17th SEP 2024 - Morning Daily News by Radio NUG

၂၀၂၄ စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (Emergency Operation Coordination Committee - EOCC) ကတဆင့် ရေလွှမ်းမိုးမှု ဖြစ်ပွားနေတဲ့ဒေသတွေကပြည်သူတွေကို ကူညီကယ်ဆယ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ ရေဘေးသင့် ပြည်သူများအတွက် အရေးပေါ် အကူအညီများ ဆက်လက် ထောက်ပံ့ပေးလျက်ရှိတယ်လို့ NUGလူသားစာနာဝန်ကြီးဌာနအသိပေး

📌 ၃။ ကျန်းမာရေးဝန်ကြီးဌာန CDM ဝန်ထမ်းများထဲမှ ထိခိုက်နစ်နာမှု အသီးသီးခံစားခဲ့ရသူများအတွက်ထိခိုက်နစ်နာသူ ၃၄ဦးကို ထောက်ပံ့ကူညီနိုင်ခဲ့

📌 ၄။ NUG ကိုယ်စားလှယ်ရုံးသို့ကိုရီးယားရဲအရာရှိများ လာရောက်တွေ့ဆုံ

📌 ၅။ Justice For Myanmar နှင့် Info Birmanie တို့၏ စုံစမ်းလေ့လာမှုတစ်ခုတွင် Aviation Industry Corporation of China's (AVIC) က မြန်မာစစ်အုပ်စုထံ လေယာဉ်နှင့် စစ်လက်နက်များ တောက်လျောက်ထောက်ပံ့နေသည့် အထောက်အထားများကို ဖော်ထုတ်တွေ့ရှိခဲ့

📌 ၆။ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းထောက်ပံ့မယ့်ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ လက်ပတ်နာရီလေလံတင်ရောင်းမှု အမေရိကန်ဒေါ်လာ ၃၂၀၀နဲ့လေလံအောင်

📌 ၇။ ရေဘေးသင့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်သည့် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး အလိုက် မျှဝေသုံးစွဲသွားနိုင်ရန် Ministry of Humanitarian Affairs and Disaster Management - NUG ထံသို့ ရက်အတွင်း ကျပ် သိန်းပေါင်း ၁၇၀၀လွှဲပြောင်းပေးအပ်နိုင်ခဲ့တယ်လို့ SDBဘဏ်အသိပေး


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဆင်မရဲ  ပြည်သူ့စစ်ရွာ အရှေ့ဘက်ရှိ စစ်သားနှင့် ပျူများ အထိုင်ချနေတဲ့ ဂိတ်ကို တိုက်ခိုက်

🚩 ၂။ ပုစွန်မြောင်းကျေးရွာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွား၊ ဒု - တပ်ရင်းမှူး အပါအဝင် ()ဦး ဒဏ်ရာရ

🚩 ၃။ နတ်တလင်းတွင် ရဲစခန်းမှ ထွက်လာတဲ့ ပတ်ကင်း မိုင်းဆွဲခံရပြီး ဦးသေဆုံး ဦး ဒဏ်ရာရ

🚩 ၄။ သီပေါမြို့တွင် Y-12 လေယာဥ်ဖြင့် ဗုံးအလုံး(၅၀)ကျော် လာရောက်ကြဲချ၊ နောင်ချိုမြို့တွင် တိုက်ပွဲများပြင်းထန်

🚩 ၅။ ဖားကန့် ငှက်ပျောတောရပ်ကွက်တွင် စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျရောက်မှုကြောင့် ပြည်သူ ဦးသေဆုံးပြီး ဦး ဒဏ်ရာရ

🚩 ၆။ ဗိုလ်မှူးအဆင့်ရှိ အရာရှိနှစ်ဦး ဒေါနတပ်ရင်းထံသို့ ပြည်သူ့ရင်ခွင် ခိုလှုံ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (Emergency Operation Coordination Committee - EOCC) ကတဆင့် ရေလွှမ်းမိုးမှု ဖြစ်ပွားနေတဲ့ဒေသတွေကပြည်သူတွေကို ကူညီကယ်ဆယ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


စက်တင်ဘာလ ၁၆ရက်။

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (Emergency Operation Coordination Committee - EOCC) ကတဆင့် ရေလွှမ်းမိုးမှု ဖြစ်ပွားနေတဲ့ဒေသတွေကပြည်သူတွေကို ကူညီကယ်ဆယ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။


ပြည်သူများ လက်ရှိရင်ဆိုင်နေရသည့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြည်သူလူထုထံသို့ ပြောကြားသော သတင်းစကားမှာပြောပါတယ်။


" မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ရာဂိမုန်တိုင်းနောက်ဆက်တွဲ ရေကြီးခြင်း၊ မြေပြိုခြင်းသဘာဝဘေးတွေကြောင့် ပြည်သူလူထုတရပ်လုံးဟာ အသက်၊ အိုးအိမ်စည်းစိမ်နဲ့ လူနေမှုဘဝတွေ များစွာထိခိုက်ဆုံရှုံးပျက်စီးကြရတဲ့ စိတ်မကောင်းစရာ အခြေအနေတရပ်ကို ရင်ဆိုင်နေကြရပါတယ်။ အိုးအိမ်ပျက်စီးမှုပေါင်း သိန်းဂဏန်းနီးပါး၊ ရေဘေးရှောင် စွန့်ခွာရသူပေါင်း () သိန်းခန့်နဲ့ အသက်ဆုံးရှုံးရသူရာနဲ့ ချီပြီးရှိနေတယ်လို့လည်း သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (Emergency Operation Coordination Committee - EOCC)ကတဆင့် ရေလွှမ်းမိုးမှု ဖြစ်ပွားနေတဲ့ဒေသတွေက ရေဘေးသင့် အိမ်ထောင်စုတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ စစ်ဘေးရှောင်တွေကို သက်ဆိုင်ရာ မြို့နယ်တာ၀န်ခံတွေ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တွေနဲ့  ဒေသခံကယ်ဆယ်ရေး အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဘေးလွတ်ရာနေရာတွေကို ရွှေ့ပြောင်းပေးတာ၊ စားနပ်ရိက္ခာပံ့ပိုးမှု လုပ်ငန်းတွေကို အချိန်နဲ့တပြေးညီ ဆောင်ရွက်လျှက်ရှိပါတယ်"လို့ပြောပါတယ်။


လက်ရှိ ရေဘေးကြုံတွေ့နေရတဲ့ နေရာတွေထဲမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စိုးမိုးနယ်မြေတွေ ပါဝင်ပေမယ့်  ပြည်သူ့ အစိုးရအနေနဲ့ ရရာနည်းလမ်းပေါင်းစုံကနေ ဘေးသင့်နယ်မြေ အားလုံးကို ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။


"ပြည်သူ တရပ်လုံးဟာ တိုင်းပြည်နဲ့ ပြည်သူ့ရန်သူ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ရင်း အခက်အခဲ အကြပ်အတည်း အမျိုးမျိုးကြားက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ကိုယ်ထူကိုယ်ထ ဝိုင်းဝန်းဆောင်ရွက်နေကြတာဟာ တကယ့်ကိုပဲ လေးစားစရာကောင်းတဲ့ ခိုင်မာတဲ့ စိတ်ဓါတ်ဖြစ်ကြောင်း အသိအမှတ်ပြုဖော်ပြလိုပါတယ်။ ဒီအချိန်မှာ ပြည်သူကို သတ်ဖြတ်ဖို့ နှစ်စဉ် အမေရိကန် ဒေါ်လာ (.) ဘီလျံ အနည်းဆုံး အသုံးပြုနေတဲ့ စစ်ကောင်စီကတော့ ကူညီကယ်ဆယ်ရေးကို ၎င်းတို့ဟန်ရေးပြနိုင်ဖို့သာ ဆောင်ရွက်နေတာကို ရှက်ရွံ့စရာ မြင်တွေ့နေရပါတယ်"လို့ပြည်ထောင်စုဝန်ကြီးချုပ်က ထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။ ရေဘေးသင့် ပြည်သူများအတွက် အရေးပေါ် အကူအညီများ ဆက်လက် ထောက်ပံ့ပေးလျက်ရှိတယ်လို့ NUGလူသားစာနာဝန်ကြီးဌာနအသိပေး


စက်တင်ဘာလ ၁၆ရက်။

Radio NUG

ရေဘေးသင့် ပြည်သူများအတွက် အရေးပေါ် အကူအညီများ ဆက်လက် ထောက်ပံ့ပေးလျက်ရှိတယ်လို့ NUGလူသားစာနာဝန်ကြီးဌာနက အသိပေးဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေနှင့် ရာဂီတိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် ရေကြီးရေလျှံဒေသများသို့ ကူညီကယ်ဆယ်ရေးနှင့် ဒေသခံပြည်သူများကို ရေဘေးလွတ်ရာသို့ ရွေ့ပြောင်းရေးနှင့် အရေးပေါ်စားနပ်ရိက္ခာပံ့ပိုးခြင်း လုပ်ငန်းများကို မြို့နယ်တာဝန်ခံများမှတဆင့် ချိတ်ဆက်ဆောင်ရွက်လျက် ရှိတယ်လို့ဆိုပါတယ်။


လတ်တလော ရေကြီးရေလျှံမှုကြောင့် ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်းဒေသရှိ စိုးမိုးနယ်မြေများတွင် ရေဘေးသင့်ပြည်သူများကို အကူအညီများ အချိန်မီရရှိနိုင်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ်ပကဖ၊ ပအဖအဖွဲ့များနှင့် လူသားစာနာတာဝန်ခံများက ရေဘေးသင့် အိမ်ထောင်စုများမှ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် စစ်ဘေးရှောင်များကို ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းထောက် ပံ့ကူညီမှုများ ဆက်လက်ဆောင်ရွက်လျက် ရှိတယ်လို့ဆိုပါတယ်။


ထို့အပြင်အခြားတိုင်းနှင့် ပြည်နယ်များအလိုက် ရေဘေးသင့်ပြည်သူများစာရင်းကောက်ယူခြင်း၊ လိုအပ်ချက်များကို ဆန်းစစ်ခြင်းနှင့် ထောက်ပံ့မှုပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ထောက်ပံ့နိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပမှ လှူဒါန်းပေးကြသည့် စေတနာရှင်၊ အလှူရှင်များကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၃။ ကျန်းမာရေးဝန်ကြီးဌာန CDM ဝန်ထမ်းများထဲမှ ထိခိုက်နစ်နာမှု အသီးသီးခံစားခဲ့ရသူများအတွက်ထိခိုက်နစ်နာသူ ၃၄ဦးကို ထောက်ပံ့ကူညီနိုင်ခဲ့


စက်တင်ဘာလ ၁၆ရက်။

Radio NUG

ကျန်းမာရေးဝန်ကြီးဌာန CDM ဝန်ထမ်းများထဲမှ ထိခိုက်နစ်နာမှု အသီးသီးခံစားခဲ့ရသူများအတွက်ထိခိုက်နစ်နာသူ ၃၄ဦးကို ထောက်ပံ့ကူညီနိုင်ခဲ့တယ်လို့သိရပါတယ်။


စက်တင်ဘာ၁၆ရက်မှာ "CDM Medical Networkကအသိပေးဖော်ပြပါတယ်။


"၂၀၂၄ခုနစ် မေလတွင် ကမ်ပိန်း စတင်ဖွင့်လှစ်ကာ ကတိကဝတ် အလှူရှင်များထံမှ လှူဒါန်းငွေများစတင် ကောက်ခံခဲ့ပြီး ထောက်ပံ့ငွေများကို ကျန်းမာရေးဝန်ကြီးဌာန CDM ဝန်ထမ်းများထဲမှ ထိခိုက်နစ်နာမှု အသီးသီးခံစားခဲ့ရသူများအတွက် သက်ဆိုင်ရာ ထိခိုက်နစ်နာမှုအမျိုးအစားအလိုက် ထောက်ပံ့ကူညီခဲ့ရာ၊ ဩဂုတ်လတွင် ၁၅သိန်း၂သောင်း (1,520,000 ကျပ်) ဖြင့် ထိခိုက်နစ်နာသူ ၃၄ဦးကို ထောက်ပံ့ကူညီနိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။


The Promise Campaign ကနေ လစဉ် အာမခံယူနစ်၉၀၀ ရောင်းချနိုင်ဖို့ရည်ရွယ်ထားပြီး လက်ရှိမှာ လစဉ်ပျှမ်းမျှ ၃၅၀ ယူနစ်ခန့်သာ ရောင်းချနိုင်သေးတဲ့အတွက် ကတိကဝတ်ရှင် အလှူရှင်များ ဆက်လက်လိုအပ်လျက်ရှိနေသေးတယ်လို့ ဆိုပါတယ်။


========================


📌📌 ၄။ NUG ကိုယ်စားလှယ်ရုံးသို့ကိုရီးယားရဲအရာရှိများ လာရောက်တွေ့ဆုံ


စက်တင်ဘာလ ၁၆ရက်။

Radio NUG

စက်တင်ဘာ၁၆ရက်မှာ ကိုရီးယားရဲအရာရှိများ NUG ကိုယ်စားလှယ်ရုံးသို့ လာရောက်၍ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့် ရုံးအဖွဲ့ဝင်များအား တွေ့ဆုံခဲ့ပါတယ်။


ထိုသို့တွေ့ဆုံစဥ်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖျောင်းမြို့နယ်အတွင်း မြန်မာအများ ကျင်လည်ကျက်စားရာတွင် တရားမဝင် လောင်းကစားမှုများကို ရှောင်ရှားကြပါရန် ရဲအရာရှိများက ထပ်မံ တိုက်တွန်းခဲ့တယ်လို့သိရပါတယ်။


တွေ့ဆုံစဉ်အတွင်း ရဲအရာရှိများက ယမန်နေ့ညက ဘူဖျောင်းမြို့ စားသောက်ဆိုင်တခုတွင် ဖဲဝိုင်းဖမ်းမိသည့်ကိစ္စကို ရှင်းပြခဲ့ပြီး တိုင်တန်းမှု ရှိသဖြင့် ရဲစခန်းက တာဝန်အရ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ လောင်းကစားပြုလုပ်ကြသူများအား ဖမ်းဆီးရာတွင် တာဝန်အရ အနီးရှိ မြန်မာများ၏ အိုင်ဒီကတ်များကိုပါ စစ်ဆေးရာ ဗီစာမဲ့နေထိုင်သူ ၅ဦးအား တွေ့ရှိရ၍ လဝကလက်သို့ အပ်နှံပေးလိုက်ရကြောင်း၊ ယခုလို မြန်မာများ စုဝေး အနားယူချိန် ပွဲတော်ပိတ်ရက်အတွင်း အရေးယူရသည့်အတွက်လည်း ရဲစခန်းမှုးအပါအဝင် မိမိတို့ စိတ်မကောင်းပါကြောင်း၊ ဥပဒေနှင့် မလွတ်ကင်းသည့် မည်သည့် လောင်းကစားကိုမဆို ရှောင်ကြဉ်ကြစေလိုကြောင်း ဆွေးနွေးသွားခဲ့ပါတယ်။


ထို့ပြင် ဘူဖျောင်းမြို့နှင့် မြန်မာတို့၏ သဟဇာတဖြစ်မှုကို ခိုင်ခံ့တိုးချဲ့နိုင်ရန် သန့်ရှင်းရေးနှင့် စည်းကမ်းတကျ နေထိုင်သွားလာရေးကို အလေးထား၍ ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၅။ Justice For Myanmar နှင့် Info Birmanie တို့၏ စုံစမ်းလေ့လာမှုတစ်ခုတွင် Aviation Industry Corporation of China's (AVIC) က မြန်မာစစ်အုပ်စုထံ လေယာဉ်နှင့် စစ်လက်နက်များ တောက်လျောက်ထောက်ပံ့နေသည့် အထောက်အထားများကို ဖော်ထုတ်တွေ့ရှိခဲ့


စက်တင်ဘာလ ၁၆ရက်။

Radio NUG

Justice For Myanmar နှင့် Info Birmanie တို့၏ စုံစမ်းလေ့လာမှုတစ်ခုတွင် Aviation Industry Corporation of China's (AVIC) က မြန်မာစစ်အုပ်စုထံ လေယာဉ်နှင့် စစ်လက်နက်များ တောက်လျောက်ထောက်ပံ့နေသည့် အထောက်အထားများကို ဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ စက်တင်ဘာ၁၆ရက်မှာ Justice For Myanmarကတရားဝင်အသိပေးဖော်ပြပါတယ်။


Justice For Myanmar နှင့် Info Birmanie တို့၏ စုံစမ်းလေ့လာမှုတစ်ခုတွင် Aviation Industry Corporation of China's (AVIC) က မြန်မာစစ်အုပ်စုထံ လေယာဉ်နှင့် စစ်လက်နက်များ တောက်လျောက်ထောက်ပံ့နေသည့် အထောက်အထားများကို ဖော်ထုတ်တွေ့ရှိခဲ့ပြီးမြန်မာစစ်အုပ်စုသည် မြန်မာပြည်သူများအပေါ် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အရေးယူခံရခြင်းလွတ်ကင်းစွာဖြင့် ကျူးလွန်ရာတွင် AVIC က ရောင်းချထောက်ပံ့ထားသည့် လေယာဉ်များကို အသုံးပြုလျက်ရှိတယ်လို့ဆိုပါတယ်။


AIRBUSTED - Airbus မိတ်ဖက်ကုမ္ပဏီ AVIC က မြန်မာစစ်အုပ်စုထံ စစ်လက်နက်များ ထောက်ပံ့နေမှုနှင့် Airbus လုပ်ဆောင်သင့်သည့်အရာများ အစီရင်ခံစာတွင် အရပ်သား ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ မဆင်မခြင်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် မြန်မာစစ်အုပ်စု အသုံးပြုနေသည့် ဂျက်တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေးလေယာဉ်များနှင့် စစ်သုံးသယ်ယူပို့ဆောင်ရေး လေယာဉ်များအား AVIC က ရောင်းချထောက်ပံ့ခဲ့သည့် အသေးစိတ်အချက်အလက်များကို ဖော်ပြထားပြီးအစီရင်ခံစာတွင် လတ်တလောဝယ်ယူထားသည့် FTC 2000G အမျိုးအစား တိုက်ခိုက်ရေး လေယာဉ်နှင့် ဒုံးကျည်အမျိုးမျိုး၏ အသေးစိတ်အကြောင်း အချက်အလက်အသစ်များလည်း ပါဝင်ခဲ့ပါတယ်။


AVIC သည် စစ်အုပ်စုအသုံးပြုနေသည့် တရုတ်နိုင်ငံထုတ် ပုံသေတောင်ပံ (fixed-wing) လေယာဉ်များအတွက် ထိန်းသိမ်းပြုပြင်မွမ်းမံရေး ဝန်ဆောင်မှုများ ဆက်လက်ပေးအပ်ခြင်းဖြင့်လည်း မြန်မာ့လေတပ်ကို ကူညီပံ့ပိုးနေတယ်လို့ဆိုပါတယ်။


Jusitce For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကပြောကြားရာတွင်"Airbus ကုမ္ပဏီက အကြမ်းဖက်မြန်မာစစ်အုပ်စုနဲ့ AVIC တို့ရဲ့ မသမာတဲ့ စီးပွားရေးလုပ်ငန်းတွေကို မမြင်ချင်ယောင်ဆောင်နေခဲ့တာ ကြာပါပြီ။ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေတွေကို ကုလသမဂ္ဂက သေချာစောင့်ကြည့် မှတ်တမ်းတင်တာတွေ၊ အစီရင်ခံစာထုတ်ပြန်တာတွေ ရှိနေတာဖြစ်တဲ့အတွက် Airbus အနေနဲ့ သူတို့ရဲ့အဓိက စီးပွားရေးမိတ်ဖက် AVIC က မြန်မာစစ်အုပ်စုကို လေယာဉ်တွေ၊ စစ်လက်နက်တွေ၊ နည်းပညာဆိုင်ရာ ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုတွေ ရောင်းပေးပြီး ထောက်ပံ့နေတယ်ဆိုတာ သိကိုသိရမှာ ဖြစ်ပါတယ်။ Airbus နဲ့ သူ့ရဲ့ ရှယ်ယာရှင်အစိုးရတွေအနေနဲ့ AVIC ကနေ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်တဲ့ မြန်မာစစ်အုပ်စုကို စစ်လက်နက်စီးဆင်းနေတာ မဖြစ်မနေ ရပ်တန့်ရမှာဖြစ်ပါတယ်၊ ဒါမှမဟုတ်ရင်တော့ Airbus ကို AVIC နဲ့ စီးပွားရေးအား ရပ်တန့်စေရမှာ ဖြစ်ပါတယ်"ပြောပါတယ်။


========================


📌📌 ၆။ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းထောက်ပံ့မယ့်ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ လက်ပတ်နာရီလေလံတင်ရောင်းမှု အမေရိကန်ဒေါ်လာ ၃၂၀၀နဲ့လေလံအောင်


စက်တင်ဘာလ ၁၆ရက်။

Radio NUG

ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းထောက်ပံ့မယ့်ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ လက်ပတ်နာရီလေလံတင်ရောင်းမှု အမေရိကန်ဒေါ်လာ ၃၂၀၀နဲ့လေလံအောင်သွားခဲ့ပါတယ်။


စက်တင်ဘာ၁၆ရက်ညပိုင်း ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့Face Book Admin Teamကအသိပေးဖော်ပြပါတယ်။


"လေလံပိတ်သိမ်းချိန် မြန်မာစံတော်ချိန် (၁၀)နာရီ အရောက်မှာတော့ USD 3200 နဲ့ နာရီလေးကို လေလံအောင်သွားခဲ့ပြီပဲဖြစ်ပါတယ်။ ပါဝင်လှူဒါန်းဖို့ ဆက်သွယ်လာသူ တဦးတယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိအပ်ပါတယ်"လို့ဖော်ပြပါတယ်။


လေလံမှရသည့် ငွေအားလုံးကိုလည်း ရေဘေးသင့်ပြည်သူများထံပြန်လှူဒါန်းသွားမည်ဖြစ်ကာလေလံပစ္စည်းလေးနှင့်အတူ ကျေးဇူးတင်လွှာလေးကိုပါ လုံခြုံစိတ်ချစွာပေးပို့ပေးသွားမယ်လို့သိရပါတယ်။ 


ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၏အမှတ်တရ ရရှိထားသောလက်ပတ်နာရီကို ရေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့ရန် အမေရိကန်ဒေါ်လာ ၇၀၀နဲ့ စတင်လေ လံတင်ရောင်းချခဲ့ပါတယ်။


========================


📌📌 ၇။ ရေဘေးသင့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်သည့် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး အလိုက် မျှဝေသုံးစွဲသွားနိုင်ရန် Ministry of Humanitarian Affairs and Disaster Management - NUG ထံသို့ ရက်အတွင်း ကျပ် သိန်းပေါင်း ၁၇၀၀လွှဲပြောင်းပေးအပ်နိုင်ခဲ့တယ်လို့ SDBဘဏ်အသိပေး


စက်တင်ဘာလ ၁၆ရက်။

Radio NUG

ရေဘေးသင့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်သည့် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး အလိုက် မျှဝေသုံးစွဲသွားနိုင်ရန် Ministry of Humanitarian Affairs and Disaster Management - NUG ထံသို့ ရက်အတွင်း ကျပ် သိန်းပေါင်း ၁၇၀၀လွှဲပြောင်းပေးအပ်နိုင်ခဲ့တယ်လို့ SDBဘဏ်က စက်တင်ဘာလ ၁၆ရက်မှာ အသိပေးဖော်ပြပါတယ်။


"ရေဘေးသင့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်သည့် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးအလိုက် မျှဝေသုံးစွဲသွားနိုင်ရန် Ministry of Humanitarian Affairs and Disaster Management - NUG ထံသို့ စုစုပေါင်း ငွေကျပ် တန်ဖိုး ၁၇၀,၀၀၀,၀၀၀  (ကျပ် သိန်းပေါင်း ၁၇၀၀ တိတိ) ကို ရက်အတွင်း လွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်"လို့ဆိုပါတယ်။


စက်တင်ဘာ၁၆ ရက်နေ့ ညနေ မြန်မာချိန် နာရီခွဲ အထိ ကျန်ရှိပမာဏများမှာလည်း ပျမ်းမျှ ကျပ်ငွေ သိန်း ၂၅၀ ခန့် လက်ခံရရှိထားတဲ့အပြင် စက်တင်ဘာ၂၀ ရက်နေ့ အထိ ပါဝင်ထောက်ကူနိုင်တယ်လို့ အသိပေးဖော်ပြပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နဲ့ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ဆင်မရဲ  ပြည်သူ့စစ်ရွာ အရှေ့ဘက်ရှိ စစ်သားနှင့် ပျူများ အထိုင်ချနေတဲ့ ဂိတ်ကို တိုက်ခိုက်


စက်တင်ဘာလ ၁၆ရက်။ 

Radio NUG

စက်တင်ဘာလ  ၁၆ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် ဆင်မရဲ ပြည်သူ့စစ်ရွာ အရှေ့ဘက်ရှိ စစ်သားနှင့် ပျူများ အထိုင်ချနေသော gate အား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ Carbine သေနတ် () လက်  ရရှိခဲ့ကြောင်း Yesagyo Revolution Group (YRG)မှ သတင်းထုတ်ပြန်ပါတယ်။


တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ပြီး စစ်သားနှင့် ပျူ အင်အား များတာကြောင့် ဆိုင်ကယ် ()စီး ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။


တိုက်ခိုက်မှုကို Yesagyo Revolution Group (YRG) အဖွဲ့နှင့်အတူ ပခုက္ကူ ခရိုင် တပ်ရင်း(၁၆)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ပုစွန်မြောင်းကျေးရွာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွား၊ ဒု - တပ်ရင်းမှူး အပါအဝင် ()ဦး ဒဏ်ရာရ


စက်တင်ဘာလ ၁၆ရက်။ 

Radio NUG

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်းကျေးရွာရှိ ကျောင်းကြီး ဘုန်းကြီးကျောင်းတွင် အခြေချတပ်စွဲထားသော ခမရ (၃၅၀)တပ်ရင်းမှ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တောင်ပိုင်းစစ်ဒေသအမှတ်() စစ်ဒေသခွဲ၊ PDF တပ်ရင်း (၃၇၀၃)တို့ စက်တင်ဘာလ (၁၄)ရက်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း အမှတ် စစ်ဒေသခွဲမှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါ တိုက်ပွဲမှာ () နာရီကျော်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ()ဦးသေဆုံးကာ ခမရ (၃၅၀) တပ်ရင်းမှ ဒု - တပ်ရင်းမှူး ဖြိုးအာကာကျော် အပါအဝင် () ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


တိုက်ပွဲအတွင်း ထိခိုက်မှုကြောင့် ဒု - တပ်ရင်းမှူး ဖြိုးအာကာကျော်မှာ ဒူးခေါင်းဒဏ်ရာပြင်းထန်ပြီး ခြေထောက်ဖြတ်လိုက်ရကြောင်း အတည်ပြု သိရပါတယ်။


အကြမ်းဖက်စစ်ကောင်စီတပ်သည် ပုစွန်မြောင်းကျေးရွာတွင် အခြေချတပ်စွဲထားလျက်ရှိပြီး ဒေသခံပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်ခြင်း၊ အရပ်သားပြည်သူ နေအိမ်များမှ ပစ္စည်းများကို ခိုးယူ လုယက်ခြင်း၊ နေအိမ်အဆောက်အဦးများကို ဖျက်ဆီးခြင်းတို့ကို ပြုလုပ်လျက်ရှိပါတယ်။


========================


🚩🚩 ၃။ နတ်တလင်းတွင် ရဲစခန်းမှ ထွက်လာတဲ့ ပတ်ကင်း မိုင်းဆွဲခံရပြီး ဦးသေဆုံး ဦး ဒဏ်ရာရ


စက်တင်ဘာလ ၁၆ ရက်။ 

Radio NUG

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ တောင်ညိုကွက်သစ် ရဲစခန်းမှ ပတ်ကင်း ထွက်လာတဲ့ ရဲ အင်အား ဦးပါ ဆိုင်ကယ် စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင်၊ အမှတ် ၁၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ () Phoenix D F က ထုတ်ပြန်ထားပါတယ်။


ဒုရဲအုပ် ဖြိုးဝေလင်း ဦးဆောင်တဲ့ အဆိုပါ ရဲပတ်ကင်းကို စက်တင်ဘာလ ၁၄ ရက်နေ့ နာရီ ၁၀ မိနစ်ခန့်မှာ အောင်ရတနာရပ်ကွက် အနီးထိ ဝင်ရောက်မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း ရဲတပ်သား ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့တာကြောင့် တောင်ညို တိုက်နယ်ဆေးရုံမှ ပြည်ဆေးရုံကို လွဲပြောင်းပို့ဆောင် ကုသခဲ့ရပြီး ဆေးကုသနေရင်း ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။


ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီး အင်အား ၁၀၀ ခန့် ရောက်ရှိလာကာ အနီးရှိ ပြည်သူ ဦးအား ဖမ်းဆီးသွားခဲ့ကာ ယခုချိန်အထိ အပြစ်မဲ့ ပြည်သူ ဦးကို ပြန်လွတ်ပေးခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။


အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို သာယာဝတီခရိုင်၊ အမှတ် ၁၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ () Phoenix D-F  က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၄။ သီပေါမြို့တွင် Y-12 လေယာဥ်ဖြင့် ဗုံးအလုံး(၅၀)ကျော် လာရောက်ကြဲချ၊ နောင်ချိုမြို့တွင် တိုက်ပွဲများပြင်းထန်


စက်တင်ဘာလ ၁၆ရက်။ 

Radio NUG

စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်()မှ (၁၀)နာရီအထိ Y-12 လေယာဥ်ဖြင့် ဗုံးအလုံး(၅၀)ကျော် ဆက်တိုက်ကြဲချတိုက်ခိုက်ခဲ့ပြီး သီပေါမြို့ အနောက်ရပ် ရပ်ကွက်နှင့် စင်မာလာပြည်သူ့ဥယျာဥ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း TNLAမှ သတင်းထုတ်ပြန်ပါတယ်။


ရပ်ကွက်အတွင်း ဗုံးများကျရောက် ပေါက်ကွဲမှုကြောင့် ထိုရပ်ကွက်ရှိ လူနေအိမ်များ ပျက်စီးခဲ့သည့်အပြင် ဒေသခံတစ်ဦး ဗုံးစမှန် သေဆုံးခဲ့ရပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


စက်တင်ဘာလ(၁၅)ရက် (:၁၆)အချိန်တွင် စစ်ကောင်စီ တပ်စွဲထားသည့် တပ်စခန်းမှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် သီပေါမြို့ ဇာတ်စုရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲကာ နေအိမ်တစ်လုံး မီးလောင်ပြာကျသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အလားတူ စက်တင်ဘာလ ၁၆ရက်နေ့ နံနက် (:၃၀) နာရီအချိန်တွင် နောင်ချိုမြို့နယ် စစ်ကောင်စီ အမြောက်တပ် (၃၅၄)တပ်စခန်း၌ လည်းကောင်း၊ တောင်ခမ်းရွာအနီးတဝိုက်တွင် နေ့လည် (၁၁:၀၀)နာရီအချိန်၌ လည်းကောင်း၊ ညနေ (:၄၀)နာရီအချိန်တွင် မကျီးရေရွာအနီးတဝိုက်၌ လည်းကောင်း၊ စစ်ကောင်စီ (၉၀၂)တပ်စခန်းနေရာတွင် ညနေ (:၄၅)နာရီအချိန်၌ လည်းကောင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။



🚩🚩 ၅။ ဖားကန့် ငှက်ပျောတောရပ်ကွက်တွင် စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျရောက်မှုကြောင့် ပြည်သူ ဦးသေဆုံးပြီး ဦး ဒဏ်ရာရ


စက်တင်ဘာလ ၁၆ရက်။ 

Radio NUG

စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ နာရီအချိန် စစ်ကောင်စီ၏ ဖားကန့်ဗျူဟာကုန်းက ပစ်ခတ်သော လက်နက်ကြီးကျည်သည် ဖားကန့်မြို့နယ်၊ ငှက်ပျောတောရပ်ကွက်တွင် စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ဦးသေဆုံးပြီး ဦးဒဏ်ရာရရှိကြောင်း ဒေသသတင်းအရင်းအမြစ်များမှ သိရပါတယ်။


ထို့အပြင် ဆိုင်းတောင်တွင်လည်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ကြိမ် လုပ်ဆောင်ခဲ့ကြောင်း၊ ဖားကန့်ဗျူဟာကုန်းမှလည်း လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ကူပေးနေကြောင်း သိရပါတယ်။


ဆိုင်းတောင်တွင် စစ်ကောင်စီတပ်များနှင့် KIA ဦးဆောင်သော တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ အပြင်းထန်ဆုံး အခြေအနေ ရောက်ရှိနေပြီး စစ်တပ်က Lucky Man ဟိုတယ်အတွင်းတွင် ပြည်သူများကို ဓားစာခံ ဖမ်းဆီးပြီး သတ်ဖြတ်မှုများ လုပ်ဆောင်နေပါတယ်။


========================


🚩🚩 ၆။ ဗိုလ်မှူးအဆင့်ရှိ အရာရှိနှစ်ဦး ဒေါနတပ်ရင်းထံသို့ ပြည်သူ့ရင်ခွင် ခိုလှုံ


စက်တင်ဘာလ ၁၆ရက်။ 

RadioNUG

စက်တင်ဘာလ ၁ရက်တွင် ဗျူဟာ (၃၃) နယ်မြေအတွင်းရှိ ဒေါနတပ်ရင်း၏ စစ်ရေးလှုပ်ရှားနယ်မြေအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီထံမှ ဗိုလ်မှူးအဆင့်ရှိ အရာရှိ()ဦး 

ဒေါနတပ်ရင်းထံသို့ ဆက်သွယ်ကာ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာခဲ့ကြောင်း ဒေါနစစ်ကြောင်းမှ သတင်းထုတ်ပြန်ပါတယ်။


ထိုအရာရှိ ဦးကို ဒေါနတပ်ရင်းမှ လုံခြုံနွေးထွေးစွာ ကြိုဆိုစောင့်ရှောက်ထားသည့်အပြင် ပြည်သူ့ရင်ခွင် ခိုလှုံလာသည့်ဘအရာရှိများအား ပြည်သူ့ကာကွယ်ရေးတပ်မတော် ကာကွယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် ပြည်သူ့သားကောင်းများအဖြစ် အသိအမှတ်ပြု ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။


အကြမ်းဖက်စစ်အုပ်စု အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ စစ်ရေးရှုံးနိမ့်မှုများနှင့် နယ်မြေဆုံးရှုံးမှုများ ကြုံတွေ့နေရပြီး တပ်တွင်းတွင်လည်း မတရားမှုများ၊ အောက်လက်ငယ်သားများအနေဖြင့် စိတ်ဓာတ်ကျဆင်းမှုများ အကြီးအကျယ် ခံစားနေရပြီဖြစ်သဖြင့် ပြည်သူလူထုအား မျက်နှာမူသည့် ပြည်သူ့စစ်သားစစ်စစ်များအား ဒေါနတပ်ရင်းမှ အချိန်မရွေး နွေးထွေးစွာကြိုလျက်ရှိပြီး အသက်အန္တရာယ်အာမခံချက်ဖြင့် ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားမည် ဖြစ်ပါကြောင်း ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment