23rd JUN 2024 - Evening Daily News by Radio NUG


၂၀၂၄ ဇွန်လ ၂၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက တက်ရောက် ရှင်းလင်းတင်ပြ

📌 ၂။ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲကို စည်ကားစွာ ကျင်းပ

📌 ၃။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိတို့တွေ့ဆုံ

📌 ၄။ ရွှေကုက္ကိုဘက်ကနေ ထိုင်းနိုင်ငံထဲခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၂၄ ဦး ဖမ်းဆီးခံရ

📌 ၅။ ဆန်ဈေးတက်တာကို တားမြစ်နိုင်ဖို့ ရန်ကုန်မြို့တွင်းက ကုန်စည်ဒိုင်နှစ်ခု မှာ လျှော့ဈေးနဲ့ဆန် ရောင်းပေးရန် အကြမ်းဖက်စစ်ကောင်စီ အမိန့်ထုတ်


၂၀၂၄ ခုနှစ် ဇွန်လ ၂၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ သံတွဲမြို့ကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတာကြောင့် အရပ်သား ဦး ထပ်မံသေဆုံး 

🚩 ၂။ သံတွဲမှာ စစ်တပ်က လေကြောင်း၊ ရေကြောင်းကနေ စစ်အင်အားထပ်ဖြည့်  

🚩 ၃။ ကနေဒီတောင်တပ်စခန်းနေရာကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ PDA တီးတိန် အသိပေး

🚩 ၄။ စစ်ကိုင်းမြို့က ထွက်လာတဲ့ ရိက္ခာတင်တွဲကား စီးနဲ့ စစ်တပ်ကင်းကို တိုက်ခိုက်ရာ စစ်သားတဦးသေဆုံး  

🚩 ၅။ အောင်ဇေယျစစ်ကြောင်းကစစ်သား ၂ဦး သေနတ် လက်နဲ့ အလင်းဝင် 

🚩 ၆။ စုကလိ စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူးကြီး ၀ဏ္ဏတိုး အပါအဝင် ၂၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက တက်ရောက် ရှင်းလင်းတင်ပြ


၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂၆/၂၀၂၄)တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့သည်။


အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကားပြောကြားပြီးနောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်  ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၊ စီမံခန့်ခွဲမှုကော်မတီနှင့် နည်းပညာအကြံပေးအဖွဲ့ (Technical Advisory Team – TAT) ဖက်ဒရယ်သယံဇာတ မူဝါဒရေးဆွဲရေး လွတ်လပ်သောကော်မတီ (Independent Committee For Federalism Policy) တို့ ဖွဲ့စည်းထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့သည်။


ဆက်လက်၍ ဝန်ကြီးဌာနအနေဖြင့် လက်ရှိတွင် ပြည်ထောင်စုဝန်ကြီးရုံးအပါအဝင် ဦးစီးဌာန () ခုနှင့် မြန်မာ့သစ်လုပ်ငန်း၊ မြန်မာ့သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့ ကျောက်မျက်နှင့်ပုလဲလုပ်ငန်းတို့ကို ဆောင်ရွက်နေမှုများ၊ ကြားကာလ သယံဇာတ စီမံအုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းများအကြောင်း၊ သယံဇာတစီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့ များကို (၂၈) မြို့နယ်အတွက် ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။


အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ အဖွဲ့ဝင်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခွန်စောဖူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


========================


📌📌 ၂။ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲကို စည်ကားစွာ ကျင်းပ


Radio NUG ဇွန် ၂၃၊ ၂၀၂၄


နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက် မွေးနေ့နှင့် တော်လှန်ရေးရန်ပုံငွေစျေးရောင်းပွဲကို ယမန်နေ့က လန်ဒန်မြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဆာဆာ၊ ဒေါ်ခင်မမမျိုး၊ ယူကေ Conservative Party မှ Mr. Paul Scully ,နှင့် ယူကေ NUG ကိုယ်စားလှယ်များတက်ရောက်ပြီး ကြွရောက်လာကြသော မြန်မာတိုင်းရင်းသား ညီအကိုမောင်နှမများ နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြပါသည်။

မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား မိသားစုဝင် sister-in-law , Mrs Mary Law နှင့်ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ တို့မှ မွေးနေ့ကိတ်ခွဲခဲ့ကြပြီး သားငယ် ကင်မ်မှ video message ဖြင့် မွေးနေ့ အမှတ်တရ နှုတ်ခွန်းဆက်စကားပြောခဲ့ပါသည်။

ရန်ပုံငွေစျေးရောင်းပွဲမှ ရန်ပုံငွေ စတာလင်ပေါင် လေးသောင်း သုံးထောင်ကျော်ရရှိခဲ့ပါကြောင်း NUG လန်ဒန်ကိုယ်စားလှယ်ရုံး စာမျက်နှာက ထုတ်ပြန်ခဲ့ပါတယ်။


========================


📌📌 ၃။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိတို့တွေ့ဆုံ


ဇွန် ၂၃ ၂၀၂၄


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနဲ့အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထိပ်တန်းအရာရှိတဦးဖြစ်တဲ့ Principal Deputy Assistant Secretary Bureau Of Democracy, Human Rights, and Labor ဖြစ်သူ Mr. Robert S. Gilchrist နဲ့ ဇွန် ၂၂ရက်က အမေရိကန်နိုင်ငံခြားရေးဌာနမှာ တွေ့ဆုံခဲ့ပါတယ်။


ပြည်ထောင်စုဝန်ကြီးက " လက်ရှိ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများ၊ဆိုးဝါးလာသည့် လေကြောင်းတိုက်ခိုက်မှုများ အထူးသဖြင့် ရခိုင်ပြည်အတွင်း အရပ်သားပြည်သူများအပေါ် အကြမ်းဖက်စစ်အုပ်စု၏ ပစ်မှတ်ထား အကြမ်း ဖက်တိုက်ခိုက်နေမှုများအကြောင်း " ကို တင်ပြခဲ့ပါတယ်။


အဆိုပါ တွေ့ဆုံပွဲမှာ အမေရိကန်နိုင်ငံအစိုးရ အနေနဲ့ အကြမ်းဖက်စစ်အုပ်စုအပေါ် ယခုထက်ပိုမိုတဲ့ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ဖို့နဲ့ မြန်မာပြည်သူများအပေါ် တိုက်ရိုက် အကျိုးရှိတဲ့ ကူညီမှုတွေ ပေးနိုင်ဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်လို့ သိရပါတယ်။


ဒါ့အပြင် အရပ်သား ပြည်သူများအပေါ် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ ပိုမိုပြင်းထန်ပြီး ပူးပေါင်းဆောင်ရွက်မှု ရှိတဲ့ စီးပွားရေးနဲ့ လက်နက်တင်ပို့မှု ပိတ်ဆို့တာ အပါအဝင် အရေးယူဆောင်ရွက်မှုတွေ ထပ်မံတိုးမြှင့်လုပ်ဆောင်ဖို့၊ အကြမ်းဖက်စစ်အုပ်စုက စနစ်တကျ ကျူးလွန်နေတဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းများကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ သူများ ၊အဓမ္မ စစ်မှုထမ်း ဥပဒေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ လူငယ်မျိုးဆက်သစ်များကို တိုက်ရိုက် ကူညီမှုများ အမြန်ဆုံးလုပ်ဆောင်ပေးနိုင်ရန် ဆွေးနွေးခဲ့ပါတယ်။


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့လည်း မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပြီး ယခုထက် ပိုမိုထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေနဲ့ ကူညီမှုများ လုပ်ဆောင်သွားမည့် အကြောင်း ကတိပြု ပြောကြားခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၄။ ရွှေကုက္ကိုဘက်ကနေ ထိုင်းနိုင်ငံထဲခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၂၄ ဦး ဖမ်းဆီးခံရ


ထိုင်နိုင်ငံမှာ အလုပ်လုပ်ဖို့ဆိုပြီး မြဝတီမြို့နယ် ရွှေကုက္ကိုဘက်ကနေ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၂၄ ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ 

ထိုင်းနိုင်ငံရဲ့ အမှတ် ၄၃၁ ခြေလျင်တပ်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မဲဆောက်မြို့နယ် မယ်ပကျေးရွာအုပ်စု ဝမ်ကဲ့ယောက် ကျေးရွာဘက် ကင်းလှည့်နေချိန် ဇွန်လ ၂၂ ရက်နေ့ည ၁၁ နာရီခွဲခန့်အချိန်မှာ မြန်မာနိုင်ငံသား ၂၄ ဦး ကိုတွေ့ရှိ စစ်ဆေးရာ မှာ နေထိုင်ခွင့်အထောက်အထားမပြနိုင်တဲ့အတွက် ဖမ်းဆီးခံခဲ့ရတာလို့ ဒေသတွင်းသတင်းတွေကလည်း ဖော်ပြထားပါ တယ်။

ဖမ်းဆီးခံရသူတွေဟာ အမျိုးသား ၁၈ ဦးနဲ့ အမျိုးသမီး ဦးဖြစ်ပြီး ထိုင်းနိုင်ငံမှာအလုပ်လုပ်ဖို့ ပွဲစားရဲ့ စီစဉ်ပေးမှုနဲ့ မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်ဘက်ကနေ ထိုင်းနိုင်ငံ မဲ‌ဆောက်ဘက်ကို ဝင်ရောက်လာခဲ့တာလို့ သိရပါတယ်။ 

ဖမ်းဆီးခံရသူတွေကို မဲဆောက်မြို့မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးဌာနမှာ ထိန်းသိမ်းထားပြီး ထိုင်းဥပဒေအတိုင်း အရေးယူပြီးတာနဲ့ ထိုင်း-မြန်မာ အမှတ် တံတားကတဆင့် မြဝတီဘက်ကို ပြန်လည်လွှဲပြောင်းပေးမှာလို့လည်း သိရပါတယ်။

အခုလ ၁၇ ရက်နေ့ညကလည်း ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စံခလဘူရီမြို့နယ် နောင်လူကျေးရွာအနီးမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၅၆ ဦး ဖမ်းဆီးခံခဲ့ပါသေးတယ်။


ဘုရားသုံးဆူဘက်ကနေ ဝင်ရောက်လာတဲ့ အမျိုးသား ၃၈ ဦးနဲ့ အမျိုးသမီး ၁၈ ဦးကို နောင်လူကျေးရွာအနီးမှာ ထိုင်း အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာဖြစ် ဘန်ကောက်၊ နွန်ထဘူရီ၊ စမွတ်ဆာခွန်၊ စမွတ်ဆုန်ခရမ်းနဲ့ လာ့ခ်ျဘူရီမြို့တွေမှာ အလုပ်လုပ်ကိုင်ဖို့အတွက် ဝန်ဆောင်ခအဖြစ် တဦးကို ဘတ် ၁၆၀၀၀ ပွဲစားဆီပေးချေခဲ့ရတယ်လို့ သိရပါတယ်။


စံခလဘူရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဖမ်းဆီးခံရသူတွေဟာ ရန်ကုန်၊ မော်လမြိုင်၊ ကြာအင်းဆိပ်ကြီးနဲ့ မုဒုံမြို့တို့ကလို့ သိရပါတယ်။


========================


📌📌 ၅။ ဆန်ဈေးတက်တာကို တားမြစ်နိုင်ဖို့ ရန်ကုန်မြို့တွင်းက ကုန်စည်ဒိုင်နှစ်ခု မှာ လျှော့ဈေးနဲ့ဆန် ရောင်းပေးရန် အကြမ်းဖက်စစ်ကောင်စီ အမိန့်ထုတ်


Radio NUG ဇွန် ၂၃၊ ၂၀၂၄


ဆန်ဈေးကြီးလို့ ဆန်အကြပ်တည်းနဲ့ကြုံနေရတဲ့ မြန်မာပြည်သူ သန်းငါးဆယ်ကျော်အ တွက် စစ်ကောင်စီရဲ့အစီအမံက ရန်ကုန်မြို့က ဆန်ကုန်စည်ဒိုင်နှစ်ခုမှာ မှတ်ပုံတင်နဲ့ ဆန် ရောင်းပေးမယ့်အစီအစဥ်သာဖြစ်လာပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက ဆန်စပါးအသင်းချုုပ် ဥက္ကဌအပါအဝင် မြန်မာပြည်ရဲ့ ထိပ်တန်းဆန်ပြည်ပတင်ပို့သူဖြစ်တဲ့ ရွှေဝါရောင်ကုမ္ပဏီနဲ့ ပြည်တွင်းဆန်ဈေးကွက်တည်ရှိရာ ဝါးတန်းဆန်ကုန်စည်ဒိုင်က ဆန်ပွဲစားအချို့နဲ့ ပုသိမ်မြို့ နယ်က ဆန်စပါးလုပ်ငန်းလုပ်ကိုင်သူတွေကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ကစတင်ခဲ့တဲ့ အဲ့ဒီဖမ်းဆီးစစ်ဆေးမှုပြီးတဲ့နောက် မနေ့ကဇွန်လ ၂၂ ရက်နေ့ ဆယ်နာရီမှာ သတ်မှတ်ဈေးနဲ့ ဆန်ရောင်းချမယ့်အစီအစဥ်ကို ဆန်စပါး အသင်းချုပ်ကထုတ်ပြန်လာတာပဲဖြစ်ပါတယ်။ ဆန်ဈေးတက်တဲ့ပြသနာကိုဖြေရှင်းရာမှာ စိုက်ပျိုးထုတ်လုပ်သူတောင်သူတွေမပါဝင်ပဲ ဆန်ကုန်သည်နဲ့ ဆန်ပွဲစားတွေကိုပဲ ဖမ်းဆီး စစ်ဆေးပြီးဆောင်ရွက်တာက ပြသနာကိုပြေလည်စေတဲ့အခြေနေမှာ မရှိဘူးလို့ ကျွမ်း ကျင်သူတွေက သုံးသပ်ပါတယ်။ 

ဆန်ဈေးတရိပ်ရိပ်တက်လာတဲ့အပြင် စစ်ကောင်စီရဲ့ ထိုးစစ်တွေကြောင့် မြန်မာ့ဦးခေါင်း ပိုင်းဒေသဖြစ်တဲ့ ပူတာအို၊ နောင်မွန်းနဲ့ ခေါင်လန်ဖူးမြို့နယ်တွေမှာ ဆန်ပြတ်လပ်လာပြီး ဆန်အစားအပင်ထွက်ပစ္စည်းဖြစ်တဲ့ အူလိုင်ကို အဓိကအစားအစာ အဖြစ်စားသုံး နေရပါ တယ်။ ဒါ့အပြင် စစ်ရေးအရအသာစီးယူ ပိတ်ဆို့ထားတဲ့ ရခိုင်ပြည်နယ်မှာလည်း အစားအ စာပြတ်လပ်တဲ့ ပြသနာတွေဖြစ်ပွားဆဲ အခြေအနေမှာ ရှိနေပါတယ်။ ဒါ့အပြင် စစ်ရှောင်မိ သားစုဝင်တွေမှာလည်း ဆန်ကစပြီး စားနပ်ရိက္ခာပြတ်လပ်လာတာတွေလည်းရှိနေပါ တယ်။ 

အဲ့ဒီလို အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်တွေကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲလာပြီး ဆန်ပြတ်လပ်လာရသလို စစ်ဘေးကင်းတဲ့ မြို့ကြီးတွေမှာလည်း ပြည်တွင်းမှာ အဓိကသုံး စွဲနေပြီးဈေးကွက်သေချာတဲ့ဆန်ကို ဈေးကစားလိုတဲ့ ရင်းနှီးမြှုပ်နှံ သူအသစ်တွေ ပေါ်ထွန်းလာတယ်လို့ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။ 

အဲ့ဒီလို ပြည် တွင်း ဆန် ဈေးမတည် ငြိမ်အောင် ဆောင်ရွက်နေတဲ့ အဓိကကျတဲ့ဆန်သို လှောင်သူ တွေ ကို ရှာဖွေ နိုင်မယ့် သိုလှောင်ရုံမှတ်ပုံတင်စနစ်ကို စတင်ထားပြီးဖြစ်ပေမယ့် လက်ရှိအ ချိန် ထိအရေးယူ ဆောင်ရွက် နိုင်တာတော့မရှိသေးပါဘူး။ 

ဒါကြောင့် မြန်မာတစ် ပြည်လုံးဖြန့် ကျက်နေထိုင်လျှက်ရှိတဲ့ ပြည်သူ သန်းငါးဆယ်ကျော်ရဲ့ ဆန်အကြပ် အတည်းကိုဖြေရှင်းဖို့ အတွက် ရန်ကုန်မြို့က ဝါးတန်းနဲ့ ဘုရင့် နောင်ကုန်စည်ဒိုင်နှစ်ခုထဲမှာ   မနက် ဖြန် ဇွန်လ ၂၄ ရက်နေ့ကစပြီး သန်ခေါင်စာရင်းတစ်ခုအတွက် တစ်လစာရည်ရွယ်ပြီး ဆန် တစ်တင်းခွဲ နှစ်အိတ်ကို သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင် ပြပြီး လာရောက်ဝယ်ယူ နိုင်တယ် လို့ ထုတ် ပြန်ထားပါတယ်။ ဒီအစီအစဥ်ကို အကြမ်းဖက်စစ်တပ်ရဲ့ စီမံချက်အောက်နေဆန်စပါးအသင်း ချုပ်က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းနွေဦးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ သံတွဲမြို့ကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတာကြောင့် အရပ်သား ဦး ထပ်မံသေဆုံး 


ရခိုင်ပြည် သံတွဲမြို့က ဂျိတ္တတောင်ဘုန်းကြီးကျောင်းအနီးမှာရှိတဲ့ ရွှေကျောင်းပြင်ကို အကြမ်းဖက်စစ်တပ်က  ဂျက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ဦး ထပ်မံသေဆုံးကာ ၂ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဇွန်လ ၂၂ ရက်နေ့ နာရီကျော်အချိန်မှာ စစ်တပ်တိုက်လေယာဉ်တစင်းက ရွှေကျောင်းပြင်ကို လာရောက်ဗုံးကြဲခဲ့တာ ကြောင့် လူနေအိမ်တွေလည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Western News က ဖော်ပြပါတယ်။

ဒဏ်ရာရသွားတဲ့ အသက် ၅ဝကျော်အရွယ် အမျိုးသမီး ဦးကိုတော့ လက်ရှိမှာ သံတွဲခရိုင်ဆေးရုံကိုပို့ထားတယ်လို့ သိရပါ တယ်။

ဒီနေ့ ဇွန်လ ၂၃ ရက် မနက်ပိုင်းမှာလည်း သံတွဲမြို့ပေါ်မှာ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေကြားနေရပြီး ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့လည်း ဆိုပါတယ်။  

သံတွဲနဲ့ငပလီဒေသတဝိုက်မှာ ရခိုင့်တပ်တော်နဲ့ အကြမ်းဖက်စစ်‌ကောင်စီတို့ကြား တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဒေသခံတွေအနေနဲ့ နီးစပ်ရာဘုန်းကြီးကျောင်းတွေနဲ့ ကျေးရွာတွေဘက် ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။ 

အကြမ်းဖက်စစ်တပ်ဟာ ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းကလည်း သ့တွဲမြို့နယ်ထဲက ကျောင်းတိုက်နဲ့ နတ်ပြင်ကျေးရွာ တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေကြောင့် သံတွဲနဲ့ငပလီဒေသမှာ သေဆုံးသူ ၆ဝ ထက်မနည်းရှိလာပြီး ဒဏ်ရာရသူ အရေအတွက် ရာချီရှိနေပြီလို့ လူမှုကယ်ဆယ်ရေးလုပ်ကိုင်နေသူတွေက ပြောထားပါတယ်။


========================


🚩🚩 ၂။ သံတွဲမှာ စစ်တပ်က လေကြောင်း၊ ရေကြောင်းကနေ စစ်အင်အားထပ်ဖြည့်  


ရခိုင်ပြည်နယ်ထဲက သံတွဲတိုက်ပွဲမှာ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းနဲ့ ရေလမ်းတွေကနေ  စစ်အင်အားတပ်ဖြည့်နေသလို AA ကလည်း သံတွဲနဲ့ ငပလီကို ဝန်းရံပိတ်ဆို့ထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေ က ပြောပါတယ်။ 

လတ်တလောမှာ သံတွဲနဲ့ငပလီမြို့တွေမှာ နှစ်ဖက် တိုက်ပွဲများ နေ့စဉ် ပြင်းပြင်းထန်ထန်ဖြစ်နေပြီး  ၂မြို့စလုံးကို ရခိုင့် တပ်တော် AA က ဝိုင်းရံပိတ်ဆို့ထားတဲ့အတွက် စစ်ကောင်စီတပ်တွေက ခုခံစစ်အနေအထားနဲ့ တိုက်ခိုက်နေရတယ်လို့  ဆိုပါတယ်။ 

စစ်ကောင်စီဘက်က အင်အားထပ်ဖြည့်ရာမှာ ပြည်သူ့စစ်အမည်ခံ ပျူစောထီးတွေပါဝင်နေတဲ့အပြင် စစ်သားသစ်အဖြစ် အဓမ္မစုဆောင်းခံရသူတွေလည်ပါဝင်နေပြီး ၎င်းတို့ကို ဂွမြို့က တပ်စခန်းတွေနဲ့ သံတွဲလေဆိပ် တပ်စခန်းတွေမှာ ထားရှိ တယ်လို့ သိရပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ဧရာဝတီတိုင်းထဲက မြန်အောင်နဲ့ ကြံခင်းမှာရှိတဲ့ တပ်တွေကနေ တပ်အင်အား ထပ်ဖြည့် လာသလို ပြည်ဘက်မှာရှိတဲ့ တပ်တွေလည်းပါဝင်နေတဲ့အပြင် လေကြောင်းနဲ့ ရေကြောင်းကနေ သင်္ဘောနဲ့ လာချပေးတာ တွေရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ထို့အပြင် ဂွ-ငသိုင်းချောင်းဘက်ကနေ အင်အားလာဖြည့်တာတွေရှိနေပေမယ့် AA က ပိတ်ဆို့ထားတဲ့ ကုန်းလမ်းကတော့ လာလို့မရဘူးလို့ ဒေသသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 

စစ်ကောင်စီအနေနဲ့ ငပလီမှာရှိတဲ့ ခလရ - ၅၅ တပ်ရင်းနဲ့ ငပလီလေဆိပ်အနီးမှာရှိတဲ့ ခမရ-၅၆၆ တပ်ရင်းတို့မှာ လက်နက်နဲ့ လူအင်အားဖြည့်တင်းနေခြင်းဖြစ်ပြီး ခမရ ၅၆၆ တပ်ရင်းကို ခံစစ်အနေအထားနဲ့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ 

စစ်တပ်ဘက်က တပ်အင်အားတွေကို မေလ ၁၉ ရက်နေ့ကစပြီး ဖြည့်တင်းနေရာကနေ ယခုရက်ပိုင်းအတွင်း ပိုမိုဖြည့်တင်း လာတဲ့အတွက် တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာနိုင်တယ်လို့ စစ်ရေးလေ့လာနေသူတွေ သုံးသပ်နေကြပါတယ်။ 

ငပလီမြို့အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ကြား ထိတွေ့တိုက်ပွဲဖြစ်နေသလို ငပလီမြို့ ထဲမှာရှိ ခမရ ၅၆၆ နဲ့ ခလရ ၅၅ တပ်ရင်းတို့ကိုသိမ်းပိုက်နိုင်ဖို့ AA က ထိုးစစ်ဆင်တိုက်ခိုက်နေဆဲလို့ သိရပါတယ်။


========================


🚩🚩 ၃။ ကနေဒီတောင်တပ်စခန်းနေရာကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ PDA တီးတိန် အသိပေး


စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းယူထားတဲ့ တီးတိန်မြို့နယ် ကနေဒီတောင် စစ်ကောင်စီတပ်စခန်းနေရာကို ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ပြီလို့ People Defence Army – PDA တီးတိန်က ဓာတ်ပုံမှတ်တမ်းများနဲ့တကွ အသိပေး လိုက်ပါတယ်။

ဇွန်လ ၂၂ ရက်နေ့မှာ ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင် PDA က ကနေဒီတောင်ကို ပြန်သိမ်းနိုင်ခဲ့ပြီလို့ အဓိပ္ပါယ်ရတဲ့စာကို PDA က ချင်းဘာသာနဲ့ ဇွန်လ ၂၂ ရက်နေ့မှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

အဲဒီ ကနေဒီတောင်တပ်စခန်းကို PDF ဇိုလဲန်းတပ်ဖွဲ့က ၂၀၂၃ နိုဝင်ဘာမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပေမယ့် ဇွန်လ ၁၇ ရက်မှာ စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ ပြန်လည်ထိုးစစ်ဆင်လာခဲ့တာကြောင့် PDF ဇိုလဲန်းက ဆုတ်ခွာထားခဲ့တဲ့နေရာ လို့ သိရပါတယ်။

ကနေဒီတောင်စခန်းကို စစ်ကောင်စီက ဇွန်လ ၁၈ ရက်မှာ ထိန်းချုပ်နိုင်ခဲ့ပေမယ့် ရက်ပိုင်းအတွင်းမှာပဲ PDA တီးတိန် ပါဝင်တဲ့ ချင်းပြည်ကောင်စီတပ်ပေါင်းစုက ဇွန်လ ၂၂ ရက်မှာ ပြန်လည်ဝင်ရောက်နေရာယူပြီး ထိန်းချုပ်ခဲ့တာလို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

အခုလို ထိန်းချုပ်နိုင်ခဲ့တာမှာ တိုက်ပွဲဖြစ်ပွားမှုအခြေအနေနဲ့ ထိခိုက်ကျဆုံးရှိမရှိ စတာတွေကိုတော့ PDA တီးတိန်က ဇွန်လ ၂၃ ရက်နေ့ မနက် ၁ဝ နာရီခန့်အထိ အသိပေးပြောဆိုတာမရှိသေးပါဘူး။ 

ဒါ့အပြင် ကနေဒီတောင်နဲ့ မိုင်အနည်းငယ်အကွာမှာရှိတဲ့ တီးတိန်မြို့နယ်အတွင်းက သိုင်းငင်း စစ်ကောင်စီတပ်စခန်းကိုလည်း စစ်ကောင်စီက ထိုးစစ်ဆင်နေပေမယ့် ချင်းလဲန်းကောင်တပ်ပေါင်းစုက ထိန်းချုပ်ထားဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

သိုင်းငင်းစစ်ကောင်စီစခန်းကို ချင်းပြည်ကောင်စီတပ်ပေါင်းစုက ဒီနှစ်ဇန်နဝါရီကတည်းက သိမ်းပိုက်ထားတာဖြစ်ပါတယ်။


========================


🚩🚩 ၄။ စစ်ကိုင်းမြို့က ထွက်လာတဲ့ ရိက္ခာတင်တွဲကား စီးနဲ့ စစ်တပ်ကင်းကို တိုက်ခိုက်ရာ စစ်သားတဦးသေဆုံး  


စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ကနေထွက်လာတဲ့ ရိက္ခာတင်တွဲကား စီးနဲ့ စစ်တပ်ကင်းကို မိုင်းဆွဲပြီး ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက် ခဲ့ရာ စစ်သားတဦး သေဆုံးသွားတယ်လို့ Special Force-11 (PDF) က ပြောပါတယ်။ 

ဇွန်လ ၂၁ ရက်နေ့က စစ်ကိုင်းမြို့ကနေ  မုံရွာမြို့မှာရှိတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ ဘက်ကို ရိက္ခာအပြည့် တင်ဆောင်လာတဲ့ တွဲကား စီးနဲ့ ချောင်းဦးနယ်က မြပုလဲ စစ်တပ်ဂိတ်ကနေ ကင်းလာယူပေတေဲ့စစ်သားတွေကို မုံရွေး တိုးဂိတ်အနီးမှာ ရှေ့ထွက်မိုင်း လုံး ပဒေသာမိုင်း လုံးတို့နဲ့ မိုင်းဆွဲတိုက်ခဲ့ရာမှာ ပထမတွဲကား နောက်ပိုင်းပွင့်ပြီး တိုးဂိတ် ရှေ့ထိုးရပ်သွားတယ်လို့ ဆိုပါတယ်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်သားတဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရသွားတဲ့ စစ်သားတွေလည်းရှိတယ်လို့ အသိပေး ထားပါတယ်။

ဇွန်လ ၂၂ ရက်နေ့မှာလည်း ချောင်းဦးနယ်ထဲက မြပုလဲစစ်တပ်ဂိတ်ကနေ ကင်းလာစောင့်နေတဲ့ စစ်သားတွေကို မနက် နာရီခန့်မှာ ဒရုန်းနဲ့ ဗုန်းသီး လုံးကြဲချ တိုက်ခိုက်ခဲ့ရာ စစ်သားတွေ ထိခိုက်သေဆုံးမှုတွေရှိနိုင်ပေမယ့် အရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာတွေရှိပေမယ့် တော်လှန် ရေး ရဲဘော်တွေ အထိအခိုက်မရှိခဲ့ပေမယ့် အကြမ်းဖက်စစ်တပ်ဘက်က ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Special Force-11 (PDF) က အသိပေးထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို Special Force-11 (PDF) မြောင်မြို့နယ်တော်လှန်ရေးတပ်- MRA နဲ့ Monywa Dynamite-STF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၅။ အောင်ဇေယျစစ်ကြောင်းကစစ်သား ၂ဦး သေနတ် လက်နဲ့ အလင်းဝင် 


ဒေါနတောင်မှာပိတ်မိနေတဲ့ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက စစ်သား၂ဦးဟာ သေနတ် လက်ယူဆောင်ပြီး ကော်ဘရာစစ်ကြောင်းထံ လက်နက်ချအလင်းဝင်လာတဲ့အတွက် ဂုဏ်ပြုငွေပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ 

အောင်ဇေယျစစ်ကြောင်းက ညီလေးတွေ တယောက်ကို ၂လက်ဆိုတော့ ညီလေးတို့ကို ပိုပြီးကြိုဆိုတာပေါ့ လို့ ကော်ဘရာစစ်ကြောင်း - စစ်ကြောင်းမှူး ဗိုလ်စောကော်က ဇွန်လ ၂၂ရက်နေ့ ညမှာ သူရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ရေးသားအသိပေးထားပါတယ်။

အလင်းဝင်လာသူ၂ဦးဟာ တပ်မ-၅၅ လက်အောက်မှာရှိတဲ့ အမှတ် ၁၁၂ ခြေမြန်တပ်ရင်း (ကလော ခမရ ၁၁၂) က တပ်သား နိုင်အေးနဲ့ တင်မိုးအောင်တို့ဖြစ်ပြီး ၎င်းတို့ကို ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ဆုငွေချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

တပ်သား နိုင်အေး နဲ့ တင်မိုးအောင်အောင်တို့ဟာ ၂၀၂၃ နှစ်ကုန်ပိုင်းက လောက်ကိုင်သို့စေလွှတ်ခံခဲ့ရပြီး MNDAA ထံ မှာ လက်နက်ချခဲ့တဲ့ စစ်သားတွေထဲမှာပါဝင်ခဲ့ပြီး ယခုအောင်ဇေယျစစ်ကြောင်းနဲ့အတူပါလာချိန်မှာလည်း သေနတ် လက်ယူ လာ ပြီးကော်ဘရာစစ်ကြောင်းထံမှာ အလင်းဝင်ခဲ့တာဖြစ်ပါတယ်။ 

၎င်းတို့ဟာ အောင်ဇေယျစစ်ကြောင်းကနေထွက်ပြေးလာပြီး ကော်ဘရာစစ်ကြောင်းနဲ့မတွေ့ခင် လမ်းမှာတွေတဲ့ စက်ဘီး တစီးကိုယူလာကာ ပီနံအိတ်အဖြူကို အလံဖြူအဖြစ် အသုံးပြုထွက်ပြေးလာခဲ့တာ ရက်ကြာခဲ့တယ်လို့ People's Spring နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။

မြဝတီမြို့ နဲ့ သင်္ကန်းညီနောင်ကို စစ်ဆင်ရေးကာလ ရက်နဲ့ အပြီးသိမ်းမယ်ဆိုပြီးချီတက်လာတဲ့ အောင်ဇေယျစစ်ကြောင်း ဟာ ဒေါနတောင်တကြောမှာ KNLA PDF KNDO ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် သေဆုံး ဒဏ်ရာရသူတွေများနေတဲ့အပြင် တော်လှန်ရေးအဖွဲ့တွေထံအလင်းဝင်တဲ့သူတွေနဲ့ ထွက်ပြေးသူတွေများလာပြီး ရှေ့ဆက်မတိုးနိုင်ဘဲ ဒေါနတောင်မှာ ပိတ်မိနေဆဲလို့ သိရပါတယ်။


========================


🚩🚩 ၆။ စုကလိ စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူးကြီး ၀ဏ္ဏတိုး အပါအဝင် ၂၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ 


ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲက စုကလိမြို့အခြေစိုက် စစ်တပ်စခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ် တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာမှာ စစ်တပ်ဘက်က ဦးသေဆုံးပြီး ဗိုလ်မှူးကြီး ၀ဏ္ဏတိုး အပါအဝင် ၂၁ ဦးကို စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ KNU ဘက်က ဒီနေ့ ဇွန်လ ၂၃ ရက်မနက်မှာ ထုတ်ပြန်လာပါတယ်။ 

စခက ၁၃ လက်အောက်ခံ ခမရ ၅၆၀  တပ်ရင်းက ဗိုလ်မှူးကြီး ၀ဏ္ဏတိုးနဲ့ ဒုဗိုလ်မှူးကြီး သူရိန်ဦးတို့ဦးဆောင်တဲ့ စစ်စခန်း က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချပြီး အမှန်တရားဘက်က ရပ်တည်ဖို့ မတ်လ ၂၅ ရက်ကနေ ၃၀ ရက်အထိ အချိန်ပေး အကြောင်းကြားခဲ့ပေမယ့် လိုက်နာခြင်းမရှိဘူးလို့ ဆိုပါတယ်။

ဒါကြောင့် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက မတ်လ ၃၀ ကနေ ဇွန်လ ၁၆ ရက်နေ့အထိ စနိုက်ဘာ၊ ဒရုန်း လက်နက်ကြီး စတာတွေနဲ့ပစ်ခတ်ခဲ့ပြီး ဇွန်လ ၁၇ ရက်နေ့မှာ စခန်းသိမ်းတိုက်ပွဲစတင်ခဲ့တယ်လို့ သိရပါတယ်။ 

စုကလိ စစ်ကောင်စီအထိုင်ချတပ်စခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ဇွန်လ ၁၇ ရက်နေ့ မနက် နာရီ ကစပြီး တိုက်ခိုက်ခဲ့ရာ ဇွန် ၂၁ ရက်မှာ စခန်းတခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ကအသိပေးပါတယ်။ 

ဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က ဦးသေဆုံးပြီး ဒဏ်ရာရသူများစွာရှိခဲ့တဲ့အပြင် ဗိုလ်မှူးကြီး ၀ဏ္ဏတိုး အပါအဝင် စစ်သား ၂၁ ဦး ဖမ်းဆီးရမိခဲ့ပြီး စစ်သား ၁၄ ဦး လွတ်မြောက်သွားခဲ့တယ်လို့ ပြောပါတယ်။ 

ဒါအပြင် စုကလိစခန်းသိမ်းတိုက်ပွဲကနေ လက်နက်မျိုးစုံ ၃၇ လက်နဲ့ခဲယမ်းများတွေအပါဝင် စစ်သုံးပစ္စည်းတွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့သလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က တပ်ဖွဲ့ဝင် ၁၅ ဦး ခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းနွေဦးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment