15th JUL 2024 - Morning Daily News by Radio NUG

၂၀၂၄ ဇူလိုင်လ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

📌 ၂။ ချီကာဂိုမြို့တွင် ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် ပြည်ပရောက် မြန်မာ တိုင်းရင်းသားများ တွေ့ဆုံပွဲ ပြုလုပ်

📌 ၃။ နွေဦးထီလက်မှတ် ဂုဏ်ပြုလက်ဆောင် ကံထူးသွားသူ ထောက်ပို့ရဲဘော် ၁၅၀ ဦး ကြေညာ

📌 ၄။ ဖယ်ခုံ(၁၀၀၆)တပ်ရင်းမှ ကိုယ်အင်္ဂါစွန့် ရဲဘော်များအား နွေးထွေးစွာ တွေ့ဆုံပြီး ဂုဏ်ပြုငွေပေးအပ်ခဲ့


၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စဉ့်ကူးမြို့ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်

🚩 ၂။ နမ့်စန်တွင် စစ်ကောင်စီဖမ်းဆီးထားသည့် တပ်ဖွဲ့ဝင် ၅ဦးနှင့် ပတ်သက်ပြီး RCSS ပြန်ရှင်းလင်း

🚩 ၃။ တရုတ်စိုးရိမ်ချက်ကြောင့် MNDAA က ရက်ကြာ ထိုးစစ်ရပ်နားမည်ဟု ကြေညာ

🚩 ၄။ မြင်းမူတွင် ကင်းပုန်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို နှစ်ကြိမ် မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဦး သေဆုံး

🚩 ၅။ နတ်တလင်းတွင် ပျူစောထီး ရှေ့ပြေးဆိုင်ကယ် နှစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရပြီး ဦးသေ ဦး ဒဏ်ရာရ 

🚩 ၆။ နန့်ဗွမ်ကျေးရွာ စစ်စခန်းမှ ဆိုင်ကယ်စီးထွက်လာသော PNO စစ်သားနှစ်ဦးကို ချောင်းမြောင်းတိုက်ခိုက်ခဲ့ရာ နှစ်ဦးလုံး သေဆုံး

🚩 ၇။ လားရှိုးမြို့ ခလရ(၆၈)ကို မသိမ်းယူနိုင်သေး၊ လက်နက်ကြီးတွေကြောင့် လေယာဉ်ပြေးလမ်း ပျက်စီး

🚩 ၈။ ဖားဆောင်းမြို့သိမ်းတိုက်ပွဲတွင် PDF ရဲဘော် ဦး ကျဆုံး

🚩 ၉။ ရှမ်းပြည်မြောက်ပိုင်း တအောင်းဒေသတွင် စစ်ကောာင်စီ လက်နက်ကြီးကြောင့် အရပ်သား()ဦး သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်


ဇူလိုင်လ ၁၄ရက်။ 

RadioNUG

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (၁၃/၂၀၂၄)ကို ဇွန်လ ၃၀ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပြီး ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။


အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီးအစည်းအဝေးကို (၁၂:၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါတယ်။


========================


📌📌 ၂။ ချီကာဂိုမြို့တွင် ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် ပြည်ပရောက် မြန်မာ တိုင်းရင်းသားများ တွေ့ဆုံပွဲ ပြုလုပ်


ဇူလိုင်လ ၁၄ရက်။ 

RadioNUG

ဇူလိုင်လ ၁၃ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ အီလီနိုက်ပြည်နယ်၊ ချီကာဂိုမြို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် အမေရိကန်နိုင်ငံ အီလီနိုက်ပြည်နယ် ချီကာဂိုမြို့တွင်းရှိ နွေဦးတော်လှန်ရေး တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရပါတယ်။


တွေ့ဆုံပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိလူကြီးမင်းများနှင့် ချီကာကိုမြို့မှ တိုင်းရင်းသားညီအစ်ကို မောင်နှမများမှ နွေဦးတော်လှန်ရေးနှင့် ဆက်စပ်သည့် အကြောင်းအရာများကို ပွင့်ပွင့်လင်းလင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ မေးမြန်းသည့် သိလိုသည့် မေးခွန်းများကို အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိလူကြီးမင်းများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရပါတယ်။


========================


📌📌 ၃။ နွေဦးထီလက်မှတ် ဂုဏ်ပြုလက်ဆောင် ကံထူးသွားသူ ထောက်ပို့ရဲဘော် ၁၅၀ ဦး ကြေညာ


ဇူလိုင်လ ၁၄ရက်။ 

RadioNUG

ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF နဲ့ အောင်လံလွှင့်ချီ နွေဦးထီ တို့ပူးပေါင်းပြီး ဇူလိုင်လ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း တာဝန်ထမ်းဆောင်ထားတဲ့ ထောက်ပို့တပ်သားတွေနဲ့ ရှေ့လတွေမှာ ဇူလိုင်လအတွက် ကြိုတင်တာဝန်ထမ်းဆောင်ထားတဲ့ ထောက်ပို့တပ်သားတွေထဲက ကံထူးရှင် အယောက် ၁၅၀ ကို ကြေညာပေးတာ ဖြစ်ပါတယ်။


ကံထူးရှင် ထောက်ပို့တပ်သားတွေဟာ Email ကနေ နွေဦးထီကူပွန်တွေကို ရရှိမှာဖြစ်ပြီး နွေဦးထီလဲလှယ်ရန် telegram account - t.me/NOHclaim (သို့မဟုတ်) Email - hello@nwayoohti.com ကိုသွားရောက်ကာ ကူပွန်နှင့် နွေဦးထီလက်မှတ်ကို လဲလှယ်ကံစမ်းနိုင်မှာ ဖြစ်ပါတယ်။ 


ကံထူးသူ ထောက်ပို့တပ်သားတွေအနေနဲ့ ကူပွန်လေးတွေနဲ့ နွေဦးထီလက်မှတ်လေးတွေကို ဇူလိုင်လ ၂၉ ရက် ၁၂ ထိပဲ လဲလှယ်နိုင်မှာ ဖြစ်ပြီး အကယ်၍ ဇူလိုင်လမှာ မလဲလှယ်လိုက်ရရင် နောက်လမှာ ဆက်လက်လဲလှယ်ကံထူးနိုင်တယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၄။ ဖယ်ခုံ(၁၀၀၆)တပ်ရင်းမှ ကိုယ်အင်္ဂါစွန့် ရဲဘော်များအား နွေးထွေးစွာ တွေ့ဆုံပြီး ဂုဏ်ပြုငွေပေးအပ်ခဲ့


ဇူလိုင်လ ၁၄ ရက်။

Radio NUG

နွေဦးတော်လှန်ရေး နှစ်ကျော် ကာလအတွင်းမှာ ဖယ်ခုံ PDF(၁၀၀၆)တပ်ရင်းမှ ကိုယ်အင်္ဂါစွန့်လွတ်ခဲ့ပြီး ပြန်လည်ကျန်းမာလာတဲ့ ရဲဘော်များကို နွေးထွေးစွာ တွေ့ဆုံပြီး ဂုဏ်ပြုငွေ ပေးအပ်ချီးမြှင့်တဲ့ အခမ်းအနားတစ်ခုကို ဇူလိုင်လ ၁၄ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


အကြမ်းဖက်စစ်တပ် အမြစ်ဖြတ်ရေး တိုက်ပွဲအတွင်း အသက်မသေသည့်တိုင် မိမိတဲ့ ကိုယ်ခန္ဓာ တစိတ်တပိုင်းအား နှမြောခြင်းမရှိဘဲ ရဲဝင့်စွာဖြင့် တိုင်းပြည်နဲ့လူမျိုး လွတ်မြောက်ရေးအတွက် ပေးလှူခဲ့ကြတဲ့ ရဲဘော်များကို တပ်ရင်းအနေနဲ့ လစဉ်ထောက်ပံငွေများ ပေးအပ်နေပြီး ယခုတွေ့ဆုံပွဲက ပြည်လည်ကျန်းမာလာပြီးသော ရဲဘော်များကို နွေးထွေးစွာဖြင့် စုစည်းတွေ့ဆုံခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


ထို့အပြင် ၁၀၀၆ တပ်ရင်းမှ ကိုယ်အင်္ဂါစွန့် ရဲဘော်များနဲ့အတူ တော်လှန်ရေးမှာ ကိုယ်ခန္ဓာ တစိတ်တပိုင်းအား ပေးဆပ်ခဲ့ကြတဲ့ ရဲဘော်များ အားလုံးကို အလေးနီပြုပြီး အမြဲအမှတ်ရနေကာ မှတ်တမ်းတင် ဂုဏ်ယူနေမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


နွေဦးတော်လှန်ရေး ကာလအတွင်း ဖယ်ခုံ PDF(၁၀၀၆)တပ်ရင်းမှ ကိုယ်အင်္ဂါစွန့် ရဲဘော်ဦးရေ(၁၈)ဦးထိ ရှိခဲ့ပြီ ဖြစ်တယ်လို့ သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းစစ်သွေးနဲ့ ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ စဉ့်ကူးမြို့ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်


ဇူလိုင်လ ၁၄ရက်။ 

RadioNUG

ဇူလိုင်လ ၁၄ရက်နေ့ ညနေတွင် မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်လိုက်ကြောင်း ကင်းထောက်-မြေပြင်သတင်းမှန်ပြန်ကြားရေး(စဉ့်ကူး)က ဖော်ပြထားပါတယ်။


စဉ့်ကူးမြို့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်မှဂျက်ဖိုက်တာ Mi35 တို့ဖြင့် လေကြောင်းပစ်ကူ တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များမှ စဉ့်ကူးမြို့အား သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲဝင် ရဲဘော်များကို မြို့နယ် ပြည်သူများက ကြိုဆိုနေပါကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ နမ့်စန်တွင် စစ်ကောင်စီဖမ်းဆီးထားသည့် တပ်ဖွဲ့ဝင် ၅ဦးနှင့် ပတ်သက်ပြီး RCSS ပြန်ရှင်းလင်း


ဇူလိုင်လ ၁၄ရက်။ 

RadioNUG

ဇူလိုင် ၁၂ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် မတ်ကျန်းကျေးရွာအနီး နားရိုင်းကျေးရွာလမ်းခွဲ၌ RCSS/SSA အဖွဲ့မှ အရာရှိ အပါအဝင် ဦးသည် ကရင်နီပြည်နယ်အတွင်းရှိ စစ်ကောင်စီကို တိုက်ခိုက်နေသည့် KNPP KNDF KNLAအဖွဲ့များထံသို့ ပို့ဆောင်မည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ထုတ်လုပ်သည့် လက်နက်များ ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့ဟု ထုတ်ပြန်ထားသည့်အပေါ် RCSSက ပြန်ရှင်းလင်းထားပါတယ်။


ဖြစ်စဉ်တွင် RCSS တပ်ဖွဲ့ဝင် ၅ဦးနှင့်အတူ လက်နက်မျိုးစုံ KA(၄၀ မမ)ငါးလက်၊ ၄၀ မမဆုံလည်( လုံးတွဲ)ငါးလက်၊ ၄၀မမ တစ်လုံးထိုး ငါးလက်နှင့် ကျည်မျိုးစုံ လေးသောင်းကျော် ဗုံးသီးများကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာပါ။


လက်နက်ခဲယမ်းများနှင့်အတူ စစ်ကောင်စီတပ် ဖမ်းမိထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)တပ်ဖွဲ့ဝင် ၅ဦးသည် ခွင့်ယူထားသည့် ကာလတွင် ၎င်းတို့၏ မိတ်ဆွေ အပေါင်းအသင်းများနှင့် ပူးပေါင်း၍ အဖွဲ့အစည်း၏ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ပြီး ၎င်းတို့ သဘောဆန္ဒအလျောက် လက်နက်ခဲယမ်း မီးကျောက်ရောင်းဝယ်ခြင်းသာ ဖြစ်ကြောင်း၊  RCSS အနေဖြင့် တရားမဝင်လက်နက်ခဲယမ်း မီးကျောက်များ ရောင်းဝယ်ခြင်းကို အဖွဲ့အစည်းအတွင်း တင်းကြပ်စွာ တားမြစ်ထားကြောင်း၊ တပ်ဖွဲ့ဝင်များအား တရားမဝင် လက်နက်ခဲယမ်း မီးကျောက်များ ရောင်းဝင်ခြင်းတွင် လုံး၀ပါဝင်ပတ်သက်ခြင်း မရှိစေရေးအတွက်လည်း စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားကြောင်း ဖော်ပြထားပါတယ်။


RCSSသည် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံလျက်ရှိသည့် ရှမ်းတပ်ဖွဲ့ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားမှု မရှိသည့်အဖွဲ့ဖြစ်ပါတယ်။


========================


🚩🚩 ၃။ တရုတ်စိုးရိမ်ချက်ကြောင့် MNDAA က ရက်ကြာ ထိုးစစ်ရပ်နားမည်ဟု ကြေညာ


ဇူလိုင်လ ၁၄ရက်။ 

RadioNUG

တရုတ်နိုင်ငံမှာ အာဏာရ ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ် စုံညီအစည်းအဝေး ကျင်းပမှာဖြစ်လို့ ဇူလိုင်လ ၁၄ ရက် ၁၂ နာရီမှစတင်ပြီး ဇူလိုင်လ ၁၈ ရက်နေ့ ၁၂ နာရီအချိန်အထိ အပစ်ရပ်မယ်လို့ ကိုးကန့်တပ်(MNDAA)ရဲ့ တရုတ်လိုရေးသားထားတဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာပါတယ်။ 


ထုတ်ပြန်ချက်အရ တရုတ်ရဲ့ စိုးရိမ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ အခုလို ကြေညာတာဖြစ်ပြီး MNDAA တပ်ဖွဲ့ဝင်များအားလုံး လိုက်နာရမည့် အမိန့်တွင် ထိုးစစ်ရပ်နားရမည်ဖြစ်ကာ ခံစစ်ပြင်ရန် ဖြစ်ကြောင်း၊ စစ်ကောင်စီက တိုက်ခိုက်လာပါက တန်ပြန်ခုခံ တိုက်ခိုက်ခွင့်ရှိကြောင်း သိရပါတယ်။


========================


🚩🚩 ၄။ မြင်းမူတွင် ကင်းပုန်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို နှစ်ကြိမ် မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဦး သေဆုံး


ဇူလိုင်လ ၁၄ ရက်။ 

Radio NUG

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့တွင် ကင်းပုန်း ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ကြိမ်တိုင် မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Dog Killers People's Defence Force Myinmu အဖွဲ့ထံက သိရပါတယ်။


ဇူလိုင်လ ၁၄ ရက်နေ့ မနက် နာရီ ၁၅ မိနစ်ခန့်မှာ ကင်းပုန်းဝတ်ရန် အင်အား ၂၀ ကျော်ဖြင့် မြင်းမူမြို့ကနေ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပထမမိုင်းပွိုင့် အရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံးခဲ့ပြီး ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။


ဒဏ်ရာရ စစ်သားများကို ပြန်သယ်သွားပြီးတဲ့နောက် မိနစ် ၃၀ ခန့်အကြာမှာ အင်အားအများအပြားဖြင့် ဒုတိယအကြိမ် ထပ်ထွက်လာတဲ့ စစ်ကောင်စီတပ်ကို ဒုတိယအကြိမ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှု ရှိခဲ့ပေမယ် အရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဘက်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို Dog Killers People's Defence Force Myinmu (DK PDF-MMU)နှင့် (U.S.A.R )Peoples Defence Force M.M.U တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၅။ နတ်တလင်းတွင် ပျူစောထီး ရှေ့ပြေးဆိုင်ကယ် နှစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရပြီး ဦးသေ ဦး ဒဏ်ရာရ 


ဇူလိုင်လ ၁၄ ရက်။

Radio NUG

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ကျောက်ခွက်ရွာမှ ထွက်လာတဲ့ ပျူစောထီး ရှေ့ပြေးဆိုင်ကယ် နှစ်စီးကို လယ်မအင်း ပန်းပဲဖိုနှင့် လျော်ဖြူခင်းကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် အမှတ် ()တပ်ရင်း-၃၈၀၁၊ တပ်ခွဲ() PHOENIX D F အဖွဲ့က ထုတ်ပြန်ထားပါတယ်။


ဇူလိုင်လ ၁၃ ရက်နေ့ ညနေ နာရီ ၃၀ မိနစ်အချိန်မှာ အဆိုပါ ပျူစောထီး ဆိုင်ကယ် စီးကို တပ်ရင်း - ၃၈၀၁၊ တပ်ခွဲ () PHOENIX D F အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပျူစောထီး ဦး သေဆုံးကာ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တယ်လို့ သိရပါတယ်။


မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။


ထို့နောက် စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးများက လမ်းသွားလမ်းလာ ပြည်သူများကို ဖမ်းဆီးရိုက်နှက် စစ်ဆေးမှုများ ပြုလုပ်နေတာကြောင့် ပြည်သူများ မသွားလာရဲတော့ဘဲ အခက်တွေ့နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


🚩🚩 ၆။ နန့်ဗွမ်ကျေးရွာ စစ်စခန်းမှ ဆိုင်ကယ်စီးထွက်လာသော PNO စစ်သားနှစ်ဦးကို ချောင်းမြောင်းတိုက်ခိုက်ခဲ့ရာ နှစ်ဦးလုံး သေဆုံး


ဇူလိုင်လ ၁၄ ရက်။

RadioNUG

ဇူလိုင်လ ၁၄ ရက်နေ့ မနက် (၁၀:၀၀)နာရီခန့်တွင် ညောင်ရွှေမြို့နယ်၊ နန့်ဗွမ်ကျေးရွာ စစ်စခန်းမှ ဆိုင်ကယ်စီးထွက်လာသော PNO နှစ်ဦးကို ချောင်းမြောင်းတိုက်ခိုက်ခဲ့ရာ နှစ်ဦးလုံး သေဆုံးပြီး လက်နက် လက်ရရှိခဲ့ကြောင်း ပျားစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။


လက်ရှိတွင် PNOသည် စကစ တပ်ဖွဲ့ဝင်များနှင့်အတူ နန့်ဗွမ်ကျေးရွာတွင် စခန်းထိုင်အခြေပြုလျက်ရှိပြီး အင်းလေးပြည်သူ့ကာကွယ်ရေးတပ်၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့၊ SSRY ပျားစစ်ကြောင်းတို့ ပါဝင်သော ပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်းထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ လားရှိုးမြို့ ခလရ(၆၈)ကို မသိမ်းယူနိုင်သေး၊ လက်နက်ကြီးတွေကြောင့် လေယာဉ်ပြေးလမ်း ပျက်စီး


ဇူလိုင်လ ၁၄ရက်။ 

RadioNUG

လားရှိုး-မိုင်းယော်လမ်း လားရှိုးအထွက် စစ်ကောင်စီရဲ့ ခလရ(၆၈)တပ်ကို ကိုးကန့်တပ်က သိမ်းပိုက်နိုင်ပြီဆိုတဲ့ သတင်းတွေထွက်ပေါ်နေပေမယ့် သိမ်းပိုက်နိုင်ခြင်း မရှိသေးဘူးလို့ မြေပြင်သတင်းတွေအရ သိရပါတယ်။


သိမ်းဆည်းရမိတဲ့ ဂိုဒေါင်ထဲက သေနတ်အများအပြားဟာလည်း ကုန်းညောင်ကျေးရွာအနီးရှိ လေ့ကျင့်ရေး(၁၁)တပ်စခန်းက လက်နက်တွေဖြစ်ပြီး အဲလက်နက်တွေဟာ လေ့ကျင့်ရေး သေနတ်တွေဖြစ်ကာ အစစ်မဟုတ်ဘူးလို့ သိရပါတယ်။


MNDAAက မယ်ဟန်အကျော် လွယ်လောကျေးရွာအထိ ရောက်ရှိလာနေကာ လားရှိုး-မူဆယ်အထွက် ဟိုပိတ်ရွာအထိ ရောက်ရှိလာနေပြီး နည်းပညာတက္ကသိုလ်ကိုလည်း သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပါတယ်။


စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေဟာ မြို့တော်ခန်းမမှာ  စုရပ်လုပ်ထားပြီး တိုက်ပွဲဖြစ်တဲ့ နေရာကို လူအလဲအလှယ် မြို့တော်ခန်းမကနေ ပြုလုပ်နေတယ်လို့ သိရပါတယ်။


လက်နက်ကြီးတွေဟာ လေယာဉ်ကွင်းထဲကိုလည်း အများပြား ကျရောက်ခဲ့ပြီး လေယာဉ်ပြေးလမ်း ပျက်စီးသွားပြီ ဖြစ်တယ်။


========================


🚩🚩 ၈။ ဖားဆောင်းမြို့သိမ်းတိုက်ပွဲတွင် PDF ရဲဘော် ဦး ကျဆုံး


ဇူလိုင်လ ၁၄ရက်။ 

RadioNUG

ဇူလိုင်လ ၁၁ ရက်နေ့မှာ တိုက်ခိုက်ခဲ့တဲ့ ဖားဆောင်းမြို့သိမ်းတိုက်ပွဲတွင် ကျန်ရှိနေတဲ့ ခလရ (၁၃၄)နှင့် (၁၃၅)တပ်ရင်းနှစ်ရင်းအား ဝင်ရောက်တိုက်ခိုက်ရာတွင် PDF ရဲဘော် ဦး ကျဆုံးခဲ့ကြောင်း ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် (အမှတ်-၁၁၀၈) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။


ရဲဘော် စောကာလစ္စတို()ငယ်အောင်ဇော် အသက်(၂၂)| ရဲဘော် ဂျဲနရီ()ဂျဲဂျဲ အသက်(၂၃)| ရဲဘော်ဝင်းနိုင်ထွန်း အသက်(၃၁)တို့သည် ဖားဆောင်းမြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့အတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩 ၉။ ရှမ်းပြည်မြောက်ပိုင်း တအောင်းဒေသတွင် စစ်ကောာင်စီ လက်နက်ကြီးကြောင့် အရပ်သား()ဦး သေဆုံး


ဇူလိုင်လ ၁၄ ရက်။ 

Radio NUG

ရှမ်းပြည်မြောက်ပိုင်း၊ တအောင်းတပ်မတော် TNLA ထိန်းချုပ်နယ်မြေ တပ်မဟာ() တပ်မဟာ ()နဲ့ တပ်မဟာ()စစ်ဒေသ မိုးကုတ်၊ ကျောက်မဲ၊ လားရှိုးနှင့် မိုးမိတ် မြို့တို့တွင် တစ်ရက်အတွင်း အရပ်သား()ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။


ဇူလိုင်လ ၁၄ ရက်နေ့ ညနေ ၃နာရီ ၄၅မိနစ်က မိုးကုတ်မြို့ အရှေ့ပိုင်း၊ စစ်တန်းကုန်း ရပ်ကွက်ရှိ နေအိမ်တလုံးပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသား ဦးနဲ့ အမျိုးသမီး ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး သဖန်းပင်၊ မြို့မရပ်ကွက်၊ မင်းတံတား ရပ်ကွက်တို့တွင်လည်း လက်နက်ကြီး အစထိမှန်ပြီး အရပ်သား ဦး ဒဏ်ရာရကာ ဦးသေဆုံးခဲ့ပါတယ်။


အလားတူ ကျောက်မဲမြို့၊ ရပ်ကွက်()က နေအိမ်တစ်အိမ် ပေါ်တွင်လည်း လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် အမျိုးသား ဦးနဲ့ အမျိုးသမီး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ကျောက်မဲမြို့နယ်၊ မန်မိုင်ရွာ မှာလည်း အမျိုးသမီး ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ထို့အပြင် လားရှိုးမြို့ ရပ်ကွက်()တွင်လည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား ဦး ဒဏ်ရာရခဲ့ပြီး မိုးမိတ်မြို့၊ မြောက်ပိုင်းရပ်ကွက်ရှိ နမ်းခမ်းအင်တွင်လည်း ဇူလိုင် ၁၃ ရက်နေ့ ၁၀ နာရီက အမျိုးသား ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါသေးတယ်။


၁၀၂၇ဒုတိယလှိုင်း ရှမ်း-မန်း စစ်ဆင်ရေး ရက် ၂၀ အတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၆၆ ဦးထိ သေဆုံးခဲ့ပြီး ၁၀၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းစစ်သွေးနဲ့ ခါးရှဲလ်ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment