10th JUN 2024 - Morning Daily News by Radio NUG



၂၀၂၄ ဇွန်လ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် Brisbaneရှိ မြန်မာပြည်ဖွားတိုင်းရင်းသားများ တွေ့ဆုံ

📌 ၂။ မန္တလေးတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ(CRMH)နှင့် မန္တလေးအထွေထွေအုပ်ချုပ်ရေး အကြမ်းမဖက် အာဏာဖီဆန်ရေးအဖွဲ့ (MGACDO)တို့ ပထမအကြိမ် တွေ့ဆုံပွဲအစည်းအဝေး ကျင်းပ

📌 ၃။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ (၇၉) နှစ်ပြည့်မွေးနေ့အလေးထားကြိုဆိုပွဲ နယူးယောက်တွင်ကျင်းပ

📌 ၄။ IEC တရားရေးဌာနမှ အကျင့်စာရိတ္တပြုပြင်ရေးနှင့် ပြန်လည်ထူထောင်ရေး(ထောင်)၀န်ထမ်း အပတ်စဥ် ()သင်တန်း ပြုလုပ်ပြီးစီး

📌 ၅။ အကြမ်းဖက်စစ်တပ်ကို ဘဏ္ဍာငွေ အထောက်အပံ့ဖြစ်နေသည့် ကျင့်ဝတ်နှင့်မညီသော စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံမှ တာဝန်ရှိစွာ ထွက်ခွာသွားရန် IndustriALL Global Union က အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင် တိုက်တွန်း


၂၀၂၄ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ထံ လက်နက်တပ်ဆင်ပွဲ အခမ်းအနား ပြုလုပ်

🚩 ၂။ ရွာငံ PDF အမှတ်စဥ် (/၂၀၂၄)အပတ်စဥ်()အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

🚩 ၃။ ညောင်ဖြူပင် ရဲစခန်းအား လက်နက်ကြီး/ငယ်များဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့

🚩 ၄။ တောင်သာတွင် ရဲစခန်း၊ ထွေအုပ်ရုံး နှင့် စစ်ဆေးရေးဂိတ်တို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

🚩 ၅။ ကျိုက်ထိုတွင် စစ်ကောင်စီရဲ့ လက်ပံပင် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့

🚩 ၆။ စစ်ကောင်စီအား တန်ပြန်စစ်ဆင်ရန်ရှိတာကြောင့် ရေး-ထားဝယ်လမ်းမအား အရေးမကြီးပါက မသုံးဖို့ ဒေါနစစ်ကြောင်း အသိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် Brisbaneရှိ မြန်မာပြည်ဖွားတိုင်းရင်းသားများ တွေ့ဆုံ


ဇွန်လ ၉ရက်။ 

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဩစတြေးလျနိုင်ငံခရီးစဉ်အတွင်း Brisbane မြို့ရှိ မြန်မာပြည်ဖွားတိုင်းရင်းသားများနှင့် တွေ့ဆုံခဲ့ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။


အဆိုပါ တွေ့ဆုံပွဲကို CRPH/NUG Support Group (QLD) အဖွဲ့ဝင်များ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီးမှ အမျိုးသားညီညွတ်ရေးအစိုးရ၏ လက်ရှိလုပ်ဆောင်ချက်များ၊ ဩစတြေးလျခရီးစဉ်အတွင်း ရရှိလာသော အတွေ့အကြုံများအား ရှင်းလင်းတင်ပြ၍ တက်ရောက်လာသူများမှ သိရှိလိုသည့် နိုင်ငံရေးအခြေအနေ အရပ်ရပ်အား မေးမြန်းမှုကို ရင်းနှီးစွာ ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြောင်း သိရှိရပါတယ်။


========================


📌📌 ၂။ မန္တလေးတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ(CRMH)နှင့် မန္တလေးအထွေထွေအုပ်ချုပ်ရေး အကြမ်းမဖက် အာဏာဖီဆန်ရေးအဖွဲ့ (MGACDO)တို့ ပထမအကြိမ် တွေ့ဆုံပွဲအစည်းအဝေး ကျင်းပ


ဇွန်လ ၉ရက်။ 

Radio NUG

ဇွန်လ ရက်၊ နံနက်(:၃၀)ချိန်တွင် မန္တလေးတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ (CRMH)နှင့် မန္တလေးအထွေထွေအုပ်ချုပ်ရေး အကြမ်းမဖက် အာဏာဖီဆန်ရေးအဖွဲ့ (MGACDO)တို့ ပထမအကြိမ် တွေ့ဆုံပွဲအစည်းအဝေး ကျင်းပခဲ့ကြောင်းသိရပါတယ်။


ပထမအကြိမ်တွေ့ဆုံပွဲ အစည်းအဝေးတွင် မန္တလေးတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးမြင့်အောင်မိုးက အဖွင့်စကား ပြောကြားခြင်း၊ MGACDO ဥက္ကဋ္ဌက တွေ့ဆုံဆွေးနွေးရခြင်း ရည်ရွယ်ချက်များနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးပြောကြားခြင်း၊ CRMHရေးရာကော်မတီဥက္ကဋ္ဌများက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခြင်း၊ MGACDO ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ဖြည့်စွက်ဆွေးနွေးခြင်း၊ တက်ရောက်လာကြသည့် အဖွဲ့ဝင်များက ဝိုင်း၀န်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရတယ်။

 

မန္တလေးတိုင်းအတွင်းရှိ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းစဉ်များတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စများအား  လက်တွဲပူးပေါင်းဆောင်ရွက်ရေး၊ CDM ၀န်ထမ်းများ၏ လူမှုစီးပွားဘ၀ သက်သာချောင်ချိရေး လုပ်ငန်းစဉ်များ ထိရောက်စွာ ပံ့ပိုးဆောင်ရွက်သွားနိုင်ရေး၊  အခြားသော အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ တိုင်းအတွင်း ခိုင်မာသည့် အုပ်ချုပ်ရေးယန္တရားတစ်ခု အကောင်အထည်ဖော် တည်ဆောက်သွားနိုင်ရေးများအား အပြန်အလှန်ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူဆုံးဖြတ်ခဲ့ကြပြီး အစည်းအဝေးကို နံနက်(၁၁:၃၀)တွင် ရပ်နားခဲ့ကြတယ်လို့ သိရပါတယ်။


========================


📌📌 ၃။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ (၇၉) နှစ်ပြည့်မွေးနေ့အလေးထားကြိုဆိုပွဲ နယူးယောက်တွင်ကျင်းပ


ဇွန်လ ၉ရက်။

Radio NUG


မြန်မာပြည်သူတို့၏ တန်ဖိုးထားချစ်ခင်လေးစားရသော မြန်မာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒီမိုကရေစီမိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ (၇၉) နှစ်မြောက်မွေးနေ့အား အလေးထားကြိုဆိုပွဲကို ဇွန်လ()ရက်နေ့ (စနေနေ့)တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ Greeley Square Park တွင်  NYCBC - New York မြန်မာကွန်မြူနီတီအဖွဲ့မှ ဦးဆောင်ကာကျင်းပခဲ့ပါတယ်။


အမေစုမွေးနေ့အကြိုအခမ်းအနားတွင် ဘာသာကြီးလေးခုကိုယ်စားပြုသူ ပုဂ္ဂိုလ်များမှ အမေစုနှင့်အတူမတရားအဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ၊ တောထဲရောက်နေသော ပြည်သူ့ဘက်တော်သားများ၊ ပြည်တွင်းမှာပုံစံမျိုးစုံနှင့် တော်လှန်နေတဲ့ပြည်သူတွေအပါအဝင်၊ မြန်မာပြည်ကြီးတစ်ခုလုံး အာဏာရူးတွေနှင့်စနစ်ဆိုးကြီးအောက်ကလွတ်မြောက်နိုင်ဖို့နှင့်၊ ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများအား ဆုတောင်းမေတ္တာပို့သပေးခြင်းကိုလူထုနှင့်အတူပြုလုပ်ခဲ့ကြောင်း NYCBC - New York မြန်မာကွန်မြူနီတီအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။


အထူးဧည့်သည်တော်များဖြစ်သော အမျိုးသားညီညွှတ်ရေးအစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသူရထွန်း၊ ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံ သံအမတ်ကြီးဦးကျော်မိုးထွန်းနှင့် 2020 ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်အချို့မှ အမေစုနှင့်ပတ်သက်၍အမှတ်တရစကားပြောကြားခဲ့ကြပါတယ်။


တိုက်ပွဲဝင်ပြည်သူအားလုံးအတွက် ခွန်အားဖြည့်သီချင်းများနှင့် အမေမေတ္တာဘွဲ့သီဆိုခြင်းကို အဆိုတော်ကျော်သီဟနှင့် ကိုဝင်းနိုင်စိုးတိုမှ ဦးဆောင်ကာ ဖျော်ဖြေခဲ့တယ်လို့သိရပြီး၊ မွေးနေ့ကိတ်ခွဲကာ ဆုမွန်ကောင်းတောင်းဆိုခဲ့ကြပြီး တက်ရောက်လာသူ မိတ်ဆွေမောင်နှမများအားအစားအသောက်များဖြင့်တည်ခင်းဧည့်ခံခဲ့ကြပါတယ်။


========================


📌📌 ၄။ IEC တရားရေးဌာနမှ အကျင့်စာရိတ္တပြုပြင်ရေးနှင့် ပြန်လည်ထူထောင်ရေး(ထောင်)၀န်ထမ်း အပတ်စဥ် ()သင်တန်း ပြုလုပ်ပြီးစီး


ဇွန် ၉ရက်။ 

Radio NUG

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ( IEC)ရဲ့ တရားရေးဌာန လက်အောက်ရှိ အကျင့်စာရိတ္တပြုပြင်ရေးနှင့် ပြန်လည်ထူထောင်ရေး(ထောင်)၀န်ထမ်းအပတ်စဥ်()သင်တန်းကို ပြုလုပ်ပြီးစီးခဲ့ကြောင်း ကန္တာရဝတီတိုင်းမ်မှာ ဖော်ပြထားပါတယ်။


မေလ ၂၀ ရက်နေ့မှ ဇွန်လ ရက်နေ့အထိ သင်တန်းကာလ နှစ်ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားဦးရေ ၄၅ ဦးတက်ရောက် ပြီးမြောက်ခဲ့တယ်လို့ သိရပါတယ်။


သင်တန်းအတွင်းမှာတော့ အကျဥ်းထောင်စီမံခန့်ခွဲမှုဆိုင်ရာ၊ ဥပဒေဆိုင်ရာတွေကို သင်ကြားပို့ချပေးခဲ့တယ်လို့ ကရင်နီအကျဉ်းထောင် တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။


နံပါတ် တစ်ခုကတော့ စစ်ရေးပြပါတယ်ပေါ့နော်။ နံပါတ် ကတော့ အခြေခံနိုင်ငံရေး နောက်ပြီးတော့ ကရင်နီသမိုင်းအကြောင်းပါတယ်။ ပြီးတော့ အထိကရုဏ်းနှိမ်နင်းတာပါတယ်။ ပြီးတော့ (Prison Law) အကျဥ်းထောင်ဥပဒေပေါ့နော်။ ပြီးတော့ (Prison Management)ပေါ့နော် အကျဥ်းထောင်ကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတဲ့ဟာလည်းပါတယ်လို့ ကရင်နီအကျဉ်းထောင် တာဝန်ရှိသူတစ်ဦးက ဆိုထားပါတယ်။ 


သင်တန်းပြီးမြောက်သွားတဲ့သူတွေဟာ IECလက်အောက်မှာ မူလတာဝန်ထမ်းဆောင်နေကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။


လက်ရှိ ကရင်နီအကျဥ်းထောင်မှာရှိတဲ့ အမှတ်()ထောင်မှာ အကျဉ်းသား ၁၀၈ ဦးရှိပြီး  အမှတ်()ထောင်ကိုတော့ တည်ဆောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အမှတ်() ‌ထောင်မှာတော့  ဖမ်းဆီးထားတဲ့ အချုပ်သား  ၅၆ ဦးရှိတယ်လို့ ဆိုထားပါတယ်။ 


အကျဉ်းထောင်တွေမှာ အကျဉ်းသား၊ အချုပ်သားဦးရေ များပြားနေပြီး ၀န်ထမ်းလုံလောက်မှု မရှိသေးတာကြောင့် အပတ်စဉ်သင်တန်းတွေကို ဆက်လက်ပို့ချပေးသွားမယ်လို့ သိရပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်တပ်ကို ဘဏ္ဍာငွေ အထောက်အပံ့ဖြစ်နေသည့် ကျင့်ဝတ်နှင့်မညီသော စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံမှ တာဝန်ရှိစွာ ထွက်ခွာသွားရန် IndustriALL Global Union က အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင် တိုက်တွန်း


ဇွန်လ ရက်။

စစ်တပ်အာဏာရှင်စနစ်အောက်တွင် စီးပွားရေးလုပ်ငန်းများသည် မည်သည့်နည်းနှင့်မျှ ကျင့်ဝတ်နှင့် ကိုက်ညီအောင် ဆောင်ရွက်ရန် မဖြစ်နိုင်ကြောင်း၊ အကြမ်းဖက်အဖွဲ့ကို ဘဏ္ဍာငွေအထောက်အပံ့ ဖြစ်နေမှုများ ရပ်တန့်ရန်နှင့် မြန်မာနိုင်ငံမှ တာဝန်ခံမှုရှိစွာ ထွက်ခွာသွားကြရန် Industrial ALL Global Union က ပြည်ပရင်းနှီးမြှပ်မှု စီးပွားရေးလုပ်ငန်းများကို တောင်းဆိုလိုက်ကြောင်း သိရှိရပါတယ်။ 

ယခုနှစ် ကျင်းပနေသည့် ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ ညီလာခံ၌ Industrial ALL Global Union အထွေထွေအတွင်းရေးမှူး Mr. Atle Høie ကမြန်မာနိုင်ငံတွင် စစ်တပ်သည် ပြည်သူ ,၀၀၀ ဦးကျော်ကို သတ်ဖြတ်ခြင်း၊ ၂၆,၀၀၀ နီးပါးဖမ်းဆီးခြင်းနှင့် သမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့်အပါအဝင် အရပ်ဖက်လူမှုအသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ကို ကန့်သတ်ပိတ်ပင်လျက်ရှိပါတယ်၊ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့် မရှိခြင်းနှင့် သမဂ္ဂဖွဲ့မှုများကို ပိတ်ပင်ခြင်းသည် အလုပ်သမားအများစုအတွက် ခေတ်သစ်ကျွန်ပြုခိုင်းစေခံရသည့် အခြေအနေများ ဖြစ်ပေါ်စေတယ်၊ အဲဒီအချက်တွေကို ILO စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များအရ အတည်ပြုပြီး ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်စနစ်အောက်တွင် စီးပွားရေးလုပ်ငန်းများသည် မည်သည့်နည်းနှင့်မျှ ကျင့်ဝတ်နှင့် ကိုက်ညီအောင် ဆောင်ရွက်ရန် မဖြစ်နိုင်ကြောင်း၊ ဒါကြောင့် မိမိတို့ Industrial ALL Global Union အနေဖြင့် အကြမ်းဖက်အဖွဲ့ကို ဘဏ္ဍာငွေအထောက်အပံ့ ဖြစ်စေမှုများ ရပ်တန့်ဖို့နှင့် မြန်မာနိုင်ငံမှ တာဝန်ခံမှုရှိစွာ ထွက်ခွာသွားကြဖို့ စီပွားရေးလုပ်ငန်းများကို တိုက်တွန်းပါတယ်လို့ --၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရှိရပါတယ်၊ဆက်လက်ပြီး Mr. Atle Høie က ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံအတွင်း ကုန်ထုတ်လုပ်မှုကို ဆက်လက်အားပေးနေခြင်းနှင့် ကုန်သွယ်ရေးဦးစားပေးမှုများ ဆက်လက်ထောက်ခံနေခြင်းသည် လက်ခံဖွယ်ရာ မရှိကြောင်း၊ ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒများကို ပြန်လည်စိစစ်သုံးသပ်ရန် ထပ်လောင်းတိုက်တွန်း တောင်းဆိုပါကြောင်း၊ လက်နက်မှအပ အရာအားလုံး (Everything But Arms-EBA) ဦးစားပေး ကုန်သွယ်ရေးမူဝါဒနှင့် မြန်မာအထည်ချုပ်ကဏ္ဍတွင် သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များဖော်ဆောင်ရေး အစီအစဉ်ဆိုင်ရာ ပတ်သက်ဆက်နွှယ်သူများ မဟာမိတ်အဖွဲ့ (Multistakeholder Alliance for Decent Employment in the Myanmar Apparel Industry Programme-MADE in Myanmar) ထောက်ပံ့ပေးနေမှုများကို အဆုံးသတ်ရမှာ ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။ ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံကို ဆွတ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ၂၀၂၄ ခုနှစ်၊ ဇွန်လ ရက်နေ့မှ ၁၄ ရက်နေ့ထိ ကျင်းပလျက်ရှိပါသည်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ထံ လက်နက်တပ်ဆင်ပွဲ အခမ်းအနား ပြုလုပ်


ဇွန်လ ၉ရက်။ 

Radio NUG

ဇွန် ရက်၊ နေ့လယ်ပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ထံ လက်နက်တပ်ဆင်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။


လက်နက်နဲ့ ဒရုန်းတွေကို ပဲခူးတိုင်း စစ်ရေးတာဝန်ခံ ရဲဘော် ကောင်းကင်မှ ပေးအပ်ခဲ့ပြီး ပဲခူးခရိုင်ပကဖတာဝန်ခံ ရဲဘော်ဖြိုးမောင်၊ တောင်ငူခရိုင်ပကဖတာဝန်ခံ ရဲဘော် နေထူးနိုင်၊ သာယာဝတီခရိုင် စစ်ရေး ဒုတာဝန်ခံ ရဲဘော်သစ္စာနဲ့ ပြည်ခရိုင်ကိုယ်စား ရဲဘော်သာဓုတို့က အသီးသီး လက်ခံရယူခဲ့ကြတယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၂။ ရွာငံ PDF အမှတ်စဥ် (/၂၀၂၄)အပတ်စဥ်()အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်


ဇွန်လ ၉ရက်။ 

Radio NUG

ဇွန်လ၊ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် Ywangan PDF-(JPRF) Localအဖွဲ့ အမှတ်စဥ် (/၂၀၂၄) အပတ်စဥ်() အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း Ywangan PDF-(JPRF) Localက သတင်းထုတ်ပြန်ပါတယ်။


သင်တန်းကာလ နှစ်လခန့် ကြာမြင့်ပြီး သင်တန်းကာလတွင် ရဲဘော်များအား ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေရန်နှင့် ခက်ခဲ၊ ကြမ်းတမ်း၊ ပြင်းထန်သည့် သင်တန်းအမျိုးအစားများ ပါဝင်သကဲ့သို့ စိတ်ဓာတ်ပိုင်း လိုအပ်ချက်ဖြစ်သည့် နိုင်ငံရေး အခြေခံအသိကိုလည်း ထည့်သွင်းသင်ကြားပေးခဲ့ကြောင်း သိရှိရပါတယ်။


သင်တန်းဆင်းပွဲတွင် တာဝန်ခံ၊ တပ်ရင်းတာဝန်ခံများမှ မိန့်ခွန်းပြောကြားခြင်း၊ ဖိတ်ကြားထားသော အခြားမဟာမိတ်အဖွဲ့ဝင်များမှ လက်နက်ကိုင်တော်လှန်ရေး လုပ်ဆောင်ရာတွင် လိုအပ်သောအရည်အသွေးများအား ပြောကြားခြင်းများ ပြုလုပ်ခဲ့ပါတယ်။


သင်တန်းဖြစ်မြောက်အောင် အစစအရာရာ ပါဝင်ကူညီပေးပါသော အမှတ် () စစ်ဒေသ၊ MOD လက်အောက်ခံတပ်ရင်း အမှတ် (၅၁၅)အား အထူးပင်ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ညောင်ဖြူပင် ရဲစခန်းအား လက်နက်ကြီး/ငယ်များဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့


ဇွန်လ ရက်။

Radio NUG

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင် ကျေးရွာရှိ ရဲစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက်ပစ်ခတ် တိုက်ပွဲဖော်ဆောင်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi)က သတင်းထုတ်ပြန်ထားပါတယ်။


ဇွန်လ ရက် ညနေ နာရီ မိနစ် ၃၀ခန့်မှာ ညောင်ဖြူပင်ရွာ ရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ၈၀ မမ ၆၀ မမ ၄၀ မမ နှင့် လက်နက်ငယ်များဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိနိင်ပြီး တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ စစ်ဆင်ရေးကို ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ယင်းမာပင်ခရိုင် တပ်ရင်း (၃၅) တပ်ခွဲ () တောင်ပံနီအထူး ပြောက်ကျားတပ်ဖွဲ့၊ Fighter 9 Forces (Salingyi) /ဘခက်၊ 5/ Fighter Group, Royal Brother Forces ကနောင်မင်းသားကြီး၊ BED ငညို၊ CDF SRA တောဘုရင် ယက္ခ၊ ဒေါင်းတမာန်၊ Goldem Eagle ယင်းမာပင်ခရိုင်တပ်ရင်း (၁၆) တပ်ခွဲ () ညီနောင်များက ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၄။ တောင်သာတွင် ရဲစခန်း၊ ထွေအုပ်ရုံး နှင့် စစ်ဆေးရေးဂိတ်တို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်


ဇွန်လ ရက်။

Radio NUG

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့တွင် တောင်သာရဲစခန်း၊ ထွေအုပ်ရုံးနှင့် တောင်သာ (မကျီးရိုး)စစ်ဆေးရေး ဂိတ်တို့ကို ဒရုန်းဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်၊ အမှတ်()တပ်ရင်း - NRDFက သတင်းထုတ်ပြန်ထားပါတယ်။


ဇွန်လ ရက်နေ့ မနက် ၁၁ နာရီခွဲ ဝန်းကျင်မှာ တောင်သာ ရဲစခန်းနဲ့ တောင်သာ တွေအုပ်ရုံးတို့ကို Shar Htoo WOW နည်းပညာသုံး Fixed Wing Drone များဖြင့် ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း နန်းတည် အုပ်ချုပ်ရေးမှူးနဲ့ ရဲ ၄ဦး၊ ရဲမေ ၂ဦး၊ ထွေအုပ်ဝန်ထမ်း ၃ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြင်းခြံခရိုင်၊ အမှတ်()တပ်ရင်း-NRDFက ဖော်ပြထားပါတယ်။


ထို့ပြင် ညနေ နာရီခွဲ ဝန်းကျင်ခန့်မှာလည်း တောင်သာ (မကျီးရိုး) စစ်ဆေးရေးဂိတ်အား ဒရုန်းဗုံးသီးများဖြင့် ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ဦးသေဆုံးကာ ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုများကို မြင်းခြံခရိုင် အမှတ် () တပ်ရင်း-NRDF မြင်းခြံခရိုင် အမှတ် () တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် () တပ်ရင်း၊ တောင်သာမြို့နယ် ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။


========================


🚩🚩 ၅။ ကျိုက်ထိုတွင် စစ်ကောင်စီရဲ့ လက်ပံပင် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့


ဇွန်လ ရက်။

Radio NUG

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အထက်အင်္ဂဘိုရွာ အနီးက စစ်ကောင်စီ လက်ပံပင် စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေး တပ်ဖွဲ့ ()က သတင်းထုတ်ပြန်ထားပါတယ်။


ဇွန်လ ရက်နေ့ မွန်းလွဲ နာရီခန့်က အဆိုပါ လက်ပံပင် စစ်ဆေးရေး ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ပြင်းအားမြင့် ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိနိုင်ပြီး အသေးစိတ်ကို မသိရသေးဘူးလို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေး တပ်ဖွဲ့()မှ ရဲဘော်ကိန်းက ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေး တပ်ဖွဲ့ ()နှင့် ညီနောင် ERO များ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ စစ်ကောင်စီအား တန်ပြန်စစ်ဆင်ရန်ရှိတာကြောင့် ရေး-ထားဝယ်လမ်းမအား အရေးမကြီးပါက မသုံးဖို့ ဒေါနစစ်ကြောင်း အသိပေး


ဇွန်လ ရက်။

Radio NUG

ရေး-ထားဝယ်လမ်းပိုင်းကို ပြန်လည် ထိန်းချုပ်နိုင်ရေး စစ်ကောင်စီက ထိုးစစ်ဆင် ကြိုးစားနေသကဲ့သို့ လမ်းတလျောက် ဖြန့်ကျက်ထားတဲ့ တော်လှန်ရေး ပူးပေါင်းတပ်များကလည်း အပြင်းအထန် တန်ပြန်စစ်ဆင်ရန် စီစဉ်ထားကြောင်း ဒေါနစစ်ကြောင်းက ဇွန်လ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။


သို့ဖြစ်ပါ၍ ဇွန်လ ရက်နေ့မှစပြီး တစုံတရာ ထုတ်ပြန်မှု မပြုလုပ်မခြင်း ရေး-ထားဝယ် လမ်းပိုင်းကို ပြည်သူများအနေနဲ့ အရေးတကြီး မလိုအပ်ပါက လုံးဝ အသုံးမပြုကြဖို့ ဒေါနစစ်ကြောင်းက တောင်းဆိုပါတယ်။


စစ်ကောင်စီက ထိုးစစ်ဆင်ရာမှာ ပြည်သူများအား အသုံးပြုခြင်း၊ အရပ်သားအသွင်ယူပြီး စစ်အင်အား ဖြည့်တင်းခြင်း ပြုလုပ်နေတာကြောင့် ပြည်သူများ ထိခိုက်မှု မရှိစေရန် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များရဲ့ စစ်ဆင်ရေး ဖော်ဆောင်မှု လွယ်ကူစေရန် ယခုကဲ့သို့ သတိပေး ပန်ကြားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။


တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ပြည်သူ့အကျိုးကို ရှေးရှုပြီး ပြည်သူလူထုအား တစုံတရာ ထိခိုက်မှုမရှိစေရန် ယခုလို ထုတ်ပြန်ခြင်း ဖြစ်တာကြောင့် ပြည်သူများက နားလည်လိုက်နာလိမ့်မယ်လို့ ယုံကြည်ကြောင်း ဖော်ပြထားပါတယ်။


ထုတ်ပြန်ချက်ကို အထူးလိုက်နာရန်နှင့် လိုက်နာဖို့ ပျက်ကွက်ခဲ့ပါက ဖြစ်လာမယ့် အကျိုးဆက်များအား လုံးဝတာဝန်ယူမှာ မဟုတ်ကြောင်းဒေါနစစ်ကြောင်းက အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment