16th SEP 2024 - Evening Daily News by Radio NUG

 

၂၀၂၄ စက်တင်ဘာလ ၁၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၏ မွေးနေ့အာဟာရအလှူကို ကလေးငယ်၂၀၀ ကျော်သို့ ကျွေးမွေးလှူဒါန်း

📌 ၂။ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)က ကြီးမှူး၍ နိုင်ငံတကာဒီမိုကရေစီနေ့အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး တက်ရောက်

📌 ၃။ ရှမ်းပြည်နယ်ကလောမြို့ရေဘေး ပြိုကျတဲ့အိမ်၂၀၀ ကျော်ရှိပြီးပျက်စီးသွားတဲ့နေအိမ်ပေါင်း၆၀၀ ကျော်ရှိ

📌 ၄။ သံလွင်မြစ်ဖြတ်သန်းစီးဆင်းရာ ကရင်နီပြည်နယ်မှ ကေအဲန်ယူဒူးသထူခရိုင် တစ်လျှောက် အိမ်ခြေအဆောက်အဦ (၅၀၀) ထက်မနည်း ရေဘေးသင့်ခဲ့ရ

📌 ၅။ ရေသေးသင့်မြန်မာ ပြည်သူများအတွက်ကိုရီးယားရောက်မြန်မာအင်အားစုများအလှူခံလှုပ်ရှား


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မောင်တောမြို့ အပါအဝင် တောင်ကုတ်၊ ကျိန္တလီ၊ ဂွ၊ အမ်း၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့များအားလုံးကို တစ်မြို့မကျန် အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်များကို ဆက်လက်ဆင်နွှဲမယ်လို့ အာရက္ခတပ်တော်အသိပေး

🚩 ၂။ PSLF/TNLA အုပ်ချုပ်နေသည့် မြို့များရှိအရပ်သားများနေထိုင်ရာကိုပစ်မှတ်များဦးတည်ကာစကစတပ်က နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်နေ

🚩 ၃။ စစ်ကိုင်းတိုင်းဒေသကြီး၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းတစ်ခုကိုစစ်တပ်၏ လေတပ်နှင့် ခြေလျင်တပ်များက ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုနှစ်နှစ်ပြည့် IIMM ကထုတ်ပြန်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၏ မွေးနေ့အာဟာရအလှူကို ကလေးငယ်၂၀၀ ကျော်သို့ ကျွေးမွေးလှူဒါန်း


စက်တင်ဘာ၁၆ရက်


ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၏ မွေးနေ့အာဟာရအလှူကို ကလေးငယ်၂၀၀ ကျော်သို့ ကျွေးမွေးလှူဒါန်းခဲ့တယ်လို့ စက်တင်ဘာ၁၅ရက်မှာ  CDMဆရာမဒေါ်ရတီအုန်းက အသိပေးဆိုပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၏ မွေးနေ့အာဟာရအလှူကို ယနေ့နံနက်ကကျင်းပခဲ့ပါတယ်။ဘုန်းတော်ကြီးကျောင်းနှစ်ခုသို့ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ကလေးသူငယ် ၂၀၀ အား ကြက်သားဟင်း ဖြင့် အာဟာရဖြည့်ပေးခြင်း၊ သက်ကြီးရွယ်အိုများသို့ ဟင်းထုပ်သွားရောက်ပို့ဆောင်ခြင်းများကို ဆောင်ရွက်ပေးခဲ့ပါတယ်"လို့ဆိုပါတယ်။


မွေးနေ့ရှင် စိတ်ချမ်းသာပါစေ၊ ကိုယ်ကျန်းမာရွှင်လန်းပြီး တိုင်းပြည်တာဝန်ကို ယခုထက်ပို ဆောင်ရွက်နိုင်ပါကြောင်း ဆုတောင်းမေတ္တာပို့သထားပါတယ်။


========================


📌📌 ၂။ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)က ကြီးမှူး၍ နိုင်ငံတကာဒီမိုကရေစီနေ့အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး တက်ရောက်


စက်တင်ဘာလ ၁၆ ရက်


မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းမျာကောင်စီ(CCSC-MON)သည် နိုင်ငံတကာဒီမိုကရေစီနေ့အထိမ်းအမှတ်အဖြစ် "How CDM Civil Servants Are Reshaping Myanmar’s Spring Revolution for Federal Democracy" ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ(Panel Discussion)တစ်ခုကို Zoom Platform မှတဆင့် ကျင်းပပြုလုပ်ခဲ့ပါတယ်။


အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး တက်ရောက်ပြီး အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။


စကားဝိုင်းဆွေးနွေးပွဲကို မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် အားပေးဆောင်ရွက်နေကြသည့် နိုင်ငံတကာအဖွဲ့အစည်းများ၊ NGO's, CSOများ၊ ပြည်သူ့ရေးရာကော်မတီမှ တာဝန်ရှိသူများ၊ CDM အောင်မြင်ရေးကော်မတီမှ MINISTRY CDM FOCAL များ၊ CDM နိုင်ငံ့ဝန်ထမ်း အ‌ခြေပြု အဖွဲ့အစည်းများမှ ရဲဘော်ရဲဘက်များ၊ CDM ကျောင်းသား/သူ ညီနောင်များ၊ တော်လှန်ရေးအင်အားစုအသီးသီးမှ ခေါင်းဆောင်ကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ ရှမ်းပြည်နယ်ကလောမြို့ရေဘေး ပြိုကျတဲ့အိမ်၂၀၀ ကျော်ရှိပြီးပျက်စီးသွားတဲ့နေအိမ်ပေါင်း၆၀၀ ကျော်ရှိ


စက်တင်ဘာ၁၆ရက်


ရှမ်းပြည်နယ်ကလောမြို့ရေဘေး ပြိုကျတဲ့အိမ်၂၀၀ ကျော်ရှိပြီးပျက်စီးသွားတဲ့နေအိမ်ပေါင်း၆၀၀ ကျော်ရှိတယ်လို့ စက်တင်ဘာ၁၆ရက် မှာ ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့များကအတည်ပြုဖော်ပြထားပါတယ်။


"ကလော ရေမရှိတော့ပါဘူး။အိမ်ပြိုသွားတဲ့အိမ် ၂၅၅ အိမ်၊ပျက်စီးသွားတဲ့အိမ်၆၂၇အိမ်ရှိပါတယ်။လက်ရှိမှာ ရေဘေးရှောင်စခန်းမှာ စုနေကြပါတယ်။ရွံ့နွံတွေတော့အပြည့်ပါ။အဓိက လိုအပ်တာက အဝတ်အထည်အဟောင်းတွေရောက်နေပေမဲ့ အသစ်(သို့ )အကောင်းတွေတော့လိုအပ်ပါတယ်။စောင် အိပ်ရာခင်း ခေါင်းဦးလိုအပ်ပါတယ်။ချက်ပြုတ်စားသောက်ဖို့ အိုးခွက်လိုပါတယ်"လို့ဆိုထားပါတယ်။


ကလောမြို့ရေဘေးမှာ သေဆုံးသူရာနဲ့ချီရှိခဲ့ပြီးရုပ်အလောင်းများလည်းပြန်လည်ရရှိခဲ့ပါတယ်။


========================


📌📌 ၄။ သံလွင်မြစ်ဖြတ်သန်းစီးဆင်းရာ ကရင်နီပြည်နယ်မှ ကေအဲန်ယူဒူးသထူခရိုင် တစ်လျှောက် အိမ်ခြေအဆောက်အဦ (၅၀၀) ထက်မနည်း ရေဘေးသင့်ခဲ့ရ


စက်တင်ဘာ၁၆ရက်


သံလွင်မြစ်ဖြတ်သန်းစီးဆင်းရာ ကရင်နီပြည်နယ်မှ ကေအဲန်ယူဒူးသထူခရိုင် တစ်လျှောက် အိမ်ခြေအဆောက်အဦ(၅၀၀) ထက်မနည်း ရေဘေးသင့်ခဲ့ရတယ်လို့ KNUဗဟိုကဆိုပါတယ်။


ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၄ ခုနှစ် စက်တင်ဘာလ လဆန်းပိုင်းမှစပြီး မိုးများလာကာ စက်တင်ဘာလ () ရက်နေ့မှ (၁၀) ရက်နေ့အတွင်း မိုးများအဆက်မဖြတ်ရွာသွန်းခြင်းကြောင့် ခရိုင်အတွင်း ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပွားခဲ့ပြီး ပြည်သူ လူထုများ၏ နေအိမ်အချိုးနှင့် စိုက်ပျိုးထားသော လယ်ယာများ ရေနှစ်မြုပ် ပျက်စီးခဲ့ရသည့်အပြင် မြေပြိုမှု ကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှု အခက်အခဲများနှင့်လည်း ရင်ဆိုင်နေရတယ်လို့ဖော်ပြပါတယ်။


ဤကဲ့သို့မိုးရွာသွန်းမှုကြောင့် သံလွင်မြစ်ဖြတ်သန်းစီးဆင်းရာ ကရင်နီပြည်နယ်မှ ကေအဲန်ယူဒူးသထူခရိုင် တစ်လျှောက် အိမ်ခြေအဆောက်အဦး (၅၀၀) ထက်မနည်း ရေဘေးသင့်ခဲ့ရသော်လည်း ပြည်သူလူထုသေဆုံးမှုမရှိ ကြောင်း သိရပါတယ်။


မူတြော်ခရိုင်အတွင်းရှိ မြိုနယ် () ခုစလုံး၌ ဩဂုတ်လနှင့် စက်တင်ဘာလ တို့အတွင်း မိုးများစွာ ရွာသွန်း မှုကြောင့် စပါးဖျက် ပိုးမွှားများ အများအပြား ကျရောက်ခဲ့ပြီး စပါးများအား ဖျက်ဆီးသောကြောင့် ဒေသ အတွင်းစိုက်ပျိုးသော စပါးခင်းများ၏ (၅၀) ရာခိုင်နှုန်းထက်မနည်းပျက်စီးခဲ့ရပြီး လက်ရှိအချိန်အထိ စပါး ဖျက်ပိုးမွှားများအား မနှိမ်နှင်းနိုင်ဘဲ ရှိနေသေးတယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ ရေသေးသင့်မြန်မာ ပြည်သူများအတွက်ကိုရီးယားရောက်မြန်မာအင်အားစုများအလှူခံလှုပ်ရှား


ရေသေးသင့်မြန်မာ ပြည်သူများအတွက် ကိုရီးယားရောက်မြန်မာအင်အားစုများအလှူခံလှုပ်ရှားခဲ့တယ်လို့ စက်တင်ဘာ၁၆ရက်မှာ စစ်အာသိမ်းမှုဆန့်ကျင်ရေးကော်မတီကိုရီးယားက အသိပေးဖော်ပြပါတယ်။


ရေသေးသင့်မြန်မာ ပြည်သူများအတွက်အလှူခံပေးလျက်ရှိတယ်လို့ဖော်ပြပါတယ်။ဒါ့အပြင်One Day Challenge မင်ဘာဝင် အသစ်အဟောင်းများ လိုအပ်တာများ ကူညီဆောင်ရွက်ပေးမှုကိုလည်းလုပ်ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။


စစ်အာသိမ်းမှုဆန့်ကျင်ရေးကိုရီးယားဟာ မြန်မာပြည်အရေးထောက်ပို့ခြင်းနဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးကိုလုပ်ဆောင်လျက်ရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ မောင်တောမြို့ အပါအဝင် တောင်ကုတ်၊ ကျိန္တလီ၊ ဂွ၊ အမ်း၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့များအားလုံးကို တစ်မြို့မကျန် အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်များကို ဆက်လက်ဆင်နွှဲမယ်လို့ အာရက္ခတပ်တော်အသိပေး


စက်တင်ဘာ၁၆ရက်


ရခိုင်ပြည်နယ် မောင်တောမြို့ အပါအဝင် တောင်ကုတ်၊ ကျိန္တလီ၊ ဂွ၊ အမ်း၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့များအားလုံးကို တစ်မြို့မကျန် အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်များကို ဆက်လက်ဆင်နွှဲမယ်လို့ အာရက္ခတပ်တော်က

စက်တင်ဘာလအတွင်းမှာ ဆိုထားပါတယ်။


အာရက္ခတပ်တော်သည် အာရက္ခဒေသအတွင်းမှ မြို့များဖြစ်ကြသော ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲမြို့များအပြင် ပလက်ဝဒေသတို့အား အပြီးသတ်သိမ်းပိုက်ရရှိထားခဲ့ပြီးဖြစ်တယ်လို့ဖော်ပြပါတယ်။


အာရက္ခဒေသနှင့် ပလက်ဝဒေသ များအတွင်း၌  ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်မှ စတင်ခဲ့သော တိုက်ပွဲများနှင့်အတူ အာရက္ခတပ်တော်၏ မြို့သိမ်းတိုက်ပွဲကာလမှာ ဆယ်လတိတိပြည့်ခဲ့ပြီဖြစ်တယ်လို့ဆိုပါတယ်။


တစ်ပြိုင်နက်တည်းတွင် အာရက္ခတပ်တော်သည် မိမိတို့သိမ်းပိုက်ရန် ကျန်ရှိနေသေးသော လက်ကျန်မြို့များထဲမှ မောင်တောမြို့ အပါအဝင် တောင်ကုတ်၊ ကျိန္တလီ၊ ဂွ၊ အမ်း၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့များအားလုံးကို တစ်မြို့မကျန် အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်များကို ဆက်လက်ဆင်နွှဲလျက်ရှိတယ်လို့ဆိုထားပါတယ်။


========================


🚩🚩 ၂။ PSLF/TNLA အုပ်ချုပ်နေသည့် မြို့များရှိအရပ်သားများနေထိုင်ရာကိုပစ်မှတ်များဦးတည်ကာစကစတပ်က နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်နေ


စက်တင်ဘာ၁၆ရက်


PSLF/TNLA အုပ်ချုပ်နေသည့် မြို့များရှိအရပ်သားများနေထိုင်ရာကိုပစ်မှတ်များဦးတည်ကာစကစတပ်က နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့သတင်းရရှိပါတယ်။


စစ်ကောင်စီတပ်သည် တအာင်းတပ်မတော် PSLF/TNLA အုပ်ချုပ်နေသည့် မြို့များဖြစ်သည့် ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် နမ့်ခမ်းမြို့တို့တွင် အရပ်သားပစ်မှတ်များဦးတည်ကာ နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့ဆိုပါတယ်။


အကြမ်းဖက်စကစလေတပ်ဟာရေဘေးတွင်ရဟတ်ယာဥ်များအသုံးပြုကယ်တင်ခြင်းမရှိခဲ့ဘဲ အရပ်သားများကိုမူ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတို့နေ့စဥ်ရှိခဲ့ပါတယ်။


========================


🚩🚩 ၃။ စစ်ကိုင်းတိုင်းဒေသကြီး၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းတစ်ခုကိုစစ်တပ်၏ လေတပ်နှင့် ခြေလျင်တပ်များက ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုနှစ်နှစ်ပြည့် IIMM ကထုတ်ပြန်


စက်တင်ဘာ၁၆ရက်


စစ်ကိုင်းတိုင်းဒေသကြီး၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းတစ်ခုကိုစစ်တပ်၏ လေတပ်နှင့် ခြေလျင်တပ်များက ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုနှစ်နှစ်ပြည့်ကို စက်တင်ဘာ၁၆ရက်မှာ မြန်မာနိူင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားIIMMက ထုတ်ပြန်ဖော်ပြလိုက်ပါတယ်။


စစ်ကိုင်းတိုင်းဒေသကြီး၊ လက်ယက်ကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ခုအတွင်းက စာသင်ကျောင်းတစ်ခုကို မြန်မာစစ်တပ်၏ လေတပ်နှင့် ခြေလျင်တပ်များက ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်မှာ နှစ်နှစ်ပြည့်ပြီဖြစ်ပါတယ်။ အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ပြီး အများစုမှာ ကလေးသူငယ်များဖြစ်တယ်လို့ဆိုပါတယ်။


 အခြားလူများစွာလည်း ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ  ထိခိုက်မှုများကို ရင်ဆိုင်ခဲ့ရပြီး နိုင်ငံတကာဥပဒေတွင် စာသင်ကျောင်းများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို တားမြစ်ထားပြီး ယင်းတို့သည် စစ်ရာဇဝတ်မှု သို့မဟုတ် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုမြောက်နိုင်တယ်လို့IIMMကဖော်ပြပါတယ်။


ကျူးလွန်သူများအား တရားစီရင်ရာတွင် အထောက်အကူဖြစ်စေရန် ယင်းတိုက်ခိုက်မှုအပါအဝင် အလားတူဖြစ်ရပ်များနှင့် ဆက်စပ်သည့် အထောက်အထားများကို IIMM က စုဆောင်းနေပြီး စိစစ်သုံးသပ်နေပြီးစာသင်ကျောင်းများအားတိုက်ခိုက်မှု အပါအဝင် အခြားရာဇဝတ်မှုများနှင့် ပတ်သက်သည့် အချက်အလက်များ ရှိပါကပေးပို့ပေးရန်IIMMကတိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။



#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment