30th JUN 2024 - Morning Daily News by Radio NUG


၂၀၂၄ ဇွန်လ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် လူပုဂ္ဂိုလ် ဦးကို ဖမ်း၀ရမ်းထုတ်ရန် အာဂျင်တီးနားအစိုးရရှေ့နေများက တရားရုံးသို့ တင်ပြတောင်းခံ

📌 ၂။ ဘုတလင်မြို့နယ် သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်လိုက်ပြီး သပိတ်မှောက်သည့် မြို့နယ် ၁၀ ခုအထိ ရှိလာ


၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။()ရက်အတွင်း စစ်ကောင်စီတပ် ဗိုလ်မှူးမှ တပ်သားအဆင့် တပ်ဖွဲ့ဝင်(၅၃)ဦး တအာင်းတပ်မတော်ထံ လက်နက်ချ အလင်းဝင်ခဲ့

🚩 ၂။ ()ရက်မြောက်တိုက်ပွဲတွင် စစ်ကောင်စီ တပ်စခန်းနှင့် လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိ

🚩 ၃။ မတူပီမြို့ကို ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ အပြီးသတ် သိမ်းပိုက်

🚩 ၄။ ပုသိမ်-မုံရွာ လမ်းပိုင်းပေါ်မှာ စစ်ကောင်စီ ယာဉ်တစ်စီး တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့် ဦး အပါအဝင် ဦး သေဆုံး

🚩 ၅။ ငါန်းဇွန်း မြို့နယ်မှူးကို ပစ်ခတ်ရှင်းခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိ

🚩 ၆။ ဆောထိမြို့နယ်တွင် စစ်ကောင်စီရဲ့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ဦး သေဆုံးခဲ့

🚩 ၇။ ရှမ်းနီတရားစီရင်ရေးအဖွဲ့မှ တစ်ရက်အတွင်း အမျိုးသားနှစ်ဦးကို သတ်ဖြတ်

🚩 ၈။ မုံရွာခရိုင်မှာ S.O.F မှ သင်တန်းဆရာများ သင်ကြားလေ့ကျင့်ပေးခဲ့တဲ့ အခြေခံစနိုက်ဘာ သင်တန်းဆင်းပွဲ ပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် လူပုဂ္ဂိုလ် ဦးကို ဖမ်း၀ရမ်းထုတ်ရန် အာဂျင်တီးနားအစိုးရရှေ့နေများက တရားရုံးသို့ တင်ပြတောင်းခံ


ဇွန်လ ၂၉ရက်။ 

Radio NUG

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့အပါအဝင် လူ ဦးကို ဖမ်းဝရမ်းထုတ်ဖို့ အာဂျင်တီးနားဥပဒေအရာရှိက အာဂျင်တီးနားတရားရုံးကို တင်ပြတောင်းဆိုခဲ့တယ်လို့ မြန်မာရိုဟင်ဂျာအဖွဲ့ UK အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။


၂၀၁၇ ခုနှစ်က ရခိုင်မှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တယ်လို့ ဆိုတဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားဖြစ်တည်မှုအပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေအတွက် Universal Jurisdiction နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေကိုကမ္ဘာ့နေရာတိုင်းမှာ စုံစမ်း စီရင်ပိုင်ခွင့် ရှိရမယ်ဆိုတဲ့ ဥပဒေအရ မြန်မာ ရိုဟင်ဂျာအဖွဲ့က ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ အာဂျင်တီးနားနိုင်ငံ ပြည်ထောင်စု တရားရုံးမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။


အမှတ် ()စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မောင်မောင်စိုး၊ တပ်မ (၃၃) တပ်မမှူး ဗိုလ်မှူးချုပ်အောင်အောင်(လက်ရှိ ရှမ်းပြည်နယ်ဝန်ကြီးချုပ်) ရဲအရာရှိ ဦးကျော်ရှည် နဲ့ ကျေးရွာ ဥက္ကဋ္ဌ ဦးအောင်ဆန်းမြ တို့ ပါဝင်တယ်လို့ သိရပါတယ်။


စစ်ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေဟာ သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကနေ လွတ်မြောက်နိုင်မှာ မဟုတ်သလို ဖမ်းဝရမ်းထုတ်နိုင်ဖို့ နီးကပ်လာပြီလို့လည်း မြန်မာရိုဟင်ဂျာအဖွဲ့ UK ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။


အာဂျင်တီးနားတရားရုံးက မြန်မာစစ်ခေါင်းဆောင်တွေကို ဖမ်း၀ရမ်းထုတ်၊ မထုတ် ဆုံးဖြတ်ပေးမှာ ဖြစ်ပြီး ကာလအတန်ကြာ စောင့်ရနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။


အာဂျင်တီးနားဥပဒေအရာရှိဟာ အဲဒီတုန်းက အစိုးရအဖွဲ့အကြီးအကဲတွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ပါအဝင် လူများစွာကို ဖမ်းဆီးမိန့်ထုတ်ပေးဖို့ လျှောက်ထားခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ကို ဖမ်းပေးဖို့ကိုတော့ မြန်မာရိုဟင်ဂျာအဖွဲ့ UK က မတောင်းဆိုခဲ့ပါဘူးလို့ ပြောဆိုထားပါတယ်။


၂၀၂၃ ခုနှစ် ဒီဇင်ဘာ ဖမ်းဆီးမိန့် လျှောက်ထားမှုအရ စစ်တပ်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို သူတို့လုပ်ရပ်အတွက် တာဝန်ခံခိုင်းရေးကို တရားရုံးက ဦးစားပေးဆုံးဖြတ်ရမှာဖြစ်ပါတယ်။


========================


📌📌 ၂။ ဘုတလင်မြို့နယ် သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်လိုက်ပြီး သပိတ်မှောက်သည့် မြို့နယ် ၁၀ ခုအထိ ရှိလာ


ဇွန်လ ၂၉ရက်။

Radio NUG

ဇွန်လ ၂၉ ရက်နေ့တွင် ပတ္တနိက္ကုဇ္ဇန ကံဆောင် သံဃာ့သပိတ်ကို ဘုတလင်မြို့နယ်မှ သံယာတော်များ ပူးပေါင်းပါဝင်လာပြီး ပူးပေါင်းပါဝင်လာသည့် မြို့နယ် ၁၀ ခုထိရှိလာပြီဖြစ်ကြောင်း သိရပါတယ်။


ဇွန်လ ၂၉ ရက်နေ့ မနက်ပိုင်းက သံဃာအပါး ၆၀ ဝန်းကျင်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။


ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်ကို ဇွန်လ ၂၃ ရက်နေ့တွင် ချောင်းဦးမြို့နယ်မှ သံဃာတော်များ စတင်ပြုလုပ်ခြင်းဖြစ်ပြီး ဇွန်လ ၂၄ ရက်၊ ၂၅ ရက်၊ ၂၆ ရက်၊ ၂၇ ရက်နှင့် ၂၈ ရက်နေ့တွင် ဒီပဲယင်းမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ မုံရွာမြို့နယ် မြိုင်မြို့နယ် ဝက်လက်မြို့နယ် မှ သံဃာတော်များ ပူးပေါင်း ပါဝင်ခဲ့ပြီး ဇွန်လ ၂၉ ရက်နေ့တွင် အရာတော်မြို့နှင့် ဘုတလင်မြို့နယ်မှ သံဃာတော်များ ပူးပေါင်း ပါဝင်လာခြင်းဖြစ်ကြောင်း သိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။()ရက်အတွင်း စစ်ကောင်စီတပ် ဗိုလ်မှူးမှ တပ်သားအဆင့် တပ်ဖွဲ့ဝင်(၅၃)ဦး တအာင်းတပ်မတော်ထံ လက်နက်ချ အလင်းဝင်ခဲ့


ဇွန်လ ၂၉ရက်။ 

Radio NUG

တအာင်းပြည် တပ်မဟာ()စစ်ဒေသ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် တပ်မဟာ ()စစ်ဒေသ မိုးမိတ်မြို့နယ်တို့တွင် ၁၀၂၇ စစ်ဆင်ရေးအပိုင်း() ဇွန်လ(၂၅)ရက်တွင်စတင်ပြီး ဇွန်လ (၂၉)ရက်အထိ စစ်ဆင်ရေး ()ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ ဗိုလ်မှူးအဆင့်မှ တပ်သားအဆင့် တပ်ဖွဲ့ဝင်(၅၃)ဦးလက်နက်ချအလင်းဝင်ခဲ့ကြောင်း TNLA ထုတ်ပြန်ပါတယ်။


()ရက်သာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ဦးအပါအဝင် ဗိုလ်ကြီး ()ဦး၊ ရဲအုပ်()ဦး၊ တပ်ကြပ်ကြီး-()ဦး၊ရဲတပ်ကြပ်(ယာဉ်ထိန်း)()ဦး၊ တပ်ကြပ်(၁၁)ဦး၊ ဒုတပ်ကြပ်()ဦး၊ ရဲတပ်သား()ဦးနှင့် တပ်သား(၁၉)ဦး စုစုပေါင်း တပ်ဖွဲ့ဝင်(၅၃)ဦးတို့ တအာင်းတပ်မတော်ထံ လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


တအာင်းပြည်၊ တပ်မဟာ()စစ်ဒေသ မိုးမိတ်မြို့နယ် ရွှေဆာလီကျေးရွာတွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတို့ နံနက်(:၂၀)အချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


မိုးမိတ်မြို့နယ်၊ လွယ်ဝိန်းတောင်ရှိ စကခ (၂၁) ခလရ (၂၂၃)တပ်စခန်းတွင် နံနက် () နာရီအချိန် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွားဖြစ်ပွားခဲ့ပါတယ်။


ထိုအတူ(:၂၅)နာရီအချိန်တွင် မိုးမိတ်မြို့နယ်၊ လယ်ကြီးရှိ စစ်ကောင်စီတပ် စကခ (၂၁) ခမရ (၃၄၈)တပ်စခန်းတွင် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွားဖြစ်ပွားခဲ့ပါတယ်။


နောင်ချိုမြို့ စစ်ကောင်စီတပ် ခမရ (၆၀၆) စခန်းတွင် နံနက် (:၄၀)အချိန် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွားဖြစ်ပွားခဲ့ပြီး နံနက် ()နာရီအချိန်တွင် ခလရ(၁၄၆) တပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီ အလောင်း(၁၀)လောင်းနှင့် လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိထားကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ()ရက်မြောက်တိုက်ပွဲတွင် စစ်ကောင်စီ တပ်စခန်းနှင့် လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိ


ဇွန် ၂၉ Radio NUG


တအာင်းပြည် တပ်မဟာ()စစ်ဒေသ နောင်ချိုမြို့ ခမရ(၁၁၄)တပ်စခန်းနှင့် မိုးကုတ်မြို့ အောင်သာယာတပ်စခန်းတို့အား သိမ်းပိုက်ရာတွင် စစ်ကောင်စီလက်နက်များ သိမ်းပိုက်ရရှိခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။


တပ်မဟာ()စစ်ဒေသ မိုးကုတ်မြို့နှင့် နောင်ချိုမြို့ ခမရ (၁၄၄)တပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီလက်နက်များဖြစ်သည့် ပစ္စတို()လက်၊ MA-1()လက်၊ MA-2 ()လက် MA-3 () G3()လက်၊ ရိုက်ဖယ်သေနတ် (၁၅)လက်၊ ကာဘိုင်သေနတ် (၁၀)လက်၊ MA-15 ငါးဂျင်းမီး ()လက်၊ M79 () RPG ()လက်၊ ကွန်မန်ဒိုစိန်ပြောင်း ()လက်၊ 12MM ()လက်၊ 81MM()လက်၊ 81MM နောက်ပွင့် ()လက်၊ 60MM ()လက်၊ ဂျမ်ဘာ()ခု၊ ဗုံးများ၊ မိုင်းများနှင့် စကားပြောစက်များ သိမ်းဆည်းရမိထားတယ်လို့ သိရပါတယ်။


တပ်မဟာ ()စစ်ဒေသ မိုးကုတ်မြို့အရှေ့ပိုင်း စစ်ကောင်စီ၏ အောင်သာယာနှင့် အာကာမိုး တပ်စခန်းအားညနေ (:၅၅)အချိန်တွင် တအာင်းတပ်မတော်TNLA မှ တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီအလောင်း(၁၀)လောင်းနှင့် လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိထားပါတယ်။


ဇွန်လ(၂၉)ရက် နံနက် (:၄၀)အချိန်၊ တပ်မဟာ ()စစ်ဒေသ နောင်ချိုမြို့ စစ်ကောင်စီတပ် ခမရ(၆၀၆) စခန်းကုန်းအား တအာင်းတပ်မတော် TNLA မှ တိုက်ခိုက်ခဲ့ပြီး နံနက် ()နာရီအချိန်တွင် နောင်ချိုမြို့နယ် ရှုခင်းသာရှိ ခလရ(၁၄၆) တပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ မတူပီမြို့ကို ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ အပြီးသတ် သိမ်းပိုက်


ဇွန်လ ၂၉ရက်။ 

Radio NUG


ဇွန်လ (၂၉)ရက်နေ့တွင် ချင်းပြည်နယ်တောင်ပိုင်းရှိ အကြီးဆုံးဖြစ်သည့် စစ်ဗျူဟာနှင့် အမှတ်လ(၁၄ဝ) ခြေလျင်တပ်ရင်းတို့ကို အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နယ်မြေရှင်းလင်းမှုများလည်း လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ချင်းညီနောင်မှ သတင်းထုတ်ပြန်ပါတယ်။


ချင်းညီနောင်စစ်ဆင်ရေး (Operation CB)အဖြစ် ဖော်ဆောင်လျက်ရှိသော မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင် မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် အာရက္ခတပ်တော် (AA) Yaw Army (YA) နှင့် Yaw Defense Force (YDF) တို့ပူးပေါင်းကာ အမှတ် (၃ဝ၄) ခြေမြန်တပ်ရင်းကို ဇွန်လ (၁၇) ရက်နေ့တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ပါတယ်။


မတူပီမြို့သိမ်းစစ်ဆင်ရေး ဆောင်ရွက်နေစဉ်ကာလအတွင်း ချင်းညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များကို CNF/CNA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များက ဇွန်လ (၁၈) ရက်နေ့တွင် ဖနိုင်ရွာ မြောက်ဘက် လာရောက်ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ချင်းညီနောင်စစ်ဆင်ရေး (Operation CB) မတူပီမြို့ သိမ်းတိုက်ပွဲစစ်ဆင်ရေး နှောင့်နှေးကြန့်ကြာခဲ့ရကြောင်း ဖော်ပြထားပါတယ်။


ချင်းညီနောင်စစ်ဆင်ရေး (Operation CB)တွင် အသက်ပေးသွားကြသည့် အာဇာနည်သူရဲကောင်းများ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ကြသည့် ရဲဘော်များနှင့် အောင်ပွဲရသည့်အထိ စွမ်းစွမ်းတမံ ချီတက်တိုက်ပွဲ ဝင်ခဲ့ကြသော တပ်မှူးများ၊ တပ်သားများ၏ အမိန့်နာခံမှု၊ တိုက်ရည်ခိုက်ရည်၊ ရဲစွမ်းသတ္တိ၊ ဇွဲလုံ့လရှိမှုအပေါ် လေးစားဂုဏ်ယူကြောင်းနှင့် ချင်းညီနောင်အနေဖြင့် ချင်းပြည်နယ်ရှိ မြို့နယ်များအတွင်း ကျန်ရှိနေသေးသည့် အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများအား သိမ်းပိုက်နိုင်ရေးအတွက် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ ပုသိမ်-မုံရွာ လမ်းပိုင်းပေါ်မှာ စစ်ကောင်စီ ယာဉ်တစ်စီး တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့် ဦး အပါအဝင် ဦး သေဆုံး


ဇွန်လ ၂၉ ရက်။ 

Radio NUG

မကွေးတိုင်း၊ မင်းတုန်းမြို့ ကနေ ပုသိမ် - မုံရွာ လမ်းပိုင်းအတိုင်း ထွက်ခွာလာတဲ့ စစ်ကောင်စီရဲ့ ယာဉ်တစ်စီး တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့် ဦး အပါအဝင် ဦး သေဆုံးခဲ့တယ်လို့ ကျောင်းသားလက်ရုံး တပ်တော် (SAF)က သတင်းထုတ်ပြန်ထားပါတယ်။


ဇွန်လ ၂၇ ရက်နေ့က မင်းတုန်းမြို့ကနေ စစ်ကောင်စီ တပ်အင်အား ၂၅ ဦးခန့် ပါလာတဲ့ ဖောကား တစ်စီးကို မဲဇလီကျေးရွာ အနီးမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်အဆင့် ဦး အပါအဝင် ဦး သေဆုံးခဲ့ပြီး ပူးပေါင်းအဖွဲ့မှ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။


ယခု တိုက်ခိုက်မှုကို ကျောင်းသားလက်ရုံး တပ်တော် (SAF)နဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) သရက်ခရိုင်၊ အမှတ် () တပ်ရင်း (Eagle Force) က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၅။ ငါန်းဇွန်း မြို့နယ်မှူးကို ပစ်ခတ်ရှင်းခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိ


ဇွန်လ ၂၉ ရက်။ 

Radio NUG

မန္တလေးတိုင်း၊ ငါန်းဇွန်း-မြို့သာ လမ်းပိုင်း၊ မြို့သာမြို့နယ် အတွင်းမှာ ငါးဇွန်းမြို့နယ်မှူး ဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ မြင်းခြံ က သတင်းထုတ်ပြန် ထားပါတယ်။


ဇွန်လ ၂၉ ရက်နေ့ မနက် နာရီ ၁၅ မိနစ်မှာ မြို့သာ စက်မှုဇုံကနေ အရပ်ဝတ်နဲ့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာတဲ့ ငါန်းဇွန်း မြို့နယ်မှူးနဲ့ နောက်လိုက်ဖြစ်သူကို မြို့သာမြို့က လက်ဖက်ရည်ဆိုင် တဆိုင်မှာ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။


၎င်း ပစ်ခတ်မှုအတွင်း ငါန်းဇွန်း မြို့နယ်မှူး ဦးသက်ဆွေ မှာ နေရာမှာပဲ သေဆုံးခဲ့ပြီး နောက်လိုက် ဖြစ်သူမှာ ထွက်ပြေးလွတ်မြောက် သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ ပစ်ခတ်မှုကို နဂါးနီ ပြောက်ကျားတပ်ဖွဲ့ မြင်းခြံက ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး ၎င်းထံမှ G3 သေနတ် လက်၊ 7.62 ကျည် ၁၂ တောင့်၊ လက်ပစ်ဗုံး လုံး၊ လက်ထိပ် ခု၊ လက်ရိုက်တုတ် ချောင်း၊ ဖုန်း လုံး၊ မှတ်ပုံတင်၊ ဓါတ်ပုံများနဲ့ စာရွက်စာတန်းများကို စီစစ်သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၆။ ဆောထိမြို့နယ်တွင် စစ်ကောင်စီရဲ့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ဦး သေဆုံးခဲ့


ဇွန်လ ၂၉ ရက်။

Radio NUG

ကရင့်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်အတွင်းက ကောက်မဲ့သူ ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ဦး အသက်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။


ဇွန်လ ၂၈ ရက်နေ့ နေ့လည် ၁၂ နာရီ ၃၄ မိနစ်မှာ အဆိုပါ ကောက်မဲသူ ကျေးရွာကို စစ်ကောင်စီ တပ်က ဒရုန်းဖြင့် ဗုံး လုံး ကျဲချ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ တိုက်ခိုက်မှုကြောင့် ကျောက်ကြီးမြို့၊ မေတ္တာရပ်ကွက်နေ ကိုချစ်မင်းသူ၊ စောသတော၊ စောကော်မူးသ၊ အောင်နိုင်ဌေး တို့အပြင် ဇော်လင်းကိုကို၊ ထွန်းသက်လွင်အောင်၊ ကောင်းထက်ကျော် တို့ ဦး အသက်သေဆုံးခဲ့ရတယ်လို့ KNU ခလယ်လွီထူခရိုင်က သတင်းထုတ်ပြန် ထားပါတယ်။


========================


🚩🚩 ၇။ ရှမ်းနီတရားစီရင်ရေးအဖွဲ့မှ တစ်ရက်အတွင်း အမျိုးသားနှစ်ဦးကို သတ်ဖြတ်


ဇွန်လ ၂၉ရက်။

Radio NUG

မြစ်ကြီးနားမြို့အတွင်း Shan Ni Judiciary – SNJ (ရှမ်းနီတရားစီရင်ရေးအဖွဲ့)ဆိုသူများက တစ်ရက်အတွင်း မြစ်ကြီးနားမြို့တွင် အမျိုးသားနှစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း The 74 Mediaမှာ ဖော်ပြထားပါတယ်။

 

ရှမ်းနီတရားစီရင်ရေးအဖွဲ့ဟု ရေးသားထားသည့် ကဒ်ပြားနှင့်အတူ အေးစေတီဘုန်းကြီးကျောင်းသွား လမ်းမကြီးတွင် အသက် ၃၀ ဝန်းကျင်ရှိသည့် အမျိုးသားတစ်ဦးကို ရင်ဘတ်နဲ့ လည်ပင်းမှာ ဓားနဲ့ထိုး သတ်ဖြတ်ထားတာလို့ သိရပါတယ်။

 

မြစ်ကြီးနားမြို့ ရာဒါကောင်ရပ်ကွက်တွင်လည်း ယနေ့နံနက် နာရီခန့်က လည်လှီးသတ်ဖြတ်ထားသည့် အသက် ၃၀ ဝန်းကျင်ရှိအမျိုးသားတစ်ဦး၏ အလောင်းကို လမ်းဘေးတစ်နေရာတွင် စွန့်ပစ်ထားတယ်လို့ သိရပါတယ်။

 

သေဆုံးသွားသူများ၏ အလောင်းကိုပြင်ဆင်ထားမှုသည် ရာဒါကောင်ရပ်ကွက်တွင်တွေ့ရှိရသည့် အမျိုးသားတစ်ဦး၏ အလောင်းနှင့်ပုံစံချင်း ဆင်တူတယ်လို့ သိရပါတယ်။

 

မြို့တွင်း လူအများသွားလာတဲ့ နေရာမှာတင် တွေ့ရတာတွေ များလာတော့ တစ်နေ့တစ်ခြား ပိုပိုစိုးရိမ်လာပြီး စိတ်လုံခြုံမှုက မရှိတော့ဘူးလို့ ဒေသခံများက ပြောဆိုနေကြပါတယ်။

 

သျှမ်းနီဒေသတရားစီရင်ရေး (SNAJ) အမည်ဖြင့်လည်း လူမှုကွန်ရက်စာမျက်နှာ ဖွင့်လှစ်ထားပြီး လူမျိုးရေးသွေးထိုး လှုံ့ဆော်မှုများ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။

 

မြစ်ကြီးနားမြို့နယ်တွင် ယခုနှစ်အတွင်း သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းတွေ့ရှိမှုနှင့် ပစ်ခတ်သတ်ဖြတ်မှုများ မကြာခဏဖြစ်ပွားနေပြီး ကျူးလွန်သူများကို ဖမ်းဆီးအရေးယူနိုင်မှု အလွန်နည်းပါးကြောင်း ဒေသခံများထံက သိရပါတယ်။


========================


🚩🚩 ၈။ မုံရွာခရိုင်မှာ S.O.F မှ သင်တန်းဆရာများ သင်ကြားလေ့ကျင့်ပေးခဲ့တဲ့ အခြေခံစနိုက်ဘာ သင်တန်းဆင်းပွဲ ပြုလုပ်


ဇွန်လ ၂၉ ရက်။

Radio NUG

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ အထူး စစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)မှ သင်တန်းဆရာများက စနစ်တကျ လေ့ကျင့်သင်ကြား ပေးခဲ့တဲ့ အခြေခံ စနိုက်ဘာသင်တန်း အပတ်စဉ် () သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ စနိုက်ဘာ အခြေခံ သင်တန်းကို ရဲရင့်ပြီး အရည်အချင်း ပြည့်ဝတဲ့၊ လက်ဖြောင့် စနိုက်ပါ စစ်သည်တော်များ ပေါ်ပေါက်လာရေးအတွက် မုံရွာခရိုင်၊ အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃၊ (လျှပ်စီးတပ်ခွဲ) မှာ အချိန် ကြာ လေ့ကျင့်သင်ကြား ပေးခဲ့တာပါတယ်။


အဆိုပါ သင်တန်းဆင်းပွဲကို ဇွန်လ ၂၉ ရက်နေ့ (စနေနေ့) မှာ ကျင်းပခဲ့ပြီး သင်တန်းတက်ရောက် ခဲ့တဲ့ မုံရွာခရိုင်၊ အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃၊ (လျှပ်စီးတပ်ခွဲ) မိုးရိပ်စစ်ကြောင်း၊ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ (မီးတောက်တပ်ခွဲ) ရှမ်းရှမ်းတောက် ပြည်သူကာကွယ်ရေးအဖွဲ့တို့က လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment