8th APR 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဧပြီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ မြန်မာနိုင်ငံ တစ်ဝှမ်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဒဿမ သန်းကျော် ရှိလာပြီလို့ UN OCHA ထုတ်ပြန်


၂၀၂၄ ခုနှစ် ဧပြီလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်အာဏာရှင်စနစ်တော်လှန်ရေး ပူးပေါင်းတိုက်ပွဲဝင်ဖို့ မွန်တော်လှန်ရေး အင်အားစု ဖွဲ့ ပူးပေါင်း

🚩 ၂။ ရန်ကုန် စစ်ထောက်လှမ်းရေးရုံးချုပ်ကို အဆင့်မြင့်တာဝေးပစ် ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်တိုက်ခိုက်

🚩 ၃။ စဉ့်ကူးမြို့နယ်တွင် တစ်ရက်တည်း အုပ်ချုပ်ရေးမှူးနှစ်ဦး ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး 

🚩 ၄။ သာကြီးတောင် ရေနံမြေရဲစခန်းမှ ရဲတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ မြိုင် (ပကဖ) ထံ လာရောက်ပူးပေါင်း 

🚩 ၅။ ကျောက်ဆည်မှာ အဓမ္မ လူသစ်စုဆောင်းခံခဲ့ရတဲ့ စစ်သားတစ်ဦး ကော်လင်း PDF ထံ အလင်းဝင် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြန်မာနိုင်ငံ တစ်ဝှမ်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဒဿမ သန်းကျော် ရှိလာပြီလို့ UN OCHA ထုတ်ပြန်


ဧပြီလ ရက်။

Radio NUG


ပြီးခဲ့တဲ့ မတ်လအတွင်း မြန်မာနိုင်ငံ တစ်ဝှမ်း စစ်ကောင်စီနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲများ အရှိန် မြင့်တက်ခဲ့ပြီးနောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဒသမ သန်းကျော် ရှိလာခဲ့ပြီလို့ UNOCHA က ဧပြီလ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။


ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ရဲ့ အစီရင်ခံစာအရ ၂၀၂၁ ခုနှစ် စစ်တပ် က အာဏာသိမ်းခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် အိုးအိမ်စွန့်ခွာရသူ အရေအတွက်မှာ  ဒသမ သန်းကျော် စံချိန်တင် မြင့်တက်ခဲ့တယ်လို့ ဆိုထားပါတယ်။


ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သား ပြည်သူများစွာ အသက်ဆုံးရှုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ နေအိမ်ပျက်စီး ဆုံးရှုံးခြင်းများ ကြုံတွေ့ခံစားနေရကာ နဂိုရှိရင်းစွဲ အခြေအနေများကပင် ဆိုးရွားလျက်ရှိတဲ့ လူသားစာနာမှုဆိုင်ရာ လိုအပ်ချက်များကို ပိုမိုဆိုးရွားလာ စေတယ်လို့ OCHA က ပြောပါတယ်။


ထို့ပြင် ကချင်ပြည်နယ်မှာလည်း KIA က ထိုးစစ်စတင်ခဲ့တဲ့ မတ်လ ရက်နေ့ နောက်ပိုင်း မြို့နယ် ၁၀ မြို့နယ်မှ လူဦးရေ ၁၈,၀၀၀ ကျော်မှာ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ OCHA က ဖော်ပြထားပါတယ်။


ထို့ပြင် နိုင်ငံအနောက်မြောက်ပိုင်းမှာလည်း ဆက်လက် ဖြစ်ပွားနေတဲ့ တိုက်ပွဲများကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က အရပ်သားများကို ပြင်းထန်စွာ ထိခိုက်လျက်ရှိနေပြီး ဖေဖော်ဝါရီလ နှောင်းပိုင်းမှ စတင်ခဲ့တဲ့ တိုက်ပွဲများကြောင့် အရပ်သား ၂၈,၀၀၀ ခန့် အိုးအိမ်စွန့်ခွာ ခဲ့ရတယ်လို့လည်း ဆိုထားပါတယ်။ 


စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့ကန့်သတ်မှုများကြောင့် နေရာများစွာတို့မှာ ကုန်ဈေးနှုန်းများ ခေါင်ခိုက်လာ- ခြင်းအပြင် ဝယ်မရဖြစ်လာခြင်းတို့ ဖြစ်ပေါ်လာကာ စားနပ်ရိက္ခာ မဖူလုံခြင်းမှာလည်း လွန်စွာ ရတက်မအေးစရာ ဖြစ်နေတယ်လို့ UNOCHA က အသိပေးထားပါတယ်။


အဆိုပါ OCHA က စာရင်းပြုစု ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့ နေရပ်စွန့်ခွာနေရသူ ဦးရေမှာ မြေပြင် ဒေသအလိုက် လူမှုကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများ၊ ဒေသအခြေစိုက် အဖွဲ့များရဲ့ ထုတ်ဖော်ပြောကြား ချက်များနဲ့ များစွာ နည်းပါးနေ တာကိုလည်း တွေ့ရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUG သတင်းထောက်ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ စစ်အာဏာရှင်စနစ်တော်လှန်ရေး ပူးပေါင်းတိုက်ပွဲဝင်ဖို့ မွန်တော်လှန်ရေး အင်အားစု ဖွဲ့ ပူးပေါင်း


ဧပြီလ ၇ရက်။

စစ်အာဏာရှင်စနစ်တော်လှန်ရေးမှာ ပူးပေါင်းတိုက်ပွဲဝင်ဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ မွန်ပြည် တော်လှန်ရေးတပ်နဲ့ မွန်ပြည် ကာကွယ်ရေးတပ်တို့ သဘောတူလက်မှတ်ရေးထိုးခဲ့တယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ - MSFC ထံကနေ သိရပါတယ်။ 

မွန်ပြည်သူတို့၏ သဘောဆန္ဒကို ဦးထိပ်ထားပြီး မွန်နိုင်ငံရေးနဲ့ မွန်တော်လှန်ရေး အင်အားစုတွေကြား ညီညွှတ်ရေးကို ရည်သန်၍ စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်အမျိုးမျိုးကို အတူတကွပူးပေါင်း တိုက်ပွဲဝင်နိုင်ဖို့ မွန်ပြည် ဖက်ဒရယ်ကောင်စီ၊ မွန်ပြည်တော်လှန်ရေးတပ်နဲ့ မွန်ပြည် ကာကွယ်ရေးတပ်တို့ တွေ့ဆုံဆွေးနွေးခဲ့ရာကနေ သဘောတူညီချက်တွေ ရရှိခဲ့တာလို့လည်း ထုတ်ပြန်ထားပါတယ်။

အဆိုပါသဘောတူညီချက်တွေအရ မွန်ပြည်ကာကွယ်ရေးတပ် - MSDF ရဲ့ နိုင်ငံရေး၊ စစ်ရေးဦးဆောင်ကော်မတီက တာဝန်ရှိသူအချို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ - MSFC မှာပါဝင်ပြီး နိုင်ငံရေးတာဝန်တွေကို ပူးပေါင်းတာဝန်ယူမှာဖြစ်ကာ မွန်ပြည်ကာကွယ်ရေးတပ် - MSDF ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မွန်ပြည် ဖက်ဒရယ်ကောင်စီ - MSFC က ကူညီ ထောက်ပံ့မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် မွန်ပြည်တော်လှန်ရေးတပ် - MSRF နဲ့ မွန်ပြည်ကာကွယ်ရေးတပ် - MSDFတို့က စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ် အမျိုးမျိုးကို အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမှာဖြစ်ပြီး အချုပ်အခြာအာဏာနဲ့ ပြည့်ဝသော မွန်ပြည်ထူထောင်နိုင်တဲ့ အထိ မဟာမိတ်တပ်များအဖြစ် ပူးပေါင်းတိုက်ပွဲဝင်ကြဖို့ သဘောတူခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် - MSRFနဲ့ မွန်ပြည်ကာကွယ်ရေးတပ် - MSDF တို့က အခြေခံစစ်သင်တန်းတွေနဲ့ စစ်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းတွေ ပူးပေါင်းလုပ်ဆောင်မှာဖြစ်ပြီး စစ်ဖက်ဆိုင်ရာသတင်းအချက်အလက်တွေနဲ့ စစ်ရေးအတွေ့အကြုံတွေကို အပြန်အလှန် ဖလှယ်တာ၊ စစ်ဆင်ရေးတိုက်ပွဲတွေပေါ်ပေါက်လာခဲ့ရင် မဟာမိတ်အဖြစ် ပူးတွဲ တိုက်ပွဲဝင်ကြဖို့ သဘောတူညီထားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ ရန်ကုန် စစ်ထောက်လှမ်းရေးရုံးချုပ်ကို အဆင့်မြင့်တာဝေးပစ် ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်တိုက်ခိုက်


ဧပြီလ ၇ရက်။


ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်နဲ့မြောက်ဥက္ကလာပမြို့နယ်အစပ်က အောင်မင်္ဂလာအဝေးပြေးကွင်းရှေ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ရန်ကုန်စစ်ထောက်လှမ်းရေးရုံးချုပ်ကို အဆင့်မြင့်တာဝေးပစ် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန် တော်လှန်ရေးအင်အားစုတွေက အသိပေးလိုက်ပါတယ်။

မြို့ပြအထူးတပ်ဖွဲ့ (U.S.F) Shadow (S.A.F) နဲ့ Brave Warriors For Myanmar (B.W.M) အဖွဲ့တို့ပူးပေါင်းပြီး ဧပြီလ ရက်နေ့ နာရီကျော်အချိန်မှာ စစ်ကောင်စီရဲ့ စစ်ထောက်လှမ်းရေးရုံးချုပ်ကို တာဝေးပစ်ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။  


ဒေသနေပြည်သူတွေအဆိုအရ ဆေးရုံကားတွေ တပ်အတွင်းဝင်သွားတာကြောင့် ထိခိုက်၊ပျက်စီးမှုနဲ့သေဆုံးမှုရှိနိုင်တယ်လို့ သိရပါတယ်။ ပြည်သူလူထုဆီကနေ မတရားသိမ်းဆည်းထားတဲ့ ပစ္စည်းဥစ္စာတွေကို ထောက်လှမ်းရေးရုံးချုပ်အတွင်းထားရှိပြီး စစ်တပ် အမည်ပေါက်နဲ့ ပြန်လည်ရောင်းချနေတာနဲ့ စစ်ရေးအရ အရေးကြီးတဲ့ ပစ်မှတ်ဖြစ်နေတာကြောင့် စစ်ထောက်လှမ်းရေး ရုံးချုပ်ကို တိုက်ခိုက်ခဲ့တာလို့လည်း မြို့ပြပြောက်ကျားအဖွဲ့တွေက အသိပေးထားပါတယ်။ 

ပေါက်ကွဲမှုဖြစ်ပြီးချိန်မှာ ရေဝေးသုသာန်အဝင်လမ်းမှာရှိတဲ့ ရပ်ကွက်ထိပ်မှာ Double Cab စီးနဲ့အတူ အရပ်ဝတ်တွေ ဝတ်ဆင်ထားတဲ့ စစ်တပ်၊ ရဲနဲ့ ဌာနပေါင်းစုံကဝန်ထမ်တွေဟာ ကားတွေကိုသာမက လမ်းလျှောက်လာသူတွေနဲ့ စက်ဘီးစီးလာသူတွေကိုပါ စစ်ဆေးမှုတွေလုပ်သွားတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။    

ထို့အပြင် အဝေးပြေးကားဝင်း မရောက်မီနေရာကနေ ကန်သာယာပန်းခြံနားအထိ စစ်ကောင်စီက ပိတ်ဆို့ စစ်ဆေးမှုတွေ ဧပြီလ ရက်နေ့ မနက်ပိုင်းအထိ ပြုလုပ်ခဲ့တာကြောင့် တော်လှန်ပြည်သူတွေနဲ့ တော်လှန်ရေးညီအကိုတွေ သတိထား သွားလာကြဖို့ မြိုပြအထူးတပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ၃။ စဉ့်ကူးမြို့နယ်တွင် တစ်ရက်တည်း အုပ်ချုပ်ရေးမှူးနှစ်ဦး ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး 


ဧပြီလ ရက်။

Radio NUG


မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် တစ်ရက်တည်း စစ်ကောင်စီခန့် အုပ်ချုပ်အုပ်ချုပ်ရေးမှူးနှစ်ဦး ပစ်ခတ် ခံရပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်ကနေ သိရပါတယ်။


 ဧပြီလ ရက် မနက် ၁၀ နာရီအချိန်ခန့်က စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ နွယ်ရုံကျေးရွာ ကအောင်ကျော်စွာလက်ဖက်ရည်ဆိုင်တွင် ထိုင်နေတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ထွန်းထွန်းဦး ဆိုသူအား သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။

ထိုနေ့ တစ်နေ့ထဲမှာပဲ စဉ့်ကူးမြို့နယ်၊ ကံတောင်ရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အောင်မိုး ဆိုသူ လည်း ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားခဲ့ကြောင်းကို ဒေသခံများက ပြောပြပါတယ်။


ထိခိုက်ဒဏ်ရာရခဲ့တဲ နွယ်ရုံကျေးရွာ အုပ်ချုပ်ရေးမှူးမှာ ဝမ်းဗိုက်ဖောက်ထွက် ဒဏ်ရာတစ်ချက် ရရှိခဲ့ပြီး ထို့အပြင် လက်ညှိုး၊ ပေါင်ရင်းနှင့် ညာဘက်ဒူးတို့တွင် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့တာကြောင့် စဉ့်ကူးဆေးရုံမှာ ဆေးကုသနေရတတယ်လို့ သိရပါတယ်။


စစ်အာဏာသိမ်း သုံးနှစ်တာကာလအတွင်း ရေမျက်၊ ကျည်တောက်ပေါက်၊ ရွာတော်လေး၊ သာယာဝတီ၊ ငှက်စား၊ ငပျင်းအင်း၊ စိုက်ကွင်း၊ ငွေတောင်၊ ကံတောင်နှင့် နွယ်ရုံ ကျေးရွာတို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၁၀ ဦးကျော် ပစ်ခတ်ခံခဲ့ရပြီး အများစုမှာ သေဆုံးခဲ့ပါတယ်။


========================


🚩🚩 ၄။ သာကြီးတောင် ရေနံမြေရဲစခန်းမှ ရဲတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ မြိုင် (ပကဖ) ထံ လာရောက်ပူးပေါင်း 


ဧပြီလ ရက်။

Radio NUG


မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့နယ်၊ သာကြီးတောင် ရေနံမြေ ရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက် ခဲယမ်းများနဲ့အတူ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံ လာရောက်ပူးပေါင်းခဲ့တယ်လို့ မြိုင် ပကဖ ထံက သိရပါတယ်။


ဧပြီလ ရက်နေ့၊ နေ့လည် နာရီခန့်က သာကြီးတောင် နယ်မြေရဲစခန်းမှ ရဲတပ်သား တိုးပြည့်ချမ်းသာ ဟာ လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ကာ မြိုင်မြို့နယ်၊ ပကဖ အဖွဲ့မှာ တာဝန် ပြန်ထမ်းဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။


၎င်းနှင့်အတူ G-3 သေနတ် တစ်လက်၊ ကျည်ဘောက် တစ်ခုနှင့် ၎င်းကျည် (၁၀၅) တောင့်၊ စက်လက် သေနတ် တစ်လက်၊ ဘောက်ဝိုင်း တစ်ခု၊ ၎င်းကျည် (၅၀၃) တောင့်တို့ကို ယူဆောင်လာခဲ့တာကြောင့် ဂုဏ်ပြုငွေ ကျပ်သိန်း ၁၅၀ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ မြိုင် ပကဖ တာဝန်ရှိသူက ပြောပြပါတယ်။


၎င်းရဲတပ်သားအား လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးဖို့ စီစဉ်ခဲ့ပေမယ့် ကိုယ်တိုင်က သွားရောက်လိုခြင်း မရှိဘဲ အကြမ်းဖက် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သွားမယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။


အဆိုပါရဲတပ်သားက သာကြီးတောင်နယ်မြေ ရဲစခန်းတွင် ကမ္မအောက်ဆီဂျင်အဖွဲ့မှ ရဲဘော်ကျောင်းသား နှင့် မြိုင် ပကဖ မှ ရဲဘော်ဘိုးတော်တို့ အသွင်ယူ လှုပ်ရှားခဲ့စဉ်မှာ ချိတ်ဆက်ခဲ့ပြီးနောက် ယခုအခါ မြိုင် ပကဖ နဲ့ လာရောက် ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၅။ ကျောက်ဆည်မှာ အဓမ္မ လူသစ်စုဆောင်းခံခဲ့ရတဲ့ စစ်သားတစ်ဦး ကော်လင်း PDF ထံ အလင်းဝင် 


ဧပြီလ ရက်။

Radio NUG


စစ်ကိုင်းတိုင်း (အထက်ပိုင်း) ကောလင်းမြို့နယ်မှာ ရောက်ရှိနေတဲ့ ခလရ ၃၀၅ တပ်ရင်းက အသက် ၃၂ နှစ်အရွယ်ရှိ စစ်ကောင်စီ တပ်သားတစ်ဦး အလင်းဝင်ရောက်လာခဲ့တယ်လို့ ကောလင်းခရိုင် တပ်ရင်း () ထံက သိရပါတယ်။


အဆိုပါ အလင်းဝင်စစ်သားဟာ ကျောက်ဆည်မြို့ အဆောင်တစ်ခုမှာ နေထိုင်ပြီး တက္ကသိုလ်တက်နေသူ တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း စစ်တပ်က ၎င်းနေထိုင်ရာ အဆောင်ထဲထိ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး တပ်သားသစ်အဖြစ် အဓမ္မစုဆောင်းခံခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။


တပ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရပြီးနောက် တောင်တွင်းကြီးမြို့၊ အမှတ် စစ်အခြေခံ လေ့ကျင့်ရေး တပ်မှာ ပတ်ကြာ စစ်သင်တန်း တက်ရောက်ခဲ့ရကာ အဲ့ကတဆင့် ရွှေဘို၊ အမှတ် စစ်အခြေခံ လေ့ကျင့်ရေး တပ်ကို ပို့ဆောင်ခဲ့ပြီး ခလရ ၃၀၅ တပ်ရင်းမှာ ကျားဘီလူး စစ်ကြောင်းခွဲအဖြစ် ဖွဲ့စည်းခဲ့ကာ ကောလင်းမြို့ကို စစ်ကြောင်းပြန်ထိုးစဉ် လိုက်ပါလာခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။


ခလရ ၃၀၅ စစ်ကြောင်းဟာ ကောလင်းမြို့နယ်၊ ကျောက်တန်းရွာကို မတ်လ ရက်နေ့ စစ်ကြောင်းထိုး ဝင်ရောက်ချိန်မှာ စစ်ကြောင်းမှူး နဲ့ စစ်သား ဦးက အသက် ၂၇ နှစ် အရွယ်ရှိ ခရီးသွား အမျိုးသမီး တစ်ဦးကို အဓ္ဓမပြုကျင့်ကာ လည်လှီးသတ်ဖြတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ကနေ စွန့်ခွာခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ တပ်သားဟာ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ထဲက အလင်းဝင်ရောက်ခဲ့ပြီး MA 2 စက်သေနတ် လက်၊ ကျည်ဆန် ၁၀၀၀ တောင့်၊ ကျည်အိမ် ခု၊ လက်ပစ်ဗုံး လုံးနဲ့ နင်းမိုင်း လုံး တို့ကို ယူဆောင်လာကာ အလင်းဝင်ရောက်ခဲ့တာဖြစ်ပြီး ဧပြီလ ရက်မှာ တပ်ရင်းကနေ ဂုဏ်ပြုဆုငွေ သိန်း ၅၀ ပေးအပ် ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ အလင်းဝင် တပ်သားနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မိသားစုလုံခြုံရေး ကြောင့် ထုတ်ဖော်ပြောဆိုလို့ မရသေးကြောင်း ကောလင်းခရိုင်တပ်ရင်း () မှ IO အရာရှိက အသိပေးပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment