7th MAY 2024 - Morning Daily News by Radio NUG


၂၀၂၄ မေလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ

📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်

📌 ၃။ KPICT ဥက္ကဋ္ဌကြီး ဆရာကြီး ကျန်မဂျာတူးရှန်က ချစ်ခြင်းတည်စေမနောမြေကင်ပိန်းတွင် ကျေးဇူးတင်စကားပြောကြား

📌 ၄။ တမူးမြို့နယ်တွင် မိုးသက်လေပြင်းကျရောက်မှုကြောင့် စစ်ဘေးရှောင် ကိုယ်ထူကိုယ်ထ စာသင်ကျောင်း အဆောင်များပျက်စီးပြီး စားနပ်ရိက္ခာများဆုံးရှုံး

📌 ၅။ မြန်မာပြည်မှာ အပူဒဏ်ကြောင့် လူပေါင်း ရာချီသေဆုံးခဲ့ကြောင်း သတင်းဌာနများက ထုတ်ပြန်ထား


၂၀၂၄ ခုနှစ် မေလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဖားဆောင်းတွင် စစ်ကောင်စီရဲ့ Mi 17 ရဟတ်ယာဉ်တစ်စီးကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့ ပစ်ချနိုင်ခဲ့

🚩 ၂။ စစ်ကောင်စီ တပ်စွဲထားတဲ့ ဂီဒုန်တောင် စစ်စခန်းကြီးကို KIA က ပြန်လည်တိုက်ခိုက်သိမ်းပိုက်

🚩 ၃။ တန့်ဆည်မြို့နယ် ကျွန်းလည် ပျူရွာကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်

🚩 ၄။ နွားထိုးကြီးမြို့နယ် အောင်ချမ်းသာကျေးရွာအနီးတပ်စွဲအထိုင်ချထားသည့် စကစအဖွဲ့အား Droneဖြင့် ဗုံးသီးကျဲချတိုက်ခိုက်

🚩 ၅။ ကျင်ဒွေးမြို့သိမ်း တိုက်ပွဲမှ ရှေ့တန်းပြန် ရဲဘော်များကို ပြည်သူများက အောင်သပြေဖြင့် ကြိုဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ


မေလ ရက်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းရှိ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုအစည်းအဝေး (၁၀/၂၀၂၄)ကို မေလ ၆ရက် မနက်(၁၀:၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ အဖွင့်စကားပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေး ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးရာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါသည်။


အစည်းအဝေးသို့ တွဲဖက်အမြဲတမ်းအတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းရှိမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး အစည်းအဝေးအား နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ရပ်နားခဲ့ပါသည်။


========================


📌📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်


မေလ ၆ရက်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၂၇/၂၀၂၄)ကို မေလ ၆ရက် နေ့လယ်(:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ အမှာစကားပြောကြားခဲ့ပါသည်။


ထို့နောက် ဝန်ကြီးဌာနများမှ လုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများအပေါ်  သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါသည်။


အဆိုပါအစည်းအဝေးသို့  အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊  တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို ညနေ (:၀၀)နာရီအချိန်တွင်ရပ်နားခဲ့သည်။


========================


📌📌 ၃။ KPICT ဥက္ကဋ္ဌကြီး ဆရာကြီး ကျန်မဂျာတူးရှန်က ချစ်ခြင်းတည်စေမနောမြေကင်ပိန်းတွင် ကျေးဇူးတင်စကားပြောကြား


မေလ ၆ရက်။

Radio NUG မေ ၆၊ ၂၀၂၄


စစ်အာဏာရှင် စနစ်အပြီးတိုင်ချုပ်ငြှိမ်းရေးအတွက် နည်းလမ်းပေါင်းစုံဖြင့်ကြိုးစားနေကြရာဝယ်ချစ်ခြင်းတည်စေ မနောမြေကမ်ပိန်းမှာ ပြင်းပြတဲ့ခံယူချက်၊ ဖြူစင်တဲ့စေတနာအားဖြင့် မနားမနေ အင်တိုက်အားတိုက်ပါဝင်နေကြတဲ့ ပြည်သူများနှင့် ခေါင်းဆောင်များအား ကျေးဇူးတင်ရှိပါတယ်။ မပါဝင်နိုင်သေးသော မိတ်ဆွေ ညီအကိုမောင်နှမများအနေဖြင့်လည်း မေတ္တာအားဖြင့်ပါဝင်ပေးကြပါလို့ 

ကချင်ပြည်နယ်၏ KPICT အဖွဲ့ဥက္ကဋ္ဌကြီး ကျန်မဂျာတူးရှန် ပြောကြားလိုက်ပါတယ်။


မတ်လ၂၇ ရက်နေ့ကစခဲ့တဲ့ချစ်ခြင်းတည်စေမနောမြေ  ကမ်ပိန်းပြီးဆုံးဖို့ ရက်ပေါင်း ၂၅ ရက်ပဲ ကျန်ပါတော့တယ်။ ပြည်သူကိုလည်း အားနာတာကြောင့် ၊အခြားတပ်ရင်းကမ်ပိန်းများကိုလည်း အလှည့်ပေးချင်တာကြောင့် ရက်ထပ်တိုးဖို့ အစီအစဉ်လည်းမရှိပါဘူး။ ခုဆို သိန်း ၄၀၀၀ ရပြီး ၂၇%ရရှိထားပါတယ်လို့ ကင်ပိန်း ဆောင်ရွက်သူများ ထုတ်ပြန်ထားပါတယ်။ 


ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA က မေလ ရက် တစ်ရက်တည်းမှာ စစ်ကောင်စီတပ်စခန်း ၁၁ ခုကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ကချင်နဲ့ မြန်မာတိုင်းရင်းသားပေါင်းစုံ လက်တွဲပြီး နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင် အဆုံးသတ်နိုင်ဖို့ ဝိုင်းဝန်း အားဖြည့်နေကြပါတယ်။


========================


📌📌 ၄။ တမူးမြို့နယ်တွင် မိုးသက်လေပြင်းကျရောက်မှုကြောင့် စစ်ဘေးရှောင် ကိုယ်ထူကိုယ်ထ စာသင်ကျောင်း အဆောင်များပျက်စီးပြီး စားနပ်ရိက္ခာများဆုံးရှုံး


မေလ ၆ရက်။

Radio NUG


စစ်ကိုင်းတိုင်း တမူးမြို့နယ်တွင် မိုးသက်လေပြင်းကျရောက်မှုကြောင် စစ်ဘေးရှောင် ကိုယ်ထူကိုယ်ထစာသင်ကျောင်း အဆောင်များနှင့် စားနပ်ရိက္ခာများပျက်စီးသွားကြောင်း စစ်ဘေးရှောင်ပြည်သူများထံမှ သိရှိရသည်။


မေလ ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် မိုးသက်လေပြင်းကြောင့် စစ်ဘေးရှောင် စာသင်ကျောင်းရှိ ဆရာ၊ ဆရာမများနေထိုင်ရာ အဆောင်များ၊ ရိက္ခာဖြစ်သည့် ဆန်နှင့် တခြား စားသောက်ကုန်များ ပျက်စီးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြားကာလ NUG နွေဦးစာသင်ကျောင်းကို ဖွင့်လှစ်ခဲ့သည်မှာ နှစ်မြောက်ရှိပြီဖြစ်ကြောင်းလည်း သိရှိရသည်။


========================


📌📌 ၅။ မြန်မာပြည်မှာ အပူဒဏ်ကြောင့် လူပေါင်း ရာချီသေဆုံးခဲ့ကြောင်း သတင်းဌာနများက ထုတ်ပြန်ထား


မေလ ၆ရက်။


ဧပြီလဒုတိယပတ်ကစလို့ မြင့်တက်လာတဲ့ အပူချိန်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းအတွင်းမှာ သေဆုံးသူ ရာနဲ့ချီနီးပါး ရှိခဲ့တယ်လို့ မန္တလေးအခြေစိုက်လူမှုကူညီရေးအသင်း သင်းထက်မနည်းရဲ့ အချက်အလက်တွေအရသိရပါကြောင်း BBC သတင်းက ထုတ်ပြန်ထားပါတယ်။ 


တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနကလည်း လူမှုကူညီရေးအဖွဲ့ မဏိသာလကို ကိုးကားပြီး မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့မှာ အပူဒဏ်ကြောင့် ဧပြီလအတွင်း လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ကြောင်း မေ ရက်က သတင်းဖော်ပြထားပါတယ်။


တစ်နိုင်ငံလုံးနဲ့ယှဉ်ရင် ချောက်၊ မကွေး နဲ့ မန္တလေးမြို့တို့က အပူချိန်အမြင့်ဆုံးဖြစ်ခဲ့တာပါ။ မေလ ရက်မှာ ချောက်မြို့ဟာ အပူချိန် ၄၈ဒီဂရီထိ စင်တီဂရိတ်ထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ကမ္ဘာ့အပူဆုံးမြို့ဖြစ်ခဲ့ပါတယ်။ အခုရက်ပိုင်းမှာ အပူချိန် ကျဆင်းပေးမယ့် မြန်မာပြည်သူတွေက အပူဒဏ်ကို  ခံစားနေရပြီး မီးများ ပြတ်တောက်နေမှုကြောင့်ပိုပြီး အပူဒဏ်အပြင် အခြား ကျန်းမာရေးအခက်အခဲများကိုပါ ရင်ဆိုင်နေရပါတယ်။


အပူပြင်းပြီးနောက် ရာသီဥတု ဖောက်ပြန်ပြီး လေများ မိုးများ ရေကြီးမှုများကို ဆက်လက် ရင်ဆိုင်လာနိုင်ရတယ်လို့ မိုးလေသ၀ဌာနများကလည်း သတိပေးချက် ထုတ်ပြန်ထားကြပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းနွေဦး၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ဖားဆောင်းတွင် စစ်ကောင်စီရဲ့ Mi 17 ရဟတ်ယာဉ်တစ်စီးကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့ ပစ်ချနိုင်ခဲ့


မေလ ရက်။


Radio NUG 


ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ ရိက္ခာနဲ့ စစ်ကူပေးပို့ Mi 17 ရဟတ်ယာဉ် စီးကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ပစ်ချခဲ့တဲ့ ရုပ်သံကို ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး KNPLF ဗျူဟာ က ထုတ်ပြန်ထားပါတယ်။


မေလ ရက်နေ့ နေ့လည် ၁၁ နာရီ ၄၅ မိနစ်က ဖားဆောင်းမြို့နယ်မှာ စစ်ကူအဖြစ် ရောက်လာတဲ့ Mi 17 ရဟတ်ယာဉ် တစီးကို ပွိုင့် မောင်းပြန် နှစ်လက်နဲ့ ပစ်ချခဲ့တာလို့ ဆိုပါတယ်။


၎င်း ရဟတ်ယာဉ်မှာ ကရင်နီဒေသ ဖားဆောင်းမြိုတွင် နောက်ဆုံးကျန်ရှိနေတဲ့ ခလရ (၁၃၄) နှင့် (၁၃၅)ကို စစ်ကူလာတာဖြစ်ပြီး ဘော်လခဲမြိုနယ်အတွင်း ပျက်ကျခဲ့တယ်လို့ KNPLF - (ကလလတ)က အသိပေးထားပါတယ်။


KNPLFက ထုတ်ပြန်ထားတဲ့ ရုပ်သံမှတ်တမ်းမှာ ရဲဘော်များက ရဟတ်ယာဉ်ကို ပွိုင့် () သေနတ်ဖြင့် ပစ်ခတ်နေတာကို တွေ့ရပြီး ပျက်ကျခဲ့တာကိုတော့ မတွေ့ရပါဘူး။


ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲက ဖားဆောင်းမြို့သိမ်းတိုက်ပွဲမှာ ကျန်ရှိနေတဲ့ ခလရ (၁၃၄) နဲ့ (၁၃၅) နှစ်ခုကို ကရင်နီ တော်လှန်ရေး တပ်များက အပြီးသတ် သိမ်းပိုက်နိုင်ဖို့ မကြာခဏဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေတာကို တွေ့ရပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၃ ဇွန် ၃၀ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ K-8W တိုက်လေယာဥ် တစ်စီးကို ပစ်ချနိုင်ခဲ့ပြီး ကရင်နီပြည်နယ်၊ ဘောလခဲမြိုနယ်၊ ရွာသစ်မြိုနယ်ခွဲနှင့် တစ်မိုင်ခွဲခန့်အကွာက သံလွင်မြစ်ကမ်းဘေးမှာ ပျက်ကျခဲ့တယ်လို့ ကလလတ အဖွဲ့က ထုတ်ပြန်ထားပါတယ်။ 


ထိုအပြင် နိုဝင်ဘာ ၁၁ ရက်နေ့ မှာလည်း ကရင်နီပြည်နယ်မှာ၁၁၁၁ စစ်ဆင်ရေးစတင်ပြီးနောက် သုံးရက်အကြာတွင် စစ်ကောင်စီ၏ တိုက်လေယာဥ်တစ်စီးကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ပစ်ချနိုင်ခဲ့ပါသေးတယ်။


========================


🚩🚩 ၂။ စစ်ကောင်စီ တပ်စွဲထားတဲ့ ဂီဒုန်တောင် စစ်စခန်းကြီးကို KIA က ပြန်လည်တိုက်ခိုက်သိမ်းပိုက်


မေလ ၆ရက်။


ကချင်ပြည်နယ် ဝိုင်းမော်မြိုနယ်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ဂီဒုန်တောင် စစ်စခန်းကို ၇နှစ်အကြာမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ပြန်လည်တိုက်ခိုက် သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်ပြီဖြစ်ကြောင်း ကချင် KIA စစ်ရေးသတင်းများက ထုတ်ပြန်လိုက်ပါတယ်။


KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ဂီဒုန်တောင်စစ်စခန်းကို မေလ ရက်နေ့မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မေလ ၆ရက်နေ့မှာ အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ စစ်ရေးဗျူဟာအရ အရေးပါအားကောင်းတဲ့ ဂီဒုန်တောင် စစ်စခန်းဟာ ၂၀၁၆ ခုနှစ်ကာလတုန်းက KIA ထံကနေ စစ်ကောင်စီက တိုက်ခိုက်သိမ်းယူထားတာဖြစ်ပြီး အဲဒီကာလက စစ်ကောင်စီက ဒီစခန်းရရှိခဲ့မှုအပေါ် အကြီးအကျယ် အောင်ပွဲခံခဲ့တယ်လို့လည်း သိရပါတယ်။


လက်ရှိ ၇နှစ်အကြာမှာတော့ ဂီဒုန်တောင်စခန်းကို KIA က ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ကချင်တစ်မျိုးသားလုံးအတွက် အားတက်စရာ အောင်ပွဲတစ်ခုလိုလည်း KIA စစ်ရေးသတင်း အရင်းအမြစ်တွေကဆိုပါတယ်။ လက်ရှိမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က လကျော်အတွင်း စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၉၀ ကျော်ကိုတိုက်ခိုက်သိမ်းပိုက်ထားပြီးပြီလည်း ဖြစ်ပါတယ်။


========================


🚩🚩 ၃။ တန့်ဆည်မြို့နယ် ကျွန်းလည် ပျူရွာကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်


မေလ ၆ရက်။

Radio NUG


မေလ ၆ရက်နေ့တွင် တန့်ဆည်မြို့နယ် ကျွန်းလည် ပျူရွာကင်းစခန်းကို ရွှေဘိုခရိုင် အမှတ်၂၅ တပ်ရင်း TPC နှင့် တန့်ဆည်မြို့နယ် ပကဖ ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့မှ ဝင်ရောက်စီးနှင်းပြီး တိုက်ခိုက်ချေမှုန်း မီးတင်ရှို့ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း Taze People's  Defence Force 25 ရွှေဘိုခရိုင် အမှတ်၂၅ တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲမှာ စကစနှင့် ပျူစောထီး ၁၀ ယောက် နေရာတွင် ပွဲချင်းပြီး သေဆုံးပြီး တစ်ချို့ ဖရိုဖရဲဖြင့် ထွက်ပြေးစွန့်ခွာသွားကြောင်း သိရပါတယ်။

တိုက်ပွဲမှာ ရွှေဘိုခရိုင် အမှတ်၂၅ တပ်ရင်းမှ  ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်)ရရှိပြီး ပကဖ ရဲဘော်တစ်ဦး မြင့်မြတ်စွာကျဆုံးခဲ့ရပါတယ်။

ကျွန်းလည် ပျူရွာကင်းစခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ပြီး ရန်သူ့လက်နက် MA1 ၁လက် /G3 ၁လက် /ကာဘိုင် လက် /ပြောင်းချော လက် နှင့် လက်ပစ်ဗုံး /နင်းမိုင်း /7.62 ကျည်များ /5.56ကျည်များနှင့် ရန်သူ့အသုံးအဆောင်ပစ္စည်းတစ်ချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ နွားထိုးကြီးမြို့နယ် အောင်ချမ်းသာကျေးရွာအနီးတပ်စွဲအထိုင်ချထားသည့် စကစအဖွဲ့အား Droneဖြင့် ဗုံးသီးကျဲချတိုက်ခိုက်


မေလ ၆ရက်။

Radio NUG


မေလ ၅ရက်နေ့ ညနေ 4နာရီ၀န်းကျင်တွင် နွားထိုးကြီးမြို့နယ် အောင်ချမ်းသာကျေးရွာအနီး တပ်စွဲအထိုင်ချထားသည့် စကစအဖွဲ့ ခန့်မှန်းအင်အား (25)ယောက်ကို Droneဖြင့် ဗုံးသီး (4)လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း 

Natogyi People Defence Force မြင်းခြံခရိုင် အမှတ် -၄တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ ဗုံးသီး လုံး ကျဲချတိုက်ခိုက်မှုကြောင့် စစကအဖွဲ့ဝင် (4)ယောက်သေဆုံးပြီး (2)ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။


========================


🚩🚩 ၅။ ကျင်ဒွေးမြို့သိမ်း တိုက်ပွဲမှ ရှေ့တန်းပြန် ရဲဘော်များကို ပြည်သူများက အောင်သပြေဖြင့် ကြိုဆို


မေလ ရက်။


Radio NUG 


ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့၊ မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ ချင်းတော်လှန်ရေး ရဲဘော်များ ရှေ့တန်းမှ ပြန်လာချိန်မှာ ပြည်သူများက အောင်သပြေများဖြင့် ကြိုဆိုခဲ့ကြတဲ့ မှတ်တမ်းဓါတ်ပုံများကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Mindat)အဖွဲ့က ထုတ်ပြန်လာပါတယ်။


မေလ ရက်နေ့မှာ အဆိုပါ တိုက်ပွဲမှ ပြန်လာတဲ့ ရဲဘော်များကို ပြည်သူလူထုက အောင်သပြေပန်းများ၊ ဖျော်ရည်များ တိုက်ကျွေးကာ ကြိုဆိုခဲ့ကြတာကို မှတ်တမ်းဓါတ်ပုံများမှာ တွေ့ရပါတယ်။


" နွေးထွေးစွာ ကြိုဆိုပေးကြသည့် ပြည်သူများအား ချင်းကာကွယ်ရေး တပ်ဖွဲ့ (မင်းတပ်)မှ အထူးပင် ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည် " လို့ CDF - Mindat သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာနကထုတ်ပြန်ထားတာ ဖြစ်ပါတယ်။


ချင်းပြည်နယ်၊ ကန်ပက်လက် မြို့နယ်၊ ကျင်ဒွေးမြို့မှ စစ်ကောင်စီစခန်းကို ၂၀၂၃ ဒီဇင်ဘာလ ၂၃ ရက်မှာ CDF ကန်ပက်လက်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ဂန့်ဂေါခရိုင် တပ်ရင်း၊ မင်းဘူးခရိုင် တပ်ရင်းတို့က စတင်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။


ထို့နောက် မတ်လ ရက်နေ့မှာချင်းညီနောင် စစ်ဆင်ရေးအဖြစ် ချင်းညီနောင် တပ်ဖွဲ့များအပြင် AA နှင့် အခြားတော်လှန်ရေး ပူးပေါင်းတပ်များက ထိုးစစ်ကို အရှိန်မြှင့်ခဲ့ပြီး ဧပြီလ ၂၉ ရက်နေ့မှာ မြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က ဧပြီလ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။


ကျင်ဒွေးမြို့သိမ်း တိုက်ပွဲမှာ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းမှ PDF တပ်ရင်းများအပြင် အာရက္ခတပ်တော် (AA) မှလည်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းနဲ့ အားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်းကို CDF-Mindat စစ်ဒေသမှူး နိုင်းတမ်က လူမှုကွန်ယက်မှတဆင့် ပြောကြားထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းနွေဦး၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution


 

Share:

No comments:

Post a Comment