16th SEP 2024 - Morning Daily News by Radio NUG

၂၀၂၄ စက်တင်ဘာလ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်အုပ်စုဟာ ရေဘေးကယ်ဆယ်ရေးထက် ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်ဖို့သာ လုပ်နေတယ်လို့ NUG ယာယီသမ္မတ ပြော

📌 ၂။ မြန်မာပြည်သူလူထုဟာ ဒီမိုကရေစီလူ့အဖွဲ့အစည်းကိုမျှော်လင့်လိုလားကြတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြော

📌 ၃။ ပုပ်ရဟန်းမင်းကြီးမှ မြန်မာနှင့် ဗီယက်နမ်တို့တွင် ရေဘေးအန္တရာယ် ကြုံတွေ့နေရသည့် ပြည်သူများအတွက် ဆုတောင်းပေး

📌 ၄။ ရှမ်းပြည်နယ် အင်းလေးဒေသရှိကျေးရွာပေါင်းတရာကျော်ရေကြီးနစ်မြုပ်

📌 ၅။ မြန်မာပြည်ရေဘေးအတွက် နော်ဝေရောက်မြန်မာအင်အားစုများက ရန်ပုံငွေရှာဖွေပွဲများကျင်းပကာ ရရှိငွေများပြန်လည်လှူဒါန်းမယ်

📌 ၆။ Ministry of Humanitarian Affairs and Disaster Management - NUG ထံသို့ ကျပ် သိန်းပေါင်း ၈၀၀ တိတိကို ထပ်မံ လွှဲပြောင်းပေးအပ်နိုင်ခဲ့တယ်လို့ နွေဦးဘဏ် အသိပေး

📌 ၇။ မြန်မာပြည်ရေဘေးဒဏ်ခံ စစ်ရှောင်ပြည်သူများအတွက် ရောမမြို့တွင် ရံပုံငွေနေ့လယ်စာအလှူ ပါဝင်လှူဒါန်းနိုင်ပါကြောင်း ဖိတ်ခေါ်ထား

📌 ၈။ ဩဂုတ်လအတွင်းPRF နိုင်ငံအလိုက်ထောက်ပို့တပ်သားဦးရေနဲ့ထောက်ပို့ငွေပမာဏ အင်အား အများဆုံး နိုင်ငံတွေအဖြစ် မြန်မာ၊ စင်ကာပူ၊ ထိုင်း၊ ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့ရပ်တည်


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဆည်တော်ကြီး ရေလှောင်တမံနှင့် ပတ်သက်ပြီး စိုးရိမ်မှုမရှိစေရန် MDY PDF အသိပေး

🚩 ၂။ ပေါင်းတည်မြို့နယ်မှာ ရိက္ခာဆင်းသယ်တဲ့ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေပြီး ၂ဦး ဒဏ်ရာရ

🚩 ၃။ ကရင်နီ -ရှမ်းတောင်အစပ် လွိုင်လင်လေးမြို့တွင်းစခန်းအပါအဝင် ကင်းစခန်း ခုကို တိုက်ခိုက်မှု စစ်သား ၃၀ ကျော် သေကာ စစ်တပ်က တိုက်ခိုက်မှုကြောင့် အရပ်သား ဦးသေဆုံး 

🚩 ၄။ တောင်သာမြို့နယ်၊ ပြဿဒ်ကြီးရွာ ဘုရားကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ

🚩 ၅။ ဆိုင်းတောင်တိုက်ပွဲမှာ လူ(၆၀)ဦး ဝန်းကျင် သေဆုံးမှု ရှိလာပြီး စစ်တပ်က ဘိန်းစားတွေကို ငွေပေးကာ မီးလိုက်ရှို့ခိုင်း

🚩 ၆။ မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် မူးယစ်ဆေးဝါး ရောင်းချမှုများအပေါ် ပြည်သူလူထု သိရှိစေရန် အသိပေးချက် ထုတ်ပြန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်အုပ်စုဟာ ရေဘေးကယ်ဆယ်ရေးထက် ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်ဖို့သာ လုပ်နေတယ်လို့ NUG ယာယီသမ္မတ ပြော


စက်တင်ဘာလ ၁၅ရက်။

Radio NUG 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ ရေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ခြင်းထက် အရပ်သား ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်ဖို့သာ ဦးတည်ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ-CRPH က ဦးဆောင်ကျင်းပတဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့အခမ်းအနားမှာ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

ရာဂီမုန်တိုင်းဒဏ်ကြောင့် မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံ ဒေသအသီးသီးမှာ ရေဘေးဒုက္ခများ ရင်ဆိုင်နေရတာကို စိတ်မကောင်းစွာမြင်တွေ့နေရတယ်လို့လည်း NUG ယာယီသမ္မတက အသိပေးထားပါတယ်။ 

ကျွန်တော်တို့ နိုင်ငံဟာနှစ်ပေါင်းများစွာ စစ်အာဏာရှင်များရဲ့ အာဏာလောဘစိတ်များကြောင့် တိုင်းရင်းသားပြည်သူတွေဟာ စစ်ဘေးဒဏ် သဘာဝဘေးဒဏ်ကို အခြားနိုင်ငံတွေထက် ပိုပြီး ဆိုးရွားစွာရင်ဆိုင်နေတာဖြစ်ပါတယ်။ မင်းအောင်လှိုင်နဲ့စစ်အုပ်စုကတော့ လူစိတ်ကင်းမဲ့ပြီး အာဏာလောဘစိတ် မွှန်နေသူမို့ သူ့အာဏာတည်မြဲရေးကိုသာ အလေးထားပြီး ပြည်သူများရဲ့ ဒုက္ခဝေဒနာတွေကို စာနာစိတ်ရှိသူမဟုတ်ဘူးလို့လည်း ဆက်လက်ပြောဆိုသွားပါတယ်။

တအာင်းတပ်မတော်-TNLA ကလည်း စစ်ကောင်စီဟာ နိုင်ငံတဝန်း ရေဘေးကြုံနေရချိန်မှာ တအာင်းတပ်ဖွဲ့ အုပ်ချုပ်နေတဲ့ မြို့တွေအပါအဝင် နိုင်ငံအရပ်ရပ်က စစ်ရှောင်စခန်းနဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေကို ဦးတည်ပြီး ဖျက်အားပြင်း ဗုံးတွေအသုံးပြု တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ထားတာရှိပါတယ်။

NUG ယာယီသမ္မတက စစ်အာဏာရှင်စနစ်ဟာ လူထုရဲ့ ဒီမိုကရေစီအခွင့်အရေးနဲ့ လွတ်လပ်ခွင့်ကို ဟန်းတားနေတဲ့အတွက် အာဏာရှင်စနစ် အသက်ဝင်နေသမျှကာလပတ်လုံး လူထုကို ကိုယ်စားပြုမှုနဲ့ လူထုသဘောထားအမြင်တွေကို မျက်ကွယ်ပြုခြင်းခံနေရမယ်လို့လည်း ပြောသွားပါတယ်။

လက်ရှိ တည်ဆဲအခြေအနေမှာ စစ်အာဏာရှင်စနစ်ဟာ လူထုရဲ့ ဒီမိုကရေစီအခွင့်အရေးနဲ့ ဒီမိုကရေစီလွတ်လပ်ခွင့်တွေကို အကြီးကျယ်ဆုံး တားဆီးဟန့်တားနေတဲ့ ရန်သူဖြစ်တယ်။ ဒါ့ကြောင့် လူထု ဒီမိုကရေစီအပြည့်အဝရရှိရေးကို လုပ်ဆောင်တဲ့နေရာမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဟာ ပထမဦးစားပေးအနေနဲ့ ကျွန်တော်တို့အားလုံး လုပ်ဆောင်နေကြရတာဖြစ်တယ်လို့ ယာယီသမ္မတက ဆက်လက်ပြောဆိုခဲ့ပါတယ်။

ဒီဦးစားပေးတာဝန်ဟာ လူထုအကျိုးစီးပွားကို အကျယ်ပြန့်ဆုံးဖော်ဆောင်နိုင်ဖို့ ပထမဆုံးလမ်းစဉ်ဖြစ်တယ်ဆိုတာ ယုံကြည်ကြောင်းလည်း ပြောကြားထားပါတယ်။


" ဒီမိုကရေစီလွတ်လပ်ခွင့်တွေနဲ့အတူ လူမျိုးစုအားလုံးရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ ကျယ်ကျယ်ပြန့်ပြန့် ရရှိရေးကို ယှဉ်တွဲ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟာ ဖက်ဒရယ်အနှစ်သာရတွေအပေါ်မှာ အခြေခံပါတယ်။ ဖက်ဒရယ်အနှစ်သာရနဲ့ ဒီမိုကရေစီအနှစ်သာရကို သိမ်မွေ့စွာ ပေါင်းဖက်ပေးနိုင်ဖို့အတွက် ကျွန်တော်တို့ အားလုံးရဲ့ တာဝန်ဖြစ်တယ်လို့ ခံယူပါတယ်။ လက်ရှိ နွေဦးတော်လှန်ရေးကာလအတွင်းမှာ ဖက်ဒရယ်အနှစ်သာရတွေနဲ့ ဒီမိုကရေစီအနှစ်သာရတွေ သိမ်မွေ့စွာ ပေါင်းဖက်နိုင်ရေး၊ ကျယ်ပြန့်စွာ ပေါင်းဖက်နိုင်ရေးနဲ့ နက်ရှိုင်းစွာ ပေါင်းဖက်နိုင်ရေးဟာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ အပါအဝင် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့လည်း အထူးတာဝန်ရှိတယ်လို့ ခံယူပါတယ်။ ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေကို ကိုယ်စားပြုပြီး စုဖွဲ့ထားတဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီအနေနဲ့လည်း ဒီတာဝန်ကို အမြော်အမြင် ရှိရှိ ထမ်းဆောင်ဖို့ အထူးလိုအပ်တယ်လို့ ယူဆပါတယ်"လို့ယာယီသမ္မတကပြောပါတယ်။


ဒါ့အပြင် စစ်အာဏာရှင်စနစ်ဟာ လူထုရဲ့ ဒီမိုကရေစီအခွင့်အရေးနဲ့ ဒီမိုကရေစီလွတ်လပ်ခွင့်တွေကို အကြီးကျယ်ဆုံး တားဆီး ဟန့်တားနေတဲ့ ရန်သူ ဖြစ်တယ်လို့ ယာယီသမ္မတကထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။ မြန်မာပြည်သူလူထုဟာ ဒီမိုကရေစီလူ့အဖွဲ့အစည်းကိုမျှော်လင့်လိုလားကြတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြော


စက်တင်ဘာလ ၁၅ရက်။

Radio NUG 

မြန်မာပြည်သူလူထုဟာ ဒီမိုကရေစီလူ့အဖွဲ့အစည်းကိုမျှော်လင့်လိုလားကြတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီကကြီးမှူးကျင်းပသော "နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနား"တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကပြောကြားပါတယ်။


"မြန်မာပြည်သူလူထုရင်ထဲမှာ နားလည်ထားတဲ့ဒီမိုကရေစီဆိုတာ မည်သည့်ပြင်ပနိုင်ငံ၊ မည်သည့်သွေးထိုး လှုံ့ဆော်မှုကြောင့်မှမဟုတ်ဘဲ နှစ်ပေါင်းများစွာ အာဏာရှင်စနစ်ရဲ့ဆိုးကျိုးမှန်သမျှကို ခံစားခဲ့တဲ့ခံစားနေရတဲ့ ပြည်သူတွေရဲ့ဒီမိုကရေစီတောင့်တမှုကြောင့်ပဲ ဖြစ်ပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ ဒီစစ်အာဏာရှင်စနစ်ကို နှိမ်နင်းနိုင်မယ့် လွတ်မြောက်နိုင်မယ့် တခုတည်းဖြစ်တဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်းကို မျှော်လင့်လိုလားကြတာဖြစ်ပါတယ်"လို့ဝန်ကြီးချုပ်ကပြောပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဖက်ဒရယ်ချာတာအတိုင်း ကျင့်သုံးလျှောက်လှမ်းနေပြီး လူထုလက်ထဲ ဒီမိုကရေစီစနစ်ပြန်လည် ထည့်အပ်ပေးနိုင်ရေး ကြိုးပမ်းလျက်ရှိပါတယ်။


========================


📌📌 ၃။ ပုပ်ရဟန်းမင်းကြီးမှ မြန်မာနှင့် ဗီယက်နမ်တို့တွင် ရေဘေးအန္တရာယ် ကြုံတွေ့နေရသည့် ပြည်သူများအတွက် ဆုတောင်းပေး


စက်တင်ဘာလ ၁၅ရက်။ 

Radio NUG

စက်တင်ဘာလ(၁၅)ရက်နေ့ ()နာရီခွဲအချိန်က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှ မြန်မာနှင့် ဗီယက်နမ်တို့တွင် ရေဘေးအန္တရာယ် ကြုံတွေ့နေရသည့် ပြည်သူများအတွက် ၄င်း၏ X လူမှုကွန်ယက်စာမျက်နှာမှတဆင့် ဆုတောင်းစကား ဆိုခဲ့ပါတယ်။


"ပြင်းထန်သော တိုင်ဖွန်းမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသော ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့မှ ပြည်သူများကို စာနာနားလည်ကြောင်း ဖော်ပြအပ်ပါတယ်။ သေဆုံးသွားသူများ၊ ဒဏ်ရာရသူများနှင့် အိုးမဲ့အိမ်မဲ့များအတွက် ဆုတောင်းပေးပါတယ်။ ဘုရားသခင်သည် ချစ်ရသူတို့နှင့် နေအိမ်များကို ဆုံးရှုံးခဲ့ရသူများအား ထောက်ပံ့ပေးကာ အကူအညီများ သယ်ဆောင်လာသူများကို ကောင်းချီးပေးပါစေ။" လို့ ဆုတောင်းပေးခဲ့ပါတယ်။


ယာဂိမုန်တိုင်းအရှိန်ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သေဆုံးသူ (၇၄)ဦးရှိပြီး ပျောက်ဆုံးနေသူ (၈၉) ဦးရှိကြောင်း စစ်ကောင်စီဘက်မှ ထုတ်ပြန်ထားသော်လည်း တကယ့် မြေပြင်တွင် သေဆုံးနှင့်ပျောက်ဆုံးသူများသည် ပို၍ များကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူများထံမှ သိရပါတယ်။


========================


📌📌 ၄။ ရှမ်းပြည်နယ် အင်းလေးဒေသရှိကျေးရွာပေါင်းတရာကျော်ရေကြီးနစ်မြုပ်


စက်တင်ဘာလ ၁၅ရက်။

Radio NUG 

ရှမ်းပြည်နယ် အင်းလေးဒေသရှိကျေးရွာပေါင်းတရာကျော်ရေကြီးနစ်မြုပ်လျက်ရှိတယ်လို့သတင်းရရှိပါတယ်။


စက်တင်ဘာ၁၅ရက် ဒေသခံသတင်းအရင်းအမြစ်များကတဆင့်သိရှိရပါတယ်။


အင်းလေးကန်အတွင်း ရေများအဆမတန်ဝင်ရောက်၍ နေအိမ်များအလုံးလိုက်နစ်မြုပ်မှုလည်းရှိနေပြီး ဆက်သွယ်ရေးလိုင်းပြတ်တောက်မှုများပါကြုံတွေ့နေရတယ်လို့သိရပါတယ်။


ကျေးရွာအများစုတွင်ကယ်ဆယ်ရေးကိုစောင့်မျှော်နေပြီး အစားအစာနဲ့သောက်ရေသန့်တို့ လိုအပ်မှုတို့လည်းရှိတယ်လို့သိရပါတယ်။


========================


📌📌 ၅။ မြန်မာပြည်ရေဘေးအတွက် နော်ဝေရောက်မြန်မာအင်အားစုများက ရန်ပုံငွေရှာဖွေပွဲများကျင်းပကာ ရရှိငွေများပြန်လည်လှူဒါန်းမယ်


စက်တင်ဘာလ ၁၅ရက်။

Radio NUG 

မြန်မာပြည်ရေဘေးအတွက် နော်ဝေရောက်မြန်မာအင်အားစုများက ရန်ပုံငွေရှာဖွေပွဲများကျင်းပကာ ရရှိငွေများပြန်လည် လှူဒါန်းမယ်လို့သတင်းရရှိပါတယ်။


စက်တင်ဘာ၁၅ရက် CRPH Support Group Norway မှအထွေထွေအတွင်းရေးမှူး မဝတ်မှုန်ဝင်းက Radio NUGကိုပြောပါတယ်။


"မြန်မာပြည်ရေဘေးအတွက် အခုလက်ရှိမှာ လာပြီးတော့ လှူနေကြတဲ့မြန်မာနိုင်ငံသားတွေရှိသလို တခြားအမတို့ ဒီမှာ activities တစ်ခုအနေနဲ့ လီလီဟမ်းမားဆိုတဲ့မြို့လေးမှာ

ပွဲတစ်ခုကျင်းပတယ်ပေါ့နော်။ myanmar cultureပွဲကိုကျင်းပတယ်။ အဲ့တော့အခုဒီကရလာတဲ့ တစိတ်တပိုင်းကို ရေဘေးဒုက္ခသည်တွေဆီ လှူမယ်လို့

အမတို့စဉ်းစားထားတယ်။ တခြားနောက်ထပ် ရေဘေးနဲ့ပတ်သက်လို့လည်း ထပ်ပြီးတော့ norwat socieထဲမှာ ဖြန့်ပြီးတော့ ဒီဟာအတွက်

ကူညီထောက်ပံ့မှုတွေ ရဖို့ကိုလည်းကြိုးစားမယ်လို့ စီစဉ်နေပါတယ်။ အခုဒီလုပ်ဖြစ်ခဲ့တဲ့ လီလီဟမ်းမားမှာ စက်တင်ဘာ၁၄ရက်မှာလုပ်ဖြစ်ခဲ့တဲ့မြန်မာယဉ်ကျေးမှုပြတဲ့ပွဲမှာတော့

ဘာတွေပြဖြစ်ခဲ့သလဲဆိုရင် မြန်မာယဉ်ကျေးမှုဖြစ်တဲ့ ရှင်လောင်းလှည့်တဲ့ပွဲတွေ နောက်မြန်မာနိုင်ငံရဲ့ အခုလက်ရှိမှာဖြစ်ပျက်နေတဲ့ အခက်အခဲတွေ ဒါတွေကို ကျွန်မတို့ထင်သာမြင်သာရှိအောင် ပြခဲ့တယ်။

ပြီးသွားတော့ အဲ့ကနေရလာတဲ့ ဈေးရောင်းချလို့ရလာတဲ့ ငွေကြေးတွေကို ဒီရေဘေးဒုက္ခသည်တွေအတွက်လည်း ခွဲဝေလှူဒါန်းကြမယ်လို့ အမတို့အဖွဲ့ထဲမှာ ဆုံးဖြတ်ထားပါတယ်။"


"တကယ်တမ်းပြောရရင်တော့ ဒီရေဘေးဒုက္ခကြုံကြတဲ့ဟာကို မြင်ရတဲ့အခါမှာ စိတ်တော်တော်လေးမကောင်းဖြစ်ရတယ်။ ဘာပဲဖြစ်ဖြစ် အမတို့ တတ်အားသရွေ့ နော်ဝေကနေပြီးတော့ဘယ်လိုပုံစံတွေနဲ့ ကူညီနိုင်ကြမလဲဆိုတာကို အစွမ်းကုန်ကြိုးစားနေပါတယ်။ ဒီတစ်ခုတည်းမှာမဟုတ်ပဲ နောက်ထပ် ဘာတွေလုပ်နိုင်ဦးမလဲ ဘယ်လိုမျိုးတွေ ငွေကြေးစုဆောင်းပို့နိုင်ကြမလဲဆိုတာစီစဉ်နေတယ်လို့သိစေချင်ပါတယ်။"


လက်ရှိမြန်မာပြည်တွင်နေရာအနှံ့မိုးကြီး၍ ရေကြီးရေလျှံမှုများကြောင့် လူဦးရေရာနှင့်ချီသေဆုံးခဲ့ရပြီး အစားအစာနဲ့သောက်ရေသန့်များ လိုအပ်လျက်ရှိပါတယ်။


========================


📌📌 ၆။ Ministry of Humanitarian Affairs and Disaster Management - NUG ထံသို့ ကျပ် သိန်းပေါင်း ၈၀၀ တိတိကို ထပ်မံ လွှဲပြောင်းပေးအပ်နိုင်ခဲ့တယ်လို့ နွေဦးဘဏ် အသိပေး


စက်တင်ဘာလ ၁၅ရက်။

Radio NUG 

Ministry of Humanitarian Affairs and Disaster Management - NUG ထံသို့ ကျပ် သိန်းပေါင်း ၈၀၀ တိတိကို ထပ်မံ လွှဲပြောင်းပေးအပ်နိုင်ခဲ့တယ်လို့ နွေဦးဘဏ် အသိပေးဆိုပါတယ်။


စက်တင်ဘာ၁၅ရက်ညပိုင်းလူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေး ရန်ပုံငွေစာရင်းကိုနွေဦးဘဏ်ကဖော်ပြပါတယ်။


ရေဘေးသင့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်သည့် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ကဏ္ဍအလိုက် မျှဝေသုံးစွဲသွားနိုင်ရန် Ministry of Humanitarian Affairs and Disaster Management - NUG ထံသို့ စက်တင်ဘာ ၁၅ ရက်နေ့ ညနေ မြန်မာချိန် နာရီ အထိ ကောက်ခံရရှိ ရန်ပုံငွေကို လဲလှယ်ပြီးနောက် စုစုပေါင်း ကျပ်တန်ဖိုး ၈၀,၀၀၀,၀၀၀  (ကျပ် သိန်းပေါင်း ၈၀၀ တိတိ) ကို ထပ်မံ လွှဲပြောင်းပေးအပ်နိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။


နွေဦးဘဏ် အသုံးပြုသူ မိသားစုဝင်များမှ ငွေကြေးစုံလင်စွာဖြင့် လှူဒါန်းကြသော ကျန်ရှိ ပမာဏများနှင့်အတူ စက်တင်ဘာလ ၂၀ ရက်နေ့အထိ လက်ခံသွားမည်ဖြစ်၍ ဆက်လက်ပြီး စုပေါင်းမေတ္တာ ထက်သန်စွာ ပါဝင် ထောက်ကူနိုင်တယ်လို့သိရပါတယ်။


========================


📌📌 ၇။ မြန်မာပြည်ရေဘေးဒဏ်ခံ စစ်ရှောင်ပြည်သူများအတွက် ရောမမြို့တွင် ရံပုံငွေနေ့လယ်စာအလှူ ပါဝင်လှူဒါန်းနိုင်ပါကြောင်း ဖိတ်ခေါ်ထား


စက်တင်ဘာလ ၁၅ရက်။

Radio NUG 

မြန်မာပြည်ရေဘေးဒဏ်ခံ စစ်ရှောင်ပြည်သူများအတွက် ရောမမြို့တွင်  ရံပုံငွေနေ့လယ်စာအလှူ ပါဝင်လှူဒါန်းနိုင်ပါကြောင်း ဖိတ်ခေါ်ထားပါတယ်။


စစ်မိစ္ဆာများ၏ ဗုံးကြဲမီးရှို့ ရက်စက်ယုတ်မာမှုများအပြင် လက်ရှိဆိုးဝါးစွာရင်ဆိုင်နေရသော ရေဘေးဒဏ်ခံ စစ်ရှောင်ပြည်သူများအတွက် စက်တင်ဘာလ ၂၂ ရက်၊ တနင်္ဂနွေနေ့ ရောမမြို့တွင် ပြုလုပ်မည့် ရံပုံငွေနေ့လယ်စာအလှူတွင် ပါဝင်လှူဒါန်းနိုင်ပါကြောင်း ဖိတ်ခေါ်တိုက်တွန်းအပ်တယ်လို့ ဆိုထားပါတယ်။


အစီအစဥ် ပထမပိုင်းတွင် အီတလီရောက် မြန်မာများအတွက် လိုအပ်သော စာရွက်စာတမ်းဆိုင်ရာ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ၊ အခမဲ့ဘာသာစကားသင်တန်းများ၊ အလုပ်အကိုင်နှင့် ပညာရေးဆိုင်ရာ အတွေ့ကြုံများကို အချင်းချင်း ဆွေးနွေးဖလှယ်ကြမှာဖြစ်ပါတယ်။


ထို့နောက် တော်လှန်ရေးနှင့် ရေဘေးအလှူ ရံပုံငွေ နေ့လယ်စာအဖြစ် မုန့်ဟင်းခါး၊ နန်းကြီးသုတ်၊ အသားလုံးကြော်တို့ကို တစ်ပွဲ ယူရို တစ်ဆယ်ဖြင့်လည်းကောင်း၊ စမူဆာကြော် တစ်ပွဲ ငါးယူရိုဖြင့် စားသောက်လှူဒါန်းနိုင်ကြောင်း ဖိတ်ခေါ်ထားပါတယ်။


အစားသောက်ချက်ပြုတ်ခြင်းနှင့် မတည်ငွေများကို ရောမမြန်မာမိသားစုများမှ လုပ်အား၊ ငွေကြေးပါဝင်လှူဒါန်းထားပါသဖြင့် ကောက်ခံရရှိမည့် အလှူငွေ ရာနှုန်းပြည့်ကို မြန်မာနိုင်ငံအတွက် လှူဒါန်းသွားမယ်လို့သိရပါတယ်။


========================


📌📌 ၈။ ဩဂုတ်လအတွင်းPRF နိုင်ငံအလိုက်ထောက်ပို့တပ်သားဦးရေနဲ့ထောက်ပို့ငွေပမာဏ အင်အား အများဆုံး နိုင်ငံတွေအဖြစ် မြန်မာ၊ စင်ကာပူ၊ ထိုင်း၊ ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့ရပ်တည်


စက်တင်ဘာလ ၁၅ရက်။

Radio NUG 

ဩဂုတ်လအတွင်းPRF နိုင်ငံအလိုက်ထောက်ပို့တပ်သားဦးရေနဲ့ထောက်ပို့ငွေပမာဏ အင်အား အများဆုံး နိုင်ငံတွေအဖြစ် မြန်မာ၊ စင်ကာပူ၊ ထိုင်း၊ ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့ရပ်တည်လျက်ရှိပါတယ်။


စက်တင်ဘာ၁၅ရက်မှာ PRFထောက်ပို့တပ်ကအသိပေးဖော်ပြပါတယ်။


တနိုင်ငံလုံး PDF တကမ္ဘာလုံး PRF ဆိုတဲ့အတိုင်းပဲ ကမ္ဘာ့နေရာအနှံ့အပြားမှာ PRF ထောက်ပို့တပ်သားတွေ ရှိကြပါတယ်။ ဒီလိုတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ထဲက ဩဂုတ်လအတွင်း နိုင်ငံအလိုက်ထောက်ပို့ တပ်သားဦးရေ ထောက်ပို့ငွေပမာဏ အင်အား အများဆုံး နိုင်ငံတွေကို ဖော်ပြလိုက်ပါတယ်လို့ဆိုထားပါတယ်။


ဩဂုတ်လအတွင်း တာဝန်ထမ်းဆောင်မှုအများဆုံးစာရင်းတွင် မြန်မာ၊ စင်ကာပူ၊ ထိုင်း၊ ကိုရီးယား၊ အမေရိကန်၊ ဂျပန်၊ မလေးရှား၊ ယူကေ၊ သြစတြေးလျ၊ ဂျပန်တို့ပါဝင်ပါတယ်။


ဩဂုတ်လအတွင်း တာဝန်ထမ်းဆောင်မှုကို PDF တပ်ရင်း/စစ်ကြောင်းများရဲ့ တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်အတွက် ပို့ဆောင်ရာမှာ အသုံးပြုသွားမှာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်သားများဆီ လက်ဝယ်ရောက်ရှိတဲ့အခါမှာလည်း PRF စာမျက်နာများမှတဆင့် ပြန်လည်ဖော်ပြသွားမယ်လို့ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နဲ့ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ဆည်တော်ကြီး ရေလှောင်တမံနှင့် ပတ်သက်ပြီး စိုးရိမ်မှုမရှိစေရန် MDY PDF အသိပေး


စက်တင်ဘာလ ၁၅ရက်။

Radio NUG

ပြည်သူများအနေဖြင့် ဆည်တော်ကြီး ရေလှောင်တမံနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မဖြစ်ပေါ်ရန်နှင့် ပြည်သူများ ဘေးအန္တရာယ်မဖြစ်စေရန် စနစ်တကျ စောင့်ကြည့်လည်ပတ်လျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ အသိပေးထုတ်ပြန်ပါတယ်။


မတ္တရာမြို့နယ်၊ ဆည်တော်ကြီးရေလှောင်တမံ၏ ကန်ရေပြည့်အမှတ်မှာ (၄၂၀)ပေ ဖြစ်ပြီး ပုံမှန် ရေထိန်းအမှတ်ကို (၄၁၅)ပေဖြင့် ထိန်းသိမ်းလည်ပတ်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။


စက်တင်ဘာလ (၁၅)ရက်နေ့ တိုင်းထွာချက်အရ ဆည်တော်ကြီး ရေလှောင်တမံ၏ လက်ရှိ ကန်ရေပြင်အမှတ်မှာ (၃၈၅)ပေ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ပေါင်းတည်မြို့နယ်မှာ ရိက္ခာဆင်းသယ်တဲ့ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေပြီး ၂ဦး ဒဏ်ရာရ


စက်တင်ဘာလ ၁၅ရက်။ 

Radio NUG

ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင် ပေါင်းတည်မြို့နယ်မှာ အထိုင်စခန်းကနေ ရိက္ခာဆင်းသယ်တဲ့ အင်အား ၇ဝ ပါ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေပြီး ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF ၃၆၀၁ တပ်ရင်းက ထုတ်ပြန်ပါတယ်။

ပေါင်းတည်မြို့နယ် သစ်ပုတ်ရွာမှာရှိတဲ့ စစ်တပ်အထိုင်စခန်းကနေ ပျံချီတက်ရွာကို ရိက္ခာဆင်းသယ်ပြီး ပြန်လာတဲ့ အဲဒီစစ်ကြောင်းကို သစ်ပုတ်ရွာနဲ့ ပျံချီတက်ရွာကြားမှာ စက်တင်ဘာ ၁၃ ရက်နေ့က ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးသေဆုံးပြီး ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကို အဲဒီနေ့ နေ့လည် ၁၂ နာရီခန့်မှာပဲ သစ်ပုတ်အထိုင်စခန်းကို ပြန်သယ်သွားတယ်လို့ အသိပေးထားပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF ၃၆၀၁ တပ်ရင်း တပ်ခွဲ က မိုင်းကွင်း ခုကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ထိခိုက်မှုမရှိဘူးလို့ ထုန်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ကရင်နီ -ရှမ်းတောင်အစပ် လွိုင်လင်လေးမြို့တွင်းစခန်းအပါအဝင် ကင်းစခန်း ခုကို တိုက်ခိုက်မှု စစ်သား ၃၀ ကျော် သေကာ စစ်တပ်က တိုက်ခိုက်မှုကြောင့် အရပ်သား ဦးသေဆုံး 


စက်တင်ဘာလ ၁၅ရက်။ 

Radio NUG

ကရင်နီပြည်နဲ့ ရှမ်းတောင်နယ်စပ်မှာရှိတဲ့ လွိုင်လင်လေးမြို့တွင်းက စစ်စခန်းအပါအဝင် အကြမ်းဖက် စစ်ကောင်စီတပ် ကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ကျော်သေကာ စစ်တပ်က ဒရုန်း လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ဦးသေဆုံးခဲ့ရတယ်လို့ KNDF ဗဟိုက စက်တင်ဘာ ၁၅ မှာ ထုတ်ပြန်ပါတယ်။ 

စက်တင်ဘာ ရက်နေ့ကစပြီး ကရင်နီ - ရှမ်းတောင်နယ်စပ်ရှိ စစ်ကောင်စီတပ်တွေ တပ်စွဲစခန်းချထားတဲ့ လွိင်လင်လေး မြိုတွင်းရှိ ကာကင်းစခန်းများ ကျောင်းကုန်း၊ ကုန်းဆွတ်၊ အောင်ပလ၊ ကယန်းလေးတာဝါတိုင်ကုန်း စတဲ့နေရာတွေမှာ တပ်စွဲထားတဲ့ စစ်စခန်းတွေကို တော်လှန်ရေးတပ်ပေါင်စုံကတိုက်ခိုက်ခဲ့ရာ စက်တင်ဘာလ ရက်နေ့ထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးကာ ဦး အရှင်ဖမ်းမိခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်မျိုးစုံ ၂၄ လက်ကို တော်လှန်ရေးတပ်ပေါင်းက သိမ်းဆည်းရရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေမှာ စစ်ကောင်စီဘက် ထိခိုက်မှုများခဲ့တဲ့အတွက် လေကြောင်းပစ်ကူပေး တိုက်ခိုက်ခဲ့တဲ့အပြင် ဒရုန်းတွေ လက်နက်ကြီးတွေအသုံးပြုပြီး တိုက်ပွဲဖြစ်နေရာမဟုတ်ဘဲ အရပ်သာပြည်သူများနေထိုင်ရာ လွိင်လင်လေးမြို့တွင်းက ရပ်ကွက်တွေပေါ်ကို ပစ်ခတ်တိုက်ခိုက်တဲ့အတွက် ဒေသနေအရပ်သား အမျိုးသမီးတဦး အမျိုးသား ဦး သေဆုံးခဲ့ရပြီး ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ လွိုင်ကော်-လွိင်လင်လေး-ဆီဆိုင် လမ်းမကြီးအနီးမှာလည်း တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား ကြိုကြား ထိတွေ့မှုများရှိနေဆဲ ဖြစ်တာကြောင့် ဒေသခံတွေအပါအဝင် ပြည်သူများအနေနဲ့ စစ်ရေးသတိကြီးစွာထားပြီး နေထိုင်သွားလာကြဖို့ KNDF ဗဟိုက အသိပေးထုတ်ပြန်ထားပါတယ်။

ထို့အတူ မိုးရွာသွန်းမှုနဲ့မြေပြိုမှုများရှိနေတဲ့အတွက် ကရင်နီဒေသကပြည်သူတွေအနေနဲ့ ရေကြီးရေလျှံမှုအန္တရာယ်တွေ ဖြစ်လာနိုင်တဲ့အပေါ်မှာလည်း ဒေသခံပြည်သူတွေအနေနဲ့ အထူးသတိရှိကြဖို့ KNDF ဗဟိုက နှိုးဆော်ထားပါတယ်။


========================


🚩🚩 ၄။ တောင်သာမြို့နယ်၊ ပြဿဒ်ကြီးရွာ ဘုရားကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ


စက်တင်ဘာလ ၁၅ရက်။

Radio NUG

စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် အစောပိုင်း ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ပြဿဒ်ကြီးရွာ ဘုရားကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် စေတီတော်များ ပျက်စီးခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ သတင်းထုတ်ပြန်ပါတယ်။


ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတွေ ထိခိုက်မှုတော့ မရှိဘဲ ရေဘေးတွေလည်း ဖြစ်နေတဲ့အချိန်မှာ အပြစ်မဲ့ပြည်သူတွေကို အငြိုးတကြီးနဲ့ ရက်ရက်စက်စက် လေယာဉ်နဲ့ ပစ်ခတ်တာတော့ စစ်ခေါင်းဆောင်ရဲ့ နောက်လိုက်အားလုံး လူစိတ်ပျောက်နေတဲ့ အကြမ်းဖက် အဖွဲ့အစည်း ဖြစ်တယ်လို့ တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုထားပါတယ်။


အကြမ်းဖက် စစ်တပ်က ဩဂုတ်လ ၁၁ ရက်နေ့မှစပြီး တောင်သာမြို့နယ်ကို လေကြောင်း တိုက်ခိုက်မှု ကြိမ် ပြုလုပ်ခဲ့ပြီး ဘုန်းကြီးကျောင်းများကို ကြိမ် ဦးတည် တိုက်ခိုက်ခဲ့ပါတယ်။


========================


🚩🚩 ၅။ ဆိုင်းတောင်တိုက်ပွဲမှာ လူ(၆၀)ဦး ဝန်းကျင် သေဆုံးမှု ရှိလာပြီး စစ်တပ်က ဘိန်းစားတွေကို ငွေပေးကာ မီးလိုက်ရှို့ခိုင်း


စက်တင်ဘာလ ၁၅ရက်။ 

Radio NUG

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင်တိုက်ပွဲမှာ လူ(၆၀)ဦး ဝန်းကျင် သေဆုံးမှု ရှိလာပြီး စစ်တပ်က ဘိန်းစားတွေကို ငွေပေးကာ မီးလိုက်ရှို့ခိုင်းနေတယ်လို့ ရွှေဖီမြေသတင်းဌာနမှာ ဖော်ပြထားပါတယ်။


Lucky Man Hotel မှာရှိတဲ့ လူတွေနှင့် ဟိုတယ် အပြင်ဘက်က လူတွေ အားလုံးပစ်သတ်ခံရကာ အလောင်း ၆၃ လောင်း ရှိတယ်လို့ သိရပါတယ်။


သေဆုံးသူတွေဟာ ဟိုတယ်မှာ တည်းခိုသူတွေ၊ ဟိုတယ်ဝန်ထမ်းတွေနဲ့ KIA, PDF နဲ့ အရပ်သားတွေ ပိုများတယ်လို့ ဒေသခံတစ်ဦးက ပြောဆိုထားပါတယ်။


ရပ်ကွက်ထဲမှာ စစ်တပ်က ဘိန်းစားတစ်ယောက်ကို သောင်းပေးပြီး မီးလိုက်ရှို့ခိုင်းကာ သွားကြည့်ရင် ပစ်တယ်လို့ ဖော်ပြထားပါတယ်။


ဘိန်းစားတွေက နေအိမ်တွေကိုလည်း ဖောက်ထွင်း ခိုးယူ ဖျက်ဆီးနေကြတာကြောင့် မီးလိုက်ရှို့သူတွေနဲ့ သူခိုးတွေကို KIA နဲ့ ပူးပါင်းအဖွဲ့က ဖမ်းဆီး အရေးယူနေတယ်လို့လည်း သိရပါတယ်။


ဆိုင်းတောင် ရပ်ကွက် ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံး လုံး ကြဲချခဲ့လို့ ဖားပြင်လမ်း တဖက်ခြမ်း အားလုံးမီးလောင်ပျက်စီးသွားတဲ့အပြင် မီးထပ်ရှို့ ခံနေရတာကြာင့် ရပ်ကွက် အားလုံး ပြောင်သလောက် ဖြစ်သွားပြီလို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၆။ မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် မူးယစ်ဆေးဝါး ရောင်းချမှုများအပေါ် ပြည်သူလူထု သိရှိစေရန် အသိပေးချက် ထုတ်ပြန်


စက်တင်ဘာလ ၁၅ရက်။ 

Radio NUG

NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ သပိတ်ကျင်းမြို့နယ်မှ မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် မူးယစ်ဆေးဝါး ရောင်းချမှုများအပေါ် ပြည်သူလူထု သိရှိစေရန် အသိပေးချက် ထုတ်ပြန်ပါတယ်။


ထုတ်ပြန်ချက်တွင်

ဘိန်းဖြူ၊ ဘိန်းမဲ၊ ဘိန်းစိမ်း၊ ဆေးခြောက် (သို့မဟုတ်) ဆေးခြောက်အဆီ (သတ်မှတ်အလေးချိန်  ၂၅ဂရမ်ထက်ပိုပါက) အစရှိသည်တို့သည် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေနိုင်သော  ဆေးဝါးများအဖြစ် ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း၊


မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေနိုင်သော ဆေးဝါးများအဖြစ် သတ်မှတ်ထားသော မူးယစ်ဆေးဝါး အမျိုးမျိုး၊ ဘိန်းဖြူ၊ ဘိန်းမဲ၊ ဆေးခြောက်၊ ဆေးခြောက်အဆီ အစရှိသည်တို့အား လုံးဝ (လုံးဝ) သုံးစွဲခြင်း  မပြုရန်နှင့် လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်း မပြုရန် ထပ်မံတားမြစ်လိုက်ကြောင်း


သပိတ်ကျင်းမြို့နယ် အတွင်းတွင် မည်သည့်နေရာတွင်မဆို မူးယစ်ဆေးဝါးများအား သုံးစွဲခြင်း၊  လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်းများ တွေ့ရှိပါက ပြည်သူလူထုအနေဖြင့် သက်ဆိုင်ရာ  အဖွဲ့အစည်းများအား  အချက်အလက်နှင့်တကွ လာရောက် တိုင်ကြားနိုင်ပါကြောင်း ပါရှိပါတယ်။


ထို့အပြင် သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရုံးအဖွဲ့နှင့် သပိတ်ကျင်းတိုက်နယ် (ပကဖ)ရုံးအဖွဲ့ ပူးပေါင်း၍ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စစ်ရေးသတင်းအချက်အလက်များနှင့်  ဖြစ်ပေါ်နေသော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် ဗုံးခိုကျင်း ပြုလုပ်ပုံနည်းလမ်းများအား  ပြည်သူလူထုများ သိရှိစေရန် လက်ကမ်းစာစောင်များ ဖြန့်ဝေမှုများပြုလုပ်ခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment