1st JUL 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဇူလိုင်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံ ဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီးချုပ်တက်ရောက်

📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖက်ဒရယ်ယူနစ် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

📌 ၃။ "ပြည်သူမုန်းတဲ့ ရာဇဝတ် ကောင်အဖြစ်ခံမလား ၊ပြည်သူချစ်တဲ့ ပြုပြင်ပြောင်းလဲရေး  လုပ်မလား"လို့ နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်မေးခွန်းထုတ်

📌 ၄။ ကဏ္ဍအသီးသီးကနေတက်ညီလက်ညီ ဘုံရန်သူကို အုံကြွတွန်းလှန် ဖြုတ်ချချိန် တန်နေပြီလို့ ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိူင်ဆို

📌 ၅။ စစ်ရေးနှင့်အတူလူထုတိုက်ပွဲအပါအဝင်သံဃာသပိတ်နှင့်ပါပေါင်းပြီး တော်လှန်ရေးကိုအမြန်အဆုံးသတ်နိူင်လိမ့်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၆။ စကစရဲ့ ဗဟိုဘဏ် ဟာ တိုင်းပြည်အကျိုးမလုပ်ပဲ၊ စစ်တပ် အကျိုးသာ လုပ်ဆောင်နေတယ်လို့ဆို

📌 ၇။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင်  သံဃာတော်များ ပတ္တနိက္ကုဇ္ဇန ကံဆောင်ကာ သပိတ်မှောက်ဆန္ဒပြ

📌 ၈။ ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖြောင်းမြို့နယ်ရုံးမှာ ကျင်းပတဲ့ စစ်ဘေးရှောင် မြန်မာကလေး သူငယ်များ အာဟာရအတွက် ရန်ပုံငွေရှာဖွေပွဲ အောင်မြင်စွာဖြင့် ပြီးဆုံးကာ  ၀မ်သိန်း ၈၀နီးပါး ရရှိ


၂၀၂၄ ခုနှစ် ဇူလိုင်လ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် စစ်တပ်က တိုက်လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်၍ လူနေအိမ်များထိခိုက်ပျက်စီး

🚩 ၂။ ၁၀၂၇ စစ်ဆင်ရေးမှာ စကစဘက်ကအလူးအလဲခံနေရပြီး လက်နက်ကြီးနှင့်လေကြောင်းပစ်ကူများအသုံးပြုနေရ

🚩 ၃။ မန္တလေးတိုင်း မန္တလေးခရိုင် အောင်မြေသာဇံမြို့နယ် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း ၉၁၀ တပ်ကြပ်တဦးလက်နက်နှင့်အတကွ ပြည်သူ့ရင်ခွင်ခိုလှုံ

🚩 ၄။ နတ်သံကွင်း ကျောက်ကြီးမူသယ်မှတပ်မဟာ၅ နယ်စပ်အထိ() လတာ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ နှစ်ရာကျော်သေဆုံးပြီး တစ်ရာကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံ ဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီးချုပ်တက်ရောက်


ဇူလိုင်၁ရက်


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံ ဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတက်ရောက်ခဲ့ပါတယ်။


တွေ့ဆုံမှုကို ဇွန်လ (၂၈)ရက်နေ့ မနက်(၁၁:၀၀)နာရီတွင် ကျင်းပခဲ့ပါတယ်။


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံ ဆွေးနွေးမှုကိုလုပ်ဆောင်ခဲ့တယ်လို့ဖော်ပြပါတယ်။


စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဟာ တာဝန်ရှိသူများနှင့်ဆက်တိုက်တွေ့ဆုံ၍ တော်လှန်ရေးကိစ္စရပ်များကို ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖက်ဒရယ်ယူနစ် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး


ဇူလိုင်၁ရက်


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့၊ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်မှ လွှတ်တော်ကိုယ်စားလှယ်များက စစ်ကိုင်းတိုင်းဒေသကြီးရှိ မြေပြင်အခြေအနေတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ဆောင်ရွက်နေသော လုပ်ငန်းစဉ်များ၊ ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ သုံးသပ်ချက်များ၊ သယံဇာတနှင့် ဘဏ္ဍာရေးဆိုင်ရာ သုံးသပ်ချက်များကို တင်ပြခဲ့ပြီး CRPH မှ တာဝန်ရှိသူများနှင့် အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။


အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီ () ခုမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ "ပြည်သူမုန်းတဲ့ ရာဇဝတ် ကောင်အဖြစ်ခံမလား ၊ပြည်သူချစ်တဲ့ ပြုပြင်ပြောင်းလဲရေး  လုပ်မလား"လို့ နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်မေးခွန်းထုတ်


ဇူလိုင်၁ရက်


"ပြည်သူမုန်းတဲ့ ရာဇဝတ် ကောင်အဖြစ်ခံမလား ၊ပြည်သူချစ်တဲ့ ပြုပြင်ပြောင်းလဲရေး  လုပ်မလား"လို့ နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကအကြမ်းဖက်စစ်အုပ်စုကို ရည်ရွယ်မေးခွန်းထုတ်ဆိုလိုက်ပါတယ်။


ဇူလိုင်၁ရက်နေ့မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် နိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကဆိုပါတယ်။


"ဩစတေးလျ ပါလီမန် ထဲ ဒီနေ့ရောက်တော့ -Governor အသစ် ကျမ်းသစ္စာဆိုတဲ့ ပွဲနဲ့တိုးတယ်။ တွေ့စရာရှိတဲ့ အစည်းအဝေး ပြီး တော့ ပြန်အထွက် ဝန်ကြီးချုပ် အလေးပြုခံ စင်မြင့်က ပြန်အထွက် နဲ့ ကြုံပြန်ရော Democratic Civilian Control နဲ့ ဂုဏ်သိက္ခာရှိတဲ့ တပ်မတော် အစိတ်အပိုင်း နဲ့ စစ်ချီစစ်မောင်းသံ ကိုမြင်ရတွေ့ရ ကြားရတာ - ကျက်သရေ ရှိလိုက်တာလို့ မုဒိတာပွါးရပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့တိုင်းပြည်မှာ ဒီလိုတပ်မတော်မျိုးမှ မရှိပဲ။ ပြည်သူကို ဂုတ်ခွစီးပြီး ပဒေသရာဇ် နဲ့ အာဏာရှင် အတွေးအခေါ်နဲ့ ပြည်သူကိုကျွန်ဇတ်သွင်း လိုတဲ့ အတွေးမခေါ်နဲ့ အကြမ်းဖက်တပ် ပဲ ရှိတာ။ ပြုပြင်ပြောင်းလဲ ချင်စိတ်ရှိရင် ဂုဏ်သိက္ခာရှိရှိ ပြုပြင်ပြောင်းလဲ ခွင့် ရှိခဲ့ပါလျက်နဲ့ တိုင်းပြည်ကို ဂျောက်ထဲ ဆွဲ ချတဲ့ တပ်ပဲ ရှိနေတာ တွေး မိတော့ မျက်ရည်ဝဲ မိတယ်။ သတ္တိရှိ တဲ့ ပြုပြင်ပြောင်းလဲ လိုတဲ့ တပ်မတော်သား တွေ တပ်ခေါင်းဆောင်တွေ critical mass အထိဖြစ်လာဖို့ တော်လှန်ရေးက ဆက်ရလိမ့်အုံးပါမယ်။ပြည်သူမုန်းတဲ့ ရာဇဝတ် ကောင်အဖြစ်ခံမလား စစ်ရာဇဝတ်ကောင်နဲ့ အမှုတွဲ အဖြစ်ဆက်နေမလား ပြည်သူချစ်တဲ့ ပြုပြင်ပြောင်းလဲရေး  လုပ်မလား။ဒီမေးခွန်းကိုတော့ သတ္တိရှိရှိ မေးကြ ဖြေကြရလိမ့်မယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာအကြမ်းဖက်စကစတပ်က တပ်ဖွဲ့ဝက်များဟာလက်နက်နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံခိုလှုံလျက်ရှိပါတယ်။


========================


📌📌 ၄။ ကဏ္ဍအသီးသီးကနေတက်ညီလက်ညီ ဘုံရန်သူကို အုံကြွတွန်းလှန် ဖြုတ်ချချိန် တန်နေပြီလို့ ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိူင်ဆို


ဇူလိုင်၁ရက်


ကဏ္ဍအသီးသီးကနေတက်ညီလက်ညီ ဘုံရန်သူကို အုံကြွတွန်းလှန် ဖြုတ်ချချိန် တန်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်ကဇူလိုင်လ၁ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့်ပြောပါတယ်။


"City Mart ဆိုတာ.. မြန်မာနိုင်ငံရဲ့ အကြီးဆုံး စူပါမားကတ်ချိန်းတခု ဖြစ်ပြီး Aeon ဆိုတာကလည်း ဂျပန်ရဲ့ အကြီးအဆုံး စူးပါမားကတ်ချိန်းတခု ဖြစ်ပါတယ်။အခုတော့.. စစ်အာဏာရူးတွေလက်ချက်နဲ့ အမှုအခင်းတွေဖြစ်၊ အဖမ်းအဆီးတွေ ခံကြရပြီ။အာဏာရှင်ရဲ့ ယုတ်ကမ်းမှုနဲ့ ဆိုးကျိုးသက်ရောက်မှုလှိုင်းက ဒီပွဲကို အမြန် အပြတ်မဖြတ်နိုင်ရင် အကြားအလပ်မရှိ ဒီထက်ပိုဆိုးလာဖို့ပဲ ရှိပါတယ်..။စစ်ရေးနည်းလမ်းတခုကိုပဲ ပုံအောမျှော်လင့်နေတာထက်.. ကဏ္ဍအသီးသီးက.. တက်ညီလက်ညီ ဘုံရန်သူကို အုံကြွတွန်းလှန် ဖြုတ်ချချိန် တန်နေပါပြီ"လို့ဝန်ကြီးကဆိုပါတယ်။


အကြမ်းစကစဟာ ကုန်စျေးနှုန်းကြီးမြင့်မှုအကြောင်းပြ၍ ရွှေကုန်သည်၊ဆန်ကုန်သည်စတဲ့လုပ်ငန်းရှင်များကိုအကြောင်းပြဖမ်းဆီးပြီး အဓမ္မသိမ်းယူမှုများကျုးလွန်လျက်ရှိပါတယ်။


========================


📌📌 ၅။ စစ်ရေးနှင့်အတူလူထုတိုက်ပွဲအပါအဝင်သံဃာသပိတ်နှင့်ပါပေါင်းပြီး တော်လှန်ရေးကိုအမြန်အဆုံးသတ်နိူင်လိမ့်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား


ဇူလိုင်၁ရက်


စစ်ရေးနှင့်အတူလူထုတိုက်ပွဲအပါအဝင်သံဃာသပိတ်နှင့်ပါပေါင်းပြီး တော်လှန်ရေးကိုအမြန်အဆုံးသတ်နိူင်လိမ့်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဇွန်လအတွင်းပြည်သူမှပြည်သူသို့အစီအစဥ်မှာ ပြောပါတယ်။


"ဒီအချိန်မှာတဖက်ကလည်းပဲငြိမ်းချမ်းစွာဆန္ဒပြတာကိုလက်နက်နဲ့ဖြေရှင်းခဲ့လို့လက်နက်ကိုင်တော်လှန်ရေး လုပ်နေတယ်။စစ်ရေးအရ လက်နက်ကိုင် တော်လှန်ရေးကလည်းအောင်မြင်မှုတွေရနေတယ်။အဲဒါနဲ့အတူပြည်သူလူထုရဲ့လူထုတိုက်ပွဲရယ်၊အခုလိုသာသနာရေးအရ ဆရာတော်တွေ၊သံဃာတော်တွေစစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ဆန္ဒဖော်ထုတ်ပွဲတွေရယ်ပေါင်းပြီးဒီတော်လှန်ရေးကိုအမြန်ဆုံး အဆုံးသတ်နိူင်လိမ့်မယ်။အဆုံးသတ်ဖို့လိုတယ်"လို့ဝန်ကြီးကဆိုပါတယ်။


တိုင်းရင်းသားမဟာမိတ်တွေနဲ့ ပူးပေါင်းဆက်ဆံရေးဟာ ပြည်တွင်းတော်လှန်ရေးမှာသာမကဘဲ နိုင်ငံတကာဆက်ဆံရေးမှာပါ တိုးမြှင့်ဆောင်ရွက်နိုင်ပြီဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၆။ စကစရဲ့ ဗဟိုဘဏ် ဟာ တိုင်းပြည်အကျိုးမလုပ်ပဲ၊ စစ်တပ် အကျိုးသာ လုပ်ဆောင်နေတယ်လို့ဆို


ဇူလိုင်၁ရက်


စကစရဲ့ ဗဟိုဘဏ်ဟာ တိုင်းပြည်အကျိုးမလုပ်ပဲ၊ စစ်တပ် အကျိုးသာ လုပ်ဆောင်နေတယ်လို့ဒုဝန်ကြီး ဦးမော်ထွန်းအောင်က ဇူလိုင်၁ရက်မှာ ဆိုရှယ်မီဒီယာမှာ သုံးသပ်ဆိုထားပါတယ်။


"စကစ ဗဟိုဘဏ် ဟာ တိုင်းပြည်အကျိုးမလုပ်ပဲ၊ စစ်တပ် အကျိုးသာ လုပ်ဆောင်နေတယ်ဆိုတဲ့ သက်သေဖြစ်ပါတယ်။ဒီမိုကရေစီ နိုင်ငံ တွေမှာ ဗဟိုဘဏ်တွေဟာ သီးသန့် လွတ်လပ်တဲ့ အဖွဲ့အစည်း အနေနဲ့ ရပ်တည်ရပါတယ်။သူ့လုပ်ငန်းတာဝန်က နိုင်ငံရေး တာဝန်မဟုတ်ပါဘူး၊ နိုင်ငံ့တာဝန်ဖြစ်တယ်။ဆိုလိုတာက အစိုးရ က သူ့ မူဝါဒအရ၊ အသုံးအစွဲ အစီအစဉ်တွေပြောင်းမယ်၊ ဦးစားပေးပြောင်း မယ်။ဒါတွေ နောက်လိုက်ပြီး ဗဟိုဘဏ်က နောက်လိုက်လို့ မရပါဘူး။ကုန်စျေးနှုန်း၊ နိုင်ငံခြားငွေစျေး တွေကို နိုင်ငံ့ အကျိုး နဲ့ အညီ စီမံခနိ့ခွဲရပါတယ်။

စကစ မှာ လေယာဉ်ဆီ မပြတ်လပ်ရေး၊ ရုရှ ထရိန်နာ တွေလစာ မပြတ်လပ်ရေး၊ ဗုံးသီး၊ ဗုံးဆံ မပြတ်လပ်ရေး ဦးစားပေးတဲ့ အခါ သွေးတိုး ဆီးချို၊ ကင်ဆာလူနာ တွေအတွက် ဆေးတွေပြတ်လပ်သွားတယ်။စားအုန်းဆီ ပဲစားရတဲ့ သူတွေ စျေးကြီးပေးရတယ်၊ လျှပ်စစ်မီး တွေ ပြတ်လပ်ကုန်တယ်။ပေါ်လစီ နဲ့လည်း လူသတ်နေတဲ့ စကစ ဗဟိုဘဏ် ဥက္ကဌ သန်းသန်းဆွေ ဖြစ်တယ်"လို့ဆိုပါတယ်။


လက်ရှိမှာစကစရဲ့ဗဟိုဘဏ်ဟာ အမိန့်ညွှန်ကြားချက်များထုတ်ပြန်သော်လည်းစကစရဲ့အလိုကျရပ်တည်ပေးလျက်ရှိပါတယ်။


========================


📌📌 ၇။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင်  သံဃာတော်များ ပတ္တနိက္ကုဇ္ဇန ကံဆောင်ကာ သပိတ်မှောက်ဆန္ဒပြ


တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင်  သံဃာတော်များ ပတ္တနိက္ကုဇ္ဇန ကံဆောင်ကာ သပိတ်မှောက်ဆန္ဒပြခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


ဇွန်လ ၃၀ ရက်နေ့က ထားဝယ်မြို့တွင် သံဃာတော်များက  ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ခဲ့ကြပါတယ်။


သံဃာတော်များက သာသနာ့အလံအားလွှင့်ထူပြီး "တိုင်းပြည်နှင့်သာသနာကို ဖျက်ဆီးနေသာ အကြမ်းဖက်စစ်တပ်အလိုမရှိ"ဘန်နာကိုကိုင်ဆွဲ ဆန္ဒပြခဲ့ကြပါတယ်။


ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ခြင်းကို ၂၀၂၄ခု နှစ်ဇွန်လ ၂၃ရက်က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှ စတင်ခဲ့ပါတယ်။


ထို့နောက်ဒီပဲယင်း၊ ဆားလင်းကြီး၊ တန့်ဆည်၊ စစ်ကိုင်း၊ မုံရွာ၊ဝက်လက်၊အရာတော်၊ ဘုတလင်နှင့် မြင်းမူမြို့နယ်၊မြိုင်မြို့နယ်၊ပခုက္ကူမြို့နယ်နှင့်ယခုအခါထားဝယ်မြို့နယ်ပါ ပါဝင်လာပြီဖြစ်ပါတယ်။


========================


📌📌 ၈။ ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖြောင်းမြို့နယ်ရုံးမှာ ကျင်းပတဲ့ စစ်ဘေးရှောင် မြန်မာကလေး သူငယ်များ အာဟာရအတွက် ရန်ပုံငွေရှာဖွေပွဲ အောင်မြင်စွာဖြင့် ပြီးဆုံးကာ  ၀မ်သိန်း ၈၀နီးပါး ရရှိ


ဇူလိုင်၁ရက်


ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖြောင်းမြို့နယ်ရုံးမှာ ကျင်းပတဲ့ စစ်ဘေးရှောင် မြန်မာကလေး သူငယ်များ အာဟာရအတွက် ရန်ပုံငွေရှာဖွေပွဲ အောင်မြင်စွာဖြင့် ပြီးဆုံးကာ  ၀မ်သိန်း ၈၀နီးပါး ရရှိခဲ့ကြောင်းကို ဇူလိုင်၁ရက်နေ့မှာ  MFDMCကအသိပေးဆိုပါတယ်။


"ဇွန်လ၃၀ရက်မွန်းလွဲတနာရီအချိန် ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖြောင်းမြို့နယ်ရုံးမှာ ကျင်းပတဲ့ "မြန်မာ့ ကလေးငယ်များ အာဟာရ ပြည့်စုံဖို့ ကွတ်ကီးဘီစကစ်လှူကြပါစို့" ဆိုတဲ့စစ်ဘေးရှောင် မြန်မာကလေး သူငယ်များ အာဟာရအတွက် ကွတ်ကီးမုန့်ကူညီပေး ရန်ပုံငွေရှာဖွေပွဲ အောင်မြင်စွာဖြင့် ပြီးဆုံးသွားပါပြီ။ မြန်မာ့အရေးကို ကူညီ ထောက်ပို့ ပေးနေတဲ့ ခိုခိုအဖွဲ့၊ ဂဲသုန်း ကလေးသူငယ် တေးဂီတအဖွဲ၊ Real Feelings Band YAM မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMCတို့က ပူးပေါင်း ကျင်းပခဲ့ပြီး စေတနာရှင် အလှူရှင်များရဲ့ ထောက်ပံ့ငွေ ၀မ်သိန်း ၈၀နီးပါး ရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။


သြဂုတ်လ၁၀ရက်နေ့တွင်လည်းကိုရီးယားအန်းဒုန်မြို့မှာ ကျင်းပဖို့ ရှိနေသေးကြောင်းသိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် စစ်တပ်က တိုက်လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်၍ လူနေအိမ်များထိခိုက်ပျက်စီး


ဇူလိုင်၁ရက်


ဇွန်လ ၃၀ ရက်နေ့ ၁၁ နာရီ ၄၀အချိန် စစ်ကောင်စီတပ်က ကျောက်မဲမြို့ပေါ်ကို ဗုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်များထံကသိရပါတယ်။


ဗုံးထိမှန်၍ ပင်လုံလမ်း One luck Hotel ပျက်စီးသွားပြီး လူနေအိမ် ၁၅ လုံးထက်မနည်းထိခိုက်ပျက်စီးခဲ့ပါတယ်။


လက်ရှိမှာ ကျောက်မဲတွင် စစ်ကောင်စီ၏ နောက်ဆုံးစခန်းမှာ ခမရ ၅၀၁ နှင့် ၅၀၂တို့ဖြစ်ကြပါတယ်။


========================


🚩🚩 ၂။ ၁၀၂၇ စစ်ဆင်ရေးမှာ စကစဘက်ကအလူးအလဲခံနေရပြီး လက်နက်ကြီးနှင့်လေကြောင်းပစ်ကူများအသုံးပြုနေရ


ဇူလိုင်၁ရက်


၁၀၂၇ စစ်ဆင်ရေးမှာ စကစဘက်ကအလူးအလဲခံနေရပြီး လက်နက်ကြီးနှင့်လေကြောင်းပစ်ကူများအသုံးပြုနေရတယ်လို့သတင်းရရှိပါတယ်။


ဇွန်လ (၃၀)ရက်တအာင်းပြည် တပ်မဟာ () စစ်ဒေသ မိုးကုတ်မြို့ စစ်ကောင်စီ၏ ရွှေမျက်ဝန်းတပ်စခန်းအား တအာင်းတပ်မတော် TNLA မှ နံနက် ()နာရီအချိန်၌ စတင်တိုက်ခိုက်ပြီး ညနေ ()နာရီအချိန်တွင် သိမ်းပိုက်နိုင်ခဲ့ပြီးမိုးကုတ်မြို့နယ် ရွှေသာယာ၌ ညနေ (၂း၂၅)နာရီမှ (၄း၃၀)နာရီအထိ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ (၆၀)မမ လက်နက်ကြီးများ(၁၄)လုံး အသုံးပြု တိုက်ခိုက်ပါတယ်။


မိုးကုတ်မြို့နယ်တွင် တအာင်းတပ်မတော် TNLA, PDF(မိုးကုတ်ဗျူဟာ) PDF(513)နှင့် မိုးကုတ် ပကဖ ပူးပေါင်းတပ်တို့ စစ်ကောင်စီတပ်များအား တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


တပ်မဟာ () စစ်ဒေသ နောင်ချိုမြို့ ကောင်းတပ် ခမရ (၆၀၆)တပ်စခန်းအား တအာင်းတပ်မတော် TNLA, DPLA, MDY-PDF တို့ ဒီကနေ့ ညနေ (၄း၁၄)အချိန်တွင် ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ဇွန်လ(၂၉) ရက်တွင် နောင်ချိုမြို့ စစ်ကောင်စီတပ်ရင်း (၆၀၆)တပ်စခန်းတွင် (၁၀း၂၅)အချိန်၌ စစ်ကောင်စီဘက်မှ MI-35 ဖြင့် ဗုံး()လုံးလာရောက်ကြဲချခဲ့ပါတယ်။


========================


🚩🚩 ၃။ မန္တလေးတိုင်း မန္တလေးခရိုင် အောင်မြေသာဇံမြို့နယ် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း ၉၁၀ တပ်ကြပ်တဦးလက်နက်နှင့်အတကွ ပြည်သူ့ရင်ခွင်ခိုလှုံ


ဇူလိုင်၁ရက်


မန္တလေးတိုင်း မန္တလေးခရိုင် အောင်မြေသာဇံမြို့နယ် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း ၉၁၀ တပ်ကြပ်တဦးလက်နက်နှင့်အတကွ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ပါတယ်။


ဇွန်လ၃၀ရက်မှာ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၂၀)ကအသိပေးဖော်ပြပါတယ်။


 မန္တလေးတိုင်း မန္တလေးခရိုင် အောင်မြေသာဇံမြို့နယ် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း ၉၁၀ တပ်ကြပ်သည်  မန္တလေးတိုင်း မတ္တရာမြို့နယ် သုံးဆယ်ပေးရွာမှမေလ ၁၅ရက်နေ့တွင် ကျွန်တော်တို့ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၂၀)သို့  လက်နက်နှင့်အတကွ ပြည်သူ့ရင်ခွင့်ထံသို့ခိုလှုံရန် ချိတ်ဆက်လာတယ်လို့ဖော်ပြပါတယ်။


ထို့နောက်ဇွန်လ၃၀ရက်နေ့တွင် တပ်ရင်းမှူးနှင့်တကွ ရဲဘော်များ၊ ပြည်သူများမှ နွေးထွေးစွာ ကြိုဆိုခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


🚩🚩 ၄။ နတ်သံကွင်း ကျောက်ကြီးမူသယ်မှတပ်မဟာ၅ နယ်စပ်အထိ() လတာ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ နှစ်ရာကျော်သေဆုံးပြီး တစ်ရာကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့


ဇူလိုင်လ () ရက်


 နတ်သံကွင်း ကျောက်ကြီးမူသယ်မှတပ်မဟာ၅ နယ်စပ်အထိ() လတာ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ နှစ်ရာကျော်သေဆုံးပြီး တစ်ရာကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။


ဇူလိုင်၁ရက်မှာ ကေအဲန်ယူဗဟိုကစစ်ရေးသတင်းကိုအတည်ပြုဖော်ပြပါတယ်။


ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်အတွင်းရှိ  ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း () နယ်မြေဖြစ်သော နတ်သံကွင်း ကျောက်ကြီးမူသယ်မှတပ်မဟာ၅ နယ်စပ်အထိ  ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ()ရက်နေမှ ဇွန်လ (၃၀) ရက် နေ့အထိ ခြောက်လအတွင်း  ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း () နှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်များအကြား တိုက်ပွဲပေါင်း (၉၆) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ဖော်ပြပါတယ်။


 ထိုတိုက်ပွဲများအတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ (၂၇၃)ဦး သေဆုံးခဲ့ရပြီး (၁၅၁)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရတယ်လို့သိရပါတယ်။


ထိုတိုက်ပွဲများအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ရိက္ခာပို့ရာတွင် အသုံးပြုသော မြင်း (၆၂) ကောင် သေဆုံးပြီး အကောင် (၄၀) မှာ ထိခိုက်ဒဏ်ရာရှိခဲ့ကာ စစ်သုံးကား () စီးနှင့် ဆိုင်ကယ် () စီးတို့မှာလည်း ထိခိုက်ပျက်စီးခဲ့ရကာ ၎င်းတို့ထံမှ MA-1 () လက် MA ကျည် (၁၂၀၀) တောင့်၊ M-14 ()လုံး၊ 60 MM ()လုံး နှင့် မြင်း () ကောင်ကို  ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (K.N.D.O) မှ သိမ်းဆည်း ရမိခဲ့ပါတယ်။


ထို့အပြင် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) မှ တပ်ဖွဲ့ဝင် ()ဦး မှာ တိုင်ပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူခဲ့ရပြီး (၁၇)ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment