8th MAY 2024 - Evening Daily News by Radio NUG

၂၀၂၄ မေလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး Wellington ရှိမြန်မာလူထုနှင့်တွေ့ဆုံ 

📌 ၂။ ရိုဟင်ဂျာ အမည်ခံ လက်နက်ကိုင်အဖွဲ့တွေဟာ ဘယ်ရိုဟင်ဂျာတွေကိုမှ ကိုယ်စားမပြုဘူးကြောင်း သက်ဆိုင်ရာ ရိုဟင်ဂျာနိုင်ငံရေး အစုအဖွဲ့တိုင်းလိုလိုက အခါအားလျော်စွာ ထုတ်ပြန်နေကြတယ်လို့ဆို

📌 ၃။ အညာပြည်သူလူထုတရပ်လုံးဟာ အကြမ်းဖက်စစ်အုပ်စုကို အလွန်ပဲ မုန်းတီးစက်ဆုတ်ကြသလို NUG အစိုးရကို အားကိုး၊ ယုံကြည်ကြတယ်လို့ လူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းပြော

📌 ၄။ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ခိုလှုံလာသော ပြည်သူများအားနေရာချထားပေးလျက်ရှိ

📌 ၅။ ထီးချိုင့်မှာ ရုရှားကြေးစားတပ်ဖွဲ့ဝင်ဖမ်းမိတယ်ဆိုတာ သတင်းမှားသာဖြစ် 

📌 ၆။ ဗကသများအဖွဲ့ချုပ် (၈၇) နှစ်ပြည့်အထိမ်းအမှတ်အဖြစ်"အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးဆီသို့" စာသားပါဘန်နာအား ရန်ကုန်မြို့တနေရာမှာချိတ်ဆွဲ


၂၀၂၄ ခုနှစ် မေလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကျောက်ထုအမြှောက်တပ်၊ ကျောက်ထုလေယာဥ်ကွင်းနှင့် ကျောက်ထုနယ်မြေရဲစခန်းတို့အားတိုက်ခိုက်နိူင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးရဲဘော်၄၆ဦးအား NUGကာကွယ်ရေးဒုဝန်ကြီး နိူင်ကောင်းရွက် ဝမ်းမြောက်ဂုဏ်ပြုလွှာပေးအပ်

🚩 ၂။ ရွှေကျင်မြို့နယ်ဘက် စစ်ကြောင်းထိုးလာတဲ့စစ်တပ်က ဒေသံရွာသား ၂ဦးကို သတ်ဖြတ်၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ဦးဒဏ်ရာရ

🚩 ၃။ ကျွန်းစုမြို့နယ်မှာ စစ်သားသစ်စုဆောင်းနေတဲ့ ပျူစောထီးခေါင်းဆောင် မဲတောကျေးရွာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း  

🚩 ၄။ ရေနံချောင်းမြို့နယ် စီမံကောင်စီအဖွဲ့ဝင် ဗိုလ်မှူး သန်းဌေးပါတဲ့စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက် စစ်အုပ်စုဘက်က ဦး သေဆုံး 

🚩 ၅။ စစ်ကောင်စီတပ်က ဆီဆိုင်မြို့နယ် ထီဗွာကျေးရွာမှ ဒေသခံ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

🚩 ၆။ KNU ဖာပွန်ခရိုင်မှာ စစ်ကောင်စီ တပ်စခန်း ခု ထပ်မံ စွန့်ခွာထွက်ပြေး

🚩 ၇။ ကျောက်ထုအခြေစိုက် အမြောက်တပ်က တပ်ကြပ်တဦး လက်နက်နဲ့တကွ CDF မင်းတပ်ထံ အလင်းဝင်

🚩 ၈။ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရှေ့တန်းစစ်မြေပြင်ဆေးတပ်ဖွဲ့ သင်တန်း အပတ်စဉ်()သင်တန်းဆင်းပွဲကျင်းပ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး Wellington ရှိမြန်မာလူထုနှင့်တွေ့ဆုံ 


မေလ၈ရက်


လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းဟာWellington ရှိမြန်မာလူထုနှင့်တွေ့ဆုံခဲ့ပါတယ်။


ပြည်ထောင်စုဝန်ကြီး၊ဦးအောင်မျိုးမင်းဟာ မေလ () ရက်နေ့တွင် နယူးဇီလန်နိုင်ငံ၊Wellington မြို့ရှိ မြန်မာပြည်သူလူထုနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါတယ်။


ဆွေးနွေးပွဲတွင် လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆောင်ရွက်နေမှုများ၊အောင်မြင်တိုးတက်မှုရရှိလာသည့် အခြေအနေများနှင့်စိန်ခေါ်မှုများ စသည့်အကြောင်းအရာများကို ပွင့်လင်းမြင်သာစွာ အပြန်အလှန်ဆွေးနွေးခဲ့ပါတယ်။


တွေ့ဆုံဆွေးနွေးပွဲသို့ Wellington မြို့ရှိတိုင်းရင်းသားအင်အားစုများ ပါဝင်တက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ ရိုဟင်ဂျာ အမည်ခံ လက်နက်ကိုင်အဖွဲ့တွေဟာ ဘယ်ရိုဟင်ဂျာတွေကိုမှ ကိုယ်စားမပြုဘူးကြောင်း သက်ဆိုင်ရာ ရိုဟင်ဂျာနိုင်ငံရေး အစုအဖွဲ့တိုင်းလိုလိုက အခါအားလျော်စွာ ထုတ်ပြန်နေကြတယ်လို့ဆို


မေလ၈


ရိုဟင်ဂျာ အမည်ခံ လက်နက်ကိုင်အဖွဲ့တွေဟာ ဘယ်ရိုဟင်ဂျာတွေကိုမှ ကိုယ်စားမပြုဘူးကြောင်း သက်ဆိုင်ရာ ရိုဟင်ဂျာနိုင်ငံရေး အစုအဖွဲ့တိုင်းလိုလိုက အခါအားလျော်စွာ ထုတ်ပြန်နေကြတယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးကမေလအတွင်းဆိုရှယ်မီဒီယာမှာ သုံးသပ်ဆိုပါတယ်။


" လက်တဆုပ်စာ ရိုဟင်ဂျာတစ်စုတလေရဲ့ ချိုးဖောက် ပျက်ကွက်မှုတွေ ဖြစ်လာရင် ရိုဟင်ဂျာအားလုံးကို အပြစ်ဖို့ပြီး တာဝန်ယူရမယ်လို့ ဖိအားပေးတယ်။ အစ္စလာမ်မစ် အကြမ်းဖက်သမားတွေလို ကိုးကွယ်ယုံကြည်ရာ ဘာသာတရားကိုပါ စော်ကားပုတ်ခတ်တယ်။  ရိုဟင်ဂျာ အမည်ခံ လက်နက်ကိုင်အဖွဲ့တွေဆိုတာကလည်း ဘယ်ရိုဟင်ဂျာတွေကိုမှ ကိုယ်စားမပြုဘူးဆိုတာ သက်ဆိုင်ရာ ရိုဟင်ဂျာနိုင်ငံရေး အစုအဖွဲ့တိုင်းလိုလိုက အခါအားလျော်စွာ ထုတ်ပြန်နေကြပြီး ဖြစ်ပါတယ်။ စကစဘက်ရပ်တည်ရင် သူတို့ လည်း အဓ္ဓမဘက်ကရပ်တည်သူတွေဘဲ"လို့ ဒုဝန်ကြီးကဆိုပါတယ်။ 


အကြမ်းဖက်စစ်ကောင်စီရဲ့ အဓမ္မနည်းနဲ့ စစ်သားစုဆောင်းခံရတဲ့ ပြည်သူတွေဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်ပြီးစစ်သားအဖြစ် စုဆောင်းခံရတဲ့ ရိုဟင်ဂျာတွေကိုမှ အဓိက ပစ်မှတ်ထားချေမှုန်း မုန်းတီးတာမဖြစ်သင့်ဘူးလို့ ဒုဝန်ကြီးကထောက်ပြပြောဆိုပါတယ်။


========================


📌📌 ၃။ အညာပြည်သူလူထုတရပ်လုံးဟာ အကြမ်းဖက်စစ်အုပ်စုကို အလွန်ပဲ မုန်းတီးစက်ဆုတ်ကြသလို NUG အစိုးရကို အားကိုး၊ ယုံကြည်ကြတယ်လို့ လူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းပြော


မေလ၈


အညာပြည်သူလူထုတရပ်လုံးဟာ အကြမ်းဖက်စစ်အုပ်စုကို အလွန်ပဲ မုန်းတီးစက်ဆုတ်ကြသလို NUG အစိုးရကို အားကိုး၊ ယုံကြည်ကြတယ်လို့ လူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းပြောကြားပါတယ်။


မေလအတွင်း လူထုတော်လှန်ရေးနဲ့ပတ်သက်လို့ မန္တလေးသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းကသုံးသပ်ပြောကြားထားပါတယ်။


"အညာမှာ လက်နက်ကိုင်နိုင်တဲ့ အသက်အရွယ်ရှိသူ လူငယ်လူရွယ်တိုင်းလိုလိုက PDF ပကဖ အစရှိတဲ့ တော်လှန်ရေး ရဲဘော်တွေ ဖြစ်ကြပါတယ်။ ပြည်သူတိုင်းကလည်း တော်လှန်ရေးမှာ လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲတွေမှာ တနည်းမဟုတ် တနည်းနဲ့ ပါဝင်နေကြပါတယ်။ အညာပြည်သူလူထုတရပ်လုံးဟာ အကြမ်းဖက်စစ်အုပ်စုကို အလွန်ပဲ မုန်းတီးစက်ဆုတ်ကြသလို NUG အစိုးရကို အားကိုး၊ ယုံကြည်ကြပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် NUG အစိုးရရဲ့ အထက်အဆင့်ဆင့်သော တာဝန်ရှိသူများ၊ ဆုံးဖြတ်ချက် ချမှတ်နိုင်သူများအနေနဲ့ မြေပြင် ဒေသန္တရအဆင့်က ပြဿနာများ၊ ကိစ္စရပ်များကို လျော့မတွက်ကြစေချင်ဘူးလို့လည်း ဒေါက်တာတေဇာဆန်းကထောက်ပြပြောကြားပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ခိုလှုံလာသော ပြည်သူများအားနေရာချထားပေးလျက်ရှိ


မေလ ရက်၊ ၂၀၂၄


စစ်ကောင်စီ၏စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်  .က. များ - ရန်ကုန် / ကျောင်းသားလက်ရုံးတပ်တော်သို့ ခိုလှုံအဖြစ် ဆက်သွယ်ရောက်ရှိလာခဲ့သော ပြည်သူများ နှင့် ကျောင်းသားလက်ရုံးတပ်တော်တွင်တာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်ရဲဘော်များ၏ မိသားစုဝင်များကို ကျွန်ုပ်တို့ကျောင်းသားလက်ရုံးတပ်‌ တော်၏ လှုပ်ရှားစစ်‌ဒေသများ နှင့် လက်တွဲတိုက်ပွဲ၀င်လျက်ရှိ‌သော မဟာမိတ်‌များ၏ထိန်းချုပ်နယ်မြေများ၌  နေရာချထားပေးလျက်ရှိပါသည်။


 အထွေထွေအကျပ်အတည်းကိုရင်ဆိုင်ခံစားနေရသည့် ပြည်သူလူထုကိုခိုလှုံနိုင်ရန်နှင့် ကာကွယ်စောင့်ရှောက်မှုပေးခြင်းလုပ်ငန်းစဥ်များအပြင် အခြေခံစားနပ်ရိက္ခာနှင့်နေထိုင်ရန်အဆောက်အအုံများထောက်ပံ့ပေးခြင်း၊ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းစသည့်လုပ်ငန်းစဥ်များကို .က. များ-ရန်ကုန် / ကျောင်းသားလက်ရုံးတပ်တော်တို့မှ ဆောင်ရွက်လျက်ရှိပါသည်။


အကြမ်းဖက်စစ်ကောင်စီ၏  အဆုံးစွန်သောဖိနှိပ်မှုကြောင့်  အသက်ရှင်ရပ်တည်ရေး နှင့် လုံခြုံဘေးကင်းရေးတို့အတွက် စိုးရိမ်မကင်းဖြစ်နေရသော ဖိနှိပ်ခံ လူထုတရပ်လုံးအနေဖြင့် မိသားစုလိုက်ဖြစ်စေ၊ တဦးချင်းဖြစ်စေ  ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော်စအခြေစိုက်ရာလှုပ်ရှား‌စစ်ဒေသများ  နှင့် လက်တွဲတိုက်ပွဲ၀င်လျက်ရှိသည့် မဟာမိတ်နယ်မြေများ၌ ခိုလှုံနိုင်ရန် .က. များ - ရန်ကုန် / ကျောင်းသားလက်ရုံးတပ်တော်တို့ထံ ဆက်သွယ်နိုင်ပြီး ကျွန်ုပ်တို့မှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်း ကျောင်းသားလက်ရုံးတပ်တော်(က..)ဗဟိုကော်မတီရုံးက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ ထီးချိုင့်မှာ ရုရှားကြေးစားတပ်ဖွဲ့ဝင်ဖမ်းမိတယ်ဆိုတာ သတင်းမှားသာဖြစ် 


စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာ ရုရှားကြေးစားတပ်ဖွဲ့ဝင်တဦးကို ဖမ်းမိတယ်ဆိုတဲ့သတင်းဟာ သတင်းမှာသာ ဖြစ်တယ်လို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။ 

မနေ့ မေလ ရက်နေ့ ညပိုင်းမှာ ထီးချိုင့်-ပြည်သူ့ကာကွယ်ရေးဆိုတဲ့လူမှုကွန်ယက်စာမျက်နှာက သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေက အခုလို ပြောလိုက်တာဖြစ်ပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာယနေ့ (မေလ ရက်) နေ့လည် မွန်းလွဲ နာရီ၁၅ မိနစ်အချိန်တွင် ထီးချိုင့်မြို့ဘက်မှ အလယ်တောဘက်သို့ ချီတတ်လာသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တိုက်ထုတ်ခဲ့ရာ ရုရှားနိုင်ငံအခြေစိုက် ဝက်ဂနာ ကြေးစားတပ်ဖွဲ့ (Wagner mercenary group) တံဆိပ်တပ်ထားသော အကြမ်းဖက်စစ်သားများအား ဖမ်းဆီးရမိခဲ့ပါသည်။ ထိုအထဲမှ တပ်သားတစ်ဦးမှာ ဗမာ့တပ်မတော်တွင် SOTF (Special Operations Task Force) Spider Squad အဖွဲ့ခေါင်းဆောင် Captain အဆင့်နှင့် ရုရှား Wagner group တွင် Private တပ်သားအဆင့် ဗိုလ်မှုးတစ်ဦးအား စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်ပါသည်လို့ ဖော်ပြထားတာတွေ့ရပါ တယ်။

ဒီသတင်းကိုထုတ်ပြန်တဲ့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေး လူမှုကွန်ယက်စာမျက်နှာဟာ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ရဲ့ စာမျက်နှာမဟုတ်တဲ့အပြင် မေ ရက်နေ့က ထီးချိုင့်မှာ မြေပြင်တိုက်ပွဲဖြစ်တာလည်းမရှိဘူးလို့လည်း ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက အသိပေးပါတယ်။

ထီးချိုင့်မြို့မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ရက်ကစပြီး စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲ တွေ အပြင်းအထန်ဖြစ်ခဲ့ပြီး ကချင်လွတ်လပ်ရေးတပ်မတော်-KIA ရခိုင့်တပ်တော်-AAနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲဆင်ခဲ့တာရှိပါတယ်။

ဒီလိုဆင်နွှဲရာမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် တမြိုနယ်လုံးရဲ့ ၈၀ ရာခိုင်နှုန်းနီးပါး ပျက်စီးခဲ့တဲ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေဟာလည်း ၂၀၂၃ ဒီဇင်ဘာလမှာ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီနောက်ပိုင်း မတ်လ ၁၄ ရက်နေ့မှာ တကြိမ် တိုက်ပွဲပြန်ခဲ့တာကလွဲလို့ နောက်ပိုင်းမှာ မြေပြင်တိုက်ပွဲဖြစ်တာမရှိဘူးလို့ လည်း သိရပါတယ်။


========================


📌📌 ၆။ ဗကသများအဖွဲ့ချုပ် (၈၇) နှစ်ပြည့်အထိမ်းအမှတ်အဖြစ်"အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးဆီသို့" စာသားပါဘန်နာအား ရန်ကုန်မြို့တနေရာမှာချိတ်ဆွဲ


မေလ၈


ဗကသများအဖွဲ့ချုပ် (၈၇) နှစ်ပြည့်အထိမ်းအမှတ်အဖြစ်"အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးဆီသို့" စာသားပါဘန်နာအား ရန်ကုန်မြို့တနေရာမှာချိတ်ဆွဲခဲ့ပါတယ်။


မေလ၈ရက်မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို အသိပေးဖော်ပြခဲ့ပါတယ်။


 ဗမာပြည်နိုင်ငံရေးသမိုင်းတလျှောက်တွင် အဖိနှိပ်ခံပြည်သူလူထုအကျိုးအတွက် တပ်ဦးမှတိုက်ပွဲဝင်ခဲ့သော ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်းတည်ထောင်ခြင်း (၈၇) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် North Dagon Oppressed People's Strike Colition - NDOPSC တို့ပူးပေါင်း၍ "အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးဆီသို့" စာသားပါဘန်နာအား ချိတ်ဆွဲကာ ရန်ကုန်မြို့ရှိလမ်းမ တနေရာတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြတယ်လို့ဖော်ပြပါတယ်။


ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုသပိတ်လှုပ်ရှားမှုများကိုလည်းအားပေးလုပ်ဆောင်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ကိုခန့်နှင့် မင်းစစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ကျောက်ထုအမြှောက်တပ်၊ ကျောက်ထုလေယာဥ်ကွင်းနှင့် ကျောက်ထုနယ်မြေရဲစခန်းတို့အားတိုက်ခိုက်နိူင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးရဲဘော်၄၆ဦးအား NUGကာကွယ်ရေးဒုဝန်ကြီး နိူင်ကောင်းရွက် ဝမ်းမြောက်ဂုဏ်ပြုလွှာပေးအပ်


မေလ၈ရက်


ကျောက်ထုအမြှောက်တပ်၊ ကျောက်ထုလေယာဥ်ကွင်းနှင့် ကျောက်ထုနယ်မြေရဲစခန်းတို့အားတိုက်ခိုက်နိူင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးရဲဘော်၄၆ဦးအား မေလ၈ရက်မှာ NUGကာကွယ်ရေးဒုဝန်ကြီး နိူင်ကောင်းရွက်ကိုယ်တိုင်လက်မှတ်ရေးထိုးပြီး  ဝမ်းမြောက်ဂုဏ်ပြုလွှာပေးအပ်ခဲ့ပါတယ်။


မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (.က.) Droneလက်ရုံးတပ်ဖွဲ့၏ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်သော သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦးသည် မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(.က.) ညွှန်ကြားမှုဖြင့် ဆောမြို့နယ်အတွင်းရှိ .. (၃၆၈) ကျောက်ထုအမြှောက်တပ်၊ ကျောက်ထုလေယာဥ်ကွင်းနှင့် ကျောက်ထုနယ်မြေရဲစခန်းတို့အား ဂန့်ဂေါခရိုင် အမှတ်(/)တပ်ရင်း၊  ဆောမြို့နယ် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့၊ ကျောက်ထုတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့နှင့် ပူးပေါင်းကာ ပူးပေါင်းတပ်ဖွဲ့ အင်အား (၄၆)ဦးဖြင့် နေရာ()နေရာတွင် အဖွဲ့ငယ်()ဖွဲ့ခွဲပြီး မေလ၆ရက်နေ့ နံနက် ၀၈း၄၅ နာရီတိတိတွင် Short Range Missile အလုံး (၅၀)ကို အသုံးပြု၍ အဓိကကျသော ရန်သူ့နေရာများကို အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။


တိုက်ခိုက်မှုများကြောင့် ကျောက်ထုလေယာဥ်ကွင်းလေယာဥ်ပြေးလမ်း၊ တပ်တွင်းစျေးဆိုင်၊ ခန်းမဆောင်နှင့် ဗဟိုကင်း(နေပြည်တော်ရဲတပ်ဖွဲ့)အဆောင်၊ ကျောက်ထုနယ်မြေရဲစခန်းတို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုပြင်းထန်စွာရှိကြောင်းသတင်းရရှိပါတယ်။


ပူးပေါင်းတပ်ဖွဲ့များအားလုံး နံနက်(၀၉း၃၀)နာရီတွင် မည်သည့် ထိခိုက်မှုမှမရှိပဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်။


========================


🚩🚩 ၂။ ရွှေကျင်မြို့နယ်ဘက် စစ်ကြောင်းထိုးလာတဲ့စစ်တပ်က ဒေသံရွာသား ၂ဦးကို သတ်ဖြတ်၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ဦးဒဏ်ရာရ


ကရင်းအမျိုးသားအစည်းအရုံး- KNU ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူးခရိုင် ဆောထိ ရွှေကျင်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က ဒေသခံရွာသား ၂ဦးကိုသတ်ဖြတ်ခဲ့တဲ့အပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တာ ကြောင့် အရပ်သား ဦး ဒဏ်ရာရသွားတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်ကနေ ၂၇ ရက်နေ့အတွင်း ရွှေကျင်ဘက်ကနေ သံဆိပ်ဘက် စစ်ကြောင်းထိုးလာတဲ့ ခမရ-၃၄၉ နဲ့ စစ်ကောင်စီတပ်ရင်း - ကစစ်သားတွေဟာ ကဇင်းပင်ရွာက အသက် ၄၅ နှစ်အရွယ်အမျိုးသားနဲ့ အင်္ဂနီကျေးရွာက အသက် ၃၈ နှစ်အရွယ် အမျိုးသားကို သတ်ဖြတ်ခဲ့တာလို့ဆိုပါတယ်။

ဒါ့အပြင် မေလ ရက်နေ့ မနက် ၁ဝ နာရီကျော်မှာလဲ စစ်ကောင်စီလက်အောက်ခံ သံဆိပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အပြင် ဒရုန်းနဲ့ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် သံဆိပ်မင်းလမ်း ကျောက်ကြီးချောင်းဘေးမှာနေထိုင်ကြတဲ့ အသက် ၅၆ နှစ်အရွယ် အမျိုးသမီးတဦး၊ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတဦးနဲ့ အသက် ၆၄ နှစ်အရွယ် အမျိုးသား တဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ကျွန်းစုမြို့နယ်မှာ စစ်သားသစ်စုဆောင်းနေတဲ့ ပျူစောထီးခေါင်းဆောင် မဲတောကျေးရွာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း  


တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် မဲတောကျေးရွာအုပ်စုမှာ စစ်သားသစ်စုဆောင်းနေတဲ့ ပျူစောထီးခေါင်းဆောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ကျော်မြင့်ကို တော်လှန်ရေးတပ်တွေက ပစ်ခတ်ဖမ်းဆီးခဲ့ရာမှာ သေဆုံးသွားတယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖက အသိပေးထုတ်ပြန်ပါတယ်။

ကျွန်းစုမြို့နယ် မဲတောကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူးလည်းဖြစ် ပျူစောထီးခေါင်းဆောင်လည်းဖြစ်တဲ့အပြင် မီးသတ် တပ်ဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ ကျော်မြင့် ကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ တပ်ဖွဲ့ဝင်တွေ သွားရောက် ဖမ်းဆီးရာမှာ ပြန်လည်ခုခံတဲ့အတွက် ပစ်ခတ်ဖမ်းဆီးရာကနေ သေဆုံးသွားတာလို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူး ကျော်မြင့်ထံကနေ မမ ပစ္စတို သေနတ်တလက်၊ မမ ကျည် ၂၅ တောင့်၊ လက်ထိပ်တခု၊ ငွေသား ကျပ် သိန်း၊ ဖုန်းတလုံး၊ အကြမ်းဖက်စစ်ကောင်စီက ထုတ်ပေးထားတဲ့ အုပ်ချုပ်ရေးမှူးကတ်၊ မှတ်ပုံတင်၊ မီးသတ် တပ်ဖွဲ့ဝင်ကတ်၊ သက်သေခံ စာရွက်စာတန်းများနဲ့ သက်သေခံပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ကျွန်းစုမြို့နယ်အတွင်းမှာရှိတဲ့ အုပ်ချုပ်ရေးမှူးများ ၊ပျူစောထီးများ၊ ကျေးရွာတာဝန်ခံ (ရာအိမ်မှူး) များ အနေနဲ့ စစ်ကောင်စီ အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး စစ်မှုထမ်းမဲများ ကောက်ယူတာ၊ ပြည်သူလူထုကို ခြိမ်းခြောက်ပြီး စစ်မှုထမ်းကြေးများ တောင်းခံ တာအပါအဝင် ပြည်သူလူထုကို ပုံစံအမျိုးမျိုးနဲ့ ခြိမ်းခြောက်အနိုင်ကျင့် ပြုမူနေတာတွေ ရပ်တန်းကရပ်ဖို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားပြီး လိုက်နာမှုမရှိရင် ပြင်းထန်စွာအရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ ရေနံချောင်းမြို့နယ် စီမံကောင်စီအဖွဲ့ဝင် ဗိုလ်မှူး သန်းဌေးပါတဲ့စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက် စစ်အုပ်စုဘက်က ဦး သေဆုံး 


မကွေးတိုင်းထဲက ရေနံချောင်းမြို့နယ်မှာ မြို့နယ်စီမံကောင်စီအဖွဲ့ဝင် ဗိုလ်မှူးသန်းဌေးလိုက်ပါလာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီး စုစုပေါင်း ဦးသေဆုံးပြီး ဗိုလ်မှူးသန်းဌေး ပြင်းထန်ဒဏ်ရာ ရသွားတယ်လို့ မကွေးခရိုင်အမှတ် တပ်ရင်းက ပြောပါတယ်။

ရေနံချောင်းမြို့နယ် စီမံကောင်စီအဖွဲ့ဝင် ဗိုလ်မှူးသန်းဌေး ဦးဆောင်တဲ့ အင်အား ၃ဝ ပါစစ်ကြောင်းကို မေလ ရက် မနက် နာရီခန့်မှာ တော်လှန်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

ရေနံချောင်းမြို့နယ် မိုးပေါ်ကန်-ညောင်ဇောက်ချောင်းလမ်းကနေ မကျည်းရိုးအုပ်စု မုန်ကန်ကျေးရွာဘက်ထွက်လာတဲ့ အဲဒီ အကြမ်းဖက်စစ်တပ်စီစစ်ကြောင်းဟာ ဒေသအခေါ် ဆင်ကော်ရိုးလမ်းဆုံတွင် မိုင်းတကြိမ်ထိပြီး ယာကြီးပြင် -အင်တော လမ်းကနေ စစ်ကူလာတဲ့ စစ်အုပ်စုကိုလည်း အုပ်ရှစ်ကုန်းကျေးရွာအထွက်မှာ မိုင်း လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီမိုင်းဆွဲ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး စုစုပေါင်း ဦးသေဆုံးကာ ရေနံချောင်းမြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး သန်းဌေး ပြင်းထန်ဒဏ်ရာရသွားတာကြောင့် မကွေးမြို့သို့ ချက်ချင်းသယ်ဆောင်သွားတယ်လို့ သိရပါတယ်။

မိုင်းထိသွားတာကြောင့် ဒဏ်ရာရသွားသူတွေနဲ့ သေဆုံးသူတွေကို မကွေးမြို့ပေါ်ကို ချက်ခြင်းသယ်သွားပြီး ပတ်ဝန်းကျင် ကျေးရွာတွေဘက်ကို စစ်အုပ်စုက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေရှိခဲ့ပေမယ့် ဒေသနေ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ သိရပါတယ်။ 

အဆိုပါတိုက်ခိုက်မှုများကို ရေနံချောင်း(ပကဖ) မကွေးခရိုင်အမှတ်- တပ်ရင်း၊ Yenanthar Youth Force (YYF) ညောင်ဦးခရိုင် အမှတ်- တပ်ရင်းနဲ့ မကွေးခရိုင်တိုက်ခိုက်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၅။ စစ်ကောင်စီတပ်က ဆီဆိုင်မြို့နယ် ထီဗွာကျေးရွာမှ ဒေသခံ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား


မေလ ရက် ၂၀၂၄ ခုနှစ်


စစ်ကောင်စီတပ်က ဆီဆိုင်မြို့နယ် ထီဗွာကျေးရွာမှ ဒေသခံ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း သိရသည်။


ယင်းဒေသခံ ဦးကို စစ်ကောင်စီတပ်က ယမန်နေ့တွင် ဖမ်းဆီးထားခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်းသိရသည်။


စစ်ကောင်စီမှ ထီဗွာကျေးရွာသို့ စစ်ကြောင်းထိုးလာစဉ် ကြောက်ရွံ့သဖြင့် စစ်ဘေးရှောင်ရန် ပြင်ဆင်နေသည့် ဒေသခံများကို စစ်ကောင်စီက ဖမ်းဆီးထားခြင်းဖြစ်သည်။


စစ်ကောင်စီက ဖမ်းဆီးထားသည့် ဒေသခံများတွင် အမျိုးသား ဦး အမျိုးသမီး ဦးတို့ဖြစ်ပြီး အမျိုးသမီးထဲတွင် ကိုယ်ဝန်သည်အမျိုးသမီးတဦးလည်းပါဝင်သည်။


ထို့အပြင် ကျေးရွာအတွင်းသို့ ပစ္စည်းပြန်သယ်သည့် ထီဗွာကျေးရွာသားတဦးမှာလည်း စစ်ဘေးရှောင်ရာနေရာသို့ ပြန်မရောက်လာပဲ ပျောက်ဆုံးနေသည်မှာ ရက်ရှိပြီဖြစ်သည်။


========================


🚩🚩 ၆။ KNU ဖာပွန်ခရိုင်မှာ စစ်ကောင်စီ တပ်စခန်း ခု ထပ်မံ စွန့်ခွာထွက်ပြေး


မေလ ရက်။


Radio NUG


ကရင့်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ () ထိန်းချုပ်နယ်မြေမှ စစ်ကောင်စီ တပ်စခန်း ခု ထပ်မံ စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့  KNU တပ်မဟာ က ထုတ်ပြန်ထားပါတယ်။


ဖာပွန်ခရိုင် အတွင်းက သူးမွဲထာ၊ ကောကော်ထာ၊ ညာတဃိုကျိုး၊ ဟော်မုဒဲနဲ့ မယ်ဝေ ဘလယ်ကျိုးစခန်း တို့မှာ အခြေချ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များဟာ စခန်းစွန့်ခွာ ထွက်ပြေးသွားကြကြောင်း မေလ ရက်နေ့မှာ KNU က ထုတ်ပြန်ပါတယ်။


ဖာပွန်ခရိုင် အတွင်းက စစ်ကောင်စီ တပ်စခန်းတွေကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ () ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက နေ့စဉ်ရက်ဆက် ဝိုင်းဝန်းပိတ်ဆို့ ဖြတ်တောက်တိုက်- ခိုက်မှုတွေကြောင့် အခုလို စခန်းစွန့်ခွာသွားကြတာလို့ ဆိုပါတယ်။


စစ်ကောင်စီတပ်သားတွေ စွန့်ခွာသွားခဲ့တဲ့ စခန်းတွေထဲမှာ ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းနားက ကောကော်ထာ စခန်းနဲ့ သံလွင်-သောင်းရင်း မြစ်ဆုံရှိ သူးမွဲထာ တပ်စခန်းတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။


ဖာပွန်ခရိုင် အတွင်းမှာ တပ်မဟာ နဲ့ ပူးပေါင်းတပ်ဖွဲ့ရဲ့ ဝိုင်းဝန်းပိတ်ဆို့ မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ကနေ ဧပြီလအတွင်း မော်ဖူးဗျူဟာ စခန်း အပါအဝင် စခန်း ခု ထက်မနည်း စွန့်ခွာထွက်ပြေး သွားခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ ကျောက်ထုအခြေစိုက် အမြောက်တပ်က တပ်ကြပ်တဦး လက်နက်နဲ့တကွ CDF မင်းတပ်ထံ အလင်းဝင်


မကွေးတိုင်း ကျောက်ထုမြို့မှာ အခြေစိုက်တဲ့ အမှတ်-၃၆၈ အမြောက်တပ်ရင်းက တပ်ကြပ်တဦး လက်နက်နဲ့တကွ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- မင်းတပ် ထံမှာ အလင်းဝင်လာတယ်လို့ CDF-Mindatက ထုတ်ပြန်ပါတယ်။

မင်းတပ်မြို့အခြေစိုက် ခလရ-၂၇၄ မှာ တွဲဘက်အနေနဲ့ တာ၀န်‌ထမ်း‌ဆောင်နေတဲ့ ကျောက်ထုမြို့အခြေစိုက် အမတ- ၃၆၈ အမြောက်တပ်ရင်းက တပ်ကြပ်၀င်းလေး ဆိုသူဟာ မေလ ရက်နေ့မှာ MA-3 တလက်၊ ကျည်အိမ် ခု၊ ကျည်ဆန် ၂၅၆ တောင့်နဲ့ အလင်း၀င်လာတာလို့ သိရပါတယ်။


အခုလို လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ တပ်ကြပ်၀င်းလေး ကို CDF-Mindat က ဆုငွေအဖြစ် ကျပ်သိန်း ၅ဝ ချီးမြင့် ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၈။ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရှေ့တန်းစစ်မြေပြင်ဆေးတပ်ဖွဲ့ သင်တန်း အပတ်စဉ်()သင်တန်းဆင်းပွဲကျင်းပ


မေလ၈ရက်


လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရှေ့တန်းစစ်မြေပြင်ဆေးတပ်ဖွဲ့ သင်တန်း အပတ်စဉ်()သင်တန်းဆင်းပွဲအားမေလ ရက်နေ့   နံနက် :၀၀ နာရီ၌ ကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။


သင်တန်းဆင်းပွဲသို့ လောင်းလုံး(ပကဖ)မှ ရေးရာတာ၀န်ခံများ လောင်းလုံး(ပအဖ)မှတာ၀န်ရှိသူများမှတက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်။


လောင်းလုံး(ပကဖ)အနေဖြင့် ပထမအကြိမ်အပတ်စဥ်()သင်တန်း၊ ဒုတိယအကြိမ်ထပ်ဆင့်မွမ်းမံသင်တန်းနှင့် တတိယအကြိမ်အပတ်စဉ်() ရှေ့တန်းစစ်မြေပြင်ဆေးတပ်ဖွဲ့ သင်တန်းများအား အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ကိုခန့်နှင့်မင်းစစ်‌သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment