8th MAY 2024 - Morning Daily News by Radio NUG

၂၀၂၄ မေလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အိန္ဒိယနိုင်ငံအတွင်း လုံခြုံရေးအရ ခိုလှုံနေကြရသည့် မြန်မာနိုင်ငံသားများလိုက်နာရမည့် အချက်များဆက်လက်လိုက်နာပေးရန် အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်

📌 ၂။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နယူးဇီလန်နိုင်ငံ Green Party လွှတ်တော်အမတ်များနှင့်တွေ့ဆုံ၍ မြန်မာအရေးနယူးဇီလန် လွှတ်တော်အတွင်း အရေးယူဆောင်ရွက်မှု ကိစ္စရပ်များ ပိုမိုတိုးမြှင့် လုပ်ဆောင်ပေးရန်တိုက်တွန်းခဲ့

📌 ၃။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တွေ့ဆုံ၍ လူသားချင်းစာနာထောက်ထားမှု အကူညီနှင့် နည်းပညာအကူညီများထောက်ပံ့ရေးတို့ အပြန်အလှန်ဆွေးနွေး

📌 ၄။ ဒေါ်အောင်ဆန်းစုကြည်နှင့် အွန်လိုင်းမှတဆင့် ဆက်သွယ်ခွင့်ပြုဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း တောင်းဆို

📌 ၅။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် NUG အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များနှင့် သီးခြားတွေ့ဆုံခဲ့

📌 ၆။ မေလ ရက်နေ့မှ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး () ဦးနှင့် အမျိုးသား () ဦး စုစုပေါင်း () ဦး သေဆုံးခဲ့


၂၀၂၄ ခုနှစ် မေလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ ()စစ်သင်တန်းအပတ်စဉ် /၂၀၂၄  လေ့ကျင့်မှုမှတ်တမ်းဓါတ်ပုံများထုတ်ပြန်

🚩 ၂။ ဗန်းမော်မြို့နယ်က ဧရာဝတီ မြစ်ကူးတံတား (စင်းခန်း)ရှိ တပ်စခန်းများကို KIA သိမ်းပိုက်

🚩 ၃။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် မန်းကျီးရိုးကျေးရွာ စစ်ဆေးရေးဂိတ်အား ဝေဟင်မှ ဗုံးသီး၅လုံး ကြဲချတိုက်ခိုက်ရာစကစတပ်ဖွဲ့ဝင်သုံးဦးသေဆုံး

🚩 ၄။ တောင်သာမြို့ဇရပ်ကြီးရွာသို့ဝင်လာသော စကစများနတ်စင်အားဖျက်ဆီးပြီးနောက် မြွေကိုက်ခံရပြီး မိုင်းဆွဲခံရ

🚩 ၅။ မုံရွာမြို့ စကစဗိုလ်မှူးအိမ်အား ကင်းစောင့်သွားသည့် စကစအဖွဲ့များ လိုက်ပါလာတဲ့ ကားကို ကြားဖြတ်တိုက်ခိုက်ရာ ဦးခန့်သေဆုံး

🚩 ၆။ ဖားကန့်တွင် စစ်ထောက်လှမ်းရေးတစ်ဦးကို KIA က ဖမ်းဆီးလာစဉ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရာမှ သေဆုံး

🚩 ၇။ စကခ - ၁၅ သိမ်းခံရပြီးနောက် ဘူသီးတောင် မြို့ထဲ AA ဝင်လာမှာ စိုးတာကြောင့် ပန်ဇင်း ချောင်းကူးတံတားကို စစ်ကောင်စီ မိုင်းခွဲဖျက်ဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အိန္ဒိယနိုင်ငံအတွင်း လုံခြုံရေးအရ ခိုလှုံနေကြရသည့် မြန်မာနိုင်ငံသားများလိုက်နာရမည့် အချက်များဆက်လက်လိုက်နာပေးရန် အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်


မေလ၇ရက်


အိန္ဒိယနိုင်ငံအတွင်း လုံခြုံရေးအရ ခိုလှုံနေကြရသည့် မြန်မာနိုင်ငံသားများ လိုက်နာရမည့်အချက်များ ဆက်လက်လိုက်နာပေးရန် အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။


မေလ၇ရက်နေ့ ရက်စွဲနဲ့ အသိပေးမေတ္တာရပ်ခံချက် (/၂၀၂၄)ကို နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။


ထုတ်ပြန်ချက်အရ အိန္ဒိယသမ္မတနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်နမိတ်ဆိုင်ရာ ဂုဏ်သိက္ခာထိပါးစေသည့် ပြုမူလှုပ်ရှားမှုများကိုရှောင်ကြဥ်ရန်အပါအဝင် ခိုလှုံနေထိုင်ကြသည့် ပြည်နယ်၏နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ အရေးကိစ္စရပ်များတွင် ငြိစွန်းရောယှက်မှုများ မရှိစေရေးသတိပြုနေထိုင်ရန်စတဲ့အချက်များပါဝင်ပါတယ်။


ထို့အပြင် အခက်အခဲတစုံတရာကြုံရပါက မြန်မာအရပ်ဘက်အဖွဲ့အစည်းများအပါအဝင် NUGနိုင်ငံခြားရေးဝန်ကြီးဌာနအား ဆက်သွယ်အသိပေးခြင်းများပြုလုပ်ရန်တိုက်တွန်းထားပါတယ်။


========================


📌📌 ၂။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နယူးဇီလန်နိုင်ငံ Green Party လွှတ်တော်အမတ်များနှင့်တွေ့ဆုံ၍ မြန်မာအရေးနယူးဇီလန် လွှတ်တော်အတွင်း အရေးယူဆောင်ရွက်မှု ကိစ္စရပ်များ ပိုမိုတိုးမြှင့် လုပ်ဆောင်ပေးရန်တိုက်တွန်းခဲ့


မေလ ၇ရက်။


လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နယူးဇီလန်နိုင်ငံ Green Party လွှတ်တော်အမတ်များနှင့်တွေ့ဆုံ၍ မြန်မာအရေးနယူးဇီလန် လွှတ်တော်အတွင်း အရေးယူဆောင်ရွက်မှု ကိစ္စရပ်များ ပိုမိုတိုးမြှင့် လုပ်ဆောင်ပေးရန် တိုက်တွန်းခဲ့ပါတယ်။


မေလ၇ရက်မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းဟာ နယူးဇီလန်နိုင်ငံ Green Party လွှတ်တော်အမတ်များနှင့် ၎င်း ပါတီ၏ ရုံးခန်းတွင် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


တွေ့ဆုံဆွေးနွေးမှုတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ နယူးဇီလန်လွှတ်တော်အတွင်းတွင် အရေးယူဆောင်ရွက်မှု ကိစ္စရပ်များ ပိုမို တိုးမြှင့် လုပ်ဆောင်ပေးရန်၊ နယူးဇီလန် အစိုးရအနေဖြင့် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်ပြီး ပိုမိုထိရောက်သည့် ကိစ္စရပ်များအား ပိုမိုတက်ကြွ ထိရောက်စွာ လုပ်ဆောင်ပေးနိုင်ရန် တိုက်တွန်းခဲ့ပါတယ်။


ထို့အပြင်အခြားကိစ္စရပ်များနှင့် သိရှိလိုသည့် မေးခွန်းများအား အပြန်အလှန် ပွင့်လင်းမြင်သာစွာ ဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၃။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တွေ့ဆုံ၍ လူသားချင်းစာနာထောက်ထားမှု အကူညီနှင့် နည်းပညာအကူညီများထောက်ပံ့ရေးတို့ အပြန်အလှန်ဆွေးနွေး


မေလ () ရက်


ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တွေ့ဆုံ၍ လူသားချင်းစာနာထောက်ထားမှု အကူညီနှင့် နည်းပညာအကူညီများထောက်ပံ့ရေးတို့အပြန်အလှန်ဆွေးနွေးခဲ့ပါတယ်။


ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ Ms. Deborah (Deputy Secretary of Multilateral and Legal Affairs)နှင့် မေလ၇ ရက်နေ့တွင်တွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။


အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့် နယူးဇီလန်နိုင်ငံ၏ မူဝါဒ၊ လူသားချင်းစာနာထောက်ထားမှု အကူညီနှင့် နည်းပညာအကူညီများထောက်ပံ့ရေး၊ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံနှင့် စပ်လျဉ်းသည့် အရေးယူဆောင်ရွက်ချက်များ ပိုမိုထိရောက်အောင်မြင်မှုများနှင့် စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။


ထို့ပြင် ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းဟာ နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ မြန်မာ့အရေးဆောင်ရွက်နေသည့် တာဝန်ရှိသော အရေးကြီး ပုဂ္ဂိုလ်များနှင့်လည်းတွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် ပတ်သက်၍ လုပ်ဆောင်သင့်သော အချက်အလက်များအား အကြံပြုဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ ဒေါ်အောင်ဆန်းစုကြည်နှင့် အွန်လိုင်းမှတဆင့် ဆက်သွယ်ခွင့်ပြုဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း တောင်းဆို


မေလ ရက်။


Radio NUG


အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အွန်လိုင်း (Video Call) မှတဆင့် တွေ့ဆုံခွင့်ပြုဖို့ ကမ္ဘောဒီယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က 

စစ်ကောင်စီကို တောင်းဆိုခဲ့တယ်လို့ VOA သတင်းဌာနက ဖော်ပြပါတယ်။


မေလ ရက်နေ့မှာ အွန်လိုင်း မှတဆင့် ပြုလုပ်ခဲ့တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဟွန်ဆင်တို့ရဲ့ တွေ့ဆုံမှုမှာ အခုလို တောင်းဆိုခဲ့တာဖြစ်ပြီး စစ်ခေါင်းဆောင်က စဉ်းစားမယ်လို့ ပြောခဲ့ကြောင်း Hun Sen က သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာမှာ ပြောဆိုခဲ့ပါတယ်။


အဆိုပါ ကမ္ဘောဒီးယား ဝန်ကြီးဟောင်းရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးသလို Hun Sen အနေနဲ့ ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် တောင်းရတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ကမ္ဘောဒီးယားနိုင်ငံကို နှစ်လေးဆယ်နီးပါး အုပ်ချုပ်ခဲ့ပြီးနောက် ရာထူးကနေ အနားယူခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်းဖြစ်သူဟာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် ၂၀၂၂ ခုနှစ်က နေပြည်တော်ကို လာရောက်ခဲ့ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပေမယ့် စစ်အုပ်စုက ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ တွေ့ဆုံခွင့် မရခဲ့ပါဘူး။


လက်ရှိမှာ နေပြည်တော် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ကနေ ရွှေ့ပြောင်းထားကြောင်း စစ်ကောင်စီက ပြောဆိုထားပေမယ့် ဘယ်နေရာမှာ ရှိနေတယ် ဆိုတာကို အတိအကျ မသိရသေးသလို တွေ့ဆုံခွင့်လည်း မရကြသေးပါဘူး။


========================


📌📌 ၅။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် NUG အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များနှင့် သီးခြားတွေ့ဆုံခဲ့


မေလ ၇ရက်။

Radio NUG 

ပြီးခဲ့သည့်လ(ဧပြီ) က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါဝင် တော်လှန်ရေး အင်အားစုများကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ထိုင်းသတင်းစာများတွင် ရေးသားဖော်ပြထားကြောင်း Myanmar NOW သတင်းဌာနက ရေးသားလိုက်သည်။


လက်ရှိဖြစ်ပေါ်နေသည့် မြန်မာအရေးနှင့် ပတ်သက်၍ ဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့်အဖွဲ့က ဧပြီ ၁၃ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ် Maris Sangiampongsa က အတည်ပြုထားသည်။ 

ကရင်အမျိုးသားအစည်းအရုံး (KNU) ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ကချင်အမျိုးသားအစည်းအရုံး (KNO) NUG စသည့် တော်လှန်ရေးအင်အားစုများပါဝင်ခဲ့သည်ဟု ထိုင်းနိုင်ငံအခြေစိုက် Thai Enquirer သတင်းဌာနက ရေးသားထားပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ဝန်ကြီးချုပ်ဟောင်းသက်ဆင်အနေဖြင့် ပုဂ္ဂိုလ်ရေးအရတွေ့ဆုံမှုဖြစ်ပြီး ထိုင်းအစိုးရနှင့် သက်ဆိုင်မှုမရှိကြောင်း ဆွေးနွေးမှုအခြေအနေ အသေးစိတ်မသိရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး မာရစ်က ဆိုသည်။  


========================


📌📌 ၆။ မေလ ရက်နေ့မှ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး () ဦးနှင့် အမျိုးသား () ဦး စုစုပေါင်း () ဦး သေဆုံးခဲ့


မေလ ၇ရက်။


မေလ ရက်နေ့မှ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး () ဦးနှင့် အမျိုးသား () ဦး စုစုပေါင်း () ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ မေလ ရက်နေ့မှ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး () ဦးနှင့် အမျိုးသား () ဦး စုစုပေါင်း () ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။


အဆိုပါ () ဦးအနက် ရခိုင်ပြည်နယ်မှာ () ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး ၎င်းတို့သည် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ 


မေလ ရက်နေ့၊ နံနက် နာရီခွဲခန့်အချိန်တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ 

နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ၎င်းနေအိမ်တွင် နေထိုင်သူ ဦးနီထွန်းဦးနှင့် သားဖြစ်သူ ကိုဟန်တို့မှာ နေရာတွင်ပင် ဗုံးစထိမှန်၍ သေဆုံးခဲ့ကာ ထိုနေ့ နံနက် နာရီခွဲခန့်အချိန်တွင် အဆိုပါကျေးရွာကိုပင် ဒုတိယအကြိမ် ထပ်မံ၍ စစ်အုပ်စုမှ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းတစ်ခုပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးဇင်း ဇာဂရနှင့် ဒေါ်မဒွေးတို့မှာ ဗုံးစထိမှန်၍ သေဆုံးခဲ့ကြရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ ()စစ်သင်တန်းအပတ်စဉ် /၂၀၂၄  လေ့ကျင့်မှုမှတ်တမ်းဓါတ်ပုံများထုတ်ပြန်


မေလ ၇ရက်။

ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ ()စစ်သင်တန်းအပတ်စဉ် /၂၀၂၄  လေ့ကျင့်မှု မှတ်တမ်းဓါတ်ပုံများကို မေလ ရက်မှာ ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။


"ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ ()စစ်သင်တန်းအပတ်စဉ် /၂၀၂၄  လေ့ကျင့်မှုမှတ်တမ်းဓါတ်ပုံများ"လို့ဖော်ပြပါတယ်။


ရဲဘော်များ အသွေးအသားအသက်တို့သည် စစ်အာဏာရှင်ကျရှုံးရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဒီတော်လှန်ရေးမှာ ပေးလှူခဲ့ပြီးဖြစ်တယ်လို့ဖော်ပြပါတယ်။


========================


🚩🚩 ၂။ ဗန်းမော်မြို့နယ်က ဧရာဝတီ မြစ်ကူးတံတား (စင်းခန်း)ရှိ တပ်စခန်းများကို KIA သိမ်းပိုက်


မေလ ရက်။


Radio NUG


ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ဧရာဝတီမြစ် (ဒုတိယမြစ်ကျဉ်းအနီး) စင်းခန်းရှိ စစ်ကောင်စီ စစ်စခန်းများကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA)က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးက ဓါတ်ပုံမှတ်တမ်းနှင့်တကွ ထုတ်ပြန်လာပါတယ်။


မေလ ရက်နေ့ မနက် အစောပိုင်းက အဆိုပါ စစ်စခန်းများကို စတင်ထိုးစစ်ဆင်ခဲ့ပြီး မနက် နာရီ ၃၀ မိနစ်ခန့်မှာ အလုံးစုံ သိမ်းယူနိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


စင်းခန်း (ဧရာဝတီမြစ်ကူးတံတား)ဟာ ဗန်းမော်-မံစီ-မိုးညှင်း တို့ကို ဆက်သွယ်ထားတာကြောင့် အရေးပါတဲ့ စခန်းဖြစ်ပြီး စစ်ကောင်စီရဲ့ ခလရ-၆၀၂၊ ခလရ-၃၁၉၊ ခလရ-၅၆ နှင့် ခလရ-၁၀၃ တို့မှ အင်အားအများပြား အားဖြည့် စစ်ကူပေးထားတာဖြစ်ပါတယ်။


အဆိုပါ စင်းခန်းစခန်းများကို KIA က အပြင်းအထန် ထိုးစစ်ဆင်ချိန်မှာ စခန်းအတွင်းရှိ စစ်သားများက လက်နက်ချ အညံ့ခံခဲ့ကြပြီး စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ကြတာတွေလည်း ရှိတယ်လို့ သိရပါတယ်။


KIA အနေဖြင့် စင်းခန်း မြစ်ကူးတံတားစောင့် စခန်းနှင့် တာဝါတိုင် စခန်းနှစ်ခုအပြင် ဝိုင်းမော် မြို့နယ်ရှိ ပြည်သူ့စစ် စခန်း ခု၊ မိုးမောက်မြို့နယ်ရှိ ရဲစခန်း၊ ဗန်းမော်-မံစီကြားရှိ မံရွတ်စခန်း၊ မံစီမြို့မစခန်းတို့ကို မေလ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။


KIA က ပြီးခဲ့တဲ့ ရက်ပိုင်းများမှာလည်း ဝိုင်းမော်၊ ချီဖွေ၊ ဆွမ်ပရာဘွမ် မြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်း ၁၅ ခု ခန့်ကိုလည်း သိမ်းပိုက်ထားခဲ့ပြီးဖြစ်ရာ မေလ ပထမပတ်အတွင်း စစ်ကောင်စီ တပ်စခန်း စုစုပေါင်း ၂၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၃။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် မန်းကျီးရိုးကျေးရွာ စစ်ဆေးရေးဂိတ်အား ဝေဟင်မှ ဗုံးသီး၅လုံး ကြဲချတိုက်ခိုက်ရာစကစတပ်ဖွဲ့ဝင်သုံးဦးသေဆုံး


မေလ၇ရက်။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် မန်းကျီးရိုးကျေးရွာ စစ်ဆေးရေးဂိတ်အား ဝေဟင်မှ ဗုံးသီး၅ လုံး ကြဲချတိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့ပါတယ်။


မေလ၇ရက်မှာ စစ်ရေးသတင်းကို တော်လှန်ရေးအင်အားစုတို့ကအသိပေးဖော်ပြပါတယ်။


မေလ၄ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် မန်းကျီးရိုးကျေးရွာ စစ်ဆေးရေးဂိတ်အား ဝေဟင်မှ ဗုံးသီး၅ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ 


အဆိုပါတိုက်ခိုက်မှုတွင် စကသ ဦးသေဆုံးပြီး၊ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါတယ်။ 


အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် တပ်ရင်း 27 Revolution Forces, မြင်းခြံခရိုင်အမှတ် တပ်ရင်း၊ မလှိုင်မြို့နယ် ပကဖတို့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။


========================


🚩🚩 ၄။ တောင်သာမြို့ဇရပ်ကြီးရွာသို့ဝင်လာသော စကစများနတ်စင်အားဖျက်ဆီးပြီးနောက် မြွေကိုက်ခံရပြီး မိုင်းဆွဲခံရ


မေလ ၇ရက်။


တောင်သာမြို့ဇရပ်ကြီးရွာသို့ ဝင်လာသော စကစများနတ်စင်အားဖျက်ဆီးပြီးနောက် မြွေကိုက်ခံရပြီး မိုင်းဆွဲခံရတယ်လို့မေလ၇ရက်မှာ လူထုလှုပ်ရှားမှုကော်မတီတောင်သာကအသိပေးဆိုပါတယ်။


"မေလ၆ရက် နံနက်ပိုင်းက ဇရပ်ကြီးရွာသို့ဝင်လာသော စကစများသည်. ဇမ္ဗူသီရိတောရိုးရှိ ရိုးရာနတ်ကိုးကွယ်ထားသော နတ်စင်အား ဖျက်ဆီးသွားခဲ့ပါတယ်။ ၎င်းနတ်စင်အနီး ရိုးချောက်မှ စကစတစ်ဦး ပိုးထိ(မြွေကိုက်)ရာမှ စောင်ထမ်းစင်ဖြင့် ရွာအတွင်းသို့ ခေါ်လာရာမြွေကိုက်ခံရသည့် စကစအား ရုံးစည်ကြီးမှ သုခဟိတလူမှုကူညီရေးကားဖြင့် လာရောက်ခေါ်ဆောင်ရာ ရွှေစည်ကြီးရွာအနောက်ဖက်နားတွင် မိုင်းဆွဲခံရသည့်အတွက် ကားပေါ်မှာ စကစများမှ လမ်းဘေးရှိ လျှော်ဖြူခြံအတွင်းမှ မိသားစု လေးယောက်အား သေနတ်ဖြင့် အော်တိုဆွဲပစ်ခဲ့တယ်"လို့ဖော်ပြပါတယ်။


မိသားစုထိခိုက်မရှိဘဲ ၎င်းရွာအတွင်းရောက်ရှိချိန်မှစကာ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ပြည်သူများမရှိချိန် အိမ်အတွင်းဝင်ရောက်ကာ ရိက္ခာအတွက် ဖောက်ထွင်းခိုးယူမှုများဖြစ်လာခဲ့တယ်လို့သိရပါတယ်။


========================


🚩🚩 ၅။ မုံရွာမြို့ စကစဗိုလ်မှူးအိမ်အား ကင်းစောင့်သွားသည့် စကစအဖွဲ့များ လိုက်ပါလာတဲ့ ကားကို ကြားဖြတ်တိုက်ခိုက်ရာ ဦးခန့်သေဆုံး


မေလ ၇ရက်။

Radio NUG


မေလ ၆ရက်နေ့တွင်  မုံရွာမြို့ ဗိုလ်တေဇလမ်း ပိတောက်လမ်းသွယ် နာရီ ၁၅မိနစ်အချိန်တွင် စကစဗိုလ်မှူးအိမ်အား ကင်းစောင့်သွားသည့် စကစအဖွဲ့များလိုက်ပါလာတဲ့ ကားကို ကြားဖြတ်တိုက်ခိုက်ရာ စကစ အဖွဲ့ ၁၀ ယောက်အနက် ၅ယောက်ခန့် သေဆုံးကြောင်း Mahura People Defence Force - MHRpdf မုံရွာခရိုင် အမှတ် (၂၅) တပ်ရင်း တပ်ခွဲ မှ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် (၂၅) တပ်ရင်း တပ်ခွဲ Mahura People Defence Force - MHRpdf (Liberation Front ) ချင်းတွင်း နွေဦး - တော်လှန်ရေးအင်အားစု CSRAF  ( LPDF )  

Monywa Fire Group ( LPDF ) တို့မှ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

အာဏာရှင်စနစ်ဆိုးအား ဒီထက်မကဆက်လက်ဖြိုချနိူင်ဖို့ရန် မိဘပြည်သူလူထုများအား တပ်ခွဲ မှပြုလုပ်သည့် အနောက်မြောက်လွင်ပြင် နွေဦးစစ်ဆင်ရေး Projectကို ကူညီပံ့ပိုးပေးကြပါရန် အကူညီတောင်းခံထားပါတယ်။


========================


🚩🚩 ၆။ ဖားကန့်တွင် စစ်ထောက်လှမ်းရေးတစ်ဦးကို KIA က ဖမ်းဆီးလာစဉ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရာမှ သေဆုံး


မေလ ၇ရက်။


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ထောက်လှမ်းရေး(စရဖ) တစ်ဦးကို KIA က ဖမ်းဆီးလာစဉ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး သေဆုံးသွားကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ 


မေလ ရက်နေ့ ညနေ နာရီကျော်အချိန် ဖားကန့်မြို့နယ်၊ ငှက်ပျောတောရပ်ကွက်၊ ရဲစခန်းအနီးတွင် စစ်ထောက်လှမ်းရေး (စရဖ) တစ်ဦးကို KIA က ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခဲ့သော စရဖကို ခေါ်ဆောင်ရန် 

ကြိုးပမ်းစဉ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရာမှ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ 


အဆိုပါပစ်ခတ်ခံရ၍ သေဆုံးသွားသော စစ်ထောက်လှမ်းရေးထံမှ သေနတ် လက်၊ လက်ပစ်ဗုံး လုံးနှင့်ကျည်ဆန်တချို့၊ ဖုန်း လုံး သိမ်းဆည်းရရှိကြောင်း သိရှိရသည်။


========================


🚩🚩 ၇။ စကခ - ၁၅ သိမ်းခံရပြီးနောက် ဘူသီးတောင် မြို့ထဲ AA ဝင်လာမှာ စိုးတာကြောင့် ပန်ဇင်း ချောင်းကူးတံတားကို စစ်ကောင်စီ မိုင်းခွဲဖျက်ဆီး


မေလ ရက်။


Radio NUG


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က စစ်ကောင်စီရဲ့ အမှတ် ၁၅ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ -၁၅) ကိုရခိုင့်တပ်တော် (AA) က သိမ်းပိုက်ခဲ့ပြီးနောက် ဘူးသီးတောင် မြို့အဝင်မှ ပန်ဇင်း ချောင်းကူးတံတားကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။


မေလ ရက်နေ့ ညနေ နာရီခန့်က အဆိုပါ ပန်ဇင်းချောင်းကူးတံတားကို စစ်ကောင်စီက မိုင်းခွဲဖျက်စီး ချိုးချခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။


အဆိုပါ ပန်းဇင်း ချောင်းကူးတံတားဟာ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တောမြိုနယ်တို့ကို အဓိက ဆက်သွယ်ထားတဲ့ တံတားဖြစ်ပြီး အခုလို ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေအနေနဲ့ သွားလာရေး အခက်အခဲများစွာ ကြုံတွေ့ရမှာ ဖြစ်တယ်လို့ ဆက်ပြောပြပါတယ်။


စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ကလည်း ဆင်အိုးပြင်ရွာနဲ့ ဂုံးနားရွာကြားမှာရှိတဲ့ တံတားကိုမိုင်းခွဲဖျက်ဆီးမှု ပြုလုပ်ခဲ့ပါသေးတယ်။


ဘူးသီးတောင်ရှိ စကခ - ၁၅ အပါအဝင် တပ်ရင်း ရင်းကို AA က သိမ်းယူခဲ့ပြီး ကျန်တပ်ရင်းများကို အပြင်းအထန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် စစ်ကောင်စီက ဘူးသီးတောင်မြို့နယ် အတွင်းက လမ်းတံတားများကို ချိုးချဖျက်ဆီးမှုများ ပြုလုပ်လာတာ ဖြစ်ပါတယ်။


ပြီးခဲ့သည့် မေ ရက်နေ့က ဘူးသီးတောင်ရှိ စစ်ကောင်စီ၏ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် စကခ-၁၅၊ ခမရ-၅၅၁၊ ခမရ-၅၆၅ တို့ကို သိမ်းယူပြီး ဧပြီလ ရက်နေ့မှာ ခမရ-၅၆၄ မတ် ၂၅ ရက်နေ့တွင် 

ခမရ- ၅၅၂ နှင့် တောင်ဘဇာတို့ကို AA က သိမ်းယူခဲ့တာ ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment