9th JUN 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဇွန်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ချင်းညီနောင်အနေနဲ့ ရခိုင့်တပ်တော်နဲ့လက်တွဲပြီး စစ်အာဏာရှင်ပြုတ်ကျရေး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကြေညာ

📌 ၂။ ဂျပန်နိုင်ငံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (JTUC-RENGO)မှ ကိုယ်စားလှယ်က မြန်မာနိုင်ငံတွင် စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များအပေါ် ILO အနေဖြင့် အရေးယူဆောင်ရွက်ရန် တုံ့ဆိုင်းနေမှုကို မေးခွန်းထုတ်ခဲ့

📌 ၃။ တော်လှန်ရေးကာလ ၃နှစ်အတွင်း ဆေးရုံတည်ဆောက်မှုအပါအဝင် ရဲဘော်များ၊ CDM များနဲ့ စစ်ရှောင်များကို ကျပ်သိန်း တသောင်းကျော် ထောက်ပံ့နိုင်ခဲ့တယ်လို့ ကရင်နီအခြေစိုက်ပရဟိတအဖွဲ့ အသိပေး 

📌 ၄။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြဝတီ - ကော့ကရိတ်အာရှလမ်းပိုင်းနဲ့ မြဝတီမြို့မှာ ရေကြီးရေလျံမှုဖြစ်

📌 ၅။ ဆေးရုံတက်နေတဲ့ မြန်မာနိုင်ငံသားကို ပစ်သတ်ခဲ့သူဟာ ထိုင်းရဲတဦးဖြစ်နေ

📌 ၆။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် လူ ၃၉ ဦး နဲ့ အဖွဲ့အစည်း ၃၁ ဖွဲ့ကို ဗြိတိန် ထပ်တိုးအရေးယူ


၂၀၂၄ ခုနှစ် ဇွန်လ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။စစ်ကိုင်းမြို့နယ်၊ သပြေသာရွာ အား အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် တိုက်ခိုက်မှုဖြစ်စဉ် ထုတ်ပြန်

🚩 ၂။ ၅လအတွင်း စစ်ကောင်စီတပ်စခန်း ၁၂၀ ဝန်းကျင်ကို တော်လှန်ရေးတပ်များသိမ်းပိုက်

🚩 ၃။ အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ကလေးမြို့နယ်က ချင်းတိုင်းရင်းသားအများစုနေထိုင်ရာ ပြည်တော်သာ ကျေးရွာ ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျ 

🚩 ၄။ နွားထိုးကြီးမြို့နယ်မှာ ပြည်သူပိုင်ပစ္စည်းတွေကို လုယူပြီး နေအိမ်တွေကို မီးရှို့ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု စစ်သား ဦး သေဆုံး 

🚩 ၅။ SSPP စစ်ကြောင်းကို RCSS ဇွန်လအစပိုင်းတွင် ၄ကြိမ် မိုင်းဆွဲတိုက်ခိုက်

🚩 ၆။ ရေဦးမြို့က ဂါဝီ စစ်တပ်ဂိတ်စခန်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ချင်းညီနောင်အနေနဲ့ ရခိုင့်တပ်တော်နဲ့လက်တွဲပြီး စစ်အာဏာရှင်ပြုတ်ကျရေး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကြေညာ


ချင်းညီနောင်အနေနဲ့ ရခိုင့်တပ်တော်နဲ့လက်တွဲပြီး စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ချင်းနှင့်ရခိုင်ချစ်ကြည်ရေး ယခုထက် ပိုမိုခိုင်မာအောင်ဆောင်ရွက်သွားမယ်လို့ ချင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့ ဖွဲ့ စုစည်းထားတဲ့ ချင်းညီနောင်မဟာမိတ်အဖွဲ့က ဇွန်လ ရက်နေ့မှာ ကြေညာလိုက်လိုက်ပါတယ်။


စစ်ကောင်စီက စစ်ရေးအရ အရှုံးနဲ့ ရင်ဆိုင်နေရချိန်မှာ လူမျိုးစုတွေကြား ပဋိပက္ခဖြစ်စေရေးအတွက် ကောလာဟလ သတင်းတွေ အချိန်ကိုက် ဖြန်ချီနေတာကြောင့် ချင်းညီနောင်မဟာမိတ်အဖွဲ့က အခုလို ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။


လက်ရှိအချိန်ဟာ စစ်အာဏာရှင်စနစ်ကို နိုင်ငံတဝန်း အရှိန်အဟုန်မြင့် ထိုးစစ်ဆင်နေတဲ့ကာလဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီဟာလည်း အင်အားအနည်းဆုံးနဲ့ ယိုင်နဲ့နေတဲ့ အချိန်ဖြစ်တယ်လို့ ဆိုပါတယ်။


ဒါ့အပြင် မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ ပြည်သူသလူထုဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေ အကြိမ်ကြိမ် ကျူးလွန်နေတာကို ကြုံတွေ့နေရတဲ့အချိန်ဖြစ်တယ်လို့ ချင်းညီနောင်အဖွဲ့က ပြောပါတယ်။ 


ချင်းတော်လှန်ရေးအဖွဲ့တွေနဲ့ ရခိုင့်တပ်တော်တို့ဟာ အိမ်နီးနားချင်း ဆွေမျိုးရင်းချာ ညီအစ်ကိုများသဖွယ် အသက်ထပ် တိုက်ပွဲဝင်နေချိန်မှာ လက်တဆုပ်စာသာရှိတဲ့သူတွေနဲ့ဖွဲ့စည်းထားတဲ့ -GKO လို အဖွဲ့အစည်းတွေက မဟုတ်မမှန်သတင်း တွေ ထုတ်ပြန်တိုက်ခိုက်ခြင်းဟာ တော်လှန်ရေးကိုအကျိူးယုတ်စေတဲ့ စိတ်ဓာတ်မမှန်တဲ့ မှားယွင်းတဲ့လုပ်ရပ်သာဖြစ်တယ် လို့ ဆိုပါတယ်။


ဒီလိုအချိန်မှာ အချို့သောလူပုဂ္ဂိုလ်များ၊အဖွဲ့အစည်းများရဲ့ သွေးထိုးလှုံဆော်မှုတွေကြောင့် ချင်းတော်လှန်ရေးအဖွဲ့များနဲ့ ရခိုင့်တပ်တော်တို့ကြား ပူးပေါင်းဆောင်ရွက်မှုတွေမထိခိုက်စေဖို့ သတိထားရမှာဖြစ်သလို ပြည်သူလူထုအနေနဲ့လည်း အခြေအမြစ်မရှိ အထောက်အထားမရှိတဲ့ တဖက်သတ်ဝါဒဖြန့်မှုတွေကို နားမယောင်ဖို့လိုတယ်လို့ ချင်းတော်လှန်ရေး လက်နက်ကိုင်အဖွဲ့ ဖွဲ့က ပြည်သူလူထုကို အသိပေးထားပါတယ်။


အခုလို မဟုတ်မမှန်ကောလာဟလသတင်းတွေနဲ့ အချိန်ကိုက် လုပ်ကြံတိုက်ခိုက်ခြင်းဟာ စစ်ကောင်စီကိုအားပေးတဲ့ နိုင်ငံရေးလုပ်ကြံမှုသာဖြစ်တယ်လို့လည်း ပြောထားပါတယ်။ 


ချင်းညီနောင်အဖွဲ့အစည်းရဲ့ မဟာမိတ်ကောင်း အိမ်နီးချင်းမိတ်ဆွေကောင်းဖြစ်တဲ့ ရခိုင့်တပ်တော်ရဲ့ စစ်ရေး နိုင်ငံရေး ရပ်တည်ချက်တွေနဲ့ မဟာမိတ်ဆက်ဆံရေးမူဝါဒကို ချင်းတော်လှန်ရေးအဖွဲ့အစည်းတွေသာမက မြန်မာတနိုင်ငံလုံးမှာရှိတဲ့ နွေဦးတော်လှန်ရေးအဖွဲ့တွေ အားကျအတုယူနေ‌ကြတာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဒါကြောင့် ချင်းညီနောင်အဖွဲ့အစည်းအနေနဲ့ ရခိုင့်တပ်တော်နဲ့ ရခိုင်ပြည်သူများအတွက် အိမ်နီးချင်းကောင်း၊မိတ်ဆွေကောင်း ပီသစွာ ဆက်လက်ရပ်တည်သွားမှာဖြစ်တယ်လို့ ချင်းညီနောင်မဟာမိတ်အဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ ဂျပန်နိုင်ငံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (JTUC-RENGO)မှ ကိုယ်စားလှယ်က မြန်မာနိုင်ငံတွင် စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များအပေါ် ILO အနေဖြင့် အရေးယူဆောင်ရွက်ရန် တုံ့ဆိုင်းနေမှုကို မေးခွန်းထုတ်ခဲ့


 ဇွန်လ ရက်


၂၀၂၄ ခုနှစ်၊ ဇွန်လ ရက်နေ့မှ ၁၄ ရက်နေ့ထိ ဆွတ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပလျက် ရှိသည့် ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ (112th Internation Labour Conference-ILC) တွင် ဂျပန်နိုင်ငံ၊ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (JTUC-RENGO)မှ ကိုယ်စားလှယ် Mr. Hideyuki SHIMIZU ကမြန်မာနိုင်ငံတွင် အာဏာရှင်စစ်ကောင်စီသည် အလုပ်သမားရေးရာလှုပ်ရှားမှုများနှင့် ဒီမိုကရေစီဖော်ဆောင်နေမှုများကို ဆက်လက်ပိတ်ပင်နေပါ တယ်၊ စစ်အာဏာရှင်သည် ထိုကဲ့သို့ ဆက်လက်လုပ်ဆောင်နေမှုများအပေါ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံနှင့် ILO အုပ်ချုပ်မှုအဖွဲ့က မေးခွန်းထုတ်ရမယ့် အခြေအနေဖြစ်ပါ တယ်၊ ILO ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆ အရ ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာစုံစမ်းစစ်ဆေးရေး အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များ၊ တိုက်တွန်းချက်များ ရှိနေသော်လည်း စစ်ကောင်စီသည် ILO ချဉ်းကပ်ဆောင်ရွက်မှုကို တုန့်ပြန်ဆောင်ရွက်ရန် လုံးဝပျက်ကွက်နေပြီး ရိုးသားလေးစားသည့် အရိပ်အရောင် အနည်းငယ်မျှ မပြပါဘူး၊ မိမိတို့ ဂျပန်နိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (JTUC-RENGO) အနေဖြင့် စစ်ကောင်စီ၏ ဤအပြုအမူကို ပြင်းထန်စွာ ရှုံ့ချပါတယ်၊  မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)နှင့် အပြည် ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ITUC)  အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်-အာရှပစိဖိတ်ဒေသ (ITUC-AP) အပါအဝင် ဒီမိုကရေလိုလားသော အဖွဲ့များကို ဆက်လက် ထောက်ခံသွားမှာ ဖြစ်ပါတယ်လို့ --၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။ 

အဆိုပါနေ့မှာပင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (ITUC)ကလည်း ITUC အနေဖြင့် မြန်မာနိုင်ငံတွင် အလုပ်သမားရေးအခွင့်အရေးနှင့် လူ့အခွင့်အရေးများ တိုးတက်လာရန် နှင့် ဒီမိုကရေစီအရေးအတွက် ဆယ်စုနှစ်ပေါင်းများစွာ ကူညီပေးခဲ့ပါကြောင်း၊ လက်ရှိလည်း ကူညီပေးနေပါကြောင်း၊ ဆက်လက်ပြီးတော့လည်း မြန်မာပြည်သူတွေ စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ရန်နှင့် မြန်မာပြည်သူတွေ ဘဝတိုးတက်ရန် ILO ယန္တရားကို အသုံးပြု၍ ပြင်းပြင်းထန်ထန်ဆောင်ရွက်သွားရန် ရှိကြောင်း ညီလာခံ၌ တိုက်တွန်းသွားခဲ့ကြောင်း သိရှိရပါတယ်။

--၂၀၂၄ ရက်နေ့ကလည်း မြန်မာစစ်အုပ်စုအား ILO Constitution နှင့်အညီ အရေးယူရန်နှင့် NUG အား တရားဝင်အစိုးရအဖြစ် ILO က အသိအမှတ်ပြုရန် ဖိလစ်ပိုင်အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ကိုယ်စားလှယ်က ညီလာခံ၌ တိုက်တွန်းခဲ့ကြောင်း သိရှိရပါတယ်။


========================


📌📌 ၃။ တော်လှန်ရေးကာလ ၃နှစ်အတွင်း ဆေးရုံတည်ဆောက်မှုအပါအဝင် ရဲဘော်များ၊ CDM များနဲ့ စစ်ရှောင်များကို ကျပ်သိန်း တသောင်းကျော် ထောက်ပံ့နိုင်ခဲ့တယ်လို့ ကရင်နီအခြေစိုက်ပရဟိတအဖွဲ့ အသိပေး 


စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးကာလ နှစ်အတွင်း ဆေးရုံတရုံတည်ဆောက်မှုအပါအဝင် ပြည်သူ့ ကာကွယ်ရေးတပ်များ၊ CDM များနဲ့ စစ်ရှောင်များကို ထောက်ပံ့မှုဟာ ကျပ်သိန်းတသောင်းကျော်ရှိခဲ့တယ်လို့ ကရင်နီ အခြေစိုက်ပရဟိတအဖွဲ့အစည်း - Dove KK က ဒီနေ့ ဇွန်လ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

Dove KK တည်ထောင်မှု နှစ်ပြည့်မြောက်တဲ့ ဒီနေ့ ဇွန်လ ရက်နေ့မှာ ၎င်းတို့လုပ်ဆောင်ခဲ့တဲ့ ကဏ္ဍအလိုက် အစီအစဥ် တွေနဲ့ပတ်သက်ပြီး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒေသတခုကို ထိန်းချုပ်နိုင်ဖို့ဆိုတာ စစ်ရေးတခုတည်းကို အဓိကထားပြီးပြောလို့မရပါဘူး။ အခုလို နောက်ကွယ်ကနေ ပေးဆပ်ပါဝင်နေတဲ့သူတွေနဲ့ အဖွဲ့အစည်းတွေကြောင့် ကရင်နီပြည်ဟာ အတိုင်းအတာတခုအထိ အောင်မြင်လာတာလို့   ကရင်နီတော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူတဦးက ပြောပါတယ်။

Dove KK အနေနဲ့ တိုက်ပွဲအကြိမ်ရေ ၁၀၀ မှာ Medical Cover အဖြစ်ပါဝင်ခဲ့ပြီး ဆေးတပ်သား ၁၃၆ ဦးမွေးထုတ်ပေးခဲ့ကာ ရှေ့တန်းမှာ ဆေးကုသမှုပေးခဲ့တဲ့ ရဲဘော် ၃၂၄ ဦးရှိတယ်လို့ ဆိုပါတယ်။

ထိုအတူ ဒေသခံအရပ်သားတွေကို ဆေးကုသပေးခဲ့ရာမှာ လူနာ ၈ထောင့် ၆ရာ ၅ဆယ် ဦး၊စစ်ရှောင်စခန်းတွေကို ကျန်းမာရေးစောင့်ရှောက်မှု ၂၆ ကြိမ်နဲ့ အခြေချဆေးခန်း ခု ဖွင့်လှစ်နိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

ထို့အပြင် ဆေးရုံတရုံ ဖွင့်လှစ်နိုင်ခဲ့ပြီး လည်ပတ်နေတဲ့ဆေးရုံမှာ လူနာ တသောင်းခွဲကျော် (၁၅,၅၈၂ ဦး) ကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့တယ်လို့လည်း Dove KK က ပြောထားပါတယ်။

လက်ရှိလည်ပတ်နေတဲ့ဆေးရုံ ဆောက်လုပ်ရေးနဲ့လည်ပတ်ငွေအတွက် ကျပ်သိန်း၃ထောင့်၆ရာကျော် (၃၆၁,၇၅၃,၅၀၀ ကျပ်) အသုံးပြုထားပြီး ဒဏ်ရာရရဲဘော်တွေအတွက် ကျပ်သိန်း ၃ရာ ထောက်ပံ့ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ပညာရေးကဏ္ဍမှာလည်း ကျောင်းဆောက်လုပ်မှု၊ စာရေးကိရိယာဝယ်ယူလှူဒါန်းမှုများအတွက် ကျပ်သိန်း ရာကျော်ရှိပြီး စစ်ဘေးရှောင်နေရာ ၁၀၆ ခုက စစ်ရှောင်ပြည်သူ သုံးသောင်းကျော်ကို ကျပ်သိန်း ၃ထောင့် ၈ရာကျော် ထောက်ပံ့နိုင်ခဲ့တယ် လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေကို လှူဒါန်းထောက်ပံ့မှုအနေနဲ့ ကျပ်သိန်းတထောင်ကျော်ရှိပြီး ဆေးရိက္ခာအတွက် ကျပ်သိန်း ၂ထောင်ကျော် (၂၀၁,၅၁၂,၂၀၀ ကျပ်) အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

Dove KK ဖွဲ့စည်းတည်ထောင်မှု ၃နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကရင်နီနဲ့ရှမ်းတောင်အခြေစိုက်တပ်ဖွဲ့တွေက ဂုဏ်ပြု သဝဏ်လွှာတွေ ပေးပို့ခဲ့တယ်လို့လည်း သိရပါတယ်။


========================


📌📌 ၄။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြဝတီ - ကော့ကရိတ်အာရှလမ်းပိုင်းနဲ့ မြဝတီမြို့မှာ ရေကြီးရေလျံမှုဖြစ်


ကရင်ပြည်နယ် မြဝတီမြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အာရှလမ်းမကြီးလမ်းပိုင်းအချို့နဲ့ မြဝတီမြို့ ပတ်ဝန်းကျင် ကျေးရွာတွေမှာ ရေကြီးရေလျံမှုတွေဖြစ်နေတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။ 

မြဝတီမြို့နယ်အတွင်း ဇွန်လ ၇ရက်နေ့ကစပြီးမိုးကောင်းနေရာမှာ ဇွန်လ ရက်နေ့ညဦးပိုင်းကစတင်ကာ ဇွန်လ ရက်နေ့ မနက်ပိုင်းထိ မိုးသည်းခဲ့တာကြောင့် ရေကြီးရေလျှံဖြစ်နေတာလို့ ဆိုပါတယ်။

အခုရက်ပိုင်းအတွင်း မိုးကောင်းနေတာကြောင့် မြဝတီမြို့ အနိမ့်ပိုင်းရပ်ကွက်တွေမှာရေဝင်နေပြီး သောင်ရင်းမြစ်ရေလည်း တိုးနေတယ်လို့ မြဝတီမြို့ကိုပြန်ကာ နေထိုင်ခွင့်သက်တန်းတိုးပြီး ထိုင်နိုင်ငံ မဲဆောက်မြို့ကိုပြန်လာတဲ့ မြဝတီမြို့ခံတဦးက ပြောပါတယ်။   

ထိုင်းနိုင်ငံနဲ့ ဆက်သွယ်ထားတဲ့ ကော့ကရိတ်-မြဝတီအာရှလမ်းဟာ ဒေါနတောင်ကိုဖြတ်ပြီး ဖောက်လုပ်ထားတာဖြစ်တဲ့ အတွက် မိုးသည်းထန်စွာရွာတိုင်း တောင်ကျရေတွေကြောင့် လမ်း‌ပေါ်ရေလျှံပြီး လမ်းပိုင်ပျက်စီးလေ့ရှိတယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာနရဲ့  ဇွန်လ ရက်ကနေ ဇွန်လ ၉ရက်အထိ ရာသီဥတုသတိပေးချက်ထုတ်ပြန်ရာမှာ ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ မိုးကြီးမယ်လို့ အသိပေးထားတာရှိပါတယ်။

ဒီကာလမှာ မုတ်သုံလေအားကောင်းနေတာကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး မွန်ပြည်နယ်၊ကရင်ပြည်နယ်၊တနင်္သာရီတိုင်း တို့မှာ မိုးပိုကြီးနိုင်တာကြောင့် ရေကြီး၊ရေလျှံမှုနဲ့မြေပြိုမှုတွေ ဖြစ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။


========================


📌📌 ၅။ ဆေးရုံတက်နေတဲ့ မြန်မာနိုင်ငံသားကို ပစ်သတ်ခဲ့သူဟာ ထိုင်းရဲတဦးဖြစ်နေ


ထိုင်းနိုင်ငံ ခွန်ကယ်မြို့က ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံနေတဲ့ မြန်မာနိုင်ငံသားကို ပစ်သတ်ခဲ့သူဟာ ထိုင်းရဲတပ်ကြပ်ကြီး တဦးဖြစ်နေတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြလိုက်ပါတယ်။

အကြိတ်ခွဲစိတ်ကုသဖို့ ဆေးရုံတက်နေတဲ့ အသက် ၂၉ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုကျော်စွာဝင်း ရဲ့ ဦးခေါင်းကို ထိုင်းရဲက ဇွန်လ ရက်နေ့ နံနက်အစောပိုင်းမှာ သေနတ်နဲ့ပစ်ခဲ့ပြီး သေနတ်သမားက ထွက်ပြေးတိမ်းရှောင်နေခဲ့တယ်လို့ ဆိုပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတဲ့ မြန်မာနိုင်ငံသားကို ဆေးရုံဝန်ထမ်းတွေက အရေးပေါ်ကုဆောင်ကို ပို့ဆောင်ကုသပေးခဲ့ပေမယ့်  ခဏအကြာမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သေနတ်သမားဟာ အသက် ၃၄ နှစ်အရွယ် ထိုင်းရဲဖြစ်နေပြီး ဇွန်လ ရက်နေ့မှာ ဖမ်းမိခဲ့ကာ မြန်မာနိုင်ငံသားကို ပစ်သတ်ခဲ့ တာကိုလည်း ဝန်ခံထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ 

အဖမ်းခံရချိန်မှာ အဆိုပါရဲဟာ စိတ်ဖိစီးမှုများနေပြီး စိတ်ရှုပ်ထွေးနေခဲ့ပေမယ့် မြန်မာနိုင်ငံသားကို ပစ်သတ်ခဲ့တဲ့အကြောင်း ကိုတော့ ဝန်ခံထားတယ်လို့ ခွန်ကယ်ရဲမှူးက ပြောပါတယ်။

မြန်မာနိုင်ငံသား လူနာကိုကျော်စွာဝင်းရဲ့ ဘေးကုတင်မှာ ဆေးကုသမှုခံယူနေတဲ့ သူ့ (ထိုင်းရဲ) ဖခင်ကို စိတ်အနှောက်အယှက် ဖြစ်စေတဲ့အတွက် ဒေါသထွက်ပြီး ပစ်သတ်ခဲ့တာလို့ သေနတ်သမားက ရဲတပ်ဖွဲ့ကို ဝန်ခံထားတဲ့အကြောင်း ထိုင်းရဲမှူးက သတင်းထောက်တွေကို ရှင်းပြထားပါတယ်။

ဆေးရုံတက်လူနာ ကိုကျော်စွာဝင်းဟာ ညနက်တဲ့အထိ မိုဘိုင်းလ်ဂိမ်း ကစားလေ့ရှိသူဖြစ်တဲ့အတွက် အခြားသူတွေကို အနှောက်အယှက်ဖြစ်စေနိုင်ပေမယ့် သေနတ်နဲ့ပစ်သတ်ခံရလောက်တဲ့အထိ လွန်ကျူးထားတာမရှိဘူးလို့ သေဆုံးသူလူနာ ကိုကျော်စွာဝင်းရဲ့ ချစ်သူကလည်း ရဲတပ်ဖွဲ့ကို ပြောထားပါတယ်။

ပြစ်မှုကျူးလွန်သူ ထိုင်းရဲဟာ စိတ်ဖိစီးမှုနဲ့ နှလုံးရောဂါ ခံစားနေရသူဖြစ်ပြီး ဆေးသောက်နေရသူကာ ဖခင်ဖြစ်သူက အဖမ်းခံဖို့နားချခဲ့ရာက အဖမ်းခံလိုက်တာလို့ သိရပါတယ်။

လက်ရှိမှာ သေနတ်သမားဖြစ်တဲ့ ထိုင်းရဲကို လူသတ်မှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှုတို့နဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် လူ ၃၉ ဦး နဲ့ အဖွဲ့အစည်း ၃၁ ဖွဲ့ကို ဗြိတိန် ထပ်တိုးအရေးယူ


ဇွန် Radio NUG


စစ်ခေါင်းဆောင် မင်းအောင်လှိုင် နဲ့ မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင် လူပုဂ္ဂိုလ် ၃၉ ဦး နဲ့ အဖွဲ့အစည်း ၃၁ ဖွဲ့ကို ပိတ်ဆို့အရေးယူမှုတွေ ဆက်လုပ်သွားမယ်လို့ ဗြိတိန်အစိုးရက ထုတ်ပြန်ထားကြောင်း BBC မှာ ဖော်ပြထားပါတယ်။


စစ်ကောင်စီဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး အပါအဝင် လက်ရှိ စစ်ကောင်စီအတွင်းရေးမှူးတွေဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်း‌‌ဒွေး နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့လည်း ပိတ်ဆို့အရေးယူမှုထဲ ပါဝင်နေပါတယ်။


ယူကေ ရဲ့ ထပ်တိုး ပိတ်ဆို့အရေးတဲ့ စာရင်းထဲမှာ ရာထူးကနေ အနားပေးခံထားရသူတွေ တစ်သက်တစ်ကျွန်း ချမှတ်ခံထားရတဲ့သူတွေ လည်း ပါဝင်နေပြီး ကာကွယ်ရေးဦးစီးချုပ် (လေ)ဟောင်း ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်း နဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော တို့လည်း ပါဝင်ပါတယ်။


ဒါအပြင် ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦး လည်း ယူကေ ရဲ့ ထပ်တိုး ပိတ်ဆို့အရေးတဲ့ စာရင်းထဲမှာ ပါဝင်နေပါတယ်။


ကုမ္ပဏီအဖွဲ့အစည်းတွေမှာဆိုရင် ထူးကုမ္ပဏီအုပ်စုဥက္ကဋ္ဌ ဦးတေဇ နဲ့ သား ဦးပါဝင်သလို ဦးနိုင်ထွဋ်အောင် ရဲ့ International Gateways Group (IGG) ကုမ္ပဏီအုပ်စု ပါဝင်ပါတယ်။


ဒါ့အပြင် စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးပေးနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စင်ကာပူအခြေစိုက် Shoon Energy ကုမ္ပဏီနဲ့ Asia Sun ကုမ္ပဏီ တွေကို လည်း ယူကေက ထပ်တိုးပိတ်ဆို့ အရေးယူမှုတွေချမှတ်ခဲ့ပါတယ်။


မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေး ပျက်ပြားအောင်လုပ်နေတာတွေအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေကိုပါ အဟန့်အတားဖြစ်နေတာကြောင့် ပိတ်ဆို့အရေးယူတာတွေ ထပ်လုပ်ခဲ့တာလို့ ယူကေအစိုးရက ပြောပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့် ခါးရှဲလ်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။စစ်ကိုင်းမြို့နယ်၊ သပြေသာရွာ အား အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် တိုက်ခိုက်မှုဖြစ်စဉ် ထုတ်ပြန်


ဇွန် Radio NUG


ဇွန်လ () ရက်နေ့၊ နေ့လယ် (၁၁) နာရီကျော်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ သပြေသာရွာ၊ ရွာထိပ်ဘုန်းကြီးကျောင်း၌ အစည်းအဝေး ပြုလုပ်နေသည့် ပအဖ၊ ပကဖ၊ ပလဖ အဖွဲ့အား အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။


အဆိုပါတိုက်ခိုက်မှုကြောင့် ဘုန်းကြီးတစ်ပါးနှင့် အမျိုးသမီး () ဦး အပါအဝင် ပြည်သူ () ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရပြည်သူ အများပြား ရှိသည့်အပြင် ဘုန်းကြီးကျောင်း၊ ဆွမ်းစားကျောင်းဆောင် နှင့် ဓမ္မာရုံများ ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


အကြမ်းဖက်စစ်အုပ်စုက ဒရုန်းဖြင့် တိုက်ခိုက်သည့်အပြင် ဂျက်ဖိုက်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် စက်သေနတ်များနဲ့ပါ တိုက်ခိုက်ကြောင်း သိရှိရပါတယ်။


ဘုန်းကြီး ၁ပါး အမျိုးသမီး ဦးနှင့် ရဲဘော် ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဆေးကုသဖို့ ပို့ဆောင်စဉ် နောက်ထပ် ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ၅လအတွင်း စစ်ကောင်စီတပ်စခန်း ၁၂၀ ဝန်းကျင်ကို တော်လှန်ရေးတပ်များသိမ်းပိုက်


ဇွန် Radio NUG


မြန်မာတစ်နိုင်လုံးအတိုင်းအတာဖြင့် ၂၀၂၄ ခုနှစ်တွင် ()လအတွင်း စစ်ကောင်စီတပ်စခန်း (၁၂၀)ဝန်းကျင်ကို တော်လှန်ရေးတပ်များက သိမ်းထားနိုင်သည်ဟု သုတေသနလုပ်နေသည့် အဖွဲ့အစည်းတစ်ခုက Tachileik News Agencyကို ပံ့ပိုးပေးထားချက်အရ သိရပါတယ်။


ဇန်နဝါရီလမှ မေလအထိ ချင်းပြည်နယ်မှ စစ်ကောင်စီတပ်စခန်း ()ခု၊ ပဲခူးတိုင်းမှ တပ်စခန်း()ခု၊ ကချင်ပြည်နယ်မှ တပ်စခန်း (၁၀၃)ခု၊ ရခိုင်ပြည်နယ်မှ တပ်စခန်း(၆၃)ခု၊ ရှမ်းမြောက်တွင် တပ်စခန်း()ခုနှင့် ရှမ်းတောင်တွင် တပ်စခန်း(၁၀)ခုနှင့် ကရင်ပြည်နယ်မှ တပ်စခန်း(၁၂)ခုတို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရပါတယ်။


ထို့အပြင် တနင်္သာရီတိုင်းမှ တပ်စခန်း()ခု၊ ကရင်နီမှ တပ်စခန်း ()ခု၊ မွန်ပြည်နယ်မှ တပ်စခန်း()ခု၊ မကွေးတိုင်းမှ တပ်စခန်း ()ခု၊ မန္တလေးတိုင်းမှ တပ်စခန်း()ခု၊ စစ်ကိုင်းတိုင်းမှ တပ်စခန်း ()ခုတို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။


တိုက်ပွဲများနှင့် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုအကြိမ်ရေမှာ (၁၉၃၂)ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီတပ်များ ရာဇဝတ်မှုချိုးဖောက်မှုအကြိမ်ရေမှာ (၁၁၇၃)ကြိမ်ဖြစ်သည်ဟု ဖော်ပြထားပါတယ်။


စစ်ကောင်စီ၏ လက်နက်ကြီးနှင့်ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုအပါအဝင် ဖမ်းဆီးသတ်ဖြတ်ခံရခြင်းကြောင့် အရပ်သားအမျိုးသား (၃၅၅)ဦး၊ အမျိုးသမီး (၁၅၁)ဦး၊ ကလေးငယ် (၇၈)ဦးနှင့် အမျိုးသား၊ အမျိုးသမီး မခွဲခြားနိုင်သေးသူ (၅၅၁)ဦးအထိရှိသဖြင့် ()လအတွင်း သတ်ဖြတ်ခံရသူ (၁၁၃၅)ဦးအထိ ရှိကြောင်း သိရပါတယ်။


စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် စစ်ရှောင်ဦးရေ (,၂၅၃,၉၄၀)ဦးရှိပြီး သောက်သုံးရေ၊ စာနပ်ရိက္ခာ၊ အဝတ်အထည်၊ ဆေးဝါးနှင့် အမျိုးသမီးများအတွင် သန္ဓေတားဆေးနှင့် လစဉ်သုံးပစ္စည်းများ လိုအပ်နေကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩 ၃။ အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ကလေးမြို့နယ်က ချင်းတိုင်းရင်းသားအများစုနေထိုင်ရာ ပြည်တော်သာ ကျေးရွာ ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျ 


အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ကလေးမြို့နယ်က ချင်းတိုင်းရင်းသားအများစုနေထိုင်ရာ ပြည်တော်သာကျေးရွာ ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 


မေလ ရက်နေ့ကစပြီး ကလေးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီး တလကျော်အကြာမှာ အိမ်ခြေ တထောင်နီးပါးရှိတဲ့ ချင်းလူမျိုးတွေအများစုနေထိုင်တဲ့   ပြည်တော်သာရွာက နေအိမ် ၉၀၀ ခန့် မီးလောင်ပြာကျခဲ့သလို အိမ်ခြေ ၅၀ ခန့်ဟာလည်း လက်နက်ကြီးနဲ့ဗုံးဒဏ်ခံရတာ ကြောင့် ရွာလုံးကျွတ်နီးပါး ပျက်စီးခဲ့ရတာလို့ ဆိုပါတယ်။


ကလေးမြို့နယ် အနောက်မြောက်ပိုင်းက ချင်းလူမျိုးတွေ အများစုနေတဲ့ ပြည်တော်သာရွာကို စစ်တပ်က ထိုးစစ်ဆင်ခဲ့ပြီး မီးရှို့မှုကြောင့် နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကလွှဲလို့ ရွာထဲမှာရှိတဲ့ ဘုရားကျောင်းအားလုံး မီးလောင်ပြာကျသွားတယ် လို့ ဇွန် ရက်နေ့မှာ ရွာထဲကိုဝင်ရောက်လေ့လာခဲ့ကြတဲ့ ရွာခံတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး Chin World က ဖော်ပြ ထားပါတယ်။

 

ပြည်တော်သာရွာမှာ အသင်းတော် ၁၂ ခုခန့်နဲ့ ဘုရာကျောင်းပေါင်း ၁၇ ခု ရှိခဲ့ရာမှာ ဘုရားကျောင်း ၁၆ ခုဟာ မေလ ရက် နေ့ကစတင်ဖြစ်ပွားခဲ့တဲ့ ပြည်တော်သာရွာတွင်း တိုက်ပွဲကာလမှာ စစ်တပ်ကလုပ်တဲ့ ဗုံးဒဏ်နဲ့ မီးရှို့မှုကြောင့် မီးလောင် ပြာကျခဲ့တာလို့လည်း အသိပေးထားပါတယ်။


လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဟာ ပြည်တော်သာရွာကနေ ထွက်ခွာသွားပြီဖြစ်တာကြောင့် ရွာသားအချို့ ရွာထဲကိုဝင်ပြီး မိမိတို့ရဲ့ နေအိမ်တွေကို ပြန်ကြည့်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

 

အခုလို နေအိမ်ပြန်ကြည့်ရာမှာ အမျိုးသားတဦး ဇွန်လ ရက်နေ့က မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက်ပြတ်ထွက်ကာ ညာဘက်ခြေထောက်မှာလည်း ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ နွားထိုးကြီးမြို့နယ်မှာ ပြည်သူပိုင်ပစ္စည်းတွေကို လုယူပြီး နေအိမ်တွေကို မီးရှို့ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု စစ်သား ဦး သေဆုံး 


မန္တလေးတိုင်း နွားထိုးကြီးမြိုနယ်က ဒေသခံပြည်သူတွေပိုင်တဲ့ ရွှေ၊ငွေတွေကိုလုယူပြီး နေအိမ်တွေကို မီးရှိပြီးပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးပြီး ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံက ထုတ်ပြန်ထားပါတယ်။

နွားထိုးကြီးမြိုနယ် နဘူးတော‌‌တောင်ရွာနဲ့မြောက်ရွာ၊ မကျည်းကုန်းရွာ၊ ဖောင်ချဉ်းတောင်ရွာနဲ့မြောက်ရွာတွေမှာ နေထိုင်တဲ့ ပြည်သူတွေထံကနေ ရွှေ၊ငွေပစ္စည်းတွေကို အဓမ္မလုယူပြီး နေအိမ်တွေကိုပါ မီးရှို့ဖျက်စီးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ ဖောင်ချဉ်း ရွာကနေ မြို့သာရွာဘက်ကို ကား ၂စီးနဲ့ ပြန်လာချိန် ဇွန်လ ရက်နေ့ ညနေပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပဒေသာမိုင်း လုံးကို လမ်းဘေးဝဲယာထောင်ပြီး စစ်သားတွေစီးလာတဲ့ကား မိုင်းကွင်းအလယ်တည့်တည့် ရောက်ရှိချိန်မှ ရှေ့ထွက်မိုင်းတလုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ကြောင့် စစ်သား ဦး သေဆုံးကာ ဦး ပြင်းထန်ဒဏ်ရာရသွားတာလို့ နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံက ထုတ်ပြန်ထားပါတယ်။

ပြင်းထန်ဒဏ်ရာရသွားတဲ့ စစ်သားတွေဟာ လက်ရှိမှာ မြို့သာဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့လည်း အသိပေးထားပါ တယ်။ 

အဆိုပါဖောက်ခွဲတိုက်ခိုက်မှုကို နဂါးနီပြောက်ကျားတပ်ဖွဲ့- မြင်းခြံက လုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိ အခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။


========================


🚩🚩 ၅။ SSPP စစ်ကြောင်းကို RCSS ဇွန်လအစပိုင်းတွင် ၄ကြိမ် မိုင်းဆွဲတိုက်ခိုက်


ဇွန် 9 Radio NUG


ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ် နှင့် ရပ်စောက်မြို့နယ်ထဲက  ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည် တပ်မတော် SSPP/SSA စစ်ကြောင်းကို ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့ဝင်တွေက  ၄ကြိမ်  မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း SSPP Infoက သတင်းထုတ်ပြန်ပါတယ်။


ရပ်စောက်မြို့နယ် တောင်ထိပ်ကျေးရွာရဲ့ တောင်ဘက်မှာ ပတ်ကင်းလှည့်နေသည့် SSPP/SSA တပ်ဖွဲ့ဝင်တစ်ချို့ကို ပြီးခဲ့သည့်  ဇွန်လ ရက် နံနက် () နာရီအချိန်မှာ RCSS တပ်ဖွဲ့ဝင်တစ်ချို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မိုင်း()လုံး ဆက်တိုက်ပေါက်ကွဲကာ SSPP/SSA တပ်သား တစ်ဦး မိုင်းစထိပြီး အနည်း ငယ် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


ဇွန်လ ရက်၊၂ ရက်နှင့်ဇွန်လ ၄ရက်နေ့တွေမှာလည်း  ပေါက်ကွဲမှု‌တွေရှိခဲ့တယ်လို့သိရပါတယ်။


ဇွန်လ အစပိုင်းမှာပင် RCSS တပ်ဖွဲ့မှ SSPP/SSA တပ်ဖွဲ့ကို အထက်ဖော်ပြပါအတိုင်း () ကြိမ်တိုင် ထပ်မံ မိုင်းဆွဲတိုက်ခိုက် ခဲ့ပြီဖြစ်ပြီး ၎င်းတိုက်ခိုက်မူကြောင့် SSPP/SSA တပ်သားတစ်ဦး ဒဏ်ရာအနည်းငယ်ရရှိပြီး စစ်ယာဥ်တန်း မော်တော်ယာဥ်တစ်စီးပါ အနည်းငယ် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။


ဒေသခံပြည်သူများ သတင်းပေးပို့မူကြောင့် မပေါက်ကွဲ သေးသည့် RCSS ထောင်မိုင်း (၂၀) လုံး နီးပါးကိုလဲ SSPP/SSA ဘက်က လိုက်လံရှင်းလင်း သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩 ၆။ ရေဦးမြို့က ဂါဝီ စစ်တပ်ဂိတ်စခန်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်


စစ်ကိုင်းတိုင်း ရေဦးမြို့ပေါ်က ဂါဝီ စစ်တပ်ဂိတ်စခန်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ်-၁၄ တပ်ရင်း ရေဦး PDF က ဒီနေ့ ဇွန်လ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မနေ့ ဇွန်လ ရက်နေ့ ညနေ နာရီ ၄၅ မိနစ်ခန့်အချိန်မှာ အကြမ်းဖက်စစ်သားတွေ တပ်စွဲနေတဲ့ ဂါဝီဂိတ်စခန်းကို ရွှေဘိုခရိုင် အမှတ်-၁၄ တပ်ရင်း ရေဦး PDF က Fixed Wing Drone စီးသုံးပြီး ဗုံးသီး လုံးကြဲချ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အခုလိုဒရုန်းနဲ့ တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိခဲ့ပေမယ့် အသေးစိပ် အချက် အလက်တွေ သိရှိနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ အသိပေးထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ်-၁၄ တပ်ရင်း ရေဦး PDF က လုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

ရွှေဘိုခရိုင် အမှတ်-၁၄ တပ်ရင်း ရေဦး PDF ဟာ ဇွန်လ ရက်နေ့မနက်ပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ဒီပဲယင်းမြို့မ ရဲစခန်းနဲ့စာရင်းစစ်ရုံးကို ဒရုန်းနဲ့ ဗုံးသီး ၆လုံးကြဲချ တိုက်ခိုက်ခဲ့သလို ဇွန်လ ရက်နေ့ကလည်း အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ တပ်စွဲနေရာယူထားတဲ့ ရေဦးမြို့ တိုင်းရင်းဆေးရုံ စစ်စခန်းကို ဒရုန်းနဲ့ ဗုံးသီး ၆လုံး ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်နှင့်ခါးရှဲလ်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment