8th AUG 2024 - Morning Daily News by Radio NUG

 


၂၀၂၄ သြဂုတ်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ရှမ်းမြောက်က တရုတ်နိုင်ငံသားများ အမြန်ဆုံး ထွက်ခွာရန် တရုတ်အစိုးရ သတိပေး

📌 ၂။ SSPP ဌာနချုပ်သို့ ရောက်ရှိလာကြသည့် စစ်ဘေးရှောင်များကို SSPP/SSA မှ စားနပ်ရိက္ခာများ သွားရောက်ကူညီထောက်ပံ့

📌 ၃။ BIMSTEC အနေဖြင့် ရှက်ဖွယ်ကောင်းသည့် မြန်မာစစ်အုပ်စုအား ပံ့ပိုးမှုကို အဆုံးသတ်ရမှာဖြစ်တယ်လို့ Justice For Myanmar က ထုတ်ဖော်

📌 ၄။ WFP မှ မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး ငါးခုတွင် ရေဘေးသင့် လူဦးရေ တစ်သိန်းကျော်ကို ကူညီရန် အရေးပေါ် ရေဘေးတုံ့ပြန်မှုလုပ်ငန်းတစ်ရပ်ကို စတင်ကြောင်း UN Myanmar သတင်းထုတ်ပြန်

📌 ၅။ ဒဂုံတက္ကသိုလ်တွင် စကစမှ စစ်မှုထမ်းရန် လာရောက်စည်းရုံး ဟောပြောပွဲများ ကျင်းပခဲ့


၂၀၂၄ ခုနှစ် သြဂုတ်လ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မြို့ထဲမှ ထွက်ပြေးလာကြသော မူဆလင် အများအပြား မောင်တောမြို့အနီး ပင်လယ်ကမ်းစပ်တစ်နေရာ၌ သေဆုံးမှုသည် ၎င်းနှင့် သက်ဆိုင်မှုမရှိကြောင်း AA ထုတ်ပြန်

🚩 ၂။ ဆီဆိုင် မြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီအလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းပိုက် ရရှိ

🚩 ၃။ နမ့်လန်မြို့ နောင်ကော်ကြီးရွာ ဘုန်းကြီးကျောင်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဦးဇင်းတစ်ပါးနဲ့ အမျိုးသမီးတစ်ဦီး သေဆုံး

🚩 ၄။ လွိုင်ကော် - ဒီးမော့ဆို လမ်းတလျောက် တိုက်ပွဲများ ဖြစ်ပွားနေတာကြောင့် ပြည်သူများ အသုံးမပြုကြဖို့ KNDF မေတ္တာရပ်ခံ

🚩 ၅။ ပုသိမ်ကြီးမြို့နယ် ဖယောင်းတောင်ရွာအား လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူ()ဦး သေဆုံး

🚩 ၆။ နောင်ချို မြို့နယ်တွင် တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး ကွတ်ခိုင်မြို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ရှမ်းမြောက်က တရုတ်နိုင်ငံသားများ အမြန်ဆုံး ထွက်ခွာရန် တရုတ်အစိုးရ သတိပေး


လားရှိုးမြို့နှင့် ရှမ်းပြည်မြောက်ပိုင်းက တရုတ်နိုင်ငံသားများအနေဖြင့် အမြန်ဆုံး ပြောင်းရွှေ့ ထွက်ခွာကြရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက  ဩဂုတ်လ () ရက်နေ့တွင် WeChat ကတစ်ဆင့် သတိပေး ကြေညာထားပါတယ်။

တရုတ်နိုင်ငံသားများအနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ကောင်စစ်ဝန်ရုံး သို့ သတင်းပေးပို့ကြရန် တိုက်တွန်းထားပါတယ်။

"စိုးရိမ်ရသည့် လုံခြုံရေး အခြေအနေများကြောင့် ဖြစ်နိုင်လျှင် တရုတ်နိုင်ငံသို့ အမြန်ဆုံးပြန်လည်ထွက်ခွာကြရန်၊ လုံခြုံရေး အထူးသတိထားပြီး အန္တရာယ်များကို ရှောင်ရှားကာ ပဋိပက္ခဇုန်များနှင့် ဝေးကွာသော (သို့မဟုတ်) နေရပ်သို့ ပြောင်းရွှေ့နေထိုင်ရန် တရုတ်သံရုံးက ပြင်းပြင်းထန်ထန် သတိပေးထားတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၂။ SSPP ဌာနချုပ်သို့ ရောက်ရှိလာကြသည့် စစ်ဘေးရှောင်များကို SSPP/SSA မှ စားနပ်ရိက္ခာများ သွားရောက်ကူညီထောက်ပံ့


သြဂုတ်လ () ရက်နေ့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ တာဝန် ရှိသူများက ဌာနချုပ် တည်ရှိရာ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းသို့ ရောက်ရှိလာကြသည့် စစ်ဘေးရှောင် ပြည်သူများကို စားနပ်ရိက္ခာများ သွားရောက်ကူညီ ထောက်ပံ့ပေးကြောင်း SSPP မှ သတင်းထုတ်ပြန်ပါတယ်။

SSPP ဌာနချုပ်ရှိရာ ဒေသအတွင်း စစ်ရှောင်ထွက်ပြေးလာကြသည့် ပြည်သူများသည် လားရှိုးမြို့နယ်မှ ဒေသခံများ၊ မိုင်းရယ်မြို့နယ်မှ ဟိုယကျေးရွာ၊ မန်ဖြတ်ကျေးရွာ စသည့် ဒေသတို့မှ ဒေသခံများဖြစ်ကြပြီး စုစုပေါင်း (၃၂၂) ဦး ရောက်ရှိ ခိုလှုံနေကြကြောင်းလည်း သိရပါတယ်။

အဆိုပါ စစ်ဘေးရှောင်များသည် ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်း အမှတ် () ရပ်ကွက်ရှိ ခန်းမဆောင်၊ လမ်းခွဲကျေးရွာ ခန်းမဆောင်၊ ပန်လော့ဘုန်းကြီးကျောင်း နှင့် မိုင်းရှူးမြို့နယ် ဝမ်ဆော့ကျေးရွာ တို့၌ တည်းခိုနေထိုင်ကြပြီး SSPP/SSA မှ စစ်ဘေးရှောင်များ အတွက် ဆန်အိတ် (၇၀) ဆားအထုပ် (၃၀) အချို့မှုန့် အိတ် (၃၀) မြေပဲဆီ ပုံးကြီး (၁၀) ပုံး၊ ကြာဇံအိတ်ကြီး () အိတ်၊ ကုလားပဲ အိတ်ကြီး () အိတ်၊ ခရမ်းချဉ်သီး အိတ်ကြီး (၁၀) အိတ်ဖြင့် စုစုပေါင်း ကုန်ကျစားရိတ် စုစုပေါင်း တန်ဖိုး ကျပ်သိန်း ၁၅,၈၃၀,၀၀၀ (တစ်ရာ ငါးဆယ့် ရှစ်သိန်း သုံးသောင်းကျပ်) ကို စစ်ဘေးရှောင် ကူညီထောက်ပံ့ရေး ကော်မတီထံသို့ သွားရောက်ကူညီ ပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဇွန်လ (၂၅) ရက်နေ့မှ စတင်ခဲ့သည့် စစ်ဆင်ရေးများကြောင့် SSPP/SSA ထိန်းချုပ်လှုပ်ရှားရာ နယ်မြေဒေသအတွင်း ရောက်ရှိခိုလှုံလာကြသည့် စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း (၁၄၀၀၀) ကျော် ရှိခဲ့ပြီလို့ သိရှိရပါတယ်။


========================


📌📌 ၃။ BIMSTEC အနေဖြင့် ရှက်ဖွယ်ကောင်းသည့် မြန်မာစစ်အုပ်စုအား ပံ့ပိုးမှုကို အဆုံးသတ်ရမှာဖြစ်တယ်လို့ Justice For Myanmar က ထုတ်ဖော်


BIMSTEC အနေဖြင့် ရှက်ဖွယ်ကောင်းသည့် မြန်မာစစ်အုပ်စုအား ပံ့ပိုးမှုကို အဆုံးသတ်ရမှာဖြစ်တယ်လို့ သြဂုတ်လ () ရက်မှာ Justice For Myanmar က အသိပေးထုတ်ဖော်ခဲ့ပါတယ်။

တရားမဝင် မြန်မာစစ်အုပ်စု၏ စီးပွားရေးနှင့် ကူးသန်ရောင်းဝယ်ရေး ဒုတိယဝန်ကြီး ပါဝင်တက်ရောက်သည့် ပထမအကြိမ် BIMSTEC Business Summit ကို နယူးဒေလီမြို့တော်တွင် ကျင်းပခြင်းဖြင့် အိန္ဒိယနိုင်ငံနှင့် BIMSTEC တို့သည် မြန်မာပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ထက် စီးပွားရေးအကျိုးစီးပွားကိုသာ ဆက်လက်၍ ရှေ့တန်းတင်လိုက်ခြင်း ဖြစ်တယ်လို့ ဖော်ပြလိုက်ပါတယ်။

 စစ်အုပ်စုသည် ရာဇဝတ်စီးပွားဂိုဏ်တစ်ခုသာဖြစ်ပြီး၊ မြန်မာပြည်သူများအပေါ် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများအတွက် ဘဏ္ဍာငွေရှာဖွေနိုင်မည့် စင်မြင့်တစ်ခုကို ယင်းရာဇဝတ်စီးပွားဂိုဏ်အား မပေးသင့်ဘူးလို့JusticeForMyanmarကဖော်ပြပါတယ်။

အဆိုပါထိပ်သီးအစည်းအဝေးကို အိန္ဒိယစက်မှုလုပ်ငန်းအဖွဲ့ချုပ်နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနတို့ မိတ် ဖက်ဆောင်ရွက်၍ စီစဉ်ကျင်းပခြင်းဖြစ်ပြီးနှစ်ရက်ကြာထိပ်သီးဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ BIMSTEC မူဝါဒ ချမှတ်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်ကုန်သည်ကြီးများ အသင်းများအကြားတွင် ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ရေး နှင့် ဒေသတွင်း အဓိကစီမံကိန်းများတွင် ပုဂ္ဂလိကကဏ္ဍပါဝင်မှုကို မြှင့်တင်ရေး ဖြစ်တယ်လို့သိရပါတယ်။

အဆိုပါစုံညီအစည်းအဝေးများသည် စစ်အုပ်စု၏ စီးပွားကူးသန်း ဒုဝန်ကြီး မင်းမင်း၊ စစ်အုပ်စုထိန်းချုပ်ထာသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံရေး ဦးစီးဌာန၏ မန်နေဂျင်းဒါရိုက်တာ တင်ဇော်မြင့်နှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ကိုယ်စားလှယ်များကို အရှက်မဲ့စွာ ပွဲထုတ်လာခဲ့ပြီးစစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများအတွက် ငွေကြေးထောက်ပံမှုကြောင့် UMFCCI ကို တရားဝင် အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၃ ခုနှစ်တွင် ဖျက်သိမ်းခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။

ထို့အပြင်ထိပ်သီအစည်းဝေးတွင် UMFCCI မှ ဆွေးနွေးသူသုံးဦးဖြစ်သည့် ထွန်းထွန်းနိုင်၊ နန်းကလျာဝင်းနှင့် ခိုင်ခိုင်နွယ်တို့ကိုလည်း စစ်အုပ်စုနှင့် ဆက်လက် ပူးပေါင်းမှုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရက အမည်ပျက်စာရင်း သွင်းခဲ့ပါတယ်။

ထိပ်သီးဆွေးနွေးပွဲကို ပံ့ပိုးပေးထားသည့် စီးပွားရေးမိတ်ဖက်များသည် မြန်မာစစ်တပ်ကို စစ်လက်နက်များနှင့် ပစ္စည်းများကို ထောက်ပံ့ကူညီထားသူများဖြစ်နေတယ်လို့ Justice For Myanmar က ထောက်ပြထားပါတယ်။


========================


📌📌 ၄။ WFP မှ မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး ငါးခုတွင် ရေဘေးသင့် လူဦးရေ တစ်သိန်းကျော်ကို ကူညီရန် အရေးပေါ် ရေဘေးတုံ့ပြန်မှုလုပ်ငန်းတစ်ရပ်ကို စတင်ကြောင်း UN Myanmar သတင်းထုတ်ပြန်


ဇွန်လနှောင်းပိုင်းမှ စတင်ခဲ့သည့် မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှုနှင့်အတူ ဖြစ်ပေါ်လာသည့် ပြင်းထန်သော ရေကြီးရေလျှံမှုများကြောင့် မြန်မာနိုင်ငံတွင် လူဦးရေပေါင်း ၂၀၀,၀၀၀ ကျော် ထိခိုက်ခဲ့ကြရပြီး အများအပြားမှာ ယာယီနေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရကာ WFP Advanced Disaster Analysis & Mapping ဂြိုလ်တုပုံရိပ်၏ သြဂုတ်လ () ရက်နေ့ ခန့်မှန်းချက်အရ ရေကြီးရေလျှံမှု ကြုံတွေ့နေရသောဒေသများ၌ လူဦးရေပေါင်း ၈၅၅,၀၀၀ ခန့် နေထိုင်လျက်ရှိကြောင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာမလုံလောက်မှု အရေးပေါ်အခြေအနေ ရောက်နေတဲ့အချိန်မှာမှ ရေဘေးကဖြစ်လာရပြန်ပြီး နိုင်ငံတစ်ဝန်းမှာ လူဦးရေပေါင်း ၁၃ သန်းကျော်ဟာ စားနပ်ရိက္ခာ အခက်အခဲတွေနဲ့ ရုန်းကန်နေရတဲ့အချိန်မှာ အခုလို ရေဘေးဖြစ်တာကြောင့် သူတို့အနေနဲ့ ပိုပြီး ထိခိုက်လွယ်တဲ့အခြေအနေကို ရောက်ကြရတယ်။" ဟု WFP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Paolo Mattei က ဆိုထားပါတယ်။

လက်ရှိတွင် WFP ဝန်ထမ်းအဖွဲ့များသည် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ရေဘေးသင့်ပြည်သူ အနည်းဆုံး ၁၂၀,၀၀၀ အတွက် အသက်ကယ်ဆယ်ရေး အထောက်အပံ့များ ငွေသား၊ ဆန်၊ အာဟာရမှုန့်များနှင့် အာဟာရဖြည့်ဘီစကွတ်များ ပေးလျက်ရှိတယ်လို့ သိရပါတယ်။

WFP ရေဘေးကူညီမှုများသည် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့် ဒေသခံ ပရဟိတအဖွဲ့အစည်းများ၏ ကနဦးပံ့ပိုးကူညီမှုကို အားဖြည့်ပံ့ပိုးပေးရန် ရည်ရွယ်ပြီး လက်ရှိ နိုင်ငံအနှံ့အပြားတွင် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိရာ အခြေအနေကို ဆက်လက်စောင့်ကြည့်နေပြီး လိုအပ်ပါက  ရေဘေးတုံ့ပြန်မှုလုပ်ငန်းကို ထပ်မံတိုးချဲ့ ဆောင်ရွက်သွားရန် အဆင်သင့်ပြင်လျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ ဒဂုံတက္ကသိုလ်တွင် စကစမှ စစ်မှုထမ်းရန် လာရောက်စည်းရုံး ဟောပြောပွဲများ ကျင်းပခဲ့


ဒဂုံတက္ကသိုလ် ပရဝဏ်တွင်း စကစမှ စစ်မှုထမ်းရန် လာရောက်ဟောပြောခဲ့တယ်လို့ သြဂုတ်လ () ရက်မှာ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက အသိပေးပါတယ်။

ကျောင်းသားများ စစ်မှုထမ်းပါက လစာ တစ်လလျှင် ၁၅၀၀၀၀ ကျပ်ပေးမည်ဖြစ်ကြောင်း "စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်း" ခေါင်းစဥ်ပါ ဝါဒဖြန့်ချီရေးစာများပါသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါဟောပြောပွဲတွင် တက်ရောက်သော ကျောင်းသားများအား သတင်းပေါက်ကြားမည် စိုးရိမ်ချက်ဖြင့် ဖုန်းများ သိမ်းဆည်းခဲ့တယ်လို့ သိရရပါတယ်။

အလားတူ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင်လည်း လွန်ခဲ့သော () ပတ်ခန့်က ကျောင်းသားများအား  စစ်မှုထမ်းရန် စည်းရုံးဟောပြောမှုများ ပြုလုပ်ခဲ့ပါတယ်။

စစ်ရေး ရှုံးနိမ့် ယိုင်နဲ့နေသော စကစတပ်သည် လူငယ်များအား အဓမ္မစစ်မှုစေခြင်း၊ ပေါ်တာဆွဲခြင်းများကို စစ်မှုထမ်းဥပဒေကြေညာပြီးနောက် ဆက်တိုက်ပြုလုပ်နေခဲ့တာလည်း ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ မြို့ထဲမှ ထွက်ပြေးလာကြသော မူဆလင် အများအပြား မောင်တောမြို့အနီး ပင်လယ်ကမ်းစပ်တစ်နေရာ၌ သေဆုံးမှုသည် ၎င်းနှင့် သက်ဆိုင်မှုမရှိကြောင်း AA ထုတ်ပြန်


ယခုရက်ပိုင်းများအတွင်း မြို့ထဲမှ ထွက်ပြေးလာကြသော မူဆလင်များထဲမှ အများအပြားသည် လက်နက်ကြီး၊ လက်နက်ငယ်ထိမှန် (သို့မဟုတ်) ဗုံးထိမှန် (သို့မဟုတ်) ရေနစ်သေဆုံး (သို့မဟုတ်) လေကြောင်းမှတိုက်ခိုက်ခံရမှု (သို့မဟုတ်) ကြီးမားသော ပေါက်ကွဲမှု တစ်ခုခုဖြစ်၍ မောင်တောမြို့အနီး ပင်လယ်ကမ်းစပ်တစ်နေရာ၌ သေဆုံးနေသည်ကို ဆိုရှယ်မီဒီယာများမှတစ်ဆင့် ကြားသိရသောကြောင့် များစွာ စိတ်မကောင်း ဖြစ်ရပြီး သေဆုံးမှုမှာ မိမိတို့ ထိန်းချုပ်ထားသော နယ်မြေများ၌ ဖြစ်ပျက်ခဲ့ခြင်း လုံးဝမရှိသည့်အပြင် မိမိတို့အဖွဲ့အစည်းနှင့်လည်း မည်သို့မျှ သက်ဆိုင်မှုမရှိပါကြောင်း အာရက္ခတပ်တော် AA မှ အသိပေးထုတ်ပြန်ပါတယ်။

အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို စုံစမ်းစစ်ဆေးနေပြီး ဖြစ်စဉ်၊ ဖြစ်ရပ်မှန်များကို သိရှိရပါက အမြန်ဆုံး ထုတ်ပြန်ပေးသွားပါမည်ဟု ဆိုထားပါတယ်။

မောင်တောမြို့သိမ်းတိုက်ပွဲနှင့်အတူ ပိုမိုပြင်းထန်လာသော တိုက်ပွဲများကြောင့် အပြစ်မဲ့အရပ်သား ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရန်အတွက်-

သာမန်အရပ်သား ပြည်သူများအားလုံးသည် မောင်တောမြို့အတွင်းမှ ထွက်ခွာကြရာတွင် အန္တရာယ်ရှိသော နေရာများသို့ စွန့်စားထွက်ခွာခြင်းထက် လုံခြုံမှုပေးနိုင်သည့် အာရက္ခတပ်တော် ရှိသော နေရာများသို့သာ ဦးတည်ထွက်ခွာကြပါရန်။

မြို့တွင်းမှ ထွက်ခွာရန် အခွင့်မသာဘဲ ပိတ်မိနေကြသော ပြည်သူများအနေဖြင့်လည်း မိမိ နေထိုင်ရာ ပတ်ဝန်းကျင်တွင် ကျည်လွတ်မြေများကို အကာအကွယ်ယူပြီး နေထိုင်ခြင်း၊ အလံဖြူ အမှတ်အသားများ ပြုလုပ်ထားခြင်း၊ တိုက်ပွဲ၊ တိုက်ခိုက်ရေးသမားများနှင့် ဝေးသောနေရာများကို အတတ်နိုင်ဆုံး ရွေးချယ်၍ နေထိုင်ကြပါရန်။

စစ်ကောင်စီ၏ လမ်းမ၊ အိမ်၊ အဆောက်အအုံကြီးများအတွင်းမှ ခုခံစစ်ပြင်ထားသော နေရာများ၊ တိုက်တာအဆောက်အအုံများပေါ်ရှိ စနိုက်ပါပစ်ရန် ပြုလုပ်ထားသောနေရာများနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များရှိရာ နေရာများတွင် အတူပူးတွဲနေထိုင်ခြင်းမျိုး မလုပ်ကြပါရန်။

အကြမ်းဖက် စစ်ကောင်စီနှင့် ARSA, RSO, ARA အဖွဲ့ဝင်များ၏ အရပ်သားများကို လူသားဒိုင်းကာ (human shield) အဖြစ် အသုံးပြုခြင်း မခံရစေရန်အတွက် အတတ်နိုင်ဆုံး ၎င်းတို့နှင့် ဝေးရာ နေရာများ၌ နေထိုင်ကြပါရန်။

အကယ်၍ တိုက်ပွဲများတွင် ရှုံးနိမ့်ပြီး ထွက်ပြေးလာသော အကြမ်းဖက်သမားများသည် သာမန် အရပ်သားပြည်သူများကြားတွင် ရောနှောလိုက်ပါလာသည်ကိုတွေ့ရှိပါက နီးစပ်ရာ ULA/ AA တပ်ဖွဲ့ဝင်များထံသို့ အမြန်ဆုံး ဆက်သွယ် အကြောင်းကြားပေးကြပါရန်။

စသည့် လိုက်နာရမည့် စည်းကမ်းများကို AA က အသိပေးထားပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော်သည် တပ်ဖွဲ့ဝင်များကို စစ်ပွဲအတွင်းလိုက်နာရမည့် စစ်စည်းကမ်း၊ စစ်သည်တော်ကျင့်ဝတ်၊ လူ့အခွင့်အရေးဥပဒေ၊ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာဥပဒေများကို အခြေခံစစ်သင်တန်းကတည်းကပင် ရှင်းလင်းပြတ်သားစွာ ညွှန်ကြားထားသောအဖွဲ့အစည်း ဖြစ်ပြီး အကြမ်းဖက်မှုကို အားမပေးသည့်အဖွဲ့ဖြစ်သည့်အပြင် မည်သည့် အကြမ်းဖက်မှုမျိုးကိုမဆို ရှုတ်ချပြီး အာရက္ခဒေသအတွင်း မည်သည့်အကြမ်းဖက်သမားကိုမျှ ခြေချခွင့်ပေးမည် မဟုတ်ဘဲ အကြမ်းဖက်အဖွဲ့အစည်းတိုင်းကို ချေမှုန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ 

NUG အစိုးရက ရခိုင်ဒေသရှိ ဒေသခံမူဆလင်များကို ရိုဟင်ဂျာလူမျိုးများဟု အသိအမှတ်ပြု ခေါ်ဝေါ်ထားပါတယ်။


========================


🚩🚩 ၂။ ဆီဆိုင် မြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီအလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းပိုက် ရရှိ


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) မဟာမိတ် တပ်များနှင့် စစ်ကောင်စီ တပ်တို့ကြား တိုက်ပွဲဖြစ်ပွား ခဲ့တယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။ 

ဩဂုတ်လ () ရက်နေ့က ဆီဆိုင်မြို့နယ်၊ လွယ်ထွယ် ကျေးရွာ အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ အလောင်း (၁၀) လောင်း၊ ဒရုန်း () စင်းနဲ့ လက်နက် (၁၀) လက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ထို့အပြင် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်များက သြဂုတ်လ () ရက်နေ့က စပြီး ဆီဆိုင်မြို့နယ် အတွင်းမှ ပအိုဝ်းကျေးရွာများကို လက်နက်ကြီးများနဲ့ တမင်ပစ်ခတ်နေတာကြောင့် ပြည်သူများအနေဖြင့် သတိဝီရိယနဲ့ သွားလာကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ 


========================


🚩🚩 ၃။ နမ့်လန်မြို့ နောင်ကော်ကြီးရွာ ဘုန်းကြီးကျောင်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဦးဇင်းတစ်ပါးနဲ့ အမျိုးသမီးတစ်ဦီး သေဆုံး


ဩဂုတ် ရက် ညနေ နာရီဝန်းကျင်တွင် ရှမ်းမြောက် နမ့်လန်မြို့ နောင်ကော်ကြီးရွာက ရေလယ်ဘုရား ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဦးဇင်းတစ်ပါးနဲ့ အမျိုးသမီးတစ်ဦီး သေဆုံးခဲ့ပြီး ဦးဇင်းတစ်ပါးလည်း ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်လို့ ရွှေဖီမြေသတင်းဌာနက ဖော်ပြထားပါတယ်။

ဆရာတော် ဦးနန္ဒဇေနနဲ့ ဦးဇင်းတစ်ပါးရဲ့မယ်တော် ပါနန်အောင်တို့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရတဲ့ ဦးဇင်းကို နမ့်လန် ပြည်သူ့ဆေးရုံမှာ ကုသပေးခဲ့ပေမဲ့ ဒဏ်ရာ ပြင်းထန်တာကြောင့် တောင်ကြီး ပြည်သူ့ဆေးရုံဘက် ရွှေ့ပြောင်းရမယ်လို့ သိရပါတယ်။

ဗုံးကြဲမှုကြောင့် ရေလယ်ဘုရား ဘုန်းကြီးကျောင်း အဆောက်အဦလည်း ထိခိုက်ပျက်စီးသွားပြီး ကျောင်းထဲက ကိုရင်တွေကိုတော့ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ လွိုင်ကော် - ဒီးမော့ဆို လမ်းတလျောက် တိုက်ပွဲများ ဖြစ်ပွားနေတာကြောင့် ပြည်သူများ အသုံးမပြုကြဖို့ KNDF မေတ္တာရပ်ခံ


ကရင်နီပြည်နယ်၊ လွိုင်ကော် - ဒီးမော့ဆို ပြည်ထောင်စု လမ်းမကြီးနှင့် စပ်ဆက်နေရာ တလျောက်တွင် တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေတာကြောင့် အဆိုပါလမ်းမကြီးနဲ့ ဆက်စပ်လမ်းသွယ်များကို ပြည်သူများ အနေဖြင့် အသုံးပြု သွားလာခြင်း မပြုကြဖို့ KNDF က မေတ္တာရပ်ခံ ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက စတင်ပြီး လွိုင်ကောမြို့ မိုင်းလုံး ရွာတန်းရှည် ၊နမ့်ဘော်ဝမ် ထူဒူငံသ၊ စိုက်ကွင်း () ဒေါဆန်းဘွန်း နှင့် ပန်ကန်း ရပ်ကွက် / ကျေးရွာများ တစ်လျှောက်မှာ တော်လှန်ရေး တပ်များနဲ့ စစ်ကောင်စီ တပ်တို့ကြား ထိတွေ့တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေတာလို့ ဆိုပါတယ်။

စစ်ကောင်စီ တပ်များက လမ်းမကြီးများ ဘေးနဲ့ ရပ်ကွက်များ အတွင်းမှာ ကင်းပုန်းဝတ်ကာ ဖြတ်သန်း သွားလာမိတဲ့ အရပ်သား ပြည်သူများကို တားဆီးစစ်ဆေးခြင်း မရှိဘဲ အမေးမြန်းမရှိ ပစ်ခတ်မှုများ လုပ်ဆောင် နေတာကြောင့် အကြောင်းမဲ့ သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူများ ရှိနေတယ်လို့ သိရပါတယ်။

ထို့ကြောင့် ပြည်သူများအနေနဲ့ ဝင်ထွက်သွားလာခြင်း၊ နေအိမ်ပြန်ကြည့်ခြင်း၊ ပစ္စည်းပြန်လည် ဝင်ရောက် သယ်ယူခြင်းများ မပြုလုပ် ကြရန်နှင့် လက်တလော အခြေအနေအရ လွိင်ကော်-ဒီးမော့ဆို ပြည်ထောင်စု လမ်းမ အပြင် ဟိုဖိတ်- ()မိုင် -ပန်ကန်း စတဲ့ ဆက်စပ်နေတဲ့ လမ်းသွယ်များကိုပါ အသုံးပြုသွားလာခြင်း မပြုလုပ်ကြဖို့ မေတ္တာရပ်ခံ ထားပါတယ်။


========================


🚩🚩 ၅။ ပုသိမ်ကြီးမြို့နယ် ဖယောင်းတောင်ရွာအား လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူ()ဦး သေဆုံး


ဩဂုတ်လ () ရက်နေ့ (၁၂) နာရီဝန်းကျင်တွင် အကြမ်းဖက် စစ်ကောင်စီသည် ပုသိမ်ကြီးမြို့နယ် ဖယောင်းတောင်ရွာအား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် အပြစ်မဲ့ ပြည်သူ () ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီသည် စစ်ရှုံးလာသည်နှင့်အမျှ ပြည်သူကို ပစ်မှတ်ထား၍ စစ်ရာဇဝတ်မှုများကို ဗြောင်ကျကျ ကျူးလွန်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၆။ နောင်ချို မြို့နယ်တွင် တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး ကွတ်ခိုင်မြို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်


၁၀၂၇စစ်ဆင်ရေး အပိုင်း () ၄၄ ရက်မြောက်နေ့တွင် နောင်ချိုမြို့နယ်၊ ရေဖြူရွာမှာ စစ်ကောင်စီနဲ့ TNLA ကြား တိုက်ပွဲများဆက်လက် ဖြစ်ပွားနေပြီး ကွတ်ခိုင်မြို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ် ခဲ့တယ်လို့ PSLF/TNLA က သတင်းထုတ်ပြန် ထားပါတယ်။

ဩဂုတ်လ ရက်နေ့ မနက် နာရီ ၂၀ မိနစ်ခန့်မှာ စစ်ကောင်စီ စစ်ကြောင်းက ရေဖြူရွာမှ TNLA တပ်ရှိရာကို ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ထို့အပြင် TNLA တပ်မဟာ () ထိန်းချုပ်နယ်မြေ၊ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက နေ့လည် နာရီ ၅၀ ခန့်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး နှစ်ကြိမ် လာရောက်ကြဲချခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း လူထိခိုက်တာ မရှိခဲ့ပေမယ့် ဩဂုတ်လ ရက်နေ့က ကွတ်ခိုင် ဈေးအတွင်း ပေါင် ၅၀၀ ဗုံး ကြဲချ တိုက်ခိုက်မှုမှာတော့ အရပ်သား ဦးထပ်မနည်း သေဆုံးကာ ၁၀ ဦး ဒဏ်ရာရခဲ့ပြီး ဆိုင်ခန်း တချို့ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment