2nd JUN 2024 - Morning Daily News by Radio NUG

၂၀၂၄ မေလ ၃၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ကွယ်လွန်ခြင်းအတွက်ဝမ်းနည်းကြောင်း သဝဏ်လွှာထုတ်ပြန်

📌 ၂။ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၏ မဟာဗျူဟာ ချမှတ်ရာတွင် အမျိုးသမီးများ ပါဝင်လာနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ကျင်းပခဲ့

📌 ၃။ စစ်တွေ၊ ဗျိုင်းဖြူကျေးရွာမှ အရပ်သား ၄၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး မင်းဂင်းတော ကျေးရွာကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး


၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ CDF - KKG အခြေခံစစ်သင်တန်းများ ဆင်းပွဲ ကျင်းပ

🚩 ၂။ ချင်းလဲန်း ကောင်စီရဲ့ စစ်ရေး၊ နိုင်ငံရေး လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင် သွားမယ်လို့ People Defence Army (Tedim) ထုတ်ပြန်

🚩 ၃။ စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်အဖွဲ့နဲ့ တစ်လအတွင်း ၂၄ ကြိမ် ဖြစ်ပွားခဲ့ရဦ စစ်ကောင်စီတပ်ဘက်မှ ၄၂ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း PNLA ထုတ်ပြန်

🚩 ၄။ စကစ ဂိတ်စခန်းအတွင်း ဘန်ကာများဆောက်လုပ်နေတဲ့ စကစနှင့် ပျူများကို ဗုံးကျဲတိုက်ခိုက်

🚩 ၅။ တန့်ဆည်မြို့နယ် ကျွန်းတောကုန်းကျေးရွာအား မီးရှို့ပြီး ပြန်ထွက်လာတဲ့ စစ်ကြောင်းကို ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်

🚩 ၆။ သထုံနှင့် ဘားအံမြို့နယ်တို့အတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ()ဦး သေဆုံးပြီး ()ဦး ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် (၁၁)လုံး ပျက်စီး

🚩 ၇။ လယ်ဒိုနှင့် ဆောထိမြို့နယ်တို့အတွင်း စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ () ဦးသေဆုံးခဲ့ရပြီး ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်()လုံးနှင့် 

စာသင်ကျောင်း ()ကျောင်း ထိခိုက်ပျက်စီး

🚩 ၈။ စဉ့်ကူးတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အဖွားအို တစ်ဦးနှင့် ကလေးတစ်ဦး ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ကွယ်လွန်ခြင်းအတွက်ဝမ်းနည်းကြောင်း သဝဏ်လွှာထုတ်ပြန်


ဇွန် ၁ရက်။

Radio NUG

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏  နာယက၊ ဗဟိုလူမှုအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးသည် ဇွန်လ ၁ရက်နေ့ နံနက် (၀၈:၄၅)နာရီအချိန်တွင် လူကြီးရောဂါဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်သွားကြောင်း ကြားသိရပါသဖြင့် ကျန်ရစ်သူ မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှဝမ်းနည်းကြောင်း သဝဏ်လွှာထုတ်ပြန်ပါတယ်။

သဝဏ်လွှာတွင် ဦးတင်ဦးသည် ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး တာဝန် ပူးတွဲရယူထားချိန်ဖြစ်သည့် ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းတွင်လည်း ပြည်သူလူထု အထိအခိုက်နည်းစေရန် ထိန်းသိမ်းဆောင်ရွက်ခဲ့သူ ဖြစ်သည့်အတွက် အများပြည်သူ၏ လေးစားချစ်ခင်မှုကို ရရှိခဲ့သူတစ်ဦးလည်းဖြစ်ကာ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးတွင်လည်း တပ်မှူးဟောင်းကြီးများ ပါဝင်သည့် မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့တွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနအရှေ့တွင် ဒီမိုကရေစီအရေးနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလူထုကြီးအား စည်းရုံးဟောပြောခဲ့ရာမှ ပြည်သူ့ထောက်ခံမှု ပိုမိုရရှိလာခဲ့ကြောင်း၊ ဒီမိုကရေစီအရေးနှင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးတွင် ပြည်သူနှင့်အတူ၊ အခြားသော ဒီမိုကရေစီအင်အားစုများနှင့်အတူ စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်း တည်ထောင်သည့်ကာလမှစတင်၍ ကွယ်လွန်ခဲ့သည့်အချိန်အထိ ဒီမိုကရေစီရေးလှုပ်ရှားမှု ခရီးလမ်းတလျောက် တစိုက်မတ်မတ်ဖြင့် ဦးဆောင်ပါဝင်ခဲ့မှုကြောင့် စစ်အာဏာရှင်အဆက်ဆက်၏ ဖမ်းဆီးအကျဉ်းချခြင်းကို အကြိမ်ကြိမ်ခံခဲ့ရကြောင်း၊ တပ်မတော်သားဘဝ အမြင့်ဆုံးသော လုပ်ပိုင်ခွင့်အာဏာရာထူးကို ရယူထားသည့်အချိန်များတွင် ယင်းရာထူးအာဏာဖြင့် ပြည်သူအပေါ် အနိုင်အထက်ပြုကျင့်မှုမရှိဘဲ ပြည်သူ့တပ်မတော်သားကောင်းတစ်ဦးအဖြစ် ရပ်တည်ခဲ့ခြင်း မြန်မာနိုင်ငံ ဒီမိုကရေစီအရေး ကြိုးပမ်းမှု တစ်လျှောက်လုံးတွင်လည်း ပြည်သူနှင့်အတူ ပြတ်ပြတ်သားသား ရပ်တည် ဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် ပြည်သူလူထု၏ လေးစားချစ်ခင်မှုကို ရရှိခဲ့သူတစ်ဦးဖြစ်ပါကြောင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ နာယက သူရဦးတင်ဦး ကွယ်လွန်အနိစ္စ ရောက်ရှိခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရမှ များစွာဝမ်းနည်း ကြေကွဲရပါကြောင်းနှင့် ဦးတင်ဦး၏ မြန်မာ့ဒီမိုကရေစီအရေးကြိုးပမ်းအားထုတ်မှုများကို လေးစားဂုဏ်ယူ အသိအမှတ်ပြုကာ ယခု ပြည်သူ့နွေဦးတော်လှန်ရေးကိုလည်း အမြန်ဆုံး အောင်မြင်ပြီးမြောက်သည်အထိ အစွမ်းကုန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်းကို ထပ်လောင်း သန္နိဋ္ဌာန်ပြုလျက် ဤသဝဏ်လွှာကို ပေးပို့အပ်တယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၂။ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၏ မဟာဗျူဟာ ချမှတ်ရာတွင် အမျိုးသမီးများ ပါဝင်လာနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ကျင်းပခဲ့


ဇွန်လ ၁ရက်။

Radio NUG

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊  ကော်သူးလေvအုပ်ချုပ်နယ်မြေ၊ ဗဟိုဌာနချုပ်၌ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စစ်ရေး၊ လူမှုရေးစသည့် ကဏ္ဍအသီးသီးနှင့် ဌာနများ မဟာဗျူဟာ ချမှတ်ရာတွင် အမျိုးသမီးများ ပါဝင်လာနိုင်ရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက သတင်းထုတ်ပြန်ပါတယ်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မေလ ၂၉ ရက်မှ ၃၀ ရက်အထိ ()ရက်တာ ကျင်းပပြုလုပ်ခဲ့ပြီး ကေအဲန်ယူ- ဗဟိုခေါင်းဆောင်များ၊ KNLA-ဗဟိုစစ်ဦးစီးဌာနချုပ်မှ တပ်မှူးများ၊ KNPF - ကရင်အမျိုးသားရဲတပ်ဖွဲ့မှ တပ်မှူးများ၊ KWO ကရင်အမျိုးသမီး အစည်းအရုံး ခေါင်းဆောင်များ၊ KYO ကရင်လူငယ်အစည်းအရုံး ခေါင်းဆောင်များ၊ ကေအဲန်ယူ-ဗဟိုဌာနအချို့မှ ခေါင်းဆောင်များ အပါအ၀င် ဘားအံခရိုင်မှ ခေါင်းဆောင်များ စုစုပေါင်း အမျိုးသမီးခေါင်းဆောင် (၂၆)ဦးနှင့် အမျိုးသား ()ဦးတို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


အလုပ်ရုံဆွေးနွေးပွဲ၌ အကျိုးဆောင်အဖြစ် နိုင်ငံရေးနှင့် စည်းရုံးရေးကော်မတီ၊ ပညာပေး စည်းရုံးဖွဲ့စည်းတည်ဆောက်ရေး လုပ်ငန်းကော်မတီမှ ဦးဆောင်ခဲ့ပြီး ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၏ အမျိုးသမီးများ ပိုမိုပါဝင်လာမှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌမှ အဖွင့်စကားပြောကြားခဲ့ကာ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး တွဲဖက်အတွင်းရေးမှူး () တရားသူကြီးချုပ်နှင့် အမြဲတမ်းကော်မတီဝင်တို့မှ အကြံပြုလမ်းညွှန်စကားများ ပြောကြားပေးခဲ့ပါတယ်။


အလုပ်ရုံဆွေးနွေးပွဲတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ရေးဆွဲလျက်ရှိနေသော ကျားမတန်းတူရေး မူဝါဒပေါ်လစီနှင့် ပတ်သက်၍ အဓိကအချက်များနှင့် လိုအပ်ချက်များတို့ကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသောကိုယ်စားလှယ်များမှ အဖွဲ့အစည်းအတွင်း အမျိုးသမီးပါဝင်မှုနှင့် ပတ်သက်သည့် လုပ်ငန်းဆောင်တာများကို ရှင်လင်းတင်ပြခြင်း၊ ကျား/ တန်းတူရေးဆိုင်ရာနှင့် ပတ်သက်ပြီး ၁၆ ကြိမ်နှင့် ၁၇ ကြိမ်မြောက် ကေအဲန်ယူ-ကွန်ကရက်မှ ချမှတ်လိုက်သော ဆုံးဖြတ်ချက်များကို ဆွေးနွေးတင်ပြခြင်း၊ အမျိုးသမီးများ ကဏ္ဍပေါင်းစုံတွင် ပါဝင်လာရန် လိုအပ်သော အရာများကို ဆွေးနွေးရှာဖွေဖော်ထုတ်ခြင်း၊ 

လက်တွေ့ အကောင်အထည်ဖော်နိုင်မည့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းနှင့် ပါဝင်ပံ့ပိုးလာရန် ဖိတ်ခေါ်ခြင်းများစသည့် နည်းလမ်းနှင့် နည်းနာတို့ကို ဆွေးနွေးရရှိခဲ့ကြပါတယ်။


========================


📌📌 ၃။ စစ်တွေ၊ ဗျိုင်းဖြူကျေးရွာမှ အရပ်သား ၄၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး မင်းဂင်းတော ကျေးရွာကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး


ဇွန်လ ရက်။


Radio NUG 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာ အနီးက မင်းဂင်းတော ကျေးရွာကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့တာကြောင့် ဒေသခံ ပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။


ဇွန်လ ရက်နေ့ ညနေ နာရီခန့်က အိမ်ခြေတစ်ထောင်ခန့်ရှိ မင်းဂင်းတောကျေးရွာကို စစ်ကောင်စီ တပ်သားများက ဝင်ရောက်မီးရှို့နေတာဖြစ်ပြီး ဒေသခံများက စစ်တွေမြို့နဲ့ ဘေးကင်းရာ နေရာများကို အိုးအိမ် စွန့်ခွာပြီး ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။


အဆိုပါ စစ်သားများဟာ မေလ ၂၉ ရက်ထဲက ဗျိုင်းဖြူကျေးရွာမှာ တပ်စွဲထားတာပြီး လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ အားလုံးကို ဖမ်းဆီးထားကာ ဇွန် ရက်နေ့မှာ အနီးရှိ မင်းဂင်းတော ကျေးရွာကို ဝင်ရောက် မီးရှို့နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။


စစ်ကောင်စီ တပ်သားများရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေမည်မျှ မီးလောင်ကျွမ်းသွားကြောင်း တိတိကျကျ မသိရသေးပေမယ့် မျက်မြင် ဒေသခံတချို့ရဲ့ ပြောကြားချက်အရ အိမ်ခြေရာနဲ့ချီ မီးလောင်ကျွမ်းသွားပြီလို့ ခန့်မှန်းရပါတယ်။


ထို့အပြင် မင်းဂင်းတော ကျေးရွာအနီးက ဗျိုင်းဖြူ ကျေးရွာမှ ဖမ်းဆီးထားတဲ့ အပြစ်မဲ့ အရပ်သား ၄၁ ဦးကို သတ်ဖြတ်ခဲ့ပြီး ကျန်ဒေသခံများကို ဆက်လက်ဖမ်းဆီးထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။


လက်ရှိ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မောင်တောနှင့် စစ်တွေနှစ်မြို့သာ ကျန်ရှိပြီး ကျန်မြို့အားလုံးကို ရခိုင့်တပ်တော် AA က သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ CDF - KKG အခြေခံစစ်သင်တန်းများ ဆင်းပွဲ ကျင်းပ


ဇွန် ၁ရက်။ 

Radio NUG

CDF - KKG တပ်ရင်း ()မှ လေ့ကျင့်သင်ကြားပေးခဲ့သော အခြေခံစစ်ပညာသင်တန်း အပတ်စဉ်()သင်တန်းဆင်းပွဲ အခမ်းအနားကို လွန်ခဲ့သောရက်ပိုင်းတွင် အောင်မြင်စွာ ကျင်းပပြုလုပ် ပြီးစီးခဲ့ကြောင်း CDF KKGက သတင်းထုတ်ပြန်ထားပါတယ်။


သင်တန်းဆင်းပွဲသို့ စစ်ရေးအခြေနေကြောင့် CDF - KKG မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ မတက်ရောက်နိုင်ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။


အလားတူ CDF - KKG တပ်ရင်း ()မှ လေ့ကျင့်သင်ကြားပေးခဲ့သော အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ( )သင်တန်းဆင်းပွဲ အခမ်းအနားကိုလည်း လွန်ခဲ့သောရက်ပိုင်းတွင် အောင်မြင်စွာ ကျင်းပပြုလုပ် ပြီးစီးခဲ့ပါတယ်။


သင်တန်းဆင်းပွဲသို့ CDF - KKG မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ သင်တန်းဆင်းပွဲများတွင် စစ်ရေးပြအလှဆုံးဆု လက်ဖြောင့်ဆုနှင့် ဇွဲဆု  အစရှိသည့် တစ်ဦးချင်း ထူးချွန်ဆုများကိုလည်း ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။


========================


🚩🚩 ၂။ ချင်းလဲန်း ကောင်စီရဲ့ စစ်ရေး၊ နိုင်ငံရေး လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင် သွားမယ်လို့ People Defence Army (Tedim) ထုတ်ပြန်


ဇွန်လ ရက်။

Radio NUG

ချင်းလဲန်း ကောင်စီရဲ့ စစ်ရေး၊ နိုင်ငံရေး လှုပ်ရှားမှုများကို ထောက်ခံပြီး နိုင်ငံရေး လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်သွားမယ်လို့ People Defence Army (Tedim)က ဇွန်လ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။


PDA အနေဖြင့် ချင်းပြည်နယ် အနာဂတ်အတွက် ချင်းလဲန်း ကောင်စီမှာ လေ့လာသူအဖြစ် ပါဝင်ခဲ့ရာမှ အဖွဲ့အစည်းအဝေး ဘုံဆုံးဖြတ်ချက်အရ ကောင်စီရဲ့ စစ်ရေး၊ နိုင်ငံရေး လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။


စစ်အာဏာသိမ်းစ ကာလထဲက လက်နက်ကိုင် တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ PDA (Tedim) အဖွဲ့ဟာ ချင်းပြည်နယ်မှာ တိုက်ပွဲများစွာကို မဟာမိတ်တပ် အသီးသီးဖြင့် ပူးပေါင်း ဖော်ဆောင်ခဲ့ပြီး စခန်းသိမ်း တိုက်ပွဲများကိုလည်း ဖော်ဆောင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။


ထို့အပြင် ချင်းပြည်နယ်အတွင်းက တော်လှန်ရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ CNF/CNA နဲ့လည်း စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ယနေ့အချိန်အထိ အတူတကွ ရပ်တည်ကာ 

တော်လှန်ရေးလုပ်ငန်းများ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


🚩🚩 ၃။ စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်အဖွဲ့နဲ့ တစ်လအတွင်း ၂၄ ကြိမ် ဖြစ်ပွားခဲ့ရဦ စစ်ကောင်စီတပ်ဘက်မှ ၄၂ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း PNLA ထုတ်ပြန်


ဇွန်လ ရက်။

Radio NUG 

မေလ တစ်လအတွင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA)နဲ့ စစ်ကောင်စီ၊ ၎င်းတို့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တို့ကြား တိုက်ပွဲ ၂၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့တို့မှ ၄၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ PNLA က ထုတ်ပြန်ပါတယ်။


အဆိုပါတိုက်ပွဲဖြစ်ပွားရာ ဒေသများမှာ တဘက် ကျေးရွာအုပ်စု၊ နောင်ကျော ကျေးရွာအုပ်စု၊ တောင်ရှေ့ ကျေးရွာအုပ်စု၊ နားခိုက်ကျေးရွာအုပ်စု အတွင်းဖြစ်တယ်လို့ သိရပါတယ်။


ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) အနေဖြင့် ပအိုဝ်းလူမျိုးအချင်းချင်း တိုက်ခိုက်မှာ မဟုတ်သော်လည်း စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် အဖွဲ့မှ စစ်အာဏာရှင်နှင့်အတူ ပအိုဝ်း ပြည်သူလူထုရဲ့ အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးခြင်း၊ မီးရှို့ခြင်း၊ တော်လှန်ရေး တပ်ဖွဲ့များကို တိုက်ခိုက်ခြင်းများကြောင့်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေတာလို့ ဆိုပါတယ်။


ထို့ပြင် မေလအတွင်း ဆီဆိုင်မြို့နယ် ကောင်ဝိန်းကြီး၊ နောင်ကျော၊ နောင်ရင်း ရေဖြူ၊ ကန်တော်လေးစတဲ့ ကျေးရွာ ၂၀ ကျော်မှ ပြည်သူ ၁၃,၄၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဖော်ပြထားပါတယ်။


ပအိုဝ်းဒေသတွင် စစ်ကောင်စီနဲ့ ၎င်းတို့ လက်အောက်ခံ ပြည်သူ့စစ်များမှ ကျေးရွာအတွင်း စစ်ကြောင်းထိုးကာ အရပ်သားပြည်သူများကို ဖမ်းဆီးခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနဲ့ အများပြည်သူပိုင် ဥစ္စာပစ္စည်းများကို ခိုးယူခြင်းများလည်း ပြုလုပ်နေတယ်လို့ ဆိုပါတယ်။


မေလ ရက်နေ့မှာ နောင်ရင်းကျေးရွာ ရွာသူကြီး ခွန်ဇာခွန်နှင့် ညီဖြစ်သူ ခွန်ပလွန်တို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး မေလ ရက်မှာလည်း နောင်ဗိုကန်တော်လေး ရွာသူကြီး ဖြားခွန်လျောကို ဖမ်းဆီးသွားခဲ့သလို့ မေလ ရက်နေ့မှာလည်း ထီဗွာ(ရေဖြူ)ကျေးရွာမှ ကိုယ်ဝန်ဆောင် အမျိုးသမီး ဦး အပါအဝင် ဒေသခံ ပြည်သူ ဦးကို ဖမ်းဆီး သွားခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် မေလ ၂၂ ရက်နေ့မှာ  နမ့်စေမဲရွာမှ ဦးဝင်းနိုင်ကို ဖမ်းဆီးခဲ့ပြီး မိသားစုအား ငွေ သိန်း ၁၀၀ ဖြင့် ပြန်လည်ရွေးယူခိုင်းခဲ့သလို နောင်သိမ်ကျေးရွာမှ ဦးထက်နိုင်ကိုလည်း ဖမ်းဆီးခဲ့ပြီး ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာများကို သိမ်းယူခဲ့ပါသေးတယ်။


စစ်ကောင်စီနဲ့ ၎င်းတို့ လက်အောက်ခံ ပြည်သူစစ်များဟာ မေလ ၁၅ ရက်နေ့မှ ၁၇ ရက်ထိ သုံးရက်တိုင် ဆီဆိုင်မြို့နယ် ထီဗွာ(ရေဖြူ) ကျေးရွာမှ ဒေသခံတို့ရဲ့ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ၎င်းတို့ရဲ့ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် မေလ ၁၆၊ ၁၇၊ ၁၈ နှင့် ၂၇ ရက်အတွင်း နောင်ကျောနဲ့ ကောင်ဝိန်းကြီး ကျေးရွာတို့မှ ဘုန်ကြီးကျောင်း၊ သိမ်ကျောင်းဆောင်အပြင် နေအိမ် လုံးထက်မနည်း ထိခိုက်ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ စကစ ဂိတ်စခန်းအတွင်း ဘန်ကာများဆောက်လုပ်နေတဲ့ စကစနှင့် ပျူများကို ဗုံးကျဲတိုက်ခိုက်


ဇွန် ၁ရက်။ 

Radio NUG

မေလ ၃၁ ရက်နေ့ မနက် 8:00 နာရီမှ 11 နာရီထိ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ပခုက္ကူ-ကမ္မလမ်းပိုင်းရှိ ညောင်ပင်လှ စကစဂိတ်စခန်းအတွင်းတွင် ဘန်ကာများဆောက်လုပ်နေတဲ့ စကစနှင့် ပျူများကို drone ဗုံးသီး10လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း မြိုင် ပကဖက သတင်းထုတ်ပြန်ပါတယ်။


ဗုံးကျဲတိုက်ခိုက်မှုတွင် စကစဘက်မှ နှစ်ယောက် ထိခိုက်ဒဏ်ရာရရှိပြီး တစ်ယောက် သေဆုံးကြောင်း သိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကို မြိုင် ပကဖနှင့် black cobra force (ကမ္မတပ်ပေါင်းစု)တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။


========================


🚩🚩 ၅။ တန့်ဆည်မြို့နယ် ကျွန်းတောကုန်းကျေးရွာအား မီးရှို့ပြီး ပြန်ထွက်လာတဲ့ စစ်ကြောင်းကို ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်


ဇွန် ၁ရက်။

Radio NUG

မေလ ၃၁ ရက်နေ့ နေ့လယ် 11 နာရီ 35 မိနစ်အချိန်တွင် တန့်ဆည်နယ် အင်္က္ကုကားပျူရွာမှ ကျွန်းတောကုန်းကျေးရွာသို့ ဝင်ရောက်လာတဲ့ ဝါသဝ၏ စစ်တပ်/ပျူစစ်ကြောင်းမှ ပြည်သူ့နေအိမ်များအား မီးရှို့ပြီး ပြန်ထွက်လာရာ 60MM လက်နက်ကြီးဖြင့် ဖြတ်တောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Civil Armed Force မှ သတင်းထုတ်ပြန်ပါတယ်။


ပစ်ချက် 4 ချက်လုံး ရန်သူများအား ထိမှန်ခဲ့ပြီး ရန်သူ့ဘက်မှ အနည်းဆုံး 5 ဦးခန့် သေဆုံးကာ 10 ဦးခန့် ဒဏ်ရာရရှိကြောင်းသိရှိရပါတယ်။


ထိခိုက်ကျဆုံးမှု များသောကြောင့် အဆိုပါစစ်ကြောင်းမှ ကျွန်းတောကုန်းကျေးရွာ အတွင်းသို့ 60MM လက်နက်ကြီး/လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ကာ ဒရုန်းများဖြင့်လည်း ဗုံးသီးချ၍ ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။


ညနေတွင်လည်း စစ်ကြောင်းမှ ထပ်မံ၍ ဒရုန်းများဖြင့် 60MM ဗုံးသီးများချ တိုက်ခိုက်မှုကြောင့် ပြည်သူ့ကားတစ်စီး ဆုံးရှုံးခဲ့ရပြီး ရဲဘော်များ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထိုတိုက်ခိုက်မှူကို Civil Armed Force- CAF  (ဗဟို+CAF တပ်ခွဲ TXF)နှင့် ကျေးရွာကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။


========================


🚩🚩 ၆။ သထုံနှင့် ဘားအံမြို့နယ်တို့အတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ()ဦး သေဆုံးပြီး ()ဦး ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် (၁၁)လုံး ပျက်စီး


ဇွန် ၁ရက်။ 

Radio NUG

ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်၊ သထုံမြို့နယ်နှင့် ဘားအံမြို့နယ်တို့အတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ပြည်သူလူထုများနေထိုင်ရာ ကျေးရွာများအတွင်းနှင့် လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ()ဦး သေဆုံးပြီး ()ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရကာ နေအိမ် (၁၁) လုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်ပါတယ်။


ကေအဲန်ယူသထုံမြို့နယ် အုပ်ချုပ်နယ်မြေအတွင်း မေလ (၂၄)ရက် မနက် (၁၀)နာရီခွဲတွင် ခလရ- တပ်ရင်း လက်နက်ကုန်းစခန်းမှ ဘုရားဆိပ်ကျေးနယ်ရှိ ရွာများထဲသို့ လက်နက်ကြီး ()လုံး ပစ်ခတ်ရာ တောင်သူဌေးကုန်းရွာအတွင်း လက်နက်ကြီး ()လုံး ကျရောက်ပေါက်ကွဲပြီး ရွာနေ ကိုရဲလင်းဌေး (၃၀) နှစ်၏ ရင်ဘတ်နှင့် ()မမိုးမိုး (၃၅) နှစ်၏ ဝမ်းဗိုက်တို့အား လက်နက်ကြီးကျည်စ ထိမှန်ကာ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။


ထို့အပြင် တောင်သူဌေးကုန်းရွာနေ အမျိုးသား ဦးနှင့် အမျိုးသမီး ဦးတို့လည်း လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာ ရရှိခဲ့ပြီး ပြည်သူနေအိမ် ၁၀လုံး ထိခိုက်ပျက်စီးခဲ့ရပါတယ်။


အဲ့ဒီနေ့ ညနေ ()နာရီ (၁၅)မိနစ်တွင်လည်း အမတ-၃၁၄ တပ်ရင်း တပ်စခန်းမှ ကေအဲန်ယူ-သထုံမြို့နယ်၊ ရွှေရောင်ပြကျေးနယ်၊ ရွှေရောင်ပြရွာထဲသို့ လက်နက်ကြီး ()လုံး ထပ်မံပစ်ခတ်ခဲ့ပါတယ်။


ကေအဲန်ယူ-ဖားအံမြို့နယ်အတွင်း မေလ (၁၉) ရက် ()နာရီမှ (၁၀)နာရီအတွင်း ပိန္နဲတောတပ်စခန်းမှ လက်နက်ကြီး ()လုံး ပစ်ခတ်ရာ နောဖဒို့ရွာနှင့် နော်ရကုန်းရွာထဲသို့ လက်နက်ကြီး ()လုံးစီ ကျရောက်ပေါက်ကွဲ၍ လက်နက်ကြီးကျည်စထိမှန်ကာ နောဖဒို့ရွာနေ အမျိုးသမီးတစ်ဦး ဘယ်ဘက်လက်ပြတ်ကာ နောက်ထပ်အမျိုးသမီးတစ်ဦး ဝမ်းဗိုက်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး နော်ရကုန်းရွာ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။


ပိန္နဲတောစခန်းမှာ (ခမရ-၄၁၀) တပ်ရင်း တပ်ဖွဲ့ဝင်များ ရှိနေပြီး ၎င်းစခန်းမှာ ကေအဲန်ယူ-သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာအလယ်တွင် တပ်စွဲထားကာ (ခလရ-) တပ်ရင်းမှာမူ  ဘီးလင်းမြို့ ရပ်ကွပ် ()တွင် တပ်စွဲထားပြီး ဘီးလင်းမြို့ မျှင်သာတောင်ကုန်းပေါ်တွင်လည်း လက်နက်ကြီးဆင်ထားကာ ၎င်းလက်နက်ကြီးကုန်းတွင်လည်း တပ်စွဲထားကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ လယ်ဒိုနှင့် ဆောထိမြို့နယ်တို့အတွင်း စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ () ဦးသေဆုံးခဲ့ရပြီး ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်()လုံးနှင့် 

စာသင်ကျောင်း ()ကျောင်း ထိခိုက်ပျက်စီး


ဇွန် ၁ရက်။

Radio NUG

ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူရိုင်၊ လယ်ဒိုမြို့နယ်နှင့် ဆောထိမြို့နယ်တို့အတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ပြည်သူလူထုများ နေထိုင်ရာ ကျေးရွာများအတွင်းနှင့် လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များအတွင်းသို့ တိုက်လေယာဉ်များ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ () ဦး သေဆုံးခဲ့ရပြီး ကလေးငယ် () ဦး ထိခိုက်ဒဏ်ရာ ရရှိကာ နေအိမ် ()လုံးနှင့် စာသင်ကျောင်း တစ်ကျောင်း ပျက်စီးခဲ့ရကြောင်း ကေအန်ယူ-ဗဟိုက သတင်းထုတ်ပြန်ပါတယ်။


ကေအဲန်ယူလယ်ဒိုမြို့နယ် အုပ်ချုပ်နယ်မြေအတွင်း မေလ ( ၃၁)နေ့ (၁ဝး၂၅)မိနစ်အချိန်တွင် ခလရ-၂၆၄ တပ်ရင်းမှ (၁၂၀) မမ လက်နက်ကြီး ()လုံးအား ပစ်ခတ်ခဲ့ရာ တောင်ခင်ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီး ၁ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ရပြီး ကလေးငယ် ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်အပြင် ၎င်း၏ နေအိမ်လည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။


ကေအဲန်ယူဆောထိမြို့နယ်အတွင်း မေလ (၃၁) ရက်နေ့  နေ့လယ် (:၀၈) အချိန်တွင် ဂျက်တိုက်လေယာဥ်ဖြင့် သာစေးဒဲကျေးရွာ အတွင်းသို့ ပေါင် (၅၀၀) ဗုံး () လုံး ကျဲချခဲ့သောကြောင့် နေအိမ် ၃လုံး ဗုံးထိမှန်ခဲ့ရပြီး ဝက် () ကောင် နှင့် ကြက် () ကောင်လည်း သေဆုံးသွားခဲ့ရပါတယ်။


ထိုသို့ ဗုံးကျဲမှုအပြီး နေ့လည် (:၁၀) မိနစ်အချိန်တွင်လည်း ဘောလောတယ် ကျေးရွာအတွင်းသို့ ဗုံး () လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့သောကြောင့် နေအိမ် () လုံး နှင့် ကျေးရွာ စာသင်ကျောင်းမှာ အနည်းငယ်ထိခိုက် ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၈။ စဉ့်ကူးတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အဖွားအို တစ်ဦးနှင့် ကလေးတစ်ဦး ဒဏ်ရာရ


ဇွန်လ ရက်။

Radio NUG 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့မှ လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့တာကြောင့် အဖွားအို တစ်ဦးနှင့် ကလေးတစ်ဦး ဒဏ်ရာရ ခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။


ဇွန်လ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်မှာ ရွေပြည်ရွာ ဘုံသာကုန်း ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့မှ ၁၂၀ မမ လက်နက်ကြီး လုံး ပစ်ခတ်ခဲ့ရာ မြကန်သာရွာနှင့် မြသီတာရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။


လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၈၀ အရွယ် အဖွားအို တစ်ဦးနဲ့ အသက် ၁၃ နှစ် အရွယ် ကလေးငယ်တစ်ဦး ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Informational Network ရဲ့ သတင်းဖော်ပြထားချက်အရ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment