7th MAY 2024 - Evening Daily News by Radio NUG

၂၀၂၄ မေလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး နယူးဇီလန်နိုင်ငံရှိ KIA KAHA အဖွဲ့အစည်းနှင့် တွေ့ဆုံ

📌 ၂။ လူ့အခွင့်အ‌ရေးဆိုင်ရာ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် ဩစတြေးလျနိုင်ငံတွင်ကျင်းပသော တော်လှန်ရေးအထောက်အကူပြုပွဲသို့ တက်ရောက်ခဲ့

📌 ၃။ ဖက်ဒရယ် ဒီမိုကရေစီ ဆိုရာမှာနိုင်ငံရေး စံနှုန်းနှစ်ခုဟာခေါင်းနဲ့ပန်း လိုပဲ ခွဲမရတဲ့ အခြေခံတန်ဖိုးများ ဖြစ်တယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးဦးမော်ထွန်းအောင်ဆို

📌 ၄။ စိန်ခေါ်မှုများစွာ ရှိသော်လည်း NUG အစိုးရက အချို့ဧရိယာများတွင် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ပြန်လည် ဆောင်ရွက်ပေးနေပြီလို့သံအမတ်ကြီးဦးကျော်မိုးထွန်းပြော

📌 ၅။ NUGကျန်းမာရေးဒုဝန်ကြီးဓာတ်ပုံအသုံးပြု၍ လူမှုကွန်ရက်စာမျက်နှာတွင်အကောင့်တုထွက်ပေါ်

📌 ၆။ ဂျပန်နိူင်ငံတိုကျိုမှာပြသတဲ့"သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" ရုပ်ရှင်ကားများပြသမှုပရိသတ်ထောင်ချီအားပေး၍ တော်လှန်ရံပုံငွေ သိန်းထောင်ကျော်ရရှိ

📌 ၇။ စမ်းသပ်ကာလ နှစ်လအတွင်း နွေဦးထီ V.2 အတွက် ဝယ်ယူမှုအား မျှော်မှန်းပမာဏထက် များစွာလိုအပ်နေသေး


၂၀၂၄ ခုနှစ် မေလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ KIA က မံစီမြို့မရဲစခန်းကိုဆက်လက်သိမ်းပိုက်

🚩 ၂။ ကရင်နီပြည်နယ်တွင် ဧပြီလ ()လတာအတွင်း ဖားဆောင်းမြို့ မိုးဗြဲ မြို့တို့တွင် တော်လှန်ရေးပူးပေါင်းတပ်များ နှင့် စစ်ကောင်စီတပ်များအကြား ထိတွေ့တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့(၅၀) ကျော်သေဆုံးကာ တပ်ရင်းမှူး ဒုရင်းမှူးများအပါအဝင်  (၅၆ )ဦး လက်နက်ချ အညံ့ခံခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး နယူးဇီလန်နိုင်ငံရှိ KIA KAHA အဖွဲ့အစည်းနှင့် တွေ့ဆုံ


မေ


လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် မေလ () ရက်နေ့တွင် နယူးဇီလန်နိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ Rt.Hon.Helen Clark ဦးဆောင်သည့် KIA KAHA အဖွဲ့အစည်း နှင့်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတွေ့ဆုံ ဆွေးနွေးပွဲတွင် နယူးဇီလန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် လူသားချင်းစာနာထောက်ထားမှု အကူညီများအပါအဝင် လက်တွေ့ကျသော ကူညီမှုများပေးအပ်နိုင်ရေးအတွက် နယူးဇီလန် အစိုးရအား တိုက်တွန်းပြောဆိုမှုများပြုပေးရန် အချက်များကို ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၏ လက်ရှိဆောက်ရွက်နေမှုများနှင့် လူ့အခွင့်အရေးအခြေအနများကို ဆွေးနွေးခြင်း၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီအနေဖြင့် လူသားချင်းကူညီရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ထားရှိသည့် သဘောထားများ၊နိုင်ငံတကာနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ လုပ်ဆောင်မှုများအပေါ် ထားရှိသည့် ရပ်တည်ချက်များအား ပွင့်လင်းမြင်သာစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


========================


📌📌 ၂။ လူ့အခွင့်အ‌ရေးဆိုင်ရာ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် ဩစတြေးလျနိုင်ငံတွင်ကျင်းပသော တော်လှန်ရေးအထောက်အကူပြုပွဲသို့ တက်ရောက်ခဲ့


မေလ၇


ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် ဩစတြေးလျနိုင်ငံတွင်ကျင်းပသော တော်လှန်ရေးအထောက်အကူပြုပွဲသို့ တက်ရောက်ခဲ့ပါတယ်။


ဒုတိယဝန်ကြီး၊ခွန်းဗဟန်းထန်သည် မေလ () ရက် နေ့က ဩစတြေးလျနိုင်ငံ၊မဲလ်ဘုန်းမြို့မှာကျင်းပတဲ့ အဆိုတော်ဒေးဗစ်လိုင်း၏ တော်လှန်ရေးအထောက်အကူပြုရံပုံငွေရှာဖွေရေးတေးဂီတ ဖျော်ဖြေပွဲသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။


 မိန့်ခွန်းတွင်ဒုဝန်ကြီးက "မိမိတို့အနေဖြင့် နွေဦးတော်လှန်ရေးတွင် ကရင်နီပြည်နယ်နှင့် ချင်းပြည်နယ်မှ အကြမ်းဖက်စစ်အာဏာရှင်ကို ပွိုင့်တူးတူး ၊တူမီးလက်နက်တို့ကိုင်ဆွဲပြီ စတင်ပြန်လည် ခုခံစစ်ဆင်နွှဲခဲ့တာဖြစ်ကြောင်း၊တော်လှန်ရေးပိုမိုအားကောင်းလာပြီး တော်လှန်ရေးကာလအတွင်းမှာပင် ဖက်ဒရယ် ပြည်ထောင်စုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို စတင် ကျင့်သုံးဆောင်ရွက်နေတာဖြစ်ကြောင်း၊ မျက်မှောက်တော်လှန်ရေး အချိုးအကွေ့ပေါင်းများစွာနှင့် အရှိန်ပြင်းပြင်းအားကောင်းကောင်းလုပ်ဆောင်နိုင်ခြင်းသည် နိုင်ငံတကာတွင်ရှိသည့်မိဘပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ အနုပညာရှင်များ၏စွမ်းစွမ်းတမံ ပါဝင်ရပ်တည်ပါဝင်ပေးမှုကြောင့်လည်းဖြစ်သည့်အတွက် ပြည်သူလူထုနှင့် အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း စသည့် အချက်များ ထည့်သွင်းပြောကြားခဲ့ပါတယ်။


အဆိုပါ ရံပုံငွေ ဖျော်ဖြေပွဲသို့ ဩစတြေးလျနိုင်ငံရှိ ပြည်ထောင်စုဖွားတိုင်းရင်းသားများ တက်ရောက်အားပေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ ဖက်ဒရယ် ဒီမိုကရေစီ ဆိုရာမှာနိုင်ငံရေး စံနှုန်းနှစ်ခုဟာခေါင်းနဲ့ပန်း လိုပဲ ခွဲမရတဲ့ အခြေခံတန်ဖိုးများ ဖြစ်တယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးဦးမော်ထွန်းအောင်ဆို


မေလ၇


ဖက်ဒရယ် ဒီမိုကရေစီ ဆိုရာမှာနိုင်ငံရေး စံနှုန်းနှစ်ခုဟာခေါင်းနဲ့ပန်း လိုပဲ ခွဲမရတဲ့ အခြေခံတန်ဖိုးများ ဖြစ်တယ်လို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်ကမေလအတွင်းဆိုရှယ်မီဒီယာမှတစ်ဆင့် သုံးသပ်ပြောကြားထားပါတယ်။


"ဖက်ဒရယ် ဒီမိုကရေစီ ဆိုရာမှာ ဒီနိုင်ငံရေး စံနှုန်းနှစ်ခုဟာခေါင်းနဲ့ပန်း လိုပဲ ခွဲမရတဲ့ အခြေခံတန်ဖိုးများ ဖြစ်ပါတယ်။ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်/ ယူနစ်တွေရဲ့ နိုင်ငံရေး တန်းတူရည်တူရှိမှု နဲ့ အတူ နိုင်ငံသူနိုင်ငံသားတွေရဲ့ ဒီမိုကရေစီ အခွင့်အရေးကလည်း ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်/ယူနစ် တိုင်းမှာ တူညီမှု ရှိစေခြင်းကသာ ဖက်ဒရယ်ဒီမိုကရေစီရဲ့ အနှစ်သာရ ကိုခံစား နိုင်မယ့်လမ်းဖြစ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ အမျိုသားညီညွတ်ရေးအစိုးရဟာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်ဘုံသဘောတူညီချက်ရယူထားကာ ပုံမှန်တွေ့ဆုံမှုများပြုလုပ်လျက်ရှိပါတယ်။


========================


📌📌 ၄။ စိန်ခေါ်မှုများစွာ ရှိသော်လည်း NUG အစိုးရက အချို့ဧရိယာများတွင် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ပြန်လည် ဆောင်ရွက်ပေးနေပြီလို့သံအမတ်ကြီးဦးကျော်မိုးထွန်းပြော


မေလ၇


မေလအတွင်းလူဦးရေနှင့် ဖွံ့ဖြိုးမှုဆိုင်ရာကော်မရှင်၏ (၅၇) ကြိမ်မြောက် အစည်းအဝေး၏ အထွေထွေဆွေးနွေးခြင်း အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ အခုလိုပြောကြားခဲ့ပါတယ်။


"စစ်တပ်က စာသင်ကျောင်းများနှင့် သင်ကြားရေး စင်တာများကို လေကြောင်းမှ ပြင်းထန်စွာ တိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် မြန်မာကလေးငယ်အချို့သည် ဗုံးခို ကျင်းများနှင့် ယာယီရွက်ဖျင်တဲများတွင် ပညာသင်ကြားနေကြရကြောင်း၊ဤစိန်ခေါ်မှုအခြေအနေအောက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် မြန်မာနိုင်ငံ တစ်ဝှမ်းရှိ ပြည်သူများအား အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုများကို ဝန်ဆောင်ပေးနိုင်ရန်အတွက် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ နှင့် သက်ဆိုင်သူများအားလုံး နှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း၊ စိန်ခေါ်မှုများစွာ ရှိသော်လည်း NUG သည် အချို့ဧရိယာများတွင် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ပြန်လည် ဆောင်ရွက်နေပြီဖြစ်ကြောင်း"သံအမတ်ကြီးကပြောပါတယ်။


ဒါ့အပြင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းများအပြင် အရေးပေါ် အသက်ကယ်မှုဆိုင်ရာသင်တန်းများနှင့် စိတ်ဒဏ်ရာပြုစုစောင့်ရှောက်မှုသင်တန်းများ ကိုပါ ပြုလုပ်ဆောင်ရွက်ပေးနေတယ်လို့သံအမတ်ကြီးကဆိုပါတယ်။


========================


📌📌 ၅။ NUGကျန်းမာရေးဒုဝန်ကြီးဓာတ်ပုံအသုံးပြု၍ လူမှုကွန်ရက်စာမျက်နှာတွင်အကောင့်တုထွက်ပေါ်


မေလ၇


NUGကျန်းမာရေးဒုဝန်ကြီးဓာတ်ပုံအသုံးပြု၍ လူမှုကွန်ရက်စာမျက်နှာတွင်အကောင့်တုထွက်ပေါ်နေတယ်လို့မေလ၇ရက်မှာ NUGကျန်းမာရေးဒုဝန်ကြီးဒေါက်တာရွှေပုံကတရားဝင်အသိပေးဆိုထားပါတယ်။


"ယခု ပုံတွင်ပါသည့် account သည် ကျမ account မဟုတ်ပါ၊ ယခုအခါ ကျမ၏ မိတ်ဆွေများအား Friend request များလိုက်ပို့နေသည်ဟုသိရှိရပါတယ်။ကျမ၏ account အစစ်တွင် Blue Mark ပါရှိပါတယ်။ထို Blue Mark ပါသည့် account တစ်ခုတည်းကိုသာ လက်ရှိအသုံးပြုလျက်ရှိပါကြောင်းမိတ်ဆွေများအားအသိပေးအပ်ပါတယ်"လို့ဖော်ပြပါတယ်။


NUGကျန်းမာရေးဒုဝန်ကြီးဓာတ်ပုံအသုံးပြုထားသော Shwe Pon Oo အကောင့်ကို မည်သူမည်ဝါအသုံးပြုနေကြောင်း မသိရှိရသေးဘူးဖြစ်ပါတယ်။


လက်ရှိတွင် အကြမ်းဖက်စစ်တပ်ထောက်ခံသူများနှင့်စစ်လော်ဘီများမှ သတင်းတုသတင်းယောင်များအပြင် NUGအစိုးရအဖွဲ့ကိုပါပုံဖျက်တိုက်ခိုက်လျက်ရှိပါတယ်။


========================


📌📌 ၆။ ဂျပန်နိူင်ငံတိုကျိုမှာပြသတဲ့"သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" ရုပ်ရှင်ကားများပြသမှုပရိသတ်ထောင်ချီအားပေး၍ တော်လှန်ရံပုံငွေ သိန်းထောင်ကျော်ရရှိ


ဂျပန်နိူင်ငံတိုကျိုမှာပြသတဲ့"သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" ရုပ်ရှင်ကားများပြသမှုပရိသတ်ထောင်ချီအားပေး၍ တော်လှန်ရံပုံငွေ သိန်းထောင်ကျော်ရရှိခဲ့ပါတယ်။


ဧပြီ ၂၉ ရက်နေ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ဒုတိယအကြိမ်မြောက် ကျင်းပခဲ့တဲ့ နွေဦးရုပ်ရှင်ပွဲတော်မှာ "သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" ရဲ့ ရုပ်ရှင်ကားတွေကို တော်လှန်ရံပုံငွေ သိန်းထောင်ကျော်ရတဲ့အထိ ပရိသတ်ထောင်ချီ အားပါးတရ တခဲနက် အားပေးကြည့်ရှုခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


၄င်းရုပ်ရှင်ပွဲတော်ပွဲစီစဉ်သူများနဲ့ ပရိသတ်များကို Artist's Shelter"မှ အထူးပင်ကျေးဇူးတင်ဂုဏ်ပြုအပ်တယ်လို့ဖော်ပြပါတယ်။


နွေဦးရုပ်ရှင်ပွဲတော်ကို ဂျပန်နိုင်ငံ - Osaka/Kansai, Hokkaido, Fukuoka နဲ့ Hiroshima မြို့တွေမှာ ဆက်လက်ပြုလုပ်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။


========================


📌📌 ၇။ စမ်းသပ်ကာလ နှစ်လအတွင်း နွေဦးထီ V.2 အတွက် ဝယ်ယူမှုအား မျှော်မှန်းပမာဏထက် များစွာလိုအပ်နေသေး


မေလ၇ရက်


စမ်းသပ်ကာလ နှစ်လအတွင်း နွေဦးထီ V.2 အတွက် ဝယ်ယူမှုအား မျှော်မှန်းပမာဏထက် များစွာလိုအပ်နေသေးတယ်လို့ မေလအတွင်း နွေဦးထီမိသားစုကတရားဝင်အသိပေးဖော်ပြပါတယ်။


"ယခု စမ်းသပ်ကာလ နှစ်လအတွင်း နွေဦးထီ V.2 အတွက် ဝယ်ယူမှုအားမှာ မျှော်မှန်းပမာဏထက် များစွာလိုအပ်နေပါသေးတယ်။ အရွေ့တစ်ခုအတွက် ကြီးမားတဲ့ အားတစ်ခု လိုအပ်နေသေးတာမို့ နိုင်ငံတကာမှ တရားသော ဘက်တော်သားအားလုံး လစဥ် ပူးပေါင်းပါဝင်အားဖြည့်ပေးကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်"လို့ဖော်ပြပါတယ်။


ဧပြီလ (၃၀) ရက်နေ့ မှာ ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ်မြောက် အောင်လံလွှင့်ချီ နွေဦးထီ ကံထူးရှင် ရွေးချယ်ပွဲတွင် သိန်း (၅၀) ကံထူးသူ ဆုရှင် ဦး နှင့် သိန်း (၂၀ ) ကံထူးသူ ဆုရှင် ဦး ပေါ်ထွက်ခဲ့ပါတယ်။


နွေဦးထီကို ကိုယ့်အားကိုယ်ကိုး ထီထိုးနိုင်သလို၊ ကိုယ်တိုင် ဝယ်ယူကံစမ်းဖို့ အခက်အခဲရှိနေသူများအတွက်လည်း နီးစပ်ရာ နိုင်ငံတကာ နွေဦးထီ ကိုယ်စားလှယ်များမှ တဆင့် ဝယ်ယူကံစမ်းနိုင်တယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ KIA က မံစီမြို့မရဲစခန်းကိုဆက်လက်သိမ်းပိုက်


People's SPring


ကချင်ပြည်နယ် ဝိုင်းမော်၊ဗန်းမော်၊ မိုးမောက်နှင့် မန်စီမြို့နယ်မှ စစ်ကောင်စီတပ်စခန်း ၅ခုကို ယနေ့(မေ ရက်) မနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့နေ့လယ်ပိုင်းတွင် မန်စီမြို့မရဲစခန်းကိုပါ ထပ်မံသိမ်းပိုက်လိုက်ကြောင်း People's SPring သတင်းဌာနမှာဖေါ်ပြထားပါတယ်။


"မံစီမြို့မရဲစခန်းကို မနက် ၁၁နာရီမှာ ရပါပြီ"ဟု KIAနှင့် နီးစပ်သည့်သတင်းရင်းမြစ်က ပြောသည်။


KIA နှင့် ပူးပေါင်းတပ်များသည် ယနေ့နံနက်အစောပိုင်းတိုက်ခိုက်မှုများတွင် ဗန်းမော်မြို့နယ် စင်းခန်း ဧရာ၀တီ မြစ်ကူးတံတား စောင့်စခန်း တာဝါတိုင်စခန်း ခလရ(၅၆) ခလရ(၁၀) စခန်း၊ဗန်းမော် မြို့နယ်ရှိ  တာဝါတိုင်စခန်း၊ဝိုင်းမော်မြို့နယ် မုန်ကာဇွပ်လောဖြူး နှင့် ဖော့ဒေါ့စစ်ကောင်စီ လက်အောက်ခံ  စခန်းတို့ကို သိမ်းယူခဲ့ကြောင်း သတင်းရရှိသည်။ 


KIA ဦးဆောင်သောတော်လှန်ရေးတပ်များကချင်ပြည်နယ် ဝိုင်းမော်၊ဗန်းမော်၊ မိုးမောက်နှင့် မန်စီမြို့နယ်မှ စစ်ကောင်စီတပ်စခန်းများကို တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


KIA သည် မံစီမြို့နယ်မှ စစ်ရေးအရအချက်အချာကျသည့် ကိုက်ထိပ်စစ်တပ်စခန်းကိုလည်း ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်း တိုက်ခိုက်သိမ်းယူခဲ့သည်။ ကိုက်ထိပ်စခန်းသည်  စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ်စခန်းဖြစ်ပြီး ဗန်းမော်နှင့် နမ့်ခမ်းကြားမှ စစ်ရေးအရဗျူဟာမြောက်သည့်စခန်းဖြစ်ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များကပြောသည်။


မြေပြင်စခန်းများလက်လွှတ်လိုက်ရသည့်စစ်ကောင်စီတပ်က ယနေ့ နံနက်မှစ၍   ဗန်းမော်၊ မံစီနှင့်မိုးမောက်မြို့နယ်အတွင်း နေရာအချို့ကို လေကြောင်းမှတိုက်ခိုက်နေကြောင်း၊ မိုးမောက်မြို့နယ်တွင် လူနေအိမ်အချို့မီးလောင်နေကြောင်း ဒေသခံအချို့ကပြောသည်။


KIA က မတ်လ ရက်မှစ၍ ထိုးစစ်ကို အရှိန်မြှင့်ခဲ့ရာ မေ ရက် နေ့ခင်းပိုင်းအထိ စစ်ကောင်စီတပ်စခန်းပေါင်း ၉၀ ကျော်ကို သိမ်းပိုက်ထားပြီးဖြစ်သည်။  သိမ်းပိုက်ခဲ့သောစစ်ကောင်စီတပ်ရင်းဌာနချုပ် များ၊ ဗျူဟာကုန်းများလည်းပါဝင်ပြီး ဆွမ်ပရာဘွမ်၊ ဆင်ဘို၊ လွယ်ဂျယ်မြို့များကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။


========================


🚩🚩 ၂။ ကရင်နီပြည်နယ်တွင် ဧပြီလ ()လတာအတွင်း ဖားဆောင်းမြို့ မိုးဗြဲ မြို့တို့တွင် တော်လှန်ရေးပူးပေါင်းတပ်များ နှင့် စစ်ကောင်စီတပ်များအကြား ထိတွေ့တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့(၅၀) ကျော်သေဆုံးကာ တပ်ရင်းမှူး ဒုရင်းမှူးများအပါအဝင်  (၅၆ )ဦး လက်နက်ချ အညံ့ခံခဲ့


မေလ၇ရက်


ကရင်နီပြည်နယ်တွင် ဧပြီလ ()လတာအတွင်း ဖားဆောင်းမြို့ မိုးဗြဲ မြို့တို့တွင် တော်လှန်ရေးပူးပေါင်းတပ်များ နှင့် စစ်ကောင်စီတပ်များအကြား ထိတွေ့တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့(၅၀) ကျော်သေဆုံးကာ တပ်ရင်းမှူး ဒုရင်းမှူးများအပါအဝင်  (၅၆ )ဦး လက်နက်ချ အညံ့ခံခဲ့ပါတယ်။


ဧပြီလ () လတာစစ်ရေး အခြေအနေ သတင်းကိုမေလ၆ရက်KNDFကဖော်ပြပါတယ်။


ကရင်နီပြည်နယ်တွင် ဧပြီလ ()လတာအတွင်း ဖားဆောင်းမြို့ မိုးဗြဲ မြို့တို့တွင် တော်လှန်ရေးပူးပေါင်းတပ်များ နှင့် စစ်ကောင်စီတပ်များအကြား ထိတွေ့တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပြီး လွိုင်ကော် ဖယ်ခုံ မြို့နယ်တို့တွင် ထိတွေ့တိုက်ပွဲများ ကြိုကြား ဖြစ်ပွားခဲ့ပါတယ်လို့ဆိုပါတယ်။ 


ဖားဆောင်းမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများ ဖြစ်သည့် ခလရ (၁၃၅) ခလရ (၁၃၄) တပ် တို့နှင့် မြို့တွင်းရှိ မီးသတ်ရုံးနှင့် ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များအား ဧပြီလအတွင်း  တော်လှန်ရေးတပ်ဖွဲ့များမှ စစ်ဆင်ရေးများဆက်၍ ပြုလုပ်ခဲ့သောကြောင့် ထိတွေ့တိုက်ပွဲများဆက်တိုက် ဖြစ်ပွားခဲ့ကာ ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုများကြောင့် အထိနာနေသော စစ်ကောင်စီမှ နေရာယူထားသော နေရာများသို့ စစ်ကူပေးရန် ဘောလခဲဖက်မှ ဖားဆောင်းမြို့သို့ ဦးတည်၍ ခမရ (၅၁၆) ခမရ (၅၁၅) ခလရ () ခလရ (၁၃၅) တပ်များပူးပေါင်း၍ စစ်ကြောင်းထိုးလာသော အင်အား (၁၀၀)ကျော်ပါ စစ်ကောင်စီတပ်ဖွဲ့များအား ဧပြီလ (၁၁)ရက်နေ့ မနက်ပိုင်းမှ စ၍ ညနေပိုင်းထိ ပါပုကျေးရွာအနီးတွင် တော်လှန်ရေးပူးပေါင်းတပ်များမှ တစ်နေကုန်နီးပါး ဖြတ်တောက် တိုက်ခိုက်ခဲ့ပါတယ်။


တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့(၅၀) ကျော်သေဆုံးကာ တပ်ရင်းမှူး ဒုရင်းမှူးများအပါအဝင်  (၅၆ )ဦး လက်နက်ချ အညံ့ခံခဲ့ပြီး လက်နက်ကြီး လက်နက်ငယ် အစုံ (၇၀)ကျော်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့အတည်ပြုပါတယ်။


ဧပြီလအတွင်း စစ်ကောင်စီမှ အကြောင်းမဲ့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့်  ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ စုစုပေါင်း  (၁၀)ဦးသေဆုံးခဲ့ရပြီး (၃၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီမှ အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခဲ့၍ သေဆုံးသူ အရပ်သားပြည်သူ ()ဦး ရှိခဲ့ပါတယ်။


 စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူထုနေအိမ် (၃၀)ကျော် ထိခိုက်ပျက်စီးခဲ့ပြီး  လက်နက်ကြီးပစ်ခတ်မှုများကြောင့် လူထုနေအိမ် ()လုံးကျော် ထိခိုက်ပျက်စီးခဲ့ရပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment