1st SEP 2024 - Evening Daily News by Radio NUG

 


၂၀၂၄ စက်တင်ဘာလ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ရွှေလီမြို့က နိုင်ငံတော်အုပ်ချုပ်ရေးကော်မတီ ထုတ်ပြန်ချက်ကို လှိုင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ မြို့ခံပြည်သူများ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ

📌 ၂။ လားရှိုးမြို့ကို ညအချိန် ဗုံးကြဲတိုက်ခိုက်မှုဟာ အရှက်မရှိတဲ့ အကြမ်းဖက်သမားတွေရဲ့ သဘောသဘာဝကို ပေါ်လွင်စေတယ်လို့ MNDAA ပြောဆို

📌 ၃။ ကရင်ပြည်နယ်က ဆိုက်ဘာငွေလိမ်လုပ်ငန်းမှာ ပါဝင်ပတ်သက်နေတဲ့ မလေးရှား ဒုဝန်ကြီးဟောင်းနဲ့ သူ့ခင်ပွန်းကို စုံစမ်းစစ်ဆေးနေတာကို ကြိုဆိုတယ်လို့ JFM ပြော


၂၀၂၄ ခုနှစ် စက်တင်ဘာလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တိုက်ပွဲပြန် BLDF ရဲဘော်တွေကို ပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆို

🚩 ၂။ ဆော့လော်ဒေသက စစ်ကောင်စီနဲ့ပြည်သူ့စစ်တပ်စခန်းကို KIA သိမ်းပိုက်

🚩 ၃။ ကျောက်ပန်းတောင်း-မိတ္တီလာလမ်းမှာ ရဲတွေပါတဲ့ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုရဲမှူးနဲ့ဒုရဲအုပ်အပါအဝင် ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

🚩 ၄။ အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် တောင်ပိုင်းစစ်ဒေသနယ်မြေမှာ ရက်အတွင်း အရပ်သား ဦးသေဆုံးကာ လူ ၄ဝဝ နီးပါး ဖမ်းဆီးခံရ 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။

========================


📌📌 ၁။ ရွှေလီမြို့က နိုင်ငံတော်အုပ်ချုပ်ရေးကော်မတီ ထုတ်ပြန်ချက်ကို လှိုင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ မြို့ခံပြည်သူများ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ


စက်တင်ဘာလ ၁ရက်။


တရုတ်နိုင်ငံ ရွှေလီမြို့နိုင်ငံတော်အုပ်ချုပ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်ဟာ သံတမန်ရေးရာအရ လေးစားထိုက်တဲ့ စကားလုံးတွေမဟုတ်ဘဲ မြန်မာနိုင်ငံသားတွေအပေါ် ရိုင်းပျစော်ကားတဲ့ အသုံးအနှုန်းတွေနဲ့ ခြိမ်းခြောက်ပြောဆိုသုံးနှုန်းထား တာဖြစ်တဲ့အတွက် လှိုင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ မြို့ခံပြည်သူတွေက ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချလိုက်ပါတယ်။

ဩဂုတ်လ ၂၉ ရက်စွဲနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရရဲ့ ရွှေလီမြို့ နိုင်ငံတော်အုပ်ချုပ်ရေးကော်မတီက မြန်မာနိုင်ငံသား တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကို လိပ်မူပြီး ပေးပို့ထားတဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ အခုလို ကန့်ကွက်လိုက်တာဖြစ်ပါတယ်။ 

ဒီထုတ်ပြန်ချက်ဟာ ၁၉၅၄ ခုနှစ် ဘန်ဒေါင်းညီလာခံသဘောတူချက်များအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် ချူအင်လိုင်းကိုယ်တိုင် မြန်မာနိုင်ငံကို ရောက်ရှိလာချိန်မှာ နှစ်နိုင်ငံသဘောတူထုတ်ပြန်ခဲ့တဲ့ ငြိမ်းချမ်းစွာအတူတကွ ယှဉ်တွဲနေထိုင်ရေးမူကြီး ရပ်ကို ပစ်ပယ်လျှစ်လျူရှု ချိုးဖောက်နေတယ်လို့လည်း လှိုင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထောက်ပြထားပါတယ်။

ဒါ့အပြင် သံတမန်ရေးရာအရ လေးစားထိုက်သောစကားလုံးများမဟုတ်ဘဲ မြန်မာနိုင်ငံသားတွေကို ရိုင်းပျစော်ကားတဲ့ အသုံးအနှုန်းတွေနဲ့ ခြိမ်းခြောက်ပြောဆို သုံးနှုန်းထားသည်ကိုလည်း တွေ့ရတယ်လို့ အသိပေးထားပါတယ်။ 

ဒါကြောင့် ရွှေလီမြို့နိုင်ငံတော်အုပ်ချုပ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်ကို လှိုင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နဲ့ လှိုင်မြို့နယ်မှာနေထိုင်တဲ့ ပြည်သူတွေက ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချလိုက်တာဖြစ်ပါတယ်။

အခုလို အိမ်နီးချင်းမိတ်ဆွေမပီသမှု၊ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးမူများကို လျှစ်လျှူရှုမှုတို့အတွက် စိတ်မကောင်းဖြစ်ရ တယ်လို့ ခြိမ်းခြောက်စာရေးသားထုတ်ပြန်ခဲ့တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရကိုလည်း အသိပေးထားပါတယ်။ 

စစ်အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ မတရားဖိနှိပ်မှုတွေကြောင့် မလွှမရှောင်သာဘဲ နွေဦးတော်လှန်ရေးမှာ ပါဝင်ဆင်နွှနေတဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ ဆောင်ရွက်ချက်တွေကိုလည်း ရန်ကုန်မြို့တော်က ပြည်သူတွေက တခဲနက်ထောက်ခံအားပေးနေတယ်လို့လည်း လှိုင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

တိုင်းရင်းသားအားလုံးတန်းတူညီတူဖြစ်စေမယ့် ဖယ်ဒရယ်နိုင်ငံတော် ပေါ်ပေါက်လာရေးအတွက် နွေဦးတော်လှန်ရေးမှာ  ဦးဆောင်ဆင်နွှဲနေတဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်သားတွေအားလုံး ဘေးရန်ကင်းစွာနဲ့ အောင်ပွဲများ ဆက်လက်ရရှိနိုင်ပါစေလို့လည်း လှိုင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆုတောင်းပေးထားပါတယ်။


========================


📌📌 ၂။ လားရှိုးမြို့ကို ညအချိန် ဗုံးကြဲတိုက်ခိုက်မှုဟာ အရှက်မရှိတဲ့ အကြမ်းဖက်သမားတွေရဲ့ သဘောသဘာဝကို ပေါ်လွင်စေတယ်လို့ MNDAA ပြောဆို


စက်တင်ဘာလ ၁ရက်။


ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီက ညအချိန်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာဟာ အရှက်မရှိတဲ့ အကြမ်းဖက်သမားတွေရဲ့ သဘောသဘာဝကိုပေါ် လွင်စေတယ်လို့ ကိုးကန့်တပ်မတော်- MNDAA က ထုတ်ဖော်ပြောဆို လိုက်ပါတယ်။ 

ဩဂုတ်လ ၃၀ ရက်နေ့ ညပိုင်းမှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်တပ်က လားရှိုးမြို့ကို ဗုံးကြဲတိုက်ခိုက်တာနဲ့ပတ်သက်လို့ MNDAA က အခုလိုပြောလိုက်တာဖြစ်ပါတယ်။ 

တဖြည်းဖြည်းချင်း ပြန်လည်တည်ငြိမ်လာနေပြီဖြစ်တဲ့ လားရှိုးမြို့မှာ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေလုပ်ဖို့ ဒေသခံ တွေ နေရပ်မြို့ကိုပြန်လာနေချိန် သြဂုတ် ၃၀ ရက် နာရီ ၄၅ မိနစ်မှာ တကြိမ် နာရီ ၅၀ မိနစ်မှာတကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် နေရပ်ပြန်လာတဲ့ဒေသခံတွေ အထိတ်တလန့်ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။  

အကြမ်းဖက်စစ်ကောင်စီဟာ စာသင်ကျောင်းတွေနဲ့ လူနေရပ်ကွက်တွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့ တာဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။ 

စီးပွားရေးလုပ်ငန်းတွေပြန်လည်စတင်ပြီး ဘဝသစ်တခုစတင်နိုင်ဖို့ နေရပ်ပြန်လာကြတဲ့မြို့ခံပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကိုဂရုမစိုက်ဘဲ စစ်ရေးပစ်မှတ်မဟုတ်တဲ့ လူနေအိမ်တွေနဲ့ စာသင်ကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်တာဟာ ဒေသခံ   ပြည်သူတွေ အိမ်မပြန်ရဲအောင်နဲ့ ၎င်းတို့ရဲ့ပုံမှန်ဘဝ ပြန်လည်အသက်ဝင်လာတာကို တားဆီးတဲ့ အကြမ်းဖက်သမားတို့ရဲ့ သဘောသဘာဝကို ပေါ်လွင်စေခဲ့တာလည်းဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် လားရှိုးမြို့ အမှတ် ရပ်ကွက်မှာရှိတဲ့ အမှတ် အခြေခံပညာအထက်တန်းကျောင်းက စာသင်ဆောင် တွေ ပျက်စီးခဲ့သလို ကျောင်းအနီးက လူနေအဆောက်အအုံ အပေါ်ဆုံးထပ် ထိခိုက်ပျက်စီးခဲ့ပေမယ့် ထိခိုက်သေဆုံးမှု မရှိခဲ့ ဘူးလို့ အသိပေးထားပါတယ်။ 

လေကြောင်းတိုက်ခိုက်မှုပြီးချိန်မှာ လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီက အခင်းဖြစ်နေရာကို ကယ်ဆယ်ရေး တပ်ဖွဲ့ ဝင်တွေ စေလွှတ်ခဲ့သလို ပျက်စီးဆုံးရှုံးမှုတွေကိုလည်း ဆိုင်ရာဌာနတွေက တွက်ချက်နေတယ်လို့ MNDAA က ထုတ်ပြန် ထားပါတယ်။


========================


📌📌 ၃။ ကရင်ပြည်နယ်က ဆိုက်ဘာငွေလိမ်လုပ်ငန်းမှာ ပါဝင်ပတ်သက်နေတဲ့ မလေးရှား ဒုဝန်ကြီးဟောင်းနဲ့ သူ့ခင်ပွန်းကို စုံစမ်းစစ်ဆေးနေတာကို ကြိုဆိုတယ်လို့ JFM ပြော


စက်တင်ဘာလ ၁ရက်။


ကရင်ပြည်နယ်က ဆိုက်ဘာငွေလိမ်ဗဟိုချက်တခုမှာပါဝင်ပတ်သက်နေတဲ့ မလေးရှား ဒုတိယဝန်ကြီးဟောင်းနဲ့ သူ့ခင်ပွန်း ကို မလေးရှားရဲတပ်ဖွဲ့နဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင်တို့က စုံစမ်းစစ်ဆေးနေတာကို Justice For Myanmar က ကြိုဆိုလိုက်ပါတယ်။


မြန်မာနိုင်ငံတွင်း ရာဇ၀တ်စီးပွားဂိုဏ်းလုပ်ငန်းတွေမှာ ဒုဝန်ကြီးဟောင်းနဲ့ သူ့ခင်ပွန်းတို့ ပါဝင်ပတ်သက်နေတာကို စုံစမ်း စစ်ဆေးနေပြီး ဒီဇနီးမောင်နှံရဲ့ ထွက်ဆိုချက်တွေကို ဇူလိုင်လအတွင်းမှာပဲ ရယူပြီးဖြစ်တယ်လို့ မလေးရှားရဲတပ်ဖွဲ့က ရဲရေးဗိုလ်ချူပ်ကြီးကလည်း အတည်ပြုထားတယ်လို့ ဆိုပါတယ်။


အရပ်ဘက်အဖွဲ့အစည်းတွေဘက်က တိုင်ကြားခဲ့ပြီးတဲ့နောက်ပိုင်း မလေးရှား အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင် -MACC ကလည်း ဒုဝန်‌ကြီးဟောင်း မာရှီတအီဗရာဟင်အပေါ် စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။


မြန်မာစစ်အုပ်စုရဲ့မဟာမိတ်ဖြစ်တဲ့ ပြည်သူ့စစ်တဖြစ်လဲ ကရင်နယ်ခြားစောင့်တပ်ဖွဲ့/ကရင်အမျိုးသားတပ်မတော် (BGF/ KNA) နဲ့ အတူ Dongmei Park မှာ ပါဝင်နေတဲ့ မလေးရှားနိုင်ငံသားတွေရဲ့ အခန်းကဏ္ဍကို ဖော်ထုတ်ထားတဲ့ Justice For Myanmar ရဲ့ မေလ အစီရင်ခံစာ ထွက်ပေါ်လာပြီးချိန်မှာ အခုလို စုံစမ်းစစ်ဆေးမှုတွေ လုပ်လာတာလို့လည်း သိရပါတယ်။


ဒီကိစ္စနဲ့ပတ်သက်ပြီး Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ရတနာမောင်က မလေးရှားအာဏာပိုင်တွေအနေနဲ့ မြန်မာနိုင်ငံက နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ မလေးရှားနိုင်ငံသားအားလုံးကို အလျင်အမြန် စုံစမ်း စစ်ဆေးသင့်ပြီး ၎င်းတို့ရဲ့ပါဝင်ပတ်သက်နေမှုတွေအပေါ် အလုံးစုံတာဝန်ခံစေရေး ဆောင်ရွက်သင့်ပါတယ်လို့ ပြောပါတယ်။


Dongmei Park ရဲ့ စီးပွားရေးလုပ်ကိုင်ပုံက လူတွေကို အတိဒုက္ခရောက် ဘဝပျက်စေတဲ့ပုံစံဖြစ်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်မှုအတွက် တာဝန်ရှိတဲ့ ပြည်သူ့စစ်အဖွဲ့ ကရင် BGF/KNA ရဲ့ ပူးပေါင်းပါဝင်မှုနဲ့ လူကုန်ကူးမှု၊ ဆိုက်ဘာလူကျေးကျွန် ပြုမှုတွေကနေ အကျိုးအမြတ် ရှာဖွေနေတာဖြစ်ပါတယ်လို့လည်း ဆက်လက်ပြောဆိုထားပါတယ်။


လာမယ့်နှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ့် မလေးရှားနိုင်ငံအနေနဲ့ လူကုန်ကူးမှုတွေနဲ့ ဆိုက်ဘာလူကျေးကျွန်ပြုမှု တွေမှာ ၎င်းတို့နိုင်ငံသားတွေ ပါဝင်ပတ်သက်မှုကို သည်းခံမှာမဟုတ်ဘူးဆိုတာ မြန်မာပြည်သူတွေနဲ့ အာဆီယံဒေသကို ပြသ သင့်ပါတယ်လို့လည်း တိုက်တွန်းလိုက်ပါတယ်။


ဒါ့အပြင် မလေးရှားနိုင်ငံအနေနဲ့ စစ်အုပ်စုနဲ့ ၎င်းတို့လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာတွေကို ဆန့်ကျင်ကြောင်း ပြတ်သားစွာ ရပ်တည်ဖို့၊ စစ်အုပ်စုအပေါ် တရားဝင်မှုပေးအပ်တာတွေကို ငြင်းဆိုဖို့နဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ စတာတွေ လုပ်ဆောင်ဖို့လိုအပ်ပါတယ်လို့လည်း ဒေါ်ရတနာမောင်က ပြောကြားထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ တိုက်ပွဲပြန် BLDF ရဲဘော်တွေကို ပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆို


စက်တင်ဘာလ ၁ရက်။


အညာဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းက တိုက်ပွဲတွေကနေပြန်လာတဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ် တပ်ဦး - BLDF တပ်ဖွဲ့ဝင် ရဲဘော်တွေကို ပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။

အောင်ပွဲနဲ့ပြန်လာတဲ့ BLDF ရဲဘော်တွေကို ဒေသခံပြည်သူတွေက မနေ့ သြဂုတ်လ ၃၁ ရက်မှာ ပြည်သူလူထုက အောင်သပြေပန်းတွေနဲ့ ကြိုဆိုခဲ့တာဖြစ်ပါတယ်။

စစ်ရေးစီမံချက်တွေ ဆက်လက်ဖော်ဆောင်နိုင်ဖို့ ရှေ့တန်းရောက် တိုက်ပွဲဝင်ရဲဘော်တွေ နောက်တန်းကိုခဏတာပြန်လာပြီး စုဖွဲ့နေတာလို့ သိရပါတယ်။

BLDF ရဲဘော်တွေဟာ စစ်ကိုင်းတိုင်းအတွင်းက ကနီ၊ ဘုတလင်၊ ဆားလင်းကြီး၊ ပုလဲမြို့တို့မှာရှိတဲ့ စစ်ကောင်စီတပ် စခန်းတွေနဲ့ ယင်းမာပင်မြို့နယ် ဘန့်ဘွေးပျူစောထီးကျေးရွာကို တိုက်ခိုက်ချေမှုန်းတဲ့ တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ အပြင် မကွေးတိုင်း မြိုင်မြို့နယ်ထဲက ကိုင်းတောမစခန်းသိမ်းတိုက်ပွဲမှာလည်း မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ အတူ ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီစခန်းအချို့ကို ချေမှုန်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ BLDF က အသိပေးထားပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းအောက်ပိုင်းက စစ်ကောင်စီစခန်းတခုကိုလည်း မဟာမိတ်တပ်တွေနဲ့အတူ ၂လကျော် ပိတ်ဆို့ဝန်းရံ ထားတယ်လို့လည်း ဆိုပါတယ်။

BLDF တပ်ဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်- စစ်ဒေသရဲ့ အမိန့်ပေး ကွပ်ကဲမှုစနစ်အောက်ကနေ ရန်သူတပ်စခန်းအချို့ကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့လို့ သိရပါတယ်။

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF အနေနဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီစခန်းတွေကို ချေမှုန်းသိမ်းပိုက်နိုင်ရေး စုဖွဲ့ပြင်ဆင်နေတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ဆော့လော်ဒေသက စစ်ကောင်စီနဲ့ပြည်သူ့စစ်တပ်စခန်းကို KIA သိမ်းပိုက်


စက်တင်ဘာလ ၁ရက်။


ကချင်ပြည်နယ် ဆော့လော်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီနဲ့ပြည်သူ့စစ် တပ်စခန်းတခုကို ကချင်လွတ်လပ်ရေး တပ်မတော် -KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

KIA သတင်းပြန်ကြားရေးဌာနအဆိုအရ KIA တပ်မဟာ- က တပ်ရင်းတပ်ဖွဲ့တွေက လန်ယန်းဒေသနဲ့ ဆော့လော်ကြားက စစ်ကောင်စီ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေ ပူးပေါင်းတပ်စွဲနေတဲ့ စခန်းတခုကို သိမ်းပိုက်ခဲ့တာလို့ သိရပါတယ်။

အဲဒီ တပ်စခန်းကို ဩဂုတ် ၂၉ ရက်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဩဂုတ်လ ၃၀ ရက်မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တာလို့ သိရပါတယ်။

အခြားစစ်ရေးသတင်းရင်းမြစ်တဦးကလည်း ဆော့လော်ဒေသက စစ်ကောင်စီရဲ့ ခလရ-၁၀၅ ခလရ-၂၉၈ နဲ့ ပြည်သူ့စစ် အင်အား ၈၀ ခန့်ရှိတဲ့စခန်းကို ဩဂုတ်လ ၃၀ ရက် မွန်းလွဲပိုင်းမှာ KIA တပ်မဟာ- က အပြီးသတ်သိမ်းပိုက်ခဲ့တာလို့ ပြောပါတယ်။


========================


🚩🚩 ၃။ ကျောက်ပန်းတောင်း-မိတ္တီလာလမ်းမှာ ရဲတွေပါတဲ့ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုရဲမှူးနဲ့ဒုရဲအုပ်အပါအဝင် ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


စက်တင်ဘာလ ၁ရက်။


မန္တလေးတိုင်းအတွင်းက ကျောက်ပန်းတောင်း-မိတ္တီလာလမ်းပိုင်းမှာ ရဲ ဦးလိုက်ပါသော အိမ်စီးကားကို ပစ်ခတ်တိုက်ခိုက် ခဲ့ရာ ဒုရဲမှူးနဲ့ဒုရဲအုပ်အပါအဝင် ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ 

သတင်းအရ ကျောက်ပန်းတောင်း-မိတ္ထီလာလမ်းပိုင်းမှာ မနေ့ ဩဂုတ်လ ၃၁ ရက်နေ့က မြင်းခြံခရိုင်အထူးစစ်ဆင်ရေး အဖြစ် ရှောင်တခင်စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ရာကနေ ရဲ ဦးလိုက်ပါတဲ့ အိမ်စီးကားကို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အခုလို စစ်ဆေးရာမှာ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်တွေပါတဲ့ကားဟာ အသာတကြည်အစစ်ဆေးမခံဘဲ မောင်းပြေးတာ ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ဖမ်းဆီးရှင်းလင်းခဲ့လို့လည်း အသိပေးထားပါတယ်။ 

ဒီပစ်ခတ်ဖမ်းစီးမှုမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ဒုရဲမှူး အောင်ကျော်ထွန်း၊ ဒုရဲအုပ် ရန်ရှင်း၊ တပ်ကြပ်မြတ်သူတို့ သေဆုံးပြီး ၎င်းတို့မောင်းနှင်လာတဲ့ Mark X အမျိုးအစား အိမ်စီးကားကတော့ တိမ်းမှောက်ပျက်စီးသွားတယ်လို့လည်း ပြောပါတယ်။ 

သေဆုံးသွားသူတွေဟာ ကျောက်ပန်းတောင်းမြို့မ စခန်းမှူး၊ ပြောင်းလာတာမကြာသေးတဲ့ သာယာအေးနယ်ထိန်း ဒုရဲအုပ် နဲ့ ယာဉ်မောင်းတို့ဖြစ်တယ်လို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုမှာ BA 72 တလက်၊ BA 94 တလက်၊ BA 93 တလက်၊ ခြောက်လုံးပြူး လက်၊ လက်ပစ်ဗုံးတလုံးနဲ့ ငွေသား အချို့ အပါအဝင် သက်ဆိုင်ရာဝန်ထမ်းကတ်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း တိုက်ပွဲဝင်တော်လှန်တပ်တွေက ထုတ်ပြန်ထားပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ပန်းတောင်း၊ ညောင်ဦးခရိုင် အမှတ် တပ်ရင်း၊ ကျောက်ပန်းတောင်းမြို့နယ် ပကဖ၊ မြင်းခြံခရိုင်အမှတ် တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် တပ်ရင်း၊ တောင်သာမြို့နယ် ပကဖနဲ့ LACR -မြင်းခြံ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။


========================


🚩🚩 ၄။ အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် တောင်ပိုင်းစစ်ဒေသနယ်မြေမှာ ရက်အတွင်း အရပ်သား ဦးသေဆုံးကာ လူ ၄ဝဝ နီးပါး ဖမ်းဆီးခံရ 


စက်တင်ဘာလ ၁ရက်။


အကြမ်းဖက် စစ်ကောင်စီနဲ့ ၎င်းရဲ့လက်ဝေခံအဖွဲ့တွေရဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့် ပြီးခဲ့တဲ့ ရက်တာ ကာလအတွင်း အရပ်သားပြည်သူ ဦး ထိခိုက်သေဆုံးခဲ့ရပြီး အသက် ၆နှစ်အရွယ်ကလေးငယ်တဦး အပါအဝင် ဦး ဒဏ်ရာရခဲ့ရကာ ဖမ်းဆီးခေါ်ဆောင်ခံရသူ ၃၉၉ ဦးထိ ရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တောင်ပိုင်းစစ်ဒေသ နယ်မြေမှာ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သား ပြည်သူတွေ ထိခိုက်သေဆုံးတာနဲ့ ဖမ်းဆီးခံရတာတွေကို တောင်ပိုင်းစစ်ဒေသက ဒီနေ့ စက်တင်ဘာ ရက်မှာ အသိပေးလိုက်တာဖြစ်ပါတယ်။

 

ကျေးရွာများအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ အရပ်သားပြည်သူတွေကို စစ်မှုထမ်းခိုင်း ဖို့နဲ့ လူသားဒိုင်းပြုလုပ်ဖို့ အပါအဝင် အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်မေးမြန်းတာတွေကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ် ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း အသိပေးထားပါတယ်။


ဒါဟာ တောင်ပိုင်းစစ်ဒေသနယ်မြေကရရှိထားတဲ့ အချက်အလက်တွေကို အခြေခံထားတာဖြစ်ပြီး လက်တွေ့မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တောင်ပိုင်းစစ်ဒေသ ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။


တောင်ပိုင်းစစ်ဒေသနယ်မြေဖြစ်တဲ့ ပဲခူးတိုင်းအတွင်းက လက်ပံတန်း၊ ဖြူး၊ပေါင်းတည်၊ ညောင်လေးပင်၊ အုတ်တွင်းမြို့နယ် နဲ့  မွန်ပြည်နယ်ထဲက သံဖြူဇရပ်မြိုနယ်နဲ့ ကရင်ပြည်နယ်က ကြာအင်းဆိပ်ကြီး၊ သံတောင်ကြီးနဲ့ လိပ်သို့မြို့တို့မှာ ဩဂုတ် အတွင်း အကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment