19th AUG 2024 - Morning Daily News by Radio NUG

 

၂၀၂၄ သြဂုတ်လ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ "Insights on the achievements of Myanmar's Spring Revolution"အစီအစဉ် ဩဂုတ်လ ၂၁ ရက်နေ့တွင် LIVE ထုတ်လွှင့်မည်

📌 ၂။ ပြာပုံကြားက ပြည်သူများ နေထိုင်တဲ့ မြန်မာနိုင်ငံက ဇူလိုင်လအတွင်း နိုင်ငံအလိုက် ထောက်ပို့အင်အား အများဆုံးရှိ

📌 ၃။ မွန်ကိုယ်စားပြု တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေး အင်အားစုများ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ NRFF တိုက်တွန်း

📌 ၄။ နှစ်လကြာ ပိတ်ထားသည့် ဘုရားသုံးဆူနယ်စပ်ဂိတ် လူသွားလာရန် ပြန်ဖွင့်

📌 ၅။ ရန်ကုန်မြို့တွင် ပြည်သူလူထုကို ဖိနှိပ်နေသည့် အုပ်ချုပ်ရေးမှူးများ၏ အချက်အလက်များ ပေးပို့ကြရန် တောင်းခံ

📌 ၆။ ဆန်ဖရန်စစ္စကိုမြို့တွင် မြန်မာစစ်အာဏာရှင် ဆန့်ကျင်ရေး မြေပြင်လူထုသပိတ်တိုက်ပွဲပြုလုပ်


၂၀၂၄ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်လက်နက်ပစ္စည်း ထုတ်လုပ်မှုအတွက် အသုံးပြုနေတဲ့ မြင်းခြံ အမှတ်()သံမဏိစက်ရုံကို လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်

🚩 ၂။ ကော့သောင်း ခမရ (၅၉၅)တပ် လုံခြုံရေးဂိတ် တိုက်ခိုက်ခံရပြီး ဦး သေဆုံး

🚩 ၃။ နယ်စပ်ရေးရာဝန်ကြီးကား ပစ်ခတ်ခံရသည့်နေရာတွင် တပ်စွဲနေသော စစ်ကောင်စီ တပ်သားများအား စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ ဦး သေဆုံး

🚩 ၄။ မြင်းခြံ - နွားထိုးကြီး နယ်စပ်နဲ့ ငါန်းဇွန်းမြို့နယ်က ကျေးရွာများကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

🚩 ၅။ သီပေါမှာ ခြေထောက်ပြတ်နေတဲ့ အလောင်းအပါအဝင် ပုတ်ပွနေတဲ့ အရပ်သားအလောင်း လောင်းထပ်တွေ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ "Insights on the achievements of Myanmar's Spring Revolution"အစီအစဉ် ဩဂုတ်လ ၂၁ ရက်နေ့တွင် LIVE ထုတ်လွှင့်မည်


ဩဂုတ်လ ၁၈ရက်။ 

RadioNUG

"မြန်မာ့နွေဦးတော်လှန်ရေး၏ အောင်မြင်မှုများအပေါ် ရှုမြင်ချက်များ - Insights on the achievements of Myanmar's Spring Revolution" လို့ အမည်ပေးထားတဲ့ အစီအစဉ်ကို ဩဂုတ်လ ၂၁ ရက်နေ့ မြန်မာစံတော်ချိန် ၇နာရီခွဲအချိန်မှာ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။


အစီအစဉ်မှာ တီမောလပ်စတေးနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ်ဟောတာ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ဥက္ကဋ္ဌခူဦးရယ်တို့နဲ့အတူ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း H.E. Kasit Piromya NSW ဩစတြေးလျ လွှတ်တော်အမတ် Hon. Janelle Saffin မြန်မာနိုင်ငံကြားကာလဗဟိုဘဏ် အထူးအကြံပေး Dr Sean Turnell နဲ့ ပရက် လူမှုအခြေပြုစင်တာရဲ့ အကြီးတန်းအကြံပေး Igor Blaževič တို့က ပြောကြားသွားကြမှာ ဖြစ်ပါတယ်။ 


အစီအစဉ်ကို NUG CRPH PVTV Radio NUG DVB Mizzima ခေတ်သစ် D Day Channel ဒီလမ်း နွေဦးအသံ People's Spring သံလွင်တိုင်းမ်၊ Delta News Agency မမများနဲ့ပွဲကမယ်နှင့် Red Peacock ပေ့ချ်များ အပြင် အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးဌာနအသီးသီးရဲ့ လူမှုကွန်ယက်စာမျက်နှာတွေကနေ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမှာဖြစ်ပါတယ်။


========================


📌📌 ၂။ ပြာပုံကြားက ပြည်သူများ နေထိုင်တဲ့ မြန်မာနိုင်ငံက ဇူလိုင်လအတွင်း နိုင်ငံအလိုက် ထောက်ပို့အင်အား အများဆုံးရှိ


ဩဂုတ်လ ၁၈ရက်။

RadioNUG

ပြာပုံကြားက ပြည်သူများ နေထိုင်တဲ့ မြန်မာနိုင်ငံက ဇူလိုင်လအတွင်း နိုင်ငံအလိုက် ထောက်ပို့တပ်သားဦးရေနှင့် ထောက်ပို့ငွေပမာဏ အင်အားအများဆုံးရှိကြောင်း PRFရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 


ထောက်ပို့တပ်သား ဒုတိယနှင့် တတိယအများဆုံးမှာ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပြီး ထောက်ပို့ငွေ ဒုတိယနှင့် တတိယအများဆုံးမှာ စင်ကာပူနှင့် အမေရိကန်နိုင်ငံတို့ ဖြစ်တယ်လို့ သိရပါတယ်။


Credit Card, Debit Card တွေ အသုံးပြုပြီးလည်း လစဉ် အလွယ်တကူ တာဝန်ထမ်းဆောင်လို့ရာ ရပီ ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်သားတွေနဲ့ အတူတူ ပါဝင်တော်လှန်နေကြတဲ့ ထောက်ပို့တပ်သားရဲဘော်အားလုံးနဲ့ နိုင်ငံတကာအသီးသီးက Fundraiser များကို လေးစားဂုဏ်ပြုပါကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ မွန်ကိုယ်စားပြု တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေး အင်အားစုများ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ NRFF တိုက်တွန်း


ဩဂုတ်လ ၁၈ ရက်။ 

Radio NUG

မွန်ပြည်နယ်ကို ကိုယ်စားပြုပြီး တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေး အင်အားစုများ အားလုံး နိုင်ငံရေးနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်ပြီး မဟာဗျူဟာကျကျ ဖော်ဆောင် လှုပ်ရှားကြဖို့ ရာမညဖက်ဒရယ် အင်အားစုသစ် NRFF က တိုက်တွန်းထားပါတယ်။


ဩဂုတ်လ (၁၉)ရက်နေ့ (ဝါခေါင်လပြည့်နေ့)မှာ ကျရောက်မယ့် (၇၇)နှစ်မြောက် မွန်တော်လှန်ရေးနေ့ အထိန်းအမှတ် ထုတ်ပြန်ကြေညာချက်မှာ တိုက်တွန်းချက် ချက်နဲ့ NRFF က အခုလို တိုက်တွန်းခဲ့တာပါ။


NRFF ရဲ့ တိုက်တွန်းချက်များမှာ စစ်ကောင်စီက ပြဌာန်းခဲ့တဲ့ စစ်မှုထမ်းဥပဒေကို မွန်ပြည်သူ တရပ်လုံး ဆန့်ကျင်ကြဖို့၊ တော်လှန်ရေး အရှိန် ပိုမိုအားကောင်းပြီး အာဏာရှင်စနစ် ဟူသမျှ အမြန်ဆုံး ကွယ်ပျောက်စေရန် မွန်တစ်မျိုးသားလုံး ကျရာကဏ္ဍကနေ ပူးပေါင်းပါဝင်ကြဖို့၊ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့နဲ့ စစ်တပ်ရဲ့ ကျောထောက်နောက်ခံ စီးပွားရေး ထုတ်ကုန်များကို သပိတ်မှောက်ကြဖို့ အချက်များ ပါဝင်ပါတယ်။


ထို့ပြင် စစ်အာဏာရှင် စနစ်ဆိုးအောက် ဖိနှိပ် ခံနေရတဲ့ကြားက တော်လှန်ရေးအတွက် လူထုရဲ့ ကြံကြံခံ ကူညီထောက်ပံ့နေမှုကို ကျေးဇူးတင်ထားပြီး အပြီးသတ် လွတ်မြောက်တဲ့အထိ ပူးပေါင်း ပါဝင်ကြဖို့နဲ့ မွန်ပြည် ကိုယ်စားပြု တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေး အင်အားစုများ အားလုံး မဟာဗျူဟာကျကျ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း NRFF က တိုက်တွန်းထားပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းစထဲက အာဏာရှင်ဟူသမျှ မနှစ်မြို့တဲ့ မွန်လူငယ်များ စုစည်းကာ သပိတ်တိုက်ပွဲ မှအစ လက်နက်ကိုင် တိုက်ပွဲများမှာပါ ဘဝတူ တိုင်းရင်းသားညီကိုများ နှင့်အတူ စစ်အာဏာရှင် စနစ်ကို ဖြိုဖျက် တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။


မွန်လူမျိုးတို့ရဲ့ အသက်အိုးအိမ်၊ စည်းစိမ်များကို နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်နေတဲ့ စစ်အာဏာရှင် စနစ် အပါအဝင် အာဏာရှင်စနစ်များ အားလုံး ကျရှုံးရေးဟာ ယနေ့ မွန်တော်လှန်ရေးရဲ့ အဓိက ပန်းတိုင်ဖြစ်တယ်လို့ အသိပေး ထားပါတယ်။


၁၃၈၄ ခုနှစ် ဝါခေါင်လပြည့်နေ့မှာ ဇာသပြင် ရဲစခန်းကို မွန်လူငယ်များက ဝင်သိမ်းကာ စတင်ခဲ့ကြတဲ့ မွန်တော်လှန်ရေးဟာ (၇၇)နှစ် တိုင်ခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ၄။ နှစ်လကြာ ပိတ်ထားသည့် ဘုရားသုံးဆူနယ်စပ်ဂိတ် လူသွားလာရန် ပြန်ဖွင့်


ဩဂုတ်လ ၁၈ရက်။ 

RadioNUG

ဩဂုတ် ၁၈ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့ရှိ၊ နယ်စပ်ဂိတ်ကို နှစ်လကြာ ပိတ်ထားရာမှ မြန်မာအလုပ်သမားများ ဆန္ဒပြ တောင်းဆိုမှုအပြီး နှစ်ဖက်တာဝန်ရှိသူတို့ ညှိနှိုင်းကာ လူသွားလာခွင့်အတွက် ဂိတ်ပြန်ဖွင့် ပေးလိုက်တယ်လို့ နယ်စပ်သတင်းအရင်းအမြစ်များမှ သိရပါတယ်။


အဆိုပါ နယ်စပ်ဂိတ်ကို ဇွန် ၁၇ ရက်နေ့တွင် နှစ်နိုင်ငံနယ်စပ်တာဝန်ရှိသူတို့က သွားလာခွင့် ပိတ်ခဲ့သည့်အတွက် ကုန်စည်စီးဆင်းမှုနှင့် ကူးသန်းသွားလာရေး အဆင်မပြေမှုများကြောင့် ဂိတ်ပြန်ဖွင့်ရန် မြန်မာအလုပ်သမားများက ဩဂုတ် ၁၅၊ ၁၆ ရက်နေ့တို့တွင် ဆန္ဒပြ တောင်းဆိုမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


ဩဂုတ် ၁၇ ရက်နေ့တွင် နှစ်နိုင်ငံတာဝန်ရှိသူတို့ နယ်စပ်ဂိတ်ပြန်ဖွင့်ရေး တွေ့ဆုံညှိနှိုင်းကြပြီးနောက် လူသွားလူလာ ပြုလုပ်ရန် ဂိတ်ပြန်ဖွင့်ပေးခဲ့သော်လည်း ကန့်သတ်ချက်အချို့ရှိသလို မည်သည့်မော်တော်ယာဥ်မှ ဖြတ်သန်းခွင့်မရသေးဘူးလို့ သိရပါတယ်။


ဘုရားသုံးဆူမြို့နှင့် ထိုင်းနိုင်ငံ ဆန်ခလဘူရီမြို့နယ်တို့ နယ်မြေချင်း ဆက်စပ်နေသည့် ကုန်သွယ်ရေးဂိတ်ကို DKBA နှင့် ထိုင်းနိုင်ငံနယ်ခြားစောင့် တပ်ဖွဲ့ဝင်များ လမ်းပြင်သည့်ကိစ္စ အငြင်းပွားရာမှ မြန်မာဘက် ဂိတ်စပိတ်ခဲ့ပြီး ထိုင်းဘက်ကလည်း ထပ်မံပိတ်ခဲ့ခြင်း ဖြစ်ပါတယ်။


========================


📌📌 ၅။ ရန်ကုန်မြို့တွင် ပြည်သူလူထုကို ဖိနှိပ်နေသည့် အုပ်ချုပ်ရေးမှူးများ၏ အချက်အလက်များ ပေးပို့ကြရန် တောင်းခံ


ဩဂုတ်လ ၁၈ရက်။ 

RadioNUG

ရန်ကုန်မြို့တွင် ပြည်သူလူထုကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသည့် အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၏ အချက်အလက်များကို တောင်းခံသည့် အုပ်ကြီးကမ်ပိန်း ပြုလုပ်မည်ဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများက သတင်းထုတ်ပြန်ပါတယ်။


ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် အကြမ်းဖက် စစ်ကောင်စီ၏ အုပ်ချုပ်ရေးနှင့် ဖိနှိပ်မှု ယန္တရားများကို အကောင်အထည် ဖော်ဆောင်ရာတွင် အရေးပါဆုံးသော ထောက်တိုင်များဖြစ်ပြီး ရပ်ကျေးအုပ်ကြီးများသည် စစ်ကောင်စီ၏ အာဏာကို မြေပြင်တွင် သက်ရောက်အောင် ဆောင်ရွက်ပေးနေသူများဖြစ်၍ ဧည့်စာရင်း တိုင်ကြားမှုမှ မတရားစစ်မှုထမ်း ကောက်ယူမှုများအထိ အကြမ်းဖက် စစ်ကောင်စီသည် ရပ်ကျေးအုပ်ကြီးများ၏ အားကို လိုအပ်နေတယ်လို့ သိရပါတယ်။


ရန်ကုန်မြို့ပြမှာ စစ်ကျွန်အုပ်ချုပ်ရေးကို ဖြိုချဖို့ဆိုရင် အခြေခံအကျဆုံး ဖောင်ဒေးရှင်းထောက်တိုင်ဖြစ်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးက စတင်ရမှာဖြစ်ပြိး အနိုင်ကျင့်ဖိနှိပ်နေတဲ့ စစ်ကောင်စီအုပ်ကြီးတွေကို ရပ်ရွာလူထုကိုယ်တိုင်က ပြင်းပြင်းထန်ထန် ဆန့်ကျင်အာခံကြဖို့ လိုအပ်နေကာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေရဲ့ အချက်အလက်တွေကို တော်လှန်ရေးအင်အားစုတွေဆီကို သတင်းပေးပို့ကြပါ။ အုပ်ကြီးတွေကို ဖယ်ကျဉ်ကြပါ။ အာခံကြပါ။ လူမှုရေးပြစ်ဒဏ်ခတ်ပြီး နှုတ်ထွက်ဖို့ ဖိအားပေးကြပါ" ဟု ရန်ကုန်မြို့ပြ တော်လှန်ရေး အင်အားစုမှ ပြောဆိုထားပါတယ်။


လူထု၏ တော်လှန်စိတ်၊ တော်လှန်မာန်ကြောင့် ခိုင်မာအားကောင်းသော စစ်တပ်နှင့် စစ်ခေါင်းဆောင် အာဏာရှင်များ၏ ပြိုလဲမှုကျရှုံးမှုများကို မြင်တွေ့နေရကြောင်း၊ ရပ်ရွာထဲတွင် စစ်ကျွန်သဘောက် အုပ်ကြီးများကိုလည်း ရန်ကုန်လူထုတစ်ရပ်လုံးက ပြင်းပြင်းထန်ထန် ဖီဆန်အံတုကြပြီး ဖက်ဆစ်ယန္တရားကို အဆုံးတိုင် ဖြိုချကြရန် လိုအပ်ကြောင်း၊ဖက်ဆစ်ယန္တရားကို လူထုအားနဲ့ ဖြိုချကြ အုပ်ကြီးကမ်ပိန်း" ကို ရန်ကုန်အခြေစိုက် လူထုသပိတ် အစုအဖွဲ့က ဦးဆောင်ပြုလုပ်နေပြီး t.me/OakGyiCampaignBot (Telegram) ကို ပြည်သူများအားလုံး သတင်းပေးပို့ကြရန် ထုတ်ပြန်ထားပါတယ်။


အုပ်ကြီးကမ်ပိန်းစတင်ပြီး ရက် (၄၈)နာရီအတွင်း သတင်းပေးပို့မှု ၁၀၀ ကျော်ရရှိခဲ့သည်ဟု သိရပါတယ်။


========================


📌📌 ၆။ ဆန်ဖရန်စစ္စကိုမြို့တွင် မြန်မာစစ်အာဏာရှင် ဆန့်ကျင်ရေး မြေပြင်လူထုသပိတ်တိုက်ပွဲပြုလုပ်


ဩဂုတ်လ ၁၈ရက်။ 

RadioNUG

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့တွင် Free Burma Action Committee-Northern California က ဦးဆောင်၍တော်လှန်ထိုးစစ် အရှိန်မြှင့်ကြ ပြည်သူအားလုံး အုံကြွကြဆိုသည့် ခေါင်းစဉ်ဖြင့် ၁၃၇ ကြိမ်မြောက် မြေပြင်လူထုသပိတ်တိုက်ပွဲကို နွေဦးတော်လှန်ရေးအင်အားစုများ၊ ထောက်ပို့ပြည်သူများက ဩဂုတ်လ ၁၇ ရက်နေ့တွင် အတူတကွ ဆန္ဒထုတ်ဖေါ်ခဲ့ကြကြောင်း သိရပါတယ်။


မြေပြင်သပိတ်တိုက်ပွဲကို နိုင်ငံတကာသို့ နွေဦးတော်လှန်ရေးခရီးစဉ် လှည့်လည်နေသော ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်ဆရာတော် အရှင်ထာဝရ (နော်ဝေ)တက်ရောက်ကာ နွေဦးတော်လှန်ရေး အပေါ်ထားရှိရမည့် စိတ်ဓာတ်များနှင့် အခြေအနေများကို မိန့်ကြားသွားခဲ့ကြောင်း သိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ စစ်လက်နက်ပစ္စည်း ထုတ်လုပ်မှုအတွက် အသုံးပြုနေတဲ့ မြင်းခြံ အမှတ်()သံမဏိစက်ရုံကို လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်


ဩဂုတ်လ ၁၈ ရက်။ 

Radio NUG

စစ်သုံး လက်နက်ပစ္စည်း ထုတ်လုပ်ရာတွင် အသုံးပြုနေတဲ့ မြင်းခြံမြို့က အမှတ်()သံမဏိစက်ရုံကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ()က သတင်းထုတ်ပြန်ထားပါတယ်။


စစ်ကောင်စီတပ် အင်အား ၂၀၀ ခန့်ဖြင့် လုံခြုံရေး ယူထားတဲ့ အဆိုပါ စက်ရုံကို ဩဂုတ်လ ၁၆ ရက် နာရီ ၁၅ မိနစ်ခန့်မှာ ၆၀ မမ လက်နက်ကြီး ၅၅ လုံးခန့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ()တပ်ရင်းမှ ဦးဆောင်ပြီး ညီနောင်မဟာမိတ်များနှင့်အတူ သွားရောက်ပစ်ခတ် ခဲ့တာလို့ သိရပါတယ်။


လက်နက်ကြီး ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်များ အထိခိုက် အကျဆုံးများခဲ့တယ်လို့ ဖော်ပြထားပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။


အဆိုပါ သံမဏိစက်ရုံဟာ ယခင်အစိုးရ လက်ထပ်က အရှုံးပေါ်တာကြောင့် ရပ်နားထားပေမယ့် လက်ရှိ စစ်ကောင်စီက စစ်လက်နက်ပစ္စည်း ထုတ်လုပ်မှုအတွက် အသုံးချနေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ ကော့သောင်း ခမရ (၅၉၅)တပ် လုံခြုံရေးဂိတ် တိုက်ခိုက်ခံရပြီး ဦး သေဆုံး


ဩဂုတ်လ ၁၈ ရက်။

Radio NUG

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ ၁၈ မိုင်အနီးက ခမရ (၅၉၅)တပ်ရဲ့ လုံခြုံရေး ဂိတ်ကို သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) PDO - KT က သတင်းထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ၁၆ ရက် နာရီ ၅၀ မိနစ်ခန့်မှာ အဆိုပါ စစ်ကောင်စီ ဂိတ်စခန်းကို ကော့သောင်း ပကဖက သွားရောက်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း စစ်ကောင်စီ အသိုင်းဝိုင်းထံမှ သိရတယ်လို့ ဖော်ပြထားပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခမရ (၅၉၅)တပ်ကနေ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူ ပေးခဲ့ပေမယ့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ကော့သောင်းမြို့နယ် အတွင်းမှာ စစ်ရေးအရှိန် မြင့်မားလာနိုင် တာကြောင့် ဒေသခံပြည်သူများအနေနဲ့ စစ်ရေးအသိ စစ်ရေးသတိ အမြဲရှိကြဖို့ ကော့သောင်း ပကဖက အသိပေးထားပါတယ်။


========================


🚩🚩 ၃။ နယ်စပ်ရေးရာဝန်ကြီးကား ပစ်ခတ်ခံရသည့်နေရာတွင် တပ်စွဲနေသော စစ်ကောင်စီ တပ်သားများအား စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ ဦး သေဆုံး


ဩဂုတ်လ ၁၈ရက်။ 

RadioNUG


ဩဂုတ်လ(၁၇)ရက်၊ ညနေ ()နာရီ ဝန်းကျင်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်၊ နယ်စပ်ရေးရာဝန်ကြီးကား ပစ်ခတ်ခံရသည့်နေရာတွင် အခိုင်အမာတပ်စွဲ နေထိုင်နေသော စစ်ကောင်စီ တပ်သားများအား စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ တပ်သား ဦးသေဆုံးခဲ့ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)က သတင်းထုတ်ပြန်ပါတယ်။


တစ်ဆက်တည်းတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်း အပြန်အလှန်ပစ်ခတ်မှု()နာရီခန့်ကြာမြင့်ခဲ့ကာ စစ်ကောင်စီဖက်မှ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါတိုက်ခိုက်မှုအား ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)နှင့် ဓဝယ်အမျိုးသားလွတ်မြောက် ရေးတပ်တော် (DNLA)တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ မြင်းခြံ - နွားထိုးကြီး နယ်စပ်နဲ့ ငါန်းဇွန်းမြို့နယ်က ကျေးရွာများကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်


ဩဂုတ်လ ၁၈ ရက်။ 

Radio NUG

မန္တလေးတိုင်း၊ မြင်းခြံ-နွားထိုးကြီး မြို့နယ်အစပ်နဲ့ ငါန်းဇွန်မြို့နယ်က ကျေးရွာများကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူများထံက သိရပါတယ်။


ဩဂုတ်လ ၁၈ ရက်နေ့ ညနေ နာရီ မိနစ်ခန့်မှာ မြင်းခြံနဲ့ နွားထိုးကြီး မြို့နယ်အစပ်က ခံစပ်ကုန်းရွာနဲ့ မင်းရွာ ဘက်ကို လေကြောင်းက ဗုံး လုံး ကြဲချခဲ့တယ်လို့ ဆိုပါတယ်။


အလားတူ ဩဂုတ်လ ၁၇ ရက် နေ့လည် ၁၂ နာရီမှာလည်း ငါန်းဇွန်မြို့နယ်၊ မြေတိုင်းရွာ  စာသင်ကျောင်း အနီးနှင့် မြေတိုင်း-ရေဇင်း ရွာကြားကို လေကြောင်းက ဗုံးကျဲတိုက်ခိုက် ခဲ့သေးတယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ သီပေါမှာ ခြေထောက်ပြတ်နေတဲ့ အလောင်းအပါအဝင် ပုတ်ပွနေတဲ့ အရပ်သားအလောင်း လောင်းထပ်တွေ့


ဩဂုတ်လ ၁၈ရက်။ 

RadioNUG

တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းမြောက် သီပေါမြို့ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း-၂၃ အနီးရှိ နားမုံရပ်ကွက်မှာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးနေတဲ့ ခြေထောက်ပြတ်နေတဲ့ အလောင်းအပါအဝင် ပုတ်ပွနေတဲ့ အရပ်သားအလောင်း လောင်းကို ဩဂုတ် ၁၈ ရက်မှာ လူမှုကူညီရေးအသင်းတွေက မီးသဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။


လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သီပေါမြို့နယ်မှာ အရပ်သား ၁၇ ဦးသေဆုံးပြီး ၅၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment