28th JUL 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဇူလိုင်လ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်း ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင်နှင့် တွေ့ဆုံ၍အကြမ်းဖက်စစ်အုပ်စုပေါ်တွင် နိုင်ငံတကာမှ အရေးယူဆောင်ရွက်နေမှု အခြေအနေများဆွေးနွေးခဲ့

📌 ၂။ စစ်အာဏာရှင် အဆုံးသတ်ရေး ကြိုးစားနေကြတဲ့ အင်အားစုတွေကို အပြစ်တင်၊ အပြစ်မြင်နေတာမျိုးက ဖက်ဒရယ် ဒီမိုကရစီလိုချင်သူတွေ ဟုတ်ရဲ့လားလို့ ချက်သမ္မတနိူင်ငံNUGကိုယ်စားလှယ်မေးခွန်းထုတ်

📌 ၃။ လက်တကမ်းရောက်နေပြီဖြစ်တဲ့ နွေဦးအောင်ပွဲအတွက် ဝင်ရောက်စွက်ဖက်နေကြသူတွေ ပေါ်ပေါက်လာတာတွေ့နေရတယ်လို့ ဘီလင်းအမတ်ဒေါ်သီရိရတနာအသိပေးဆို

📌 ၄။ EuroSEAS 2024 တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဒေါ်နန်းဆုမွန်အောင် ပါဝင်ဆွေးနွေးခဲ့

📌 ၅။ မြန်မာ့စီးပွားရေးဘဏ် (MEB)နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)တို့ကို နိုင်ငံတကာမှ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ရန် တိုက်တွန်းထားသည့် ပူးတွဲထုတ်ပြန်ချက်ကိုထိုင်းနိုင်ငံ၊ ပြည်သူ့လွှတ်တော် (ဗဟိုဌာန) အသနားခံစာ တရား၀င်လက်ခံခြင်းဌာန၌ အမျိုးသားလုံခြုံရေး၊ ထိုင်းနယ်စပ်ရေးရာ၊ အမျိုးသား မဟာဗျူဟာနှင့် နိုင်ငံပြုပြင်ပြောင်းလဲရေး ကော်မတီ ဥက္ကဋ္ဌ Mr. Rangsiman Rome ထံပေးပို့ခဲ့

📌 ၆။ ညောင်လေးပင်ခရိုင်အတွင်းရှိ ရေဘေးသင့် ဒေသခံပြည်သူလူထုများအတွက် အရေးပေါ်လူသားခြင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျှက်ရှိ

📌 ၇။ မန္တလေး မြို့ပြပြောက်ကျားတပ်ဖွဲ့အတွက် သိန်းနှစ်ဆယ်ကျပ်ကို ဆရာတော်မင်းသုည ဗုဒ္ဓတက္ကသိုလ်နှင့်ဒကာ၊ ဒကာမများကထောက်ပံ့လှူဒါန်းပေးခဲ့


၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ လားရှိုး အမှတ် ၉၁၂ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ ဟိုပိတ် တိုးဂိတ်နှင့် ခလရ ၄၁ တပ်ရင်း သိမ်းပိုက်ထားသည့် ရုပ်သံများ MNDAAထုတ်ပြန်

🚩 ၂။ ၁၀၂၇ စစ်ဆင်ရေး(အပိုင်း-) ၃၃ ရက်မြောက်တွင် ကျောက်မဲနဲ့ မိုးမိတ်မြို့များမှာ တိုက်ပွဲဆက်လက် ဖြစ်ပွား

🚩 ၃။ ကျောက်နီမော် တာဝါတိုင်ကုန်းမှ ဆင်းလာတဲ့ စစ်ကောင်စီ တပ်သား ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

🚩 ၄။ သပိတ်ကျင်း မြို့နယ်က တွင်းငယ် ရဲစခန်းနှင့် တကောင်းတောင်ပေါ် ရဲစခန်းအား သိမ်းပိုက်ရရှိ

🚩 ၅။ ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့အား နှစ်ရက်ဆက် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

🚩 ၆။ လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်အတွင်း စစ်ကြောင်းဖြန့်၍ စစ်ရေးလှုပ်ရှားလာသော စစ်ကောင်စီတပ်ဖွဲ့များမှာ ဇူလိုင်လ()ရက်နေ့မှစ၍ မီးရှို့ဖျက်ဆီးခြင်းကြောင့် မိုင်းလုံး ရွာတန်းရှည် ရပ်ကွက်များထဲရှိ ပြည်သူလူထုနေအိမ်(၆၀)ကျော် မီးလောင်ပျက်ဆီးခဲ့

🚩 ၇။ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ရေးအသိ စစ်ရေးသတိ မပေါ့လျော့ပဲ မိမိတို့နှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ကြပါရန် မန္တလေး PDF တိုက်တွန်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်း ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင်နှင့် တွေ့ဆုံ၍အကြမ်းဖက်စစ်အုပ်စုပေါ်တွင် နိုင်ငံတကာမှ အရေးယူဆောင်ရွက်နေမှု အခြေအနေများဆွေးနွေးခဲ့


ဇူလိုင်လ ၂၇ရက်။

Radio NUG

ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်း ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင်နှင့် တွေ့ဆုံ၍အကြမ်းဖက်စစ်အုပ်စုပေါ်တွင် နိုင်ငံတကာမှ အရေးယူဆောင်ရွက်နေမှုအခြေအနေများ ဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။


လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်းနှင့် မြန်မာ့အရေးကို လှုပ်ရှားဆောင်ရွက်နေသည့် မြန်မာနှင့် ဖိလစ်ပင်းတက်ကြွ လှုပ်ရှားသူများအဖွဲ့သည် ဇူလိုင်လ (၂၆)ရက်နေ့က ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင် (Commission On Human Rights Philippines) ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။


ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင်(Commission On Human Rights-Phillippines)ဥက္ကဋ္ဌ Hon.Richard P.Palpal-Latoc နှင့် ကော်မရှင်နာ Hon.Faydah Maniri Dumarpaတို့နှင့် တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက အကြမ်းဖက်စစ်အုပ်စုပေါ်တွင် နိုင်ငံတကာမှ အရေးယူဆောင်ရွက်နေမှုအခြေအနေများ၊လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်၍ တာဝန်ခံမှုနှင့် သက်ဆိုင်သော လှုပ်ရှားတောင်းဆိုမှုများအခြေအနေနှင့် ဖိလစ်ပိုင်နိုင်ငံနှင့် အစိုးရ၏ မြန်မာနိုင်ငံအပေါ် သဘောထားများနှင့် ပတ်သက်၍ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။


ဖိလစ်ပိုင်လူ့အခွင့်အရေးကော်မရှင်အနေနှင့် မြန်မာ့အရေးတက်ကြွလှုပ်ရှားနေသည့်  အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေကို ပိုမိုသိရှိနားလည်အောင် ဆောင်ရွက်ပြီးနိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။


ထို့ပြင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းရန်ကြိုးပမ်းစဉ်ကစ၍ ယခုအချိန်အထိ အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကိုထုတ်ဖော်ပြောကြားခြင်း၊ ချိုးဖောက်ခံပြည်သူများနှင့် ရပ်တည်ချက် အလျဉ်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စုဘက်တွင် ရပ်တည်နေသည့် အခြေအနေများ၊ ပြည်သူလူထု၏ လေးစားယုံကြည် အားကိုးမှု ပျောက်ဆုံးနေသည့် အခြေအနေများကို တက်ရောက်လာသူများက တင်ပြခဲ့ကြပါတယ်။


မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်သည် ပဲရစ်မူဝါဒ နှင့်အညီ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စွမ်းစွမ်းတမံတားဆီးခြင်း၊ လူ့အခွင့်အရေး ပညာပေးမြှင့်တင်ခြင်းလုပ်ငန်းများ လုပ်ဆောင်နိုင်မှု မရှိခြင်းကြောင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ပါဝင်နေသည့် ဒေသတွင်းဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းများတွင် အသိအမှတ်ပြုခြင်းမပြုရန် တောင်းဆိုခဲ့ပါတယ်။


========================


📌📌 ၂။ စစ်အာဏာရှင် အဆုံးသတ်ရေး ကြိုးစားနေကြတဲ့ အင်အားစုတွေကို အပြစ်တင်၊ အပြစ်မြင်နေတာမျိုးက ဖက်ဒရယ် ဒီမိုကရစီလိုချင်သူတွေ ဟုတ်ရဲ့လားလို့ ချက်သမ္မတနိူင်ငံNUGကိုယ်စားလှယ်မေးခွန်းထုတ်


ဇူလိုင်လ ၂၇ရက်။

Radio NUG

စစ်အာဏာရှင် အဆုံးသတ်ရေး ကြိုးစားနေကြတဲ့ အင်အားစုတွေကို အပြစ်တင်၊ အပြစ်မြင်နေတာမျိုးက ဖက်ဒရယ် ဒီမိုကရစီလိုချင်သူတွေ ဟုတ်ရဲ့လားလို့ ချက်သမ္မတနိုင်ငံNUGကိုယ်စားလှယ်ဦးလင်းသန့်က မေးခွန်းထုတ်ဆိုလိုက်ပါတယ်။


ဇူလိုင်၂၇ရက် ဆိုရှယ်မီဒီယာမှာ ချက်သမ္မတနိုင်ငံNUGကိုယ်စားလှယ်ဦးလင်းသန့်ကဆိုထားပါတယ်။


"ဘောင်ကျယ်လာတယ်ဆိုတဲ့ မြန်မာပြည်အနှံ့က စစ်ပွဲတွေဟာ ဘာကြောင့် ဖြစ်ပေါ်လာရသလဲ။ စစ်အာဏာသိမ်းတာ လက်မခံလို့ မြန်မာနိုင်ငံသားတွေဟာ နိုင်ငံရေးအရ အဆင့်မြင့်တဲ့ ငြိမ်းချမ်းစွာ တောင်းဆိုခဲ့စဥ်က စစ်တပ်က သေနတ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ရာက ခြေရာခံခဲ့တာ။ နိုင်ငံသားတွေဟာ နောက်ဆုံးမှာ မလွှဲသာ မရှောင်သာတော့ပဲ မိမိကိုယ်ကို ခုခံကာကွယ်ဖို့ သေစေတဲ့ သေနတ်တွေ စစ်လက်နက်တွေ ကိုင်ဆောင်ခဲ့ကြရတယ်။ စစ်တပ်က တသက်လုံး လက်နက်အားကိုးနဲ့ အနိုင်ကျင့်ခဲ့တာတွေဟာ မေ့ပစ်စရာလား။ စစ်တပ်က တသက်လုံး မဟုတ်တာ လုပ်ပြီး ကတိမတည်ခဲ့တာတွေကို ဘုံထုတ်ကာ ပြောဖို့ ချန်ထားပြီး စစ်အာဏာရှင် အဆုံးသတ်ရေး ကြိုးစားနေကြတဲ့ အင်အားစုတွေကို အပြစ်တင်၊ အပြစ်မြင်နေတာမျိုးက ဖက်ဒရယ် ဒီမိုကရစီလိုချင်သူတွေမှ ဟုတ်ပါရဲ့လား စစ်အာဏာသက်ဆိုးရှည်ရေးအတွက် အိမ်ဖြည့်ကစားပေးတဲ့ အဆင်ထဲကလား မိမိကိုယ်မိမိသုံးသပ်ကြည့်စေချင်တယ်"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့မှာ စစ်အုပ်စုက နိုင်ငံတော်အာဏာကို လုယူခဲ့ပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနှင့်အတူ နွေဦးတော်လှန်ရေးကပေါ်ပေါက်ခဲ့ပါတယ်။


========================


📌📌 ၃။ လက်တကမ်းရောက်နေပြီဖြစ်တဲ့ နွေဦးအောင်ပွဲအတွက် ဝင်ရောက်စွက်ဖက်နေကြသူတွေ ပေါ်ပေါက်လာတာတွေ့နေရတယ်လို့ ဘီလင်းအမတ်ဒေါ်သီရိရတနာအသိပေးဆို


ဇူလိုင်လ ၂၇ရက်။

Radio NUG

လက်တကမ်းရောက်နေပြီဖြစ်တဲ့ နွေဦးအောင်ပွဲအတွက် ဝင်ရောက်စွက်ဖက်နေကြသူတွေ ပေါ်ပေါက်လာတာတွေ့နေရတယ်လို့ ဘီလင်းအမတ်ဒေါ်သီရိရတနာ အသိပေးဆိုပါတယ်။


ဇူလိုင်၂၇ရက်ဆိုရှယ်မီဒီယာမှာ မွန်ပြည်နယ် ဘီလင်းလွှတ်တော်ကိုယ်စားလှယ်ဒေါ်သီရိရတနာကဆိုထားပါတယ်။


"ကျမတို့နိုင်ငံရဲ့ လက်တကမ်းရောက်နေပြီဖြစ်တဲ့ နွေဦးအောင်ပွဲအတွက် နောက်ဆုံးတိုက်ပွဲကို တိုင်းရင်းသားပြည်သူအားလုံးနဲ့အတူ တော်လှန်ရေးအင်အားစုတွေ ရုန်းကန်ကြိုးစား တိုက်ပွဲဝင်နေကြချိန်မှာ မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့ သဘောထားကို အလေးမထားပဲ ပြည်သူ့တော်လှန်ရေးကို ဟိုလိုလုပ်ပါ ဒီလိုလုပ်ပါ စသဖြင့် ကြေးဖြတ်ပြီး ဝင်ရောက်စွက်ဖက်နေကြသူတွေ ပေါ်ပေါက်လာတာတွေ့နေရပါတယ်။ သူတို့ရဲ့ အင်အားကို အသုံးပြုပြီး တော်လှန်ရေးရဲ့ အရှိန်အဟုန်ကို ရပ်တန့်စေဖို့ နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေးမှုတွေလဲ ရှိနေပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ဘယ်လောက်အင်အားကြီးကြီးကျမတို့ရဲ့အိမ်ပြန်လမ်းတွေကိုတားဆီးဖို့

ကျမတို့ခွင့်မပြုနိုင်ပါဘူး"လို့ဆိုထားပါတယ်။


တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးရဲ့ စိတ်ဆန္ဒနဲ့ ရည်မှန်းချက် မပြည့်မချင်းတော်လှန်ရေးကို မရပ်တန့်ဘူးဆိုတဲ့ ပြတ်သားတဲ့ သန္နိဌာန်ကို အားလုံး ထပ်မံပြသကြဖို့ ဒေါ်သိရီရတနာကတိုက်တွန်းထားပါတယ်။


========================


📌📌 ၄။ EuroSEAS 2024 တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဒေါ်နန်းဆုမွန်အောင် ပါဝင်ဆွေးနွေးခဲ့


ဇူလိုင်လ ၂၇ရက်။

Radio NUG

EuroSEAS 2024 တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါ်နန်းဆုမွန်အောင် ပါဝင်ဆွေးနွေးခဲ့ပါတယ်။


ဇူလိုင် ၂၄ ရက်နေ့၊ အမ်စတာဒမ်တက္ကသိုလ်တွင် ကျင်းပခဲ့သော ၁၃ ကြိမ်မြောက် EuroSEAS 2024 Conference တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် နန်းဆုမွန်အောင် ပါဝင်ဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။


"Configurations, power dynamics, and prospects in Myanmar since the 2021 military coup with a focus on the constitution and democratic state-building in Myanmar" ခေါင်းစဥ်ဖြင့်ဆွေးနွေးပွဲမှာ ပါဝင်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် စီစဥ်ခဲ့သော International IDEA အဖွဲ့ကိုကျေးဇူးတင်ရှိတယ်လို့ ပြင်သစ်နိူင်ငံNUGကိုယ်စားလှယ်ရုံးကဖော်ပြပါတယ်။


တက္ကသိုလ်အသီးသီးမှ မြန်မာ့အရေးအတွက်လေ့လာမှုများ ပြုလုပ်လျက်ရှိသော သုတေသနပညာရှင်များကိုလည်း ကျေးဇူးတင်ကြောင်းဖော်ပြထားပါတယ်။


========================


📌📌 ၅။ မြန်မာ့စီးပွားရေးဘဏ် (MEB)နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)တို့ကို နိုင်ငံတကာမှ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ရန် တိုက်တွန်းထားသည့် ပူးတွဲထုတ်ပြန်ချက်ကိုထိုင်းနိုင်ငံ၊ ပြည်သူ့လွှတ်တော် (ဗဟိုဌာန) အသနားခံစာ တရား၀င်လက်ခံခြင်းဌာန၌ အမျိုးသားလုံခြုံရေး၊ ထိုင်းနယ်စပ်ရေးရာ၊ အမျိုးသား မဟာဗျူဟာနှင့် နိုင်ငံပြုပြင်ပြောင်းလဲရေး ကော်မတီ ဥက္ကဋ္ဌ Mr. Rangsiman Rome ထံပေးပို့ခဲ့


ဇူလိုင်လ ၂၇ရက်။

Radio NUG

မြန်မာ့စီးပွားရေးဘဏ်(MEB)နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)တို့ကို နိုင်ငံတကာမှ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ရန် တိုက်တွန်းထားသည့် ပူးတွဲထုတ်ပြန်ချက်ကိုထိုင်းနိုင်ငံ၊ ပြည်သူ့လွှတ်တော် (ဗဟိုဌာန) အသနားခံစာ တရား၀င်လက်ခံခြင်းဌာန၌ အမျိုးသားလုံခြုံရေး၊ ထိုင်းနယ်စပ်ရေးရာ၊ အမျိုးသား မဟာဗျူဟာနှင့် နိုင်ငံပြုပြင်ပြောင်းလဲရေး ကော်မတီ ဥက္ကဋ္ဌ Mr. Rangsiman Rome ထံပေးပို့ခဲ့ပါတယ်။


ဇူလိုင်၂၇ရက်မှာသွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ကဖော်ပြပါတယ်။


ပြည်တွင်းနှင့် နိုင်ငံတကာရှိ အရပ်ဘက်အဖွဲ့အစည်း ၂၄၀ မှ မြန်မာ့စီးပွားရေးဘဏ် (MEB) နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)တို့ကို နိုင်ငံတကာမှ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ရန် တိုက်တွန်းထားသည့် ပူးတွဲထုတ်ပြန်ချက်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက် ကပေးပို့ခဲ့တာလို့ဖော်ပြပါတယ်။


အဆိုပါထုတ်ပြန်ချက်စာအား ထိုင်းနိုင်ငံ၊ ပြည်သူ့လွှတ်တော်(ဗဟိုဌာန)အသနားခံစာ တရား၀င်လက်ခံခြင်းဌာန၌ အမျိုးသားလုံခြုံရေး၊ ထိုင်းနယ်စပ်ရေးရာ၊ အမျိုးသား မဟာဗျူဟာနှင့် နိုင်ငံပြုပြင်ပြောင်းလဲရေး ကော်မတီ ဥက္ကဋ္ဌ Mr. Rangsiman Rome ထံ Milk Tea Alliance Thailand နှင့် Thailand for Burma Network ကိုယ်စားပြု Ms.  Nitchakarn Rakwongrit မှ ပေးပို့ခဲ့ပါတယ်။


အဆိုပါ ပေးပို့စာတွင် မြန်မာ့စီးပွားရေးဘဏ် (MEB)နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)တို့အပေါ် နိုင်ငံတကာမှ ဒဏ်ခတ်ပိတ်ဆို့မှုများကို ထောက်ပံ့ပေးရန် ထိုင်းအစိုးရကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်း ၂၄၀ တို့ထံမှ တောင်းဆိုချက်များကို ထောက်ခံပေးရန် တောင်းဆိုထားခြင်းဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၆။ ညောင်လေးပင်ခရိုင်အတွင်းရှိ ရေဘေးသင့် ဒေသခံပြည်သူလူထုများအတွက် အရေးပေါ်လူသားခြင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျှက်ရှိ


ဇူလိုင်လ ၂၇ရက်။ 

RadioNUG

ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် နေရာအနှံ့အပြားတွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျှက်ရှိပြီး ဒေသခံပြည်သူလူထုများအနေဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေထိုင်နေကြရကာ နေရာအနှံအပြားတွင် ရေများ အဆက်မပြတ် မြင့်တက်လာခြင်းကြောင့် အရေးပေါ်လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ဖြစ်သည့် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးနှင့် နေထိုင်ရန် အမိုးအကာများ အရေးပေါ် လိုအပ်လျှက် ရှိကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။


လက်ရှိအချိန်ထိ ကောက်ခံရရှိသော စာရင်းများအရ မူးမြို့နယ်အတွင်း၌ ()တခေါ်ပွါ၊ ()ဝေဆွဲ၊ ()ဝဲကြီး၊ ()လူအ၊ ()နံနမိတ်၊ ()မိတ်သလင်၊ ()အုန်းချစ်ကုန်း၊ ()ရေတွင်းကုန်း၊ ()တမာခေါ၊ ()ဟောခို့ဂေါ် ကျေးရွာများ


ဆောထိမြို့နယ်အတွင်း၌ ()ပျဉ်ရေ၊ ()ဝိုင်ကျွန်း၊ ()အောဖလား၊ ()ထမင်းရုံ၊ ()အင်းဂနီ၊ ()ကျောက်တန်း၊ ()ဆုန်ကုံး၊ ()ဆုန်တွဲ ကျေးရွာများနှင့်


လယ်ဒိုမြို့နယ်အတွင်း၌ ()ပဒဲကော၊ ()ဘောကထာ၊ ()ကော်သာစေ၊ ()မဘီကြီး၊ ()မဘီးလေး၊ ()ငဖယ်အင်း ကျေးရွာတို့အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျှက်ရှိပြီး လမ်းပန်းဆက်သွယ်မှုအခက်အခဲကြောင့် စာရင်းအတိအကျ ကောက်ခံနိုင်ရန် ခက်ခဲလျက်ရှိတယ်လို့ သိရပါတယ်။


ရေကြီးရေလျှံမှုများကြောင့် ပြည်သူလူထုများ စိုက်ပျိုးထားသော လယ်ယာများ၊ လမ်းတံတားများ၊ ပြည်သူလူထု ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများမှာ ပျက်စီးဆုံးရှုံးခဲ့ကြရသည့်အပြင် ဆောထိမြို့နယ် လယ်ဝါးကျေးရွာအတွင်း၌လည်း လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပြည်သူလူထုပိုင် နေအိမ်အမြောက်အများ ထိခိုက်ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ မန္တလေး မြို့ပြပြောက်ကျားတပ်ဖွဲ့အတွက် သိန်းနှစ်ဆယ်ကျပ်ကို ဆရာတော်မင်းသုည ဗုဒ္ဓတက္ကသိုလ်နှင့်ဒကာ၊ ဒကာမများကထောက်ပံ့လှူဒါန်းပေးခဲ့


ဇူလိုင်လ ၂၇ရက်။

Radio NUG

မန္တလေး မြို့ပြပြောက်ကျားတပ်ဖွဲ့အတွက် သိန်းနှစ်ဆယ်ကျပ်ကို ဆရာတော်မင်းသုည ဗုဒ္ဓတက္ကသိုလ်နှင့်ဒကာ၊ ဒကာမများက ထောက်ပံ့လှူဒါန်းပေးခဲ့ပါတယ်။


ဇူလိုင်၂၇ရက်မှာ ဆရာတော်မင်းသုညဗုဒ္ဓတက္ကသိုလ်ကအသိပေးမိန့်ကြားထားပါတယ်။


"မိတ်ဆွေများအားလုံးမင်္ဂလာပါ။ မန္တလေး မြို့ပြပြောက်ကျားတပ်ဖွဲ့အတွက်၂၀၀၀၀၀၀ သိန်းနှစ်ဆယ်ကျပ်ကို ထောက်ပံ့လှူဒါန်းပေးခဲ့ပါတယ်"လို့မိန့်ပါတယ်။


ဆရာတော်လှူဒါန်းမှုအား ကာကွယ်ရေးဝန်ကြီးလက်မှတ်ထိုးကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးပို့ခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ လားရှိုး အမှတ် ၉၁၂ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ ဟိုပိတ် တိုးဂိတ်နှင့် ခလရ ၄၁ တပ်ရင်း သိမ်းပိုက်ထားသည့် ရုပ်သံများ MNDAAထုတ်ပြန်


ဇူလိုင်လ ၂၇ရက်။

Radio NUG

ဇူလိုင်လ ၂၇ရက်နေ့မှာ လားရှိုး အမှတ် ၉၁၂ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း ခလရ ၄၁ တပ်ရင်း သိမ်းပိုက်ထားသည့် ရုပ်သံများ MNDAAက သတင်းထုတ်ပြန်ခဲ့ပြီး ရှင်းလင်းရေး ပြုလုပ်နေကြောင်း သိရပါတယ်။


ဇူလိုင်လ ၂၆ ရက်နေ့ ညနေ နာရီ ၁၅ မိနစ်တွင် MNDAAတပ်၏ အမြောက်တပ်ရင်းများ ပူးပေါင်း၍ လားရှိုးမြို့ ဟိုပိတ် တိုးဂိတ်၌ ကျန်ရှိနေသော မင်းအောင်လှိုင်၏ အာဏာသိမ်း တပ်ဖွဲ့ဝင်များကို စတင်တိုက်ခိုက်ခဲ့ပြီး  ညနေ :၃၀ အချိန်တွင် တိုးဂိတ်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။


လက်ရှိမှာ ကျရှုံးနေသော ရန်သူအကြွင်းအကျန်များကို ရှင်းထုတ်နေကြပြီး ဇူလိုင်လ ၂၅ ရက်နေ့တွင်လည်း လားရှိုးမြို့ရှိ မင်းအောင်လှိုင်အာဏာသိမ်းတပ်၏ ခလရ(၄၁)တပ်ရင်းနှင့် အမှတ် ၉၁၂ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


MNDAA လုံခြုံရေး စီမံခန့်ခွဲမှုအဖွဲ့များသည် လားရှိုးမြို့ကို လှည့်ကင်းကာကွယ်ပေးနေကြကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ၁၀၂၇ စစ်ဆင်ရေး(အပိုင်း-) ၃၃ ရက်မြောက်တွင် ကျောက်မဲနဲ့ မိုးမိတ်မြို့များမှာ တိုက်ပွဲဆက်လက် ဖြစ်ပွား


ဇူလိုင်လ ၂၇ ရက်။ 

Radio NUG

၁၀၂၇ စစ်ဆင်ရေး(အပိုင်း-)၃၃ ရက်မြောက်နေ့ဖြစ်တဲ့ ဇူလိုင်လ ၂၇ ရက်တွင် ကျောက်မဲနဲ့ မိုးမိတ်မြို့များမှာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေတယ်လို့ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။


TNLA တပ်မဟာ()နယ်မြေ၊ ကျောက်မဲမြို့က စစ်ကောင်စီရဲ့ စကခ()ခမရ (၅၀၁ နဲ့ ၅၀၂)တို့ တပ်စွဲထားတဲ့ လွယ်ခွန်တောင်နဲ့ တာဝါတိုင် စခန်းကုန်းတို့ကို နေ့လည် ၁၂ နာရီမှာ လိုက်လံရှင်းခဲ့ရာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။


အလားတူ မနက် နာရီခန့်က တပ်မဟာ()နယ်မြေ၊ မိုးမိတ်မြို့၊ ညောင်ပင်ဆောက်နဲ့ ဒိုးပင်ရှိ စကခ(၂၁)လက်အောက်ခံ ခလရ(၂၇၆)တပ်စခန်းမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သလို မနက် ၁၀ နာရီ အချိန်မှာ စကခ(၂၁)လက်အောက်ခံ ခလရ (၂၂၃)နှင့်လည်းကောင်း၊ မိုးမိတ်ဗျူဟာကုန်းရှိ စကခ (၂၁) လက်အောက်ခံ ခလရ (၃၄၈) နှင့်လည်းကောင်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် မိုးကုတ်မြို့နယ်အတွင်းရှိ ထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်သားတချို့ကို လိုက်လံ ရှင်းလင်းခဲ့ရာမှာ သေနတ် လက်နဲ့ အခြားပစ္စည်းများကို သိမ်းဆည်းရမိခဲ့တယ်လို့ PSLF/TNLA က ဖော်ပြထားပါတယ်။


========================


🚩🚩 ၃။ ကျောက်နီမော် တာဝါတိုင်ကုန်းမှ ဆင်းလာတဲ့ စစ်ကောင်စီ တပ်သား ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


ဇူလိုင်လ ၂၇ရက်။

Radio NUG

တနင်္သာရီတိုင်း၊ ထားဝယ် ခရိုင်၊ လောင်းလုံမြို့နယ်၊ ကျောက်နီမော် ကျေးရွာ၊ တာဝါတိုင်ကုန်းမှ ဆင်းလာတဲ့ စစ်ကောင်စီ တပ်သား ဦးကို ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့တယ်လို့ လောင်းလုံ ပကဖက သတင်းထုတ်ပြန်ထားပါတယ်။


ဇူလိုင်လ ၂၆ ရက်နေ့၊ မနက် နာရီ ခွဲခန့်က တာဝါတိုင်ကုန်းကနေ ဆင်းလာတဲ့ စစ်ကောင်စီ တပ်သား ဦးကို ပစ်ခတ်ရှင်းလင်း ခဲ့တာဖြစ်ပြီး MA 1 တလက်၊ MA 3 တလက်၊ မက်ကဇင်းနှစ်ခုနဲ့ ကျည် ၄၁ တောင့်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ လိပ်ပြာတပ်စု တောသားလေး တပ်စု၊ ဂဠုန်တပ်စုနှင့် ထားဝယ်ခရိုင် တပ်ရင်း()တို့က ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ သပိတ်ကျင်း မြို့နယ်က တွင်းငယ် ရဲစခန်းနှင့် တကောင်းတောင်ပေါ် ရဲစခန်းအား သိမ်းပိုက်ရရှိ


ဇူလိုင်လ ၂၇ ရက်။ 

Radio NUG


မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာရှိ ရဲစခန်းနဲ့ တကောင်းတောင် ပေါ်ရှိ ရဲစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် () စစ်ဒေသက သတင်းထုတ်ပြန် ထားပါတယ်။


ဇူလိုင်လ ၂၇ ရက် မနက်ပိုင်းမှာ တွင်းငယ်ရွာရှိ ရဲအုပ် ကျော်ဝဏ္ဏထွန်း ဦးစီးတဲ့ ရဲအင်အား ဦး ခန့်ရှိ ရဲစခန်းကို မန္တလေးတိုင်း တာဝန်ခံရုံးမှ ကွပ်ကဲပြီး အမှတ် (၅၀၉) တပ်ရင်း၊ KIA/KPDF ABSDF နှင့် သပိတ်ကျင်းမြို့နယ် ပကဖ တို့က တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်မှ ဦး သေဆုံးခဲ့ကာ ဦး ဒါဏ်ရာရခဲ့ပြီး ဦးကို အရှင် ဖမ်းဆီးရမိခဲ့ကာ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။


ထို့အပြင် လက်နက်ငယ် လက်၊ ကျည်မျိုးစုံ ,၁၀၃ တောင့်၊ လက်ပစ်ဗုံး လုံး၊ ကျည်အိမ် ၁၉ ခု၊ အီကွေ့မန့် စုံ၊ ကျော်ပိုးအိတ် လုံး၊ ခါးပတ် ခု၊ ဘေးလွယ်အိတ် လုံး၊ ဦးထုတ် လုံး၊ စကားပြောစက် လုံး၊ လက်ကိုင်ဖုန်း လုံး၊ Keypad ဖုန်း လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။


ထို့အပြင် ဇူလိုင်လ ၂၅ ရက်နေ့ မနက်ပိုင်းကလည်း တကောင်းတောင်ပေါ်ရှိ ရဲကင်းစခန်းအား အထူးလှုပ်ရှား တပ်ရင်း () နှင့် သပိတ်ကျင်းမြို့နယ် ပကဖ တို့က ဝင်ရောက်စီးနင်း သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ငယ် ၁၃ လက်၊ ကျည်မျိုးစုံ ,၀၀၀ ကျော်နဲ့ ကျည်အိမ် ၂၈ ခုတ တို့ကို သိမ်းဆည်းရရှိခဲ့တယ် လို့ သိရပါတယ်။


========================


🚩🚩 ၅။ ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့အား နှစ်ရက်ဆက် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်


ဇူလိုင်လ ၂၇ရက်။

Radio NUG

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာနဲ့ မြိုလှရွာတို့တွင် စစ်ကောင်စီ တပ်ဖွဲ့အား နှစ်ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ DUGF(Dragon Urban Guerrilla ) အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။


ဇူလိုင်လ ၂၄ ရက်နေ့က ရွှေဘိုမြို့နယ်ကနေ ဇီးဖြူကုန်းရွာကို ရောက်ရှိလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့အား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၂၅ ရက်နေ့မှာ ဇီးဖြူကုန်းမှ မြို့လှရွာကို ရောက်ရှိလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိခဲ့ပြီး လက်နက်ကြီးများဖြင့် ၁၀ ကြိမ် ထပ်မနည်း ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို DUGF(Dragon Urban Guerrilla ) , Fire Dragon (Khin U) , ရွှေဘိုခရိုင်တပ်ရင်း () , SNAKE EYES -PDF တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၆။ လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်အတွင်း စစ်ကြောင်းဖြန့်၍ စစ်ရေးလှုပ်ရှားလာသော စစ်ကောင်စီတပ်ဖွဲ့များမှာ ဇူလိုင်လ()ရက်နေ့မှစ၍ မီးရှို့ဖျက်ဆီးခြင်းကြောင့် မိုင်းလုံး ရွာတန်းရှည် ရပ်ကွက်များထဲရှိ ပြည်သူလူထုနေအိမ်(၆၀)ကျော် မီးလောင်ပျက်ဆီးခဲ့


ဇူလိုင်လ ၂၇ရက်။

Radio NUG

ကရင်နီပြည်လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်အတွင်း စစ်ကြောင်းဖြန့်၍ စစ်ရေးလှုပ်ရှားလာသော စစ်ကောင်စီတပ်ဖွဲ့များမှာ ဇူလိုင်လ()ရက်နေ့မှစ၍ မီးရှို့ဖျက်ဆီးခြင်းကြောင့် မိုင်းလုံး ရွာတန်းရှည် ရပ်ကွက်များထဲရှိ  ပြည်သူလူထုနေအိမ်(၆၀)ကျော် မီးလောင်ပျက်ဆီးခဲ့ပါတယ်။


ဇူလိုင်၂၇ရက်မှာ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနကအသိပေးထုတ်ပြန်ပါတယ်။


ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင် ဇွန်လ နောက်ဆုံးအပတ်မှစ၍ စစ်ကောင်စီတပ်ဖွဲ့များမှာ မိုင်းလုံးရပ်ကွက်အတွင်းသို့ အင်အားဖြည့်၍ စစ်ရေးလှုပ်ရှားမှုများစတင်ခဲ့ပြီးနောက် ဇူလိုင်လ()ရက်နေ့မှစ၍ ယနေ့ထိ မိုင်းလုံး၊ ရွာတန်းရှည် ရပ်ကွက်များအတွင်းရှိ ပြည်သူလူထုနေအိမ်များအား အကြောင်းအရင်းမရှိ မီးရှို့ဖျက်ဆီးခြင်းများကို နေ့စဉ်နီးပါး ဆက်တိုက်လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြပါတယ်။


လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်အတွင်း စစ်ကြောင်းဖြန့်၍ စစ်ရေးလှုပ်ရှားလာသော စစ်ကောင်စီတပ်ဖွဲ့များမှာ ဇူလိုင်လ()ရက်နေ့မှစ၍ ရပ်ကွက်အတွင်းရှိ လူထုနေအိမ်အဆောက်အဦးများအား ဖျက်ဆီးဝင်ရောက်၍ ပစ္စည်းများယူဆောင်ခဲ့သည့်အပြင် မီးရှို့ဖျက်ဆီးခြင်းများကို နေ့စဉ် ရက်ဆက် လုပ်ဆောင်နေခဲ့ပြီး ဇူလိုင်လ (၂၇)ရက်နေ့ထိ ၎င်းတို့မီးရှို့ဖျက်ဆီးခြင်းကြောင့် မိုင်းလုံး၊ ရွာတန်းရှည် ရပ်ကွက်များထဲရှိ ပြည်သူလူထုနေအိမ် (၆၀)ကျော် မီးလောင်ပျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။


(၁၁.၁၁)တစ်လေးလုံး စစ်ဆင်ရေးစတင်သည့်အချိန်မှစ၍ ယနေ့အထိ လွိုင်ကော်မြို့အနှံ့တွင် မိမိတို့တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများမှာ ရပ်တန့်သွားခဲ့ခြင်း မရှိဘဲ တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း အသိပေးအပ်တယ်လို့ဖော်ပြပါတယ်။


ဇွန်လ နောက်ဆုံးအပတ်မှစ၍ စစ်ကောင်စီတပ်ဖွဲ့များမှာ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်အတွင်းသို့ အင်အားဖြည့်ကာ စစ်ကြောင်းများဖြန့်ထိုး၍ စစ်ရေးလှုပ်ရှားလာခဲ့သောကြောင့် မိမိတို့ KNDF တပ်ရင်းများနှင့်အတူ KA MK CDF တို့ပူးပေါင်း၍ စစ်ကောင်စီတပ်ဖွဲ့များအား တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မိုင်းလုံး၊ ရွာတန်းရှည်၊ ထူဒူငံသ၊ လွိုင်ကော်နည်းပညာတက္ကသိုလ်နှင့် မြကလပ်တောင်တို့တွင် ဇူလိုင်လ ()ရက်နေ့မှစ၍ ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ယနေ့ထိ တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့အတည်ပြုပါတယ်။


========================


🚩🚩 ၇။ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ရေးအသိ စစ်ရေးသတိ မပေါ့လျော့ပဲ မိမိတို့နှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ကြပါရန် မန္တလေး PDF တိုက်တွန်း


ဇူလိုင်လ ၂၇ရက်။ 

Radio nug

မိတ်ဖက်တော်လှန်ရေး တပ်ဖွဲ့များအနေဖြင့် စစ်ရေးအသိ စစ်ရေးသတိ မပေါ့လျော့ပဲ မိမိတို့နှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ကြပါရန် မန္တလေး PDF မှ တိုက်တွန်းထားပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် ၂၀၂၄ ခုနှစ် ဇူလိုင်လ(၁၇)ရက်နေ့တွင် စဉ့်ကူးမြို့နယ်အား အပြီးသတ် သိမ်းယူရရှိခဲ့ပြီး စစ်ကောင်စီမှ ဇူလိုင်လ(၂၀)ရက်နေ့တွင် သင်္ဘော()စီးခန့်ဖြင့် မြစ်ကြောင်းမှတစ်ဆင့် စဉ့်ကူးမြို့ကို တန်ပြန်ထိုးစစ်ပြုလုပ်လာခဲ့ပြီး မိမိတို့ဘက်မှ ရန်သူအထိနာသွားစေရန် တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့သဖြင့် ရန်သူသည် မြစ်တစ်ဘက် ကမ်းသို့ ဆုတ်ခွာသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထို့ကြောင့် မန္တလေး PDFအနေဖြင့် စဉ့်ကူးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် အချိန်မရွေးဖြစ်ပေါ်လာနိုင်သည့် စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်အတွက် ပြင်ဆင်မှုများ လုပ်ဆောင်နေရချိန်ဖြစ်ပါသောကြောင့် ယခုကာလကို ရှုပ်ထွေးသောကာလအဖြစ် သတ်မှတ်နိုင်ပြီး မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ရေးအသိ စစ်ရေးသတိ မပေါ့လျော့ပဲ မိမိတို့နှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ကြပါရန် တိုက်တွန်းအပ်ပါသည်ဟု ဖော်ပြထားပါတယ်။


ထို့အပြင် စစ်ကောင်စီသည် ပြည်သူကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်၍ စစ်ရာဇဝတ်မှုများ ပေါ်ပေါ်ထင်ထင် ကျူးလွန်နေချိန်ဖြစ်သောကြောင့် လက်နက်ကိုင်ဆောင်ထားသော တော်လှန်ရေးတပ်ဖွဲ့ များအနေဖြင့် ပြည်သူလူထု ဝန်ထုတ်ဝန်ပိုးဖြစ်စေမည့်လုပ်ရပ်များနှင့် ပြည်သူကို မျက်နှာမူခြင်းမရှိသည့် လုပ်ရပ်များကို ရှောင်ရှားကြပါရန်နှင့် စဉ့်ကူးမြို့နယ်သည် စစ်ဆင်ရေးလုပ်ငန်းများ ဖော်ဆောင်နေဆဲကာလဖြစ်ပါသောကြောင့် မိတ်ဖက် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ဆင်ရေးကာလအတွင်း လေးစားလိုက်နာရမည့် ကျင့်ဝတ်စံနှုန်းများနှင့်အညီ ပြုမူနေထိုင် ပေးကြပါရန် လေးလေးနက်နက် တိုက်တွန်းအပ်ပါကြောင်း ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment