၂၀၂၄ သြဂုတ်လ ၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ NUGကစစ်ရေးသံတမာန်ရေးတိုးတက်လာသလို စကစကလည်း ကျဆုံးယိုင်နဲ့လာတာကိုတွေ့နေရပြီလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးပြောကြား
📌 ၂။ ပြည်သူ့တော်လှန်ရေးက သမိုင်းသစ်တွေ ရေးထိုးနေပြီလို့ လားရှိုး၊ ရမခကျရှုံးမှုကို လူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းညွှန်းဆိုပြောကြား
📌 ၃။ စစ်တပ်လော်ဘီတွေရဲ့ သတင်းမှား၊ ဝါဒဖြန့် မှုတွေသတိပြုဖို့ ဒုဝန်ကြီးမော်ထွန်းအောင်တိုက်တွန်း
📌 ၄။ ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ်ပွဲကိုနော်ဝေနိူင်ငံမှာ အမှတ်တရ ဆွေးနွေးပွဲလေးတခု လုပ်ဖို့ စီစဉ်ထား
📌 ၅။ (၈)ကြိမ်မြောက်ထောက်ပို့ထီကိုတော်လှန်ပြည်သူများဝယ်ယူနိူင်ပြီလို့ စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDFကအသိပေး
📌 ၆။ စစ်ကောင်စီတပ်ကြောင့်တလတာအတွင်းအရပ်သားသုံးရာနီးပါးသေဆုံးပြီးလက်နက်ကြီးထိမှန်၍ သေဆုံးသူတရာကျော်ရှိ
၂၀၂၄ ခုနှစ် သြဂုတ်လ ၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ စစ်ကောင်စီတပ်မှ ကျောက်မဲမြို့နယ် ခမရ (၅၀၁၊ ၅၀၂) တပ်စခန်းအတွင်းသို့ လက်နက်ခဲယမ်းများ (၁၃)ထုတ်ကို Y12 ဖြင့် လာရောက်ကြဲချ
🚩 ၂။ သိန္နီခရိုင်ရှိ စစ်ရှောင်စခန်းလေးခုတွင်လူဦးရေ၂၇၂ ဦးကို စစ်ဆေးကုသပေးခဲ့တယ်လို့MNDAAအတည်ပြု
🚩 ၃။ Royal Eagle -PDF ထံသို့ ဒက္ခိဏ မြို့မရဲစခန်းမှ ဒုတပ်ကြပ်ရဲမေတဦး G-3 ကျည်ဆံ၊9mmကျည်ဆံကွန်ပျူတာတစ်လုံးတို့နှင့်အတူ အလင်းဝင်လာ၍ ဆုကြေးငွေချီးမြှင့်ပေးအပ်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ NUGကစစ်ရေးသံတမာန်ရေးတိုးတက်လာသလို စကစကလည်း ကျဆုံးယိုင်နဲ့လာတာကိုတွေ့နေရပြီလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးပြောကြား
သြဂုတ်လ၅ရက်
NUGကစစ်ရေးသံတမာန်ရေးတိုးတက်လာသလို စကစကလည်း ကျဆုံးယိုင်နဲ့လာတာကိုတွေ့နေရပြီလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးက သြဂုတ်လအတွင်း ပြည်သူမှပြည်သူသို့အစီအစဥ်မှာ ပြောကြားလိုက်ပါတယ်။
"သံတမာန်ရေးမှာဆိုလည်း တီမောနဲ့NUGဟာ ဂျီတူဂျီဆက်ဆံလာနိူင်တယ်။တဖက်မှာကျနော်တို့NUGဟာစစ်ရေးသံတမာန်ရေးတိုးတက်လာသလိုပဲ စကစကလည်း ကျဆုံးယိုင်နဲ့လာတာကိုတွေ့ရတယ်။စစ်ရေးဆိုရင် မြို့တွေ၇၅မြို့ရှိပြီထင်တယ်။အဲဒီလိုပြောင်းလဲမှုတွေနဲ့တိုင်းရင်းသားတွေနဲ့လည်းလက်တွဲတဲ့၊ယုံကြည်တဲ့ ဆွေးနွေးမှုတွေပိုပိုပြီးလုပ်နေတယ်။ တိုင်းရင်းသားတွေနဲ့ပိုပြီးအားကောင်းတဲ့ညှိနှိုင်းမှုတွေရှိနေတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် သိမ်းဆည်းရမိသောမြို့များကို ကာကွယ်စောင့်ရှောက်မှုအပြင် ပြည်သူ့ဝန်ဆောင်မှုအလုပ်များကိုလည်းလုပ်ဆောင်နေကြောင်း သိရပါတယ်။
"ကျနော်တို့ရင်ထဲမှာ တိုက်၊သိမ်း၊ထိန်းဆိုတာ ဆက်ပြီးအကောင်အထည်ဖော်နေတယ်။ဆက်လုပ်ဖို့လည်းရှိတယ်။ဆရာဦးရည်မွန်ရဲ့လမ်းများအားလုံးနေပြည်တော်သို့ဆိုတာလည်းအကောင်အထည်ဖော်နေပါတယ်"လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။
========================
📌📌 ၂။ ပြည်သူ့တော်လှန်ရေးက သမိုင်းသစ်တွေ ရေးထိုးနေပြီလို့ လားရှိုး၊ ရမခကျရှုံးမှုကို လူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းညွှန်းဆိုပြောကြား
သြဂုတ်လ၅ရက်
ပြည်သူ့တော်လှန်ရေးက သမိုင်းသစ်တွေ ရေးထိုးနေပြီလို့ လားရှိုး၊ ရမခကျရှုံးမှုကို မန္တလေးလူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက သြဂုတ်လအတွင်း ဆိုရှယ်မီဒီယာမှတစ်ဆင့် ပြောကြားခဲ့ပါတယ်။
"လားရှိုး၊ ရမခရဲ့ -တိုင်းမှူးဟောင်း ဗိုလ်ချုပ် (Major General)၊တိုင်းစစ်ဦးစီး ဗိုလ်မှူးချုပ် (Brigadier General)၊စကခ (၁) မှူး ဗိုလ်မှူးချုပ် (Brigadier General)ဒီ (၃) ဦးကို ကိုးကန့် တော်လှန်ရေးအဖွဲ့ (MNDAA) က လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း အရှင်ဖမ်းမိပါတယ်တဲ့။တပ်မှူးအများအပြားနဲ့ ထောင်ကြီးဂဏန်းသော စစ်သည်တွေကလည်း လက်နက်ချတာပေါ့။ခေတ်သစ် မြန်မာ့သမိုင်းမှာ ဗိုလ်ချုပ် (Major General) အဆင့်တဦးကို ပထမဦးဆုံးအနေနဲ့ အရှင်ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။ပြည်သူ့တော်လှန်ရေးကြီးက သမိုင်းသစ်တွေ ရေးထိုးနေပါတယ်။တလှိုင်းပြီး တလှိုင်း လာမယ်"လို့ဆိုပါတယ်။
၂၀၂၄ ခုနှစ် သြဂုတ်လ ၃ ရက်နေ့ နေ့လည် ၁၂ နာရီ ၂၀ မိနစ်တွင် MNDAAတပ်သည် မင်းအောင်လှိုင်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို အပြည့်အဝ သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်နေသော ရန်သူတပ်များကို ချေမှုန်းနိူင်ခဲ့ပါတယ်။
========================
📌📌 ၃။ စစ်တပ်လော်ဘီတွေရဲ့ သတင်းမှား၊ ဝါဒဖြန့် မှုတွေသတိပြုဖို့ ဒုဝန်ကြီးမော်ထွန်းအောင်တိုက်တွန်း
သြဂုတ်လ၅ရက်
စစ်တပ်လော်ဘီတွေရဲ့ သတင်းမှား၊ ဝါဒဖြန့် မှုတွေသတိပြုဖို့အတွက် ဒုဝန်ကြီးမော်ထွန်းအောင်က သြဂုတ်လအတွင်းဆိုရှယ်မီဒီယာမှတစ်ဆင့် "သတင်းမှား၊ ဝါဒဖြန့် သတိ"လို့အသိပေးဆိုထားပါတယ်။
ဗမာ့ရေးရာနှင့်ပဋိပက္ခလေ့လာရေးအဖွဲ့က လေ့လာချက်အရ စစ်လော်ဘီချန်နယ်တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တော်လှန်ရေးတပ်တွေရဲ့ နယ်မြေစိုးမိုးမှု အသားစီးရရှိလာမှု အခြေအနေကို မြန်မာလူမျိုးနဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ်အမျိုးသားရေးအခြေခံ လူမျိုးရေးအမုန်းတရားတွေဖြန့်ပြီး ပုံဖော်နေကြတယ်လို့ဖော်ပြထားပါတယ်။
ဗမာ့ရေးရာနှင့်ပဋိပက္ခလေ့လာရေးအဖွဲ့BACS က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေကို အပတ်စဉ် စောင့်ကြည့်နေတာဖြစ်ပြီးဒီချန်နယ်တွေထဲမှာ လူသိများတဲ့ လော်ဘီချန်နယ် (၆) ခု၊ သတင်းဌာနအမည်ခံ ချန်နယ် (၆) ခုနဲ့ ၊ သတင်းစိစစ်ရေး ချန်နယ် (၁) ခုတို့ပါဝင်ပါတယ်။
========================
📌📌 ၄။ ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ်ပွဲကိုနော်ဝေနိူင်ငံမှာ အမှတ်တရ ဆွေးနွေးပွဲလေးတခု လုပ်ဖို့ စီစဉ်ထား
သြဂုတ်လ၅ရက်
သြဂုတ်လ၈ရက်တွင် နော်ဝေနိူင်ငံNordic Black Theater, Osloမှာ ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ်ပွဲကိုကျင်းပဖို့ ရည်ရွယ်ထားတယ်လို့သိရပါတယ်။
"၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ်ပွဲကို နိုင်ငံတကာမှာ ပုံစံမျိုးစုံနဲ့ ဂုဏ်ပြုဖြစ်ကြမယ်ထင်ပါတယ်။ နော်ဝေမှာတော့ ရှစ်လေးလုံး အထိမ်းအမှတ် အနေနဲ့ အမှတ်တရ ဆွေးနွေးပွဲလေးတခု လုပ်ဖို့ စီစဉ်ထားပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံနဲ့ ဒီအရေးတော်ပုံမှာ ပါဝင်ခဲ့ကြသူတွေရဲ့ အတွေ့အကြုံနဲ့ သင်ခန်းစာတွေဟာ ဒီနေ့ နိုင်နေတဲ့ နွေဦးတော်လှန်ရေးအတွက် အထောက်အပံ့ ဖြစ်စေတယ်ဆိုတာ ငြင်းလို့မရပါဘူး။ တချိန်တည်းမှာပဲ အဲဒီအရေးတော်ပုံအပြီးမှာ အမိမြေကို စွန့်ခွာလာကြရတဲ့ ပြည်ပရောက် ကျောင်းသားမျိုးဆက်တွေ ပံ့ပိုးနေတဲ့ ဘဏ္ဍာရေးထောက်ပို့မူတွေဟာလည်း နွေဦးတော်လှန်ရေးမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတခုအဖြစ် ပါဝင်နေပါတယ်။ဒါကြောင့် ရှစ်လေးလုံး အရေးတော်ပုံမှာ လိုရာပန်းတိုင်ကို မရောက်ခဲ့ရသည့်တိုင်တောင် နွေဦးတော်လှန် မလျှော့သောဇွဲနဲ ထောက်ပို့ချီတက်ကြဆဲ ဖြစ်တဲ့ ရှစ်လေးလုံးမျိုးဆက်ကို လက်ရှိ မျိုးဆက်က အလေးထား ဂုဏ်ပြုကြရမယ် မဟုတ်ပါလား"လို့နော်ဝေမှ မဝတ်မှုန်ဝင်းကဆိုရှယ်မီဒီယာမှာဆိုထားပါတယ်။
အခမ်းအနားတွင်အစားအသောက်များလည်းစီစဥ်ထားပြီး တော်လှန်ရေးအတွက်ထောက်ပို့နိူင်အောင်လည်းစီစဥ်ထားကြောင်းသိရပါတယ်။
========================
📌📌 ၅။ (၈)ကြိမ်မြောက်ထောက်ပို့ထီကိုတော်လှန်ပြည်သူများဝယ်ယူနိူင်ပြီလို့ စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDFကအသိပေး
သြဂုတ်လ၅ရက်
"(၈)ကြိမ်မြောက်ထောက်ပို့ထီအား ယခုချိန်မှစလို့လာဝယ်လို့ရပါပြီခင်ဗျ။ထောက်ပို့ထီရောင်းရတဲ့ငွေဟာရဲဘော်တွေအတွက် အများကြီးအထောက်ကူပြုပါတယ်။ရဲဘော်တွေအတွက်စားနပ်ရိက္ခာ၊ကျည်ဖိုး၊မိုင်းလုံးတွေထုတ်လုပ်နိုင်ဖို့ မိုင်းပစ္စည်းဖိုး၊ပြီးတော့စစ်အသုံးအဆောင်ပစ္စည်းတွေလည်း ဆင်ပေးနိုင်မယ်။ နောက်ပြီး Gunလည်းတပ်ဆင်ပေးနိုင်မယ်"လို့သြဂုတ်လအတွင်း စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDFကဖော်ပြပါတယ်။
ရဲဘော်တွေရဲ့ လိုအပ်ချက်အများကြီးကိုဖြည့်ဆည်းနိုင်မှာဖြစ်တာမို့ စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDF page မှာ မဲလာဝယ်ကြဖို့ဆိုထားပါတယ်။
========================
📌📌 ၆။ စစ်ကောင်စီတပ်ကြောင့်တလတာအတွင်းအရပ်သားသုံးရာနီးပါးသေဆုံးပြီးလက်နက်ကြီးထိမှန်၍ သေဆုံးသူတရာကျော်ရှိ
သြဂုတ်လ၅ရက်
စစ်ကောင်စီတပ်ကြောင့်တလတာအတွင်းအရပ်သားသုံးရာနီးပါးသေဆုံးပြီးလက်နက်ကြီးထိမှန်၍ သေဆုံးသူတရာကျော်ရှိတယ်လို့ ဇူလိုင်လအတွင်းစကစတပ်ရဲ့ကျူးလွန်မှုများကို Spring Revolution Database (SRD)က အစီရင်ခံဖော်ပြပါတယ်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းစစ်ကောင်စီတပ်ကြောင့် အရပ်သား ပြည်သူ ၂၉၃ ဦး သေဆုံးခဲ့ရပါတယ်။
အဆိုပါ အရပ်သားပြည်သူများ သေဆုံးရသည့်အထဲတွင် လက်နက်ကြီးထိမှန်၍ သေဆုံးသူ ၁၃၂ ဦးအထိရှိခဲ့တယ်လို့သိရပါတယ်။
ထို့အပြင် ဇူလိုင်လအတွင်းစစ်ကောင်စီ လေကြောင်းတိုက် ခိုက်မှုကြောင့် (၇၃) ဦးသေဆုံးခဲ့ရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ စစ်ကောင်စီတပ်မှ ကျောက်မဲမြို့နယ် ခမရ (၅၀၁၊ ၅၀၂) တပ်စခန်းအတွင်းသို့ လက်နက်ခဲယမ်းများ (၁၃)ထုတ်ကို Y12 ဖြင့် လာရောက်ကြဲချ
သြဂုတ်လ၅ရက်
သြဂုတ်လ ၄ ရက်တွင် စစ်ကောင်စီတပ်မှ ကျောက်မဲမြို့နယ် ခမရ (၅၀၁၊ ၅၀၂) တပ်စခန်းအတွင်းသို့ လက်နက်ခဲယမ်းများ (၁၃)ထုတ်ကိုY12 ဖြင့် လာရောက်ကြဲချခဲ့တယ်လို့ PSLF/TNLAကဖော်ပြပါတယ်။
ထို့အပြင် တပ်မဟာ (၂) နယ်မြေ ကျောက်မဲမြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်း စကခ-၁၊ ခမရ (၅၀၁၊ ၅၀၂) စခန်းကုန်းအနီးတဝိုက်သို့ စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၃)ကြိမ်၊ ပတ္တမြားစေတီအနီးတဝိုက်သို့ Jet Fighter ဖြင့် ဗုံး (၄)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပေးခဲ့တယ်လို့ဆိုပါတယ်။
အကြမ်းဖက်စကစများဟာကုန်းလမ်းခရီးကိုတပ်ကူပို့ရန်မဖြစ်နိူင်တော့တဲ့အခြေအနေကိုရင်ဆိုင်နေရပြီး လမ်းပိုင်းတွင်ကြားဖြတ်တိုက်ခိုင်မှုများကိုလည်းကြုံတွေ့နေရပါတယ်။
========================
🚩🚩 ၂။ သိန္နီခရိုင်ရှိ စစ်ရှောင်စခန်းလေးခုတွင်လူဦးရေ၂၇၂ ဦးကို စစ်ဆေးကုသပေးခဲ့တယ်လို့MNDAAအတည်ပြု
သြဂုတ်လ၅ရက်
မဟာမိတ်တပ်ဖွဲ့ ထောက်ပံ့ပို့ဆောင်ရေးဌာန၏ ကျန်းမာရေးဦးစီးဌာန၏ ဆေးဘက်ဆိုင်ရာလုပ်ငန်းအဖွဲ့သည် သိန္နီခရိုင်သို့သွားရောက်၍ စစ်ဘေးမှ ထွက်ပြေးလာသူများ ပြန်လည်နေရာချထားရေးစခန်းတွင် ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့သြဂုတ်လ၅ရက်နေ့မှာ MNDAAကတရားဝင်ထုတ်ပြန်ပါတယ်။
ကွတ်ခိုင်ခရိုင်ရှိ စစ်ပြေးဒုက္ခသည်များအတွက် ပြန်လည်နေရာချထားရေးနေရာများ အားလုံးတွင် အခမဲ့ရောဂါရှာဖွေခြင်းနှင့် ကုသမှုများ လုပ်ဆောင်ပြီးစီးပြီးနောက် ဩဂုတ်လ ၃ ရက်နေ့တွင် ဆေးဘက်ဆိုင်ရာလုပ်ငန်းအဖွဲ့သည် သက်ဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန် သိန္နီခရိုင်သို့ ဆက်လက်သွားရောက် ဆောင်ရွက်ခဲ့တယ်လို့အတည်ပြုပါတယ်။
ထိုနေ့တွင် ဆေးဘက်ဆိုင်ရာလုပ်ငန်းအဖွဲ့သည် သိန္နီခရိုင်ရှိ စစ်ရှောင်စခန်းလေးခုတွင် စုစုပေါင်း လူ ၂၇၂ ဦးကို စစ်ဆေးကုသပေးခဲ့တယ်လို့သိရပါတယ်။
ယခုအချိန်အထိ MNDAAတပ်မှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများသည် ကွတ်ခိုင်နှင့် သိန္နီခရိုင်များရှိ စစ်ရှောင်စခန်းများတွင် ဖျားနာသူ ၆၂၁ ဦးအား အခမဲ့ ကုသမှုနှင့် စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ပါတယ်။
========================
🚩🚩 ၃။ Royal Eagle -PDF ထံသို့ ဒက္ခိဏ မြို့မရဲစခန်းမှ ဒုတပ်ကြပ်ရဲမေတဦး G-3 ကျည်ဆံ၊9mmကျည်ဆံကွန်ပျူတာတစ်လုံးတို့နှင့်အတူ အလင်းဝင်လာ၍ ဆုကြေးငွေချီးမြှင့်ပေးအပ်ခဲ့
သြဂုတ်လ၅ရက်
Royal Eagle -PDF ထံသို့ ဒက္ခိဏ မြို့မရဲစခန်းမှ ဒုတပ်ကြပ်ရဲမေတဦး G-3 ကျည်ဆံ၊9mmကျည်ဆံကွန်ပျူတာတစ်လုံးတို့နှင့်အတူ အလင်းဝင်လာ၍ ဆုကြေးငွေချီးမြှင့်ပေးအပ်ခဲ့ပါတယ်။
သြဂုတ်လ၅ရက်မှာ Royal Eagle -PDFကအသိပေးဖော်ပြပါတယ်။
"ကျွန်တော်တို့ Royal Eagle -PDF ထံသို့ ဒက္ခိဏ မြို့မရဲစခန်းမှ ဒုတပ်ကြပ် အေးအေးအောင်သည် G-3 ကျည် 24တောင့်၊9mm ကျည် 25တောင့်၊ကွန်ပျူတာတစ်လုံးတို့နှင့်အတူ အလင်းဝင်လာတယ်"လို့ဖော်ပြပါတယ်။
၄င်းအား ဆုငွေချီးမြှင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ခဲ့တယ်လို့အတည်ပြုဆိုထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment