေးကြေညာထားပါတယ်။


========================


📌📌 ၅။ သတင်းတုများကို စစ်တပ်ထောက်ခံသူတွေနဲ့ လူမျိုးကြီးအစွန်းရောက်သမားတွေပဲဖြန့်ဝေခြင်းဖြစ်နိုင်တယ်လို့ သတင်းသမားအချို့သုံးသပ်


ဧပြီလ ၃ရက်။

သတင်းတုများကို စစ်တပ်ထောက်ခံသူတွေနဲ့ လူမျိုးကြီးအစွန်းရောက်သမားတွေပဲဖြန့်ဝေခြင်းဖြစ်နိုင်တယ်လို့ သတင်းသမားအချို့သုံးသပ်ပြောကြားပါတယ်။


ဧပြီလအတွင်း radio NUG ဆက်သွယ်မေးမြန်းချက်ကို သတင်းသမားအချို့က တညီတညွတ်တည်း ဖြေကြားပါတယ်။


"လက်ရှိက စစ်တပ်ထောက်ခံသူတွေနဲ့ လူမျိုးကြီးအစွန်းရောက်သမားတွေပဲ များတာလေ။

အဆိုးဆုံးက မှန်တာ ပြောခွင့်၊ ငြင်းပိုင်ခွင့်တောင် မရှိတော့ အမှားတွေ ဖြန့်ရပိုကောင်းလာတယ်။ လူတွေက ပိုပြီး မျော်လင့်ချက်မဲ့လာနေကြတော့ သတင်းတုတွေ ဖြန့်ရ ပိုလွယ်ကူလာတယ်"လို့ လုပ်သက် ၁၀ နှစ်ကျော်ရှိ ဒီမိုကရေစီဘက်တော်သား သတင်းသမားအမျိုးသမီးတဦးကပြောပါတယ်။


အဆိုပါသတင်းတုများကိုဖြန့်ဝေရာမှာ အကြမ်းဖက်စစ်တပ်ထောက်ခံတဲ့ လော်ဘီသတင်းသမားအချို့လည်း ပါဝင်နိုင်တယ်လို့ ရခိုင်တိုင်းရင်းသားသတင်းသမားတဦးကလည်း radio NUGကိုပြောပါတယ်။


"NUGကို ဘာဖြစ်တယ်။ ညာဖြစ်တယ်ဆိုပြီး သူတို့တိုက်ခိုက်တယ်။ တကယ်သူတို့လုပ်နိုင်သလားဆိုတော့ NUGလောက်ကိုမလုပ်နိုင်ဘူး"လို့ ရခိုင်တိုင်းရင်းသားသတင်းသမားတဦးကဖြေကြားပါတယ်။


========================


📌📌 ၆။ မတ်လအတွင်း မကွေးတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး () ဦးနှင့် အမျိုးသား () ဦး စုစုပေါင်း (၁၃) ဦး သေဆုံးခဲ့


ဧပြီလ ၃ရက်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ မတ်လ ရက်နေ့မှ ၃၁ ရက်နေ့အထိ မကွေးတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး () ဦးနှင့် အမျိုးသား () ဦး စုစုပေါင်း (၁၃) ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။


အဆိုပါ (၁၃) ဦးအနက် စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက်မှာ () ဦးဖြင့် အများဆုံးဖြစ်တယ်လို့သိရပါတယ်။


မတ်လ ၃၀ ရက်နေ့၊ နာရီခွဲခန့်အချိန်တွင် မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ ရုံးပေါင်းစုံအတွင်း၌ တပ်စွဲထားသည့် အကြမ်းဖက်စစ်အုပ်စုမှ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် အမှတ် () ထင်းတန်ရပ်ကွက်နှင့် သုခဝတီရပ်ကွက်ကြားရှိ ကွမ်းယာဆိုင်ရှေ့တွင် ကျရောက်ပေါက်ကွဲခဲ့သဖြင့် မသိင်္ဂီမေမှာ ကျည်စထိမှန်၍ ဒဏ်ရာရရှိကာ နာရီခွဲခန့်အချိန်၌ သေဆုံးခဲ့ရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ရခိုင်ပြည် တိုက်ပွဲများမှ စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား () ဦးကို PRA (မကွေး) ဖမ်းဆီးရမိ


ဧပြီလ ရက်။

Radio NUG

တိုက်ပွဲများ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှ စစ်ရှုံးကာ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦးကို မကွေးတိုင်းအတွင်း ဖမ်းဆီးရမိထားတယ်လို့  People’s Revolution Alliance (မကွေး) ထံက သိရပါတယ်။


မတ်လ () ရက်နေ့တွင် ရခိုင်ဒေသ ခလရ (၃၆) တပ်မှ ထွက်ပြေးလာတဲ့ စစ်သား ဦးနဲ့ ဧပြီလ ရက်နေ့ တွင် ခမရ (၃၄၆) တပ်ရင်းမှ ထွက်ပြေးလာတဲ့ စစ်သား ဦးကို မကွေးတိုင်းနဲ့ နီးစပ်ရာ ဒေသများမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။


အဆိုပါ စစ်သားများမှာ အရပ်သားများအဖြစ် ဟန်ဆောင်ကာ ဝင်လာခြင်းဖြစ်ပြီး မသင်္ကာလို့ စစ်ဆေး ကြည့်ရာမှ စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ စစ်သားတွေ ဖြစ်နေကာ လက်နက်တွေကိုတော့ သူတို့စပြေးတဲ့ နေရာမှာ ထားခဲ့တယ်လို့ သိရကြောင်း PRA (မကွေး) မှ စစ်ရေးတာဝန်ခံ ကိုနောင်သူရိန်မှ ပြောပါတယ်။


ဖမ်းဆီးရမိတဲ့ စစ်ကောင်စီ စစ်သားများမှာ ဒုတပ်ကြပ် တစ်ဦးနဲ့ တပ်သားများ ဖြစ်ကြပြီး လက်ရှိတွင် ရခိုင်ဒေသအတွင်း ၎င်းတို့ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုများကို စစ်ဆေးမေးမြန်းနေဆဲ ဖြစ်ကာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုများအလိုက် လိုအပ်သလို ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။


People’s Revolution Alliance ဟာ လက်ရှိမှာ ရက္ခိုင့်တပ်တော် (AA) နှင့်အတူ စစ်ကောင်စီတပ်နဲ့ စစ်ဒေသ တချို့မှာ ရင်ဆိုင်တိုက်ပွဲဝင်နေပြီး ရက္ခိုင့်တပ်တော်က စစ်ရေး အကူအညီများ ပေးနေတဲ့ တပ်ဖွဲတစ်ခု ဖြစ်ပါတယ်။


ထို့ပြင် PRA (မကွေး) က ငဖဲမြို့နယ်အတွင်း အခြေစိုက်တဲ့ စစ်ကောင်စီ လက်အောက်ခံ တပ်ရင်းများ၊ ကင်းစခန်းများ၊ ဂိတ်များမှ တပ်ဖွဲ့ဝင်များ အနေဖြင့် တော်လှန်ရေး အင်အားစုများနဲ့ ပူးပေါင်းကြရန်နှင့် ကျန်တဲ့ စစ်ကောင်စီ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများနဲ့ စာရေးများကိုလည်း နှုတ်ထွက်ကြရန် တိုက်တွန်းထားပါတယ်။


ရခိုင်ဒေသအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲများမှ စစ်ကောင်စီတပ်သား အများအပြား လက်နက်ချ အညံ့ခံ ခြင်းများရှိနေတဲ့အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထွက်‌ပြေးခဲ့တဲ့ စစ်ကောင်စီတပ်သားများမှာလည်း ၄၀၀ နီးပါးအထိ ရှိခဲ့ကြောင်း သိရပါတယ်။


========================


🚩🚩 ၂။ မြိုင်နယ် လင်းကတောစခန်းကို တော်လှန်ရေးတပ်ပေါင်းစုက ရက်ဆက်တိုက်ခိုက် စစ်သား ဦးသေဆုံး  


ဧပြီလ ၃ရက်။

မကွေးတိုင်း မြိုင်မြို့နယ် လင်းကတောစခန်းကို တော်လှန်ရေးတပ်ပေါင်းစုက ရက်ဆက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးသွားတယ်လို့ ပခုက္ကူခရိုင် တပ်ရင်း ၁၅ က အသိပေးပါတယ်။

မြိုင်မြို့နယ်ထဲက အကြမ်းဖက်စစ်တပ်ရဲ့ လင်းကတောစခန်းကို တော်လှန်ရေးတပ်ပေါင်းစုက ဧပြီလ ရက်နဲ့ ရက်နေ့တွေမှာ ရက်ဆက် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်းက ဘန်ကာတွေကိုပါ မီးရှို့ ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က Mi 35 ရဟတ်ယာဉ်၊ ဂျက်ဖိုက်တာတွေနဲ့ အဆက်မပြတ် လာရောက် ဗုံးကြဲခဲ့ပြီး ရေစကြိုမြို့နယ် ဖူလုံရွာ အခြေစိုက် ၁၀၁ လက်အောက်ခံ စစ်ကောင်စီတပ်ကလည်း ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ ရက်ဆက်တိုက် ပစ်ကူပေးခဲ့တာကြောင့် တော်လှန်ရေးတပ်ပေါင်းစုက ရဲဘော်တွေ လင်းကတောစခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခြင်းမရှိဘဲ စခန်းအတွင်းက ဘန်ကာတွေကိုသာ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဘက်က တပ်ကူစစ်ကြောင်းတွေ ရောက်လာတဲ့အတွက် တော်လှန်ရေး တပ်ပေါင်းစုဘက်က ခေတ္တနောက်ဆုတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိသလို တော်လှန်ရေးတပ်ပေါင်းစုဘက်က ရဲဘော် ဦးလည်း မစိုးရိမ်ရတဲ့ ဒဏ်ရာတွေရခဲ့တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း ၁၅ က အသိပေးထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို နဂါးနီ (မြိုင် ပကဖ) ပခုက္ကူ (ပကဖ) ပခုက္ကူ ခရိုင် တပ်ရင်းအမှတ် -၂၊ အမှတ် -၃၊ အမှတ် -၁၅၊ Column စစ်ကြောင်းနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၃။ ပုဇွန်မြောင်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်မှုရှိ


ဧပြီလ ရက်။

Radio NUG


ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ KNLA နဲ့ PDF ပူးပေါင်း တပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှု ရှိခဲ့တယ်လို့ ညောင်လေးပင်ခရိုင် တပ်ရင်း (၃၇၀၂) တပ်ခွဲ () ထံက သိရပါတယ်။


 ဧပြီလ ရက် မနက် နာရီခန့်က ပုဇွန်မြောင်းကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်ဟာ ကျေးရွာနဲ့ မိုင်ခန့် အကွာက KNLA , PDF ပူးပေါင်းတပ်စခန်းငယ်ကို လာရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်က ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့နိုင်ပြီး KNLA ပူးပေါင်း အဖွဲ့ဘက်က ရဲဘော် ဦး ဒဏ်ရာရရှိ ခဲ့တယ်လို့ ညောင်လေးပင်ခရိုင်၊ တပ်ရင်း ၃၇၀၂၊ တပ်ခွဲ တာဝန်ရှိသူက ပြောပါတယ်။


အဆိုပါ တိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့က ပုဇွန်မြောင်း ကျေးရွာကို ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ရွာ ထဲမှာ ဆက်လက်တပ်စွဲနေတယ်လို့ သိရပါတယ်။


ထို့ပြင် ပုဇွန်မြောင်းကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ စတင် တပ်စွဲတဲ့ အချိန်ကနေ ဒီနေ့အထိ နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာထိပ်မှာ ဂိတ်ဖွင့်ထားကာ လမ်းသွားလမ်းလာများအား စစ်ဆေးဖမ်းဆီးတာတွေကို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။


========================


🚩🚩 ၄။ သင်္ကန်းညီနောင် ခမရ (၃၅၅) ကို စစ်ကူလာတဲ့ စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ သေဆုံး


ဧပြီလ ရက်။

Radio NUG


တော်လှန်ရေး အင်အားစုတွေ သိမ်းပိုက်ထားတဲ့ သင်္ကန်းညီနောင် အခြေစိုက် .. (၃၅၅) တပ်ရင်းကို ပြန်လည်ရရှိရေးအတွက် စစ်ကူလာတဲ့ စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ခံခဲ့ရတာကြောင့် စစ်သား ၂၀ ဦး သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ရွာ အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၃၅၅) တပ်ရင်းကို ပြီးခဲ့တဲ့ မတ်လ ရက်နေ့မှာ KNLA, PDF နဲ့ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့တာပါ။


အဆိုပါတပ်ရင်းကို ပြန်လည်ရရှိရေးအတွက် စစ်ကူလာတဲ့ စစ်ကောင်စီတပ် ပူးပေါင်းစစ်ကြောင်း တွေနဲ့ KNLA , PDF ပူးပေါင်း တပ်ဖွဲ့တွေကြား မတ်လ ၁၅ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ၁၅ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိ ခဲ့တယ်လို့ ဆိုပါတယ်။


ထို့ပြင် ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့ ကနေ ၂၅ ရက်နေ့အထိ နောက်ထပ် စစ်ကူလာတဲ့ စစ်ကြောင်း ထပ်မံ တိုက်ခိုက်ခံရကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦး ထပ်မံသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ ဘက်မှလည်း ရဲဘော် ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီ ဦး တိုင်းပြည်နဲ့ ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေးအတွက် မြင့်မြတ်စွာ အသက်ပေးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ စစ်ကူစစ်ကြောင်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှု တွေကြောင့် ပြည်သူ ဦး ထိမှန်သေဆုံးခဲ့ကာ ဦး ဒဏ်ရာရရှိခဲ့ပြီ နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိမှာ သင်္ဃန်းညီနောင်ဒေသအတွင်း ကျန်ရှိနေတဲ့ စစ်ကောင်စီ တပ်ရင်း (၂၅၇) နဲ့ ဗျူဟာကုန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။


========================


🚩🚩 ၅။ ပေါက်ခေါင်းမှာ စစ်မှုထမ်းဖို့ လူငယ်တွေကို လိုက်လံစုဆောင်းနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူ တပ်ကြပ်ကြီးတို့ ပစ်ခတ်ခံရပြီး သေဆုံး


ဧပြီလ ၃ရက်။

ပဲခူးတိုင်းအနောက်ခြမ်း ပေါက်ခေါင်းမြို့နယ်ထဲမှာ လူငယ်တွေ စစ်မှုထမ်းဖို့ လိုက်လံ စုဆောင်းနေတဲ့ ညောပင်အင်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး တင်ထွေးနဲ့ သားဖြစ်သူ စစ်သားဟောင်း တပ်ကြပ်ကြီး ကျော်သူစိုး တို့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်းက ထုတ်ပြန်ပါတယ်။

ပေါက်ခေါင်းမြို့နယ် ညောင်ပင်အင်းအုပ်စု ညောင်ပင်အင်းရွာမှာနေတဲ့ အုပ်ချုပ်ရေးမှူး တင်ထွေးနဲ့ သားဖြစ်သူ စစ်သားဟောင်း တပ်ကြပ်ကြီးကျော်သူစိုးတို့ကို စစ်ဆေးမေးမြန်းဖို့အတွက် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၁ PPDFတပ်ရင်း၊ တပ်ခွဲ ပြည်တော်ဝင်အဖွဲ့နှင့်တပ်ခွဲ နွေဦးအဖွဲ့တို့က ဧပြီလ ရက်နေ့ နာရီအချိန်မှာ ၎င်းတို့နေအိမ်ကို ဆိုင်ကယ်တွေနဲ့ သွားရောက်ခေါ်ဆောင်လာခဲ့ကြတယ်လို့ ဆိုပါတယ်။ 

အခုလိုခေါ်ဆောင်လာရာမှာ သဖန်းကိုင်းရွာ ဆည်ကြီးကုန်းအရှေ့ ဘက် သရက်ချောင်းလမ်းအရောက်မှာ တင်ထွေးနဲ့ သားဖြစ်သူ ကျော်သူစိုးတို့က ဆိုင်ကယ်ကိုလှဲချပြီး ထွက်ပြေးဖို့ လုပ်ဆောင်လာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးရာကနေ ၁၀ နာရီခန့်အချိန်မှာ အုပ်ကြီးတင်ထွေးနဲ့ သားဖြစ်သူတပ်ကြပ်ကြီးကျော်သူစိုးတို့ သေဆုံးခဲ့တာလို့ သိရပါတယ်။

သေဆုံးသွားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး တင်ထွေးနဲ့ သူရဲ့သား တပ်ကြပ်ကြီးကျော်သူစိုးတို့ဟာ လူငယ်တွေကို စစ်မှုထမ်းစေဖို့ လိုက်လံစုဆောင်းပေးတာ၊ ဒီသားအဖ ဦးရဲ့ သတင်းပေးမှုကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်တွေနေထိုင်ရာ စခန်းငယ်တခု စီးနင်းခံခဲ့ရတာတွေရှိခဲ့ပြီး တပ်ကြပ်ကြီးကျော်သူစိုးဟာ ကပစ ၁၉ က ဗိုလ်မှူးယုနောင်နဲ့ဆက်သွယ်ကာ ပြန်လည်စစ်မှုထမ်းဖို့ လုပ်ကိုင်နေသူဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။ 

၎င်းတို့ ဦးထံကနေ မှတ်ပုံတင်တခု၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်ကတ်ပြားတခု၊ ဆိုင်ကယ်တစီး၊ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ဆက်သွယ်ထားတဲ့ လက်ကိုင်ဖုန်း လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ က ရဲဘော်တွေကလည်း ပေါက်ခေါင်းမြို့နယ်အပိုင်ထဲက ရိုးမထဲကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၅ ဦးပါ စစ်ကောင်စီတပ်ဖွဲ့ကို ဧပြီလ ရက်နေ့ ညနေပိုင်းမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာရှိပါတယ်။ 

ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အကြမ်းဖက်စစ်တပ် ထောက်တိုင်တွေဖြစ်တဲ့ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး များ၊ဆယ်အိမ်မှူးများ၊ ရပ်/ကျေးထွေအုပ်စာရေးများနဲ့ ပျူစောထီးတွေအပါအဝင် သတင်းပေးတွေကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်နေပြီလို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်းက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ နတ်မောက်မြို့နယ်တွင် ပျူစောထီးခေါင်းဆောင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ


ဧပြီလ ရက်။

Radio NUG

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ထက်ဝန်းကျေးရွာက ပျူခေါင်းဆောင် တစ်ဦးကို သေနတ်နဲ့ ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ Yenanthar Youth Force - ရေနံချောင်းတပ်ဖွဲ့ ထံက သိရပါတယ်။


ဧပြီလ ရက်နေ့ နေ့လည် ၁၂ နာရီ ၄၀ ခန့်က တက်ဝန်းရွာ ပျူခေါင်းဆောင်တိုင်းမြို့ကို ဇယ်တောက် နေချိန်မှ ဦးခေါင်းပိုင်းကို သေနတ်နဲ့ ချက် ပစ်ခတ်ခဲ့တာဖြစ်ပြီး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။


၎င်းဟာ အာဏာသိမ်းကာလမှာ စစ်သား၊ ရဲတွေနဲ့ပေါင်းပြီး ပြည်သူတွေအပေါ် အခွန်ကောက်တာတွေ၊ သံဃာတွေကို ဆဲဆိုပြောတာတွေအပြင် စစ်မှုထမ်း ဥပဒေကို အကောင်အထည် ဖော်ပေးနေသူ တစ်ဦးဖြစ်ပြီး အုပ်ချုပ်ရေးမှူးနဲ့ ပူးပေါင်းကာ လူငယ် ၂၈ ဦးကို ပျူသင်တန်းပေးနေတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့ရတာလို့ Yenanthar Youth Force - ရေနံချောင်းတပ်ဖွဲ့ က ဆိုပါတယ်။


သေဆုံးသွားတဲ့ ပျူခေါင်းဆောင်ထံမှ ဖုန်း လုံး၊ ဓါးရှည် လက်၊ ဓါးအတို လက်တို့ကို သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ စစ်တပ်ဒေါက်တိုင်ကို ပစ်ခတ်ရှင်းလင်းမှုအား Yenanthar Youth Force - ရေနံချောင်းတပ်ဖွဲ့၊ ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့ - နတ်မောက်၊ Magway Guerrilla Warfare - မကွေး ပြောက်ကျား တပ်ဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။


ထို့အပြင် မကွေးခရိုင်အတွင်းမှာ စစ်ကောင်စီက မတရားထုတ်ပြန်ထားတဲ့ စစ်မှုထမ်းဥပဒေကို အားပေး အကောင်အထည်ဖော်နေတဲ့ စစ်တပ်ထောက်တိုင် မှန်သမျှကို မဟာမိတ် တပ်ဖွဲ့တွေ အနေနဲ့ ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့လည်း သတိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment