6th AUG 2024 - Morning Daily News by Radio NUG

 

၂၀၂၄ သြဂုတ်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပြည်ပသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော နိုင်ငံသား မိဘနှစ်ပါးမှ ပြည်ပတွင် မွေးဖွားခဲ့ကြသော ကလေးများအား မွေးစာရင်း လက်မှတ်ထုတ်ပေးရေး စီမံချက်အား ရေးဆွဲ

📌 ၂။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အား အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းအပေါ် ကရင်နီပြည်တပ်ပေါင်းစုံမှ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ 

📌 ၃။ တော်လှန်ရေးတွင်ပါဝင်နေသော ရဲဘော်လူငယ်များကို လူ့အခွင့်အရေး ဒုဝန်ကြီး ချီးကျူးဂုဏ်ပြုစကားဆို

📌 ၄။ စကစရဲ့လေတပ်အရာရှိများ ဆာဘီးယားနဲ့ ခမာနီက စစ်ရာဇဝတ်မှုကျူးလွန်သူများလို တရားစီရင်ခံရမယ်လို့ လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီးဆို

📌 ၅။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ကြိုးစင်တက်ရတော့မှာ အတော်လန့်နေပြီလို့ NUG သြစတြေးလျကိုယ်စားလှယ်ဆို

📌 ၆။ "လုပ်သင့်လုပ်ထိုက်တာကို လုပ်ဆောင်မယ်လို့" စစ်ကောင်စီရဲ့ ခြိမ်းခြောက်ပြောဆိုမှုဟာ တိုင်းပြည်အနာဂတ်အတွက် စိုးရိမ်ရဟု ဗိုလ်ကြီးဟောင်း နေမျိုးဇင် သတိပေး

📌 ၇။ ကရင်နီပြည်နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ၏ အကြိုညီလာခံအားကရင်နီပြည်နယ်အတွင်းရှိ ရွာတစ်ရွာတွင် ကျင်းပ

📌 ၈။ စဉ့်ကူးမြို့နယ်အတွင်းမှ တရုတ်နိုင်ငံသား (၁၅) ဦးအား နေရပ်ပြန်ခွင့်ပြု

📌 ၉။ ဇန်နဝါရီလ () ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၃၈၀) ဦး သေဆုံးခဲ့

📌 ၁၀။ Video Editing နှင့် Web Development ကို စိတ်ဝင်စားကြသူများအတွက် နွေဦးတက္ကသိုလ်ရဲ့ စကောလားရှစ် တန်းခွဲသစ် () ခုမှာ ပညာသင်ဆုများပေးမယ်

📌 ၁၁။ "The Promise" ကတိကဝတ်ကမ်ပိန်းအနေဖြင့် ဇွန်လနှင့် ဇူလိုင်လအတွင်း ထိခိုက်နစ်နာသူ ကျန်းမာရေး CDM ဝန်ထမ်းများကို အာမခံထောက်ပံ့ငွေများထောက်ပံ့ကူညီနိုင်ခဲ့


၂၀၂၄ ခုနှစ် သြဂုတ်လ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ထန်တလန်မြို့ရှိ စစ်ကောင်စီ တပ်ကုန်း ကို Chinland Council ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိ

🚩 ၂။ ကွတ်ခိုင်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀) ဗုံး () ကြိမ် ကြဲချ တိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူများ သေဆုံး/ဒဏ်ရာရခဲ့

🚩 ၃။ ရေဖြူ တံတားထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နှင့် ဘုရားမဲ စစ်ဆေးရေးဂိတ်တို့ တိုက်ခိုက်ခံရ

🚩 ၄။ မြင်းမူမြို့တွင်းက ပြန်ထွက်လာတဲ့ သံပြားကာ ကားကို မိုင်းဆွဲတိုက်ခိုက်

🚩 ၅။ ကိုင်းတောမ ရဲစခန်းနှင့် အထိုင်စခန်းများကို ဝင်ရောက်စီးနင်း တိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ပြည်ပသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော နိုင်ငံသား မိဘနှစ်ပါးမှ ပြည်ပတွင် မွေးဖွားခဲ့ကြသော ကလေးများအား မွေးစာရင်း လက်မှတ်ထုတ်ပေးရေး စီမံချက်အား ရေးဆွဲ


ပြည်တွင်းနေ မြန်မာနိုင်ငံသားများနည်းတူ ပြည်ပရောက် မြန်မာနိုင်ငံသားတို့၏ နိုင်ငံသားအခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိတာကြောင့် ပြည်ပသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော နိုင်ငံသား မိဘနှစ်ပါးမှ ပြည်ပတွင် မွေးဖွားခဲ့ကြသော ကလေးများအား မွေးစာရင်း လက်မှတ်ထုတ်ပေးရေးအတွက် စီမံချက် ရေးဆွဲရခြင်း ဖြစ်ကြောင်း ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီ၏ လက်အောက်ခံ ပြည်ပရှိ မြန်မာသံရုံးနှင့် မဆက်သွယ်လိုသော မြန်မာနိုင်ငံသားတို့၏ မိဘ()ပါးမှ မွေးဖွားသော ကလေးငယ်များ မူလအခွင့်အရေးများ မဆုံးရှုံးစေရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရမှ တရားဝင်မွေးစာရင်းလက်မှတ်များ ထုတ်ပေးသွားရန် ရည်ရွယ်တယ်လို့ ဖော်ပြထားပါတယ်။

ပြည်‌ပရောက် မြန်မာနိုင်ငံသားများ၏ သား/သမီးများအား မွေးစာရင်းလက်မှတ် ထုတ်ပေးခြင်း လုပ်ငန်းသည် မြန်မာနိုင်ငံသား ပြည်သူလူထုအတွက် အမှန်တကယ် လိုအပ်ချက်တစ်ရပ်ဖြစ်ပြီး မိမိတို့ဦးစီးဌာနအနေဖြင့်လည်း အခက်အခဲ၊ အကန့်အသတ် များကြားမှ လက်တွေ့အကျိုးပြု ဝန်ဆောင်မှုပေးနိုင်သော အကျိုးပြုလုပ်ငန်းတစ်ခု ဖြစ်ကာ နယ်စပ်များရှိ နေရပ်စွန်ခွာ ပြည်သူလူထုများနှင့် လိုအပ်သော အထောက်အထား ပြည့်စုံစွာ မတင်ပြနိုင်သော ပြည်သူလူထုများ အတွက် ဥပဒေဘောင်အတွင်းမှ ဖြေလျော့ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များအား ဆက်လက်ကြံဆ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ပြည်ပမှ အမှန်တရားကို တန်ဖိုးထား လိုလားသော မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့၏ ကလေးများ မူလအခွင့်အရေး မဆုံးရှုံးစေရန်အတွက် ပြည်ပမွေးတိုးလက်မှတ်ကို ဖော်ပြထားသော https://mohai.nugmyanmar.org တွင် ဝင်ရောက်လျှောက်ထားနိုင်ပါကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အား အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းအပေါ် ကရင်နီပြည်တပ်ပေါင်းစုံမှ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ 


ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ရှိ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အား မြောက်ပိုင်းညီနောင်မဟာမိတ် () ဖွဲ့နဲ့ အခြားတော်လှန်ရေး တပ်ဖွဲ့များက အောင်မြင်စွာ သိမ်းပိုက်လိုက်နိုင်ခြင်းအပေါ် ကရင်နီပြည်တပ်ပေါင်းစုံမှ အားရဝမ်းသာ ဂုဏ်ယူကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

မြောက်ပိုင်းညီနောင် မဟာမိတ် () ဖွဲ့ရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် သိမ်းပိုက်နိုင်မှု အပါအဝင် ရခိုင် ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ မန္တလေးတိုင်း အထိ စစ်ရေးအောင်မြင်မှုများကို ဂုဏ်ယူဝမ်းမြောက်တယ်လို့ ကရင်နီပြည်တပ်ပေါင်းစုံက ဆိုပါတယ်။

၁၀၂၇စစ်ဆင်ရေး ဒုတိယလှိုင်းရဲ့ တနေ့ထက်တနေ့ အောင်မြင်မှုဟာ စုပေါင်းအင်အားနဲ့ တက်ညီလက် ညီ စည်းလုံးမှုရဲ့ အကျိုးဆက်ဖြစ်တဲ့အပြင် MNTJP ရဲ့ စစ်ရေးမဟာဗျူဟာ ပြောင်မြောက်လှမှုတို့ကြောင့် စစ်- ကောင်စီရဲ့ တပ်စခန်းများ အလီလီ ကျရှုံးခဲ့ရတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ထို့အပြင် လားရှိုးမြို့ အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ပြည်သူလူထုရဲ့ အသက်အိုးအိမ်နဲ့ လူ့အခွင့်  -အရေးကို ကာကွယ်စောင့်ရှောက်သွားဖို့ ထုတ်ပြန်ကြေညာ ထားတဲ့အပေါ် အားရယုံကြည်ပြီး နယ်မြေတည်ငြိမ် အေးချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်ရေးကို အမြန်ဆုံး ဆောင်ရွက်နိုင်စေဖို့ ဆန္ဒပြုထားတာကိုလည်း တွေ့ရပါတယ်။


========================


📌📌 ၃။ တော်လှန်ရေးတွင်ပါဝင်နေသော ရဲဘော်လူငယ်များကို လူ့အခွင့်အရေး ဒုဝန်ကြီး ချီးကျူးဂုဏ်ပြုစကားဆို


သြဂုတ်လ () ရက်မှာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက တော်လှန်ရေးတွင် ပါဝင်နေသောရဲဘော်လူငယ်များကို အခုလို ချီးကျူးဂုဏ်ပြုစကားဆိုလိုက်ပါတယ်။

"အမြဲလေးစားလျက်ပါ။ ခက်ခဲပေမယ့် လူငယ်တွေ ကြမ်းကြမ်းဒဏ် ခံနိုင်ရည်ရှိတယ်။ ဒါတွေက သက်သေပါ" လို့ ဆိုပါတယ်။

တော်လှန်ရေးရဲဘော်လူငယ်များ ရှေ့တန်းတနေရာတွင် အားလပ်ချိန် ဂီတာတီးတေးသီချင်းဆိုနေမှုရုပ်သံကို ပြည်သူများကလည်း နှစ်သက်ထောက်ခံခဲ့ပါတယ်။


========================


📌📌 ၄။ စကစရဲ့လေတပ်အရာရှိများ ဆာဘီးယားနဲ့ ခမာနီက စစ်ရာဇဝတ်မှုကျူးလွန်သူများလို တရားစီရင်ခံရမယ်လို့ လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီးဆို


စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စကစရဲ့လေတပ်အရာရှိများအား အပြစ်ပေးအရေးယူရေးနှင့်ပတ်သက်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က သြဂုတ်လ () ရက်မှာ ဆိုရှယ်မီဒီယာကတဆင့် အခုလိုပြောပါတယ်။

"စစ်ရာဇဝတ်မှုကို အကြီးအကျယ် ကျူးလွန်ခဲ့သူတွေ တချိန် အရပ်ဘက် ပြောင်းပြီး MAI, KBZ မှာ လေယာဉ်မှုး လုပ်စားမယ် မစဉ်းစားနဲ့။

ဆာဘီးယားက စစ်ရာဇဝတ်ကောင်၊ ခမာနီ စစ်ရာဇဝတ်ကောင်တွေလို တနေ့  စီရင်ခံရမှာ" လို့ ဆိုပါတယ်။

လက်ရှိမှာ အကြမ်းဖက် စကစတပ်ရဲ့လေတပ်အရာရှိများဟာ နယ်မြို့များမှာအရပ်သားနေထိုင်ရာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ကြိုးစင်တက်ရတော့မှာ အတော်လန့်နေပြီလို့ NUG သြစတြေးလျကိုယ်စားလှယ်ဆို


အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ကြိုးစင်တက်ရတော့မှာ အတော် လန့်နေပြီလို့ သြစတြေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက သြဂုတ်လ () ရက်မှာ ဆိုလိုက်ပါတယ်။

"စကားပြောတာ မျက်လုံးလေး ကလည်ကလည်နဲ့ ကြိုးစင်တက်ရတော့မှာ အတော် လန့်နေတဲ့ပုံပဲ" လို့ ဒေါက်တာထွန်းအောင်ရွှေက ဆိုပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ သြဂုတ်လ () ရက်မှာ မိန့်ခွန်းထုတ်လွှင့်ပြောဆိုခဲ့သော်လည်း စစ်ရှုံးမှုများကို မကျေနပ်ချက်နှင့်စွပ်စွဲချက်များသာ ပြောဆိုသွားခဲ့ပါတယ်။


========================


📌📌 ၆။ "လုပ်သင့်လုပ်ထိုက်တာကို လုပ်ဆောင်မယ်လို့" စစ်ကောင်စီရဲ့ ခြိမ်းခြောက်ပြောဆိုမှုဟာ တိုင်းပြည်အနာဂတ်အတွက် စိုးရိမ်ရဟု ဗိုလ်ကြီးဟောင်း နေမျိုးဇင် သတိပေး


စစ်ကောင်စီက "လုပ်သင့်လုပ်ထိုက်တာကို လုပ်ဆောင်မယ်လို့" ပြောကြားလိုက်ခြင်းဟာ ပြည်သူတွေကို ပိုမိုဆိုးရွားပြင်းထန်တဲ့ ဦးတည်တိုက်ခိုက်မှုတွေ ပြုလုပ်မှာ ဖြစ်တယ်လို့ နွေဦးတော်လှန်ရေးမှာ နေရာစုံက ပါဝင်နေတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ရှေ့တန်းစစ်မြေပြင်တစ်နေရာကို ရောက်ရှိစဉ် ဩဂုတ်လ () ရက်မှာ Youtube Channel ကတဆင့် သတိပေး ပြောကြားလိုက်ပါတယ်။

လားရှိုးမြို့က ရမခကို MNDAA က အလုံးစုံ တိုက်ခိုက်သိမ်းပိုက်ခဲ့မှုကို ဝန်ခံခဲ့ပြီးနောက် စစ်ကောင်စီပြန်ကြားရေး ဇော်မင်းထွန်းရဲ့ အခုလို ပြောကြားမှုကို  ပြည်သူတွေအနေနဲ့ ပိုမိုသတိထားပြီး နေထိုင်ဖို့ လိုအပ်ကြောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောကြားခဲ့ပါတယ်။

"ဇော်မင်းထွန်းကိုယ်တိုင်ကလည်း  သူတို့အနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုတဲ့ အင်မတန်မှ တိုင်းပြည်အနာဂတ်အတွက်၊ ပြည်သူတိုင်းရင်းသားအားလုံးရဲ့ အနာဂတ်အတွက် စိုးထိတ်ပူပန်စရာ အရက်စက်ဆုံး၊ အယုတ်မာဆုံး ဆက်လက်လုပ်ဆောင်သွားမယ့် ပုံရိပ်တွေကို ထွက်ပေါ်လာတာကြောင့် လေးနက်တဲ့ မေတ္တာတရားနဲ့ အသိပေးလိုပါတယ်" လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ဆိုပါတယ်။

တိုင်းစစ်ဌာနချုပ် ကျသွားခြင်းနဲ့အတူ တိုင်းမှူးအဆင့် စစ်ဗိုလ်ချုပ်တွေ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတာ၊ ကြံ့ခိုင်ရေးခေါင်းဆောင် ဦးခင်ရီက ရုရှားနိုင်ငံကို သွားရောက်ပြီး စစ်ကူတောင်းတာတွေက စစ်ကောင်စီရဲ့ လတ်တလော လုပ်ရပ်တွေဟာ တိုင်းပြည် အနာဂတ်ကို ပိုမိုဆိုးရွားသွားစေမယ့် တွန်းအားတစ်ရပ် ဖြစ်တယ်လို့လည်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောပါတယ်။

တပ်တွင်းကနေ အခြေအနေ အမျိုးမျိုးကြောင့် ပြည်သူ့ရင်ခွင်ခိုလှုံလိုပေမယ့် အခက်အခဲဖြစ်နေသူတွေလည်း အမြန်ဆုံးဘက်ပြောင်းခိုလှုံဖို့ လိုအပ်ကြောင်းလည်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။ 

အရေးပါတဲ့ တိုင်းစစ်ဌာချုပ်တစ်ခုကို လက်လွှတ်လိုက်ရပြီးတဲ့နောက် စစ်ကောင်စီ ပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်းက သူတို့ဘက်ကလည်း လုပ်သင့်လုပ်ထိုက်တာကို လုပ်ဆောင်သွားမယ်လို့ ခြိမ်းခြောက်ပြောဆိုတဲ့ စကားရပ်ကို ဩဂုတ်လ () ရက်နေ့မှာ ထုတ်ဖော်ပြောကြားခဲ့တာပါ။


========================


📌📌 ၇။ ကရင်နီပြည်နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ၏ အကြိုညီလာခံအားကရင်နီပြည်နယ်အတွင်းရှိ ရွာတစ်ရွာတွင် ကျင်းပ


ကရင်နီပြည်နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ၏ အကြိုညီလာခံအား ကရင်နီပြည်နယ်အတွင်းရှိ ရွာတစ်ရွာတွင် ကျင်းပခဲ့တယ်လို့ ကရင်နီပြည်နယ်ကျောင်းသားများသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီက သြဂုတ်လ () ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

(၂၀၂၄) ခုနှစ်၊ သြဂုတ်လ ()ရက်နေ့တွင် ကရင်နီပြည်နယ်အတွင်းရှိ ရွာတစ်ရွာတွင် အကြိုညီလာခံအား ကျင်းပရာ သမဂ္ဂအလံတော်အား အလေးပြုခြင်း၊ မျိုးဆက်ဟောင်းအသီးသီးမှ အမှာစကားပြောကြားခြင်း၊ ညီနောင်သမဂ္ဂများမှ ပေးပို့လာသော သဝဏ်လွှာများ ဖတ်ကြားခြင်း၊ ကရင်နီပြည်နယ်လုံးဆိုင်ရာကျောင်းသားသမဂ္ဂ၏ ညီလာခံ ကျင်းပနိုင်ရေးနှင့် ကရင်နီပြည်နယ်လုံးဆိုင်ရာကျောင်းသားသမဂ္ဂပေါ်ပေါက်လာရေးတို့အတွက် မူဘောင်များ ချမှတ်ခြင်းနှင့် အဆိုများတင်သွင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

အကြိုညီလာခံသို့ တက်ရောက်လာကြသော သက်ဆိုင်ရာကျောင်းအသီးသီးမှာ ကိုယ်စားလှယ်များ၊ တက်ရောက်ဆွေးနွေးပေးကြသော ဗကသမျိုးဆက်များ၊ KSSU မျိုးဆက်ဟောင်းများ၊ ကျောင်းသား/ကျောင်းသူများနှင့် ပြည်တွင်းပြည်ပအလှူရှင်အား အထူးကျေးဇူးတင်ရှိအပ်တယ်လို့ဆိုထားပါတယ်။


========================


📌📌 ၈။ စဉ့်ကူးမြို့နယ်အတွင်းမှ တရုတ်နိုင်ငံသား (၁၅) ဦးအား နေရပ်ပြန်ခွင့်ပြု


ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်နယ်မြေအတွင်းရှိ စဉ့်ကူးမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ပိတ်မိနေသော တရုတ်နိုင်ငံသား (၁၅) ဦးအား တွေ့ဆုံစစ်ဆေးပြီးနောက် ၄င်းတို့၏ သဘောဆန္ဒအရ နေရပ်ပြန်ခွင့်ပြုခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ တရုတ်နိုင်ငံသား (၁၅) ဦးအား ဩဂုတ်လ ()ရက်နေ့တွင် မန္တလေး PDF ထိန်းချုပ်နယ်မြေအဆုံး တစ်နေရာအထိ လုံခြုံစွာ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၉။ ဇန်နဝါရီလ () ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၃၈၀) ဦး သေဆုံးခဲ့


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ () ရက်နေ့မှ ဇူလိုင်လ (၃၁) ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၃၈၀) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ထို့ပြင် စစ်အုပ်စုက အဆိုပါကာလအတွင်း အမျိုးသမီး (၁၂၃) ဦးကို နိုင်ငံရေးအရ ဖမ်းဆီးခဲ့ပြီး ထိုအထဲမှ (၁၂၂) ဦးမှာ လက်ရှိအချိန်အထိ ထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။

အဆိုပါ ကာလအတွင်း၌ (၄၈) ဦးမှာ အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံ တရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခြင်း ခံထားရပြီး ရာဇသတ်ကြီးဥပဒေပုဒ်မနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရပါတယ်။

အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၄၇၈) ဦး ရှိခဲ့ပြီ ဖြစ်တယ်လို့ သိရှိရပါတယ်။


========================


📌📌 ၁၀။ Video Editing နှင့် Web Development ကို စိတ်ဝင်စားကြသူများအတွက် နွေဦးတက္ကသိုလ်ရဲ့ စကောလားရှစ် တန်းခွဲသစ် () ခုမှာ ပညာသင်ဆုများပေးမယ်


Video Editing နှင့် Web Development ကို စိတ်ဝင်စားကြသူများအတွက် နွေဦးတက္ကသိုလ်ရဲ့ စကောလားရှစ် တန်းခွဲသစ် () ခုမှာ အယောက် (၂၀) စီပညာသင်ဆုပေးမယ်လို့ နွေဦးတက္ကသိုလ်က သြဂုတ်လ () ရက်မှာ တရားဝင်အသိပေးဆိုပါတယ်။

ကျောင်းသား/သူများနှင့် မိဘပြည်သူများအားလုံးကို စကောလားရှစ် တန်းခွဲသစ် () ခုနှင့် မိတ်ဆက်ပေးပါရစေ။ လက်တွေ့အသုံးချ STEM တန်းခွဲသစ်များ ဖွင့်လှစ်ပေးစေချင်တဲ့ ကျောင်းသား/သူများရဲ့ တောင်းဆိုချက်အတိုင်း No-code Web Development နှင့် Basic Video Editing တန်းခွဲသစ်များကို ဖွင့်လှစ်လိုက်ပါတယ်လို့ ဆိုပါတယ်။

ထိုတန်းခွဲ () ခုလုံးမှာ ပညာသင်ဆု တန်းခွဲများဖြစ်တဲ့အတွက် ကျောင်းသားများအနေဖြင့် Form များမှာ အချက်အလက်များကို အသေအချာ ဖြည့်ပြီး လျှောက်ထားရန် လိုအပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်တွေ့အသုံးချ ပညာရပ်တွေဖြစ်တဲ့အပြင် အတွေ့အကြုံရှိသော ဆရာ/မများမှ သင်ကြားပေးသွားမှာဖြစ်လို့ အတန်းတစ်ခုချင်းစီရဲ့ အကြောင်းအရာများကို နွေဦးတက္ကသိုလ်ရဲ့ဆိုရှယ်မီဒီယာမှာ ဖော်ပြထားတယ်လို့ သိရှိရပါတယ်။


========================


📌📌 ၁၁။ "The Promise" ကတိကဝတ်ကမ်ပိန်းအနေဖြင့် ဇွန်လနှင့် ဇူလိုင်လအတွင်း ထိခိုက်နစ်နာသူ ကျန်းမာရေး CDM ဝန်ထမ်းများကို အာမခံထောက်ပံ့ငွေများထောက်ပံ့ကူညီနိုင်ခဲ့


The Promise" ကတိကဝတ်ကမ်ပိန်းအနေဖြင့် ကျန်းမာရေး CDM ဝန်ထမ်းများကို ထိခိုက်နစ်နာ အာမခံထောက်ပံ့ငွေများကို ဇွန်လတွင် ထိခိုက်နစ်နာသူ (၃၃) ဦး၊ ဇူလိုင်လတွင် ထိခိုက်နစ်နာသူ (၃၉) ဦး ကို  ထောက်ပံ့ကူညီနိုင်ခဲ့တယ်လို့ CDM Medical Network က သြဂုတ်လ () ရက်မှာ အသိပေးပါတယ်။

(၂၀၂၄) ခုနစ် မေလတွင် ကမ်ပိန်း စတင်ဖွင့်လှစ်ကာ ကတိကဝတ် အလှူရှင်များထံမှ လှူဒါန်းငွေများ စတင်ကောက်ခံခဲ့ပြီး ထောက်ပံ့ငွေများကို ကျန်းမာရေးဝန်ကြီးဌာန CDM ဝန်ထမ်းများထဲမှ ထိခိုက်နစ်နာမှု အသီးသီး ခံစားခဲ့ရသူများအတွက် သက်ဆိုင်ရာ ထိခိုက်နစ်နာမှု အမျိုးအစားအလိုက် ထောက်ပံ့ကူညီခဲ့ရာ ဇွန်လတွင် ၁၅ သိန်း ၇သောင်း (1,570,000 ကျပ်) ဖြင့် ထိခိုက်နစ်နာသူ (၃၃) ဦး၊ ဂျူလိုင်လတွင် ၁၈ သိန်း သောင်းကျပ် (1,820,000 ကျပ်)  ဖြင့် ထိခိုက်နစ်နာသူ (၃၉) ဦး ကို ထောက်ပံ့ကူညီနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

လစဉ် အာမခံယူနစ်များ ဝယ်ယူလှူဒါန်းနေကြတဲ့ အဖွဲ့အသီးသီးမှ ကတိကဝတ်ရှင်များ အားလုံးနှင့်အတူ အာမခံယူနစ်များ ကူညီရောင်းချပေးခဲ့တဲ့  "နောက်မဆုတ်တမ်း" နှင့် "with Love Brunei" တို့ Fundraisers အဖွဲ့များကိုလည် CDM Medical Network အနေနဲ့ ကျန်းမာရေး CDMer များအားလုံး ကိုယ်စား အထူးကျေးဇူးတင်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်၄ မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ထန်တလန်မြို့ရှိ စစ်ကောင်စီ တပ်ကုန်း ကို Chinland Council ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိ


သြဂုတ်လ () ရက်နေ့ မနက် (:၀၀) နာရီဝန်းကျင်၌ ချင်းပြည်နယ် ထန်တလန်မြို့က စစ်ကောင်စီတပ်ဖွဲ့ရဲ့ (၂၆၉) တပ်ကုန်း စခန်းကို Chinland Council ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

သိမ်းပိုက်မှုနဲ့ ပတ်သက်ပြီး (CNF/A) ပြောခွင့်ရ ဆလိုင်းထက်နီက၂၆၉ အထိုင်တပ်ကုန်းတော့ ရပြီ။ မြို့ထဲ စခန်းငယ်တချို့ကျန်သေးတယ်။ ရှင်းလင်းရေး ဆက်လက်လုပ်နေတယ်။လို့ ပြောပါတယ်။

ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားရှိ စကစ၏ ထန်တလန်မြို့ရံ ရှေ့တန်းအမာခံစခန်းဖြစ်သည့် Auto တောင် စခန်းသုံးခုအား Chinland Council ပူးပေါင်းတပ်ဖွဲ့မှ ပြီးခဲ့တဲ့ ဇူလိုင် (၂၈) ရက်နေ့ မနက်ပိုင်းတွင် အပြီးသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅)ဦး သေဆုံးခဲ့ပြီး စစ်သုံ့ပန်း () ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့သည့်အပြင် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


🚩🚩 ၂။ ကွတ်ခိုင်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀) ဗုံး () ကြိမ် ကြဲချ တိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူများ သေဆုံး/ဒဏ်ရာရခဲ့


ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA တပ်မဟာ () မှ ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အရပ်သားပြည်သူ () ဦး သေဆုံးပြီး () ဦး ဒဏ်ရာရရှိခဲ့ကာ ဈေးဆိုင်ခန်းများနဲ့ နေအိမ် () လုံးထပ်မနည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ () ရက်နေ့ ညနေ (၀၃း၀၅) အချိန်တွင် တကြိမ်၊ (၀၃း၁၁) အချိန်တွင် တကြိမ်၊ (၀၃း၂၀) အချိန်တွင် တကြိမ်၊ (၀၃း၃၀) အချိန်တွင် တကြိမ် ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀) ဗုံး () လုံးအထိ လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာလို့  TNLA က ဆိုပါတယ်။

ထိုသို့ ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် ကွတ်ခိုင်မြို့လယ် လမ်းဆုံ၊ မြို့မဈေးနဲ့ မြို့တွင်းက နေရာများမှာ ကျရောက် ပေါက်ကွဲခဲ့ကာ ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသား () ဦးနဲ့ မြို့လယ်က ဒေသခံ () ဦးတို့ ပွဲချင်းပြီး သေဆုံးခဲ့ကာ () ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ထို့အပြင် ကွတ်ခိုင်မြို့တွင်းက နေအိမ် () လုံးထပ်မနည်း မီးလောင်ပျက်စီး သွားခဲ့ပြီး မြို့မဈေးမှ ဆိုင်ခန်းတချို့လည်း မီးလောင်ခဲ့ကာ PSLF/TNLA ရဲ့ ကွတ်ခိုင်မြို့နယ် မီးသတ်တပ်ဖွဲ့မှ အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၃။ ရေဖြူ တံတားထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နှင့် ဘုရားမဲ စစ်ဆေးရေးဂိတ်တို့ တိုက်ခိုက်ခံရ


ဩဂုတ်လ () ရက်၊ ညနေ (၀၃း၃၀) ဝန်းကျင်အချိန်တွင် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့ တံတားထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို အလစ်အငိုက် ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ဘုရားမဲ စစ်ဆေးရေးဂိတ်ကိုလည်း စနိုက်ဘာ၊ ၆၀ မမ တို့ဖြင့် ပစ်ခတ်ခဲ့တယ်လို့ ရေဖြူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (YPPDF) က ထုတ်ပြန်ထားပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က () ဦး သေဆုံးကာ () ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိ ခဲ့တယ်လို့ YPPDF က ဆိုပါတယ်။

ယခုတိုက်ခိုက်မှုကို ရေဖြူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (YPPDF) ရေဖြူ ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) တပ်ခွဲ () ဓဝယ် အမျိုးသားလွတ်မြောက်ရေး တပ်တော် (DNLA) တပ်ခွဲ () ကားသစ္ဆတ် (ကျားသစ်နက်) ဘီလုံး ပြောက်ကျားအဖွဲ့နှင့် ထားဝယ် ပြည်သူ့လွတ်မြောက်ရေး တပ်ဖွဲ့ (TPLF) ADin Hmue - Dawei (ထားဝယ် - ပကဖ) ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ - DGRF (ထားဝယ် - ပကဖ)” တို့ ပါဝင်တဲ့  သာဂရစစ်ကြောင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရှိရပါတယ်။


========================


🚩🚩 ၄။ မြင်းမူမြို့တွင်းက ပြန်ထွက်လာတဲ့ သံပြားကာ ကားကို မိုင်းဆွဲတိုက်ခိုက်


ဩဂုတ်လ () ရက်နေ့ မနက် (၀၈း၃၂) အချိန်ခန့်တွင် အလ္လက္ကပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာကြားရှိ ဆီဆိုင်တစ်ခုတွင် တပ်စွဲနေထိုင်နေသော စကစ တပ်ဖွဲ့များသည် မြင်းမူမြို့တွင်းသို့ သံပြားကာ ကားတစ်စီးဖြင့် ဝင်ရောက်ခဲ့ပြီးနောက် ၎င်းတို့ တပ်စွဲရာနေရာအား ပြန်လည်မောင်းနှင်ခဲ့ရာ မြင်းမူမြို့နှင့် ဝမ်းပြည့်ကျေးရွာကြား တစ်နေရာအရောက်တွင် တော်လှန်ရေးရဲဘော်များမှ ပဒေသာမိုင်း လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း DK-PDF (MMU) က သတင်းထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် စကစတပ်ဖွဲ့များမှ လက်နက်ကြီး လက်နက်ငယ်များနှင့် တရစပ် ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့ပြီး စစ်သား () ဦး သေဆုံးကာအများအပြား ဒဏ်ရာအပြင်းအထန် ရသွားကြောင်း သိရှိရပါတယ်။


========================


🚩🚩 ၅။ ကိုင်းတောမ ရဲစခန်းနှင့် အထိုင်စခန်းများကို ဝင်ရောက်စီးနင်း တိုက်ခိုက်


မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမ ရဲစခန်းနှင့် အထိုင်စခန်းများအားလုံးကို တော်လှန်ရေး တပ်ဖွဲ့များ ပူးပေါင်းပြီး နှစ်ကြိမ်တိုင် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ Earthquake People's Defence Force က ထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ () ရက်နေ့ မနက် () နာရီမှ စတင်ပြီး ကိုင်းတောမ ရှိ အထိုင်စခန်း အားလုံးကို တပြိုင်နက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန် နာရီအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ပွဲအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင် ပြည်သူ့ဒီမိုကရက်တစ် တပ်တော် (PDA) မှ အသက် (၁၇) နှစ်အရွယ် ရဲဘော် မဟောက် နဲ့ အညာမြေ တပ်ပေါင်းစုမှ အသက် (၂၃) နှစ်အရွယ် ရဲဘော် ဂျီရှော့တို့ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

၎င်းတိုက်ပွဲအတွင်း ကိုင်းတောမ ရေစက်တွင်း အထိုင်ချစခန်းနဲ့ အခြား ကင်းဂိတ်များကို တော်လှန်ရေး ပူးပေါင်းအဖွဲ့များက သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ကြီး အပါအဝင် ခဲယမ်းတချို့နဲ့ စစ်အသုံးဆောင် ပစ္စည်းများကို သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

ယခုတိုက်ခိုက်မှုကို  ပြည်သူ့ဒီမိုကရက်တစ် တပ်တော် (PDA) ပြည်သူ့တော်လှန်ရေး တပ်ဦး (PRF) ကျောင်းသား တော်လှန်ရေးတပ်ဖွဲ (SRF) ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) - အမှတ် (၈၁၅) တပ်ဖွဲ့ အနောက်မြောက် စစ်ဒေသ၊ ပခုက္ကူ စုဖွဲမှု (YoungForce, PPDF, ThuRain, HunterPakokku, Earthquake) အညာမြေ တပ်ပေါင်းစု မြိုင်မြိုနယ် .က. နဲ့ မြိုင်စုဖွဲ့မှု တပ်ရင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သတင်းရရှိပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment