4th MAY 2024 - Evening Daily News by Radio NUG

၂၀၂၄ မေလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အခက်အခဲတွေ စိန်ခေါ်မှုတွေရှိနေပေမယ့်ကြိုးစားကျော်လွှားလုပ်ဆောင်နေတယ်လို့ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး အသိပေး

📌 ၂။ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)က ကြီးမှူးကျင်းပသည့် Peace and Conflict Sharing Session ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတက်ရောက်

📌 ၃။ သာယာ၀တီထောင်မှာ LGBT တဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား မောင်ရဲရင့်ကို () ရဲရဲ  မုဒိမ်းကျင့်ခံရ 

📌 ၄။ The Way ရဲ့လှူဒါန်းကူညီငွေများဖြင့် မြန်မာနိူင်ငံတောတွင်းမှာ ဆေးရုံနှစ်ရုံအထိ ဖွင့်လှစ်လာနိူင်

📌 ၅။ ဆန်ရောင်းဝယ်မှု ကန့်သတ်လိုက်တဲ့သတင်းကြောင့် ကျောက်ဖြူမှာ ဆန်စျေးတက်

📌 ၆။ အကြမ်းဖက်စစ်တပ်နဲ့ဆက်နွယ်နေတဲ့ ခရိုနီစီးပွားရေးလုပ်ငန်း ငွေဗျိုင်းဖြူကုမ္မဏီက သတင်းအချက်အလက်တွေ ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ JFM ပြော

📌 ၇။ နွေဦးဘဏ် SDB က  ဘဏ်တိုကင်ဝယ်ယူသူများကို အချိုးကျ အမြတ်ငွေ ထုတ်ပေးလိုက်ပါတယ်


၂၀၂၄ ခုနှစ် မေလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပသုံးလုံးနှင်ပတ်သက်၍ တိုင်စာများရောက်နေပြီးကာကွယ်ရေးနှင့်ပြည်ထဲရေး ဝန်ကြီးဌာနနှစ်ခု ပူးပေါင်းကာ စိစစ်အရေးယူမှုတွေ လုပ်နေ

🚩 ၂။ မြောင်မြို့နယ်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးအဖွဲ့ ၁၈ ခု ပူးပေါင်းတိုက်ထုတ်  

🚩 ၃။ တောင်ငူ -လိပ်သိုလမ်းပိုင်းက စစ်စခန်း ခုကို တိုက်ခိုက်မှု စစ်သား ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အခက်အခဲတွေ စိန်ခေါ်မှုတွေရှိနေပေမယ့်ကြိုးစားကျော်လွှားလုပ်ဆောင်နေတယ်လို့ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး အသိပေး


မေလ၄ရက်


ပြည်သူတွေခံစားနေရတဲ့ လူ့အခွင့်အရေးချိုး ဖောက်ခံနေရမှုများ အမြန်ဆုံးရပ်တန့်နိုင်စေဖို့ အခက်အခဲတွေ စိန်ခေါ်မှုတွေရှိနေပေမယ့် ကြိုးစားကျော်လွှားလုပ်ဆောင်နေတယ်လို့ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကအသိပေးဆိုလိုက်ပါတယ်။


လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ()နှစ်ပြည့် ပြည်ထောင်စုဝန်ကြီး ပြောကြားချက်မှာ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ထည့်သွင်း‌ ပြောကြားခဲတာဖြစ်ပါတယ်။


"နိုင်ငံရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ အနာဂတ်ဖက်ဒယ်ရယ်တည်ဆောက်ရေးစတဲ့ လုပ်ငန်းများနဲ့ သက်ဆိုင်တဲ့ ပေးအပ်လာသော တာဝန်မှန်သမျှကို ဝန်ကြီးဌာန အနေနဲ့ တတ်စွမ်းသမျှ ထမ်းဆောင်ခဲ့ပါတယ်။အခက်အခဲတွေ စိမ်ခေါ်မှုတွေရှိနေပေမယ့်လည်း ဒီအရာတွေကို ကြိုးစားကျော်လွှားပြီး ပြည်သူတွေခံစားနေရတဲ့ လူ့အခွင့်အရေးချိုး ဖောက်ခံနေရမှုများ အမြန်ဆုံးရပ်တန့်နိုင်စေဖို့၊ ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်အာဏာ ရှင်ကို ဖယ်ရှားနိုင်ဖို့ဆိုတဲ့ ရေတိုမျှော်လင့်ချက်တင်မကဘဲ လူတိုင်းခွဲခြားမှုမရှိဘဲ လွတ်လပ်မှု၊ ယုံကြည်မှု၊ တန်းတူညီမျှမှု အပြည့်ရှိတဲ့ အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ဖို့အတွက် ရေရှည်လုပ်ငန်းတွေကိုလည်း ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင်ဒီကနေ့ တိုက်ပွဲရဲ့ အောင်မြင်မှုဟာ အနာဂတ်အတွက် မျှော်လင့်ချက်တွေ ကိုဖန်တီးနိုင်ဖို့အတွက် ကြိုးပမ်းလုပ်ဆောင်နေတဲ့အကြောင်း ပြည်သူအားလုံးကို တင်ပြလိုတယ်လို့လည်းဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)က ကြီးမှူးကျင်းပသည့် Peace and Conflict Sharing Session ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတက်ရောက်


မေလ၄


မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)က ကြီးမှူးကျင်းပသည့် Peace and Conflict Sharing Session ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတက်ရောက်ခဲ့ပါတယ်။


မေလ ရက်မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီသည် CDM နိုင်ငံ့ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးနှင့် နိုင်ငံရေး/တော်လှန်ရေးဆိုင်ရာ အသိပညာများ မြင့်မားတိုးတက်စေရန်အတွက် Peace and Conflict ခေါင်းစဉ်ဖြင့် Sharing Session တစ်ခုကျင်းပခဲ့ပါတယ်။


အဆိုပါဗဟုသုတမျှဝေခြင်းအစီအစဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက. ဦးဆောင်မျှဝေဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော CDM နိုင်ငံ့ဝန်ထမ်းများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ပါတယ်။


"ဖတ်ထား မှတ်ထားတာလေးတွေ မျှဝေခွင့်ရလို့ ၀မ်းသာရပါတယ်။ သဘောကျနှစ်သက်ကြတယ်။ အကျိုးရှိတယ်လို့ feedback ပေးကြလို့လည်း ပိုကြေနပ်မိတယ်"လို့ ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေကဆိုထားပါတယ်။


========================


📌📌 ၃။ သာယာ၀တီထောင်မှာ LGBT တဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား မောင်ရဲရင့်ကို () ရဲရဲ  မုဒိမ်းကျင့်ခံရ 


ပဲခူးတိုင်း သာယာ၀တီအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ လိင်စိတ်ခံယူမှုကွဲပြားသူ-LGBT နိုင်ငံရေးအကျဉ်းသား ရဲရင့်ကို () ရဲရဲ မုဒိမ်းကျင့်ခံရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ယက် -PPNM က မေလ ရက်မှာ ထုတ်ပြန်ပါတယ်။ 

အကျဉ်းထောင်တွင်း လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခြင်းခံနေရသော လိင်စိတ်ခံယူမှုကွဲပြားသူ LGBTQ+များ ဆိုပြီး ဒီနေ့မှာ ထုတ်ပြန်လိုက်တာပါ။ 

မြန်မာနိုင်ငံက အကျဉ်းထောင်အသီးသီးမှာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစွာရှိတဲ့အနက် လိင်စိတ်ခံယူမှုကွဲပြားသူ LGBTQ+ များစွာပါဝင်နေတယ်လို့လည်း သိရပါတယ်။

LGBT တဦးဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား မောင်ရဲရင့်ကို () ရဲရဲ ဟာ ၂ဝ၂၁ စက်တင်ဘာလမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပုဒ်မ ၅၀ () ပုဒ်မ ၅၁() ပုဒ်မ၅၄၊ ပုဒ်မ၁၇() အပြင် အခြား လက်နက် ပုဒ်မတွေနဲ့ ထောင်ဒဏ် ၉၆ နှစ် အမိန့်ချမှတ်ခြင်းခံထားရကာ အင်းစိန်ထောင်ကနေ သာယာဝတီထောင်ကို ပြောင်းရွှေ့ခံခဲ့ရ သူလို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသား ရဲရင့်ကို ခေါ်  ရဲရဲဟာ သာယာဝတီထောင်ကို ထောင်ပြောင်းရွှေ့ခြင်းခံခဲ့ရပြီး သာယာဝတီထောင် (က) ကြီးတိုက်မှာ သီးခြားနေထိုင်ရစဉ် တတိုက်တည်းနေ သေဒဏ်ကျ ရာဇဝတ်အကျဉ်းသား ပြူးကြီးက အခုနှစ် ဖေဖော်ဝါရီလ မှာ မုဒိမ်းကျင့်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

မုဒိမ်းကျင့်မှုကို ခုခံငြင်းဆန်တဲ့ ရဲရင့်ကို () ရဲရဲ ကို သေဒဏ်ကျအကျဉ်းသား ပြူကြီးက ကျောက်ခဲနဲ့ ဦးခေါင်းကို ရိုက်နှက်ခဲ့ တာကြောင့် ဦးခေါင်းကွဲပြီး အကျဉ်းထောင်ဆေးရုံမှာ ခေါင်းကွဲဒဏ်ရာကို ချုပ်ခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။ 

LGBTQ+ တွေဟာ အကျဉ်းထောင်အာဏာပိုင်တွေရဲ့ဖိနှိပ်မှုတွေကို အခြားနိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများနည်းတူ ရင်ဆိုင်နေကြရသလို အခြားရာဇဝတ်မှုတွေနဲ့ အကျဉ်းကျနေတဲ့ နှစ်ကြီးအကျဉ်းသားတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ အမြတ်ထုတ်ခြင်း (မုဒိန်းကျင့်ခြင်း) အန္တရာယ်တွေနဲ့ပါ ရင်ဆိုင်ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ယက် -PPNM က ထုတ်ပြန်ထားပါတယ်။ 

အခုလို အကျဉ်းထောင်များအတွင်း ကျူးလွန်မှုဖြစ်စဉ်တွေမှာ ကျူးလွန်သူ အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ထိရောက်တဲ့ ပြစ်ဒဏ်ပေးပြီး အရေးယူဆောင်ရွက်တာမရှိတာကြောင့် ဖြစ်ရတာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။


========================


📌📌 ၄။ The Way ရဲ့လှူဒါန်းကူညီငွေများဖြင့် မြန်မာနိူင်ငံတောတွင်းမှာ ဆေးရုံနှစ်ရုံအထိ ဖွင့်လှစ်လာနိူင်


မေလ၄ရက်


The Way ရဲ့လှူဒါန်းကူညီငွေများဖြင့် မြန်မာနိူင်ငံတောတွင်း၌ ဆေးရုံနှစ်ရုံအထိ ဖွင့်လှစ်လာနိူင်တယ်လို့ မေလအတွင်းမှာ အဆိုတော်လင်းလင်းမှ ၎င်း၏ဆိုရှယ်မီဒီယာမှတစ်ဆင့် အသိပေးဆိုထားပါတယ်။


ပြည်တွင်း၊ပြည်ပ တော်လှန်လူထု စုပေါင်းအားနဲ့"ဒုတိယမြောက်အဖြစ် မြန်မာနိုင်ငံတောတွင်းတနေရာကThe Way ရဲ့ နောက်ထပ်ဆေးရုံတရုံ၊ဒီစုပေါင်းအားနဲ့ ဒီတော်လှန်ရေး အောင်ကိုအောင်ရမယ်လို့ နှလုံးသားနဲ့ယုံကြည်ဟစ်ကြွေး"လို့ဆိုထားပါတယ်။


The Wayရုပ်ရှင်ဇာလမ်းကို နိူင်ငံတကာတွင် ပြသအောင်မြင်ခဲ့ပြီးမြန်မာများအများဆုံးအားပေးကြည့်ရှုခဲ့ကြပါတယ်။


========================


📌📌 ၅။ ဆန်ရောင်းဝယ်မှု ကန့်သတ်လိုက်တဲ့သတင်းကြောင့် ကျောက်ဖြူမှာ ဆန်စျေးတက်


ရခိုင်ပြည်နယ်ထဲက ကျောက်ဖြူမြို့နယ်မှာ ဆန်ရောင်းဝယ်မှုတွေ ကန့်သတ်လိုက်တယ်ဆိုတဲ့သတင်းကြောင့် ဆန်စျေး မြင့်တက်လာတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။

ကျောက်ဖြူမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ကျေးလက်ဒေသကနေ မြို့ပေါ်ကို တင်သွင်းနေတဲ့ ဆန် တွေကို ရောင်းဝယ်မှု ကန့်သတ်လိုက်တဲ့အတွက် ဆန်ဈေး ဆအထိ မြင့်တက်သွားတာလို့ ဒေသခံတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Weswern News က ဖော်ပြပါတယ်။

ကျေးလက်ဒေသက ဆန်တွေ ဝင်မလာတော့တာကြောင့် မြို့ပေါ်မှာရှိတဲ့ ဆန်လုပ်ငန်းရှင်တွေက သိုလှောင်ထားတဲ့ဆန်ကို ဈေးမြှင့်ရောင်းချနေတာကြောင့် ဈေးတက်သွားတာလို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ရင်းတွေကို ရိက္ခာဖြတ်တောက်လိုတာနဲ့ ကျေးလက်ဒေသမှာ ဆန်လုံလောက်မှုရှိစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျောက်ဖြူဒေသမှာရှိတဲ့ ရခိုင့်တပ်တော် AA အကြီးအကဲတွေက မြို့ပေါ်ကို ဆန်တင်သွင်းခွင့် ပိတ်ပင်လိုက်တာ ဖြစ်နိုင်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကျောက်ဖြူမြို့နယ်အတွင်း ကုန်စည်စီးဆင်းနေမှုကို စစ်ကောင်စီက ပိတ်ဆို့ထားတာကြောင့် ဆန်အပါအဝင် အခြားကုန်စည် တွေ ယခင်ကတည်းက စျေးမြင့်တက်နေရာက အခုလို ဒေသတွင်းဆန်ရောင်းဝယ်မှုကိုပါ ကန့်သတ်လိုက်တဲ့အတွက် ဆန်ဈေး ပိုတက်သွားတာဖြစ်ပါတယ်။ 

အခုလို ဆန်ရောင်းဝယ်မှု ကန့်သတ်လိုက်တဲ့အတွက် ကျောက်ဖြူမြို့က ဒေသခံပြည်သူတွေ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ် လို့ သိရပါတယ်။


========================


📌📌 ၆။ အကြမ်းဖက်စစ်တပ်နဲ့ဆက်နွယ်နေတဲ့ ခရိုနီစီးပွားရေးလုပ်ငန်း ငွေဗျိုင်းဖြူကုမ္မဏီက သတင်းအချက်အလက်တွေ ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ JFM ပြော


အကြမ်းဖက်စစ်တပ်နဲ့ဆက်နွယ်နေတဲ့ ခရိုနီစီးပွားရေးလုပ်ငန်း ငွေဗျိုင်းဖြူကုမ္မဏီက သတင်းအချက်အလက်တွေ ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ Justic For Myanmar- JFM က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်နဲ့ဆက်နွှယ်နေမှုကို ဖော်ထုတ်ခံရပြီးနောက် ခရိုနီစီးပွားရေးလုပ်ငန်းကြီး ရွှေဗျိုင်းဖြူက သတင်းအချက် အလက်တွေ ဖျောက်ဖျက်ဖို့ကြိုးစားနေတာနဲ့ပတ်သက်လို့ ပြောဆိုလိုက်တာဖြစ်ပါတယ်။

JFM ရဲ့ သတင်းဆောင်းပါးနဲ့ ထုတ်ပြန်ချက်မှာပါတဲ့ ဝဘ်ဆိုဒ်စာမျက်နှာတွေကို ဖြုတ်ချထားတယ်လို့လည်း အသိပေး လိုက်တာပါ။

ရွှေဗျိုင်းဖြူကုမ္မဏီကိုတည်ထောင်သူ မိသားစုဝင် သိမ့်ဝင်းထက်သည်ရုရှား-မြန်မာ မိတ်ဖက်ဆောင်ရွက်မှု ခိုင်မာစေရေး ရုရှားနိုင်ငံမှ ယုံကြည်နိုင်သော အရောင်းကိုယ်စားလှယ်များရှာဖွေရန်အတွက် စုဖွဲ့ တည်ထောင်ခဲ့သော လုပ်ငန်းစုကြီး Yetagun Petroleum တွင် ပါဝင်သည့် Min Shwe Myine Enterpries Ltd, တွင် ရှယ်ယာများ ပိုင်ဆိုင်ထားကြောင်း JFM က မကြာသေးမီကပဲ ဖော်ထုတ်ခဲ့တာရှိပါတယ်။

JFM က သတင်းထုတ်ပြန်ပြီးနောက် ရက်အနည်းငယ်အကြာမှာပဲ Yetagun ဆိုတဲ့ ဝဘ်ဆိုဒ်ကို ဖြုတ်ချခဲ့တယ်လို့ သိရပါတယ်။ 

ထို့အတူ ရွှေဗျိုင်းဖြူကလည်း JFM က ၂၀၂၂ ခုနှစ်ကဖော်ပြခဲ့တဲ့ သတင်းဆောင်းပါးအတွက် လင့်ခ် ပေးထားတဲ့ ၎င်းတို့ ဝဘ်ဆိုဒ်ရဲ့ ရေနံရောင်းဝယ်ရေးလုပ်ငန်းများအကြောင်း စာမျက်နှာကိုလည်း ဖြုတ်ချခဲ့တယ်လို့ အသိပေးထားပါတယ်။


========================


📌📌 ၇။ နွေဦးဘဏ် SDB က  ဘဏ်တိုကင်ဝယ်ယူသူများကို အချိုးကျ အမြတ်ငွေ ထုတ်ပေးလိုက်ပါတယ်


Radio NUG မေ ၄၊ ၂၀၂၄


NUG ဗဟိုဘဏ်တွင် မှတ်ပုံတင်ဖွင့်လှစ်ထားသည့် နွေဦးဘဏ်က ဘဏ်တိုကင်အမြတ်ငွေများ အချိုးကျထုတ်ပေးနေတယ်လို့ ကြေညာလိုက်ပါတယ်။

၂၀၂၄ မတ်လ ၂၀ ရက်နေ့တွင် နွေဦးဘဏ်၏ ဒါရိုက်တာဘုတ်အဖွဲ့မှ ဆုံးဖြတ်ချက်အရ ၂၀၂၃ ဇူလိုင် ၂၂ ရက် မှ ဒီဇင်ဘာ ၃၁ ရက် အထိ ဘဏ်အမြတ်ငွေ ရာနှုန်းပြည့် ၁၀၀% အား အမြတ်ဝေစုအဖြစ် ၂၀၂၄ ဧပြီ လကုန်တွင် ခွဲဝေပေးသွားမည် ဆိုခဲ့ကြောင်း၊  မေ ရက် မှ စတင်ပြီး တပတ်အတွင်း SDB တိုကင် ရှယ်ယာပိုင်ဆိုင်သူများ ထံသို့ အချိုးကျ အမြတ်ဝေစုများအား စနစ်တကျဖြန့်ဖြူး ခွဲဝေပေးနေပြီ ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်တယ် ဆိုပါတယ်။


SDB တိုကင် ရှယ်ယာ ရင်းနှီးမြှုပ်နှံမှု အပေါ်မူတည်ပြီး အမြတ်ဝေစု ခွဲဝေပေးမှု ပုံစံမှာ ဒေါ်လာ ၁၀၀ ထည့်ဝင်သူတိုင်း 0.283 ဒေါ်လာ၊ (သို့မဟုတ်) ၂၈ ဆင့် ဝန်းကျင် ထုတ်ပေးပါတယ်။ မိမိ SDB အကောင့်မှာ ICO Subscription  ကနေ ငွေ ထည့်ပေးထားတာ တွေ့ရမယ်လို့ ဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းနွေဦး၊မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment