19th MAY 2024 - Evening Daily News by Radio NUG

၂၀၂၄ မေလ ၁၉ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ NUG ဝန်ကြီးများ ၂၀၂၄ ဂွမ်ဂျူးလူ့အခွင့်ရေးဆုပေးပွဲသို့ တက်ရောက်၊ .၁၈ ဂွမ်ဂျူးဖောင်ဒေးရှင်း ဥက္ကဋ္ဌနှင့် တွေ့ဆုံ

📌 ၂။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ကနေဒါနိုင်ငံ၊ ဗန်ကူဗာမြို့တွင် လူထုတွေ့ဆုံပွဲနှင့် ဆွေးနွေးပွဲပြုလုပ်

📌 ၃။ ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ လူသားချင်းစာနာမှုအကူအညီ ပံ့ပိုးပေးမှုများ ထုတ်ပြန်

📌 ၄။ နွေဦးဂုရုပညာရေးစင်တာက ဒီပလိုမာကျောင်းကနေ ကောလိပ်ကျောင်းအဖြစ် ပြောင်းလဲဖွင့်လှစ်

📌 ၅။ "ကလေးများလုံခြုံစွာပညာသင်ကြားခွင့်" စာတမ်းကို KPPA မိတ်ဆက်


၂၀၂၄ ခုနှစ် မေလ ၁၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ သထုံမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ကလေးတဦးအပါအဝင် ဦး ဒဏ်ရာရပြီး အိမ်၄ လုံးပျက်စီး

🚩 ၂။ ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီစခန်း ခုကို KIA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားပြီး လက်ကျန်စခန်းတွေ သိမ်းပိုက်နိုင်ရေး တိုက်ပွဲဆက်ဖြစ်

🚩 ၃။ တံတားဦးနဲ့ငါန်းဇွန်က ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှု စစ်တပ်ဘက်က ထိခိုက် သေဆုံးမှုများ 

🚩 ၄။ ရပ်စောက်မြို့နယ် SSPP နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်၊ UWSA နှင့် စစ်ကောင်စီတပ် ပါဝင်အင်အားဖြည့်နေ

🚩 ၅။ စစ်တပ်က ရက်ကြာ အစာရေစာမကျွေးဘဲ ပိတ်လှောင်ထားတဲ့ မွတ်ဆလင် ၃၅ ဦးကို AA ကယ်ထုတ် 

🚩 ၆။ ဘုတ်ပြင်း ပြည်ကြီးမဏ္ဍိုင်ရဲစခန်းနဲ့ လေညာတံတား စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ NUG ဝန်ကြီးများ ၂၀၂၄ ဂွမ်ဂျူးလူ့အခွင့်ရေးဆုပေးပွဲသို့ တက်ရောက်၊ .၁၈ ဂွမ်ဂျူးဖောင်ဒေးရှင်း ဥက္ကဋ္ဌနှင့် တွေ့ဆုံ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်တို့သည် မေလ ၁‌၈ရက်နေ့ ညနေပိုင်းတွင် ကိုရီးယားနိုင်ငံ ၂၀၂၄ ဂွမ်ဂျူးလူ့အခွင့်ရေးဆုပေးပွဲသို့ တက်ရောက်ဂုဏ်ပြုခဲ့တယ်လို့ သိရပါသည်။


၂၀၂၄ ခုနှစ် ဂွမ်ဂျူးလူ့အခွင့်ရေးဆုရှင်မှာ သီရိလင်္ကာနိုင်ငံမှ အမျိုးသမီးများ နှိပ်စက်ညှဉ်းပန်းမှု တိုက်ဖျက်ရေး လှုပ်ရှားသူ Suganthini Mathiyamuthan Thangarasa ဖြစ်သည်။ 


အဆိုပါ ဂွမ်ဂျူးလူ့အခွင့်ရေးဆုကို မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည် (၂၀၀၄) ဦးမင်းကိုနိုင်(၂၀၀၉) နှင့် ဒေါက်တာစင်သီယာမောင် (၂၀၂၂) တို့ ရရှိဖူးသည်။


 မေလ ၁၈ရက်နေ့ မွန်းလွဲပိုင်းတွင် ဂွမ်ဂျူး .၁၈ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဝမ်းဆွန်းဆော့ နှင့် တွေ့ဆုံပြီး နွေဦးတော်လှန်ရေး အခြေအနေများကို ရှင်းပြခဲ့သည်။ ဖောင်ဒေးရှင်းအနေနှင့် ဒီမိုကရေစီရေးကို အားပေးထောက်ပံ့သည့် အားလျော်စွာ မြန်မာ့ဒီမိုကရေစီရေးကိုလည်း ဆက်လက် အားပေးထောက်ပံ့သွားမည်ဟု ထပ်လောင်း ကတိပြုသည်။


ထို့ပြင် ဂွမ်ဂျူးမြို့တော်ဝန် Mr Kang Gi Jung ကလည်း NUG ဝန်ကြီးများကို လှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၂။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ကနေဒါနိုင်ငံ၊ ဗန်ကူဗာမြို့တွင် လူထုတွေ့ဆုံပွဲနှင့် ဆွေးနွေးပွဲပြုလုပ်


မေ ၁၉ Radio NUG


လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် ကနေဒါနိုင်ငံ၊ ဗန်ကူဗာမြို့၊ ဗြိတိသျှကိုလမ်ဘီယာတက္ကသိုလ် (University of British Columbia) တွင် "ဒီမိုကရေစီ ထွန်းကားသော နှင့် ခွဲခြားမှုကင်းရှင်းစွာဖြင့် အများပါဝင်နိုင်သော မြန်မာပြည်ကို ပုံဖော်ခြင်း (Charting Democratic and Inclusive Myanmar)" အမည်ဖြင့် လူထုတွေ့ဆုံဆွေးနွေးပွဲတခုကို ၂၀၂၄ ခုနှစ် မေလ (၁၈) ရက်နေ့တွင် ပြုလုပ်ခဲ့သည်။


အဆိုပါ လူထုတွေ့ဆုံဆွေးနွေးပွဲသို့ ကနေဒါနိုင်ငံရောက် မြန်မာတိုင်းရင်းသားအင်အားစုများ၊ သုတေသီများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များအားအပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။


========================


📌📌 ၃။ ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ လူသားချင်းစာနာမှုအကူအညီ ပံ့ပိုးပေးမှုများ ထုတ်ပြန်


မေ ၁၈ Radio NUG


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၅၀၅.) သန်းကို အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ ပံ့ပိုးပေးနိုင်ခဲ့ပါကြောင်း အစိုးရနှင့်ပြည်သူအကြား အချင်းချင်း အားပေးအားယူ ပြုနိုင်ရန်အတွက် တင်ပြအပ်ပါသည်။ 

အဆိုပါ တော်လှန်ပြည်သူများ၏ ပြည်သူမှပြည်သူ အလှူငွေဖြစ်သည့် ငွေကျပ် (၅၀၅.) သန်းကို အောက်ပါကဏ္ဍများ၌ အသုံးပြုခဲ့ပါသည်- 

) နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ/စစ်ဘေးရှောင်ပြည်သူ (၄၂၄,၀၀၅) ဦး၏ အရေးပေါ်စားနပ်ရိက္ခာအတွက် ငွေကျပ် (၄၁၁.) သန်း

) ထိတွေ့တိုက်ပွဲများ၌ ကျဆုံးခဲ့ရသည့် သူရဲကောင်းပြည်သူ (၁၅၇) ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၂၆၉) ဦးအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၂၉.) သန်း

) CDM ဝန်ထမ်းများအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၁၂.) သန်း

) နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့မိသားစုဝင်များအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (.) သန်း

) ပြည်သူများအတွက် စားနပ်ရိက္ခာကြိုတင်စီစဉ်မှု၌ ငွေကျပ် (၁၈.) သန်း

) အထွေထွေ လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၃၃) သန်း 

) ကရင်ပြည်နယ် မြဝတီမြို့နယ်၌ ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲများကြောင့် ယာယီနေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရသည့် စစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာများ ပံ့ပိုးခြင်း

) မီးရှို့ခံရသည့်နေအိမ်များထဲမှ လုံခြုံစိတ်ချရသည့်နေရာတွင် ဆောက်လုပ်နိုင်သည့် နေအိမ် () လုံးကို ယာယီတဲဆောက်လုပ်ပေးခြင်းနှင့်  ကြားကာလပညာရေးဖော်ဆောင်လျက်ရှိသည့် မြေပြင်အခြေခံပညာစာသင်ကျောင်းများ၌ ဗုံးခိုကျင်း (၁၁) ကျင်း တူးဖော်ပေးခြင်း စသည်တို့ကို ပံ့ပိုးပေးနိုင်ခဲ့ပါသည်။ 

ဝန်ကြီးဌာန၏ ဧပြီလ () လတာ ပံ့ပိုးပေးနိုင်ခဲ့မှု အခြေအနေများကို အစီရင်ခံတင်ပြရင်း တော်လှန်ရေးကာလ () နှစ်ကျော်ကာလအတွင်း တော်လှန်ရေးအောင်မြင်နိုင်ရေးကိုသာ ရှေးရှုပြီး အဖက်ဖက်အကြပ်အတည်းများကြားမှ ကြံ့ကြံ့ခံကာ ပါဝင်တော်လှန်နေသော ပြည်သူတစ်ဦးချင်းစီတိုင်း၏ လုပ်ဆောင်ချက်များ၊ ထားရှိသည့်စိတ်ဓါတ်များကို လေးစားဂုဏ်ယူမိပါကြောင်းနှင့် ရှေ့ဆက်၍လည်း ယခုလို မလျော့သောဇွဲဖြင့် ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက် သွားကြပါစေ‌ကြောင်း တိုက်တွန်းတင်ပြအပ်ပါသည်ဟု ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ နွေဦးဂုရုပညာရေးစင်တာက ဒီပလိုမာကျောင်းကနေ ကောလိပ်ကျောင်းအဖြစ် ပြောင်းလဲဖွင့်လှစ်


မေ ၁၉ Radio NUG


အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ နွေဦးဂုရုပညာရေးစင်တာဟာ မေလ ၁၇ ရက်နေ့မှာပဲ Diploma in social studies(တနှစ် ဒီပလိုမာတန်း)ကနေ  Karenni collage of social science and Humanities အဖြစ် ပြောင်းလဲဖွင့်လှစ်ကြောင်း တရားဝင်ကြေညာလိုက်ပါတယ်။ 

လက်ရှိ သင်ကြားရေးနည်းစနစ်တွေဟာ နိုင်ငံတကာ တက္ကသိုလ်တွေရဲ့ Diploma အဆင့်သတ်မှတ်ချက်အထိရှိနေပြီး ကောလိပ်အဆင့်အရည်အသွေးပြည့်မှီလာတဲ့အတွက် ပြောင်းလဲဖွင့်လှစ်လိုက်တာဖြစ်တယ်လို့ နွေဦးဂုရုပညာရေးစင်တာ ကျောင်းအုပ် ခင်စန္ဒာညွှန့်က ပြောပါတယ်။

ကျမတို့ သင်ကြားရေးနည်းစနစ်ပိုင်းအနေနဲ့ကော အရည်အသွေးပိုင်းကော ပြီး‌တော့ နောက်ထပ်တစ်ခုအနေနဲ့က ပညာရပ်ဆိုင်ရာ ကူညီပံ့ပိုးမှုပိုင်းကော အသိအမှတ်ပြုမှုပိုင်းကော ကျမတို့ အဆင်သင့်ရှိတဲ့အနေအထားမျိုးကို ရောက်ပြီလို့ ကျမတို့ ယူဆတယ်ပေါ့နော။ အဲဒီအတွက်ကြောင့် ကျမတို့ ကောလိပ်လို့ နာမည်ပြောင်းလိုက်တာဖြစ်ပါတယ်။လို့ သူက ပြောပါတယ်။

အဲဒီကောလိပ်ကျောင်းမှာ ပညာရပ်တွေကို ၁၈ လတာ သင်ကြားသွားမှာဖြစ်ပြီး Foundation အတန်းအတွက် လနဲ့ intensive အတွက် နှစ်သင်ကြားသွားမယ်လို့ သိရပါတယ်။ ပထမဆုံးနှစ်အတွက် သင်တန်းသားကို လာမယ့် ဇွန်လအတွင်းမှာ လျှောက်လွှာစတင်ခေါ်ယူသွားမယ်လို့ ဆိုပါတယ်။

ယခုနှစ်ပညာသင်နှစ်အတွက် ကျောင်းသား ၄၀ ကနေ ၄၅ ယောက်ကြားကို စီစစ်ရွေးချယ်ခေါ်ယူသွားမယ်လို့ ဆိုပါတယ်။ ကောလိပ်ကျောင်းအတွက် ပညာအရည်အချင်းကန့်သတ်ချက်အနေနဲ့ အနည်းဆုံး အထက်တန်းအဆင့်တက်‌‌ရောက်ဖူးသူ ဖြစ်ရမယ့်အပြင် သတ်မှတ်ထားတဲ့ ဝင်ခွင့်စာမေးပွဲကိုလည်း အောင်မြင်ရမှာ ဖြစ်ပါတယ်။ 

ကျမတို့ အဲဒီမှာက ဝင်ခွင့်စနစ်နဲ့ပဲ ကျမတို့သွားတယ် ဝင်ခွင့်စနစ်မှာက ဝင်ခွင့်စာမေးပွဲကို အမှတ်မှီတယ် အောင်တယ်ဆိုရင် ဝင်လို့ရတယ်ပေါ့နော။ ဒါပေမယ့် အဓိက အခြေခံ အဆင့်အနေနဲ့ ကျမတို့ ကောလိပ် အဆင့်ဆိုရင်တော့ အထက်တန်းအဆင့်ဖြစ်ရမယ်။ အထက်တန်းကိုမှ အရင်စနစ်ဟောင်းဆိုရင် တန်းမအောင်သေး၊ ၁၀ တန်းမအောင်သေးလည်းရတယ်။ ဝင်ခွင့်တော့ အောင်ရမယ်‌ပေါ့နော။ ဝင်ခွင့်အောင်မှရမယ်။ ၁၀ တန်းအောင်ပြီးသားဆိုလည်းရတယ်။ တက္ကသိုလ်တက်လက်စဆိုလည်း ရတယ်ပေါ့နော။လို့ သူက ပြောပါတယ်။ 

Theory and practices of social policy, Regional politics systems, Research design and methods, Environmental studies, Digital literacy, Community development, Media Literacy and journalism, Cultural diversity and social cohesion စတဲ့ ဘာသာရပ်တွေအပြင် ဖြည့်စွက်အနေနဲ့ Academic English,Computer, Introduction to social science စတဲ့ ဘာသာရပ်လည်း ထည့်သွင်း သင်ကြားသွားမယ်လို့ သိရပါတယ်။


ကောလိပ်ကျောင်းအနေနဲ့ ပြောင်းလဲသင်ကြားသွားပေမယ့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းတိုတွေကိုလည်း ဆက်လက်ဖွင့်လှစ်သင်ကြားသွားမယ်လို့ ဆိုပါတယ်။


========================


📌📌 ၅။ "ကလေးများလုံခြုံစွာပညာသင်ကြားခွင့်" စာတမ်းကို KPPA မိတ်ဆက်


မေ ၁၉ Radio NUG


မေလ ၁၈ ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းတစ်နေရာမှာ ကရင်နီနိုင်ငံရေးအကျဥ်းသားများအစည်းအရုံး (KPPA)မှ "ကလေးများလုံခြုံစွာပညာသင်ကြားခွင့်" စာတမ်းမိတ်ဆက်ခြင်းအစီအစဥ် ပြုလုပ်ခဲ့တယ်လို့ ကန္တာရဝတီတိုင်းမ်မှာ ဖော်ပြထားပါတယ်။


"ကရင်နီပြည်နယ်မှာရှိတဲ့ ပညာသင်ကြားနေတဲ့ ကလေးသူငယ်တွေ ဘေးကင်းလုံခြုံစွာပညာသင်ကြားနိုင်မဲ့နေရာရရှိဖို့ ဒီစာတမ်းကိုပြုလုပ်ရခြင်းဖြစ်ပါတယ်။ ကျနော်တို့ ကလေးတွေက နစ်နာနေတာများနေပြီ ဟို ကိုဗစ်ကတည်းကပေါ့ စစ်ကာလထိပေါ့။ မြို့ပေါ်ကကလေးတွေက စစ်ကျွန်ပညာရေးဆိုပေမဲ့ အေးအေးဆေးဆေးစာသင်လို့ရသေးတယ် လုံလုံခြုံခြုံစာသင်လို့ရသေးတယ်။ ဒီဘက်မှာက စာသင်ကျောင်းတွေမှာ စစ်အရိပ်ယောင်ပြောရမှာပေါ့။ ရဲဘော်တွေသွားလာတာ အတတ်နိုင်ဆုံးရှောင်နိုင်ရင် စစ်အန္တရာယ်ကိုရှောင်တာတစ်မျိုးပေါ့။ စစ်ရေးက ပညာရေးနဲ့အများကြီးသွားရောနေတာတွေ ရှိတယ်။ အဲ့တာတွေကို ထိန်းသိမ်းချင်တာပေါ့" လို့ စာတမ်းမိတ်ဆက်ပွဲ ပြုလုပ်ရတဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီ KPPA အဖွဲ့ဝင် ကိုဆော်လမွန်က ဆိုပါတယ်


စာတမ်းမိတ်ဆက်ပွဲကို ပညာရေးသမဂ္ဂအဖွဲ့များ၊ community ကျောင်းအသီးသီးမှ ကိုယ်စားလှယ်များ၊ CSO များ၊ ပညာရေးလုပ်ဆောင်နေတဲ့အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါတယ်။


ပညာရေးပိုင်း ဆောင်ရွက်နေကြတဲ့ အဖွဲ့တွေအနေနဲ့လည်း ကူညီပေးကြဖို့လည်း ဆက်ပြောပါတယ်။


"လူတိုင်းကတော့ ဘေးကင်းလုံခြုံစွာစာသင်ချင်နေကြတာဘဲ။ ဒါပေမဲ့ မှတ်တမ်းမှတ်ရာအနေနဲ့တော့ဘယ်သူမှ လိုက်အတည်မပြုကြသေးဘူးပေါ့။ အဲ့တာကို ကျနော်တို့ကစာတမ်းပြုစုပြီး စာတမ်းတွေကနေတစ်ဆင့် ပြည်သူတွေရဲ့အသံကိုချပြပေးနေတာပေါ့။ လုံးဝကိုဘေးကင်းလုံခြုံစွာ စာသင်နိုင်ရေးအတွက် ဘယ်လိုလုပ်ကြမလဲဆိုတာ ပညာရေးအတိုင်းအဝန်းတွေကနေ ပညာရေးမိသားစုတွေကနေလုပ်ကူသွားနိုင်ရင် ပိုအဆင်ပြေမှာပေါ့"လို့ ကိုဆော်လမွန်က ဆက်ပြောပါတယ်။

၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ တစ်လအတွင်း စာတမ်းအတွက် ကျောင်းသားမိဘ၊ သင်ကြားရေးဆရာ၊ ဆရာမ၊ ကျောင်းသူကျောင်းသား၊ ပညာရေးကဏ္ဍမှာပါ၀င်လှုပ်ရှားသူများ စတဲ့ လူဦးရေ ၁၀၀၀ ၀န်းကျင်ကို စစ်တမ်းကောက်ယူခဲ့တယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်ခါးရှဲလ်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ သထုံမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ကလေးတဦးအပါအဝင် ဦး ဒဏ်ရာရပြီး အိမ်၄ လုံးပျက်စီး


မွန်ပြည်နယ် သထုံမြို့နယ်မှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့လက်နက်ကြီးကျည်ထိမှန်‌ပြီး ကလေးတဦး အပါအဝင် အရပ်သား ဦး ဒဏ်ရာရကာ အိမ် လုံး ပျက်စီးသွားတယ်လို့ KNU ဗဟိုက ဒီနေ့ မေလ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးသထူခရိုင် သထုံမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ် ခမရ- တပ်ရင်းက မေလ ၁၇ ရက်နေ့ မနက် ၁ဝနာရီ ၁၅ မိနစ်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဝီယော်ကျေးနယ်မှာရှိတဲ့ ကျေးရွာများအတွင်း လက်နက်ကြီးကျည် လုံး ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကြောင့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးတဦး လက်နက်ကြီးစထိမှန်ဒဏ်ရာခဲ့တဲ့အပြင် အိမ် လုံး ပျက်စီး သွားတယ်လို့ ဆိုပါတယ်။

ညနေ နာရီခန့်မှာလည်း အမှတ် ၃၁၄ အမြောက်တပ်က လက်နက်ကြီးနဲ့ လုံး ပစ်ခတ်ခဲ့ရာမှာ ရွှေရောင်ပြရွာနဲ့အဝန်းကြီး ရွာကြား ကားလမ်းဘေးက ရော်ဘာခြံအတွင်း လက်နက်ကြီးကျည် လုံး ကျရောက်ပေါက်ကွဲပြီး အိမ် လုံး ပျက်စီးသွား တယ်လို့ အသိပေးပါတယ်။ 

ထို့အတူ မေလ ၁၆ ရက်နေ့ ညပိုင်းကလည်း ခမရ- တပ်ရင်းကပစ်ခတ်တဲ့ လက်နက်‌ကြီးကျည် လုံး ထုံးဘိုကြီးရွာက ရော်ဘာခြံအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၄ဝ အရွယ်အမျိုးသားတဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ခမရ- တပ်ရင်းနဲ့ အမှတ် ၃၁၄ အမြောက်တပ်တို့ဟာ အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေကို အကြောင်းမဲ့ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေရာ မေလ ၁၆ ရက် မနက်ပိုင်းကလည်း ခမရ- တပ်ရင်းက လက်နက်ကြီး ၂လုံး၊အမှတ် ၃၁၄ အမြောက်တပ်က မွန်းလွဲပိုင်းမှာ လက်နက်ကြီးနဲ့ လုံး ပစ်ခတ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီစခန်း ခုကို KIA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားပြီး လက်ကျန်စခန်းတွေ သိမ်းပိုက်နိုင်ရေး တိုက်ပွဲဆက်ဖြစ်


ကချင်ပြည် ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ခုထက်မနည်း ကချင်လွတ်လပ်ရေးတပ်မတော်-KIA ဦးဆောင် တဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပြီး လက်ကျန်စခန်းတွေ သိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်နေတာကြောင့် ဒီနေ့ မေလ ၁၉ ရက် မနက်မှာလည်း တိုက်ပွဲတွေပြင်ထန်နေဆဲလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မေလ ၁၈ ရက်မှာ ဝိုင်းမော်မြို့နယ်ထဲက ရွှေညောင်ပင်၊ ကဇူး၊ ဂါးရာယာန်၊ ဒဘတ် စတဲ့ဒေသတွေက စစ်စခန်း ၁၀ ခု ထက်မနည်းကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်က တပြိုင်တည်းထိုးစစ်ဆင်ခဲ့ရာမှာ တပ်စခန်းငယ် ခုထက်မနည်း သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီတပ်ရင်းဌာနချုပ်အပါအဝင် တပ်စခန်းကြီးတွေကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။ 

ဂါးရာယ်ယာန်ကျေးရွာအောက်ဘက်မှာရှိတဲ့ လုံဇက်ကောင် စစ်ကောင်စီတပ်စခန်းကို ဒီနေ့ မေလ ၁၉ ရက် မနက် ၆နာရီ မှာ သိမ်းပိုက်နိုင်ခဲ့သလို ခလရ -၃၂၁ တပ်ရင်းအနီးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာ ငှက်ပျောဖောက်စက်ရုံနဲ့ ကာကင်းစခန်း ကို မေလ ၁၈ ရက် နာရီမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။  

 KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ မတ်လ ရက်ကစလို့ ကချင်ပြည်နယ်မှာ စစ်ရေးအရှိန်မြှင့်ပြီး စစ်ကောင်စီတပ် စခန်းတေါကို ထိုးစစ်ဆင်ခဲ့ရာမှာ ၂လခွဲ ဝန်းကျင်အတွင်း မိုးမောက်၊ မံစီ၊ ဝိုင်းမော်၊ လိုင်ဇာ၊ တနိုင်း၊ ဖားကန့်၊ ဆွမ်ပရာဘွမ်၊ ဗန်းမော်၊ ဆော့လော်၊ ချီဖွေစတဲ့မြို့နယ်တွေက စစ်ကောင်စီတပ်ရင်းဌာနချုပ်တွေနဲ့ ဗျူဟာကုန်းတွေအပါအဝင် စခန်းကြီး စခန်းငယ် စုစုပေါင်း ၁၀၀ ကျော်သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။


========================


🚩🚩 ၃။ တံတားဦးနဲ့ငါန်းဇွန်က ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှု စစ်တပ်ဘက်က ထိခိုက် သေဆုံးမှုများ 


မန္တလေးတိုင်းထဲက တံတားဦးနဲ့ ငါန်းဇွန်မြို့နယ်အတွင်းက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ရက်ဆက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများနိုင်တယ်လို့ စစ်ဆင်ရေးမှာ ပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။  

တံတားဦးနဲ့ ငါန်းဇွန်မြို့နယ်အတွင်းက ကျေးရွာတွေနဲ့ ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင်ပစ္စည်းတွေကို လုယူနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို တံတားဦးမြို့နယ် ပကဖနဲ့ တော်လှန်ရေးအင်အားစုတွေက မေ ၁၂ ကနေ ၁၄ ရက် နေ့အထိ ရက်ဆက် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။  

တံတားဦးမြို့နယ်နဲ့ ငါန်းဇွန်မြို့နယ်ကြားမှာရှိတဲ့ ကျွဲဇိမ်နဲ့နဝရတ်ရွာကြားက မိုင်းကွင်းပေါ်မှာရှိနေတဲ့ စစ်ကား ၂စီးကို တော်လှန်ရေးအင်အားစုတွေက မေလ ၁၂ ရက်နေ့မနက် နာရီခွဲအချိန်မှာ ပဒေသာမိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်မှ အကျအဆုံးများပြီး ထိခိုက်မှုတွေရှိခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဟာ ထန်းတပင်ရွာထဲကို ဝင်ရောက်စီးနင်းခဲ့ပေမယ့် ကျေးရွာဒေသခံပြည်သူတွေကို တော်လှန်ရေးရဲဘော်တွေ အချိန်မီကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထန်းတပင်ရွာထဲမှာ တပ်စွဲထားချိန်မှာလည်း တော်လှန်ရေးအင်အားစုက ဒရုန်းနဲ့ဗုံးကြဲတာ၊  လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တဲ့အတွက် စစ်တပ်ဘက်က အထိနာပြီး လက်နက်ကြီးတွေနဲ့  ပြန်လည်ပစ်ခတ်တာတွေရှိတယ်လို့ သိရပါတယ်။ 

မေလ ၁၃ ရက်နေ့မှာလည်း တော်လှန်ရေးအင်အားစုတွေက ထန်းတပင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို  လက်နက်ကြီးတွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက တန်ပြန်ပစ်ခတ်လာတဲ့အတွက် နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ပြန်လည်ခုခံတိုက်ခိုက်ခဲ့တယ်လို့လည်း အသိပေးပါတယ်။ 

မေလ ၁၄ ရက်နေ့မှာလည်း တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တို့ကြား ၄၅ မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ ပေမယ့် တော်လှန်ရေးအင်အားစုဘက်က အထိအခိုက်မရှိခဲ့ဘူးလို့ ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုတွေကို တံတားဦးမြို့နယ် ပကဖနဲ့အတူ Youths of Mandalay-YOM မြင်းခြံခရိုင် တပ်ရင်း အမှတ်-  တပ်ခွဲ (Special Task Force - NgaZun) ဧရာဝတီမင်းသား၊ ရွှေဂျိုးဖြူ ပြည်သူကာကွယ်ရေးအဖွဲ့တို့  ပူးပေါင်းလုပ်ဆောင် ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၄။ ရပ်စောက်မြို့နယ် SSPP နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်၊ UWSA နှင့် စစ်ကောင်စီတပ် ပါဝင်အင်အားဖြည့်နေ


မေ ၁၉ Radio NUG


သျှမ်းပြည် ရပ်စောက်မြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း Tai Freedom က ဖော်ပြထားပါတယ်။

မေလ ၁၇ ရက် နံနက် နာရီကျော်ခန့်တွင် ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စုအနီး လှုပ်ရှားနေသည့် RCSS တပ်ဖွဲ့နေရာကို SSPP တပ်သားများက တောနင်းရှာဖွေခဲ့ရာမှ နှစ်ဘက်စစ်ကြောင်း ထိတွေ့ပြီး နာရီဝက်ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်

မနေ့က တကယ်ပစ်ကြတာ ဟုတ်တယ်။ သူတို့စစ်ကြောင်းတွေ ထိပ်တိုက်တွေ့မိတယ်လို့ ပြောရမှာပေါ့။ အရင်လကတည်းက မဟာမိတ်တပ်တွေဘက်က စစ်အင်အားဖြည့်လာပြီး တောနင်းရှာကြတာ၊ မိုင်းလင်းဘက်ကနေ ကျိုင်းခမ်းရွာကို သွားလိုက်လာလိုက် လုပ်တာပေါ့။ ရပ်စောက် အရှေ့ဘက်ပေါ့ သူတို့ပစ်ကြတာဟု ရပ်စောက်မြို့နယ်မှ ဖြစ်စဉ်သိရှိသူ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောကြားထားပါတယ်။

ရပ်စောက်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် သျှမ်းတပ်နှစ်တပ် အချင်းချင်းကြား တိုက်ပွဲနှင့် ပတ်သက်ပြီး နှစ်ဘက်ထိခိုက် ကျရှုံးမှုများကို အသေးစိတ် မသိရှိရသေးဘဲ နားစံကျေးရွာအနီး တပ်စွဲထားသည့်နေရာမှ RCSS တပ်သားများ ဆုတ်ခွာသွားပြီးနောက်ပိုင်း သေနတ်ပစ်ခတ်သံများ ရပ်စဲသွားကြောင်း ၎င်းဒေသခံ အမျိုးသားက ဆက်ပြောပါတယ်

တောနင်းရှာတာက မဟာမိတ်တပ်တွေ ရှာတာ၊ ဝတ်စုံကတော့ SSPP ဝမ်ဟိုင်းစစ်ဝတ်စုံ ဝတ်ထားတာပေါ့။ စကားသွားပြောကြည့်ရင် သျှမ်းစကားမတတ်ဘူး။ ကျိုင်းခမ်းဘက်က ဈေးဆိုင်တွေကို သူတို့ဝင်စစ်တုန်းကလည်း သျှမ်းစကား မပြောကြဘူး။ အဲ့တာကြောင့် တချို့ကလည်းမဟုတ်ရင် ကိုးကန့်ပဲ ဖြစ်မှာ ဆိုပြီး ပြောကြတာဟု ရပ်စောက်မြို့နယ်မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောထားပါတယ်။

အလားတူ ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စုတွင် တပ်စွဲထားသည့် RCSS တပ်ဖွဲ့ စခန်းချနေရာကို SSPP နှင့် UWSA မဟာမိတ်ပူးပေါင်းတပ်များအပြင် စစ်ကောင်စီတပ်ကလည်း ထိုးစစ်ဆင်ခဲ့ရာ နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရကြောင်း RCSS တပ်ဖွဲ့၏ Tai Freedom မီဒီယာက မေလ ၁၈ ရက်တွင် ထုတ်ပြန်လာခဲ့သည်။

လက်ရှိတွင် သံလွင်မြစ် အနောက်ခြမ်းသို့ ရောက်ရှိလာသည့်တပ်ဖွဲ့ UWSA သည် စစ်အင်အား ဆက်လက်ဖြည့်တင်းနေပြီး စစ်ကောင်စီတပ်ကလည်း စစ်သည်အင်အား ၃၅ဝ ခန့်ဖြင့် RCSS တပ်စခန်းဘက်သို့ စစ်အင်အား ဖြည့်တင်းလာခြင်းကြောင့် နှစ်ဘက်တင်းမာမှု ရှိနေကြောင်း Tai Freedom မီဒီယာတွင် ဖော်ပြထားသည်။

သျှမ်းတပ်နှစ်တပ်ဖြစ်သည့် SSPP/SSA နှင့် RCSS/SSA တို့သည် သျှမ်းပြည်မြောက်ပိုင်းတွင်၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲပြင်းထန်နေစဉ် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်က နှစ်ဘက်တပ်ဖွဲ့ အချင်းချင်းကြား အပစ်အခတ် ရပ်စဲခဲ့ပြီးနောက် () လကျော်အကြာတွင် နှစ်ဘက်ထိတွေ့တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။


========================


🚩🚩 ၅။ စစ်တပ်က ရက်ကြာ အစာရေစာမကျွေးဘဲ ပိတ်လှောင်ထားတဲ့ မွတ်ဆလင် ၃၅ ဦးကို AA ကယ်ထုတ် 


ရခိုင်ပြည် ဘူးသီးတောင်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ရက်ကြာ အစာရေစာမကျွေးဘဲ ဖမ်းဆီးပိတ်လှောင်ထား တဲ့ မွတ်ဆလင် ၃၅ ဦးကို ကယ်ထုတ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းတခုကို ရခိုင့်တပ်တော် AA က မေ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

အစာရေစာမကျွေးဘဲ ဖမ်းဆီးပိတ်လှောင်ခံထားရတဲ့သူတွေဟာ ဘူးသီးတောင်မြို့နယ် ခရုချောင်းကျေးရွာက မွတ်ဆလင် တွေဖြစ်ပြီး ကလေးငယ်တွေအပါအဝင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃၅ ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီရဲ့ ဘူးသီးတောင်အခြေစိုက် ခမရ-၃၅၃ တပ်ရင်းကို ရခိုင့်တပ်တော်က သိမ်းပိုက်ရှင်းလင်းခဲ့တဲ့ မေလ ၁၄ ရက် နေ့မှာ တွေ့ရှိခဲ့ပြီး ကယ်ထုတ်နိုင်ခဲ့တာလို့ AA က အသိပေးထားပါတယ်။

အလားတူ မေလ ၁၆ ရက်နေ့မှာလည်း မွတ်ဆလင်လူငယ်တွေကို စစ်မှုထမ်းစေဖို့ ဖမ်းဆီးနေတာကြောင့် ထွက်ပြေးလာတဲ့ မွတ်ဆလင် အမျိုးသား အမျိုးသမီး စုစုပေါင်း ၂၂ ဦးနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ ရုပ်သံမှတ်တမ်းကိုလည်း မေလ ၁၈ ရက်ညနက်ပိုင်းမှာ AA က ထပ်မံထုတ်ပြန်ခဲ့ပါတယ်။ 

ဒီမွတ်ဆလင်တွေဟာ ဘူးသီးတောင်မြို့နယ် ကျောက်ဖြူတောင်ကျေးရွာကဖြစ်ပြီး ဘူးသီးတောင်ဗျူဟာနဲ့ လက်အောက်ခံ အမတ -၃၇၈ တပ်ရင်းက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရွယ်ရောက်ပြီးဖြစ်တဲ့ မွတ်ဆလင်အမျိုးသားတွေ ကို အကြမ်းဖက်စစ်တပ်မှာ စစ်မှုထမ်းစေဖို့ ခေါ်ဆောင်နေတာကြောင့် ထွက်ပြေးလာကြတဲ့သူတွေလို့ ဆိုပါတယ်။ 

အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းစေဖို့ ခေါ်ဆောင်နေတာကြောင့် ထွက်ပြေးလာကြတဲ့ မွတ်ဆလင်တွေကို မောင်တော မြို့နယ် အောင်ဇေယျကျေးရွာ အရှေ့တောင်ဘက် ၃ဒသမ ၂၁ ကီလိုမီတာအကွာမှာ တွေ့ရှိခဲ့တာလို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ ဘုတ်ပြင်း ပြည်ကြီးမဏ္ဍိုင်ရဲစခန်းနဲ့ လေညာတံတား စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက် 


တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်ထဲက ပြည်ကြီးမဏ္ဍိုင်ရဲစခန်းနဲ့ လေညာတံတားစစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ PDF Kawthaung District Battalion 1 - P23201 အဖွဲ့က ထုတ်ပြန်ပါတယ်။ 

မေလ ၁၇ ရက်နေ့ မနက် နာရီဝန်းကျင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိနိုင်ပေမယ့် အတည်မပြုနိုင်သေးဘူးလို့ မေလ ၁၈ ရက် ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

တော်လှန်ရေးအဖွဲ့တွေတိုက်ခိုက်ချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေအပါအဝင် ၄၀ မမ တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာရှိတယ်လို့လည်း အသိပေးထားပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို ကော့သောင်းခရိုင် အမှတ် တပ်ရင်းတပ်ခွဲ DragonSquad Uav Force Kawthaung District Uav Force KNLA တပ်ရင်း ၂၀၃ တပ်ခွဲ ပူးပေါင်းစစ်ကြောင်းတို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ ဘက်က အထိခိုက်မရှိဘူးလို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက်ကိုခန့်တို့နှင့်ခါးရှဲလ်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment