22nd JUN 2024 - Evening Daily News by Radio NUG

၂၀၂၄ ဇွန်လ ၂၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နိုင်ငံတော်သံဃမဟာနာယက ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှဝမ်းနည်းကြောင်းထုတ်ပြန်

📌 ၂။ ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ တပည့် စာသင်သားဟောင်းများက ရဟန်းနဲ့ပြည်သူလက်တွဲပြီး စစ်တပ်ကိုဟန့်တားရေး နှိုးဆော်

📌 ၃။ မင်းတပ်မြို့နယ်မှာ ၀မ်းကိုက်ရောဂါကြောင့် နှစ်ဦး အသက်ဆုံးရှုံး၊ စစ်ဘေးရှောင်များ အကူအညီလိုအပ်နေ

📌 ၄။ ရန်ကုန်နဲ့ ဧရာ၀တီတိုင်းက ဆန်ကုန်သည်နဲ့ဆန်စက်လုပ်ငန်းရှင်တွေကို စစ်တပ်က လိုက်လံဖမ်းဆီးနေပြီး ဆန်စက် ဆန်ဂိုထောင်နဲ့ ဆန်ပွဲရုံများကို ချိတ်ပိတ် 

📌 ၅။ မြန်မာ-ထိုင်းနယ်စပ်က ဘုရားသုံးဆူဂိတ်ကို ပိတ်လိုက်တာကြောင့် နယ်စပ်ကုန်သွယ်ရေးရပ်တန့်


၂၀၂၄ ခုနှစ် ဇွန်လ ၂၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အင်းတော်ကြီးဒေသရှိ စစ်ကောင်စီတပ်စခန်း ခုကို KIA တပြိုင်တည်း တိုက်ခိုက်

🚩 ၂။ တောင်ကုတ်- ပန်းတောင်း ကားလမ်းပိုင်းတိုက်ပွဲ စစ်တပ်ဘက်က  ၆၀ ခန့်သေဆုံး 

🚩 ၃။ ဖြူးတွင် စစ်ကောင်စီနှင့် ရဲ ပူးပေါင်းစခန်း တိုက်ခိုက်ခံရပြီး ဦး သေဆုံးကာ လက်နက်တချို့ သိမ်းဆည်းရမိ

🚩 ၄။ ကြေးနီးကားတန်း လုံခြုံရေးယူဖို့လာတဲ့ စစ်ကောင်စီတပ်သား ဦး မိုင်းဆွဲခံရပြီး ဦး သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နိုင်ငံတော်သံဃမဟာနာယက ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှဝမ်းနည်းကြောင်းထုတ်ပြန်


၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်


၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် နိုင်ငံတော်သံဃမဟာနာယက ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော်ဘုရားကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူရခြင်းနှင့်စပ်လျဥ်း၍ မိမိတို့ အနေဖြင့် လွန်စွာ ဝမ်းနည်းကြေကွဲရပါကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ အကြမ်းဖက်စစ်တပ်၊ တပ်ဖွဲ့ဝင် များက ဆရာတော်ဘုရားကြီး စီးနင်းလိုက်ပါလာသည့်ကားအား ငါန်းဇွန်-မြို့သာလမ်းပိုင်းတွင် ရက်စက်စွာ ပစ်ခတ်ခဲ့မှုကြောင့် ဆရာတော်ဘုရားပျံလွန်တော်မူခဲ့ရသည်ကို ကန်သုံးဆင့်ဆရာတော် ဘုရား၏ မျက်မြင်မိန့်ကြားချက်အရ သိရှိရပါသည်။ စစ်အုပ်စုအနေဖြင့် ပြည်သူအား လိမ်လည် လှည့်ဖြား၍ သတင်းအမှားများ ထုတ်ပြန်ကာ ပြောင်ပြောင်တင်းတင်းဖြင့် ၎င်းတို့ကျုးလွန်သည့် စစ်ရာဇဝတ်မှုကို ဖုံးကွယ်ရန် ကြိုးစားနေသည်မှာ လွန်စွာ စက်ဆုပ်ဖွယ်ရာကောင်းသော လုပ်ရပ်ဖြစ်ပါသည်။


ဝင်းနိမ္မိတာရုံဆရာတော် ခန္ဓာဝန်ချပျံလွန်တော်မူသွားခြင်းသည် ဘာသာ၊ သာသနာနှင့် နိုင်ငံတော်အတွက် လွန်စွာကြီးမားလှသည့် ဆုံးရှုံးမှုတစ်ရပ် ဖြစ်ပါသည်။ ဆရာတော်သည် တပည့် သံဃာတော်များ၏ ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သည်သာမက ဆရာတော်၏ ဥာဏ်ပညာဂုဏ်ရည်နှင့် သာသနာတော်အတွက် ကြိုးစားအားထုတ်မှုတို့သည် သမိုင်းဝင် လေးစားဂုဏ်ယူရမည့် အရည်အချင်းများဖြစ်ပါကြောင်း ဖော်ပြလိုပါသည်။


နိုင်ငံတဝှမ်းတွင် အကြမ်းဖက်နည်းလမ်းအမျိုးမျိုးဖြင့် ပြည်သူလူထုအား အကြောက်တရား ရိုက်သွင်းနေသည့် စစ်အာဏာရှင်တို့၏ ဖိနှိပ်မှုများကြားတွင် ပြည်သူလူထုအားလုံးအနေဖြင့် အခက်အခဲစိန်ခေါ်မှုများနှင့် ဆင်းရဲကြပ်တည်းမှုများစွာ ခံစားနေကြရကာ ယခုကဲ့သို့ ပြည်သူတို့၏ လေးစားဂုဏ်ယူကြည်ညိုရသော သံဃနာယကဆရာတော်တစ်ပါးအား ဆင်ခြင်မှုကင်းမဲ့စွာ ပစ်ခတ် သတ်ဖြတ်မှုသည် လွန်စွာဝမ်းနည်းဖွယ်ကောင်းသည့် လုပ်ရပ်ဖြစ်သည့်အပြင် မိမိတို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ယင်းအကြမ်းဖက်လုပ်ရပ်အား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း ထုတ်ပြန်အပ်ပါသည်ဟု ပါရှိပါသည်။


========================


📌📌 ၂။ ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ တပည့် စာသင်သားဟောင်းများက ရဟန်းနဲ့ပြည်သူလက်တွဲပြီး စစ်တပ်ကိုဟန့်တားရေး နှိုးဆော်


ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို အာဏသိမ်းစစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့မှုအပေါ်  မန္တလေး သံဃသမဂ္ဂက အပြင်းအထန်ကန့်ကွက်ရှုတ်ချထားသလို ဝင်းနိမ္မိတာရုံကျောင်းတိုက်က စာသင်သားဟောင်းတွေက ရဟန်းနဲ့ ပြည်သူလက်တွဲပြီး စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဟန့်တားဖို့ နှိုးဆော်ထားပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော် စီးနင်းလိုက်ပါလာတဲ့ကားကို ငါန်းဇွန်-မြို့သာလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေက ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် အခင်းဖြစ်ရာနေရာမှာတင် ပျံလွန်တော်မူခဲ့ရခြင်းအပေါ် လွန်စွာဝမ်းနည်းကြေကွဲရတယ်လို့ မန္တလေးသံဃသမဂ္ဂက မိန့်ဆိုပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူသွားတာဟာ ဗုဒ္ဓသာသနာတော်နဲ့ နိုင်ငံတော်အတွက် ကြီးမားလှတဲ့ ဆုံးရှုံးမှုတရပ် ဖြစ်စေခဲ့တယ်လို့လည်း မိန့်ကြားထားပါတယ်။

အခုလို ရဟန်းရှင်လူပြည်သူလူထုတရပ်လုံး လေးစားဂုဏ်ယူကြည်ညိုရတဲ့ သံဃနာယကဆရာတော်တပါးကို ဆင်ခြင်မှု ကင်းမဲ့စွာ ပစ်ခတ်သတ်ဖြတ်မှုဟာ လွန်စွာထိတ်လန့်ဖွယ်ကောင်းတဲ့လုပ်ရပ်ဖြစ်ပြီး သတင်းလိမ်လည်ထုတ်ပြန်တာဟာ လည်း စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့လုပ်ရပ်ဖြစ်တယ်လို့ မန္တလေးသံဃသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အာဏာရှင်တွေကြောင့် တနေ့တခြားယုတ်လျော့ ကျဆင်းလာတဲ့ သာသနာတော်ကို ပြန်လည်တည့်မတ်စေဖို့နဲ့ စစ်အာဏာရှင်တို့ကြောင့် ဒုက္ခမျိုးစုံကြုံတွေ့နေရတဲ့ ပြည်သူတွေအပေါ် မေတ္တာရှေ့ထားပြီး ဆောင်ရွက်ဖွယ်ရာ ပရိကံဆောင်ခြင်းအမျိုးမျိုးကို ဝိနည်းတော်နဲ့အညီဆောင်ရွက်ကြဖို့ အချိန်ကျရောက်လာပြီလို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် စာသင်သားဟောင်း တပည့်သံဃာတော်တွေက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ 

ဒါကြောင့် ရဟန်းနဲ့ပြည်သူလက်တွဲပြီး ဆရာတော်ကြီးနဲ့တကွ နိုင်ငံအနှံ့က ပြည်သူတွေကို စစ်တပ်က သတ်ဖြတ်နေတာ တွေ အဆုံးသတ်နိုင်ရေး အတူလက်တွဲဆောင်ရွက်ကြဖို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် စာသင်သားဟောင်း တပည့်သံဃာတော် တွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


📌📌 ၃။ မင်းတပ်မြို့နယ်မှာ ၀မ်းကိုက်ရောဂါကြောင့် နှစ်ဦး အသက်ဆုံးရှုံး၊ စစ်ဘေးရှောင်များ အကူအညီလိုအပ်နေ


မင်းတပ်မြို့နယ်၊ တိုက်နယ် ၁၃၊ဒိုင်ရ်ဒေသ ကျေးရွာများမှာ ဝမ်းပျက်၊ ဝမ်းလျှောကြောင့် ဒေသခံနှစ်ဦး အသက်ဆုံးရှုံးတယ်လို့ မင်းတပ်မြို့နယ်စစ်ဘေးရှောင်များ စောင့်ရှောက်ရေးကော်မတီက ဖော်ပြပါတယ်။ ဇွန်လ ၁၇ ရက် မင်းတပ်ပိုစ့်သတင်းဌာနက ထုတ်ပြန်ထားပါတယ်။


အသက်ဆုံးရှုံးရသူတွေဟာ သက်ကြီးပိုင်းနှစ်ဦးဖြစ်ပြီး ၀မ်းရောဂါဖြစ်ပွားနေတဲ့ အဆိုပါကျေးရွာမှာ လူအ၀င်အထွက် ယာယီပိတ်ထားဆဲလို့ ဆိုပါတယ်။


မင်းတပ်မြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ ဒီရောဂါဟာ နာရီကနေ ရက်အတွင်း လက္ခဏာပြပြီး အမြန်ဆုံး ထိရောက်တဲ့ ကုသမှု မခံယူရင် ၃၀ - ၅၀ % က သေဆုံးနိုင်ပြီး အချိန်မီ ကုသရင် သေဆုံးမှုနှုန်း % ပဲ ရှိတယ်လို့ Chin Health Organization က ဆိုပါတယ်။


အပြင်စာ မစားပါနဲ့။ ဟင်းကျန် ထမင်းကျန် မစားပါနဲ့။ အစာကို ယင်လုံအောင် သိမ်းဆည်းပါ။နို့တိုက်ကလေးတွေကို အမေနို့တမျိုးတည်း တိုက်ပါ။ ယင်လုံအိမ်သာ သုံးပါ။ အိမ်သာသွားပြီးတိုင်း၊ အစာမစားခင်၊ မပြင်ခင်၊ မချက်ခင် လက်ကို ဆပ်ပြာနဲ့ စင်အောင် ဆေးပါ။ ဝမ်းလျှောတာနဲ့ ကျန်းမာရေးဝန်ထမ်းဆီ ချက်ချင်းပြပါ။ ဓာတ်ဆား ချက်ချင်းသောက်ပါ။ ဓာတ်ဆားမရှိရင် ဆားနဲ့ သကြားကို သုံးပြီး အောက်ကပုံအတိုင်း ဖျော်သောက်လို့ ရတယ်။ အရေးကြီးဆုံးက ရေကို ကျိုချက်ပြီး သောက်ပါ။လို့လည်း တိုက်တွန်းထားပါတယ်။


လက်ရှိမှာ မင်းတပ်မြို့နယ်အတွင်း စစ်ဘေးရှောင် ၁၀,၅၀၀ ၀န်းကျင်ခန့်ရှိပြီး ဆေးဝါး၊ စားသောက်ကုန်ပစ္စည်းနဲ့ အကူအညီများစွာ လိုအပ်နေတယ်လို့ မင်းတပ်မြို့နယ်စစ်ဘေးရှောင်များ စောင့်ရှောက်ရေးကော်မတီက ဆိုပါတယ်။


========================


📌📌 ၄။ ရန်ကုန်နဲ့ ဧရာ၀တီတိုင်းက ဆန်ကုန်သည်နဲ့ဆန်စက်လုပ်ငန်းရှင်တွေကို စစ်တပ်က လိုက်လံဖမ်းဆီးနေပြီး ဆန်စက် ဆန်ဂိုထောင်နဲ့ ဆန်ပွဲရုံများကို ချိတ်ပိတ် 


ဆန်စျေးနှုန်းတက်အောင် စီးပွားရေးသမားများက လုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ကောင်စီက ရန်ကုန်နဲ့ ဧရာ၀တီတိုင်းက ဆန်ကုန်သည်တွေနဲ့ ဆန်စက်ပိုင်ရှင်တွေကို ဖမ်းဆီးနေပြီး ဆန်စက်တွေ ဆန်ဂိုထောင်တွေနဲ့ ပွဲရုံတွေကိုပါ လိုက်လံချိတ်ပိတ်နေတယ်လို့ သိရပါတယ်။ 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဒုဝန်ကြီး ဦးမင်းမင်းဟာ ဆန်ကုန်သည်တွေ ဆန်စပါးလုပ်ငန်းရှင်တွေနဲ့ ဇွန်လ ၂၀ ရက် နေ့က Zoom အစည်းအဝေးလုပ်ခဲ့ပြီးနောက် ဇွန်လ ၂၁ ရက်နေ့ကစလို့ ဆက်တိုက်ဆိုသလို ဖမ်းဆီးမှုတွေလုပ်ဆောင်လာ တာလို့ ဆန်လုပ်ငန်းရှင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြပါတယ်။ 

ဇွန်လ ၂၁ ရက်နေ့ မနက်ပိုင်းမှာ ဆန်ကုန်သည်နဲ့ ဆန်စက်ပိုင်ရှင်တွေကိုဖမ်းပြီး ညပိုင်းမှာ ဆန်စက်နဲ့ ဂိုထောင်တွေကို အကြောင်းပြချက်မရှိ အမေးအမြန်းမရှိဘဲ လုပ်ဆောင်သွားတာလို့ ဆိုပါတယ်။  

ဆန်စက်ပိုင်ရှင်တွေနဲ့ ဆန်ကုန်သည်တွေအနေနဲ့ အမြတ်တင်ရောင်းတာ စျေးနှုန်းကြီးမြင့်အောင် သိုလှောင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေးမြန်းမရှိ ဝင်ဖမ်းသွားတာလို့ ဆန်စပါးလုပ်ငန်းရှင်တွေက ပြောပါတယ်။ 

စစ်ကောင်စီဟာ ဇွန်လ ၂၁ ရက်နေ့မှာ ရန်ကုန်တိုင်းနဲ့ ဧရာ၀တီတိုင်းအတွင်းက ဆန်ကုန်သည်နဲ့ ဆန်စပါးလုပ်ငန်းရှင်တွေကို ဖမ်းဆီးခဲ့တာဖြစ်ပြီး အခြားတိုင်းဒေသကြီးတွေက ဆန်ကုန်သည်နဲ့ဆန်စက်တွေကိုလည်း ဆက်လက် ဖမ်းဆီးဖို့ရှိတယ်လို့  သိရပါတယ်။

လတ်တလောမှာ Khit Thit သတင်းဌာန ရရှိထားတဲ့စာရင်းတွေအရ လှိုင်သာယာမြို့နယ်က ရွှေလဝန်းဆန်စက်ရုံအပါအဝင် ဆန်စက်နဲ့ဂိုထောင် ၁၀ ခု၊ ဒေးဒရဲမြို့နယ်က မိဘမေတ္တာ- ဆန်စက်နဲ့ဆန်ဂိုထောင်များ၊ Goody ဆန်စက်တို့ပါဝင်နေပြီး ဘုရင့်နောင်ပွဲရုံက ဆန်ပွဲရုံတွေကိုလည်း ဖမ်းဆီးမှုတွေနဲ့ ချိတ်ပိတ်တာတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

ဇွန်လ ၂၁ ရက်နေ့ည ၁၁ နာရီခန့်အချိန်မှာ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံအတွင်းမှာရှိတဲ့ ဆန်ပွဲရုံ ခု ထက်မနည်းကို စစ်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေက ချိတ်ပိတ်သွားတယ်လို့ဆိုပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ရဲမင်းအောင်နဲ့ ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်ဥက္ကဋ္ဌ လူမော်မြင့်မောင်တို့ကို နေပြည်တော် အစည်းအဝေးသို့ဖိတ်ကြားပြီး ပြန်မလွှတ်တော့ဘဲ ခေါ်ယူထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ 

ထို့အတူ ဒီနေ့ ဇွန်လ ၂၂ ရက်နေ့မှာလည်း စားအုန်းဆီလုပ်ငန်းရှင်အားလုံးကို ရန်ကုန်မြို့က စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနရုံးကို အစည်းအဝေးတက်ဖို့ ခေါ်ယူထားတာကြောင့် ဆန်စပါးလုပ်ငန်းရှင်တွေလို ဖမ်းဆီးခံရမှာကို ဆီလုပ်ငန်းရှင်တွေ စိုးရိမ်နေကြပါတယ်။


========================


📌📌 ၅။ မြန်မာ-ထိုင်းနယ်စပ်က ဘုရားသုံးဆူဂိတ်ကို ပိတ်လိုက်တာကြောင့် နယ်စပ်ကုန်သွယ်ရေးရပ်တန့်


ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးဂိတ်တခုဖြစ်တဲ့ ဘုရားသုံးဆူ ဂိတ်ကို ပိတ်လိုက်တာကြောင့် နယ်စပ်ကုန်သွယ်ရေးရပ်တန့်သွားတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။

မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ ဘုရားသုံးဆူဂိတ်ကို ဇွန်လ ၁၇ ရက်နေ့မနက်ပိုင်းမှာ မြန်မာဘက်က ပိတ်လိုက်ပြီးနောက် ညနေပိုင်းမှာ ထိုင်းဘက်ကပါ ပိတ်လိုက်တာလို့ ဒေသခံတွေကဆိုပါတယ်။

ဘာကြောင့်ပိတ်လိုက်တယ်ဆိုတာကိုတော့ မြန်မာဘက်ကရော ထိုင်းဘက်ကပါ လက်ရှိအချိန်အထိ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။ 

အခုလို နယ်စပ်ဂိတ်ပိတ်လိုက်တာကြောင့် ထိုင်းနိုင်ငံကနေ မြန်မာဘက်ကိုတင်သွင်းတဲ့ကုန်စည်တွေ စျေးနှုန်းမြင့်တက် လာသလို မြန်မာဘက်ကလာတဲ့ ကုန်စည်တွေလဲ စျေးတက်လာတာကြောင့် အခက်အခဲဖြစ်ရတယ်လို့ နယ်စပ်မှာနေတဲ့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ 

လက်ရှိအချိန်ဟာ မိုးရာသီကာလဖြစ်တာကြောင့် သွားလာရေးခက်ခဲတဲ့အပြင် တိုက်ပွဲအခြေအနေကိုကြည့်ပြီး သွားလာ နေရတာဖြစ်တဲ့အတွက် ကုန်သည်တွေဘက်မှာလဲ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်‌သွေး တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ အင်းတော်ကြီးဒေသရှိ စစ်ကောင်စီတပ်စခန်း ခုကို KIA တပြိုင်တည်း တိုက်ခိုက်


ကချင်ပြည်နယ်ထဲက နာမည်ကျော် အင်းတော်ကြီးအိုင်ရှိရာ အင်တော်ကြီးဒေသက စစ်ကောင်စီတပ်စခန်း ခုကို ကချင် လွတ်လပ်ရေးတပ်မတော်-KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ဒီနေ့ ဇွန်လ ၂၂ရက် မနက်ကစပြီး  ထိုးစစ်ဆင်တိုက်ခိုက် နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မနက် ၅နာရီခန့်ကစပြီး အင်းတော်ကြီးဒေသမှာရှိတဲ့ စစ်ကောင်စီရဲ့ ဝှေလုံစခန်း၊ ညောင်ပင်စခန်း၊ချောင်း၀စခန်း စတဲ့စခန်း တွေကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

ဒီတပ်စခန်းတွေဟာ စစ်ရေးအရအရေးကြီးပြီး အင်းတော်ကြီးဘက်ကနေ ဖားကန့်ကိုသွားတဲ့ လမ်းပိုင်းမှာရှိတယ်လို့ သိရပါတယ်။

KIA ဘက်က စစ်နယ်ဝန်း ထပ်ချဲ့လာတာလို့ CDM ဗိုလ်ကြီး ဇင်ယော်က မှတ်ချက်ပြုပါတယ်။ 

ရှမ်းနီတွေကြီးစိုးတဲ့ အကြီးဆုံးအိုင်ကြီးရှိတဲ့ အင်းတော်ကြီးဒေသ လုံးတုံကနေစလို့ ဒေသခံတွေတော်တော်များများ စစ်ရှောင်ဖို့ ပြင်နေကြပြီဖြစ်ပါတယ်။ စကစဟာ ရပ်ထဲရွာထဲအထိ မိုင်းခင်းပြီး တပ်ဖြန့်ဖို့ စီစဉ်နေတယ်လို့ သိရကြောင်း လည်း အသိပေးထားပါတယ်။

တပ်မ ၃၃ တပ်တွေနဲ့ အင်အားကြီး ရှမ်းနီပြည်သူ့စစ်ကြီးစိုးတဲ့ဒေသ ဖြစ်တဲ့အတွက် ယမ်းငွေ့ကတော့ တော်တော်ဝေလိမ့် မယ်။ ဒါထက်မက ရွှေဘို- မြစ်ကြီးနားကားလမ်းပိုင်းက ဟိုပင်-လယ်မှီး-တကွင်းအထိဟာ စကစရဲ့ စစ်ကူလမ်းကြောင်းကြီး ဖြစ်လာတာတွေ့ရပါလိမ့်အုံးမယ်လို့  CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

KIA အနေနဲ့ မတ်လ ရက်ကစပြီး စစ်ကောင်စီတပ်စခန်းတွေကို နယ်မြေဒေသအလိုက် တပြိုင်တည်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာ ဇွန်လ ၁၁ ရက်က ဝိုင်းမော်- ဆဒုံးဒေသမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၁၈ ခုကို တရက်အတွင်း တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။


========================


🚩🚩 ၂။ တောင်ကုတ်- ပန်းတောင်း ကားလမ်းပိုင်းတိုက်ပွဲ စစ်တပ်ဘက်က  ၆၀ ခန့်သေဆုံး 


ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းကို ဆက်သွယ်ထားတဲ့ တောင်ကုတ်- ပန်းတောင်းကားလမ်းပိုင်းမှာ ရခိုင့်တပ်တော်-AA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်ဖြစ်ခဲ့ရာမှာ စစ်တပ်ဘက်က ၆၀ ဦးထက်မနည်းသေဆုံးသွားတယ်လို့  ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြည်ကနေ စစ်ကူတက်လာတဲ့ အင်အား ၁၆ဝ ကျော်ပါစစ်ကြောင်းကို AA က တောင်ကုတ်-ပန်းတောင်းလမ်းမှာ ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်သားတွေ ထိခိုက်သေဆုံးမငရှိခဲ့တာနဲ့ပတ်သက်လို့ သတင်းရင်းမြစ်တွေက ပြောလိုက်တာဖြစ်ပါတယ်။ 

ပြည်မြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒကစ-ပြည် ကနေ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ဘက် စစ်ကူသွားတဲ့ စစ်တပ် စစ်ကြောင်းကို AA က တောင်ကုတ်- ပန်းတောင်းကားလမ်းပိုင်း နေပူတောင်အနီးမှာဇွန်လ ၂၀ ရက်နေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်နေဆဲလို့ သိရပါတယ်။ 

တောင်ကုတ်မြို့အခြေစိုက် စစ်ဆင်ကွပ်ကဲမှုဌာနချုပ် စကခ- ၊ခမရ -၃၄၆ နဲ့ ခမရ -၅၄၄ တပ်ရင်းတို့ကနေ လက်နက်ကြီး တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို လေကြောင်းကလည်း တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကလည်း ပြောပါတယ်။

အထိနာသွားတဲ့ အဲဒီစစ်ကြောင်းကို စစ်ကူပေးဖို့လိုက်လာတဲ့ စစ်ကူစစ်ကြောင်းကိုလည်း ပဲခူး PDF တွေက ထပ်မံ ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာ ရှိတယ်လို့လည်း ဆိုပါတယ်။ 

ပြည်မြို့နဲ့တောင်ကုတ်မြို့ဆိုတာဟာ ရခိုင်ရိုးမသာခြားတာကြောင့် စစ်ကောင်စီဘက်က ပြည်မြို့မှာလည်း လုံခြုံရေး  တင်းကျပ်ထားတယ်လို့ သိရပါတယ်။ 

ရခိုင့်တပ်တော် AA အနေနဲ့ မောင်တော သံတွဲနဲ့ တောင်ကုတ်မြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက် ဖို့ကြိုးစားနေတာကြောင့် စစ်ကောင်စီတပ်တွေနဲ့ ရခိုင့်တပ်တော်တို့ကြား စစ်ရေးတင်းမာနေတာလည်း ဖြစ်ပါတယ်။


========================


🚩🚩 ၃။ ဖြူးတွင် စစ်ကောင်စီနှင့် ရဲ ပူးပေါင်းစခန်း တိုက်ခိုက်ခံရပြီး ဦး သေဆုံးကာ လက်နက်တချို့ သိမ်းဆည်းရမိ


ဇွန်လ ၂၂ ရက်၊ Radio NUG


ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကျွဲနွယ်ကုတ်ကျေးရွာရှိ စစ်ကောင်စီနှင့် ရဲ ပူးပေါင်းစခန်း တိုက်ခိုက်ခံရကာ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေး ရဲဘော်တွေထံမှ သိရကြောင်း မြေလတ်အသံ သတင်းဌာနက ဖော်ပြပါတယ်။


ဇွန်လ ၂၀ ရက်နေ့ ၁၁ နာရီခန့်မှာ စစ်ကောင်စီနဲ့ ရဲအင်အား ၂၀ ခန့်ရှိ တပ်စခန်းကို KNLA နဲ့ ပူးပေါင်း အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မိနစ် ၂၀ ကျော် တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။


တိုက်ပွဲအတွင်း ရဲတပ်သား ၁ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ပြန်ဆုတ်ပြေး သွားခဲ့တာကြောင့် အရေအတွက်ကို အတည်မပြုနိုင်ခဲ့ဘူးလို့ သိရပါတယ်။


ထို့အပြင် ခြောက်လုံးပြူး သေနတ် လက်၊ အူဇီ သေနတ် လက်၊ G3 ကျည်ဘောက် ခု၊ G3 ကျည် ၁၉၈ တောင့်၊ အူဇီကျည်ဘောက် ခု၊ .၅၆ ကျည် ၂ဝ တောင့်၊ ၃၈ ကျည်  ၁၆ တောင့်၊ မမ ကျည် ၆၀ တောင့်၊ မှတ်စုစာအုပ် အုပ် နဲ့ ပိုက်ဆံ ၂၂,၂ဝဝ ကျပ်တို့ကို သိမ်းဆည်းရရှိခဲ့ပြီး စခန်းကို မီးရှို့ဖျက်စီးခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို KNLA ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အာဠာဝက စစ်ကြောင်း၊ ရိုးမ စစ်ကြောင်း () ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDO (ဖြူး) ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDO (သာယာဝတီခရိုင်) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


ပြီးခဲ့တဲ့ ဇန်နဝါရီလ ရက်နေ့ကလည်း ဖြူးမြို့နယ်၊ ကညွတ်ကွင်းနဲ့ တောကျွဲအင်း ကြားရှိ စစ်ကောင်စီ တပ်စခန်း ခု တိုက်ခိုက်ခံရပြီး စစ်ကောင်စီ အဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့ ပါသေးတယ်။


========================


🚩🚩 ၄။ ကြေးနီးကားတန်း လုံခြုံရေးယူဖို့လာတဲ့ စစ်ကောင်စီတပ်သား ဦး မိုင်းဆွဲခံရပြီး ဦး သေဆုံး


ဇွန်လ ၂၂ ရက်၊ Radio NUG


စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာ-ချောင်းဦး လမ်းပိုင်းမှာ ဝမ်ပေါင် ကြေးနီကားတန်းကို လုံခြုံရေး ယူပေးဖို့ ရောက်လာတဲ့ စစ်ကောင်စီ တပ်သား ဦးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ဦး သေဆုံးကာ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တယ်လို့ Area 71 People’s Defense Force က ထုတ်ပြန်ထားပါတယ်။


ဇွန်လ ၂၁ ရက်နေ့ မနက် နာရီခန့်က ချောင်းဦး မြပုလဲဂိတ်ကနေ ၆ဘီး Center ကားဖြင့် လိုက်လာပြီး ကြေးနီကားတန်းကို လုံခြုံရေးယူဖို့ လမ်းဘေးဝဲယာကို ရောက်လာတဲ့ စစ်သား ဦးကို ကြိုတင်ပြင်ဆင်ထားတဲ့ မိုင်းပွိုင့်အရောက်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ဦးမှာ နေရာမှာပဲ သေဆုံးသွားခဲ့ပြီး ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့ကာ ချောင်းဦးဘက်ကလာတဲ့ ကားတစ်စီးနဲ့ မုံရွာမြို့ဘက်ကို သယ်ဆောင်သွားကြောင်း ဖော်ပြ ထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို Area 71 People’s Defense Force  မှ လုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှု အပြီးမှာ တော်လှန်ရေး တပ်ဖွဲဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်‌သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment