14th JUL 2024 - Evening Daily News by Radio NUG

 


၂၀၂၄ ဇူလိုင်လ ၁၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ သံတွဲနဲ့ငပလီက စစ်ဘေးရှောင်ပြည်သူ  ၂၀၀၀ ကျော် အကူအညီများလိုအပ်နေ

📌 ၂။ အမရပူရ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအတွင်း မြစ်ရေဝင်လာတဲ့အတွက် ဆောက်လုပ်ရေးလုပ်သား ဦးထက်မနည်း ပျောက်ဆုံးနေ

📌 ၃။ လက်ပံတန်းမှာ မြစ်မခမြစ်ရေတက်လာပြီး ကမ်းပါးပြိုနေတာကြောင့် တမာရေကာတာ ကျိုးပေါက်မယ့်အခြအနေ သို့ရောက်ရှိ


၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ လောက်ကိုင်မြို့ကို စစ်ကောင်စီက လေယာဉ်ပေါ်ကနေ ဗုံးကြဲပြီး စက်သေနတ်တွေနဲ့ပစ်ခတ်ဖျက်ဆီး

🚩 ၂။ တိုက်ပွဲတွေပြင်းထန်နေပေမယ့် ဒေသခံလူထုကို အတတ်နိုင်ဆုံးကာကွယ်စောင့်ရှောက်သွားမယ်လို PLA ပြော

🚩 ၃။ လားရှိုးမြို့နယ် ခလရ ၆၈ ကို MNDAA က တိုက်ခိုက်သိမ်းပိုက်ထားလို့ သတင်းထွက် 

🚩 ၄။ ပေါင်းတည်မှာ ဟင်းစားထွက်ရှာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခဲ့ရာ တဦးသေဆုံး

🚩 ၅။ စစ်ကောင်စီ လက်နက်ဂိုဒေါင် သိမ်းဆည်းနိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းထွက်ပေါ် 

🚩 ၆။ ရေစကြို ခလရ ၂၅၇ တပ်က ထွက်လာတဲ့ ရိက္ခာပို့ကားတစီး ဖမ်းမိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ သံတွဲနဲ့ငပလီက စစ်ဘေးရှောင်ပြည်သူ  ၂၀၀၀ ကျော် အကူအညီများလိုအပ်နေ


ရခိုင်ပြည် သံတွဲမြို့နယ်နဲ့ ငပလီမြို့က ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၂၀၀၀ ကျော်   စားဝတ်နေရေး အခက်အခဲဖြစ်နေပြီး အကူအညီတွေလိုအပ်နေတယ်လို့ ဒေသတွင်း စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ တွေက ပြောပါတယ်။  

သံတွဲနဲ့ ငပလီမြို့ဘက်က နေရပ်စွန့်ခွာလာကြတဲ့ စစ်ရှောင်တွေဟာ ဂွမြို့နယ်နဲ့ ကျိန္တလီမြို့တွေမှာ ဖြစ်သလိုနေထိုင်နေရပြီး နေစရာမရှိ စားစရာမရှိဖြစ်နေတာကြောင့် တတ်နိုင်တဲ့သူတွေအနေနဲ့ ကူညီထောက်ပံ့ကြဖို့ စစ်ရှောင်ပြည်သူတွေရဲ့ အခြေ အနေကို သိနေတဲ့သူတွေက မေတ္တာရပ်ခံထားပါတယ်။

သံတွဲမြို့နယ်ထဲက ကျေးလက်ဒေသတွေမှာ စစ်ရှောင် တသောင်းကျော်ရှိနေပြီး သံတွဲမြို့ထဲမှာ ၅၀၀ နဲ့အထက်ရှိကာ ဂွမြို့နယ်နဲ့ ကျိန္တလီမြို့မှာ စစ်ရှောင် ၂၀၀၀ နဲ့အထက်ရှိနေတယ်လို့ စစ်ရှောင်တွေကိုကူညီပေးနေသူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Western News က ဖော်ပြထားပါတယ်။ 

အလှူရှင်တွေဘက်က တက်နိုင်သလောက် ထောက်ပံ့ပေးနေပေမယ့် ဆန်ဝယ်လို့မရပြသနာနဲ့ ဆေးဝါးတွေဝယ်ယူလို့မရတာကြောင့် အခက်အခဲဖြစ်ရတယ်လို့ သံတွဲမြို့နယ်က စစ်ရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။

သံတွဲ၊ ငပလီ၊ ဂွနဲ့ ကျိန္တလီဒေသမှာရှိနေတဲ့ စစ်ဘေးရှောင်တွေဟာ တပိုင်တနိုင်လှူဒါန်းသူတွေနဲ့ အစုအဖွဲ့လိုက်လှူဒါန်းတဲ့ အလှူငွေတွေနဲ့သာရပ်တည်နေရတယ်လို့ သိရပါတယ်။


========================


📌📌 ၂။ အမရပူရ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအတွင်း မြစ်ရေဝင်လာတဲ့အတွက် ဆောက်လုပ်ရေးလုပ်သား ဦးထက်မနည်း ပျောက်ဆုံးနေ


မန္တလေးတိုင်း အမရပူရမြို့နယ်မှာရှိတဲ့ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းဧရိယာအတွင်း ဧရာဝတီမြစ်ရေ ရုတ်တရက်ဝင်လာတဲ့အတွက် ဆောက်လုပ်ရေးလုပ်သားနဲ့ မိသားစုဝင် ဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ ဇူလိုင် ၁၄ ရက် မနက် ၁၀ နာရီခွဲခန့်အချိန်မှာ ဧရာဝတီမြစ်ဘေး ယမ်းပျံရပ်ကွက်အနီးမှာရှိတဲ့ အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းမြောင်းအတွင်း မြစ်ရေတွေ ရုတ်တရက်ဝင်ရောက်လာတာလို့ ဆိုပါတယ်။

စီမံကိန်းအတွင်း ရေစတင်ဝင်တဲ့နေရာဟာ ၂၀၂၂ အတွင်းက တာရိုးကျိုးခဲ့တဲ့နေရာအနီးကနေ မြစ်ရေဝင်လာတာလို့ သိရပါတယ်။ 

အခုလို ဧရာဝတီမြစ်ရေ ရုတ်တရက်ဝင်ရောက်လာတာကြောင့် ပျောက်ဆုံးနေသူတွေကို ဆယ်ယူဖို့ကြိုးစားနေပေမယ့် မွန်းတည့် ၁၂ နာရီကျော်ချိန်အထိ တယောက်မှ ပြန်မဆယ်နိုင်သေဘူးလို့ သိရပါတယ်။ 

အမရပူရမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းကို ဦးမောင်ဝိတ်ပိုင်တဲ့ MBCCD (Mandalay Business Capital City Development) ကုမ္ပဏီက ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက တာဝန်ယူဆောက်လုပ်ခွင့်ရခဲ့တာဖြစ်ပြီး NLD အစိုးရလက်ထက်မှာ  သိသိသာသာဆောင်ရွက်ခြင်းမရှိခဲ့ပေမယ့် အခု စစ်တပ် အာဏာသိမ်းပြီးချိန်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေကို အလျင်အမြန် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။


========================


📌📌 ၃။ လက်ပံတန်းမှာ မြစ်မခမြစ်ရေတက်လာပြီး ကမ်းပါးပြိုနေတာကြောင့် တမာရေကာတာ ကျိုးပေါက်မယ့်အခြအနေ သို့ရောက်ရှိ


ပဲခူးတိုင်းအနောက်ခြမ်း သာယာ၀တီခရိုင် လက်ပံတန်းမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ မြစ်မခမြစ်ရေ ဆက်တိုက်တိုးနေပြီး ကမ်းပါးတွေပြိုနေတာကြောင့် တမာရေကာတာ ကျိုးပေါက်မယ့်အခြေအနေကို ရောက်ရှိနေပြီးလို့ ဒေသခံတွေက ပြောပါတယ်။ 

ဇူလိုင်လ ရက်နေ့ ညနေ နာရီခန့်ကစတင်ကာ မြစ်မခမြစ်ရေ တက်လာခဲ့တာကြောင့် လက်ပံတန်းမြို့နယ် မြင်က၀အုပ်စု တမာကျေးရွာမှာရှိတဲ့ ရေကာတာဟာ စိုးရိမ်ရတဲ့အနေအထားကိုရောက်ရှိခဲ့ရာက ဒီနေ့ ဇူလိုင် ၁၄ ရက် မနက် နာရီခန့်မှာ ကမ်းပါးတွေပြိုကျလာတာကြောင့် ရေကာတာကျိုးပေါက်နိုင်တဲ့အခြေအနေထိ ဖြစ်လာတာလို့ ဆိုပါတယ်။

ရေကာတာအခြေအနေ ပိုဆိုးလာပြီးကမ်းပါးမြေတွေပြိုကျနေတဲ့အတွက် မြေနိမ့်ပိုင်းမှာနေထိုင်သူအချို့ ပြောင်းရွေ့ နေကြရပြီလို့ ဒေသတွင်းသတင်းတွေဖော်ပြနေတဲ့ Tharyarwaddy 8 City သတင်းဌာနက ဖော်ပြထားပါတယ်။

မြစ်မခမြစ်ရေဟာ ဆက်တိုက်တိုးလာနေပြီး လက်ရှိရေအမှတ်ထက် ပေခန့် ထပ်တက်လာပါက တမာရေကာတာဟာ  တောင့်ခံနိုင်မှာမဟုတ်ဘဲ ကျိုးပေါက်သွားနိုင်တဲ့အတွက် ဒေသခံပြည်သူတွေ တက်နိုင်သလောက် ကြိုးစားပြုပြင်နေကြရ ပြီဖြစ်ပါတယ်။

တကယ်လို့သာ ရေကာတာ ကျိုးပေါက်ခဲ့မယ်ဆိုရင် တမာ၊ မဟာမြိုင်၊ ဥယျာဥ်တန်း၊ ချမ်းသာကုန်း၊ မယ်အိုကျ၊ ဆင်မနီ၊ ဦးတို၊ ပန်းတော၊ ဆင်ကူး၊ သာယာအေး၊ ဒေါင်းသာယာကုန်း၊ ရေတွင်းကုန်း၊ ကန့်လန့်တန်း၊ ၀က်ကုန်း စတဲ့ကျေးရွာ ၂၀ ထက်မနည်း ရေကြီးနစ်မြုပ်နိုင်သလို လယ်ဧက ထောင်နဲ့ချီပြီး ပျက်စီးနိုင်တယ်လို့ သိရပါတယ်။

မြစ်ရေတိုးနေတာကြောင့် ရေကာတာပြုပြင်ပေးဖို့ ဇူလိုင်လ ရက်နေ့ကတည်းက အစိုးရတာဝန်ရှိသူတွေကို တင်ပြ တောင်းဆိုခဲ့ပေမယ့် ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးတာမရှိတဲ့အတွက် ရေကာတာမကျိုးအောင် ဒေသခံပြည်သူ တွေကပဲ ရှိတဲ့အားနဲ့ လုပ်နေကြရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။  

ယခင်အရပ်သားအစိုးရလက်ထက်က မိုးရာသီမရောက်မီ လက်ပံတန်းမြို့နယ်အတွင်းမှာရှိတဲ့ ရေကာတာတွေကို ပြန်လည် ပြုပြင်တာ၊ ရေဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် ယခုစစ်ကောင်စီလက်ထက်မှာတော့ ပြန်လည်ပြုပြင်တာတွေ မလုပ်ဆောင်တဲ့အတွက် ဒေသခံပြည်သူတွေ ဒုက္ခရောက်နိုင်တဲ့အခြေအနေနဲ့  ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ လောက်ကိုင်မြို့ကို စစ်ကောင်စီက လေယာဉ်ပေါ်ကနေ ဗုံးကြဲပြီး စက်သေနတ်တွေနဲ့ပစ်ခတ်ဖျက်ဆီး


ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိပြီး ကိုးကန့်တပ် MNDAA က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ကို စစ်ကောင်စီ က လေယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ပစ်ခတ်ပြီး ဗုံးတွေကြဲချသွားတယ်လို့ သိရပါတယ်။

ဒီနေ့ ဇူလိုင်လ ၁၄ ရက် မနက်အစောပိုင်း နာရီဝန်းကျင်ခန့်အချိန်မှာ စစ်ကောင်စီလေတပ်က လောက်ကိုင်မြို့လယ်ပိုင်းကို စက်သေနတ်နဲ့ပစ်ခတ်တာ ဗုံးတွေကြဲချတာတွေလုပ်ဆောင်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

အခုလို့ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တဲ့အတွက် လောက်ကိုင်မြို့ကပြည်သူတွေ မှောင်ထဲမဲထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး မွန်းလွဲ ၁၂ ခွဲဝန်းကျင်အထိ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကို အတိအကျမသိရသေးပါ ဘူး။ 

အကြမ်းဖက်စစ်တပ်က လေယာဉ်ပေါ်ကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဟွမ်ကျားလိဟွာဟိုတယ်နဲ့ ဖူလီလိုက် ဟိုတယ် အပါအဝင် လောက်ကိုင်မြို့လယ်မှာရှိတဲ့ အဆောက်အအုံများစွာ ပျက်စီးခဲ့ရသလို ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ သိရပါတယ်။ 

အခုဖြစ်စဉ်ဟာ ကိုးကန့်တပ် MNDAA က လာရှိုးမြို့ကိုသိမ်းပိုက်နိုင်ဖို့ လာရှိုးမြို့အနီးမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်လာအတွက် စစ်ကောင်စီဘက်ကနေ MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ကို ပြန်လည်တိုက်ခိုက်တာမျိုး ဖြစ်နိုင်တယ်လို့ စစ်ရေးလေ့လာစောင့်ကြည့်သူတွေက သုံးသပ်နေကြပါတယ်။


========================


🚩🚩 ၂။ တိုက်ပွဲတွေပြင်းထန်နေပေမယ့် ဒေသခံလူထုကို အတတ်နိုင်ဆုံးကာကွယ်စောင့်ရှောက်သွားမယ်လို PLA ပြော


ရှမ်းမြောက်ဒေသနဲ့ မန္တလေးတိုင်းအတွင်းမှာ တိုက်ပွဲတွေပြင်းထန်နေပေမယ့် ဒေသခံလူထုကို အတတ်နိုင်ဆုံး ကာကွယ် စောင့်ရှောက်သွားမယ်လို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ပြောဆိုလိုက်ပါတယ်။

ရှမ်းမြောက်ဒေသနဲ့ မန္တလေးတိုင်းအတွင်း ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကြောင့် စစ်ရေးအရှိန် မြင့်တက် နေတာနဲ့ပတ်သက်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ရဲ့ တာဝန်ရှိသူတွေက အခုလိုပြောလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတုန်းက စစ်ကောင်စီလက်အောက်ခံ စကခ-၁၆ ကို သိမ်းပိုက်ခဲ့စဥ်က စစ်တိုင်းမှူး ရုံးခန်း -G1 ကနေ သိမ်းဆည်းရရှိခဲ့တဲ့ စစ်ရေးဆိုင်ရာမြေပုံတွေကိုလည်း အများပြည်သူသိရှိနိုင်စေဖို့ ဇူလိုင် ၁၃ နေ့မှာ အသိပေးထုတ်ပြန်ခဲ့သည်။

မြေပုံပါ အမှတ်အသားတွေအရ ရှမ်းပြည်မြောက်ပိုင်း လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ဖတ်ကာ၊ နမ့်စလပ်နဲ့ အနီးဝန်းကျင်က မြို့ရွာတွေက စစ်တပ် အထိုင်ချထားထားတဲ့ တပ်စခန်းနေရာတွေကို တွေ့ရပါတယ်။

လက်ရှိမှာလည်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA က တော်လှန်ရေးရဲဘော်တွေဟာ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း ကလိုပဲ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့အတူ စစ်မြေပြင်အသီးသီးမှာ တိုက်ပွဲဝင်နေတယ်လို့လည်း PLA က ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ အသိပေးထုတ်ပြန်ထားပါတယ်။

ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ရေနံသာရဲစခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးခန့်ကို PLA -၁၀၁ တပ်ရင်း၊ တပ်ခွဲ- တပ်ရင်း-၁၊ တပ်ရင်း-၃တို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ရဲတပ်ဖွဲ့၊ မြို့နယ်နဲ့ရပ်ကျေး ပကဖများနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ စစ်သုံ့ပမ်း ဦးကို လက်နက်ခဲယမ်းများနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ PLA က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ လားရှိုးမြို့နယ် ခလရ ၆၈ ကို MNDAA က တိုက်ခိုက်သိမ်းပိုက်ထားလို့ သတင်းထွက် 


ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှာရှိတဲ့ ခလရ ၆၈ တပ်ကို ကိုးကန့်တပ် MNDAA က တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်တွေဘက်ကနေ သတင်းတွေထွက်ပေါ်နေပါတယ်။ 

လားရှိုးမြို့အဝင်မှာတင်ရှိနေတဲ့ ခလရ ၆၈ တပ်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး ဆုတ်ခွာလာတဲ့ တပ်ဖွဲ့ဝင်အချို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ထဲ ပြန်လည်ရောက်ရှိလာတယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေဆီမှာ ဖမ်းဆီးခံရတဲ့သူတွေလည်းရှိတဲ့အတွက် ခလရ ၆၈ တပ်ဟာ ကျသွားပြီလို့ ပြောလို့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။ 

ခလရ ၆၈ ကို MNDAA က သိမ်းပိုက်ထားပြီလို့ အခုလို သတင်းတွေထွက်ပေါ်နေပေမယ့် MNDAA ဘက်က အသိပေး ထုတ်ပြန်လာတာတော့မရှိသေးပါဘူး။

လားရှိုးမြို့ကို သိမ်းပိုက်နိုင်ဖို့ MNDAA ဦးဆောင်တဲ့ တပ်ပေါင်းစုဟာ နေရာပေါင်းစုံကနေ တိုက်ခိုက်နေဆဲဖြစ်ပြီး မြို့တွင်း အထိ တိုက်ပွဲတွေဖြစ်နေတယ်လို့လည်း စစ်ရေးသတင်းတွေအရ သိရပါတယ်။  

လတ်တလောမှာလည်း ခမရ ၅၀၇ ရှိရာ အထက်မန်အိုင်နဲ့ လွယ်ပြေတောင်စစ်စခန်းတို့မှာလည်း MNDAA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ပေါင်းတည်မှာ ဟင်းစားထွက်ရှာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခဲ့ရာ တဦးသေဆုံး


ပဲခူးတိုင်း ပေါင်းတည်မြို့နယ်မှာ အထိုင်ချထားတဲ့ တပ်စခန်းကနေ ဟင်းစားထွက်ရှာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်၅ဦးကို တိုက်ခိုက်ခဲ့ရာမှာ တဦးသေဆုံးသွားတယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၆၀၁ PPDF က ဒီနေ့ ဇူလိုင် ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။  

ဇူလိုင်လ ၁၂ ရက် နေ့လယ် နာရီ ၄ဝ မိနစ်ခန့်အချိန်က ပေါင်းတည်မြို့နယ် သစ်ပုတ်ရွာတာဝါတိုင်အထိုင်စခန်းကနေ ဟင်းစားရှာထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်ခရိုင် တပ်ရင်း ၃၆၀၁၊ တပ်ခွဲ- မိုင်းကွင်းစောင့်ရဲဘော်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတဦး နေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားပြီး တဦးက ပြင်းထန်ဒဏ်ရာ ရသွားတယ်လို့ ဆိုပါတယ်။ 

သေသွားတဲ့ စစ်သားကို ရွာထဲပြန်သယ်သွားလို ဒဏ်ရာရသွားသူဟာလည်း သေနိုင်လောက်တဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။

စစ်ကောက်စီတပ်ဘက်က ပြန်လည်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပေမာ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိခိုကေမရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း တပ်ရင်း ၃၆၀၁ က အသိပေးထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က စစ်ရေးအရှိန်မြှင့်လာပြီဖြစ်တာကြောင့်  ပြည်သူလူထုအနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့အတူ နေထိုင်တာမျိုးမလုပ်ဘဲ ၎င်းတို့ရှိရာနေရာတွေကို ရှောင်ရှားသွားလာကြဖို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၆၀၁ PPDF က တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


🚩🚩 ၅။ စစ်ကောင်စီ လက်နက်ဂိုဒေါင် သိမ်းဆည်းနိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းထွက်ပေါ် 


အကြမ်းဖက်စစ်ကောင်စီတပ်တခုရဲ့ လက်နက်တိုက်တခုကို သိမ်းပိုက်ရရှိတဲ့ ရုပ်သံမှတ်တမ်းတွေ ဇူလိုင် ၁၃ ရက်ကစပြီး လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့လာခဲ့ပါတယ်။  

ဒီရုပ်သံမှတ်တမ်းဟာ လားရှိုးမြို့ နယ် နမ့်ပေါင်အခြေစိုက် စစ်ကောင်စီတပ်ရင်းကို ကိုးကန်တပ်-MNDAA နဲ့ မဟာမိတ်တပ် များ တိုက်ခိုက်ခဲ့စဉ်က သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်တိုက်တခုဖြစ်နိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက မှတ်ချက်ပြု ပါတယ်။

MNDAA ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ ဇူလိုင်လ ရက်နေ့ကစပြီး လားရှိုးမြို့ မှာရှိတဲ့ စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်ခဲ့ရာမှာ ဇူလိုင် ရက်နေ့မှာ နမ့်ပေါင်တပ်ရင်းလို့ခေါ်တဲ့ အမှတ် ၂၉၁ ခြေလျင်တပ်ရင်း ခလရ- ၂၉၁ တပ်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 

ဒီတပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့ချိန်မှာ လက်နက်ခဲယမ်းများစွာရရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပေမယ့် ဇူလိုင် ၁၃ ရက် မှ ရုပ်သံမှတ်တမ်း ထွက်ပေါ်လာတာဖြစ်ပါတယ်။

လက်နက် ၆၀ လက်ခန့်စီ အစီအရီတင်ထားတဲ့ လက်နက်စင်တွေပေါ်က သေနတ်တွေမှာ တပ်ရင်းအမည်၊ တပ်ခွဲအမည်တွေ ရိုက်နှိပ်ထားတာမရှိသေးတဲ့အတွက် လက်နက်အသစ်တွေဖြစ်နိုင်ပြီး အမျိုးအစားမတူတဲ့လက်နက် စုစုပေါင်း ၄၀၀ နဲ့ ၅၀၀ ကြားရှိမယ်လို့ ခန့်မှန်းနိုင်ပါတယ်။

ကိုးကန့်တပ်နဲ့ မဟာမိတ်တပ်တွေ လားရှိုးမြို့ကို စတင်ထိုးစစ်ဆင်နေတာ ဒီနေ့ ဇူလိုင် ၁၄ ရက်မနက်ပိုင်းအထိဆိုရင် စစ်ဆင် ရေးကာလ ၁၀ ရက်ကျော်ရှိနေပြီး တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။


========================


🚩🚩 ၆။ ရေစကြို ခလရ ၂၅၇ တပ်က ထွက်လာတဲ့ ရိက္ခာပို့ကားတစီး ဖမ်းမိ


မကွေးတိုင်း ရေစကြိုမြို့ မှာရှိတဲ့ ခလရ ၂၅၇ တပ်ရင်းကနေထွက်လာတဲ့ ရိက္ခာပို့ကားတစီးကို ဖမ်းဆီးရမိခဲ့တယ်လို့    ရေစကြို ပကဖထံကနေ သိရပါတယ်။

ရေစကြိုမြို့ ခလရ ၂၅၇ တပ်ရင်းကနေ ဇီးတော ပျူစောထီးကျေးရွာစခန်းကို ပို့ဆောင်မယ့် ရိက္ခာတင်ကားတစီးထွက်လာ တယ်လို့ သတင်းအရတဲ့အတွက် ဒီနေ့ ဇူလိုင်လ ၁၄ ရက် မနက် နာရီခွဲခန့်အချိန်မှာ အောင်မိုးလမ်းခွဲမှာ စောင့်ဆိုင်းဖမ်းဆီး ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါရိက္ခာတင်ကားပေါ်ကနေ ဆန် ၂၄ အိတ်၊ ဆီပုံး ပုံး၊ ဆား အိတ်၊ ပဲ အိတ်၊ နို့ဆီ ဖာတို့နဲ့အတူ ဖမ်းဆီးရရှိခဲ့တာ ဖြစ်ပါတယ်။

ရိက္ခာတွေတင်လာတဲ့ လိုက်ထရပ်ကားနဲ့အတူ ဖမ်းဆီးရမိတဲ့သူတွေကိုတော့ စစ်သား၊ ပျူ၊ ပြည်သူ စသဖြင့် ခွဲခြားသိရှိနိုင်ဖို့ စစ်ဆေးနေဆဲလို့ ရေစကြိုပကဖ တာဝန်ရှိသူတဦးက အသိပေးထားပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment