20th JUN 2024 - Morning Daily News by Radio NUG


၂၀၂၄ ဇွန်လ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုရဲ့ ယုံကြည်မှုထောက်ခံမှုတို့ဟာ ဆက်လက်အားကောင်းနေဆဲပဲ ဖြစ်တယ်ဆိုတာ တွေ့ရှိရကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ပြော

📌 ၂။ ဒေါ်အောင်ဆန်းကြည် ၇၉နှစ်မွေးနေ့မှာ တီမောသမ္မတကို ပန်းသပိတ်အကြောင်း ရှင်းပြခဲ့တယ်လို့ NUGနိုင်ငံခြားရေးဝန်ကြီးအသိပေး

📌 ၃။ "The Final Battle Campaign" ကမ်ပိန်းပိတ်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ်နှင့် လူ့အခွင့်ရေးဆိုင်ဝန်ကြီး၊ ကာကွယ်ရေးဒုဝန်ကြီးတို့တက်ရောက်

📌 ၄။ ကုလလူ့အခွင့်အရေးညီလာခံမှာ မဟာမင်းကြီးက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး တင်ပြချိန်မှာ အကြမ်းဖက်စစ်ကောင်စီက IHL ကို ချိုးဖေါက်ပြီးအရပ်သားပြည်သူတွေကို ပစ်မှတ်ထားသတ်ဖြတ်နေ

📌 ၅။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ကြီးမှူးကျင်းပတဲ့ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက်မွေးနေ့ပွဲ အခမ်းအနားအောင်မြင်စွာ ကျင်းပပြီးစီး

📌 ၆။ ဒေါ်အောင်ဆန်းစုကြည်(၇၉)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ဘေးရှောင်ပြည်သူ ၂၀၀ကျော်ကို ဆေးကုသပေး

📌 ၇။ မဏိပူရ်ပြည်နယ်ရှိ မတရား ဖမ်းဆီးထိန်းသိမ်းခံများ၏ အစာငတ်ခံ ဆန္ဒပြတောင်းဆိုမှုများအား လူသားချင်းစာနာမှုဖြင့် ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးပြီး 

အိန္ဒိယနိုင်ငံအတွင်း၌သာ ပြန်လည်ခိုလှုံခွင့်ပေးရန်တောင်းဆို

📌 ၈။ တော်လှန်ရေးရန်ပုံငွေအတွက် လှူဒါန်းထားတဲ့ ပန်းချီဆရာကြီး ဦးခင်မောင်ရင်ရဲ့ ပန်းချီကား အမေရိကန်ဒေါ်လာ၇၉၀၀ ဖြင့် လေလံအောင်သွား

📌 ၉။ ထောက်ပို့ခွန်အား NUGဖလား(NUG Japan Cup)မှရရှိလာသော အကျိုးအမြတ်များအားလုံးကို စစ်ဘေးရှောင်ပြည်သူများအတွက် ရည်ရွယ်ကာ ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများသို့ ခွဲဝေလှူဒါန်းသွားမယ်


၂၀၂၄ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဒေါ်အောင်ဆန်းစုကြည်၏(၇၉)နှစ်မြှောက် မွေးနေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့များမှ ပန်းသပိတ်၊ မွေးနေ့ပွဲနှင့် သစ်ပင်စိုက်ပွဲများ ပြုလုပ်ခဲ့

🚩 ၂။ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ စကစ လုံခြုံရေးမှ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူ

🚩 ၃။ စစ်ကိုင်းမြို့တွင် လမ်းသွားလမ်းလာ ပြည်သူများထံမှ ဖမ်းဆီးငွေညှစ်နေတဲ့ စကစအဖွဲ့ကို မိုင်းခွဲတိုက်ခိုက်

🚩 ၄။ ညောင်လေးပင်မြို့နယ်အတွင်းရှိ စကစစခန်း ၃ခုကို တစ်ပြိုင်နက်တိုက်ခိုက် စစ်သား ၁၀ ဦး သေဆုံး၊ PDF ရဲဘော် ဦး ကျဆုံး

🚩 ၅။ လွယ်မောတောင်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ PNLA တိုက်ပွဲဖြစ်ပွားပြီး စစ်သား ဦး သေဆုံး

🚩 ၆။ မတ္တရာတွင်စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဦးသေ ဦး ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုရဲ့ ယုံကြည်မှုထောက်ခံမှုတို့ဟာ ဆက်လက်အားကောင်းနေဆဲပဲ ဖြစ်တယ်ဆိုတာ တွေ့ရှိရကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ပြော


ဇွန်လ ၁၉ရက်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုရဲ့ ယုံကြည်မှုထောက်ခံမှုတို့ဟာ ဆက်လက်အားကောင်းနေဆဲပဲ ဖြစ်တယ်ဆိုတာတွေ့ရှိရကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။


ဇွန်လ၁၉ရက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏(၇၉)နှစ်ပြည့်မွေးနေ့ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးချုပ်ကပြောကြားပါတယ်။


"ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲစွမ်းသတ္တိ၊ လူထုရဲ့ချစ်ခင်ယုံကြည်ထောက်ခံမှု၊ ဒီမိုကရက်တစ်အင်အားစုများကို စည်းရုံးနိုင်မှုတို့ကြောင့် စစ်အာဏာရှင်တို့ဟာ ၂၀၁၂ ခုနှစ်မှာ မဖြစ်မနေ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ၂၀၁၂၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေမှာလည်း ၁၉၉၀ ခုနှစ်ကလိုပင် ၎င်းအပေါ်လူထု ထောက်ခံမှုဟာ နှစ်ပေါင်း ၃၀ နီးပါး ကွာဟနေသည့်တိုင် မျိုးဆက်များအကြား မပြောင်းမလဲရှိနေခြင်းကိုကြည့်ရင် သူမဟာ မြန်မာ့သမိုင်းမှာ ဘယ်လောက်ထူးခြားတဲ့ ခေါင်းဆောင် ဖြစ်တယ်ဆိုတာကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ စစ်တမ်းများအရ ယခုအချိန်ထိလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုရဲ့ ယုံကြည်မှုထောက်ခံမှုတို့ဟာ ဆက်လက်အားကောင်းနေဆဲဆိုတာ တွေ့ရပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီစနစ်ဆိုသည်ကို မြန်မာလူထုကြီးက တစ်ထပ်တည်းရှုမြင်ပြီး ယုံယုံကြည်ကြည်နဲ့ နှစ်ပေါင်း ၃၀ ကျော်တိုင်အောင် ထောက်ခံနေကြခြင်းဖြစ်တယ်လို့ ဝန်ကြီးချုပ်ကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ ဒေါ်အောင်ဆန်းကြည် ၇၉နှစ်မွေးနေ့မှာ တီမောသမ္မတကို ပန်းသပိတ်အကြောင်း ရှင်းပြခဲ့တယ်လို့ NUGနိုင်ငံခြားရေးဝန်ကြီးအသိပေး


ဇွန်လ ၁၉ရက်။

ဒေါ်အောင်ဆန်းကြည်၇၉နှစ်မွေးနေ့မှာ တီမောသမ္မတကို ပန်းသပိတ်အကြောင်း ရှင်းပြခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကအသိပေးဆိုပါတယ်။


ဇွန်လ၁၉ရက်ဆိုရှယ်မီဒီယာမှာ NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကဆိုထားပါတယ်။


"အန်တီ့မွေးနေ့ကို တီမောသမ္မတကြီးနဲ့အတူ ပန်းသပိတ်အကြောင်းရှင်းပြရင်း အန်တီနဲ့ ပက်သက်သက်တဲ့အမှတ်တရတွေ ပြောကြရင်း ဖြတ်သန်းဖြစ်တယ်။ သမ္မတကြီးက သူအမှတ်တရပေးထားတဲ့ တီမောချည်ထည်အကျီင်္ကို ဒေါ်စု မွေးနေ့ညမှာ ဝတ်ပါဆိုတာနဲ့ဝတ်ဖြစ်တယ်"လို့ဝန်ကြီးကဆိုထားပါတယ်။


တီမောလက်စ်တေး နိုင်ငံသို့ တရားဝင်ခရီးစဥ်အဖြစ် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ချက်နိုင်ငံ NUGကိုယ်စားလှယ်ဦးလင်းသန့်တို့ရောက်ရှိနေခြင်းဖြစ်ပါတယ်။


========================


📌📌 ၃။ "The Final Battle Campaign" ကမ်ပိန်းပိတ်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ်နှင့် လူ့အခွင့်ရေးဆိုင်ဝန်ကြီး၊ ကာကွယ်ရေးဒုဝန်ကြီးတို့တက်ရောက်


ဇွန်လ ၁၉ရက်။

"The Final Battle Campaign" ကမ်ပိန်းပိတ်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်း၊ ကာကွယ်ရေးဒုဝန်ကြီးနိုင်ကောင်းရွက်တို့တက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


ဇွန်လ၁၉ရက် အမေရိကန် နယူးယောက်အခြေစိုက်NYCBCကသတင်းထုတ်ပြန်ပါတယ်။


"ဒီနေ့အခမ်းအနားကြည့်လိုက်ရင် Final Battle Campaignပေါ့။ အရမ်းကောင်းတဲ့နာမည်ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် စစ်အာဏာရှင်တွေကို ပြုတ်ကျဖို့နောက်ဆုံးတိုက်ပွဲပေါ့။ အရင်ကစစ်အာဏာရှင်မပြုတ်ကျတော့ တိုက်ပွဲတွေကအလီလီတိုက်နေရတာပေါ့။ အခုကတော့ စစ်ကောင်စီကိုအမြန်ဆုံးပြုတ်ကျအောင်၊ နောက်ထပ်နိုင်ငံရေးမှာ မပတ်သက်အောင် နောက်ဆုံးတိုက်ပွဲဆိုတာ အရမ်းကြီးကောင်းပါတယ်။ မှန်လည်းမှန်ပါတယ်"လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။


အခမ်းအနားသို့ ဆရာတော်၊ သံဃာတော်များ၊ NYCBCမှ အမှုဆောင်များအပါအဝင် ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်လည်းတက်ရောက်ခဲ့ပါတယ်။


"ငါတို့မှာရှိတဲ့ ငါတို့ကဝိုင်းဝန်းလက်တွဲသွားဖို့အတွက် အရမ်းအရေးကြီးပါတယ်။ အဆုံးသတ်တိုက်ပွဲအစစ်အမှန်ကို ကြိုးပမ်းပြီးလက်တွဲဆောင်ရွက်ကြပါ။ ကျွန်တော်တို့NUGအပါအဝင်အားလုံးကလည်း ဒါကို ဝိုင်းဝန်းလက်တွဲ လုပ်ဆောင်သွားမယ့်အကြောင်း ထပ်မံသံန္ဓိဌာန်ပြုလိုက်ပါတယ်"လို့ အခမ်းအနားမှာ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းကဆိုပါတယ်။


========================


📌📌 ၄။ ကုလလူ့အခွင့်အရေးညီလာခံမှာ မဟာမင်းကြီးက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး တင်ပြချိန်မှာ အကြမ်းဖက်စစ်ကောင်စီက IHL ကို ချိုးဖေါက်ပြီးအရပ်သားပြည်သူတွေကို ပစ်မှတ်ထားသတ်ဖြတ်နေ


ဇွန်လ ၁၉ရက်။

ကုလလူ့အခွင့်အရေးညီလာခံမှာ မဟာမင်းကြီးက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးတင်ပြချိန်မှာ အကြမ်းဖက်စစ်ကောင်စီက IHLကို ချိုးဖေါက်ပြီးအရပ်သားပြည်သူတွေကို ပစ်မှတ်ထားသတ်ဖြတ်နေတယ်လို့ လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီး ဦးအောင်ကျော်မိုးကဆိုပါတယ်။


ဇွန်လအတွင်း ဆိုရှယ်မီဒီယာမှာ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးကအသိပေးဆိုပါတယ်။


"အကြမ်းဖက်စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်ကုတ်မြို့နယ်မှာကလေးငယ်အပါအဝင် ဦးသေဆုံးကာ အရပ်သားပြည်သူ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ သိရပါတယ်။ ကုလလူ့အခွင့်အရေးညီလာခံမှာ မဟာမင်းကြီးက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးတင်ပြချိန်မှာ အကြမ်းဖက်စစ်ကောင်စီက IHL ကိုချိုးဖေါက်ပြီးအရပ်သားပြည်သူတွေကို ပစ်မှတ်ထားသတ်ဖြတ်နေတာဖြစ်ပါတယ်"လို့ဆိုပါတယ်။


အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၂၉၂)ဦး ရှိခဲ့ပြီဖြစ်တယ်လို့ AAPPကထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ကြီးမှူးကျင်းပတဲ့ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက်မွေးနေ့ပွဲ အခမ်းအနားအောင်မြင်စွာ ကျင်းပပြီးစီး


ဇွန်လ ၁၉ရက်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကြီးမှူးကျင်းပတဲ့ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက်မွေးနေ့ပွဲ အခမ်းအနားအောင်မြင်စွာ ကျင်းပပြီးစီးခဲ့တယ်လို့သတင်းရရှိပါတယ်။


ဇွန်လ(၁၉)ရက်နေ့တွင် ကျရောက်သော လူထုခေါင်းဆောင်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက်မွေးနေ့ပွဲ အခမ်းအနားကို မွန်းလွဲ နာရီတွင် အွန်လိုင်းမှတစ်ဆင့်ကျင်းပခဲ့ပါတယ်။


အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမေဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်တို့က မွေးနေ့အမှတ်တရစကားများ အသီးသီးပြောကြားခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်း()ကင်မ်အဲရစ်က ၎င်း၏မိခင်အတွက် အမှတ်တရစကားပြောကြားပြီး မွေးနေ့ကိတ်မုန့်ကို ခွဲပေးခဲ့ပါတယ်။


ထို့နောက် တက်ရောက်လာသော ဘာသာရေးခေါင်းဆောင်အသီးသီးက လူထုခေါင်းဆောင်အတွက် မွေးနေ့ဆုတောင်းစကားများ ပြောကြားခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာသူများက မွေးနေ့ဆုတောင်း စကားပြောကြားခြင်း ၊တိုင်းနှင့်ပြည်နယ်အသီးသီးမှ လူငယ်များ၏မွေးနေ့အမှတ်တရစကားပြောကြားသော ဗွီဒီယိုရုပ်သံပြသခြင်း၊ မွေးနေ့ပွဲကို ပေးပို့လာသည့်သဝဏ်လွှာများကို မှတ်တမ်းတင်ခြင်းတို့ ပြုလုပ်ခဲ့ကြပါတယ်။


========================


📌📌 ၆။ ဒေါ်အောင်ဆန်းစုကြည်(၇၉)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ဘေးရှောင်ပြည်သူ ၂၀၀ကျော်ကို ဆေးကုသပေး


ဇွန်လ ၁၉ရက်။

Radio NUG

ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်(၇၉)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ဘေးရှောင်ပြည်သူ ၂၀၀ ကျော်ကို ဆေးကုသပေးခဲ့ကြောင်း ရွှေဘိုမြို့နယ် လွတ်လပ်သောထောက်ပို့ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည် (၇၉)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် အလှူရှင်များကပေးပို့လာသည့် ထောက်ပံ့မှုများဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် ဗလုံးစင် တောထဲရှိ စစ်ဘေးရှောင် ပြည်သူများနှင့် ငတိုက်တောင်ရွာမှ စစ်ဘေးရှောင် ပြည်သူ ၂၀၀ ကျော်ကို လိုအပ်နေသည့် ကျန်းမားရေး စောင့်ရှောက်မှုများကို ရွှေဘိုမြို့နယ် လွတ်လပ်သောထောက်ပို့ရေးအဖွဲ့ မှ CDM ကျန်းမာရေးဆရာ/ဆရာမများဖြင့် ပြုစုကုသခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ မဏိပူရ်ပြည်နယ်ရှိ မတရား ဖမ်းဆီးထိန်းသိမ်းခံများ၏ အစာငတ်ခံ ဆန္ဒပြတောင်းဆိုမှုများအား လူသားချင်းစာနာမှုဖြင့် ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးပြီး 

အိန္ဒိယနိုင်ငံအတွင်း၌သာ ပြန်လည်ခိုလှုံခွင့်ပေးရန်တောင်းဆို


ဇွန်လ ၁၉ရက်။


အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ရှိ မတရားဖမ်းဆီးထိန်းသိမ်းခံများ၏ အစာငတ်ခံ ဆန္ဒပြတောင်းဆိုမှုများအား လူသားချင်းစာနာမှုဖြင့် ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးပြီး အိန္ဒိယနိုင်ငံအတွင်း၌သာ ပြန်လည်ခိုလှုံခွင့်ပေးရန် Defend Myanmar Democracyကတောင်းဆိုလိုက်ပါတယ်။


ဇွန်လ၁၉ရက်မှာ Defend Myanmar Democracyကထုတ်ပြန်ပါတယ်။


မြန်မာနိုင်ငံသားများအား အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံပီသစွာ ကူညီမှုအားနည်းသည့်အပြင် လက်ရှိရရှိထားသော စာရင်းများအရ အိန္ဒိယနိုင်ငံသို့ ခိုလှုံလာသည့် မြန်မာစစ်ပြေး ဒုက္ခသည် ၂၇ ဦးအား အာသံပြည်နယ်တွင် ဖမ်းဆီးထောင်ချခြင်း၊ ၂၀၉ ဦးအား မဏိပူရ်ပြည်နယ်တွင် ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်ခဲ့သော အိန္ဒိယနိုင်ငံအစိုးရ၏ လုပ်ဆောင်ချက်များအပေါ် မိမိတို့အနေဖြင့် ကန့်ကွက်ရှုတ်ချခြင်းနှင့်အတူ လွန်စွာ စိတ်မကောင်းဖြစ်ရတယ်လို့ဖော်ပြပါတယ်။


လက်ရှိတွင် ဖမ်းဆီးထောင်ချခံ မြန်မာစစ်ပြေး ဒုက္ခသည် ၇၆ ဦးခန့်အား အကြမ်းဖက် စစ်အုပ်စုထံ လွှဲအပ်ခြင်းနှင့် ကျန်ရှိနေသော ဖမ်းဆီးခံ ၁၅၀ ခန့်နှင့် မဏိပူရ် ပြည်နယ်အတွင်း ခိုလှုံလျှက်ရှိသော မြန်မာစစ်ဘေးရှောင် ,၀၀၀ ကျော်အား အကြမ်းဖက် စစ်အုပ်စုထံ လွှဲအပ်ရန် ပြင်ဆင်နေမှု ရှိနေကြောင်း ကြားသိရသည့်အတွက် မိမိတို့အနေဖြင့် သက်ဆိုင်ရာ အိန္ဒိယအစိုးရ၏ လုပ်ဆောင်ချက်များအပေါ် စိုးရိမ်ပူပန်လျက်ရှိတယ်လို့ ဖော်ပြပါတယ်။


ထိုကြောင့် အိန္ဒိယအစိုးရ အနေဖြင့် လူသားချင်း စာနာထောက်ထားမှု ကင်းမဲ့သော လုပ်ရပ်များနှင့် လူ့အခွင့်အရေး ချိုးဖောက်သော လုပ်ရပ်များအား ချက်ချင်း ရပ်တန့်ကာ ဖမ်းဆီး ထိန်းသိမ်းခံထားရသော မြန်မာစစ်ဘေးရှောင် ဒုက္ခသည်များ၏ အစာငတ်ခံ ဆန္ဒပြတောင်းဆိုမှုများအား လူသားချင်းစာနာမှုဖြင့် ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးပြီး အိန္ဒိယနိုင်ငံအတွင်း၌သာ ပြန်လည်ခိုလှုံခွင့်ပေးရန်နှင့် ဒီမိုကရေစီ၊ တရားမျှတမှုတို့အတွက် တိုက်ပွဲဝင်နေသော မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပေးရန်တောင်းဆိုကြောင်းဖော်ပြထားပါတယ်။


========================


📌📌 ၈။ တော်လှန်ရေးရန်ပုံငွေအတွက် လှူဒါန်းထားတဲ့ ပန်းချီဆရာကြီး ဦးခင်မောင်ရင်ရဲ့ ပန်းချီကား အမေရိကန်ဒေါ်လာ၇၉၀၀ ဖြင့် လေလံအောင်သွား


ဇွန်လ၁၉ရက်။

တော်လှန်ရေးရန်ပုံငွေအတွက် လှူဒါန်းထားတဲ့ ပန်းချီဆရာကြီး ဦးခင်မောင်ရင်ရဲ့ ပန်းချီကား အမေရိကန်ဒေါ်လာ ၇၉၀၀ဖြင့် လေလံအောင်သွားတယ်လို့သတင်းရရှိပါတယ်။


ဇွန်လ၁၉ရက်မှာ ပန်းချီကားနဲ့ ပတ်သက်လို့ မပန်ဆယ်လိုကဆိုရှယ်မီဒီယာမှာအသိပေးဆိုထားပါတယ်။


"တော်လှန်ရေးရန်ပုံငွေအတွက် အမေ့သားတစ်ဦး လှူဒါန်းထားတဲ့ ပန်းချီဆရာကြီး ဦးခင်မောင်ရင်ရဲ့ ပန်းချီကားကို ၇၉နှစ်မြောက် အမေစုမွေးနေ့အမှတ်တရ USD 7900 ဖြင့် လေလံအောင်သွားပါတယ်ရှင်။ ပန်းချီကားလှူဒါန်းပေးသူအကိုနဲ့ ပန်းချီကားလေလံအောင်မြင်သွားသူ အကိုတို့ကို ကျေးဇူးတင်ဂုဏ်ပြုအပ်ပါတယ်"လို့ဆိုထားပါတယ်။


လက်ရှိမှာလည်း ရှမ်းပြည်ရှိ ဟိုတယ်တလုံးကိုလည်း The Keyပရော့ဂျက်အမည်ဖြင့် မဲလက်မှတ်တစောင် အမေရိကန်ဒေါ်လာတစ်ရာနှင့် အရောင်းကိုယ်စားလှယ်များကရောင်းချပေးလျက်ရှိပါတယ်။


========================


📌📌 ၉။ ထောက်ပို့ခွန်အား NUGဖလား(NUG Japan Cup)မှရရှိလာသော အကျိုးအမြတ်များအားလုံးကို စစ်ဘေးရှောင်ပြည်သူများအတွက် ရည်ရွယ်ကာ ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများသို့ ခွဲဝေလှူဒါန်းသွားမယ်


ဇွန်လ ၁၉ရက်။


ထောက်ပို့ခွန်အား NUGဖလား(NUG Japan Cup)မှရရှိလာသော အကျိုးအမြတ်များအားလုံးကို စစ်ဘေးရှောင်ပြည်သူများအတွက် ရည်ရွယ်ကာ ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများသို့ ခွဲဝေလှူဒါန်းသွားမယ်လို့သတင်းရရှိပါတယ်။


ဂျပန်နိုင်ငံ၊တိုကျိုမြို့မှ အိမ်ရှင်အဖြစ် လက်ခံဆောင်ရွက်ကာ ပထမဦးဆုံးအကြိမ်အဖြစ် ပြုလုပ်ကျင်းပမည့် NUG Japan Cup ဖူဆယ်ဘောလုံး ပြိုင်ပွဲကြီးအား Tokyo အပါအဝင် Kuyshu Fukuoka Osaka Okayama Hiroshima Kobe Nagoya Shizuoka Kagawa Tochigi Gunma ခရိုင်များမှ ဘောလုံးဝါသနာရှင် ညီအကိုမောင်နှမများ၊ ပရိတ်သတ်များမှ လာရောက်ဝန်းရံကာ စည်းစည်းလုံးလုံးနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။


တိုကျိုအပါအဝင်ခရိုင်ပေါင်းစုံမှ ဘောလုံးအသင်းများ အတူတကွပူးပေါင်း ပါဝင်ဆင်နွှဲသွားမှာဖြစ်ပြီး တိုကျိုမြို့ရှိဘောလုံးအသင်းများ၏ ခြေစစ်ပွဲစဉ်များကို ဇူလိုင်လ()ရက်နေ့ တနင်္ဂနွေနေ့မှာ (Aoba Sky Field,Shin-Yokohama)ဘောလုံးကွင်း၌ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီးတိုကျိုမှ ပထမအဆင့်ပွဲတွင် အသင်းပေါင်း ၇၀ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။


တိုကျိုမှ ခြေစစ်ပွဲအောင်အသင်းများနှင့် အခြားခရိုင်များမှ ခြေစစ်ပွဲအောင်ကာ လာရောက်ကြမည့် ဘောလုံးအသင်းများ၏ Final Round ပွဲစဉ်များ၊အမျိုးသမီး အသင်းပွဲစဉ်များနှင့် ဗိုလ်လုပွဲစဉ်များကို ဇူလိုင်လ(၁၄)ရက်နေ့တွင် (Frontown Saginuma,Kawasaki)ဘောလုံးကွင်း၌ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ဒေါ်အောင်ဆန်းစုကြည်၏(၇၉)နှစ်မြှောက် မွေးနေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့များမှ ပန်းသပိတ်၊ မွေးနေ့ပွဲနှင့် သစ်ပင်စိုက်ပွဲများ ပြုလုပ်ခဲ့


ဇွန်လ ၁၉ရက်။

Radio NUG

နေပြည်တော်PDF(နေပြည်တော်တိုင်းစစ်ဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်)လေ့ကျင့်ရေးသင်တန်းကျောင်း သင်တန်းသားများနှင့် ဗျုဟာ() ရှေ့တန်းရောက် PDF ရဲဘော်များ၊ အမှတ် ၃၁ စစ်ဗျူဟာ ဒရုန်းတပ်ဖွဲ့မှ ရဲဘော်များ၊ ယင်းမာပင်ခရိုင် အမှတ် ၃၉ တပ်ရင်း (Hero Fighter )မှ ရဲဘော်များ၊လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အခမ်းအနားများကို အသီးသီးကျင်းပပြုလုပ်ခဲ့ပါတယ်။


ဒါ့အပြင် ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ ရှမ်းတောင် အခြေစိုက် Urban Task Force Aung Ban- UTF မှ ရဲမေလေးများ၊မြင်းမူမြို့နယ် အခြေစိုက် Dog Killers People's Defence Force Myinmu (DK PDF-MMU)တပ်ဖွဲ့မှ ရဲဘော်များ၊ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ်  စစ်ဒေသ၊ မကွေးတိုင်း သရက်ခရိုင် အမှတ် - တပ်ရင်း ရဲဘော်များ၊ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းမှ ရဲဘော်များနဲ့ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အခြေစိုက် ရွှေဂျိုးဖြူပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပန်းသပိတ်များကိုပြုလုပ်ခဲ့ပါတယ်။


ထို့အတူ မုံရွာခရိုင် အမှတ် အမှတ် နှင့် အမှတ် တပ်ရင်းမှ ရဲဘော်များနဲ့ ADin Hmue-Dawei (ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့)မှ ရဲဘော်မျာတို့မှလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်၍ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။


ဒါ့အပြင် ပြည်သူကာကွယ်ရေးတပ်မတော် စစ်ဒေသခွဲ ()တောင်ပိုင်းတိုင်းစစ်ဒေသ နဂါးဖြူ တပ်ရင်းက သံဃာ ပါးဆွမ်းကပ်၍ မွေးနေ့ဆုတောင်းခြင်းလည်း ပြုလုပ်ခဲ့ပါတယ်။


========================


🚩🚩 ၂။ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ စကစ လုံခြုံရေးမှ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူ


ဇွန်လ ၁၉ရက်။ 

Radio NUG

ဇွန်လ ၁၉ ရက်နေ့တွင် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ စစ်တပ်မှ ပစ်သတ်မှုကြောင့် ပျံလွန်တော်မူခဲ့ကြောင်း သိရှိရပါတယ်။


ဆရာတော် ပစ်သတ်ခံရမှုမှာ သတင်းအမျိုးမျိုး ထွက်နေပြီး ပထမသတင်းမှာ ဇွန်လ ၁၉ ရက် နံနက်ပိုင်းက ရန်ကုန်လေဆိပ်မှ မန္တလေးတံတားဦးလေဆိပ်သို့  လေယာဉ်ဖြင့် ကြွလာပြီး လေဆိပ်မှအထွက် ဆရာတော် လိုက်ပါလာသော ကားမှန်မချထားတဲ့ အိမ်စီးကားကို မသင်္ကာလို့ ရပ်ခိုင်းတာကို မမြင်ဘဲနဲ့ ဆက်မောင်းလို့ တံတားဦး လေဆိပ် လုံခြုံရေး စစ်တပ်က လိုက်လံပစ်ခတ်မှုကြောင့် ကားပေါ်ပါ သက်တော် ၇၇ နှစ်အရွယ် ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသမှာ ကားပေါ်ပျံလွန်တော်မူသွားခဲ့ပြီး ကံသုံးဆင့် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသနှင့် ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့တာဖြစ်ပါတယ်။


ဒုတိယသတင်းမှာ မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေကျင်နိကာယဗဟိုဌာန) ၂၀--၂၀၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရွှေကျင်နိကာယဗဟိုဌာန၏ အစည်းအဝေးတွင် အကြိုညှိနှိုင်းဆောင်ရွက်ရန် ရန်ကုန်မြို့မှ လေယာဉ်ဖြင့် တံတားဦးလေဆိပ်သို့ ကြွရောက်လာရာ တံတားဦးလေဆိပ်သို့ ရောက်ရှိပြီး ကံသုံးဆင့်ဆရာတော်၏ ဒါယိကာမမှ ဆွမ်းကပ်ကာ ကံသုံးဆင့် ဆရာတော်ဇာတိဖြစ်သော ငါန်းဇွန်မြို့နယ်၊ ပန်းချီကမ္မရွာသို့ ကားဖြင့် ပို့ဆောင်စဉ် မြို့သာနှင့် ပန်းချီကမ္မရွာကြားတွင် လုံခြုံရေးကင်းလှည့်နေသူများနှင့် တွေ့ရှိ၍ ကားကို ရပ်တန့်ခိုင်းရာ မှန်မချပဲ ကားကိုမောင်းနှင်သည့်အတွက် လုံခြုံရေးကင်းလှည့်နေသူများမှ ကားကို ပစ်ခတ်ခဲ့သဖြင့် ဘဒ္ဒန္တမုနိန္ဒာဘိဝံသသည် အခင်းဖြစ်ရာနေရာတွင် ပျံလွန်တော်မူသွားခဲ့ကြောင်း၊ ကားသမားမှာ လက်ခြေတို့၌ ကျည်ဆံထိမှန်ခဲ့ကြောင်းနှင့် ဘဒ္ဒန္တဂုဏိကာဘိဝံသမှာ ပွန်းပဲ့ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ပြီး လက်ရှိတွင် ပန်းချီကမ္မကျေးရွာ၌ ယာယီသီတင်းသုံးလျက်ရှိနေတယ်လို့ သိရပါတယ်။


ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော်ကြီးသည် ရှင်းတမ်းကျမ်းပြုတစ်ပါးဖြစ်ပြီး ဝိနယာဓိကပရိယတ္တိ ပထမကျော်၊ နိုင်ငံတော်အစိုးရ ပထမကျော်သကျသီဟ၊ စေတိယင်္ဂဏ၊ အစိုးရဓမ္မာစရိယ အင်္ဂုတ္တရနိကာယပါဠိပါရဂူ၊ ဒီဃဘာဏက အဂ္ဂမဟာဂန္ထဝါစက၊ အဂ္ဂမဟာပဏ္ဍိတစသည့် ဘွဲ့တံဆိပ်တော်များ ရရှိထားသူဖြစ်ပါတယ်။


========================


🚩🚩 ၃။ စစ်ကိုင်းမြို့တွင် လမ်းသွားလမ်းလာ ပြည်သူများထံမှ ဖမ်းဆီးငွေညှစ်နေတဲ့ စကစအဖွဲ့ကို မိုင်းခွဲတိုက်ခိုက်


ဇွန်လ ၁၉ရက်။

Radio NUG

ဇွန်လ ၁၉ ရက်နေ့ "အမေစု" ( 79 )နှစ်မြောက် မွေးနေ့အမှတ်တရအဖြစ် နံနက် (၁၀) နာရီ (၃၀) မိနစ်အချိန်တွင် စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရား တောင်ဘက်တွင် ပြည်သူလူထု၏ ကားများ၊ ဆိုင်ကယ်များအား ဖမ်းဆီးငွေညှစ်ရန် အုပ်စုဖွဲ့ ရောက်ရှိလာတဲ့ စကစအဖွဲ့များကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့ (စစ်ကိုင်း)က သတင်းထုတ်ပြန်ပါတယ်။


တော်လှန်ရေးရဲဘော်များ အသင့်ပြင်ထားတဲ့ မိုင်းပွိုင့်နားသို့ ရောက်လာချိန်တွင် ထိထိမိမိဖောက်ခွဲနိုင်ခဲ့ပြီး စကစအဖွဲ့ဝင် ၂ယောက်မှာ နေရာမှာတင် တစ်စစီဖြစ်ကာ သေဆုံးကာ နောက်ထပ် အသေအပျောက်နှင့် အပြင်းအထန် ထိခိုက်ဒဏ်ရာရသူများစွာ ရှိကြောင်း သိရပါတယ်။


အနီးနားတွင် ရပ်ထားတဲ့ စကစအဖွဲ့ရဲ့ အိမ်စီးကား အနက်ရောင်မှာလဲ မိုင်းထိမှန်သွားပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ ညောင်လေးပင်မြို့နယ်အတွင်းရှိ စကစစခန်း ၃ခုကို တစ်ပြိုင်နက်တိုက်ခိုက် စစ်သား ၁၀ ဦး သေဆုံး၊ PDF ရဲဘော် ဦး ကျဆုံး


ဇွန်လ ၁၉ရက်။

Radio NUG

ဇွန်လ ၁၉ ရက် မနက် ၃နာရီ ၅မိနစ်တွင် ညောင်လေးပင် - မဒေါက်လမ်းပိုင်းရှိ တာပြတ်ဂိတ်စခန်းကို KNLA ပူးပေါင်းအဖွဲ့နှင့်အတူ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း မီးနဂါးစစ်ကြောင်း မီးနဂါးစစ်ကြောင်း Fire Dragon PDFက သတင်းထုတ်ပြန်ပါတယ်။


တိုက်ပွဲဖြစ်ပွားချိန် (2)နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး ရန်သူ့တပ်မှ ယောက်သေဆုံးကာ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။ တော်လှန်ရေးရဲဘော် ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး တစ်ဦးပေါင်ထိမှန်(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


တစ်ချိန်ထဲမှာပဲ ပုဇွန်မြောင်းရွာ ဆွဲဒလွဲပိုင်း ကျောင်းကြီး ဘုန်းကြီးကျောင်းနှင့် ရေကြည်ချောင်းရွာ ဘုန်းကြီးကျောင်းက စကစ စခန်းများကိုလည်း တစ်ပြိုင်နက်ထဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


ကျောင်းကြီး ဘုန်းကြီးကျောင်းမှ စစ်သား ယောက် သေဆုံးခဲ့ပြီး ရေကြည်ချောင်းရွာ ဘုန်းကြီးကျောင်းမှ စစ်သား ၂ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ လွယ်မောတောင်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ PNLA တိုက်ပွဲဖြစ်ပွားပြီး စစ်သား ဦး သေဆုံး


ဇွန်လ ၁၉ ရက်။

Radio NUG

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထမ်းယံကျေးရွာအနီး၊ လွယ်မောတောင် ဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဇွန်လ ၁၉ ရက်နေ့ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ဦး သေဆုံးခဲ့တယ်လို့ PNLA က သတင်းထုတ်ပြန်ထားပါတယ်။


ပအိုင်ဝ်းဒေသ၊ လွယ်မောတောင်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဇွန်လ ၁၉ ရက်နေ့ မနက် နာရီမှ ၁၁ နာရီအထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ PNLA က ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ဦး သေဆုံးခဲ့ကြောင်းကို မျက်မြင်တွေ့ခဲ့ရတယ်လို့ PNLA က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


လွယ်မောတောင် ဒေသအတွင်း စစ်ကောင်စီနဲ့ ၎င်းတို့လက်အောက်ခံ ပြည်သူ့စစ်များဟာ ရပ်ရွာအတွင်း စာသင်ကျောင်းများတွင် တပ်စွဲနေထိုင်နေတာကြောင့် ကလေးငယ်များ ပညာသင်ခွင့် ဆုံးရှုံးနေရပြီး ရွာသားများကိုလည်း ရွာအပြင်၊ တောင်ယာထဲတွင် တွေ့ရှိပါက ပစ်သတ်မယ်လို့ ခြိမ်းခြောက်ထားတာကြောင့် စိုက်ပျိုးရာသီဖြစ်ပေမယ့် ပြည်သူများ လုပ်ငန်းခွင်မဝင်ရောက်နိုင်သေးဘူးလို့ သိရပါတယ်။


ထို့အပြင် ပြည်သူများအား နေ့စဉ်နေ့တိုင်း ၎င်းတို့အတွက် အသားဟင်းနှင့် ထမင်းချက် ပို့ခိုင်းနေခြင်းများကြောင့်လည်း ဒေသခံ ပြည်သူများကြီးစွာဆင်းရဲဒုက္ခ ရောက်နေရတယ်လို့ PNLA က အသိပေးထားပါတယ်။


========================


🚩🚩 ၆။ မတ္တရာတွင်စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဦးသေ ဦး ဒဏ်ရာရ


ဇွန်လ ၁၉ ရက်။

Radio NUG

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်သား ဦးသေဆုံးပြီး ဦး ဒဏ်ရာရခဲ့တယ်လို့ မိုးကြိုးစစ်ကြောင်း၊ တိုက်နယ်()ပကဖက သတင်းထုတ်ပြန်ထားပါတယ်။


ဇွန်လ ၁၈ ရက် မနက် နာရီ ၄၅ မိနစ်မှာ မတ္တရာမြို့ ရေနံသာလမ်းခွဲမှ အင်အား ၁၀၀ခန့် အင်ကြင်းမြိုင်ဘက်က အင်အား ၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီတပ်နဲ့ မနက် နာရီမှ နာရီကျော်အထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မိုးကြိုးစစ်ကြောင်းက ဆိုပါတယ်။


ထိုနောက် စစ်ကောင်စီက ကား စီး စစ်ကူထပ်မံရောက်ရှိလာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး နောက်မှ တရကြမ်းလိုက်လာတဲ့ စစ်ကြောင်းကို မိုင်း လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ဦးခန့် ထိခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထို့အပြင် နာရီခွဲခန့်မှာလည်း ဆင်ရွာသစ်အနီးတွင် မီတာ ၁၀၀ ဝန်းကျင်ထိ အနီးကပ်ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ တပ်ကြပ်ကြီး ဦး သေဆုံးခဲ့ပြီး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ စုံစမ်းသိရှိရကြောင်း  မိုးကြိုး စစ်ကြောင်းက အသိပေးထားပါတယ်။


ထို့နောက် စစ်ကောင်စီ စစ်ကြောင်းမှာ ပြည်သူပိုင် နေအိမ် လုံးကို မီးရှို့ဖျက်စီးခဲ့ပြီး ပြည်သာအေးရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့ကာ ကိုးပြွန်ရွာမှ လက်နက်ကြီးများဖြင့် ၁၅ ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment