21st JUN 2024 - Evening Daily News by Radio NUG

၂၀၂၄ ဇွန်လ ၂၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ (၁၄၉)နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရမှသဝဏ်လွှာပေးပို့

📌 ၂။ စစ်အုပ်စုရဲ့ ဒစ်ဂျစ်တယ်ထောက်လှမ်းရေးနဲ့ အင်တာနက်ဖြတ်တောက်ရေးလုပ်ငန်းစဉ်မှာပါဝင်နေတဲ့ တရုတ်နဲ့ မြန်မာကုမ္ပဏီတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ဖို့ JFM တောင်းဆို 

📌 ၃။ ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဝန်ထမ်းတဦး CDM ဝင်ကြောင်း ကြေညာ 


၂၀၂၄ ခုနှစ် ဇွန်လ ၂၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဆိပ်ဖြူမှာ စစ်ယာဉ်တန်းနဲ့ကင်းလှည့်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးပြီး PDF တဦးကျဆုံး 

🚩 ၂။ သာယာဝတီရဲစခန်းရှေ့မှာကင်းစောင့်နေတဲ့ စစ်သားက ရဲအရာရှိတဦးကို သေနတ်နဲ့ပစ်   

🚩 ၃။ မှော်ဘီမြို့နယ်မှာရှိတဲ့ တပ်မတော်-ကြည်း ဗိုလ်သင်တန်းကျောင်းကို ဖောက်ခွဲတိုက်ခိုက် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ (၁၄၉)နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရမှသဝဏ်လွှာပေးပို့


၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်


ဇွန်လ (၂၁)ရက်နေ့ ယနေ့တွင်ကျရောက်သည့်(၁၄၉)နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရမှသဝဏ်လွှာပေးပို့ခဲ့ပါသည်။


ယနေ့တွင်ကျရောက်သည့် (၁၄၉)နှစ်မြောက် ကရင်နီအမျိုးသားနေ့ အခါသမယတွင် ကရင်နီ တိုင်းရင်းသားလူမျိုးများအားလုံး စစ်ဘေး၊ စစ်ဒဏ်များမှ လွတ်မြောက်အောင် စွမ်းဆောင်နိုင်ကြပြီး စည်ပင်သာယာဝပြောသည့် ကရင်နီပြည်ကို စုစည်းညီညွတ်စွာဖြင့် အမြန်ဆုံး ထူထောင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်ဟု ဦးစွာ‌ဖေါ်ပြထားပါသည်။


 ဗမာဘုရင်ကိုယ်စား ကင်းဝန်မင်းကြီးဦးကောင်းနှင့် အင်္ဂလိပ်ဘုရင်ခံချုပ်ကိုယ်စား ဆာဒေါ့က လပ်ဖောဆစ်(သ်)တို့မှ ၁၈၇၅ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့တွင် ကရင်နီပြည်ကို သီးခြားလွတ်လပ်သည့် ပြည်အဖြစ် အသိအမှတ်ပြုပြီး မည်သည့်နည်းနှင့်မျှ အုပ်ချုပ်စိုးမိုးခြင်း ပြုမည်မဟုတ်ကြောင်း  နှစ်နိုင်ငံအကြား သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြသည့်နေ့ကို အစွဲပြုပြီး ကရင်နီအမျိုးသားနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်ကျင်းပခဲ့သည်မှာ (၁၄၉)နှစ်သို့ တိုင်ခဲ့ပြီဖြစ်ပါသည်။  


ယနေ့အချိန်တွင် ပြည်သူ့ဘဏ္ဍာဖြင့် နှစ်ပေါင်းများစွာ တည်ဆောက်ထားသော အကြမ်းဖက် စစ်အုပ်စုသည် ပြည်သူကို နည်းမျိုးစုံဖြင့် ဖိနှိပ်ညှင်းပန်းသတ်ဖြတ်ကာ လူ့အခွင့်အရေး ချိုးဖောက်မှု များကို အစွမ်းကုန် ကျူးလွန်လျက်ရှိပြီး ပြည်သူတစ်ရပ်လုံးကလည်း နိုင်ငံအနှံ့အပြားတွင် တော်လှန် တိုက်ခိုက်လျက်ရှိပါသည်။ ထိုကဲ့သို့သော အကြမ်းဖက်စစ်အုပ်စုကို တစ်နိုင်ငံလုံးရှိ ပြည်သူများက လက်နက်ကိုင် ခုခံတော်လှန်ရေးနည်းလမ်းဖြင့် လည်းကောင်း၊ အကြမ်းမဖက် အာဏာဖီဆန်ရေး နည်းလမ်းများဖြင့်လည်းကောင်း အသီးသီးဆောင်ရွက်လျက်ရှိရာ အဆိုပါလှုပ်ရှားမှုများအတွင်း ကရင်နီအမျိုးသားများလည်းအသက်၊သွေး၊ချွေးစတေးပေးဆပ်ကာ တက်ကြွစွာ ပါဝင်လျက်ရှိသည့် အတွက် များစွာလေးစားဂုဏ်ယူအပ်ပါသည်။


လွတ်လပ်ပြီးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိသည့်ပြည်နယ်အဖြစ်ရပ်တည်နိုင်ရန်ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ရင်း အသက်ဆုံးရှုံးသွားခဲ့ကြသော ကရင်နီအမျိုးသားခေါင်းဆောင်ကြီးများ၊ ရဲဘော်များနှင့်ပြည်သူများအားလုံးကိုအမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်အာဇာနည်သူရဲကောင်းများအဖြစ် ဦးညွတ်အလေးအမြတ်ပြုအပ်ပါသည်။


အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်ပြည်သူ့နွေဦးတော်လှန်ရေး၏ဘုံရည်မှန်းချက်()ရပ်ဖြစ်သည့်စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ပေါ်ထွန်းလာရေးအတွက် ကရင်နီအမျိုးသားများအပါအဝင် နိုင်ငံတစ်ဝှမ်းရှိ တိုင်းရင်းသားလူမျိုးများအားလုံးနှင့်လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မကြာမီ အနာဂတ်ကာလများတွင် ကရင်နီအမျိုးသားများ လိုလားတောင့်တလျက်ရှိသည့်လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝအာမခံချက်ရှိပြီးစည်ပင်သာယာဝပြောသည့်ကရင်နီပြည်ကိုအမြန်ဆုံးထူထောင်နိုင်ကြပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှဆန္ဒပြုလျက် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။


========================


📌📌 ၂။ စစ်အုပ်စုရဲ့ ဒစ်ဂျစ်တယ်ထောက်လှမ်းရေးနဲ့ အင်တာနက်ဖြတ်တောက်ရေးလုပ်ငန်းစဉ်မှာပါဝင်နေတဲ့ တရုတ်နဲ့ မြန်မာကုမ္ပဏီတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ဖို့ JFM တောင်းဆို 


ဇွန်လ၂၁ရက်။


အကြမ်းဖက်စစ်အုပ်စုရဲ့ ဒစ်ဂျစ်တယ်ထောက်လှမ်းရေးနဲ့ အင်တာနက်ဖြတ်တောက်ရေးလုပ်ငန်းစဉ်မှာပါဝင်နေတဲ့ တရုတ်နဲ့ မြန်မာကုမ္ပဏီတွေကို ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေချမှတ်ဖို့ Justice For Myanmar -JFM က တောင်းဆိုလိုက်ပါတယ်။ 


တရားမဝင်မြန်မာစစ်အုပ်စုက ဒစ်ဂျစ်တယ်အာဏာရှင်စနစ်တရပ် တည်ဆောက်ရေး အရှိန်မြှင့်နေတဲ့အလျောက် မြန်မာ ပြည်က အင်တာနက်အသုံးပြုသူတွေအပေါ် စုံစမ်းထောက်လှမ်းရေးနဲ့ အင်တာနက်ဆင်ဆာဖြတ်တောက်ရေး ကြိုးပမ်းမှု တွေနဲ့ပတ်သက်လို့ အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။ 


အင်တာနက်အသုံးပြုသူတွေအပေါ် စုံစမ်းထောက်လှမ်းရေးနဲ့ အင်တာနက်ဆင်ဆာဖြတ်တောက်ရေး ကြိုးပမ်းမှုတွေမှာ တရုတ်နိုင်ငံထုတ် ပစ္စည်းကိရိယာများ၊ နည်းပညာများနဲ့ ပံ့ပိုးကူညီမှုများ ရရှိအသုံးပြုနေနေတယ်လို့ ဆိုပါတယ်။


လျှို့ဝှက်ပေါက်ကြားလာတဲ့ စာရွက်စာတမ်းများနဲ့ ကော်ပိုရိတ်မှတ်တမ်းများအပါအဝင် သတင်းရင်းမြစ်များအပေါ် အခြေခံ တဲ့ Justice For Myanmar ရဲ့ သုတေသနပြုမှုတွေအရ စစ်အုပ်စုရဲ့ ဒစ်ဂျစ်တယ်ထောက်လှမ်းမှုနဲ့ အင်တာနက်ဆင်ဆာ ဖြတ်တောက်မှုအစီအစဉ်မှာ တရုတ်ကုမ္ပဏီ ခု ပါဝင်ပတ်သက်နေတယ်လို့ သိရပါတယ်။


စီမံကိန်းလျာထားချက် အစီအစဉ်စာရွက်စာတမ်းများအရ တရုတ်ကုမ္ပဏီ Geedge Networks ထံကနေ ထုတ်ကုန်ပစ္စည်း ၂ခုကို အသုံးပြုထားပြီး စုံစမ်းထောက်လှမ်းမှုနဲ့ အင်တာနက်ဆင်ဆာ ဖြတ်တောက်မှုစနစ်မှာ အသုံးပြုတဲ့ ဒီပစ္စည်းတွေကို Jizhi (Hainan) Information Technology Company Limited က ရောင်းချပေးခဲ့ပြီး မြန်မာနိုင်ငံမှာ မေလလကုန်ပိုင်းမှာ  စတင်အသက်သွင်း လုပ်ဆောင်စေခဲ့တယ်လို့ JFM က ဖော်ပြထားပါတယ်။


Geedge Networks တည်ထောင်သူနဲ့ သိပ္ပံပညာရှင်အကြီးအကဲဟာ Fang Binxing ဆိုသူဖြစ်ပြီး ၎င်းကို တရုတ်နိုင်ငံ အင်တာနက်ဆင်ဆာဖြတ်တောက်ရေးယန္တရားကြီး Great Firewall ရဲ့ ဖခင်လို့လည်း ဆိုပါတယ်။


ထုတ်ကုန်တခုဖြစ်တဲ့ Taingou Secure Gateway -TSG ဟာ အသေးစိတ်မွှေနှောက်ရှာဖွေရေး -deep pack inspection ကို အသုံးပြုပြီး secure sockets layer -SSL နဲ့ transport layer security -TLS ကုဒ်ဝှက်လုပ်ထုံးလုပ်နည်းများဖြင့် ဆာဗာ နဲ့ သုံးစွဲသူကြား ကုဒ်ဝှက်ထားတဲ့ အင်တာနက်အသွားအလာများအပေါ်  စီစစ်စစ်ဆေးနိုင်ခြင်းနဲ့ ကုဒ်ဖြေခြင်းတို့ကို စွမ်းဆောင်နိုင်တယ်လို့ ဆိုပါတယ်။


TSG ဟာ virtual private networks လို့ခေါ်တဲ့ VPN များအပါအဝင် အက်ပလီကေးရှင်းများကို ၎င်းတို့ရဲ့ အပြုအမူတွေနဲ့ လက္ခဏာများပေါ် မူတည်ပြီး ပိတ်ပင်နိုင်တဲ့ Firewall တခုအဖြစ်လည်း လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။


Geedge Networks ရဲ့ နောက်ထပ်ထုတ်ကုန်တခုဖြစ်တဲ့ Cyber Narrator ဟာ VPN အသုံးပြုမှုအပါအဝင် အင်တာနက် အသွားအလာများကို စောင့်ကြည့်တာ ခွဲခြမ်းသုံးသပ်တာနဲ့ အန္တရယ်ရှိနိုင်တယ်လို့ယူဆတဲ့ ခြိမ်းခြောက်မှုတွေကို တုန့်ပြန်ဖို့ ဒီဇိုင်းရေးဆွဲထားတဲ့ အင်တာနက်ထောက်လှမ်းရေးကွန်ရက် ပလက်ဖောင်းတခုဖြစ်တယ်လို့ ဆိုပါတယ်။


ဒါ့အပြင် တရုတ်နိုင်ငံပိုင်ကုမ္ပဏီတခုဖြစ်တဲ့ China National Electronics Import and Export Corporation -CEIEC ဟာ စစ်အုပ်စုထိန်းချုပ်ထားတဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနအတွက် တည်နေရာခြေရာခံစနစ် အကောင်အထည်ဖော်ရေး အဆိုပြုမှုမှာ ပါဝင်ပတ်သက်နေတဲ့ Fang Binxing နဲ့ ဆက်နွှယ်မှုရှိနေတယ်လို့ အသိပေးထားပါတယ်။


ဒီကုမ္ပဏီတွေနဲ့ စစ်အုပ်စုကြား စီးပွားရေးလုပ်ဆောင်နိုင်ဖို့ ခရိုနီကုမ္ပဏီတခုဖြစ်တဲ့ Mascots Group of Companies က ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ 


ဒီကုမ္ပဏီအုပ်စုကို ဒေါက်တာဝင်းကျော်နဲ့၎င်းရဲ့ဇနီးဖြစ်သူ ဒေါ်ခင်ကေခိုင်တို့က ဦးဆောင်ပြီး ၎င်းတို့က မြန်မာ စင်ကာပူနဲ့ ထိုင်းနိုင်ငံတွေက အနည်းဆုံး ကုမ္ပဏီပေါင်း ၃၀ ကျော်ပါဝင်တဲ့ ကွန်ရက်မှာ ပါဝင်ပတ်သက်နေသူများဖြစ်တယ်လို့လည်း သိရပါတယ်။


ဒီကုမ္ပဏီတွေထဲက ထက်ဝက်ကျော်ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ဖော်ထုတ်စာရင်းသွင်းထား ပြီးဖြစ်တယ်လို့ ဆိုပါတယ်။


ဒါကြောင့် အစိုးရများအနေနဲ့ Geedge Networks CEIEC နဲ့ Mascots Groupတို့အပြင် ဒီကုမ္ပဏီတွေရဲ့ ဒါရိုက်တာများနဲ့ ဆက်စပ်ကုမ္ပဏီများအပေါ် ဒဏ်ခတ်ပိတ်ဆိုမှုများ အရေးတကြီးချမှတ်ဖို့ Justice For Myanmar က တောင်းဆိုထားပါ တယ်။


ဒိအပြင် အစိုးရများအနေနဲ့ တရားမဝင်စစ်အုပ်စုထံ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာ၊ နည်းပညာ၊ နည်းပညာအကူအညီနဲ့ လေယာဉ်ဆီ ထောက်ပံ့ပေးအပ်နေတဲ့ ၎င်းတို့အချုပ်အခြာနယ်မြေအတွင်းက ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်များကို မဖြစ်မနေ ပိတ်ဆို့အရေးယူသင့်တယ်လို့လည်း JFM က ထောက်ပြထားပါတယ်။


တရုတ်ကုမ္ပဏီတွေနဲ့ သူတို့ရဲ့ မြန်မာခရိုနီအပေါင်းအပါတွေက စုံစမ်းထောက်လှမ်းရေးနဲ့ အင်တာ နက်ဆင်ဆာ ဖြတ်တောက်ရေးနည်းပညာတွေကို တရားမဝင်စစ်အုပ်စုထံ ပေးအပ်နေတာဟာ ဒါက လူသန်းပေါင်းများစွာအပေါ် ထိခိုက်မှုတွေ ရှိလာမှာဖြစ်ပါတယ်လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။


ဒါကြောင့် အစိုးရတွေအနေနဲ့ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာအဖြစ် ပါဝင်ပတ်သက်နေတဲ့ မြန်မာနဲ့ နိုင်ငံခြား ကုမ္ပဏီတွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေကနေတဆင့် အရေးယူဆောင်ရွက်မှုတွေကို မဖြစ်မနေ လုပ်ဆောင်ရမှာဖြစ်ပါတယ်လို့လည်း မရတနာမောင်က ဆက်လက်ပြောဆိုထားပါတယ်။


========================


📌📌 ၃။ ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဝန်ထမ်းတဦး CDM ဝင်ကြောင်း ကြေညာ 


ဇွန်လ၂၁ရက်။


ပြင်သစ်နိုင်ငံ ပါရီမြို့မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ သံရုံးစာရေးဝန်ထမ်း ဒေါ်ဌေးဌေးဝင်းက စစ်အာဏာသိမ်းမှုနဲ့ စစ်တပ်က ပြည်သူလူထုကို သတ်ဖြတ်နေတာတွေ လက်မခံနိုင်တော့တာကြောင့် CDM ဝင်ပြီလို့ ၎င်းရဲ့ လူမှုကွန်ယက်စာမျက်နှာကတဆင့် ကြေညာလိုက်ပါတယ်။ 

ပြင်သစ်နိုင်ငံရာဆိုင်ရာ စစ်ကောင်စီ၏မြန်မာသံရုံးမှ သံရုံးဝန်ထမ်းဒေါ်ဌေးဌေးဝင်းက ဇွန်လ ၂၁ ရက်နေ့မှာ ကြေညာလိုက် တာဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ၂၇ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီး ပြည်ပတာဝန်ကျရာနေရာတွေမှာလည်း တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးဖြစ်တာကြောင့် ၂၀၂၄ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ကစပြီး မတရားအာဏာသိမ်းယူထားတဲ့ စစ်အုပ်စု  လက်အောက်မှာ ဆက်လက် တာဝန်ထမ်းဆောင်လိုတဲ့ ဆန္ဒမရှိတော့ဘူးလို့ ဆိုပါတယ်။ 

ဒါ့အပြင် နိုင်ငံတကာစာမျက်နှာမှာ တရားမဝင်စစ်အုပ်စုကို ကိုယ်စားပြုရန်ဆန္ဒမရှိတော့တဲ့အပြင် ဒီမိုကရေစီပြန်လည်ရရှိ ရေးအတွက် ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံပြည်သူများကို ဖမ်းဆီးသတ်ဖြတ် နှိမ်နှင်းမှုတွေကို လုံးဝလက်မခံနိုင်တော့တာ ကြောင့် CDM ဝင်လိုက်တာလို့ အသိပေးထားပါတယ်။  

CDM ဝင်လာတဲ့ သံရုံးစာရေး ဒေါ်ဌေးဌေးဝင်းက အခြားသော CDM လုပ်ဖော်ကိုင်ဘက် ဝန်ထမ်းများနဲ့အတူ ပြည်သူ့ဘက် ရပ်တည်ကာ CDM လှုပ်ရှားမှုမှာ ပါဝင်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

အခုလို CDM လှုပ်ရှားမှုမှာပါဝင်လာမှုဟာ မြန်မာပြည်သူလူထုနဲ့အတူရပ်တည်ကာ မြန်မာနိုင်ငံသားတယောက်ရဲ့ ဆန္ဒကို ငြိမ်းချမ်းစွာထုတ်ဖော်ခြင်းသာဖြစ်ပြီး လက်ရှိရာထူးကနေ နုတ်ထွက်တာမဟုတ်ဘူးလို့ ဒေါ်ဌေးဌေးဝင်းက အသိပေး ကြေညာထားပါတယ်။

ပြည်သူ့ဝန်ထမ်းတဦးဖြစ်တဲ့အတွက် ပြည်သူများနဲ့အတူ ဓမ္မဘက်မှာ အခိုင်အမာရပ်တည်သွားမှာဖြစ်ပြီး တရားမျှတမှု၊ ဖြောင့်မတ်မှန်ကန်မှုနဲ့ အမှန်တရားတို့ကို အလိုရှိတဲ့အကြောင်းနဲ့ အခုဆုံးဖြတ်ချက်ဟာ မိမိသဘောဆန္ဒအလျောက်  ပြုလုပ် ခြင်းဖြစ်ပြီး မည်သူတဦးတယောက်၊ အဖွဲ့အစည်းလူပုဂ္ဂိုလ်များရဲ့ တိုက်တွန်းအားပေးချက် လုံးဝမပါကြောင်းအပါအဝင် သူ့ရဲ့ မိသားစု၊ မိတ်ဆွေအသိုင်းအဝန်းနဲ့ လုံးဝ သက်ဆိုင်ခြင်းမရှိဘူးလို့ CDM သံရုံးဝန်ထမ်း ဒေါ်ဌေးဌေးဝင်းက ကြေညာ ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ဆိပ်ဖြူမှာ စစ်ယာဉ်တန်းနဲ့ကင်းလှည့်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးပြီး PDF တဦးကျဆုံး 


ဇွန်လ၂၁ရက်။


မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ယာဉ်တန်းနဲ့ ကင်းလှည့်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးပြီး PDF တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - NSP က ပြောပါ တယ်။

ဇွန်လ ၁၆ ရက် မနက် နာရီခန့်အချိန်က ဆိပ်ဖြူမြို့ကထွက်လာတဲ့ စစ်ယာဉ်တန်းကို လုံခြုံရေးပေးဖို့ ထမ္မကောက် ကျေးရွာအထိုင်စခန်းကအကြမ်းဖက်စစ်တပ် ရှေ့ကင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ရာမှာ အကြမ်းဖက်စစ်သားတွေဘက်က ထိခိုက်သေဆုံးမှုတွေရှိပြီး ပြည့်သူ့ကာကွယ်ရေးရဲဘော်တဦး ကျဆုံးခဲ့တာလို့ သိရပါတယ်။

အဲဒီနောက် ညနေပိုင်းမှာလည်း ဆိပ်ဖြူမြို့ပေါ်ကနေ ကပစ ၂၂ ဘက် ထွက်လာတဲ့ ရိက္ခာတင်စစ်ကား စီး ဆယ်မိုင်လမ်းဆုံ စစ်တပ်ဂိတ်အနီးမှာပဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ဦး ပွဲချင်းပြီး သေဆုံးခဲ့ရာ အဲဒီနေရာမှာပဲ မြေမြှုပ် သင်္ဂြိုလ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းဆွဲခံရမှုကြောင့် ဒဏ်ရာရသွားသူတွေကို နေပြည်တော်ဆေးရုံ သယ်ဆောင်သွားရာမှာ စစ်သား ဦး ထက်မံသေဆုံးခဲ့ တယ်လို့လည်း NSP က အသိပေးထားပါတယ်။။

အဆိုပါ တိုက်ခိုက်မှုကို ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP (ပကဖ) နဲ့ ပခုက္ကူခရိုင် အမှတ် တပ်ရင်း  တပ်ခွဲ NSP တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ထို့အတူ ဆိပ်ဖြူမြို့နယ် ကပစ ၂၂ က စစ်သားတဦး နွားကျောင်းရင်း ကင်းလှည့်ထွက်လာချိန်မှာ တော်လှန်ရေးတပ်ဖွဲ့က ထောင်ထားတဲ့မိုင်း နင်းမိတာကြောင့် ပြင်းထန်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဆိပ်ဖြူမြို့နယ် ကပစ ၂၂ က အကြမ်းဖက်စစ်သားတဦးဟာ နွားကျောင်းသားဟန်ဆောင်ပြီး နယ်မြေကင်းလှည့်နေချိန် ဇွန်လ ၁၉ ရက်နေ့ မနက် နာရီ ၄၅ မိနစ်ခန့်အချိန်မှာ ဆိပ်ဖြူမြို့မြောက်ပိုင်းတပ်ရင်း က မုန်တိုင်းအဖွဲ့နဲ့ တကိုယ်တော်ကျားဆိုး တို့ ထောင်ထားတဲ့မိုင်းကိုနင်းမိပြီး ကပစ ၂၂ တပ်ရင်းအတွင်းမှာပဲ ဆေးကုသနေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ သာယာဝတီရဲစခန်းရှေ့မှာကင်းစောင့်နေတဲ့ စစ်သားက ရဲအရာရှိတဦးကို သေနတ်နဲ့ပစ်   


ဇွန်လ၂၁ရက်။


ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီမြို့က ရဲစခန်းရှေ့မှာကင်းစောင့်နေတဲ့ စစ်သားတဦးက ရဲအရာရှိတဦးကို သေနတ်နဲ့ ပစ်ခတ်မှုတခု ဇွန်လ ၁၆ ရက်နေ့ ညနေပိုင်းမှာ ဖြစ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

သာယာဝတီမြို့မရဲစခန်းရှေ့မှာ လုံခြုံရေးကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်တဦးက ခရီးသွားပြည်သူတွေ ဆီကနေ အတင်းအဓမ္မငွေတောင်းယူနေတဲ့အတွက် ဟန့်တားရာကနေ စစ်သားက ရဲအရာရှိကို သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

သာယာဝတီမြို့နယ်အခြေစိုက် ခလရ-၃၅ တပ်က တပ်ကြပ်က သာယာဝတီမြို့မရဲစခန်းက ၂ပွင့်အဆင့်ရှိတဲ့ ရဲအရာရှိကို သေနတ်နဲ့ပစ်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တပ်ကြပ်ဟာ မူးယစ်ဆေးဝါးသုံးစွဲထားပြီး ၎င်းရဲ့ပစ်ခတ်မှုကြောင့် ရဲအရာရှိရင်ဘတ် ကျည်ဖောက် ဝင်သွားတဲ့အတွက် သာယာဝဝတီဆေးရုံးကို ချက်ချင်းပို့ဆောင်ခဲ့ပေမယ့် အခြေအနေမကောင်းတာကြောင့် ရန်ကုန်ဆေးရုံ ကြီးကို တင်ပို့ခဲ့ရပြီး သေဆုံးမှုရှိမရှိ မသိရသေးဘူးလို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။

ရဲအရာရှိကို သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ ခလရ-၃၅ တပ်က တပ်ကြပ်ကို ဇွန်လ ၁၆ ရက်နေ့ကပဲ တပ်ရင်းကိုပြန်ခေါ်သွားပြီး တပ်တွင်းအချုပ်မှာ ချုပ်ထားတယ်လို့လည်း သိရပါတယ်။


========================


🚩🚩 ၃။ မှော်ဘီမြို့နယ်မှာရှိတဲ့ တပ်မတော်-ကြည်း ဗိုလ်သင်တန်းကျောင်းကို ဖောက်ခွဲတိုက်ခိုက် 


ဇွန်လ၂၁ရက်။


ရန်ကုန်တိုင်း မှော်ဘီမြို့နယ်မှာရှိတဲ့ တပ်မတော်-ကြည်း ဗိုလ်သင်တန်းကျောင်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ ရာ စစ်တပ်ဘက်က ထိခိုက်မှုတွေရှိတယ်လို့ Operation Flame က ပြောပါတယ်။


ရန်ကုန်-ပြည်လမ်းပေါ်မှာရှိတဲ့ တပ်မတော်-ကြည်း ဗိုလ်သင်တန်းကျောင်းကို အဝေးထိန်းမိုင်းအသုံးပြုပြီး မနေ့ ဇွန်လ ၂၀ ရက် နာရီခန့်အချိန်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 


တိုက်ခိုက်မှုအပြီးမှာ စစ်တပ်ဘက်က ထိခိုက်မှုအချိုရှိခဲ့ပေမယ့် အသေးစိတ်အခြေအနေတွေမသိရသေးဘဲ ဆက်လက် စုံစမ်းနေတယ်လို့ Operation Flame က အသိပေးထားပါတယ်။

 

ဖောက်ခွဲမှုအပြီး မှော်ဘီတိုးဂိတ်အကျော် ရန်ကုန်အဝင်ဘက်ခြမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားတွေကိုတားပြီး စစ်ဆေးခဲ့ပေမယ့် ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးအဖွဲသားတွေအားလုံး ဘေးကင်းရာသို့ ရောက်ရှိခဲ့ပြီလို့လို့လည်း သိရပါတယ်။


ယခုစစ်ဆင်ရေးကို Operation Flame -OF က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရန်ကုန်တော်လှန်ရေးမဟာမိတ်အားလုံးနဲ့ လက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို ဆက်လက်အရှိန်မြင့်တိုက်ခိုက် ချေမှုန်းသွားမယ်လို့ ကြေညာထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment