11th AUG 2024 - Morning Daily News by Radio NUG

 


၂၀၂၄ သြဂုတ်လ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရက(၄၉)နှစ်မြောက် ကချင်အာဇာနည်နေ့သို့ သဝဏ်လွှာ ပေးပို့

📌 ၂။ ရမခ တိုင်းစစ်ဌာနချုပ်နှင့် မြို့ ၇၅ ခုကို သိမ်းပိုက်နိုင်သည်အထိ စစ်တပ် ပြိုလဲနေသော်လည်း မင်းအောင်လှိုင် ရူးနေ၍ ဆက်လက် ခေါင်းမာနေဟု NUG ယာယီသမ္မတပြော

📌 ၃။ ပြည်သူတွေဟာစစ်အုပ်စုကိုမကြောက်တော့တဲ့အတွက် စစ်အုပ်စုဟာပျက်သုဥ်းရတဲ့ အခြေအနေရောက်ပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဆို

📌 ၄။ သံခင်း၊ တမာန်ခင်းမှာ စကစဟာ မရရတဲ့အပေါက်က တိုးဝင်နေရတဲ့အခြေအနေရောက်သွားခဲ့ပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဆိုဆို

📌 ၅။ ဘဏ္ဍာရေးစစ်မျက်နှာမှာ ပြည်သူတဦးချင်းစီက ကျရာ၊ နိူင်ရာအခန်းကဏ္ဍကနေပါဝင်နေကြတဲ့အတွက် အကြမ်းဖက်စစ်အုပ်စုဟာ အခြေအနေမလှဖြစ်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်အသိပေး



၂၀၂၄ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့တောင်ပိုင်း၊မြောက်ပိုင်း၊အလယ်ပိုင်း တိုင်းသုံးတိုင်းလုံးမှာတိုက်ပွဲဝင်နေပြီး တော်လှန်ရေးရဲ့မုဒ်ဦးဝကို မြင်နေရပြီလို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန် ထုတ်ဖော်ပြောကြား

🚩 ၂။ လားရှိုးမြို့တဝိုက်ရှိ အရေးပါသော အထင်ကရနေရာများတွင် အထူးဒေသအလံနှင့် MNDAAတပ်မတော်အလံများ လွှင့်တင်

🚩 ၃။ သပိတ်ကျင်း မြို့နယ်အတွင်းက စစ်ရေးပစ်မှတ်များကို MDY-PDF ဆက်လက်ထိုးစစ်ဆင် 

🚩 ၄။ ရေဦး တိုင်းရင်းဆေးရုံမှာ အထိုင်ချပြီး ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ

🚩 ၅။ TNLAကယ်ထုတ်ခဲ့ရတဲ့သီပေါထောင်မှ နိုင်ငံရေးအကျဥ်းသားများကို သက်ဆိုင်တဲ့အဖွဲ့စည်းတွေထံပြန်လည် လွှဲအပ်သွားမယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရက(၄၉)နှစ်မြောက် ကချင်အာဇာနည်နေ့သို့ သဝဏ်လွှာ ပေးပို့


ဩဂုတ်လ ၁၀ရက်။

RadioNUG

ဩဂုတ်လ ၁၀ရက်နေ့မှာ ကျရောက်သည့် (၄၉)နှစ်မြောက် ကချင်အာဇာနည်နေ့သို့ သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်ပါတယ်။

သဝဏ်လွှာတွင်-

ဩဂုတ်လ ၁၀ရက်နေ့မှာ ကျရောက်သည့် (၄၉)နှစ်မြောက် ကချင်အာဇာနည်နေ့ အခါသမယတွင် ကချင်တိုင်းရင်းသား ခေါင်းဆောင်ကြီးများနှင့် ကချင်အမျိုးသားများအားလုံး ကိုယ်၊ စိတ်နှစ်ပါး ဘေးကင်းလုံခြုံမှု ရှိကြပါစေကြောင်းနှင့် လွတ်လပ်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြည့်ဝသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ထူထောင်နိုင်ရေးပန်းတိုင်သို့ တိုင်းရင်းသားအားလုံးနှင့် အတူတကွ လျှောက်လှမ်းနိုင်ပါစေကြောင်း


အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေးတို့အတွက် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ကို စတင်တည်ထောင်ကာ ဦးဆောင်ခဲ့ကြသည့် ကချင်အမျိုးသားခေါင်းဆောင်များ ဖြစ်ကြသော KIO/ KIA ဥက္ကဋ္ဌ စစ်ဦးစီးချုပ်ဗိုလ်ချုပ်  (GOC – Lahtaw Zau Seng) ဒုတိယ စစ်ဦးစီးချုပ် (VCS – Lahtaw Zau Tu) နှင့် အထွေထွေအတွင်းရေးမှူး (Salang Kaba Pungshwi Zau Seng) တို့သည် ၁၉၇၅ သြဂုတ်လ အစောပိုင်းရက်များတွင် စနစ်တကျ လုပ်ကြံသတ်ဖြတ်ခံရပြီး ကျဆုံးခဲ့ကြရသည်။ KIO/ KIA ဥက္ကဋ္ဌ စစ်ဦးစီးချုပ် ဗိုလ်ချုပ်  (GOC – Lahtaw Zau Seng)လုပ်ကြံခံရသောနေ့ သြဂုတ်လ(၁၀)ရက်နေ့ကို ဝမ်းနည်းဖွယ်အထိမ်းအမှတ် ကချင်အာဇာနည်နေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပါကြောင်း


ဤသို့ဝမ်းနည်းဖွယ်ရာဖြစ်ရပ်ကြီး တွေ့ကြုံခဲ့ရသော်လည်း ကချင်အမျိုးသားများ လက်ဆင့်ကမ်းကာ သယ်ဆောင်ခဲ့သည့် ကချင်တော်လှန်ရေးသည် ယခု(၄၉)နှစ်တိုင်တိုင် ကချင်တော်လှန်ရေးတပ်ဦး ဖြစ်သည့် KIO/KIAကို ညီညီညွတ်ညွတ်ဖြင့် စုစည်း၍ ဆက်လက်ချီတက်နိုင်ခဲ့ကြသည်ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရက ဂုဏ်ယူလေးစားမိပါကြောင်း


သြဂုတ်လ(၁၀)ရက်နေ့တွင် ကျရောက်သည့် (၄၉)နှစ်မြောက် ကချင်အာဇာနည်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရသည် ကချင်တိုင်းရင်းသား ပြည်သူများနှင့်အတူဝမ်းနည်းကြေကွဲရပြီး ကချင်လူမျိုးများ၏ လွတ်လပ်ခွင့်၊ တန်းတူညီမျှခွင့်နှင့် ကိုယ်ပြဋ္ဌာန်းခွင့်တို့အတွက် နွေဦးတော်လှန်ရေး အပါအဝင် စစ်အာဏာရှင်တော်လှန်ရေး တိုက်ပွဲများတွင် အသက်သွေးချွေးများစွာ စတေးပေးဆပ်ခဲ့ကြသည့် ကချင်အမျိုးသား ခေါင်းဆောင်ကြီးများ၊ ကချင်ပြည်သူလူထုအပါအဝင် KIO/KIAရဲဘော်ရဲဘက်များ၏ စွန့်လွတ်အနစ်နာခံမှု၊ သစ္စာစောင့်သိမှုတို့ကို လေးစားဖွယ် အောက်မေ့ သတိတရ ဖြစ်မိပါကြောင်း


ကချင်ဒေသအပါအဝင် မြန်မာနိုင်ငံတစ်ခုလုံး အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်မှ အမြန်ဆုံး လွတ်မြောက်နိုင်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစံနှုန်းများနှင့် ပြည့်ဝသည့် နိုင်ငံသစ်တစ်ခုကို အမြန်ဆုံး ထူထောင်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မဟာမိတ်ကချင်တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့နှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကတိပြုရင်း ဤအောက်မေ့ဖွယ် သဝဏ်လွှာအား ပေးပို့အပ်ပါသည်ဟု ဖော်ပြပါရှိပါတယ်။


========================


📌📌 ၂။ ရမခ တိုင်းစစ်ဌာနချုပ်နှင့် မြို့ ၇၅ ခုကို သိမ်းပိုက်နိုင်သည်အထိ စစ်တပ် ပြိုလဲနေသော်လည်း မင်းအောင်လှိုင် ရူးနေ၍ ဆက်လက် ခေါင်းမာနေဟု NUG ယာယီသမ္မတပြော


သြဂုတ်လ ၁၀ရက်။ 

RadioNUG

လားရှိုးအရှေ့မြောက်တိုင်း စစ်ဌာနချုပ်နှင့် မြို့ ၇၅ မြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်သည်အထိ စစ်တပ်က ပြိုလဲနေပြီဖြစ်သော်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ ရူးနေ၍ ဆက်လက် ခေါင်းမာနေဆဲဖြစ်သောကြောင့် ညီညွတ်မှုအားဖြင့် ဆက်လက် တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက သြဂုတ်လ ၈ရက်နေ့က ကျင်းပ ပြုလုပ်သည့် ပြည်သူများသို့ အောင်စကား စကားဝိုင်းမှာ ပြောကြားခဲ့ပါတယ်။


ယခုအချိန်သည် မင်းအောင်လှိုင်အနေဖြင့် အမှားကို ဝန်ခံ၍ ပြည်သူလူထုထံ အာဏာ ပြန်အပ်ရမည့်အချိန်ဖြစ်သော်လည်း မင်းအောင်လှိုင်မှာ ရူးနေ၍ ခေါင်းမာနေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် ညီညွတ်မှုအားဖြင့် ဆက်လက်တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း သမ္မတက သတိပေးပြောဆိုသည်။ 


"တကယ်သာ သတ္တိရှိတဲ့ ရိုးသားဖြူစင်တဲ့ ယောင်္ကျားကောင်းဆိုရင်တော့ ငါမှားပါပြီ ငါ့ကို သတ်ချင်ရင်လည်း သတ်လိုက်ပါတော့ ပြည်သူလူထုကို ပြန်ပြီး အာဏာအပ်နှံတယ်လို့ ပြောသင့်တဲ့အချိန်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မင်းအောင်လှိုင်က ရူးနေတဲ့လူဖြစ်တဲ့အတွက် သူက အဲဒီလို ပြောမှာမဟုတ်ဘူး။ နောက်ဆုံးသေခါနီးအထိ ခေါင်းမာနေမှာဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ယုံကြည်ချက်ကို ရဲရဲတင်းတင်းနဲ့ အားလုံးရဲ့ စည်းလုံးညီညွတ်မှုအားနဲ့ ကျနော်တို့ ဆက်ပြီးတော့ လုပ်ဆောင်သွားဖို့ ဖြစ်တယ်ဆိုတာ အင်မတန်မှ အရေးကြီးတဲ့အချိန်ဖြစ်ပါတယ်" ဟု ယာယီသမ္မတက ပြောဆိုသည်။ 


နွေဦးတော်လှန်ရေးတွင်  ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်နေသော စစ်ကောင်စီတပ်ကို လက်နက်ကိုင်တော်လှန်ရေးဖြင့် စတင်တော်လှန်ချိန်က ကမ္ဘာ့အဆင့်မီ သုံးသပ်သူ ပညာရှင်ဆိုသူများက အင်အားကောင်းသော မြန်မာစစ်တပ်ကိုဘယ်လိုမှ မနိုင်နိုင်ဟု ပြောဆိုခဲ့ကြောင်း၊ ယခုအခါ အဆိုပါ ပညာရှင်များကိုယ်တိုင် တော်လှန်ရေးတပ်များ၏ အောင်နိုင်မှုများကို လက်တွေ့ မြင်လာရပြီဖြစ်ကြောင်း ပညာရှင်ဆိုသူများ၏ အဆင့်ကိုပင် လျှော့ချရမည့် အခြေအနေဖြစ်ကြောင်း၊ စစ်ကောင်စီသည် သံတမန်ရေး၊ စီးပွားရေးနှင့် စစ်ရေးတို့တွင် လုံး၀ ပြိုလဲနေပြီး ပြည်သူလူထု၏ ထောက်ခံမှု လုံး၀ မရှိတော့ကြောင်း ယာယီသမ္မတက ပြောဆိုသည်။


"ပညာရှင်တွေက ကမ္ဘာမှာ အဆင့် ၃၀ နဲ့ ၃၅ အဆင့်ရှိတဲ့ မြန်မာစစ်တပ်ကို ဘယ်လိုမှ နိုင်မှာမဟုတ်ဘူးလို့ပဲ သူတို့သုံးသပ်ကြပါတယ်။ ဒါပေမယ့် လက်တွေ့ ဒီနေ့ သူတို့အားလုံးလည်း မြင်နေရပါပြီ။ သူတို့ကိုတောင် ပညာရှင်အဆင့်ကနေ လျှော့ရမလိုဖြစ်နေပါပြီ။ ကျနော်တို့ရဲ့ အောင်ပွဲကလည်း ကမ္ဘာက ဩချရလောက်အောင် အောင်မြင်နေပါပြီ။ ဘာမှ မရှိဘူးဆိုတဲ့သူတွေက အောင်ပွဲတွေ အလီလီ ဆင်နွှဲလာခဲ့ပြီဖြစ်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံတစ်ဝန်းမှာ ၇၅ မြို့ကို သိမ်းနိုင်ပြီလို့ သိရှိရပါတယ်။ ဩဂုတ်လ ရက်နေ့မှာပဲ တကယ့်စစ်ဌာန ချုပ်ဖြစ်တဲ့ လားရှိုးမြို့ကို သိမ်းပိုက်ပြီး တော်လှန်ရေးတွေက သိမ်းပိုက်နေပြီဖြစ်ပါတယ်။ ဒါတွေက ငြင်းလို့မရတဲ့ အောင်ပွဲတွေဖြစ်ပါတယ်။ စစ်ကောင်စီက လုံး၀ပြိုကျနေပြီ။ စိတ်ဓာတ်ရေးရာ လုံး၀ မရှိတော့ဘူး။ စစ်တိုက်နိုင်တဲ့စွမ်းအားလည်းမရှိတော့ဘူး။ ခွန်အားလည်းမရှိတော့ဘူး" ဟု ဆိုပါတယ်။


တိုင်းရင်းသးများအားလုံး ပါဝင်နေသော ယနေ့ နွေဦးတော်လှန်ရေးသည် သွေးစည်းညီညွတ်သော တော်လှန်ရေးဖြစ်သည့်အတွက် အောင်မြင်မှု ပမာဏကြီးမားကြောင်း၊  စစ်ကောင်စီအတွင်း အချင်းချင်း မယုံသင်္ကာမှုများဖြင့် တန်ပြန်ပုန်ကန်မှုများ ကြံစည်နေကြကြောင်း၊ မင်းအောင်လှိုင် သေချာပေါက် ရှုံးမည်ဖြစ်ကြောင်း ယာယီသမ္မတက သုံးသပ်ပြောဆိုသည်။ 


"ပြည်သူလူထုထောက်ခံမှုကလည်း ဘာမှ မရှိတော့တဲ့အထိ ရောက်တဲ့အနေ အထားမျိုးဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုမှ နာလန်မထူနိုင်ဘဲ ပြိုကျပျက်စီးပြီး အချင်းချင်းအကြားမှာ မယုံသင်္ကာမှုနဲ့ တန်ပြန်သူ့ကို ပုန်ကန်ဖို့ ကြံစည်နေကြပါပြီ။ လက်နက်ချမှု မြောက်မြားစွာလည်းအားလုံးသိကြတဲ့အတိုင်း ဖြစ်နေပြီဆိုတော့  ဒီအနေအထားက သူဘယ်လိုမှ မနိုင်တော့ဘူးဆိုတာ ရှင်းတယ်။  ဒီတော်လှန်ရေးက အံ့ဩဖို့ကောင်းတာက တိုင်းရင်းသားအားလုံးပါတယ်။ မြန်မာလူထုအားလုံးလည်း ပါတယ်။ သွေးစည်းညီညွတ်တဲ့တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့် ဒီလောက်အောင်မြင်တာဖြစ်ပါတယ်" ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။


========================


📌📌 ၃။ ပြည်သူတွေဟာစစ်အုပ်စုကိုမကြောက်တော့တဲ့အတွက် စစ်အုပ်စုဟာပျက်သုဥ်းရတဲ့ အခြေအနေရောက်ပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဆို


သြဂုတ်လ ၁၀ရက်။

Radio NUG

ပြည်သူတွေဟာစစ်အုပ်စုကို မကြောက်တော့တဲ့အတွက် စစ်အုပ်စုဟာပျက်သုဥ်းရတဲ့ အခြေအနေရောက်ပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကဆိုပါတယ်။


သြဂုတ်လ၁၀ရက်"ပြည်သူများသို့ အောင်စကား" အစီအစဉ်မှာပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကဆိုပါတယ်။


"စကစသူတို့ဟာ ရုပ်ဝတ္တုပစ္စည်းမှာသာတယ်ဆိုတယ်။ ဒါပေမယ့်သူတို့ထည့်မတွက်တာ ပြည်သူတွေရဲ့ဆန္ဒပဲ။ ပြည်သူတွေရဲ့စိတ်ဓာတ်ပဲ။ အခုတော်လှန်ရေးအောင်မြင်တာကလည်း ပြည်သူတွေရဲ့စိတ်ဓာတ်ပဲ။ စိတ်ဓာတ်ပြင်းပြတဲ့အတွက်အောင်မြင်မှုကရမှာပဲ။ ပြည်သူတွေကိုသတ်ဖြတ်မယ်။ နှိပ်စက်မယ်။ အကြောက်တရားရအောင် ဟိုးတုန်းကတည်းကသူတို့ကျင့်သုံးတာအခုလည်းပြည်သူတွေကိုနှိပ်စက်နေတာပဲ။ ပြည်သူတွေကမကြောက်တော့ဘဲ သူတို့ကို ပိုပြီးမုန်းတီးနာကြည်းသွားတော့သူတို့ပျက်သုဥ်းသွားရတာပဲ"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


ဒါ့အပြင် တော်လှန်ရေးအင်အားစုများဟာ စစ်စခန်းတွေကိုသိမ်းယူနိူင်တဲ့အခြေအနေရောက်ရှိနေပြီဖြစ်ပြီးတော့ စစ်ရုံးချုပ်အပါအဝင် စစ်ခေါင်းဆောင်နေရာများကို အတွင်းသတင်းပေးများရဲ့သတင်းပေးမှုနဲ့တိုက်ခိုက်အောင်မြင်မှုတို့ရရှိခဲ့တယ်လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။


========================


📌📌 ၄။ သံခင်း၊ တမာန်ခင်းမှာ စကစဟာ မရရတဲ့အပေါက်က တိုးဝင်နေရတဲ့အခြေအနေရောက်သွားခဲ့ပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဆိုဆို


သြဂုတ်လ ၁၀ရက်။

Radio NUG

သံခင်း၊ တမာန်ခင်းမှာ စကစဟာ မရရတဲ့အပေါက်ကတိုးဝင်နေရတဲ့ အခြေအနေရောက်သွားခဲ့ပြီလို့ ပြည်ထောင်စု ဝန်ကြီးဒေါ်ဇင်မာအောင်ကပြောပါတယ်။


သြဂုတ်လ၁၀ရက်"ပြည်သူများသို့ အောင်စကား" အစီအစဉ်မှာ နိူင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါ်ဇင်မာအောင်ကပြောပါတယ်။


"စကစနဲ့မင်းအောင်လှိုင်ကို နိူင်ငံတကာကအသိအမှတ်မပြုဘူးဆိုတာ တစ်အချက်ပြည်သူလူထု ဆန္ဒဆန့်ကျင်ပြီးတော့ ကြိုးစားနေတဲ့အချက်ဖြစ်တယ်။ အာဆီယံမှာဆိုလည်း နိူင်ငံရေးအရကိုယ်စားပြုခွင့်မပေးဘူး။ ဒါပေမယ့်သူတို့ဘက်ကဘယ်နေရာကပဲဝင်ရ၊ ဝင်ရအနေအထားမျိုးဖြစ်သွားပြီ။ ကျမတို့ရဲ့အလုပ်ကတော်လှန်ရေးနဲ့ပြည်သူလူထုကို နိူင်ငံတကာကကြားအောင်လုပ်ရတဲ့ ပထမဦးဆုံးအလုပ်ဖြစ်တယ်။ ရောက်တဲ့နေရာကနေကြားအောင်ပြောရတဲ့အချိန်တခုရှိခဲ့တယ်။ အရင်တုန်းကဆို စကစက အာဆီယံထိပ်သီးအစည်းအဝေးမှာ ဝန်ကြီးအဆင့်တန်းတူတက်ခွင့်မရရင်မတက်ဘူးဆိုပြီး ပြီးခဲ့တဲ့သုံးနှစ်လုံးမာမာထန်ထန်ပြောရာကနေအခုဆို နိူင်ငံရေးအရကိုယ်စားမပြုတဲ့သူကိုသူတို့တက်ခိုင်းနေရပြီ။ ဒါကမရရတဲ့နေရာကသူတို့တိုးနေရပြီဖြစ်တယ်"လို့ပြောပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သံတမာန်ဆက်ဆံရေး ကောင်းမွန်ရခြင်းမှာ နိူင်ငံတကာရောက်မြန်မာပြည်သူလူထု၏ ကူညီပံ့ပိုးမှုများလည်းပါဝင်ပြီး ၄င်းတို့ကိုလည်းကျေးဇူးအထူးတင်ရှိကြောင်းပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ကထပ်လောင်းပြောပါတယ်။


========================


📌📌 ၅။ ဘဏ္ဍာရေးစစ်မျက်နှာမှာ ပြည်သူတဦးချင်းစီက ကျရာ၊ နိူင်ရာအခန်းကဏ္ဍကနေပါဝင်နေကြတဲ့အတွက် အကြမ်းဖက်စစ်အုပ်စုဟာ အခြေအနေမလှဖြစ်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်အသိပေး


သြဂုတ်လ ၁၀ရက်။

Radio NUG

ဘဏ္ဍာရေးစစ်မျက်နှာမှာ ပြည်သူတဦးချင်းစီက ကျရာ၊နိူင်ရာအခန်းကဏ္ဍကနေ ပါဝင်နေကြတဲ့အတွက် အကြမ်းဖက်စစ်အုပ်စုဟာ အခြေအနေမလှဖြစ်နေပြီလို့ ပြည်ထောင်စု ဝန်ကြီးဦးတင်ထွန်းနိူင်ကအသိပေးဆိုပါတယ်။


သြဂုတ်လ၁၀ရက်"ပြည်သူများသို့ အောင်စကား" အစီအစဉ်မှာပြည်ထောင်စု ဝန်ကြီးဦးတင်ထွန်းနိူင်ကပြောပါတယ်။


"အကြမ်းဖက်စစ်တပ်က ဘဏ္ဍာရေးစစ်မျက်နှာမှာ ပြည်သူတဦးချင်းစီက ကျရာ၊နိူင်ရာအခန်းကဏ္ဍကနေ ပါဝင်နေကြတဲ့အခါကြတော့ သူ့ရဲ့ဘဏ္ဍာရေးအခြေအနေက တော်တော်ကို ဆုတ်ယုတ်ပြီးတော့အခြေအနေမလှဖြစ်နေပါတယ်။ အကြပ်အတည်းဆိုက်နေပါတယ်။ တိုက်ရိုက်လည်းသိနိူင်တယ်။ သွယ်ဝိုက်ပြီးတော့လည်း မြင်နေရပါတယ်။ သွယ်ဝိုက်ပြီးသိရတာက ဒေါ်လာစျေးပေါ့။ ဒေါ်လာစျေးက သူတို့အာဏာမရူးခင်တုန်းက တထောင်၊ထောင့်နှစ်ရာလောက်ပဲရှိပါတယ်။ အခုငါးထောင့်နှစ်ရာ၊ ငါးထောင့်သုံးရာဆိုတာဆက်ပြီးတက်ဦးမယ်။ ပြောချင်တာကလေးဆလောက်တက်သွားပါတယ်"လို့ဆိုပါတယ်။


အဆိုပါနိူင်ငံခြားငွေ လဲလှယ်နှုန်းများမြင့်တက်ကာ မြန်မာကျပ်ငွေတန်ဖိုးများကျဆင်းခြင်းသည် စစ်အုပ်စု၏ငွေစက္ကူသစ်များရိုက်ထုတ်မှုအပါအဝင် စီမံခန့်ခွဲမှု အလွဲအမှားများကြောင့်ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်ကဆိုပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့တောင်ပိုင်း၊မြောက်ပိုင်း၊အလယ်ပိုင်း တိုင်းသုံးတိုင်းလုံးမှာတိုက်ပွဲဝင်နေပြီး တော်လှန်ရေးရဲ့မုဒ်ဦးဝကို မြင်နေရပြီလို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန် ထုတ်ဖော်ပြောကြား


သြဂုတ်လ ၁၀ရက်။

Radio NUG

ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့တောင်ပိုင်း၊ မြောက်ပိုင်း၊ အလယ်ပိုင်း တိုင်းသုံးတိုင်းလုံးမှာတိုက်ပွဲဝင်နေပြီး တော်လှန်ရေးရဲ့မုဒ်ဦးဝကို မြင်နေရပြီလို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။


သြဂုတ်လ၁၀ရက်"ပြည်သူများသို့ အောင်စကား" အစီအစဉ်မှာကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးဦးရည်မွန်ကပြောပါတယ်။


"ဒီကနေ့တော်လှန်ရေးလှိုင်းကတော့အရှိန်အဟုန်နဲ့ရှေ့ဆက်နေပြီ။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေနဲ့PDFများအနေနဲ့ဆိုလည်း အင်အားတည်ဆောက်မှုအပိုင်းမှာကတော့ကွက်ပြည့်ခင်းထားနိူင်ခဲ့ပြီ။ဒီကနေ့ကွက်စေ့နင်းရင်းနဲ့မဟာဗျူဟာ ထိုးစစ်ဆင်ထားတဲ့အနေအထားကိုရောက်နေခဲ့ပြီ။လတ်တလော စစ်ဆင်ရေးတွေမှာထင်ရှားတာကရှမ်းမန်းစစ်ဆင်ရေးရှိမယ်။ရှမ်းမန်းစစ်ဆင်ရေးဆိုလည်း အင်အားတည်ဆောက်ပြီးတော့မဟာဗျူဟာထိုးစစ်ဆင်မယ်ဆိုတဲ့ အစိတ်အပိုင်းတခုလို့ပြောလို့ရတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ဆိုရင်လည်းတောင်ပိုင်း၊မြောက်ပိုင်း၊အလယ်ပိုင်း တိုင်းသုံးတိုင်းလုံးမှာတိုက်ပွဲဝင်နေတယ်။ကျနော်တို့ရဲ့မဟာမိတ်တိုင်းရင်းသားအင်အားစုတွေဆိုရင်လည်း နိူင်ငံရဲ့အရှေ့အနောက်တောင်မြောက်ဒေသတိုင်းမှာတိုက်ပွဲဝင်နေတယ်။အဲဒီတော့ဟန်ချက်ညီမှုကိုလည်းသိသိသာသာတွေ့နေရပြီ"လို့ဆိုပါတယ်။


တော်လှန်ရေးရဲ့အောင်ပွဲမုဒ်ဦးဝကို လှမ်းမြင်နေရပြီဖြစ်လို့ တော်လှန်ရေးအင်အားစုများညီညွတ်ရန်နှင့် ပြည်သူလူထုကလက်သီးဆုပ် မဖြည်စတမ်းဆက်လက်လိုက်ပါရန်လည်း ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကပြောပါတယ်။


========================


🚩🚩 ၂။ လားရှိုးမြို့တဝိုက်ရှိ အရေးပါသော အထင်ကရနေရာများတွင် အထူးဒေသအလံနှင့် MNDAAတပ်မတော်အလံများ လွှင့်တင်


သြဂုတ်လ ၁၀ရက်။

RadioNUG

လားရှိုးမြို့တိုက်ပွဲများ ပြီးဆုံးပြီးနောက် သြဂုတ်လ ရက်နေ့တွင် MNDAAမှ ပြည်ထောင်စု မြန်မာနိုင်ငံ အထူးဒေသ()အလံနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်အလံအား နောင်မွန်မှ လားရှိုးလမ်းတစ်လျှောက် ဟိုပိတ်ဒေသနှင့် ယူနိုင်ဒေသကဲ့သို့ အရေးကြီး အထင်ကရ နေရာများတွင် လွှင့်တင်ခဲ့ကြောင်း MNDAA သတင်းထုတ်ပြန်ထားပါတယ်။


လွှင့်တင်ထားသော  အထူးဒေသအလံများနှင့် MNDAA တပ်မတော်အလံများသည် တော်လှန်ရေးစိတ်ဓာတ်နှင့် ယုံကြည်ချက်တစ်ရပ်ကို ကိုယ်စားပြုပြီး၊ အမျိုးသားကိုယ်ပိုင် အုပ်ချုပ်ခွင့်၏ မြင့်မားသောအခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် အထူးအုပ်ချုပ်ရေးဒေသ() သန္နိဋ္ဌာန်ကို ပြသကာ တပ်မတော်နှင့်ပြည်သူများအကြား စည်းလုံးညီညွတ်မှုနှင့် တိုးတက်မှုကို လမ်းညွှန်ပြသပေးတယ်လို့ ဖော်ပြထားပါတယ်။


လားရှိုးမြို့ ပြန်လည်တည်ဆောက်ရေးကိုလည်း MNDAA တပ်ဖွဲ့ဝင်များက နယ်မြေခံ ပြည်သူများနှင့် ပူးပေါင်းကာ သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ တက်ကြွစွာ ဆောင်ရွက်ခဲ့ကြပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန် လားရှိုးမြို့မှ ဒေသခံပြည်သူများ ပိုမိုပါဝင်လာမည်ဟု မျှော်လင့်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ သပိတ်ကျင်း မြို့နယ်အတွင်းက စစ်ရေးပစ်မှတ်များကို MDY-PDF ဆက်လက်ထိုးစစ်ဆင် 


ဩဂုတ်လ ၁၀ ရက်။ 

Radio NUG

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်အတွင်းက သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက် ထိုးစစ်ဆင်နေကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF က ထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ရက်နေ့က သပိတ်ကျင်း မြို့နယ်ထဲက ကွင်း (၃၀)ရွာ တပ်စခန်း၊ လက်ပံပြန့်ရွာ တပ်စခန်း၊ ဖိုးကုန်း တပ်စခန်း၊ ဝက်သေရွာ တပ်စခန်းနဲ့ ဖက်ရှည်ရွာ တပ်စခန်းတို့ကို သိမ်းပိုက်ရရှိထားတယ်လို့ ဆိုပါတယ်။


ထို့အပြင် ဩဂုတ်လ ၁၀ ရက်နေ့မှာလည်း သပိတ်ကျင်း မြို့နယ် အခြေစိုက် ခလရ (၁၄၈)တပ်စခန်း၊ ကျောက်ဖြူရွာ တပ်စခန်းနဲ့ လိပ်ကျရွာ တပ်စခန်းတို့ကို ထပ်မံသိမ်းပိုက် ရရှိခဲ့တယ်လို့ သိရပါတယ်။


လက်ရှိအချိန်ထိ သပိတ်ကျင်း မြို့နယ်ထဲက စစ်ကောင်စီ တပ်စခန်း စုစုပေါင်း()ခုကို  MDY-PDF က သိမ်းပိုက်ရရှိထားပြိး လက်နက်ခဲယမ်း များကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၄။ ရေဦး တိုင်းရင်းဆေးရုံမှာ အထိုင်ချပြီး ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ


ဩဂုတ်လ ၁၀ ရက်။ 

Radio NUG

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တိုင်းရင်းဆေးရုံဝင်းအတွင်း အထိုင်ချ တပ်စွဲထားပြီး ဘေးပတ်ပတ်လည် ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို လက်နက်ကြီး လုံးနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ Wolf Guerrilla LDF(YE-U) က ထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ရက်နေ့ ၁၀ နာရီ ၃၀ မိနစ်မှာ ရေဦး တိုင်းရင်းဆေးရုံအတွင်း အထိုင်ချ တပ်စွဲထားတဲ့ အင်အား ၆၀ ခန့်ရှိ စစ်ကောင်စီ တပ်ဖွဲ့ကို ဗိုလ်ရုပ်ဆိုး ဦးဆောင်သော Wolf Guerrilla LDF(YE-U) အဖွဲ့က လက်နက်ကြီး လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ လက်နက်ကြီး လုံးမှာ တိုင်းရင်းဆေးရုံ ဝင်းအတွင်းရှိ စစ်ကောင်စီ အရာခံဗိုလ်များ နေထိုင်ရာ လေးထပ်တိုက် အပေါ်ဆုံးအထပ်ကို ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦး ဒဏ်ရာရခဲ့တယ်လို့ သတင်းရရှိကြောင်း သိရပါတယ်။


တိုက်ခိုက်မှု အပြီးမှာ စစ်ကောင်စီဘက်က ၁၂၀ မမ လက်နက်ကြီး လုံးအပြင် ပွိုင့်ဖိုက် စက်လက်ဖြင့် အဆက်မပြတ် ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ တိုင်းရင်းဆေးရုံ ဝင်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ သုံးလေးရက်မှ ယနေ့ညနေပိုင်း အထိ အနီးပတ်ဝန်းကျင် ကျေးရွာများကို ၁၂၀ မမ၊ ၈၁ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ TNLAကယ်ထုတ်ခဲ့ရတဲ့သီပေါထောင်မှ နိုင်ငံရေးအကျဥ်းသားများကို သက်ဆိုင်တဲ့အဖွဲ့စည်းတွေထံပြန်လည် လွှဲအပ်သွားမယ်


သြဂုတ်လ ၁၀ရက်။

Radio NUG

သီပေါမြို့နယ် ညောင်ပင်ကုန်း(အကျဥ်းထောင်) နံနက် (၈း၃၀) နာရီအချိန်တွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ် စကခ()လက်အောက်ခံ ခမရ(၅၀၃၊ ၅၀၄) ခလရ (၂၃)တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ပါတယ်။

ထို့နောက်မွန်းလွဲပိုင်းတွင် အကျဥ်းထောင်ပွင့်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုများကအတည်ပြုဆိုထားပါတယ်။

TNLAကလက်ရှိ စောင့်ရှောက်ထားသောအထဲတွင် သီပေါထောင်တွင်အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား၂၉ဦးပါဝင်ကာ ကျန်လူများမှာအခြားအမှုများဖြစ်ကြတယ်လို့သိရပါတယ်။


သီပေါထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်ပါတယ်။ အချို့ နှစ်ရှည်ကျခံထားရသူတွေပါပြီး စစ်ကိုင်းဒေသဘက်က လူတွေတောင်ပါလာပါတယ်။ အကျဉ်းထောင်ထဲမှာ ခြေသည်းတွေဆွဲနှုတ်၊ သံချောင်းနဲ့ပြန်ရိုက်တဲ့ထိ နှိပ်စက်ခံခဲ့ရတယ်လို့ ထွက်ဆိုပါတယ်။ အခုတော့ ဒီလူတွေ

သီပေါမြို့ကို ထိုးစစ်ဆင်နေတဲ့ တအာင်းတပ်(PSLF/TNLA)လက်ထဲရောက်လာပါပြီ။ နိုင်ငံရေးအကျဉ်းသားနဲ့ သက်ဆိုင်တဲ့အဖွဲ့စည်းတွေထံ လွှဲအပ်သွားမယ်လို့ ဆိုပါတယ်"လို့ တော်လှန်ရေးရဲဘော်တဦးကဆိုထားပါတယ်။

သြဂုတ်လ၁၀ရက်နေ့ညပိုင်းအထိ သီပေါမြို့ကတော့ ထောင်၊ရဲစခန်းအပါအဝင် မြို့အားလုံးနီးပါးကိုတော်လှန်ရေးတပ်ဖွဲ့များ သိမ်းထားနိုင်ပြီး စကစပင်မတပ်စခန်းပဲ ကျန်ရှိတော့မယ်လို့သိရပါတယ်။


ထို့ပြင် သီပေါမြို့နယ် စံဖိတ်ရွာနှင့် အေရှားဝေါ တိုးဂိတ်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောင်ချိုမြို့နယ် ရွှေမုဌောရွာ၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ Y-12 လေယာဉ်ဖြင့် ()ကြိမ် ဗုံး (၄၂)လုံး ကြဲချခဲ့ကာ သြဂုတ်လ()ရက်နေ့တွင်လည်း သီပေါမြို့ မိုင်တိုင်()တွင် စစ်ကောင်စီတပ်မှ Y-12 လေယာဉ်ဖြင့် ဗုံး (၅၀)လုံး လာရောက်ပစ်ချ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment