20th JUN 2024 - Evening Daily News by Radio NUG

 


၂၀၂၄ ဇွန်လ ၂၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၉)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ်PDFရဲဘော်များကို ဝန်ကြီးချုပ်က အာဟာရဒါန ကျွေးမွေးလှူဒါန်းခြင်းများပြုလုပ်

📌 ၂။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်မပါဘဲ မပြေလည်နိုင်ဘူးလို့ NLD ထုတ်ပြန်

📌 ၃။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက်မွေးနေ့အခမ်းအနား သို့ တီမောသမ္မတ ဟိုဆေးရာမို့စ် ဟိုတာတက်ရောက်

📌 ၄။ စစ်တပ်၏ မတရားစစ်သားစုဆောင်းမှုအောက်မှာ မိန်းကလေးငယ်များကို အဓမ္မစစ်သားစုဆောင်းမှုပြုမည်မှာ အထူးစိုးရိမ်ရကြောင်းသံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

📌 ၅။ မြန်မာနိုင်ငံ၏ နိုင်ငံခြားအရန်ငွေ အမေရိကန်ဒေါ်လာ ဘီလီယံကျော်ကို NUG, EROများ နှင့် ကျယ်ပြန့်သော အရပ်ဘက်လူ့အဖွဲ့အစည်းများထံ ပြန်လည်ပေးအပ်ရန် မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) ကတိုက်တွန်း

📌 ၆။ အကြမ်းဖက်စစ်တပ်ဟာ လိမ်လည်သတ်ဖြတ်မှုများကိုကျူးလွန်နေပြီး လူမသိ သူမသိ အသတ်ခံရတဲ့ ပြည်သူတွေ နိုင်ငံအနှံ့ရှိနေတယ်လို့ဆို

📌 ၇။ "၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (BECA) Complaint Form" တင်သွင်းနိုင်သည့်ကာလ ဇွန်လ (၂၅) ရက်နေ့" တွင် သတ်မှတ်ကာလပြည့်မည်

📌 ၈။ ဇွန်လ ၁၉ မှ ၂၉ ရက် အတွင်း Binance P2P တွင် SDB Payment အသုံးပြုပြီး တစ်ကြိမ်လျှင် အနည်းဆုံး မြန်မာငွေ ()သောင်းကျပ် ဖြင့် အရောင်းအဝယ်ပြုလုပ်၍ 1 USD လက်ဆောင် ရယူနိုင်


၂၀၂၄ ခုနှစ် ဇွန်လ ၂၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဦးဇခုန်တိန်ယိမ်း ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က တအိမ်တဦး ရှေ့တန်းထွက်ရမယ်လို့ အမိန့်ထုတ်

🚩 ၂။ တိုက်ကြီးမြို့နယ်မှာ စစ်ကောင်စီခန့်ရာအိမ်မှူး ဖဲရိုက်နေချိန် ပစ်ခတ်ခံရပြီးသေဆုံး

🚩 ၃။ ပခုက္ကူနယ်မှာ စစ်တပ်စစ်ကြောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ၁၀ ဦးသေဆုံး  

🚩 ၄။ ပေါက်မြို့ ကပစ ၂၄ မှ ပေါက်မြို့နယ်အရှေ့အရပ်ကိုဦးတည်ပြီး (၁၂၀) မမဖြင့်ရမ်းသမ်းပစ်ခတ်

🚩 ၅။ တန့်ဆည်နယ်က ပျူရွာကို အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်

🚩 ၆။ မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာ စစ်သားတွေပါတဲ့ကားကို တိုက်ခိုက်မှု ၁၄ ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၉)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ်PDFရဲဘော်များကို ဝန်ကြီးချုပ်က အာဟာရဒါန ကျွေးမွေးလှူဒါန်းခြင်းများပြုလုပ်


ဇွန်လ၂၀ရက်


အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၉)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ်PDFရဲဘော်များကို ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက  အာဟာရဒါန ကျွေးမွေးလှူဒါန်းခြင်းများပြုလုပ်ခဲ့တယ်လို့ ဇွန်လ၂၀ရက်မှာ ၎င်း၏ဆိုရှယ်မီဒီယာက တစ်ဆင့်ဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၉)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ်  ပဲခူးရိုးမစစ်ဘေးရှောင်စခန်း၊ မကွေးခရိုင် အမှတ်()တပ်ရင်း(ရေနံချောင်း PDF) ရေနံချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သရက်ခရိုင်တပ်ရင်း၊ အမှတ်() စစ်ဒေသ တပ်ရင်း (၅၁၀) ရန်ကုန်တိုင်းစစ်ဌာန တပ်ရင်း (၅၁၀၁) နှင့် ဟင်္သာတခရိုင်အမှတ်() တပ်ရင်း တို့ကို အာဟာရဒါန ကျွေးမွေးလှူဒါန်းခြင်းများပြုလုပ်ခဲ့တယ်လို့ဖော်ပြပါတယ်။


လက်ရှိမှာ ပြည်ထောင်စုဝန်ကြီးချုပ်ဟာ ပြည်တွင်းမှာသာတော်လှန်ရေးတာဝန်များကိုလည်းထမ်းဆောင်လျက်ရှိ‌နေတာဖြစ်ပါတယ်။


========================


📌📌 ၂။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်မပါဘဲ မပြေလည်နိုင်ဘူးလို့ NLD ထုတ်ပြန်


ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၉ နှစ်မြောက်မွေးနေ့အဖြစ် ထုတ်ပြန်တဲ့ ကြေညာချက်မှာ အခုလို ထုတ်ဖော်ပြောဆို လိုက်တာဖြစ်ပါတယ်။ 


ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုမပါဘဲ ပြေလည်ရေးလမ်းစ မရနိုင်ဘူးလို့ယုံကြည်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဥ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်နိုင်ရေး မိတ်ဆွေ နိုင်ငံများ၊ ပြည်တွင်း၊ ပြည်ပ မိတ်ဖက်အင်အားစုများက ဆက်လက်ကြိုးပမ်းအားထုတ်ပေးကြဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တောင်းဆိုထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း မိတ်ဆွေနိုင်ငံများ၊ ပြည်တွင်း၊ ပြည်ပ မိတ်ဖက်အင်အားစုများအားလုံးနဲ့အတူ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ NLD ပါတီက ကြေညာထားပါတယ်။ 

 ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီရေး၊ အခြေခံလူ့အခွင့်အရေးတို့အတွက် ကြိုးပမ်းစဥ်ကာလ တလျှောက် စစ်အာဏာရှင်တို့ထံမှာ ၁၅ နှစ်ကျော် အကျဥ်းချခံခဲ့ရပေမယ့်နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်း များဖြင့်သာ ဖြေရှင်းဆောင်ရွက်ခဲ့သူတဦးဖြစ်တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ထိုနည်းလမ်းအတိုင်း တစိုက်မတ်မတ်ရပ်တည်လျက်ရှိတယ်လို့ NLD က ဆိုပါတယ်။ 

၂၀၂၁ ဖေဖေါ်ဝါရီ ရက်နေ့မှာ စစ်တပ်က ဥပဒေမဲ့ မတရားအာဏာသိမ်းမှုကျူးလွန်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး အကျဥ်းချထားတာ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် ဒီကာလလျှောက်လုံး မိသားစုနဲ့ထောင်ဝင်စာတွေ့ဆုံခွင့်  ပိတ်ပင် ထားတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာ အာဏာသိမ်းစစ်ကောင်စီက လက်ရှိအချိန်ထိ တရားဝင်ထုတ်ပြန်ခြင်းမရှိဘူးလည်းလည်း ပြောပါတယ်။

အခုလို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သူရဲဘောကြောင်စွာ နဲ့ နိုင်ငံရေးဓားစာခံအဖြစ် ဖမ်းဆီးချုပ်နှောင်ထားတဲ့လုပ်ရပ်ကို NLD ပါတီက ရှုတ်ချထားပါတယ်။ 

ဒါကြောင့် အာဆီယံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံများအနေနဲ့ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေး အထောက်အကူဖြစ်စေမယ့် ကိစ္စရပ်တွေကို ရှောင်ရှားပြီး ပြည်သူလူထုဆန္ဒအပေါ်အခြေခံ စဥ်းစားဆောင်ရွက်ကြမှသာ ရေရှည်ခိုင်မာတဲ့ တည်ငြိမ်အေးချမ်းမှုကိုရရှိမှာဖြစ်တယ်လို့ NLD က တိုက်တွန်းပြောဆိုထားပါတယ်။


========================


📌📌 ၃။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက်မွေးနေ့အခမ်းအနား သို့ တီမောသမ္မတ ဟိုဆေးရာမို့စ် ဟိုတာတက်ရောက်


ဇွန်လ၂၀ရက်


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ် မြောက် မွေးနေ့အခမ်းအနားသို့ တီမောသမ္မတ ဟိုဆေးရာမို့စ် ဟိုတာတက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


တီမောလက်စ်တေးနိူင်ငံ တီမောဟိုတယ်မှာ ဇွန်လ ၁၉ ရက်နေ့က ကျင်းပရာ တီမောသမ္မတတက်ရောက်ခဲ့တာဖြစ်ပါတယ်။


အဆိုပါအခမ်းအနားတွင် NUGနိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်၊ကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုးနှင့်ချက်နိူင်ငံ NUGကိုယ်စားလှယ်ဦးလင်းသန့်တို့ကိုပါတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။


တီမောလက်စ်တေးနိူင်ငံဟာ အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အသိအမှတ်ပြုဆက်ဆံရုံသာမက အစိုးရအဖွဲ့ဝင်များအား အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးလုပ်‌ဆောင်လျှက် ရှိပါတယ်။


========================


📌📌 ၄။ စစ်တပ်၏ မတရားစစ်သားစုဆောင်းမှုအောက်မှာ မိန်းကလေးငယ်များကို အဓမ္မစစ်သားစုဆောင်းမှုပြုမည်မှာ အထူးစိုးရိမ်ရကြောင်းသံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား


ဇွန်လ၂၀ရက်


ဇွန်လ၁၉ရက်(၁၀) နှစ်မြောက် International Day for the Elimination of Sexual Violence in Conflict နှစ်ပတ်လည် အခမ်းအနားတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလိုပြောကြားခဲ့ပါတယ်။


"မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ မတရားစစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ပြီး နောက် အာဏာသိမ်းစစ်တပ်သည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုမြောက်သည့် ရက်စက်ကြမ်းကြုတ်မှုများကို ဆက်တိုက် ကျူးလွန်လျက် ရှိကြောင်း၊အာဏာသိမ်းစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော သဘောသဘာဝအရ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အပါအဝင် အခြားသော အကြမ်းဖက်မှုများ ဆက်လက်မြင့်တက်လာ မည်သာ ဖြစ်ကြောင်း၊ ထို့အပြင် စစ်တပ်၏ မတရားစစ်သားစုဆောင်းမှုအောက်မှလည်း မိန်းကလေးငယ်များကို အဓမ္မစစ်သားစုဆောင်းမှုပြုမည်မှာ အထူးစိုးရိမ်ရကြောင်း"သံအမတ်ကြီးကပြောပါတယ်။


ဒါ့အပြင် အာဏာသိမ်းစစ်တပ်က ပဋိပက္ခ ဖြစ်ပွားသည့် အရပ်ဒေသများတွင် အဓမ္မပြုကျင့်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်နည်းဗျူဟာအဖြစ် အသုံးချလျက်ရှိကြောင်း၊ အဆိုပါ စစ်တပ်သည် ထိုကဲ့သို့ အလွန်အကျည်းတန်သော အပြုအမူကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ဖြင့် ဆယ်စုနှစ်ပေါင်းများစွာ ကျူးလွန်ခဲ့ပြီး ယခုတိုင်ကျင့်သုံးလျက်ရှိကြောင်းသံအမတ်ကြီးကထပ်လောင်းပြောပါတယ်။


========================


📌📌 ၅။ မြန်မာနိုင်ငံ၏ နိုင်ငံခြားအရန်ငွေ အမေရိကန်ဒေါ်လာ ဘီလီယံကျော်ကို NUG, EROများ နှင့် ကျယ်ပြန့်သော အရပ်ဘက်လူ့အဖွဲ့အစည်းများထံ ပြန်လည်ပေးအပ်ရန် မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) ကတိုက်တွန်း


ဇွန်လ၂၀ရက်


မြန်မာနိုင်ငံ၏ နိုင်ငံခြားအရန်ငွေ အမေရိကန်ဒေါ်လာ ဘီလီယံကျော်ကို NUG, EROများ နှင့် ကျယ်ပြန့်သော အရပ်ဘက်လူ့အဖွဲ့အစည်းများထံ ပြန်လည်ပေးအပ်ရန် မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) ကတိုက်တွန်းလိုက်ကြောင်းကို ဇွန်လအတွင်း မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) က ထုတ်ပြန်ပါတယ်။


SAC-M အနေနှင့် အမေရိကန်ပြည်ထောင်စုအစိုးရအား တိုက်တွန်းလိုသည်မှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ US Federal Reserve မှ ထိန်းချုပ်ထားလိုက်သည့် မြန်မာနိုင်ငံ၏ နိုင်ငံခြားအရန်ငွေ အမေရိကန်ဒေါ်လာ ဘီလီယံကျော်၊ သို့မဟုတ် အနည်းဆုံးအားဖြင့် ယင်းအချိန်မှစ၍ ထွက်ပေါ်လာသော များပြားလှသည့်အတိုးငွေများအား မြန်မာပြည်သူများ၏ တရားဝင်ကိုယ်စားလှယ်များဖြစ်သော NUG, EROများ နှင့် ကျယ်ပြန့်သော အရပ်ဘက်လူ့အဖွဲ့အစည်းများထံ ပြန်လည်ပေးအပ်ရန်ဖြစ်တယ်လို့ဖော်ပြပါတယ်။


ဒါ့အပြင်  နိုင်ငံတကာမှ သက်ဆိုင်သူများသည် မြေပြင်ပေါ်ရှိ အခြေအနေအသစ်များကို တုန့်ပြန်ရန်သော်လည်းကောင်း၊ အကျပ်အတည်းများအပေါ် ၎င်းတို့လက်ရှိကျင့်သုံးနေသောစောင့်ကြည့်မှုသက်သက်ချဥ်းကပ်မှုထက် ကျော်လွန်၍ မြန်မာနိုင်ငံရှိ အရပ်သားများ၏ဒုက္ခအား လျော့ပါးစေရန်နှင့် မြန်မာပြည်တွင်း လူ့အခွင့်အရေးအား ကာကွယ်ရန်အတွက် တိကျပြတ်သားသော လုပ်ဆောင်မှုများကို ကျင့်သုံးရန်သော်လည်းကောင်း ထမ်းဆောင်ရမည့်တာ၀န်ရှိတယ်လို့ဆိုထားပါတယ်။


========================


📌📌 ၆။ အကြမ်းဖက်စစ်တပ်ဟာ လိမ်လည်သတ်ဖြတ်မှုများကိုကျူးလွန်နေပြီး လူမသိ သူမသိ အသတ်ခံရတဲ့ ပြည်သူတွေ နိုင်ငံအနှံ့ရှိနေတယ်လို့ဆို


ဇွန်လ၂၀ရက်


အကြမ်းဖက်စစ်တပ်ဟာ လိမ်လည်သတ်ဖြတ်မှုများကိုကျူးလွန်နေပြီး လူမသိ သူမသိ အသတ်ခံရတဲ့ ပြည်သူတွေ နိုင်ငံအနှံ့ရှိနေတယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကဇွန်လ၂၀ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် ပြောကြားထားပါတယ်။


"ပစ်သတ်ခံရသူဟာ နိုင်ငံကျော် ဆရာတော်တစ်ပါး ဖြစ်နေလို့သာ ဖက်တိုက်ပွဲဖြစ်သယောင် သတင်းထုတ်ပြန်တာ။သာမန်ပြည်သူ တယောက်သာ ဖြစ်နေရင် PDF အကြမ်းဖက်အဖွဲ့ကို ရှင်းလင်းနိုင်ခဲ့တယ် လို့ ဂုဏ်ဆာကြအုံးမှာပါ။ဒီလိုနဲ့ စစ်ဆေးမေးမြန်းမှုမရှိပဲ လူမသိ သူမသိ အသတ်ခံရတဲ့ ပြည်သူတွေ နိုင်ငံအနှံ့ ခံနေရဆဲပါ"လို့ ဝန်ကြီးကဆိုပါတယ်။


ဇွန်လ ၁၉ ရက်နေ့တွင် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ စစ်တပ်မှ ပစ်သတ်မှုကြောင့် ပျံလွန်တော်မူခဲ့ပါတယ်။


========================


📌📌 ၇။ "၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (BECA) Complaint Form" တင်သွင်းနိုင်သည့်ကာလ ဇွန်လ (၂၅) ရက်နေ့" တွင် သတ်မှတ်ကာလပြည့်မည်


ဇွန်လ၂၀


"၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (BECA) Complaint Form" တင်သွင်းနိုင်သည့်ကာလ ဇွန်လ (၂၅) ရက်နေ့" တွင် သတ်မှတ်ကာလပြည့်မည်ဖြစ်ကြောင်း

ဇွန်လ၂၀ရက်မှာ ပညာရေးဝန်ကြီးဌာနမှ တရားဝင်အသိပေးဖော်ပြပါတယ်။


၂၀၂၄ ခုနှစ်၊ မေလ (၂၅) ရက်နေ့က စတင်ဖွင့်လှစ်ပေးထားခဲ့သည့် ''အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း [Basic Education Completion Assessment (BECA)] Complaint Form'' တင်သွင်းနိုင်သည့်ကာလသည် လာမည့် "၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့" တွင် သတ်မှတ်ကာလပြည့်မည် ဖြစ်ပါသောကြောင့် Complaint Form တင်သွင်းနိုင်သည့်အစီအစဥ် ပိတ်သိမ်းတော့မည် ဖြစ်ပါ၍ "အချိန်ကာလ () ရက်" သာ ကျန်ရှိတော့တယ်လို့ဖော်ပြပါတယ်။ 


BECA Complaint Form တင်သွင်းလိုကြသော ပြည်သူ့ကျောင်းသား၊ ကျောင်းသူများ သတိပြုမိနိုင်ရန် ကြိုတင်အသိပေးနှိုးဆော်အပ်တယ်လို့ဆိုထားပါတယ်။


========================


📌📌 ၈။ ဇွန်လ ၁၉ မှ ၂၉ ရက် အတွင်း Binance P2P တွင် SDB Payment အသုံးပြုပြီး တစ်ကြိမ်လျှင် အနည်းဆုံး မြန်မာငွေ ()သောင်းကျပ် ဖြင့် အရောင်းအဝယ်ပြုလုပ်၍ 1 USD လက်ဆောင် ရယူနိုင်


ဇွန်လ၂၀ရက်


ဇွန်လ ၁၉ မှ ၂၉ ရက် အတွင်း Binance P2P တွင် SDB Payment အသုံးပြုပြီး တစ်ကြိမ်လျှင် အနည်းဆုံး မြန်မာငွေ ()သောင်းကျပ် ဖြင့် အရောင်းအဝယ်ပြုလုပ်၍ 1 USD လက်ဆောင် ရယူနိုင်တယ်လို့ ဇွန်လ၁၉ရက်မှာ နွေဦးဘဏ်ကတရားဝင်အသိပေးဖော်ပြပါတယ်။


"နွေဦးဘဏ်ချစ်သူတို့အတွက် လွတ်လပ်မှုကို မြတ်နိုးတဲ့ လူထုခေါင်းဆောင် အမေစုမွေးနေ့ အမှတ်တရအနေဖြင့် SDB အကောင့်ကို ကိုယ်တိုင် ငွေသွင်းငွေထုတ်ရန် နှင့် Binance P2P တွင် လုံခြုံစိတ်ချရသော SDB Payment ကို ကျွမ်းကျင်စွာအသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ပြီး Binance P2P မှာ SDB နဲ့ ရောင်းဝယ်ရင်း 11 USD ရယူနိုင်မယ့် ကမ်ပိန်းလေး ကျင်းပလိုက်ရပါတယ်။ဇွန်လ ၁၉ မှ ၂၉ ရက် အတွင်း Binance P2P တွင် SDB Payment အသုံးပြုပြီး တစ်ကြိမ်လျှင် အနည်းဆုံး မြန်မာငွေ ()သောင်းကျပ် ဖြင့် အရောင်းအဝယ်ပြုလုပ်ရပါမယ်။  တစ်ရက်လျှင် မတူညီသော Buyer/Seller များဆီမှ ရောင်း/ဝယ် () ကြိမ် ပြုလုပ်ပြီး 1 USD လက်ဆောင် ရယူနိုင်ပါတယ်"လို့ဖော်ပြပါတယ်။


ပါဝင်နိုင်သည့် ရက်အလိုက် အမှတ်တရ လက်ဆောင် USD များကို screenshot များနှင့်တကွ SDB email မှ တဆင့် ထုတ်ယူနိုင်မှာဖြစ်ပါတယ်။


USD လက်ဆောင် ထုတ်ယူရန် Binance မှ SDB ဖြင့် ဝယ်/ရောင်း Transaction များ၏ Screenshot များ ကို SDB username နှင့် UID တို့ဖြင့် hello@sdbank.co သို့ ဇူလိုင်လ ရက်နေ့အထိ နောက်ဆုံးထားပြီး အီးမေးလ်ပို့နိုင်မှာဖြစ်ပါတယ်။


သတ်မှတ်ကာလ (၁၁) ရက် ဆက်တိုက် ရောင်း/ဝယ်မှု ပြုလုပ်နိုင်ပါက တစ်ဦးလျှင် 11 USD အထိ အများဆုံး ထုတ်ယူနိုင်မှာပဲဖြစ်ပြီးနွေဦးဘဏ်မှ အတည်ပြုစိစစ်ပြီးပါက ဇူလိုင်လ ပထမ အပတ်အတွင်း သက်ဆိုင်ရာ အကောင့်များသို့ ထည့်သွင်းပေးသွားမယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ဦးဇခုန်တိန်ယိမ်း ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က တအိမ်တဦး ရှေ့တန်းထွက်ရမယ်လို့ အမိန့်ထုတ် 


ကချင်ပြည်နယ်မှာ ဦးဇခုန်တိန်ယိမ်းဦးတဲ့ ပြည်သူ့စစ်အဖွဲ့က တအိမ်လျင်တဦး ရှေ့တန်းတာဝန်တွေ မဖြစ်မနေထမ်းဆောင် ရမယ်လို့ ဇွန်လ ၁၈ ရက်ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်ထဲက ဆော့လော်၊ ချီဖွေနဲ့ ကန်ပိုင်တည်ဒေသတွေမှာ ကချင်လွတ်လပ်ရေးတပ်မတော်-KIAနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်မတော်-PDF များကိုခုခံဖို့ ဦးဇခုန်တိန်ယိမ်းက ဇွန်လ ရက်မှာ စစ်မိန့်ထုတ်ပြန်ခဲ့ပြီးနောက်  ၎င်းရဲ့ လက်အောက်ခံ ကချင်အထူးဒေသ- ဒေသပြည်သူ့စစ်တပ်ဖွဲ့ နိုဇွန်ဘော် စစ်ကြောင်းက ဇွန်လ ၁၈ ရက်မှာ အချက် ချက်ပါတဲ့ အမိန့်ကိုထုတ်ပြန်တာဖြစ်ပါတယ်။ 

အရေးပေါ် အခြေအနေအရ ဒေသကိုကာကွယ်ရမယ့်အချိန်ဖြစ်တာကြောင့် ကျေးရွာအုပ်စု အသီးသီးမှာနေထိုင်ကြသူတွေ အနေနဲ့ တအိမ်လျင် တဦး ရှေ့တန်းတာဝန်ကို မဖြစ်မနေ ထမ်းဆောင်ရမမယ်လို့ ဆိုပါတယ်။

ပြည်သူ့စစ်အဖွဲ့မှာ လက်ရှိတာဝန် ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ ကုမ္ပဏီနဲ့အခြားတပ်ဖွဲ့တွေကိုပြောင်းပြီး တာဝန် ထမ်းဆောင်တာတွေ လုံး၀မလုပ်ရဘူးလို့လည်း ဖော်ပြထားပါတယ်။ 

ဒါ့အပြင် ကုမ္ပဏီမှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ဒေသပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေအနေနဲ့ နီးစပ်ရာတပ်ခွဲနဲ့ပူးပေါင်းပြီး ရှေ့တန်းတာဝန်ကို အလှည့်ကျ ထမ်းဆောင်ရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိတာကိုတွေ့ရပါတယ်။ 

ဒေသပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေအနေနဲ့ ရှေ့တန်းတာဝန်မကျတဲ့အချိန်မှာတော့ ကုမ္ပဏီလုံခြုံရေးတာဝန်ကို ထမ်းဆောင်နယင် တယ်လို့ အသိပေးထားပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်-KIA အနေနဲ့ ဇွန်လ ၁၁ ရက်မှာ ဝိုင်းမော် - ဆဒုံးလမ်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းများ၊ ဆဒုံးဗျူဟာအပါအဝင် တပ်စခန်း ၁၈ ခုကို တရက်အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ ဒီစစ်ဆင်ရေးအတွင်း ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်-BGF စခန်းတွေက ခုခံတိုက်ခိုက်ခြင်းမပြုဘဲစခန်းစွန့် ထွက်ပြေးတာတွေရှိခဲ့ပါတယ်။ 

KIA အနေနဲ့ ၂၀၁၂ ခုနှစ်ဝန်းကျင်ကာလတွေတုန်းကလည်း ဦးဇခုန်တိန်ယိမ်းဦးဆောင်တဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ် တွေတွေကို ထိုးစစ်ဆင်တိုက်ခိုက်တဲ့ စစ်ဆင်ရေးတရပ် ဆောင်ရွက်ခဲ့ရာမှာ အောင်မြင်မှုတွေရရှိခဲ့ပြီး KIA- တပ်မဟာ ကို ဖွဲ့စည်းထူထောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ တိုက်ကြီးမြို့နယ်မှာ စစ်ကောင်စီခန့်ရာအိမ်မှူး ဖဲရိုက်နေချိန် ပစ်ခတ်ခံရပြီးသေဆုံး


ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်မှာ စစ်ကောင်စီခန့်ရာအိမ်မှူးတဦး နေအိမ်မှာ ဖဲရိုက်လောင်းကစားပြုလုပ်နေချိန်မှာ ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့က ပြောပါတယ်။

ပဲခူးတိုင်း သာယာဝတီမြို့နယ်နဲ့ ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်အစပ်က သဲဖြူ-ပိန်းရှိုလေးကျေးရွာမှာနေတဲ့ စစ်ကောင်စီခန့် ရာအိမ်မှူးနဲ့ ပျူစောထီးခေါင်းဆောင်ဆိုသူ ဝင်းမောင် ၎င်းရဲ့အိမ်မှာ ဖဲရိုက်နေချိန် ဇွန်လ ၁၉ ရက် ညနေ နာရီခန့်မှာ ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အခုလိုတိုက်ခိုက်ရာမှာ စစ်ရေးနဲ့မသက်ဆိုင်သူတွေကို ပြန်လွှတ်ပေးခဲ့ပြီး ဖဲဝိုင်းမှာတွေ့ရတဲ့ ကျပ်သုံးသိန်း၊ ဖုန်းတလုံး၊ ရာအိမ်မှူးမောင်ဝင်းရဲ့ မှတ်ပုံတင်နဲ့ကြံ့ခိုင်ရေးပါတီဝင်ကတ်၊ ဆိုင်ကယ်တစီး၊ ရွှေဆွဲကြိုးတကုံး၊ လက်စွပ်တကွင်း စတာတွေ ကို သိမ်းဆည်းခဲ့ကာ မြို့နယ်သက်ဆိုင်ရာအဖွဲ့အစည်းထံအပ်နှံဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတဲ့ ရာအိမ်မှူးဝင်းမောင်ဟာ ပြီးခဲ့သည့်ရက်ပိုင်းကပဲ စစ်ကောင်စီတပ်သားတွေကို ထမင်းခေါ်ကျွေးခဲ့ရာမှာ ကုန်ကျတဲ့ဧည့်ခံစရိတ်ကို ရပ်ရွာဒေသခံတွေဆီကကောက်ခံပြီး ပိုငွေကို ကိုယ်ကျိုးအတွက် အသုံး ပြုခဲ့တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့က အသိပေးထားပါတယ်။ 

ဒါ့အပြင် ရာအိမ်မှူးမောင်ဝင်းဟာ စစ်တပ်အာဏာမသိမ်းမီနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့မှာလုပ်တဲ့ တပ်ထောက်ခံပွဲတွေမှာ ကိုယ်တိုင်ပါဝင်တဲ့အပြင် လူစုပေးတာတွေကို လုပ်ဆောင်ခဲ့သူလို့ ဆိုပါတယ်။

စစ်ကောင်စီခန့်ရာအိမ်မှူး ဝင်းမောင် ပစ်ခတ်ခံရပြီးနောက် မိနစ် ၂ဝ ခန့်အကြာမှာ တပ်နယ်မှူးဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ ရောက်လာပြီး မြို့အဝင်၊ အထွက်တွေပိတ်ကာ စစ်ဆေးတာတွေ တင်းတင်းကြပ်လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


========================


🚩🚩 ၃။ ပခုက္ကူနယ်မှာ စစ်တပ်စစ်ကြောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ၁၀ ဦးသေဆုံး  


မကွေးတိုင်း ပခုက္ကူမြို့နယ် စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်အဖွဲ့တွေက ဗုံးကြဲတိုက်ခဲ့ရာမှာ စစ်အုပ်စုဘက်က တဦး သေဆုံးသွားတယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

ဇွန်လ ၁၈ ရက်နေ့က ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ ကနေထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းနဲ့ ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ကမ္မမြို့နဲ့ တွင်းမပျူစောထီးကျေးရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အပြင် လက်နက် ငယ်တွေနဲ့ ပစ်ခတ်တာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေမှာ စစ်သားနဲ့ ပျူစောထီးတွေကို ဆေးကုပေးနေတဲ့ ပျူစောထီး ချစ်လွင် ဒရုန်းဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး   သေဆုံးသွားတဲ့အပြင် ပျူစောထီး အောင်နေစိုး ခြေထောက်ကို ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မိုင်းထိတာကြောင့် ပျက်စီးသွားတွေ ကားတွေလည်း ပြုပြင်နေဆဲဖြစ်တာကြောင့် ခရီးမဆက်နိုင်သေးဘူးလို့လည်း သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို မြိုင်ပကဖတပ်ရင်း တပ်ခွဲ - တပ်ခွဲ ပေါက် ပကဖ BLY‌ ပြောက်ကျားတပ်ဖွဲ့ KMDF (ကမ္မတပ်ပေါင်းစု) PDF Kamma (ကမ္မတပ်ပေါင်းစု) နဲ့ Dog Killer Task Force (DKTF) pauk တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ တာဖြစ်ပါတယ်။


========================


🚩🚩 ၄။ ပေါက်မြို့ ကပစ ၂၄ မှ ပေါက်မြို့နယ်အရှေ့အရပ်ကိုဦးတည်ပြီး (၁၂၀) မမဖြင့်ရမ်းသမ်းပစ်ခတ်


ဇွန်လ၂၀ရက်


ပေါက်မြို့ ကပစ ၂၄ မှ ပေါက်မြို့နယ်အရှေ့အရပ်ကိုဦးတည်ပြီး (၁၂၀) မမဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းကို ဇွန်လ (၂၀)ရက် မနက်၉နာရီ၁၀မိနစ်အချိန်မှာစကစတပ်ရဲ့ကျူးလွန်မှုကို တော်လှန်ရေးအင်အားစုကအသိပေးဖော်ပြပါတယ်။


ပေါက်မြို့ ကပစ ၂၄ မှ ပေါက်မြို့နယ်အရှေ့အရပ်ကိုဦးတည်ပြီး (၁၂၀) မမဖြင့် လက်ရှိ ()ချက်ပစ်နေသည့်အတွက် အကာအကွယ်ကောင်းသော နေရာများတွင် နေထိုင်ကြပါရန် အသိပေးအပ်တယ်လို့ဖော်ပြပါတယ်။


အကြမ်းဖက်စကစတပ်များဟာ စစ်ကိုင်းတိုင်း၊မကွေးတိုင်းနှင့်ရခိုင်ပြည်နယ်၊ကရင်နီဒေသတို့မှာ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်၍အရပ်သားသေဆုံးထိခိုက်မှုတို့ရှိခဲ့ပါတယ်။


========================


🚩🚩 ၅။ တန့်ဆည်နယ်က ပျူရွာကို အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်


စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ထဲက အင်္ကုက္ကားပျူစောထီးကျေးရွာကို ဒရုန်းနဲ့ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေဘက်က ထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်လို့ Civil Armed Force က ပြောပါတယ်။

တန့်ဆည်မြို့နယ် အင်္ကုက္ကားပျူစောထီးကျေးရွာကို ဇွန်လ ၁၈ ရက်နေ့ ညနေ နာရီ ၄၃ မိနစ်မှာ ကြိမ်၊ ဇွန်လ ၁၅ ရက်နေ့ ညနေ နာရီခန့်အချိန်မှာ ကြိမ် ဒရုန်းနဲ့ ဗုံးကြဲခဲ့ရာမှာ ပစ်မှတ်ကို တိကျစွာတိုက်ခိုက်နိုင်ခဲ့တာကြောင့် အကြမ်းဖက်စစ်သား တွေ ထိခိုက်သေဆုံးမှုရှိပေမယ့် အတိအကျသိရှိနိုင်ဖို့ စုံစမ်းနေဆဲလို့ဆိုပါတယ်။

ထို့အတူ ဇွန်လ ၁၄ ရက်နေ့ မနက် ၁ဝ နာရီကျော်အချိန်က DropBomb နဲ့တကြိမ် နဲ့ ဇွန်လ ၁၃ ရက်နေ့ မနက် ၁ဝ နာရီ ၄၅ မိနစ်မှာ DropBomb နဲ့ ကြိမ် ညနေ နာရီခန့်မှာ DropBomb နဲ့ ကြိမ် အင်္ကုက္ကားပျူစောထီးကျေးရွာက ပစ်မှတ်ကို တိကျစွာတိုက်ခိုက်နိုင်ခဲ့တယ်လို့လည်း Civil Armed Force တပ်ဖွဲ့က အသိပေးထားပါတယ်။

ဒီတိုက်ခိုက်မှုကို Civil Armed Force တပ်ဖွဲ့ကရဲဘော်တွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ ဘက်က ပြန်လည်ပစ်ခတ်မှုတွေရှိခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။


========================


🚩🚩 ၆။ မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာ စစ်သားတွေပါတဲ့ကားကို တိုက်ခိုက်မှု ၁၄ ဦးသေဆုံး


မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာ စစ်သားတွေလိုက်ပါလာတဲ့ကားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၄ ဦးသေဆုံး သွားတယ်လို့ မြင်းခြံခရိုင်အမှတ် တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့က ပြောပါတယ်။ 

နွားထိုးကြီးမြို့ကနေ ပြင်စည်ကျေးရွာဘက်မောင်းလာပြီး အကြမ်းဖက်စစ်သား ၃ဝ ခန့်ပါတဲ့ကားကို ဇွန်လ ၁၈ ရက်နေ့ မနက် ၁၁ နာရီခန့်အချိန်မှာ ရှောက်တောရိုးကွေ့အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားပျက်စီးတယ်လို့ သိရပါတယ်။

ကားပျက်သွားတာကြောင့် ခြေလျင်လျောက်လာတဲ့ စစ်သားတွေကို မြင်းခြံခရိုင်အမှတ် တပ်ရင်းက ရဲဘော်တွေ ဖက်ခူးရွာနီးမှာ ဒရုံးနဲ့ဗုံးသီ လုံးကြဲချပြီး တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးသွားတာကို မျက်မြင်တွေ့ရတယ်လို့ ပြောပါတယ်။ 

မြင်းခြံခရိုင်အမှတ် တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့ဟာ ဇွန်လ ၁၄ ရက်နေ့ကလည်း ပြင်စီကနေ နွားထိုးကြီးမြို့ဘက် လာတဲ့ စစ်ကားကို ရှောက်တောရိုးကွေ့နားမှာပဲ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်သား ၂ဦး သေဆုံးခဲ့ပါသေးတယ်။

ထို့အတူ ဇွန်လ ၁၅ ရက်နေ့မှာလည်း အကြမ်းဖက်စစ်သား ၁၀ ဦးခန့်ပါတဲ့ ကားတစီး နွားထိုးကြီးမြို့ကနေ ပြင်စည်ကျေးရွာ ဘက် ထွက်လာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ဦးသေဆုံးပြီး ပျက်စီးသွားတဲ့ကားကို ပြင်စည်ကျေးရွာသို့ အခြားကားတစီးနဲ့ လာဆွဲယူသွားတယ်လို့ နွားထိုးကြီး PDF က အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်နှင့် ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment