အကြမ်းဖက်စစ်တပ်နဲ့ အာဏာရှင်များကို ဆန့်ကျင်ရပ်တည်ခဲ့သူ သူရဦးတင်ဦး၏ ဈာပန ပြည်သူများ လိုက်ပါပို့ဆောင် ကျင်းပခဲ့



အကြမ်းဖက်စစ်တပ်နဲ့ အာဏာရှင်များကို ဆန့်ကျင်ရပ်တည်ခဲ့သူ သူရဦးတင်ဦး၏ ဈာပန ပြည်သူများ လိုက်ပါပို့ဆောင် ကျင်းပခဲ့

ကိုမြင့်သူ၊ Radio NUG ဇွန် ၇၊ ၂၀၂၄


ဇွန်လ ၅ရက်နေ့ နေ့လည် နှစ်နာရီက ရန်ကုန်မြိုက ရေဝေးသုသန်မှာ မိုးတွေအုံ့ နေခဲ့ပြီး NLD နာယကနဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်းဖြစ်သူ သူရဦးတင်ဦးရဲ့ ဈာပနကို လိုက်ပါပိုဆောင်သူအများအပြားနဲ့ စည်ကားခဲ့ပါတယ်။ ဈာပနအခမ်းနားကို အစီစဥ် ၆ ရပ် နဲ့ကျင်းပခဲ့ပြီး သူရဦးတင်ဦးနဲ့အတူ မြန်မာ့ဒီမိုကရေစီအရေးကိုနီးကပ်စွာဆောင်ရွက်ခဲ့သူ ဝါရင့် NLD ပါတီဝင်တစ်ဦးဖြစ်သူက ကွယ်လွန်သွားသူနဲ့ပတ်သက်ပြီး အမှတ်ရစရာ တစ်ခု ကိုအခုလို ပြောပါတယ်။

“ အန်ကယ်လ်တို့ ၂၀၁၃ ခုနှစ်မှာ ဗိုလ်စိန်မှန်ကွင်းမှာကျင်းပတဲ့ ၄၃၆ပုဒ်မပြင်ဆင်ရေး မှာ အန်ကယ်လ်ဦးတင်ဦးဟာ တပ်မတော်သားတွေနဲ့ပတ်သက်ပြီးတော့ မင်းတို တပ်မတော်သားတွေ ပြည်သူကိုတကယ်ချစ်တယ်၊ ပြည်သူကလည်း မင်းတိုကိုတကယ် ချစ်မယ်၊ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် တကယ်ဖြစ်ချင်တယ်ဆိုရင် အခြေခံဥပဒေ မှာပါနေ တဲ့ မင်းတို့ တပ်မတော်သား၊ အစိတ်သားတွေ မပါပဲနဲ့ မင်းတိုနှုတ်ထွက်ပါ၊ ကျွန်တော်တို့လွှတ်တော်မှာ ပါနေတဲ့ တပ်မတော်သားတွေကျွန်တော်တို မပါတော့ပါဘူးလို မင်းတို့ကိုယ်တိုင် မင်းတို့ဗိုလ်ချုပ်တွေ အားလုံးဝန်ခံပြီး ပြောလိုရှိရင် မင်းတိုဗိုလ်ချုပ်တွေအားလုံးက ပြည်သူ အားလုံးက ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်လာလိမ့်မယ်လို ပြောသွားတဲ့စကား မှတ်မိပါတယ် ”

သူရဦးတင်ဦးရဲ့ဈာပနအခမ်းအနားကို အများပြည်သူတွေနဲ့အတူ NLD ကဝါရင့်နိုင်ငံ ရေး သမားကြီးများ၊ SNLD ပါတီ၊ ပြည်သူ့ပါတီ၊ စတဲ့နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနဲ့ လူမှုရေးအသင်းအဖွဲတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် ဂျပန်သံအမတ်၊ စင်ကာပူ သံအမတ်နဲ့ တရုတ်သံရုံးက နိုင်ငံရေးအတိုင်ပင်ခံတို့ လူကိုယ်တိုင်လာရောက်ခဲ့ ကြသလို ဥရောပသမဂ္ဂ၊ ဗြိတိန်၊ အမေရိကန်၊ ထိုင်းနဲ့ မလေးရှားတိုက လွမ်းသူ့ပန်းခွေများ၊ သဝဏ် လွှာများပေးပိုခဲ့ကြပါတယ်။ 

ဒါ့အပြင် အများမျှော်လင့်ထားကြသလို သူရဦးတင်ဦးရဲ့ ဈာပနကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် တက်ရောက် လာနိုင်ခြင်းမရှိခဲ့ပေမယ့် လွမ်းသူ့ပန်းခြင်းလေးတော့ ရောက်ရှိလာခဲ့ပါတယ်။ ဒါ့အပြင် သမ္မတကြီးဦးဝင်းမြင့်နဲ့ဇနီး၊ သမ္မတဟောင်းဦးထင်ကျော်နဲ့ဇနီးအပြင် ဒေါက်တာဇော်မြင့်မောင်နဲ့ ဝန်ကြီးအချိုက လွမ်းသူ့ ပန်းခွေများပေးပိုခဲ့ကြပါတယ်။ 

သူရဦးတင်ဦးရဲ့ ဈာပနကို အများပြည်သူတွေကလည်း လွမ်းသူ့ ပန်းခြင်းပေးပိုခဲ့သလို အကြမ်းဖက်စစ်ခေါင်းဆောင်ကလည်း ပန်းခြင်း ပေးပိုခဲ့ပါတယ်။ ဒါ့အပြင်ဈာပနအခမ်းနားကိုလည်း အကြမ်းဖက်စစ်ကောင်စီအဖွဲဝင် ဖဒိုမန်းငြိမ်းမောင်နဲ့ ရန်ကုန်တိုင်းစစ်တိုင်းမှူးတို့လည်းတက်ရောက်ခဲ့ပါတယ်။ ဒီမိုကရေစီနဲ့ အာဏာရှင်အစုအဖွဲ့ ၂ ခု ဆန့်ကျင်ဘက်အဖွဲအစည်းတွေ ဈာပနမြေမှာ ခဏတာ ဆုံစည်းစေခဲ့တဲ့ သူရဦးတင်ဦးနဲ့ပတ် သက်ပြီး ဒီမိုကရေစီအရေးပူးပေါင်းဆောင်ရွက်ခဲ့သူတစ်ဦးက အခုလိုပြောပါတယ်။

“ ထွေထွေထူးထူးတော့ပြောစရာမရှိဘူး၊ သူကတော့ အလွန်လေးစားကြည်ညိုစရာ ကောင်းတဲ့ တပ်မတော်ဆိုတဲ့ အဖွဲအစည်းကနေ ထွက်လာတဲ့ အလွန်လေးစားကြည်ညိုစ ရာကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်၊ မြန်မာ့နိုင်ငံရေးမှာလည်း ဒေါာအောင်ဆန်းစုကြည် အားကိုးရတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက် တွေအားလုံးက အားလုံးလက်ခံတဲ့ တကယ်သမိုင်းလှတဲ့ သမိုင်းကောင်းတဲ့သူပါ။ ဒါကြောင့်မိုလို တလေးတစား၊ သူ့ရဲ့ နောက် ဆုံးအချိန်မှာလာပြီးတော့ ဂါရဝပြုပါတယ် ”

သူရဦးတင်ဦးနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့သမိုင်းကြောင်းတွေကို တခုတ်တရ ထုတ်ဖော် ချီးကျူးဂုဏ်ပြုကြသလို စစ်ဘက်တာဝန်တွေထမ်းဆောင်ခဲ့ချိန်မှာ ထိခိုက်သေကြေခဲ့ရတဲ့ ရခိုင်ပြည်ဆန်ပြသနာအရေးအခင်းကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး တာဝန်ရှိခဲ့တယ်လို ထောက်ပြဝေဖန်နေကြတာလည်းရှိပါတယ်။ ရခိုင်ပြည်နယ်မှာပြီးခဲ့တဲ့ ၁၉၆၇ ခုနှစ် မိုးရာ သီမှာ ဆန်ရှားပါးလာလို လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြတဲ့ပြည်သူတွေကို ပစ်ခတ်နှိမ်နင်းခဲ့တဲ့ အတွက် လူဦးရေနှစ်ရာကျော် သေဆုံးခဲ့ရပြီးဒဏ်ရာရရှိသူ တစ်ရာကျော်ရှိခဲ့တာဖြစ် ပါ တယ်။ အဲ့ဒီရခိုင်ပြည်နယ်ဆန်အရေးခင်းမှာ သူရဦးတင်ဦးပါဝင်ပတ်သက်ခဲ့တဲ့အခြေအနေ ကို NLD ပါတီမှသူနဲ့ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးကတော့ အခု လိုသုံးသပ်ပါတယ်။

“ စစ်တွေဆန်အရေးခင်းနဲ့ပတ်သက်ပြီး သူ့ရဲ့ တာဝန်ယူနေတဲ့ကာလအတွင်းမှာတော့ အတတ်နိုင်ဆုံးပြည်သူလူထု ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဦးစားပေးလုပ်ခဲ့တယ် ”

အဲ့ဒီလို သုံးသပ်တာတွေရှိနေပေမယ့် စစ်သားဟောင်း သူရဦးတင်ဦးမကွယ်လွန်ခင်က အသက် ၉၀ ပြည့် မွေးနေ့မှာ သူဟာ တရား ဘာဝနာတွေကို အားမထုတ်နိုင်ပဲ တိုင်းပြည်ကို ကြွေးတွေဆပ်စရာကျန်သေးလို ဒီမိုကရေစီ အရေးကိုဆက်လက် ဆောင်ရွက်နေ တာဖြစ် တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ အဲ့ဒီလိုအသိပေး ပြောဆိုခဲ့ပြီး ၈နှစ်အကြာမှာ မြန်မာ့ဒီမိုကရေစီ အကြမ်းဖက်ခံနေရပြီး ပြည်တွင်းစစ်မီးတွေ တောက်လောင်နေဆဲ မြန်မာ့နိုင်ငံရေးအခြေ အနေတွေကနေ ပြီးခဲ့တဲ့ ဇွန်လ ၁ရက်နေ့ မနက်ပိုင်းမှာ အပြီးတိုင်စွန့်ခွာ ကွယ်လွန် သွားခဲ့တာဖြစ်ပါတယ်။
Share:

No comments:

Post a Comment