24th AUG 2024 - Morning Daily News by Radio NUG

၂၀၂၄ သြဂုတ်လ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပြည်သူလူထုတရပ်လုံးဟာ စုစည်းမှု၊ လွတ်လပ်မှုနဲ့ အရပ်သားအုပ်စိုးမှုတွေအတွက် ရပ်တည်ကြိုးစားနေကြတာဖြစ်တယ်လို့ နိူင်ငံတကာအသိုင်းအဝိုင်းကို ယာယီသမ္မတသတင်းစကားပါး

📌 ၂။ အမျိုးသားညီညွတ်ရေး အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် မန္တလေးတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံ၍ စိုးမိုးထိန်းချုပ်ထားသော နေရာများတွင် သယံဇာတ၊သစ်တောနှင့် ပတ်သက်ပြီး အခွန်၊ ဒဏ်ကြေးများကောက်ခံခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေး

📌 ၃။ တာဝန်သိမှု၊ တာဝန်ခံမှု တထပ်ထည်းကျရမယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးအသိပေးဆို

📌 ၄။ ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ(CRAH)နှင့် ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့တွေ့ဆုံ၍ ဟန်ချက်ညီပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များကိုဆွေးနွေး

📌 ၅။ "နိုင်ငံတကာက ဒီမိုကရေစီရေးမှာ ပါဝင်နေသူများဖြစ်ကြတဲ့  NUG  PDFနဲ့တိုင်းရင်းသားများ၊ ဒေသခံအုပ်ချုပ်ရေးအဖွဲ့များနှင့် အုပ်ချုပ်ရေးယန္တရားများကို ထောက်ခံရမယ့်အချိန်ဖြစ်တယ်"လို့ဆို

📌 ၆။ နိုင်ငံရေးအကျဉ်းသူများ ရေချိုးသည့်နေရာသို့ အမျိုးသားထောင်ဝန်ထမ်းများ ဝင်ထွက်နေသည့်အပေါ် တိုင်ကြားရာမှ နိုင်ငံရေးအကျဉ်းသူများအား လေးခွများဖြင့် ပစ်ခတ်

📌 ၇။ သြဂုတ်လ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း တာဝန်ထမ်းဆောင်ထားတဲ့ ထောက်ပို့တပ်သားတွေထဲက နွေဦးထီလက်မှတ် ဂုဏ်ပြုလက်ဆောင် ကံထူးရှင် အယောက် ၂၀၀ ကို ကြေညာ

📌 ၈။ နော်ဝေနိူင်ငံမှာကျင်းပမယ့် Southeast Asia Festival ပွဲမှာ မြန်မာပါဝင်မယ်


၂၀၂၄ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ လားရှိုးတိုက်ပွဲအတွင်း သိမ်းဆည်းထားရတဲ့ ကားတွေကို MNDAA ပြန်ထုတ်ပေးနေ

🚩 ၂။ တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ လေတပ်အရာရှိ ဦးသေဆုံးပြီး ဦး ပြင်းထန်ဒဏ်ရာရ 

🚩 ၃။ ဝက်ထီးကန်အနီးက တိုက်ပွဲမှာ အရာရှိ ဦးအပါအဝင် စစ်သားအများအပြား သေဆုံး 

🚩 ၄။ ရေးမြို့နယ်၊ နှစ်ကရင်လမ်း၀အနီး တိုက်ခိုက်မှု စစ်သား ဦးထက်မနည်း သေဆုံး

🚩 ၅။ ကျောက်နီမော်ရွာရှိ ပျူစောထီးများအား ဝင်ရောက်တိုက်ခိုက်၊ ပျူစောထီးအမျိုးသမီးတစ်ဦး သေဆုံး

🚩 ၆။ မကွေးတိုင်း ပွင့်ဖြူမြို့နယ်နှင့် စေတုတ္တရာ မြို့နယ် အစပ်ရှိရွာများကအရပ်သားနေအိမ်များကို အကြမ်းဖက်စစ်တပ်က သောင်းကျန်းဖျက်ဆီးခဲ့

🚩 ၇။ ဒီပဲယင်းမှာ စစ်ရှောင်ပြည်သူတွေနေထိုင်ရာ နဂါးတွင်းရွာကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တဲ့အတွက် ဦး ဒဏ်ရာရပြီး အိမ် လုံးပျက်စီး 

🚩 ၈။ ခလရ ၂၇၄ တပ်ရင်းက လက်နက်ကြီး ဆက်တိုက် ပစ်ခတ်ပြီးနောက် မင်းတပ်မြို့ပေါ်မှာ အိမ်မီးလောင်မှု ဖြစ်ပွား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ပြည်သူလူထုတရပ်လုံးဟာ စုစည်းမှု၊ လွတ်လပ်မှုနဲ့ အရပ်သားအုပ်စိုးမှုတွေအတွက် ရပ်တည်ကြိုးစားနေကြတာဖြစ်တယ်လို့ နိူင်ငံတကာအသိုင်းအဝိုင်းကို ယာယီသမ္မတသတင်းစကားပါး


သြဂုတ်လ ၂၃ရက်။

Radio NUG

ပြည်သူလူထုတရပ်လုံးဟာ စုစည်းမှု၊ လွတ်လပ်မှုနဲ့ အရပ်သားအုပ်စိုးမှုတွေအတွက် ရပ်တည်ကြိုးစားနေကြတာဖြစ်တယ်လို့ နိူင်ငံတကာအသိုင်းအဝိုင်းကို ယာယီသမ္မတဒူဝါလရှီးလကသတင်းစကားပါးဆိုလိုက်ပါတယ်။


"မြန်မာ့နွေဦးတော်လှန်ရေး၏ အောင်မြင်မှုများအပေါ် ရှုမြင်ချက်များအစီအစဥ်တွင်ယာယီသမ္မတကဆိုခဲ့ပါတယ်။


"နိုင်ငံတကာအသိုင်းအဝိုင်းကို ပေးချင်တဲ့ သတင်းစကားက ကျွန်တော်တို့ ပြည်သူလူထုတရပ်လုံးဟာ စုစည်းမှု၊ လွတ်လပ်မှုနဲ့ အရပ်သားအုပ်စိုးမှုတွေအတွက် ရပ်တည်ကြိုးစားနေကြတာဖြစ်တယ်။ တဘက်က စစ်အာဏာရှင်ကတော့ ဖိနှိပ်မှု၊ ဖရိုဖရဲဖြစ်မှုနဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကို ကိုယ်စားပြုနေပါတယ်။ ဘာကိုရွေးချယ်ရမလဲဆိုတာက ရှင်းပါတယ်။ လွတ်လပ်မှုကို ရွေးမလား အကြမ်းဖက်မှုကိုရွေးမလား၊ တာဝန်ခံမှုကိုရွေးမလား ပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုရွေးမလား၊ ဒီမိုကရေစီကို ရွေးမလား အာဏာရှင်စနစ်ကိုရွေးမလား"လို့ယာယီသမ္မတကဆိုပါတယ်။


နိူင်ငံတကာကအမျိုးသားညီညွတ်ရေး အစိုးရကိုအသိအမှတ်ပြုလက်ခံတွေ့ဆုံမှုများရှိသော်လည်း မြန်မာပြည်သူများအတွက် အထောက်အပံ့ကူညီမှုများ နည်းပါးနေဆဲဖြစ်ပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေး အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် မန္တလေးတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံ၍ စိုးမိုးထိန်းချုပ်ထားသော နေရာများတွင် သယံဇာတ၊သစ်တောနှင့် ပတ်သက်ပြီး အခွန်၊ ဒဏ်ကြေးများကောက်ခံခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေး


သြဂုတ်လ ၂၃ရက်။

Radio NUG

အမျိုးသားညီညွတ်ရေး အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန နှင့် မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီတို့တွေ့ဆုံ၍ စိုးမိုး ထိန်းချုပ်ထားသော နေရာများတွင် သယံဇာတ၊ သစ်တောနှင့် ပတ်သက်ပြီး အခွန် ၊ဒဏ်ကြေးများကောက်ခံခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။


သြဂုတ်လ (၂၃)ရက်အမျိုးသားညီညွတ်ရေး အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ ပထမအကြိမ်တွေ့ဆုံဆွေးနွေးခြင်းအစည်းအဝေးကိုကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးဒေါက်တာတူးခေါင်ကအဖွင့် အမှာစကား ပြောကြားပြီး၊ ဒုတိယဝန်ကြီး ခွန်စောဖူးက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။


ထို့နောက်မန္တလေးတိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်များ ကိုယ်စား လွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှုး ဦးမြင့်အောင်မိုးမှ မန္တလေးတိုင်းအတွင်း တော်လှန်ရေးအင်အားစုများမှ စိုးမိုး ထိန်းချုပ်ထားသော နေရာများတွင် သယံဇာတ၊သစ်တောနှင့် ပတ်သက်ပြီး အခွန် ၊ဒဏ်ကြေးများကောက်ခံခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ ကိစ္စရပ်များကို ဝန်ကြီးဌာနနှင့် ပူးပေါင်း ကူညီ ဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုဆွေးနွေးခဲ့ပါတယ်။


၄င်းနောက် တက်ရောက်လာသော လွှတ်တော်ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်များမှ သိလိုသည်များမေးမြန်းခြင်း၊ အကြံပြု ဆွေးနွေးခြင်းများပြုလုပ်ခဲ့ရာ ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အတွင်းဝန်များမှ ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ပါတယ်။


========================


📌📌 ၃။ တာဝန်သိမှု၊ တာဝန်ခံမှု တထပ်ထည်းကျရမယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးအသိပေးဆို


သြဂုတ်လ ၂၃ရက်။

Radio NUG

တာဝန်သိမှု၊ တာဝန်ခံမှု တထပ်ထည်းကျရမယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကအသိပေးဆိုပါတယ်။


သြဂုတ်လ၂၃ရက် ဆိုရှယ်မီဒီယာမှာ လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဦးအောင်မျိုးမင်းကအဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။


"တာဝန်၊ တာဝန်ယူမှု၊ တာဝန်သိမှု၊ တာဝန်ခံမှု တထပ်ထည်းကျရမယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာတော်လှန်ရေးအောင်မြင်ရန် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မဟာဗျူဟာများချမှတ်အကောင်အထည်ဖော်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၄။ ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ(CRAH)နှင့် ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့တွေ့ဆုံ၍ ဟန်ချက်ညီပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များကိုဆွေးနွေး


သြဂုတ်လ ၂၃ရက်။

Radio NUG

ဧရာဝတီတိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီ(CRAH)နှင့် ဧရာဝတီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့တွေ့ဆုံ၍ ဟန်ချက်ညီပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ပါတယ်။


ဧရာဝတီတိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီ(CRAH)နှင့် ဧရာဝတီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုင်း/ခရိုင်(ပကဖ)တာဝန်ခံများနှင့် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(၂၃)ရက်(၁၃:၀၀)နာရီအချိန်တွင်နှစ်ဖက်တွေ့ဆုံကြပါတယ်။


ထို့နောက် လက်ရှိတော်လှန်ရေးအပေါ်ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်အား ဟန်ချက်ညီပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များကို ဗီဒီယိုကွန်ဖရင့်မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၅။ "နိုင်ငံတကာက ဒီမိုကရေစီရေးမှာ ပါဝင်နေသူများဖြစ်ကြတဲ့  NUG  PDFနဲ့တိုင်းရင်းသားများ၊ ဒေသခံအုပ်ချုပ်ရေးအဖွဲ့များနှင့် အုပ်ချုပ်ရေးယန္တရားများကို ထောက်ခံရမယ့်အချိန်ဖြစ်တယ်"လို့ဆို


သြဂုတ်လ ၂၃ရက်။

Radio NUG

"နိုင်ငံတကာက ဒီမိုကရေစီရေးမှာ ပါဝင်နေသူများဖြစ်ကြတဲ့  NUG PDFနဲ့ တိုင်းရင်းသားများ၊ ဒေသခံအုပ်ချုပ်ရေးအဖွဲ့များနှင့် အုပ်ချုပ်ရေးယန္တရားများကို ထောက်ခံရမယ့်အချိန်ဖြစ်တယ်"လို့သြစတြေးလျလွှတ်တော်အမတ် Janelle Saffinကဆိုပါတယ်။


"မြန်မာ့နွေဦးတော်လှန်ရေး၏ အောင်မြင်မှုများအပေါ် ရှုမြင်ချက်များအစီအစဥ်မှာ သြစတြေးလျလွှတ်တော်အမတ် Janelle Saffinကဆိုခဲ့ပါတယ်။


"အခုချိန်မှာ နိုင်ငံတကာကဟာ ဒီမိုကရေစီရေးမှာ ပါဝင်နေသူများဖြစ်ကြတဲ့ the NUG the PDF တိုင်းရင်းသားများ၊ ဒေသခံအုပ်ချုပ်ရေးအဖွဲ့များနှင့် အုပ်ချုပ်ရေးယန္တရားများကို ထောက်ခံရမည့်အချိန်ဖြစ်ပါတယ်။ ကျမတို့က တွေဝေနေစရာမလိုဘဲ NUG တို့ K3C တို့နှင့် တိုင်းရင်းသားခေါင်းဆောင်များက ဒေသတွင်း တည်ငြိမ်တဲ့စီးပွားရေးကို ထူထောင်နိုင်ရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပံ့ပိုးနိုင်ရေး၊ အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အစီအမံတွေ ဆောင်ရွက်ဖို့လိုနေပါပြီ"လို့ဆိုပါတယ်။


လက်ရှိမှာသြစတြေးလျနိူင်ငံတွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်ရုံးဖွင့်လှစ်ထားရှိနိူင်ကာ သံတမာန်ရေးရာကိစ္စရပ်များကို အောင်မြင်စွာဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၆။ နိုင်ငံရေးအကျဉ်းသူများ ရေချိုးသည့်နေရာသို့ အမျိုးသားထောင်ဝန်ထမ်းများ ဝင်ထွက်နေသည့်အပေါ် တိုင်ကြားရာမှ နိုင်ငံရေးအကျဉ်းသူများအား လေးခွများဖြင့် ပစ်ခတ်


ဩဂုတ်လ ၂၃ရက်။ 

RadioNUG

ဩဂုတ်လ ၁၉ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသူများ ရေချိုးသည့်အချိန်တွင် ရေချိုးသည့်နေရာသို့ အမျိုးသားထောင်ဝန်ထမ်းများ မကြာခဏ အဝင်အထွက် ပြုလုပ်နေသည့်အပေါ် မပြုလုပ်သင့်ကြောင်း အဆောင်မှူးထံ တိုင်ကြားရာမှ စကားများပြီး နိုင်ငံရေးအကျဉ်းသူများအား လေးခွများဖြင့် ပစ်ခတ်ခဲ့သဖြင့် နိုင်ငံရေးအကျဉ်းသူ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး အခြား နိုင်ငံရေးအကျဉ်းသူများလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူအဖွဲ့များမှ ပူးတွဲထုတ်ပြန်ပါတယ်။


ဩဂုတ်လ ၂၀ ရက်နေ့ ညအချိန်တွင် အမျိုးသားထောင်ဝန်ထမ်းများ ပါဝင်သည့် ထောင်အာဏာပိုင်များသည် ဒိုက်ဦးအကျဉ်းထောင်ရှိ အမျိုးသမီးအဆောင်သို့ သေနတ်၊ ရာဘာတုတ်၊ ကျဉ်စက်၊ လေးခွ စသည့် လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်သွားခဲ့တယ်လို့ သိရပါတယ်။


ထောင်အာဏာပိုင်များမှ ထိုကဲ့သို့ အမျိုးသားဝန်ထမ်းများကို အသုံးပြုကာ နိုင်ငံရေးအကျဉ်းသူများကို ဖိနှိပ်မှု ပြုလုပ်ခဲ့ရုံသာမက ယနေ့အထိ ညနက်အချိန်များ၌ လက်နက်အပြည့်အစုံဖြင့် အမျိုးသမီးဆောင်အတွင်းသို့ ဝင်ရောက်ခြင်းများ ပြုလုပ်နေကြသည့်အတွက် နိုင်ငံရေးအကျဉ်းသူများ၏ လုံခြုံရေး၊ အသက်အန္တရာယ်အတွက် များစွာ စိုးရိမ်စရာ ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။


ထို့အတူ ကျိုက်မရော အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသူများကို ဇွန်လ ၁၅ ရက်က ကျိုက်မရော အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော်ကို ဒိုက်ဦးအကျဉ်းထောင်သို့ ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့ပြီး မူးယစ်ဆေးဝါးနှင့် တရားမဝင်ပစ္စည်းများ တွေ့ရှိသည်ဟုဆိုကာ ဒိုက်ဦးအကျဉ်းထောင် အာဏာပိုင်များက အမျိုးသမီးဆောင်ကို သေနတ်များ ပစ်ဖောက်ခြင်း၊ ရိုက်နှက်ခြင်း၊ လေးဂွများဖြင့် ပစ်ခြင်း၊ အုတ်ခဲများဖြင့် ဝိုင်းပစ်ကာ အကြမ်းဖက်မှုများ ပြုလုပ်ခဲ့သဖြင့် နိုင်ငံရေးအကျဉ်းသူများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆိုပါ ဒဏ်ရာများအား ဆေးကုသခွင့် မပေးဘဲ ရက်ပေါင်းများစွာ တိုက်ပိတ်ထားခြင်းများ ရှိခဲ့တယ်လို့ ဆိုထားပါတယ်။


အလားတူပင် မှတ်တမ်းရုပ်ရှင်ဖန်တီးသူ နိုင်ငံရေးအကျဥ်းသား ကိုဖေမောင်စိမ်းသည် သြဂုတ်လ ၁၉ ရက် နေ့လယ် နာရီက ရန်ကုန်မြို့ ဆာကူရာဆေးရုံ၌ ကွယ်လွန်ခဲ့ပါတယ်။ ကိုဖေမောင်စိမ်းသည် စစ်ကြောရေးတွင် ရရှိခဲ့သည့် နံရိုးကျိုးသည့် ဒဏ်ရာအား လွိုင်ကော်ထောင်တွင် လုံလောက်သည့် ဆေးကုသခွင့်မရရှိခဲ့ဘဲ အရိုးတီဘီရောဂါကို ခံစားနေပြီး အခြေအနေ အလွန်ဆိုးရွားသည့်အချိန်မှ အင်းစိန်ထောင်သို့ ပြောင်းရွှေ့ပေးကာ အင်းစိန်ဆေးရုံတွင် သံခြေကျဉ်းခတ်ထားပြီး ဆေးကုသပေးခဲ့သော်လည်း ဆေးကုသရန် အချိန်နောက်ကျသွားပြီး ကွယ်လွန်ခါနီး ဩဂုတ်လ ၁၆ ရက်မှ လွှတ်ပေးလိုက်ပါတယ်။ ကိုဖေမောင်စိမ်းသည် အဆိုပါရောဂါဖြင့် ဩဂုတ်လ ၁၉ ရက်နေ့တွင် မကွယ်လွန်သင့်ဘဲ ကွယ်လွန်သွားခဲ့ပါတယ်။ ကိုဖေမောင်စိမ်းကဲ့သို့ အကျဉ်းထောင်များတွင် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမရသဖြင့် အသက်ဆုံးရှုံးခဲ့ရသည့် နိုင်ငံရေး အကျဉ်းသား (၁၀၁)ဦး ရှိနေပြီလို့ သိရပါတယ်။


========================


📌📌 ၇။ သြဂုတ်လ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း တာဝန်ထမ်းဆောင်ထားတဲ့ ထောက်ပို့တပ်သားတွေထဲက နွေဦးထီလက်မှတ် ဂုဏ်ပြုလက်ဆောင် ကံထူးရှင် အယောက် ၂၀၀ ကို ကြေညာ


သြဂုတ်လ ၂၃ရက်။

Radio NUG

သြဂုတ်လ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း တာဝန်ထမ်းဆောင်ထားတဲ့ ထောက်ပို့တပ်သားတွေထဲက နွေဦးထီလက်မှတ် ဂုဏ်ပြုလက်ဆောင် ကံထူးရှင် အယောက် ၂၀၀ ကို ကြေညာလိုက်ပါတယ်။


သြဂုတ်လ၂၃ရက်မှာ နွေဦးထီလက်မှတ် ဂုဏ်ပြုလက်ဆောင် ကံထူးသွားသူ ထောက်ပို့ရဲဘော်များကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRFကဖော်ပြပါတယ်။


"ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF နဲ့ အောင်လံလွှင့်ချီ နွေဦးထီတို့ ပူးပေါင်းပြီး သြဂုတ်လမှာ တာဝန်ထမ်းဆောင်တဲ့ ထောက်ပို့တပ်သားတွေထဲက အယောက် ၅၀၀ ကို နွေဦးထီလက်မှတ်များ မဲဖောက်ပေးသွားမယ့် အစီအစဉ်ရဲ့ ဒုတိယမြောက် ကံထူးရှင်တွေ ပေါ်ပေါက်လာပါပြီ။  သြဂုတ်လ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း တာဝန်ထမ်းဆောင်ထားတဲ့ ထောက်ပို့တပ်သားတွေထဲက ကံထူးရှင် အယောက် ၂၀၀ ကို ကြေညာပေးလိုက်ပါတယ်"လို့ဖော်ပြပါတယ်။


ကံထူးရှင် ထောက်ပို့တပ်သားတွေဟာ Email ကနေ နွေဦးထီကူပွန်တွေကို ရရှိမှာဖြစ်ပြီး နွေဦးထီလဲလှယ်ရန် telegram account - t.me/NOHclaim (သို့မဟုတ်) Email - hello@nwayoohti.com ကိုသွားရောက်ကာ ကူပွန်နှင့် နွေဦးထီလက်မှတ်ကို လဲလှယ်ကံစမ်းနိုင်မှာ ဖြစ်ပါတယ်။ 


ကံထူးသူ ထောက်ပို့တပ်သားတွေအနေနဲ့ ကူပွန်လေးတွေနဲ့ နွေဦးထီလက်မှတ်လေးတွေကို သြဂုတ်လ ၂၉ ရက် ၁၂ ထိပဲ လဲလှယ်နိုင်မှာဖြစ်ပြီး အကယ်၍ ဒီလမှာ မလဲလှယ်လိုက်ရရင် နောက်လမှာ ဆက်လက်လဲလှယ်ကံထူးနိုင်သေးတယ်လို့ဆိုပါတယ်။


========================


📌📌 ၈။ နော်ဝေနိူင်ငံမှာကျင်းပမယ့် Southeast Asia Festival ပွဲမှာ မြန်မာပါဝင်မယ်


သြဂုတ်လ ၂၃ရက်။

Radio NUG

နော်ဝေနိူင်ငံမှာ ကျင်းပမယ့်Southeast Asia Festival ပွဲမှာ မြန်မာပါဝင်မယ်လို့သတင်းရရှိပါတယ်။


သြဂုတ်လအတွင်း ဆိုရှယ်မီဒီယာမှာ CRPH Support group Norwayမှ မဝတ်မှုန်ဝင်းကအသိပေးဆိုထားပါတယ်။


"များများရောင်း ငွေများများရှာမယ်လေ ထောက်ပို့များများလုပ်နိုင်ဖို့ပါ။ ခုဆို နော်ဝေ/ ထိုင်း/ဗီယက်နမ်အပါအဝင် တခြားနိုင်ငံခြားသားတွေလဲ စိတ်ဝင်စားနေပြီဖြစ်တဲ့ ပွဲမို့ အများကြီးရောင်းရဖို့မျှော်လင့်ကြရအောင်။ ရောင်းချင်သူများဖိတ်ပါတယ်"လို့ဆိုပါတယ်။


ပွဲအခမ်းအနားကို စက်တင်ဘာ၂၈ရက် နော်ဝေနိူင်ငံမှာ ကျင်းပသွားမှာဖြစ်ပြီးတော့ ထိုင်း၊ ဖစ်လပင်း၊ ဗီယက်နမ်၊ မြန်မာနဲ့ အင်ဒိုနီးရှားနိူင်ငံများက ပါဝင်ကာ လမ်းလျှောက် ပွဲ၊ Fashion show Talent Show နဲ့ Cultureshowတို့လည်း ပါဝင်မယ်လို့သိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ ကိုခန့်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ လားရှိုးတိုက်ပွဲအတွင်း သိမ်းဆည်းထားရတဲ့ ကားတွေကို MNDAA ပြန်ထုတ်ပေးနေ


သြဂုတ်လ ၂၃ရက်။ 

RadioNUG

ဩဂုတ်လ ၂၂ ရက်ကစပြီး ရှမ်းမြောက် လားရှိုးမြို့တိုက်ပွဲအတွင်း သိမ်းဆည်းထားရတဲ့ကားတွေကို ရပ်ကွက် ၁၂ မိုးလုံလေလုံအားကစားကွင်းမှာ ကိုးကန့်တပ်မတော် -MNDAA က ခိုင်မာတဲ့သက်သေအထောက်အထားနဲ့ ပြန်လည်ထုတ်ပေးနေတယ်လို့ ရွှေဖီမြေသတင်းဌာနမှာ ဖော်ပြထားပါတယ်။


"တချို့ကားပိုင်ရှင်တွေ မလာသေးတာ ဖြစ်နိုင်ပြီး ပြန်လာတဲ့ ကားပိုင်ရှင်ရဲ့ ကားတွေက သူခိုးလက်ထဲ ပါသွားတာ ဖြစ်နိုင်ပါတယ်ဗျ။ အထဲမှာ ကားအစီးရေ ဘယ်လောက်ရှိလဲတော့ မသိသေးဘူး"လို့ ဒေသခံတစ်ဦးက ပြောထားပါတယ်။


========================


🚩🚩 ၂။ တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ လေတပ်အရာရှိ ဦးသေဆုံးပြီး ဦး ပြင်းထန်ဒဏ်ရာရ 


ဩဂုတ်လ ၂၃ရက်။

Radio NUG

ပဲခူးတိုင်း တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုမှာ လေတပ်အရာရှိ ဦးသေဆုံးပြီး ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ Mountain Knights- Civilian Defense Force – MKCDF တာဝန်ရှိသူတဦးက ပြောပါတယ်။

တောင်ငူမြို့မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လေတပ်စခန်းကို ဩဂုတ်လ ၂၀ ရက်နေ့ ၁၂နာရီ ခန့်အချိန်က ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်တာနဲ့ပတ်သက်လို့ MKCDF တာဝန်ရှိသူတဦးက အခုလို အသိပေးလိုက်တာဖြစ်ပါတယ်။

၁၀၇ မမ ရှော့တိုက်ဒုံး လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ လေတပ်စခန်းအတွင်း လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လေတပ်က စစ်အရာရှိတွေအပါအဝင် အခြားအဆင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြင်းထန်ဒဏ်ရာရရှိသွားတာဖြစ်ပါတယ်။ 

ရှောက်တိုက်ဒုံးထိမှန်တာကြောင့် စက်ပြင်ပစ္စည်းတွေထားတဲ့ ဂိုထောင် ပျက်စီးသွားတယ်လို့သိရပြီး သေဆုံးသူတွေရဲ့ ရာထူးအဆင့်ကိုတော့ စုံစမ်းနေဆဲလို့ MKCDF တာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Brave Warriors for Myanmar -BWM အဖွဲ့ရဲ့ စီမံမှုနဲ့ Mountain Knights Civilian Defense Force -MKCDF အဖွဲ့၊ Mercury Revolution Force-MRF အဖွဲ့၊ သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့၊ စစ်ဒေသ ၃၁ ပါတီ ရဲဘော်များအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 

ကရင်နီဒေသ၊ ကရင်ပြည်နယ် ရှမ်းပြည်တောင်ပိုင်းက ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်ရာမှာ အဓိကအသုံးပြုရာ လေတပ်စခန်းဖြစ်တဲ့ တောင်ငူလေတပ်စခန်းကို မေလ ၁၀ ရက်နေ့ကလည်း တော်လှန်ရေးအင်အားစုတွေက ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးပြီး အဲဒီအချိန်က တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးကာ တိုက်လေယာဉ် စင်း ထိခိုက် ပျက်စီးသွားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ဝက်ထီးကန်အနီးက တိုက်ပွဲမှာ အရာရှိ ဦးအပါအဝင် စစ်သားအများအပြား သေဆုံး 


ဩဂုတ်လ ၂၃ရက်။

Radio NUG 

ပဲခူးတိုင်း ဝက်ထီးကန်မြို့နဲ့ မိုင်အကွာက ဝိုင်းချောင်းကျေးရွာအနီးမှာ ဖြစ်တဲ့တိုက်ပွဲမှာ ပြည်-ဒကစက အရာရှိ ဦးအပါအဝင် အကြမ်းဖက်စစ်သား အများအပြား ထိခိုက်သေဆုံးသွားတယ်လို့ Pyay Underground News – PUGN က ပြောပါတယ်။

ဝက်ထီးကန်မြို့နဲ့ မိုင်ခန့်အကွာမှာရှိတဲ့ ဝိုင်းချောင်းကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ကြား ဩဂုတ်လ ၂၂ ရက် မွန်းလွဲ နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။  

ဒီတိုက်ပွဲမှာ သေဆုံးသွားတဲ့ ပြည်မြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်က အရာရှိ ဦးနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေကို ဩဂုတ်လ ၂၃ ရက်မနက်ပိုင်းမှာ ပြည်မြို့ ကုတင် ၁၀၀ ဆေးရုံကို သယ်ဆောင်သွားတယ်လို့ အသိပေးထားပါတယ်။

ဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်သား ရဲနဲ့ ပြည်သူ့စစ်အဖွဲ့တွေ သေဆုံးသွားသလို ဝက်ထီးကန် ယာယီစခန်းမှူးတာဝန်ယူထားတဲ့ နယ်ထိန်းရဲတဦးလည်း သေနတ်ကျည်ထိမှန်ပြီး ပြင်းထန်ဒဏ်ရာရထားတာကြောင့် ဩဂုတ်လ ၂၃ ရက်မှာတော့ တိုက်ပွဲ ငြိမ်သက်နေတယ်လို့ သိရပါတယ်။

အထိနာသွာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ဝိုင်းချောင်းကျေးရွာအပါအဝင် အနီးအနားကကျေးရွာတွေကို မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ထားသလို ပြည်ဒကစကနေ စစ်ကူတွေ ထပ်မံပို့ဆောင်နေတယ်လို့ Pyay Underground News - PUGN က အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ ရေးမြို့နယ်၊ နှစ်ကရင်လမ်း၀အနီး တိုက်ခိုက်မှု စစ်သား ဦးထက်မနည်း သေဆုံး


ဩဂုတ်လ ၂၃ရက်။

Radio NUG

ဩဂုတ်လ ၂၂ရက်နေ့ နေ့လယ် ၁၂:၃၀ အချိန်တွင် နှစ်ကရင်လမ်း၀အနီးတွင် ကားလမ်းစစ်ဆေးမှု ပြုလုပ်နေသော အမတ ၃၁၇ စစ်ကောင်စီတပ်အား ဒရုန်းများ 60 mm ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း Taung Nyo Column - P29906မှ သတင်းထုတ်ပြန်ပါတယ်။


တိုက်ခိုက်ပြီးနောက် တော်လှန်ရေးအဖွဲ့မှ အခက်ခဲမရှိ ဆုတ်ခွာလာနိုင်ခဲ့ပြိး တောင်ညို စစ်ကြောင်းနှင့် KNLA အမှတ်တပ်ရင်း ၂၇ တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ ကျောက်နီမော်ရွာရှိ ပျူစောထီးများအား ဝင်ရောက်တိုက်ခိုက်၊ ပျူစောထီးအမျိုးသမီးတစ်ဦး သေဆုံး


ဩဂုတ်လ ၂၃ရက်။

RadioNUG

ဩဂုတ်လ ၂၂ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာရှိ ပျူစောထီးအဖွဲ့များ စုဝေးနေစဉ် လျှပ်တပြက် ၀င်ရောက်တိုက်ခိုက်ရာ ကျောက်နီမော်ရွာ ပျူစောထီးခေါင်းဆောင် စိုးသန်း အပါအ၀င် အားလုံးထွက်ပြေးသွားခဲ့ကြောင်း လောင်းလုံး (ပကဖ)မှ သတင်းထုတ်ပြန်ပါတယ်။


ဒုတိယပစ်မှတ်အနေဖြင့် ပျူစောထီး ကြယ်ဖြူ၏ နေအိမ်ကို ထပ်မံ၀င်ဝိုင်းစဉ် ၎င်းမှာ အိမ်ပေါ်မှ ခုန်ချကာ ပြန်လည်ပစ်ခတ်ခဲ့ပြီး အပြန်လှန်ပစ်ခတ်မှု မိနစ်အနည်းငယ်ကြာ ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထို့နောက် ပျူစောထီး ကြယ်ဖြူမှာ ရေထဲ ခုန်ချ ကူးခတ်ပြီး တဖက်ကမ်းသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ကာ ၎င်း၏ ဇနီး ပျူစောထီးဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။


ပျူစောထီး ကြယ်ဖြူနှင့် ဇနီးဖြစ်သူမှာ စစ်ကောင်စီ၏ အမာခံထောက်တိုင်ဖြစ်ပြီး ကြယ်ဖြူဆိုသူမှာ ယုတ်မာရိုင်းစိုင်းသူတစ်ဦးဖြစ်ကာ လောင်းလုံးမြို့နယ် ညောပြင်ရွာအား စစ်ကောင်စီစစ်ကြောင်း ၀င်ရောက်ခဲ့စဉ်က ထိပ်ဆုံးမှ ပါ၀င်ခဲ့သူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


ပစ်ခတ်မှုဖြစ်ပွားစဉ် စစ်ကောင်စီမှ လက်နက်ကြီး ၄လုံး ပစ်ခတ်ခဲ့ပြီး အနီးနားမှာ ကျရောက်ပေါက်ကွဲခဲ့သော်လည်း ရဲဘော်များမှာ အန္တရာယ်ကင်းစွာဖြင့် ပျူစောထီး ကြယ်ဖြူ၏ နေအိမ်အား မီးရှို့ရှင်းလင်း၍ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါတိုက်ခိုက်မှုအား လောင်းလုံး (ပကဖ)မှ လိပ်ပြာတပ်စု ဂဠုန်တပ်စု ကင်းမြှီးကောက်ပြောက်ကျားတပ်စုတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ မကွေးတိုင်း ပွင့်ဖြူမြို့နယ်နှင့် စေတုတ္တရာ မြို့နယ် အစပ်ရှိရွာများကအရပ်သားနေအိမ်များကို အကြမ်းဖက်စစ်တပ်က သောင်းကျန်းဖျက်ဆီးခဲ့


ဩဂုတ်လ ၂၃ရက်။

Radio NUG

မကွေးတိုင်း ပွင့်ဖြူမြို့နယ်နှင့် စေတုတ္တရာ မြို့နယ် အစပ်ရှိရွာများကအရပ်သားနေအိမ်များကို အကြမ်းဖက်စစ်တပ်က သောင်းကျန်းဖျက်ဆီးခဲ့တယ်လို့ သတင်းရရှိပါတယ်။


သြဂုတ်လ ၂၃ရက်မှာ စကစတပ်ရဲ့လုပ်ရပ်များကို ပွင့်ဖြူပကဖကအသိပေးဖော်ပြပါတယ်။


"မကွေးတိုင်း ပွင့်ဖြူမြို့နယ်နှင့် စေတုတ္တရာ မြို့နယ်အစပ် အကြမ်းဖက် စကစ စစ် ကြောင်းကြောင့် ဝန်လိုရွာမှ အိမ်ထောင်စု - ၉၆စု၊ လူဦးရေ- ၄၂၆ ဦး၊ ခိုနန်းရွာမှ အိမ်ထောင်စု - ၈၈ စုလူဦးရေ -၃၆၆ ဦး တို့သည် စစ်ဘေးရှောင်နေရပါတယ်"လို့ဖော်ပြပါတယ်။


အကြမ်းဖက် စကစစစ်ကြောင်းသည် သြဂုတ်လ ၂၁ ရက်တွင် ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး တပ်ရင်းတပ်ဖွဲ့များဖြစ်သည့် မင်းဘူးခရိုင်အမှတ်()တပ်ရင်း၊မင်းဘူးခရိုင်အမှတ်()တပ်ရင်း၊ Yenanthar Youth Force LPDF အဖွဲ့တို့နှင့်ပူးပေါင်းကာ နယ်မြေရှင်းလင်းရေးများ၊ ထိခိုက်ပျက်စီးစာရင်းများကိုကောက်ယူခဲ့တယ်လို့သတင်းရရှိပါတယ်။


အကြမ်းဖက်စကစမှ ပြည်သူ့နေအိမ်များအား ဖျက်ဆီးသွားခဲ့ပြီး တန်ဖိုးရှိပစ္စည်းများ၊ မော်တော်ကား၊ မော်တော်ဆိုင်ကယ်များယူဆောင်ခြင်း၊ ဆိတ်၊ နွားနှင့် အိမ်မွေးတိရစ္ဆာန်များကိုလည်း သတ်ဖြတ်စားသောက်သွားခဲ့ပါတယ်။


========================


🚩🚩 ၇။ ဒီပဲယင်းမှာ စစ်ရှောင်ပြည်သူတွေနေထိုင်ရာ နဂါးတွင်းရွာကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တဲ့အတွက် ဦး ဒဏ်ရာရပြီး အိမ် လုံးပျက်စီး 


ဩဂုတ်လ ၂၃ရက်။

Radio NUG 

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ စစ်ရှောင်ပြည်သူတွေနေထိုင်ရာ နဂါးတွင်းရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်း ကနေ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ဦး ဒဏ်ရာရပြီး အိမ် လုံးပျက်စီးသွားတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ဩဂုတ်လ ၂၂ ရက်နေ့ ၁၀ နာရီခွဲခန့်မှာ ဒီပဲယင်းမြို့နယ် အနောက်ဘက်ခြမ်းက နဂါးတွင်းရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်တာမရှိဘဲ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နဂါးတွင်းရွာကိုရောက်နေတဲ့ စစ်ရှောင်အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး ထိခိုက်ဒဏ်ရာရခဲ့ကာ နေအိမ်အဆောက်အအုံ လုံးကျော်နဲ့ စာသင်ကျောင်းအုတ်တံတိုင်း ပျက်စီးသွားတယ်လို့ အသိပေးထားပါတယ်။

အခုလို အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်ပြည်သူတွေ ဆက်မနေရဲတော့တဲ့အတွက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စစ်ရှောင်ပြည်သူတွေကို ဘေးလွတ်ရာနေရာမှာနေထိုင်နိုင်ဖို့ ချိတ်ဆက်စီမံဆောင်ရွက်ပေးနေတယ်လို့ ဩဂုတ်လ ၂၃ ရက် ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၈။ ခလရ ၂၇၄ တပ်ရင်းက လက်နက်ကြီး ဆက်တိုက် ပစ်ခတ်ပြီးနောက် မင်းတပ်မြို့ပေါ်မှာ အိမ်မီးလောင်မှု ဖြစ်ပွား


ဩဂုတ်လ ၂၃ရက်။ 

RadioNUG

ဩဂုတ် ၂၂ ရက်နေ့ ညတွင် မင်းတပ်မြို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီး ဆက်တိုက်ပစ်ခတ်ပြီးနောက် တိုက်အိမ် လုံးနဲ့ သစ်သားအိမ် လုံး စုစုပေါင်း နေအိမ် လုံး မီးလောင်သွားတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရပါတယ်။


မီးလောင်မှု ဖြစ်ပွားတဲ့ နေရာဟာ ခလရ ၂၇၄ တပ်ရင်း ကုန်းအောက်ဘက် တစ်မိုင်ဝန်းကျင်အကွာမှာ တည်ရှိတယ်လို့ သိရပါတယ်။


မီးလောင်တဲ့ နေအိမ်တွေမှာ အိမ်ပိုင်ရှင်တွေ မရှိသလို စစ်ကောင်စီ တပ်စွဲလေ့ရှိတယ်လို့လည်း သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment