22nd JUN 2024 - Morning Daily News by Radio NUG

၂၀၂၄ ဇွန်လ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ပျံလွန်တော်မူခဲ့တာဟာ PDF တွေရဲ့ ပစ်ခတ်မှုကြောင့်လို့ သတင်းလိမ် ထုတ်ပြန်ခဲ့တဲ့ စစ်ကောင်စီက ဖြစ်စဉ်အမှန်ကို ပြန်စိစစ်ပြီး လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ဆောင်မယ်လို့ ထပ်မံထုတ်ပြန်

📌 ၂။ ဘင်္ဂလားဒေ့ရှ်ဘက် ကျည်ကျရင် လက်တုံ့ပြန်မယ်လို့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး သတိပေး

📌 ၃။ စစ်ကောင်စီ အောင်ဘာလေထီမှ အခွန်ရငွေ ၉၀ ရာခိုင်နှုန်းခန့် ကျဆင်း

📌 ၄။ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ - TPCC မှ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ

📌 ၅။ အကျင့်စာရိတ္တပြုပြင်သူ(၁၃)ဦးအား မိုင်းလုံမြို့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ပြန်လွှတ်ပေး

📌 ၆။ ရေမြက်နီရွာက စစ်ရှောင်တွေကို ကျပ်သိန်း ၅၀ ထောက်ပံ့

📌 ၇။ အမေရိကန်မှာ မစ္စတာရှောင်တာနယ်ရဲ့ စာအုပ်လက်မှတ်ရေးထိုးပွဲကျင်းပ


၂၀၂၄ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် ဘုန်းကြီးကျောင်းကို တိုက်ခိုက်သဖြင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ

🚩 ၂။ သံတွဲ စစ်ရှောင်ရွာကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင် ဦး သေဆုံး ဦး ပြင်းထန်ဒဏ်ရာရ

🚩 ၃။ ရခိုင်စစ်ပွဲအတွင်း အရပ်သားသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများစွာကို စစ်ကောင်စီတပ် ပြုလုပ်နေ

🚩 ၄။ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော စင်းကို ဆားလင်းကြီးနယ်မှာ ကြားဖြတ်တိုက်ခိုက်

🚩 ၅။ ချင်းတွင်းမြစ်ကြောင်းအတိုင်းတက်လာတဲ့ စစ်သင်္ဘော စင်းက မြစ်ဘေးတလျောက်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်တာကြောင့် ဒေသခံပြည်သူများ တိမ်းရှောင်နေရ

🚩 ၆။ ဂန့်ဂေါမြို့နယ်တွင် စစ်လက်ကျန် ၄၀ မမဗုံးသီးကွဲပြီး ကလေး ဦး သေဆုံး ဦးဒဏ်ရာရ

🚩 ၇။ လားရှိုးမြို့တွင် ပေါက်ကွဲမှုတစ်ခုဖြစ်၍ (၁၂)အရွယ် ကလေးငယ်()ဦး လက်နှစ်ဖက်ပြတ်ပြီး ()ဦး ပြင်းထန်စွာဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ပျံလွန်တော်မူခဲ့တာဟာ PDF တွေရဲ့ ပစ်ခတ်မှုကြောင့်လို့ သတင်းလိမ် ထုတ်ပြန်ခဲ့တဲ့ စစ်ကောင်စီက ဖြစ်စဉ်အမှန်ကို ပြန်စိစစ်ပြီး လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ဆောင်မယ်လို့ ထပ်မံထုတ်ပြန်


ဇွန်လ ၂၁ရက်။

Radio NUG

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ပျံလွန်တော်မူခဲ့တာဟာ PDFတွေရဲ့ ပစ်ခတ်မှုကြောင့်လို့ သတင်းလိမ်လည်ထုတ်ပြန်ခဲ့တဲ့ စစ်ကောင်စီက ဖြစ်စဉ်အမှန်ကို ပြန်စိစစ်ပြီး လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ဆောင်မယ်လို့ ထပ်မံထုတ်ပြန်လာပြန်ပါတယ်။


ကန်သုံးဆင့် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသက ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ပျံလွန်တော်မူခဲ့တာဟာ စစ်တပ်က ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ရှင်းလင်းမိန့်ကြားတဲ့ ရုပ်သံမှတ်တမ်း ထွက်ပေါ်လာပြီးနောက် စစ်ကောင်စီက ပြန်ပြောင်းထုတ်ပြန်လာခြင်း ဖြစ်ပါတယ်။


ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ပျံလွန်တော်မူခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုကို PDFတပ်တွေ လုပ်ဆောင်ခဲ့တာလို့ ဇွန်လ ၁၉ ရက် ညပိုင်းမှာ ပြောင်လိမ်စွပ်စွဲပြီး သတင်းလိမ်လည် ထုတ်ပြန်ခဲ့ပါတယ်။


အခုထပ် ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာတော့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကနဦးသတင်းထုတ်ပြန်ခဲ့တာမှာ လုံခြုံရေးတပ်ဖွဲ့အဆင့်ဆင့်က သတင်းပို့တင်ပြလာတဲ့ အချက်အလက်တွေကို အခြေခံပြီး သတင်းထုတ်ပြန်ခဲ့တာဖြစ်လို့ ကန်သုံးဆင့် ဆရာတော် မိန့်ကြားမှုနဲ့ ကွဲလွဲနေတာ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။


ဆရာတော် ပစ်ခတ်ခံရတဲ့နေ့မှာပဲ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် ကန်သုံးဆင့် ဆရာတော်ကို မန္တလေးနန်းတွင်းမှာ အချိန်အတော်ကြာ ခေါ်ယူစစ်ဆေးမေးမြန်းမှုလုပ်ဆောင်ခဲ့ပေမယ့် အခုချိန်မှာတော့ ဒီဖြစ်ရပ်မှာ အမှန်တရားကို စစ်ကောင်စီထိပ်ပိုင်း ခေါင်းဆောင်တွေ မသိရှိခဲ့တဲ့ပုံစံနဲ့ ထပ်မံထုတ်ပြန်ထားတာပါ။


ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီဟာ မြေပြင်ဖြစ်စဉ် အမှန်ပေါ်ပေါက်ရေးအတွက် လိုအပ်တဲ့ စိစစ်ဖော်ထုတ်မှုတွေ လုပ်ဆောင်နေပြီး ဖြစ်စဉ်အမှန်ကို သိရရင် လိုအပ်တဲ့ အရေးယူမှုတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ပါ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ ဘင်္ဂလားဒေ့ရှ်ဘက် ကျည်ကျရင် လက်တုံ့ပြန်မယ်လို့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး သတိပေး


ဇွန်လ ၂၁ရက်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်မြေအတွင်း ကျည်ဆန်တွေ ကျရောက်လာမယ်ဆိုရင် လက်တုံ့ပြန်မှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal က သတိပေးပြောဆိုလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းမီဒီယာတွေက သတင်းဖော်ပြခဲ့ကြပါတယ်။ 

ရခိုင်ပြည် မောင်တောမြို့သိမ်းတိုက်ပွဲမှာ ရခိုင့်တပ်တော်နဲ့ အကြမ်းဖက်စစ်တပ်ကပစ်ခတ်တဲ့ သေနတ်ကျည်တွေနဲ့ မော်တာကျည်တွေ ပေါက်ကွဲမှုများ ဘင်္ဂလားဒေ့ရှ်ပိုင်နက် နယ်စပ်မှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အခုလိုပြောလိုက်တာ ဖြစ်ပါတယ်။

အကြမ်းစစ်ကောင်စီနဲ့ ရခိုင့်တပ်တော်တို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်မြေအတွင်း ထပ်မံပစ်ခတ်လာရင် လက်တုံ့ပြန်မယ်လို့ ဇွန်လ ၂၀ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်အစိုးရအတွင်းဝန်ရုံးမှာ သတင်းထောက်တွေနဲ့တွေ့ဆုံစဉ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal က ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

မြန်မာစစ်တပ်နဲ့ ရခိုင့်တပ်တော်ကို ဘင်္ဂလားဒေ့ရှ်ထဲကို မပစ်ခတ်ဖို့ သတိပေးထားပါတယ်။ ရံဖန်ရံခါမှာ မြန်မာစစ်တပ် ဒါမှမဟုတ် ရခိုင့်တပ်တော်က ကျနော်တို့ရဲ့ နယ်ခြားစောင့်တပ် ဘင်္ဂလားဒေ့ရှ် (BGB) ကို တခါတရံ မှားယွင်းပစ်ခတ်ခဲ့တာရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျနော်တို့ သူတို့ကို အသိပေးခဲ့ပြီးပါပြီလို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal က ပြောပါတယ်။ 

၂နိုင်ငံနယ်ခြားဖြစ်တဲ့ နတ်မြစ်ရဲ့ အချို့နေရာတွေမှာ ရေကြောင်းသွားလာမှုညံ့ဖျင်းတာကြောင့် Teknaf ကနေ Saint Martin's ကျွန်းကိုသွားတဲ့ လှေတွေအတွက် စိန်ခေါ်မှု တရပ်ဖြစ်နေတာကြောင့် မြန်မာရေပိုင်နက်အတွင်းကနေ ဖြတ်သန်းသွားတဲ့ ဘင်္ဂလားဒေ့ရှ်လှေတွေကို မြန်မာစစ်တပ် သို့မဟုတ် ရခိုင့်တပ်တော်က ပစ်ခတ်တဲ့ ဖြစ်စဉ်များ ရှိခဲ့ပေမယ့် ယခုအခါ အခြေအနေ တိုးတက်ကောင်းမွန်လာပြီလို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက ဆက်လက်ပြောဆိုထားပါတယ်။ 

လက်ရှိမှာ နတ်မြစ်အတွင်းရှိနေတဲ့ မြန်မာ သင်္ဘော ၂စင်းလည်း ဆုတ်ခွာသွားပြီလို့ ၎င်းက ရှင်းပြထားပါတယ်။ ဇွန်လ ၂ဝ ရက်နေ့က Teknaf နယ်စပ်မှာ သေနတ်သံတွေနဲ့ မော်တာကျည်ပေါက်ကွဲမှုတွေ ထွက်ပေါ်လာခဲ့သလို Cox's Bazar ခရိုင်ရှိ Teknaf upazila တလျောက် သေနတ်သံများနဲ့ မော်တာကျည်ပေါက်ကွဲသံတွေ နယ်စပ်တလျောက် ထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ရခိုင့်တပ်တော်က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ မောင်တောမြို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ခရိုင်နဲ့ အလွန်နီးကပ်နေတဲ့ နယ်စပ်မြို့တခုဖြစ်ပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီ အောင်ဘာလေထီမှ အခွန်ရငွေ ၉၀ ရာခိုင်နှုန်းခန့် ကျဆင်း


ဇွန်လ ၂၁ရက်။

Radio NUG

ပြည်သူအများက စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် ထီမထိုးဘဲ သပိတ်မှောက်ထားရာ အောင်ဘာလေထီရောင်းချရာမှ ရသည့်ဝင်ငွေ ဆက်တိုက်ကျဆင်းလာနေပြီး အာဏာမသိမ်းမီကာလနှင့် နှိုင်းယှဉ်ပါက ၉၀ ရာခိုင်နှုန်းနီးပါး ကျဆင်းနိုင်သည်ဟု Myanmar Now သတင်းဌာနမှာ ဖော်ပြထားပါတယ်။


စစ်တပ်အာဏာမသိမ်းမီ ၂၀၂၀ ဘဏ္ဍာနှစ်တွင် အောင်ဘာလေထီရောင်းချမှုမှ အခွန်ငွေ ကျပ် ၁၆၀ ဘီလျံ ရရှိခဲ့ပြီး ယခု ၂၀၂၄ ဘဏ္ဍာနှစ်တွင် ၁၉ ဘီလျံကျော်သာ အခွန်ရနိုင်မည်ဟု စစ်ကောင်စီပြဋ္ဌာန်းထားသည့် ၂၀၂၄ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် လျာထားဖော်ပြထားတယ်လို့ သိရပါတယ်။


အခွန်ရရှိငွေ လျာထားချက်ကို တွက်ချက်ပါက ၈၈ ရာခိုင်နှုန်းကျော် ကျဆင်းသွားသည်ကို တွေ့ရပြီး ထီရောင်းအားနှင့် အခွန်ငွေရရှိမှု တိုက်ရိုက်အချိုးကျသည်ဖြစ်ရာ စစ်ကောင်စီအတွက် ထီရောင်းရသည့် အခွန်ရငွေ ၉၀ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားနိုင်တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။


========================


📌📌 ၄။ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ - TPCC မှ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ


ဇွန်လ ၂၁ရက်။

Radio NUG

တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ - TPCC မှ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


အလုပ်ရုံဆွေးနွေးပွဲတွင် တအာင်းဒေသအတွင်းရှိ နိုင်ငံရေးသိပ္ပံကျောင်း အပါတ်စဉ် (,) လက်ဖက်မြေနိုင်ငံရေးသိပ္ပံကျောင်း အပါတ်စဉ်()မှ ကျောင်းသူ/သားတို့နှင့် ဆရာ/မတို့ကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ အချက်အလက်များ၊ တအာင်းပြည်တော်လှန်ရေးကာလ အစိုးရအစီအမံနှင့် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ - TPCC အကြောင်း အကျဉ်းချုပ်ဆွေးနွေးကာ တက်ရောက်လာသော ကျောင်းသူ/သားတို့မှ အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


ထိုအလုပ်ရုံဆွေးနွေးပွဲကို အမျိုးသား(61)ဦးနှင့် အမျိုးသမီး(52)ဦး စုစုပေါင်း(113)ဦးတို့ တက်ရောက်ခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ အကျင့်စာရိတ္တပြုပြင်သူ(၁၃)ဦးအား မိုင်းလုံမြို့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ပြန်လွှတ်ပေး


ဇွန်လ ၂၁ရက်။ 

Radio NUG

တအာင်းပြည် တပ်မဟာ()စစ်ဒေသ၊ မိုင်းလုံမြို့တွင် အကျင့်စာရိတ္တပြုပြင်သူ(၁၃)ဦးအား သတ်မှတ်ရက် ပြည့်မြောက်၍ မိုင်းလုံမြို့ PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဇွန်လ(၁၉)ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။


()လကြာ အကျင့်စာရိတ္တပြုပြင်ရေးစခန်းတွင် ထားရှိပြီး မူးယစ်ဆေးစွဲခြင်းကို ဖြတ်ပေးကာ မူးယစ်ကင်းစင်လက်မှတ်ရ၍ အိမ်ပြန်လွှတ်ပေးခြင်း ဖြစ်တယ်လို့ သိရပါတယ်။


မိုင်းလုံမြို့နယ်တွင် အကျင့်စာရိတ္တပြုပြင်ရေးစခန်း၌ မူးယစ်ဆေးဖြတ်သူဦးရေ (၄၀)ရှိပြီး လက်ရှိ(၁၃)ဦးသာ မူးယစ်ဆေးဖြတ်ပြီးခြင်းဖြစ်ပါတယ်။


အဆိုပါ(၁၃)ဦးအား သက်ဆိုင်ရာ အုပ်ထိန်းသူများနှင့် ကိုယ်တိုင်ဝန်ခံကတိ လက်မှတ်နှင့်အတူ လွှတ်ပေးခြင်းဖြစ်ပြီး မူးယစ်ဆေးဝါး ထပ်မံသုံးစွဲ၍ နောက်ထပ်တကြိမ်ဖမ်းမိပါက ထိရောက်စွာအရေးယူသွားမည်လို့ ဖော်ပြထားပါတယ်။


ဇွန်လ(၁၁)ရက်နေ့တွင်လည်း တအာင်းပြည် နမ့်ဆန်မြို့တွင် အကျင့်စာရိတ္တပြုပြင်သူ (၅၀)ဦးအား မူးယစ်ကင်းကြောင်း လက်မှတ်ထုတ်ပေးကာ ပြန်လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ ရေမြက်နီရွာက စစ်ရှောင်တွေကို ကျပ်သိန်း ၅၀ ထောက်ပံ့


ဇွန်လ ၂၁ရက်။ 

Radio NUG

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာကနေ တိမ်းရှောင်နေရတဲ့ မီးဘေးသင့် စစ်ဘေးရှောင် အိမ်ထောင်စု ၁၄၈ စုကို ဇွန် ၂၀ ရက်မှာ ငွေကျပ်သိန်း ၅၀ ထောက်ပံ့ပေးခဲ့တယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထီးလင်းမြို့နယ်အနောက်ပိုင်းက ဖော်ပြထားပါတယ်။


ဒီငွေကို ပြည်ပရောက် နွေဦး BR နဲ့ နွေဦး SG အဖွဲ့တို့က ထောက်ပံ့ခဲ့တာဖြစ်ပြီး အဆိုပါအဖွဲ့တွေကိုယ်စား ထီးလင်းမြို့နယ်အနောက်ပိုင်း ပအဖ အဖွဲ့ဝင်တွေက သွားရောက်ထောက်ပံ့ပေးခဲ့တာလို့ သိရပါတယ်။


အိမ်ခြေ ၃၀၀ ခန့်ရှိတဲ့ ရေမျက်နီကျေးရွာကို ၂၀၂၄ ဇန်နဝါရီအစောပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့ရာ ၁၄၈ အိမ် မီးလောင်ဆုံးရှုံးခဲ့ပြီး အဲ့ဒီအချိန်ကစလို့ စစ်ကောင်ဘက်က ရွာထဲမှာတပ်စွဲနေထိုင်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာလည်း ဖြစ်ပါတယ်။


========================


📌📌 ၇။ အမေရိကန်မှာ မစ္စတာရှောင်တာနယ်ရဲ့ စာအုပ်လက်မှတ်ရေးထိုးပွဲကျင်းပ


ဇွန်လ ၂၁ရက်။ 

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ La Puente(လာပွန်းတေး) မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွါးရေးအကြံပေး မစ္စတာရှောင်တာနယ်ရေးသားထုတ်ဝေတဲ့ “An Unlikely Prisoner” စာအုပ် လက်မှတ်ရေးထိုးပွဲ Town Hall Meeting ကို ဇွန်လ ၂၀ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။


မစ္စတာရှောင်တာနယ်ရဲ့ စာအုပ်လက်မှတ်ရေးထိုးပွဲကို အမေရိကန်ရောက် မြန်မာများက တက်ရောက်ခဲ့ကြပြီး ရင်းရင်းနှီးနှီး အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသလို လတ်မှတ်ရေးထိုးခြင်းနဲ့ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းများ လုပ်ဆောင်ခဲ့ကြပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်ကိုခန့်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် ဘုန်းကြီးကျောင်းကို တိုက်ခိုက်သဖြင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ


ဇွန်လ ၂၁ရက်။

Radio NUG

ဇွန်လ ၁၉ ရက်နေ့တွင် စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်တို့သည် ပင်လောင်းမြို့နယ် နမ့်တုတ်ကျေးရွာအုပ်စု လွယ်ကျိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းကို လက်နက်ကြီးများ ဒရုန်းများဖြင့် တိုက်ခိုက်ရာ ကျောင်းထိုင်ဆရာတော် ဦးနေမိန္ဒ သက်တော် ၃၉ နှစ်သည် စစ်ကောင်စီနှင့် PNO တို့၏ တိုက်ခိုက်မှုအတွင်း ပျံလွန်တော်မူခဲ့ကြောင်း PNLAက သတင်းထုတ်ပြန်ပါတယ်။


ထိုတိုက်ခိုက်မှုအတွင်း ဒေသခံ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အချို့မှာ လက်ရှိအချိန်ထိ ဆေးဝါးကုသမှု မရရှိသေးဘူးလို့ သိရပါတယ်။


အဲ့ဒီ့နေ့မှာပဲ နမ့်ဖါမူကျေးရွာနေ ဦးဒေါင်း လယ်ကွင်းသို့ သွားနေစဉ် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် လက်နက်ကြီးထိမှန် ဒဏ်ရာရာရခဲ့ပါတယ်။


ဒါ့အပြင် ပင်လောင်းမြို့နယ် စင်းတောင်းကျေးရွာအုပ်စု မိုးဦးကျေးရွာကိုလည်း စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့က လက်နက်ကြီးဖြင့် ကြိမ် ပစ်ခတ်သဖြင့် မူလတန်းကျောင်းသား ဖိုးသောကြာနှင့် မူလတန်းကျောင်းသူ မအေးကို ထိမှန်သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ သံတွဲ စစ်ရှောင်ရွာကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင် ဦး သေဆုံး ဦး ပြင်းထန်ဒဏ်ရာရ


ဇွန်လ ၂၁ရက်။

Radio NUG

ရခိုင်ပြည် သံတွဲမြို့နယ် ရွှေလှေတိုက်နယ်ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဇွန်လ ၂၀ ရက်ညတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့ နေ့လယ်တွင် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Western Newsမှာ ဖော်ပြထားပါတယ်။


ရွှေလှေအနီးတဝိုက်မှာက တိုက်ပွဲမရှိတာ ရက်အတော်ကြာပြီဖြစ်လို့ ရွာသားတွေအပြင် ဂေါ့ကျေးရွာ၊ ငပလီမြို့ထဲက ပြည်သူတွေလည်း ရွှေလှေဘက်တွေမှာ စစ်ရှောင်နေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။


ဇွန်လ ၂၀ ရက်နေ့ ၁၁ နာရီကျော်အချိန်က ပစ်ခတ်သော လက်နက်ကြီးကြောင့် ရွှေလှေရွာက စစ်ရှောင်အမျိုးသမီး အသက် ၈၈ နှစ်အရွယ်၊ အသက် ၅၄ နှစ်နှင့် အသက် ၅၀ ကျော်အရွယ် ဦး သေဆုံးပြီး အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ သိရပါတယ်။


ငပလီမြို့အနီး စစ်ကောင်စီတပ်ရင်းအနီးတစ်ဝိုက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် AA တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး AA က ငပလီမြို့ထဲရှိ ခမရ ၅၆၆ တပ်ရင်းကို ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။


========================


🚩🚩 ၃။ ရခိုင်စစ်ပွဲအတွင်း အရပ်သားသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများစွာကို စစ်ကောင်စီတပ် ပြုလုပ်နေ


ဇွန်လ ၂၁ရက်။

Radio NUG

ဇွန်လ ရက်မှ ဇွန်လ ၁၄ ရက်အတွင်း ရခိုင်ပြည်နယ်မှာ အရပ်သားသေဆုံးမှု အများဆုံး ဖြစ်နေကြောင်း BACS က သတင်းထုတ်ပြန်ထားပါတယ်။


စစ်ကောင်စီလက်အောက်ခံတွေက ရခိုင်ပြည်နယ်အတွင်း ပေါက်တောမြို့နယ် သဝင်ချောင်းရွာ၊ လက်ပံပြားရွာ၊ မနော်သီရိရွာ၊ ဗောဓိကုန်းရွာအပါအဝင် ကျေးရွာများနဲ့ အမ်းမြို့နယ်၊ စစ်တွေမြို့နယ်၊ မောင်တောမြို့နယ်တွေက ဒေသခံပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့တာလို့ သိရပါတယ်။


တစ်ပတ်အတွင်း စစ်ကောင်စီတပ်ကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ၄၉ ဦးရှိခဲ့ပြီး ရခိုင်ပြည်နယ်က ဒေသခံပြည်သူ ၂၂ ဦး ပါဝင်ခဲ့ပါတယ်။ မေလ နောက်ဆုံးပတ်နဲ့ ဇွန်လ ပထမပတ်တွေမှာလည်း စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ်အတွင်းမှာ အရပ်သား သတ်ဖြတ်မှုများစွာကို ကျူးလွန်ခဲ့ပြီး စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာက အရပ်သား ၇၆ ဦး သတ်ဖြတ်ခံမှုဟာ အဆိုးဝါးဆုံး ဖြစ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

 

စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေက လက်နက်ကြီးပစ်ခတ်ခြင်း၊ အရပ်ဘက်နေရာတွေကို လေကြောင်းတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ မြေမြုပ်မိုင်း အသုံးပြုခြင်း၊ စစ်ကြောင်းထိုးသတ်ဖြတ်ခြင်းနဲ့ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းတွေဖြစ်ပြီး အခုတစ်ပတ်ထဲမှာ အရပ်သား ပြည်သူတွေရဲ့ နေအိမ် ၂၃၃ လုံး ဖျက်ဆီးခံခဲ့ရကာ မြေပြင်မှာ ဒီထက်မက များပြားနိုင်တယ်လို့ ဆိုထားပါတယ်။


အာရက္ခတပ်တော် AA က မောင်တောမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ကာ မောင်တောမြို့သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေပြီး တပြိုင်နက်ထဲပဲ သံတွေမြို့ အနီးဝန်းကျင်ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေပါတယ်။ နိုင်ငံတဝန်းမှာတော့ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း တိုက်ခိုက်မှုပေါင်း ၁၆၉ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီရဲ့ စခန်း ၁၄ ခုကိုလည်း တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။


========================


🚩🚩 ၄။ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော စင်းကို ဆားလင်းကြီးနယ်မှာ ကြားဖြတ်တိုက်ခိုက်


ဇွန်လ ၂၁ရက်။

ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော စင်းကို ဆားလင်းကြီးနယ်ထဲမှာ တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ချောင်းဦးနယ်က ဆင်ဖြူရှင်တံတားမှာ ညအိပ်ခဲ့တဲ့ အကြမ်းဖက် စစ်သင်္ဘော စင်းဟာ ဇွန်လ ၂၁ ရက်နေ့မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း မုံရွာဘက်ကို ဆက်လက်ဆန်တက်လာခဲ့ရာမှာ ဆားလင်းကြီးမြို့နယ် တနေရာအရောက် တော်လှန်ရေး တပ်ဖွဲ့တွေက ရှေ့ထွက်ပြောင်းအပါအဝင် လက်နက်ငယ်တွေနဲ့ နေရာခွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။အခုလို ကြားဖြတ်တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်တပ်ဘက်က ၆၀ မမ၊ ပွိုင့်ဖိုက်၊ စက်လက်နဲ့ ၄၀ မမ တို့အပါအဝင် လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ပွဲမှာ စစ်တပ်ဘက် ထိခိုက်သေဆုံးမှုတွေရှိခဲ့ပေမယ့် လတ်တလောမှာ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။  အဆိုပါစစ်သင်္ဘော စင်းဟာ မြစ်ကြောင်းတလျောက်မှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ကာ မုံရွာမြို့ကို ဆက်လက်ဆန်တက်သွားပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။ အဆိုပါ တိုက်ခိုက်မှုကို ချင်းတွင်းဒိုင်းနမိုက် -ဆားလင်းကြီး ယင်းမာပင်ခရိုင် တပ်ရင်း -၃၅ တပ်ခွဲ - တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့ - ဆားလင်းကြီး Fighter 9 Forces ဆားလင်းကြီး နဲ့ BNRA တပ်ရင်း - တပ်ခွဲ- Royal Brother (မျက်လုံးစစ်ကြောင်း)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၅။ ချင်းတွင်းမြစ်ကြောင်းအတိုင်းတက်လာတဲ့ စစ်သင်္ဘော စင်းက မြစ်ဘေးတလျောက်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်တာကြောင့် ဒေသခံပြည်သူများ တိမ်းရှောင်နေရ


ဇွန်လ ၂၁ရက်။

ချင်းတွင်းမြစ်ကြောင်းအတိုင်း မုံရွာမြို့ကို ဆန်တက်လာတဲ့ စစ်သင်္ဘော စင်းက မြစ်ဘေးတလျောက်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူများ တိမ်းရှောင်နေရတယ်လို့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့ကပြောပါတယ်။ 

စစ်သင်္ဘော စင်းဟာ ချောင်းဦးနယ် ဆင်ဖြူရှင်တံတားကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်အချိန်မှာ မုံရွာမြို့ကိုရောက်ရှိလာတယ်လို့ ဆိုပါတယ်။

အဲဒီအကြမ်းဖက်စစ်တပ် စစ်င်္ဘော စင်းဟာ ချင်းတွင်မြစ်ကြောင်းအတိုင်း ဆန်တက်လာချိန်မှာ မြစ်ကြောင်း တလျောက်မှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ကျေးရွာနေပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ အသိပေးထားပါတယ်။

လက်ရှိမှာ ဒီစစ်သင်္ဘော စင်းဟာ မုံရွာဆိပ်ကမ်းကိုရောက်ရှိနေပြီး ဘယ်ကိုဆက်ထွက်မယ်ဆိုတာ မသိရသေးတဲ့အတွက် ချင်းတွင်းမြစ်ကြောင်း တလျောက်မှာရှိတဲ့ ဒေသခံပြည်သူတွေ သတိနဲ့နေကြဖို့ တော်လှန်ရေးအင်အားစုတွေကလည်း တိုက်တွန်းထားပါတယ်။ 

စစ်သင်္ဘော စင်း မုံရွာကိုရောက်ရှိလာသလို မြေပြင်မှာလဲ စစ်တပ်က နေရာအနှံ့တပ်ဖြန့်ထားတာရှိတယ်လို့လည်း သိရပါတယ်။


========================


🚩🚩 ၆။ ဂန့်ဂေါမြို့နယ်တွင် စစ်လက်ကျန် ၄၀ မမဗုံးသီးကွဲပြီး ကလေး ဦး သေဆုံး ဦးဒဏ်ရာရ


ဇွန်လ ၂၁ရက်။

Radio NUG

ဇွန်လ (၂၁)ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်း ဂန့်ဂေါမြို့နယ် သာလင်းရွာအနီး တောထဲတွင် လက်ကျန်ဗုံးသီး ၄၀ မမ ပေါက်ကွဲကာ ကလေး ဦးသေဆုံးပြီး ကလေး()ဦး ဒဏ်ရာရရှိကြောင်း ယောဒေသရဲ့ ပုံရိပ်အချို့မှာ ဖော်ပြထားပါတယ်။


အရင်က စစ်ကောင်စီတပ် ပစ်ခတ်ခဲ့သည့် ၄၀ မမဗုံးသီးသည် မပေါက်ကွဲဘဲ ကျန်နေရာမှ ပေါက်ကွဲသွားခြင်းဖြစ်ပြီး သာလင်းရွာမှ (၁၁)နှစ်အရွယ် ယောက်ျားလေး ဦး ဗုံးသီးစထိမှန် ဒဏ်ရာဖြင့် သေဆုံးတယ်လို့ သိရပါတယ်။


သူ့ရဲ့ (၁၄)နှစ်အရွယ် အစ်ကိုဖြစ်သူနဲ့ (၁၁)နှစ်အရွယ် ယောက်ျားလေး ဦးမှာ ဗုံးသီးစ ထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၇။ လားရှိုးမြို့တွင် ပေါက်ကွဲမှုတစ်ခုဖြစ်၍ (၁၂)အရွယ် ကလေးငယ်()ဦး လက်နှစ်ဖက်ပြတ်ပြီး ()ဦး ပြင်းထန်စွာဒဏ်ရာရ


ဇွန်လ ၂၁ရက်။

Radio NUG

တအာင်းပြည် တပ်မဟာ()စစ်ဒေသ လားရှိုးမြို့ ရပ်ကွက် ()နယ်မြေ ()ရှိ ရပ်ကွက်ရုံးရှေ့တွင် စစ်လက်နက်အကြွင်းအကျန်တစ်ခု ပေါက်ကွဲ၍ အသက် (၁၂)နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နှစ်ဖက်ပြတ်ကာ()ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။


အဆိုပါ ကလေးငယ်များမှာ ရပ်ကွက်ရုံးအနီးတွင် လက်နက်အမျိုးအစားမသိသည့် စစ်လက်နက်အကြွင်းအကျန်တစ်ခုအား ကောက်ယူဆော့ကစားရာမှ ပေါက်ကွဲခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။


လက်နှစ်ဖက်ပြတ်သည့် ကလေးငယ်မှာ မျက်လုံးပါ ထိခိုက်ခဲ့ပြီး ကျန်သည့် ကလေးငယ်များမှာ နှဖူး၊ ခြေထောက်၊ မျက်နှာ စသည့်နေရာများတွင် ဒဏ်ရာအသီးသီးရရှိခဲ့ပြီး အသက်(၁၀)နှစ်အရွယ် ကလေးငယ်တစ်ဦးသာ မစိုးရိမ်ရသည့် ဒဏ်ရာရရှိကာ လားရှိုးဆေးရုံတွင် ဆေးကုသမှု ခံယူနေကြကြောင်း ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်ကိုခန့်နဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment