4th APR 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဧပြီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်ကောင်စီရဲ့ယိုယွင်းပျက်စီးမှုကို လက်တွေ့ကျကျမြင်လာရပြီဖြစ်လို့ တော်လှန်ရေးခရီးလမ်းဆုံးအထိလျှောက်ဖို့ အလွန်အရေးကြီး ကြောင်း ယာယီသမ္မတပြောကြား

📌 ၂။ "ဒီရေအတက်မှာအချိန်မီကမ်းကပ်နိူင်ဖို့ အမျှော်အမြင်ကြီးကြီး စုပေါင်းဆောင်ရွက်နိူင်ရေး"ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဌ ဦးအောင်ကြည်ညွန့်ပြောကြား

📌 ၃။ "မြေပြင်မှာ ရှိတဲ့သူတွေက အသက်နဲ့ ဘဝကိုရင်းပြီး တိုက်ပွဲဝင်နေသလို၊နိုင်ငံတကာရောက် တော်လှန်ပြည်သူတွေအနေနဲ့ဥာဏာအား၊ ဒါနအား၊ အချိန်အားဖြင့် ရင်းပြီး ဆက်လက်ကြိုးစားကြဖို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးတိုက်တွန်း

📌 ၄။ အရပ်သားပြည်သူတွေအနေနဲ့ ဖြစ်ပွားဆဲ ပြင်းထန်တဲ့ ပဋိပက္ခဒဏ်ကို ဆက်လက်ခံစားနေကြရပြီး မြန်မာနိုင်ငံတစ်ဝန်းမှာ လူဦးရေ ဒသမ ၈သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေကြရ


၂၀၂၄ ခုနှစ် ဧပြီလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အကြမ်းဖက် စစ်တပ်ရဲ့ နေပြည်တော် စစ်ရုံးချုပ်နဲ့ လေတပ်စခန်းတွေကို ဒရုန်းတွေနဲ့ ဗုံးကျဲတိုက်ခိုက်

🚩 ၂။ ကော့ကရိတ်မြို့ပေါ် မှာ တပ်စွဲထားတဲ့ စစ်သားတွေကို စနိုက်ဘာနဲ့တိုက်ခိုက်မှု ဦး ထက်မနည်းသေဆုံး

🚩 ၃။ ဘူးသီးတောင်၊ အမ်း၊ မြေပုံနဲ့ မောင်တောရှိ စစ်ကောင်စီတပ်စခန်းတွေကို AA ထိုးစစ်ဆင်  

🚩 ၄။ လောင်းလုံး ကျောက်နီမော်ရွာက စစ်အုပ်စုနေထိုင်ရာ စီမံကိန်းဟောင်းနဲ့ စစ်တပ်ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက် 

🚩 ၅။ ပေါက်မြို့နယ်မှာရှိတဲ့ ကပစ ၂၄ စက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီရဲ့ယိုယွင်းပျက်စီးမှုကို လက်တွေ့ကျကျမြင်လာရပြီဖြစ်လို့ တော်လှန်ရေးခရီးလမ်းဆုံးအထိလျှောက်ဖို့ အလွန်အရေးကြီး ကြောင်း ယာယီသမ္မတပြောကြား


ဧပြီ၄ရက်


အကြမ်းဖက်စစ်ကောင်စီရဲ့ယိုယွင်းပျက်စီးမှုကို လက်တွေ့ကျကျမြင်လာရပြီဖြစ်တဲ့အတွက် တော်လှန်ရေးခရီးလမ်းဆုံးအထိလျှောက်ဖို့ အလွန်အရေးကြီးတယ်လို့ ယာယီသမ္မတဒူဝါလရှီးလက

ဧပြီ၄ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ကြီးမှူးကျင်းပသော ဒုတိယကြိမ် ပြည်သူ့ညီလာခံဖွင့်ပွဲ အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။


"အခုဆိုရင် အကြမ်းဖက်စစ်ကောင်စီရဲ့ယိုယွင်းပျက်စီးမှုကို လက်တွေ့ကျကျမြင်လာကြရပြီဖြစ်ပါတယ်။ဒါပေမယ့် ကျနော်တို့အနေနဲ့ တော်လှန်ရေးခရီးလမ်းဆုံးအထိလျှောက်ဖို့အလွန်အရေးကြီးပါတယ်။ဒါ့အပြင် တော်လှန်ရေးအလွန်ကာလမှာလည်း လက်တွေ့ကျသောအသွင်ကူးပြောင်းရေးကာလကို အောင်မြင်အောင်တည်ဆောက်နိူင်ဖို့အတွက် အခုကတည်းကနေအမျှော်အမြင်ရှိရှိနဲ့ကြိုးစားပြင်ဆင်ထားဖို့ အထူးလိုအပ်ပါတယ်"လို့ယာယီသမ္မတကပြောပါတယ်။


ဒါ့အပြင်မြန်မာနိူင်ငံမှာ လက်နက်ကိုင်ပဋိပင္ခအသစ်ပြန်လည်မပေါ်ပေါက်အောင်လည်း နိူင်ငံရေးသတိရှိရှိကြိုးစားရမယ်လို့ယာယီသမ္မတကထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။ "ဒီရေအတက်မှာအချိန်မီကမ်းကပ်နိူင်ဖို့ အမျှော်အမြင်ကြီးကြီး စုပေါင်းဆောင်ရွက်နိူင်ရေး"ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဌ ဦးအောင်ကြည်ညွန့်ပြောကြား


ဧပြီ၄ရက်


ဧပြီ၄ရက်ကျင်းပတဲ့ ဒုတိယကြိမ်မြောက် ပြည်သူ့ညီလာခံမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဌ  ဦးအောင်ကြည်ညွန့်က အခုလိုပြောကြားလိုက်ပါတယ်။


"နိူင်ငံတဝန်းခုခံမှုတွေအားကောင်းလာချိန်မှာအားလုံးမဖြစ်မနေလုပ်ဆောင်ရမယ့် နိူင်ငံရေးအစီအစဥ်တွေ ချမှတ်အကောင်အထည်ဖော်နိူင်ဖို့ရာ အရေးကြီးပါတယ်။ဒီရေအတက်မှာအချိန်မီကမ်းကပ်နိူင်ဖို့ အမျှော်အမြင်ကြီးကြီး စုပေါင်းဆောင်ရွက်နိူင်ရေးအတွက် ပါဝင်သူအားလုံးကိုလေးစားကြောင်းလည်းပြောကြားလိုပါတယ်။တချိန်တည်းမှာ မိမိတို့အားလုံးမျှော်ရည်ကြိုးပမ်းနေတဲ့ ဘုံနိူင်ငံရေးရည်မှန်းချက်ကိုရောက်ရှိဖို့အတွက် ဘုံရန်သူဖြစ်တဲ့စစ်အာဏာရှင်တွေကို မမေ့မလျော့ပဲအတူတွန်းလှန်သွားကြဖို့လည်း လိုအပ်နေပါတယ်။ပဋိပက္ခအတွင်းကနေစနစ်ပြောင်းနိူင်ရေးနိူင်ငံအတွက် ပြောင်းလဲတဲ့စနစ်သစ်ဖော်ဆောင်နိူင်ဖို့ကြိုးစားနေချိန်ရတဲ့အတွက် စိန်ခေါ်မှုတွေများစွာကိုဖြတ်ကျော်နေရတာဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဒုတိယကြိမ်မြောက် ပြည်သူ့ညီလာခံကို ၂၀၂၄ ခုနှစ် ဧပြီလ () ရက်နေ့မှ ဧပြီလ () ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပြီး  အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီများမှ အစီရင်ခံစာများနှင့် အမျိုးသားညီညွတ်အရေးအစိုးရ ဝန်ကြီးဌာနအစီရင်ခံစာများကို တင်သွင်းပြီး ဆွေးနွေးအတည်ပြုခြင်းများ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။


========================


📌📌 ၃။ "မြေပြင်မှာ ရှိတဲ့သူတွေက အသက်နဲ့ ဘဝကိုရင်းပြီး တိုက်ပွဲဝင်နေသလို၊နိုင်ငံတကာရောက် တော်လှန်ပြည်သူတွေအနေနဲ့ဥာဏာအား၊ ဒါနအား၊ အချိန်အားဖြင့် ရင်းပြီး ဆက်လက်ကြိုးစားကြဖို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးတိုက်တွန်း


ဧပြီ၄ရက်


ဧပြီ၄ရက် နေ့တွင် တော်လှန်ရေးအတွက်တိုက်ပွဲဝင်နေတဲ့ပြည်သူတွေအတွက် လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး ခွန်ဗဟန်းထန်က ဆိုရှယ်မီဒီယာမှတစ်ဆင့် အခုလိုအား‌ပေးစကားပြောကြားခဲ့ပါတယ်။


"မြေပြင်မှာ ရှိတဲ့သူတွေက အသက်နဲ့ ဘဝကိုရင်းပြီး တိုက်ပွဲဝင်နေသလို၊နိုင်ငံတကာရောက် တော်လှန်ပြည်သူတွေအနေနဲ့ဥာဏာအား၊ ဒါနအား၊ အချိန်အားဖြင့် ရင်းပြီး ဆက်လက်ကြိုးစားကြရအောင်။လူဆိုတော့လည်း တစ်ခါတစ်လေ စိတ်ဓါတ်ကျတာတွေ စိတ်အားလျော့မှုတွေရှိတတ်ပါတယ်။ဒီလိုဖြစ်တဲ့အခါတိုင်း အသက်ပေးသွားတဲ့ တော်လှန်ရေးရဲဘော်တွေ အသက်ရှင်ပေမဲ့ ကိုယ်လက်င်္အဂါဆုံးရှုံးသွားတဲ့ ကျနော်တို့ လူငယ်လေးတွေ၊ ဘဝတွေနဲ့ရင်းခဲ့ရတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ မျက်နှာကို ပြန်မြင်ယောင်ပြီး အားတင်းထားကြရအောင် ။ဆက်လက်ကြိုးစားကြရအောင်"လို့ဆိုပါတယ်။


လက်ရှိမှာနွေဦးတော်လှန်ရေးကို PRFထောက်ပို့အစီအစဥ်အပါအဝင် NUG Payမှလည်း ပြည်သူများက ဝိုင်းဝန်းကူညီပါဝင်လျက်ရှိပါတယ်။


========================


📌📌 ၄။ အရပ်သားပြည်သူတွေအနေနဲ့ ဖြစ်ပွားဆဲ ပြင်းထန်တဲ့ ပဋိပက္ခဒဏ်ကို ဆက်လက်ခံစားနေကြရပြီး မြန်မာနိုင်ငံတစ်ဝန်းမှာ လူဦးရေ ဒသမ ၈သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေကြရ


ဧပြီ၄ရက်


အရပ်သားပြည်သူတွေအနေနဲ့ ဖြစ်ပွားဆဲ ပြင်းထန်တဲ့ ပဋိပက္ခဒဏ်ကို ဆက်လက်ခံစားနေကြရပြီး မြန်မာနိုင်ငံတစ်ဝန်းမှာ လူဦးရေ ဒသမ ၈သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေကြရပါတယ်။


ဧပြီ၄ရက်အာရှနှင့်ပစိဖိတ်ဒေသ - အပတ်စဉ် လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများထုတ်ပြန်ချက်ကို UN OCHA Myanmarကဖော်ပြပါတယ်။


"အရပ်သားပြည်သူတွေအနေနဲ့ ဖြစ်ပွားဆဲ ပြင်းထန်တဲ့ ပဋိပက္ခဒဏ်ကို ဆက်လက်ခံစားနေကြရပြီး မြန်မာနိုင်ငံတစ်ဝန်းမှာ လူဦးရေ ဒသမ ၈သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေကြရပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး လက်ရှိမှာ ဘူးသီးတောင်၊ မောင်တောနဲ့ အမ်းမြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားလျက် ရှိပါတယ်"လို့ဖော်ပြပါတယ်။


ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ပြန်လည်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ၁၅၇,၀၀၀ နီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။ 


တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ ပေါက်ကွဲစေတတ်တဲ့စစ်လက်နက်အကြွင်းအကျန်နဲ့ မြေမြှုပ်မိုင်းတွေကလည်း အရပ်သားတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ကြီးမားတဲ့အန္တရာယ် ဖြစ်နေတယ်လို့ဖော်ပြပါတယ်။


ဒါ့အပြင်နိုင်ငံအရှေ့မြောက်ပိုင်းမှာ စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့ပူးပေါင်း တပ်ဖွဲ့တွေကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာ မိုးမောက်မြို့နယ်မှာ ပြီးခဲ့တဲ့သတ္တပတ်မှာ ပြင်းထန်လာခဲ့ပါတယ်။ 


ပြင်းထန်တဲ့လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် လွယ်ဂျယ်မြို့က နေရပ်စွန့်ခွာရဆဲပြည်သူ ,၀၀၀ ကျော်ဟာ ဘေးကင်းရာနေရာအသစ်ကို ထပ်မံတိမ်ရှောင်ခဲ့ရကြောင်း သိရှိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ အကြမ်းဖက် စစ်တပ်ရဲ့ နေပြည်တော် စစ်ရုံးချုပ်နဲ့ လေတပ်စခန်းတွေကို ဒရုန်းတွေနဲ့ ဗုံးကျဲတိုက်ခိုက်


ဧပြီ ၂၀၂၄


အကြမ်းဖက် စစ်တပ်ရဲ့ နေပြည်တော် စစ်ရုံးချုပ်နဲ့ အေလာလေတပ်စခန်းတွေကို ဒီနေ့ မနက်မှာ ဒရုန်းတွေနဲ့ တစ်ပြိုင်နက်ထဲ ဗုံးကျဲတိုက်ခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ကနဦး ထုတ်ပြန်အသိပေးလိုက်ပါတယ်။


အကြမ်းဖက် စစ်ရုံးချုပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့တွေနဲ့ ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့ရဲ့  Kloud Drone တပ်ခွဲက တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ အေလာလေတပ်ကိုတော့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အထူးတပ်ဖွဲ့တွေနဲ့ ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့ရဲ့  Lethal prop တပ်ခွဲက တိုက်ခိုက်ခဲ့တာပါ။


PDFစစ်ရုံးချုပ်ကတော့ " အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ၏ စစ်ရုံးချုပ်(ကက-ကြည်း) တည်ရှိရာ နေပြည်တော်နှင့် အေလာလေတပ်များကို ဒရုန်းများဖြင့်  တပြိုင်နက် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများ ရှိကြောင်း  ကနဦး သတင်းရရှိသည်။ "တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါတိုက်ခိုက်မှုအတွင်း ထိခိုက်မှုတွေ ရှိခဲ့တယ်ဆိုတာနဲ့ နောက်ဆက်တွဲ သတင်းတွေကို  ထုတ်ပြန်သွားမယ်လို့လည်း ဆိုပါတယ်။


ဒီတိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် အေလာလေတပ်စခန်းမှာ မီးလောင်နေတာတွေ့ရတယ်လို့ ဒေသခံတွေ က သိရပါတယ်။


========================


🚩🚩 ၂။ ကော့ကရိတ်မြို့ပေါ် မှာ တပ်စွဲထားတဲ့ စစ်သားတွေကို စနိုက်ဘာနဲ့တိုက်ခိုက်မှု ဦး ထက်မနည်းသေဆုံး


ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ် တောင်ပေါ်ရပ် အလက စာသင်ကျောင်းမှာတပ်စွဲနေတဲ့ အကြမ်းဖက် စစ်သားတွေကို စနိုက်ဘာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ဦးထက်မနည်းသေဆုံးသွားတယ်လို့ ကျားဖြူ စစ်ကြောင်းထံကနေ သိရပါတယ်။

ကော့ကရိတ်မြို့ပေါ်က အလက စာသင်ကျောင်းမှာတပ်စွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ ကာကွယ်ရေးတပ်မတော် - PDF လက်အောက်ခံ ကျားဖြူစစ်ကြောင်း စနိုက်ဘာတပ်ဖွဲ့က ဧပြီလ ရက် မွန်းလွဲ နာရီကနေ ညနေ နာရီအထိ ပစ်ခတ်ခဲ့ရာမှာ စစ်သား ဦးထက်မနည်းသေဆုံးခဲ့တာလို့ ဆိုပါတယ်။

ကျားဖြူစစ်ကြောင်း စနိုက်ဘာတပ်ဖွဲ့က ပစ်ခတ်ခဲ့တာကို စစ်တပ်ဘက်က ပြည်သူလူထုနေထိုင်ရာနေရာတွေကို လက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ 

ကော့ကရိတ်မြို့မှာ တိုက်ပွဲဖြစ်နေတာ လကျော်ကြာမြင့်လာပြီဖြစ်ပြီး KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ကော့ကရိတ်မြို့ကို ၇၀ ရာခိုင်နှုန်းခန့် ထိန်းချုပ်ထားပြီး မြို့ရဲ့ထွက်ပေါက်အားလုံးကိုလည်း ပိတ်ဆို့ထားပြီဖြစ် ပါတယ်။

ဒါ့ကြောင့် ကော့ကရိတ်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် မိဘပြည်သူတွေအနေနဲ့ တတ်နိုင်သမျှ ဝိုင်းဝန်း ကူညီပေးကြဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ တားမြစ်ထားတဲ့နေရာကို ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ၃။ ဘူးသီးတောင်၊ အမ်း၊ မြေပုံနဲ့ မောင်တောရှိ စစ်ကောင်စီတပ်စခန်းတွေကို AA ထိုးစစ်ဆင်  


ရခိုင်ပြည်နယ်ထဲက ဘူးသီးတောင်၊ အမ်း၊ မြေပုံနဲ့မောင်တောမြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို AA က မရပ်မနား ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အမ်းမြို့နယ် လုံးရွာအနောက်ဘက် တောင်ကြောမှာဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်တပ် ဘက်က ဦးသေဆုံးသွားတယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ပါတယ်။  

ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေနဲ့ပတ်သက်လို့ ဧပြီလ ရက်နေ့ မနက်အစောပိုင်းကထုတ်ပြန်ရာမှာ အခုလို ဖော်ပြလိုက် တာဖြစ်ပါတယ်။

ယခုရက်ပိုင်းမှာ ရခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တွေကြား နေ့စဉ် တိုက်ပွဲတွေဖြစ်နေပြီး ရခိုင့်တပ်တော်က ဘူးသီးတောင် မှာရှိတဲ့ ခမရ ၅၆၄ တပ်ရင်းဌာနချုပ်၊ အမ်းမြိုနယ်အတွင်းက တောဟိန်းတောင် ဗျူဟာစခန်း မောင်တောက ကြိမ်ချောင်း နယ်ခြားစောင့်စခန်းအပါအဝင် ပတ်ဝန်းကျင်မှာရှိတဲ့ စခန်းတွေကို သိမ်းပိုက်နိုင်ရေး   ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ 

ဘူးသီးတောင်မှာရှိတဲ့ ခမရ-၅၆၄ တပ်ရင်းဌာနချုပ်စခန်းကို ဧပြီလ ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့နေသလို မြေပုံမြိုနယ် စညှင်းကျေးရွာအရှေ့ဘက်က စစ်ကောင်စီရဲ့ ပွိင့် ၂၅၇ စခန်းကိုလည်း ဧပြီလ ရက်နေ့ နံနက် နာရီခွဲခန့် ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အသိပေးပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေသုံးပြီး အသည်းအသန်ခုခံကာကွယ်နေသလို AA ကလည်း ထိုးစစ်အရှိန်ကို တဆင့်ချင်း တိုးမြှင့်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။ 

အမ်းမြို့နယ် လုံးရွာအနောက်ဘက်တောင်ကြောမှာ မတ်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက အကြမ်းဖက်စစ်တပ်နဲ့ ရခိုင့်တပ်တော်တို့ကြား တနာရီခန့်တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်ကောင်စီဘက်က စစ်သား ဦး သေဆုံးခဲ့တာကို မျက်မြင်တွေ့ခဲ့ တယ်လို့ AA က ဆိုပါတယ်။

ရခိုင်ဒေသမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်ဆောင်နေရာ မြေပုံမြိုနယ် ကမ်းထောင်းကြီးမြို့ က မူလတန်းလွန် စာသင်ကျောင်းကို စစ်ကောင်စီက မတ်လ ၃၁ ရက်နေ့ နာရီခန့် အချိန်မှာ ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မူလတန်းလွန်စာသင်ကျောင်းနဲ့ အိမ် လုံး ပျက်စီးသွားတယ်လို့ AA က ထုတ်ပြန်ပါတယ်။

ထို့အတူ ဧပြီလ ရက်နေ့ ညနေပိုင်းမှာလည်း မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ကို အကြမ်းဖက်စစ်တပ်က ဂျက်လေယာဉ် စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သား ဦးသေဆုံးကာ အရပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သလို အိမ် လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ လောင်းလုံး ကျောက်နီမော်ရွာက စစ်အုပ်စုနေထိုင်ရာ စီမံကိန်းဟောင်းနဲ့ စစ်တပ်ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက် 


တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာက အကြမ်းဖက်စစ်သားတွေနဲ့ ပျူစောထီးများနေထိုင်ရာ စီမံကိန်းဟောင်းနေရာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ဦး ဒဏ်ရာရသွားတယ်လို့ Nway Oo Guerilla Force - နွေဦးပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာက အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးများနေထိုင်ရာ စီမံကိန်း ဟောာင်းနေရာကို ဒရုန်းနဲ့ ဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက်စစ်သားတဦးနဲ့ ပျူစောထီးတဦးရဲ့ ဇနီးဖြစ်သူ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Nway Oo Guerilla Force - နွေဦးပြောက်ကျား Drone အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေဘက်က ပြန်လည်ပစ်ခတ်မှုတွေရှိခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

အဆိုပါစီမံကိန်းဟောင်းက အဆောက်အအုံမှာ စစ်သားတွေနဲ့ ပျူစောထီးမိသားစုတွေ နေထိုင်ကြတဲ့အတွက် မတ်လ ၂၆ ရက်နဲ့ ၂၉ ရက်နေ့ ညပိုင်းမှာလည်း နွေဦးပြောက်ကျား ဒရုန်းတပ်ဖွဲ့က ဗုံးကြဲတိုက်ခိုက်ခဲ့တာမှာ စစ်သား ဦးသေဆုံးခဲ့ တယ်လို့ သိရပါတယ်။ 

အခုလို ဗုံးကြဲတိုက်ခိုက်ခံရမှုတွေကြောင့် အကြမ်းဖက်စစ်အုပ်စုဘက်က ရမ်းသမ်းပစ်ခတ်မှုတွေ အချိန်မရွေး လုပ်လာနိုင်တဲ့ အတွက် မိဘပြည်သူများအနေနဲ့ လုံခြုံရေး အထူးဂရုစိုက်နေထိုင်ပေးကြဖို့ နွေဦးပြောက်ကျား တပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ၅။ ပေါက်မြို့နယ်မှာရှိတဲ့ ကပစ ၂၄ စက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက် 


မကွေးတိုင်း ပေါက်မြို့နယ်ထဲက အကြမ်းဖက်စစ်တပ်ရဲ့ ကပစ ၂၄ စက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ရာ စက်ရုံအတွင်း ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ Freedom Revolution Force -FRF အဖွဲ့ ထံကနေ သိရပါတယ်။

ပေါက်မြို့နယ်ထဲက အကြမ်းဖက်စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ-၂၄) ကို တော်လှန်ရေးတပ်ဖွဲ့ တွေက ဧပြီလ ရက်နေ့ ညနေ နာရီ ၁၅ မိနစ်ခန့်အချိန်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး လုံး၊ ၁၀၀ မမ Drop Bomb လုံးနဲ့ တိုက်ခိုက်ခဲ့ရာ စက်ရုံအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထိခိုက်ပျက်စီးမှု များနိုင်တယ်လို့ FRF က ဆိုပါတယ်။

ရှော့တိုက်ဒုံးတွေနဲ့ Drop Bomb တွေဟာ စက်ရုံကို တိုက်ရိုက်ထိမှန်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကို အတိအကျသိရဖို့ ဆက်လက်စုံစမ်းနေတယ်လည်း အသိပေးပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Freedom Revolution Force (FRF) အထူး တာဝန်တပ်ဖွဲ့- ပေါက်မြို့နယ် ပကဖနဲ့ ဗိုလ်လရောင် အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Freedom Revolution Force (FRF) အထူးတပ်ဖွဲ့ဟာ အကြမ်းဖက် စစ်အာဏာရှင်ကျဆုံးရေးအတွက် မဟာမိတ်တပ်တွေ နဲ့အတူ စစ်ကောင်စီရဲ့ စစ်ရေးအရ အရေးပါတဲ့နေရာတွေကို တိုက်ခိုက်နေတဲ့အဖွဲ့တခုဖြစ်ပါတယ်။ 


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နဲ့ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment