၂၀၂၄ ဇူလိုင်လ ၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ကမ္ဘာ့နိူင်ငံပေါင်း၂၈နိူင်ငံတွင် NUG Payကွန်ရက်ဖြန့်ကျက်ထားနိူင်ပြီလို့ ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိူင်အသိပေး
📌 ၂။ အာရက္ခတပ်တော်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိူင်နှင့် မန္တလေးလူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းတို့တွေ့ဆုံခဲ့
📌 ၃။ ရန်ကုန်တွင်ဖြစ်ပွားနေသော ဝမ်းပျက်ဝမ်းလျှောရောဂါကိုသတိထားကြဖို့ လိုအပ်တယ်လို့ဆို
📌 ၄။ မြန်မာစစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့် ဒီမိုကရေစီအောင်နိုင်ရေးအတွက် ကိုရီးယားနိူင်ငံဘူဆန်မှဆိုးလ်သို့ လမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်နေ
📌 ၅။ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်ဗေးဧရိယာမှာ၃၁ ကြိမ်မြောက် နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှ တော်လှန်ရေးရန်ပုံငွေအတွက် အစားအသောက်များ ချက်ပြုတ်ရောင်းချရငွေ အမေရိကန်ဒေါ်လာ၁၄၀၀၀ ကျော်ရရှိ
၂၀၂၄ ခုနှစ် ဇူလိုင်လ ၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နောင်မွန်ရွာမှာ ယနေ့မနက်အပြန်အလှန်တိုက်ပွဲ ဖြစ်ပွား
🚩 ၂။ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် ကပစ (၂၄) အား ဒရုန်းဗုံးသီး ၁၀၀ ကျော်အပါအဝင် ရော့ကတ် မြောက်များစွာနှင့်ကာကွယ်ရေးတပ်များတိုက်ခိုက်ခဲ့
🚩 ၃။ နေပြည်တော်ကို စစ်ရေးအရ အကြီးအကျယ်ဖိအားပေးနိုင်တော့မယ်လို့ PDFInsightသုံးသပ်ဖော်ပြ
🚩 ၄။ အောင်ဇေယျစစ်ဆင်ရေးမှာ ခမရ၁၈၏ထိခိုက်သေဆုံးမှုအနေဖြင့် သုံးပုံတပုံရှိနေ
🚩 ၅။ ရက္ခိုင်ပြည်၊မောင်တောခရိုင် နယ်ခြားစောင့်စခန်းမှရဲနှစ်ဦးGeneration Z Army အညာစစ်ဒေသသို့လက်နက်နှင့်အတူအလင်းဝင်
🚩 ၆။ မုံရွာခရိုင်အမှတ်(၈)တပ်ရင်း မှကာကွယ်ရေးဝန်ကြီးဌာနအကူအညီဖြင့်60mm Mortar လက်နက်ကြီးများထုတ်လုပ်နေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ကမ္ဘာ့နိူင်ငံပေါင်း၂၈နိူင်ငံတွင် NUG Payကွန်ရက်ဖြန့်ကျက်ထားနိူင်ပြီလို့ ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိူင်အသိပေး
ဇူလိုင်၈ရက်
ကမ္ဘာ့နိူင်ငံပေါင်း၂၈နိူင်ငံတွင် NUG Payကွန်ရက်ဖြန့်ကျက်ထားနိူင်ပြီလို့ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိူင်က ဇူလိုင်လအတွင်း NUG Pay၏ပြည်သူသို့အစီရင်ခံရာတွင် အသိပေးဆိုထားပါတယ်။
"ယခုအခါမြန်မာနိူင်ငံအပါအဝင် ကမ္ဘာ့နိူင်ငံပေါင်း၂၈နိူင်ငံမှာNUG Payအားကွန်ရက်ဖြန့်ကျက်၍ တော်လှန်ရေးရန်ပုံငွေများကိုပြည်သူမှပြည်သူသို့ ထောက်ပို့စီးဆင်းစေလျက်ရှိပါတယ်။အဆိုပါ ဖြစ်ထွန်းတိုးတက်မှုများသည်ပြည်သူအောင်ပွဲသာလျှင်ဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။
၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဒစ်ဂျစ်တယ် မြန်မာကျပ် (Digital Myanmar Kyat - DMMK) ကို နိုင်ငံတော်၏ တရားဝင်ဒစ်ဂျစ်တယ်ငွေကြေး အဖြစ် သတ်မှတ် ဖြန့်ဝေခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့သော NUGPay သည် နှစ်နှစ်ပြည့် မြောက်ခဲ့ပြီဖြစ်ကာ ယခုအခါ သုံးစွဲသူစုစုပေါင်း သုံးသောင်း ငါးထောင်ခန့် ရှိပြီဖြစ်ပါတယ်။
========================
📌📌 ၂။ အာရက္ခတပ်တော်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိူင်နှင့် မန္တလေးလူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းတို့တွေ့ဆုံခဲ့
ဇူလိုင်၈ရက်
အာရက္ခတပ်တော်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိူင်နှင့် မန္တလေးလူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းတို့ တွေ့ဆုံခဲ့တဲ့သတင်းကို ဇူလိုင်၇ရက်မှာ ဒေါက်တာတေဇာဆန်းက ဆိုရှယ်မီဒီယာမှာ အသိပေးဖော်ပြထားပါတယ်။
တွေ့ဆုံရာတွင် အာရက္ခတပ်တော်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိူင်ကပြောကြားရာ "သမိုင်း၊ စာပေ၊ ယဉ်ကျေးမှုဓလေ့တွေဘက်ကချိန်ထိုးကြည့်ပါက ရက္ခိုင်နဲ့ ဗမာဟာ အရင်းနှီးဆုံး၊ အနီးစပ်ဆုံး အမျိုးတွေဖြစ်ကြောင်း၊အတိတ်သမိုင်းတွေကို သင်ခန်းစာယူနိုင်ကြပါက ရက္ခိုင်နဲ့ ဗမာဟာ ရှေ့လျှောက်မှာ အကောင်းဆုံး မိတ်ဆွေတွေဖြစ်နိူင်ကြောင်း"ဆိုပါတယ်။
အလားတူ မန္တလေးလူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းကပြန်လည်ပြောကြားရာတွင် (၂၁) ရာစု၊ နွေဦးတော်လှန်ရေးခေတ် ပြည်သူတွေဟာလည်း နိုင်ငံရေးအသိရေချိန် အများကြီး တိုးတက် ပွင့်လင်းသွားကြပြီဖြစ်ကြောင်း၊တန်းတူခွင့်၊ လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ပြီးပြည့်စုံတဲ့ ခေတ်သစ် စနစ်သစ်ကို မဖြစ်မနေ တည်ဆောက်ကြမှာဖြစ်ကြောင်း"ပြောကြားခဲ့ပါတယ်။
========================
📌📌 ၃။ ရန်ကုန်တွင်ဖြစ်ပွားနေသော ဝမ်းပျက်ဝမ်းလျှောရောဂါကိုသတိထားကြဖို့ လိုအပ်တယ်လို့ဆို
ဇူလိုင်၈ရက်
ရန်ကုန်တွင်ဖြစ်ပွားနေသော ဝမ်းပျက်ဝမ်းလျှောရောဂါကိုသတိထားကြဖို့ လိုအပ်တယ်လို့ဒုဝန်ကြီးဦးမော်ထွန်းအောင်က ဇူလိုင်၈ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့်ဆိုထားပါတယ်။
"ခေတ်ဆိုးမှာ အစစအရာရာ ပျက်ယွင်းပါတယ်။ရန်ကုန်မှာ ကာလဝမ်းလည်း ခေါင်းထောင်လာတာကြားရတယ်။ဒရစ်ကို သွန်ချသလို သွင်းရတဲ့ လူနာတွေ့ဖူးပါတယ်၊ ဒါတောင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောပါ။ကာလဝမ်း ဆိုရင်တော့ သေချာ သတိထားကြပါ"လို့ဆိုပါတယ်။
လက်ရှိ ရန်ကုန်မြို့ သာကေတ၊ဒေါပုံမြို့နယ်တွင် ဝမ်းပျက်၊ဝမ်းလျှောရောဂါအဖြစ်များပြားလျက်ရှိကာ အကြမ်းဖက်စကစကသတင်းအမှောင်ချထားလျက်ရှိနေပါတယ်။
========================
📌📌 ၄။ မြန်မာစစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့် ဒီမိုကရေစီအောင်နိုင်ရေးအတွက် ကိုရီးယားနိူင်ငံဘူဆန်မှဆိုးလ်သို့ လမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်နေ
ဇူလိုင်၈ရက်
မြန်မာစစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့် ဒီမိုကရေစီအောင်နိုင်ရေးအတွက် ဘူဆန်မှဆိုးလ်သို့လမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်နေတယ်လို့ဇူလိုင်၈ရက်မှာ Myanmar Youth Activistsကအသိပေးဖော်ပြပါတယ်။
"မြန်မာစစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့် ဒီမိုကရေစီအောင်နိုင်ရေးအတွက် ဘူဆန်မှဆိုးလ်သို့လမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်နေပြီး DAY 2ကိုရောက်လာပြီဖြစ်တယ်"လို့ဖော်ပြပါတယ်။
Busan To Seoul 21ရက်ကြာ ရက်ရှည်ချီတက်ဆန္ဒပြပွဲတွင် Day-1 အဖြစ်ဇူလိုင်၇ရက်ဘူဆန်မှ ဂင်မဲမြို့သို့ရောက်ရှိခဲ့ပြီး ဂင်မဲမြို့မှမြန်မာဖက်ဒရယ်ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားနေတဲ့ရဲဘော်များမှလာရောက်ကြိုဆိုဝန်းရံအားဖြည့်ပေးခဲ့ကြတယ်လို့သိရပါတယ်။
မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအရေး လိုလားပြီး အာဏာရှင်စစ်တပ်ကို တော်လှန်နေတဲ့ လူငယ်တွေကို မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအရေးကြိုးစားနေတဲ့ရဲဘော်တွေက အားဖြည့်ပေးလို့ ခွန်အားတွေပိုဖြစ်ရပါတယ်လို့လည်း ဆိုထားပါတယ်။
========================
📌📌 ၅။ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်ဗေးဧရိယာမှာ၃၁ ကြိမ်မြောက် နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှ တော်လှန်ရေးရန်ပုံငွေအတွက် အစားအသောက်များ ချက်ပြုတ်ရောင်းချရငွေ အမေရိကန်ဒေါ်လာ၁၄၀၀၀ ကျော်ရရှိ
အမေရိကန်ပြည်ထောင်စုဆန်ဖရန်ဗေးဧရိယာမှာ၃၁ ကြိမ်မြောက်နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှတော်လှန်ရေးရန်ပုံငွေအတွက် အစားအသောက်များချက်ပြုတ်ရောင်းချရငွေအမေရိကန်ဒေါ်လာ၁၄၀၀၀ ကျော်ရရှိခဲ့တယ်လို့ ဇူလိုင်လ၈ရက်မှာ နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုထံက သတင်းရရှိပါတယ်။
"၃၁ ကြိမ်မြောက်နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှယနေ့ရောင်းရငွေအလှူငွေလက်ခံရရှိမှု စုစုပေါင်းအမေရိကန်ဒေါ်လာ၁၄၈၆၁ဒေါ်လာရရှိပါတယ်။ချက်ပြုတ်လှုဒါန်းပေးသောအလှူရှင်များငွေသားအလှုရှင်များဝယ်သူအားပေးသော မိတ်ဆွေများဝိုင်းဝန်းကူညီသောမိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်"လို့ဆိုပါတယ်။
နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုဟာ နွေဦးတော်လှန်ရေးရန်ပုံငွေအတွက်လစဥ်အစားအစာများချက်ပြုတ်ရောင်းချ၍ကူညီနေသောထောက်ပို့အင်အားစုတရပ်လည်းဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နောင်မွန်ရွာမှာ ယနေ့မနက်အပြန်အလှန်တိုက်ပွဲ ဖြစ်ပွား
ဇူလိုင်၈ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နောင်မွန်ရွာမှာ ယနေ့မနက်အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့သတင်းရရှိပါတယ်။
ဇူလိုင်၈ရက်မနက်ပိုင်းမှာ စကစတပ်တွေနဲ့တိုင်းရင်းသားတော်လှန်ရေးအင်အားစုများပစ်ခတ်မှုဖြစ်ပွားတယ်လို့သိရပါတယ်။
"ဒီနေ့မနက်ပြည်ထောင်စုလမ်းမကြီးနောင်မွန်ရွာအနီး ပစ်ခတ်မှုဖြစ်ပွားနေကြောင်းသိရပါတယ်"လို့ဒေသခံတဦးကဆိုထားပါတယ်။
တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်တိုက်ပွဲတိုင်းတွင်အကြမ်းဖက်စကစဟာ လက်နက်ကြီးများရမ်သမ်းပစ်ခတ်မှုတို့ရှိတယ်လို့သိရပါတယ်။
ဇူလိုင် (၆) ရက်နေ့တွင်လည်း လားရှိုးမြို့ ရပ်ကွက် (၅) တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဉီးသေဆုံးသွားပြီး (၃) ဉီးထိခိုက်ဒဏ်ရာရရှိသည့်အပြင် လားရှိုးမြို့နယ် နမ့်နွန်းရွာတွင် ဇူလိုင် (၅) ရက်နေ့ နေ့လည် (၁) နာရီအချိန်တွင် ကျည်ထိမှန်မှုကြောင့် အမျိုးသားတစ်ဉီးနှင့် အမျိုးသမီးတစ်ဉီး ပွဲချင်းပြီးသေဆုံးသွားခဲ့ပါတယ်။
တိုက်ပွဲ (၁၃) ရက်အတွင်းတွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် စုစုပေါင်း အရပ်သား (၄၉) ဦီးသေဆုံးပြီး (၆၇) ဉီးထိခိုက်ဒဏ်ရာရရှိထားတယ်လို့TNLAကဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် ကပစ (၂၄) အား ဒရုန်းဗုံးသီး ၁၀၀ ကျော်အပါအဝင် ရော့ကတ် မြောက်များစွာနှင့်ကာကွယ်ရေးတပ်များတိုက်ခိုက်ခဲ့
ဇူလိုင်၈ရက်
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် ကပစ (၂၄) အား ဒရုန်းဗုံးသီး ၁၀၀ ကျော်အပါအဝင် ရော့ကတ် မြောက်များစွာနှင့်ကာကွယ်ရေးတပ်များတိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။
မြိုင် ပကဖဟာ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ၏ လမ်းညွှန်ချက်ဖြင့် အညာဒေသ စစ်ဆင်ရေးကပွဲအားဇူလိုင် ၇ရက်နေ့ ညနေ ၅ ၀၃ မိနစ် အချိန်မှ စတင်ပြီး ည ၁၀ နာရီကျော်အချိန်အထိစစ်ဆင်ရေးကိုလုပ်ဆောင်ခဲ့တယ်လို့အတည်ပြုဆိုပါတယ်။
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် ကပစ (၂၄) အား ဒရုန်းဗုံးသီး ၁၀၀ ကျော်ခန့်၊ ရော့ကတ် မြောက်များစွာနှင့် တပ်ဖွဲ့ဝင်အင်အား အများအပြားဖြင့် ဝင်ရောက်၍ ပစ်ခတ်တိုက်ခိုက်ခြင်း ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။
ထို့အပြင် ပေါက်မြို့နယ် ပျဉ်းမကျေးရွာတွင် ကပစ (၂၄) / (၂၃) နှင့် အခြား ကပစ တို့အတွက် အဓိက လျှပ်စစ်ပေးပို့ပြီး စက်လက်နက်ပစ္စည်းများ ထုတ်လုပ်နေသည့် အထိုင်လျှပ်စစ် ထရမ်စဖာ (transfer) များအား Drop ဗုံးသီးများချ၍ တိုက်ခိုက်ခြင်း၊ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စကစ များရှိရာအနီးသို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ အနီးကပ်ချဉ်းကပ် တိုက်ခိုက်ခြင်းတို့ ဆောင်ရွက်ခဲ့ရာတွင် ထရမ်စဖာ (transfer) များ ပျက်စီးပြီး လျှပ်စစ်မီး ဆက်လက်ပေးပို့နိုင်မှုမရှိဘဲပျက်စီးခဲ့တယ်လို့အတည်ပြုပါတယ်။
စစ်ကောင်စီဘက်မှ တော်လှန်ရေးအဖွဲ့များအား ဇူလိုင်၇ ရက်နေ့ နံနက် ၁၂ ၃၀ အချိန်တွင် မိထ္ထီလာ ရှမ်းတဲမှ ဂျက်ဖိုက်တာတစ်စီးသည် ပေါက်မြို့နယ် ကျွန်းတိုင်းကျေးရွာသို့ ရော့ကတ်ဗုံးသီးများ ဖြုတ်ချတိုက်ခိုက်ခြင်း၊ ညနေ ၃ ၃၀ ဝန်းကျင်တွင် ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှု ထမ်မံပြုလုပ်ခြင်းတို့ အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ပြီး ကာကွယ်ရေးရဲဘော်များဘက်မှ အထိအခိုက်မရှိ ဆက်လက်၍ ချဉ်းကပ်ကာ ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။
စကစဘက်မှ ၎င်းတို့ အများအပြား ဒဏ်ရာရရှိ အထိနာ၍ ကပစ (၂၄) မှ ဟောင်ဝှစ်စာ မြောက်များစွာ ပစ်ခတ်ခြင်း၊ ပေါက်မြို့နယ် ဆူးပုတ်ခုံနှင့် ပျဉ်းမဆိုဒ်များတွင်ထားရှိသော လက်နက်ကြီး 120 ၊122၊ 81 mm များဖြင့် ကြောက်လန့်၍ အချက်ပေါင်းများစွာ ပတ်ဝန်းကျင်ကျေးရွာများအား ရမ်းသမ်းပစ်ခတ်နေ၍ ကျေးရွာ (၇) ရွာခန့် ပြည်သူများ ဘေးလွတ်ရာတောတောင်များသို့ ပုန်းအောင်းတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။
တိုက်ပွဲဖော်ဆောင်မှုတွင် မြိုင်ပကဖ၊ ပေါက်ပကဖ၊ ဦးလေးကြီး ရော့ကတ်တပ်ဖွဲ့၊ မိုးမိတ်ရော့ကတ်တပ်ဖွဲ့၊ ဘာမထီပြောက်ကျားတပ်ဖွဲ့၊ နှင်းကွေး ရော့ကတ်အဖွဲ့၊ မြိုင်/ပေါက် ဒရုန်းတပ်ဖွဲ့များ၊ BRAF Drone Team၊ ဗိုလ်လရောင်တပ်ဖွဲ့ (ပေါက်)၊ မွေပြွေးပြောက်ကျားတပ်ဖွဲ့ (ပေါက်မြို့နယ်) တို့ဖြင့် ပူးပေါင်း၍ မစ်ရှင်ဖော်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။
========================
🚩🚩 ၃။ နေပြည်တော်ကို စစ်ရေးအရ အကြီးအကျယ်ဖိအားပေးနိုင်တော့မယ်လို့ PDFInsightသုံးသပ်ဖော်ပြ
ဇူလိုင်၈ရက်
နေပြည်တော်ကို စစ်ရေးအရ အကြီးအကျယ်ဖိအားပေးနိုင်တော့မယ်လို့PDFInsightက ဇူလိုင်၈ရက်မှာ စစ်ရေးအခြေအနေများကို သုံးသပ်ဆိုထားပါတယ်။
"အခု ၁၀၂၇ စစ်ဆင်ရေး ဒုတိယအဆင့် သို့မဟုတ် ရှမ်းမန်းစစ်ဆင်ရေးဟာ ပထမအဆင့်နဲ့မတူတဲ့ ထူးခြားချက်တွေရှိနေပါတယ်၊ ပထမအဆင့်ကတော့ သက်ဆိုင်ရာလူမျိုးအလိုက် ၊ သက်ဆိုင်ရာနယ်တွေကို ဦးစွာ စိုးမိုးနိုင်အောင်လုပ်တာဖြစ်တယ်။ တဘက်ကပြောရင် ပထမအဆင့်ဟာ တရုတ်ရဲ့ အတင်းအကြပ်ကြားဝင်မှုကြောင့် ရပ်တန့်ခဲ့ရတာလဲဖြစ်တယ်။ အဲလိုမဟုတ်ရင် လားရှိုးကို သိမ်းပိုက်ရတဲ့အဆင့်အထိရောက်သွားနိုင်တာပါ။ ဒုတိယအဆင့်ကတော့ အင်အားစုဖွဲ့မှုမှာ PDF အဖွဲ့တွေ၊ ပကဖ တွေစုံလင်စွာနဲ့ မန္တလေးဂွင်ထဲအထိ တိုးဝင်ရတာကြောင့် နိုင်ငံရေးအရရော စစ်ရေးအရပါ ပိုမိုကျယ်ဝန်းတဲ့ အဓိပ္ပါယ်ဆောင်နေပါတယ်။ ဒီစစ်ဆင်ရေးရဲ့ပါဝင်ပေါင်းစပ်မှုတွေအားကောင်းရင်ကောင်းသလို မိမိတို့တပ်တွေဟာ မန္တလေး၊ မြင်းခြံ၊မိတ္ထီလာ ဆိုတဲ့ မသုံးလုံးနယ်မြေထဲအထိ မျှားဦးရောက်ရှိသွားနိုင်တာဖြစ်တယ်။ အဲဒီအဆင့်ဆိုရင် နေပြည်တော်ကို စစ်ရေးအရ အကြီးအကျယ်ဖိအားပေးနိုင်တော့မှာပါ"လို့ဆိုပါတယ်။
၁၀၂၇ ပထမအဆင့်လိုပဲ တာထွက်အင်မတန်ကောင်းတာတွေ့ရှိရပြီး ဆယ်ရက်ကျော်မှာ ရန်သူ့စခန်းပေါင်း (၅၀) ကျော်နဲ့ နောင်ချိုမြို့ သိမ်းပိုက်ထားနိုင်တယ်လို့ဖော်ပြပါတယ်။
========================
🚩🚩 ၄။ အောင်ဇေယျစစ်ဆင်ရေးမှာ ခမရ၁၈၏ထိခိုက်သေဆုံးမှုအနေဖြင့် သုံးပုံတပုံရှိနေ
ဇူလိုင်၈ရက်
ကရင်ပြည်နယ်အတွင်း စကစရဲ့အောင်ဇေယျစစ်ဆင်ရေးမှာ ခမရ၁၈၏ထိခိုက်သေဆုံးမှု အနေဖြင့်ပြောရလျှင် သုံးပုံတပုံ ရှိနေတယ်လို့သတင်းရရှိပါတယ်။
အောင်ဇေယျစစ်ဆင်ရေးမှ ဇူလိုင်လ(၅)ရက်နေ့တွင်ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၈) မှတပ်သား- ချစ်မင်းသူက ပြောကြားချက်ကိုKNLA GHQကဖော်ပြပါတယ်။
"စစ်ဗိုလ်တွေသူတို့ကတော့ဟိုးကျည်လွတ်ရာမှာနေပြီးတော့ကျနော်တို့ရဲဘော်တွေကိုတက်တိုက်၊တက်တိုက်ဆိုပြီးတော့ ခိုင်းပါတယ်။ဖိနှိပ်မှုတွေကတော့သူတို့အမိန့်ပေးတာနဲ့ဒါလုပ်ဆိုလုပ်ရပါတယ်။အောင်ဇေယျစစ်ဆင်ရေးမှာခမရ၁၈ထိခိုက်မှုကသုံးပုံမှာတပုံတော့ရှိပါတယ်" လို့ဆိုပါတယ်။
ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် ဇူလိုင်၅ရက်နေ့ နံနက်ချိန်တွင် စစ်ကောင်စီ အောင် ဇေယျစစ်ဆင်ရေးနောက်တန်းနေရာအား ဝင်ရောက် ပစ်ခတ်ခဲ့ပါတယ်။
ထို့အပြင်စကစ၏အောင်ဇေယျစစ်ဆင်ရေးအား အစွမ်းကုန် ရိုက်ချိုးသွားမည်ဖြစ်ကြောင်းလည်း ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ ရက္ခိုင်ပြည်၊မောင်တောခရိုင် နယ်ခြားစောင့်စခန်းမှရဲနှစ်ဦးGeneration Z Army အညာစစ်ဒေသသို့လက်နက်နှင့်အတူအလင်းဝင်
ဇူလိုင်၈ရက်
ရက္ခိုင်ပြည်၊မောင်တောခရိုင် နယ်ခြားစောင့်စခန်းမှရဲနှစ်ဦးGeneration Z Army အညာစစ်ဒေသသို့လက်နက်နှင့်အတူအလင်းဝင်ခဲ့ကြောင်းဇူလိုင်၈ရက် Generation Z Armyကအသိပေးဖော်ပြပါတယ်။
"ရက္ခိုင်ပြည်၊မောင်တောခရိုင် နယ်ခြားစောင့်စခန်းမှအလင်းဝင်ရောက်လာသော ရဲတပ်သားနှစ်ဦးGeneration Z Army အညာစစ်ဒေသသို့ရောက်ရှိလာပြီဖြစ်တယ်"လို့ဆိုပါတယ်။
ရဲတပ်သား ၂ ဦးနှင့်အတူ MA 11 အမျိုးအစား သေနတ် ၁ လက်၊ G3 အမျိုးအစား သေနတ် ၁ လက် နှင့် ကျည် အတောင့် ၂၂၀ ကို ယူဆောင်လာကာ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။
၄င်းတို့ကို Generation Z Army တပ်ဖွဲ့အနေဖြင့် ၎င်းတို့ကို တစ်ဦးလျှင် ငွေကျပ် သိန်း ၂၀ စီချီးမြှင့်ပေးသွားမယ်လို့သိရပါတယ်။
========================
🚩🚩 ၆။ မုံရွာခရိုင်အမှတ်(၈)တပ်ရင်း မှကာကွယ်ရေးဝန်ကြီးဌာနအကူအညီဖြင့်60mm Mortar လက်နက်ကြီးများထုတ်လုပ်နေ
ဇူလိုင်၈ရက်
မုံရွာခရိုင်အမှတ်(၈)တပ်ရင်း မှကာကွယ်ရေးဝန်ကြီးဌာနအကူအညီဖြင့်60mm Mortar လက်နက်ကြီးများထုတ်လုပ်နေတယ်လို့ ဇူလိုင်၈ရက်မှာ မုံရွာခရိုင်အမှတ်၈တပ်ရင်းကအသိပေးဖော်ပြပါတယ်။
"ဗျူဟာအမှတ် (၆၄)ကျွန်တော်တို့ မုံရွာခရိုင်အမှတ်(၈)တပ်ရင်းမှ 60 mm ဗုံးသီး အစစ်ဖြင့် ပစ်ခက် နိုင်ပြီး သယ်ဆောင်ရလွယ်ကူသော Bipod ၊ Barrel ၊ Base Plate များကို ပေါ့ပါးခိုင်ခန့်အောင် ပြုလုပ်ထားပြီး MOD ၏ အကူအညီဖြင့်ထုတ်လုပ်နေတယ်"လို့ဆိုပါတယ်။
ထို့အပြင် ဗျူဟာ အတွင်းတပ်ရင်းများသာမက အခြားသော ခရိုင် တပ်ရင်းများကိုလည်း ကူညီ ထုပ်လုပ်ပေးလျှက်ရှိတယ်လို့ဆိုပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment