23rd SEP 2024 - Morning Daily News by Radio NUG

၂၀၂၄ စက်တင်ဘာလ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။   ဆားလင်းကြီးမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့ ၁နှစ်ပြည့် အထိမ်းအမှတ်နှင့် BECA ထူးချွန်ကျောင်းသား/ကျောင်းသူများ ဆုပေးပွဲအခမ်းအနား ကျင်းပ

📌 ၂။ KNU တပ်မဟာ () နယ်မြေအတွင်း ရေကြီးရေလျှံမှုကြောင့် ကျေးရွာများ နစ်မြုပ်ပြီး ပြည်သူများ ရေဘေးသင့် 

📌 ၃။ အင်းတော်မှာ စစ်ကောင်စီက လူသားဒိုင်း လုပ်ထားတဲ့ အရပ်သား ၃၀၀ ခန့် ထွက်ပြေးလွတ်မြောက်

📌 ၄။ မင်းမော်ကွန်း ရဲ့ပထမဆုံးတော်လှန်ရုပ်ရှင်ကို နယူးရောက်မှာ စတင် ပြသမယ်


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ငါန်းမြာကြီးမြို့အား စစ်ကောင်စီမှ ၂ရက်ဆက် ဗုံးကြဲခြင်းကြောင့် ပြည်သူ ၉ဦးနှင့် ကာကွယ်ရေးရဲဘော် ၂ဦး ကျဆုံး

🚩 ၂။ ငါ့သရောက် ရဲစခန်းမှ ကင်းပတ်လာတဲ့ စစ်ကောင်စီ တပ်သားများ တိုက်ခိုက်ခံရပြီး ဦး သေဆုံး 

🚩 ၃။ နောင်ချိုမြို့အတွင်း Jet Fighter ဖြင့် ပေါင် (၅၀၀)ဗုံး လုံး ကြဲချ၊ ()ဦးဒဏ်ရာရ

🚩 ၄။ ဆိုင်းတောင်ကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများပစ်ခတ်မှု နေအိမ်များ မီးလောင်

🚩 ၅။ တောင်ပိုင်းတိုင်း စစ်ဒေသတွင် တပတ်အတွင်း အရပ်သား ဦး သေဆုံး ကလေးငယ် ဦး အပါအဝင် ဦး ဒဏ်ရာရ

🚩 ၆။ မြင်းခြံမြို့နယ်၊ ခြေဆေးကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲပစ်ခတ်မှုကြောင့် အမျိုးသမီး ဦး သေဆုံးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး ဦး အပါအဝင် ဦးဒဏ်ရာရ

🚩 ၇။ မိုင်းနောင်မှာ RCSS က မိုင်းဆွဲတိုက်ခိုက်တာကြောင့် အရပ်သား ၁ဦး သေဆုံးပြီး ဦး ဒဏ်ရာရခဲ့တယ်လို့ SSPP ထုတ်ပြန်

🚩 ၈။ ထောက်ပို့ပြည်သူများရဲ့ ထောက်ပံ့ငွေဖြင့် ဝယ်ယူထားတဲ့ ကျည်ကာ၊ ဦးထုတ်နဲ့ စစ်အသုံးအဆောင်များ ရရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။   ဆားလင်းကြီးမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့ ၁နှစ်ပြည့် အထိမ်းအမှတ်နှင့် BECA ထူးချွန်ကျောင်းသား/ကျောင်းသူများ ဆုပေးပွဲအခမ်းအနား ကျင်းပ


စက်တင်ဘာလ ၂၂ ရက်။

Radio NUG 

စက်တင်ဘာလ ၂၀ရက်နေ့က ဆားလင်းကြီးမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့ ၁နှစ်ပြည့် အထိမ်းအမှတ်နှင့် BECA ထူးချွန်ကျောင်းသား/ကျောင်းသူများ ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ INA&CCU မှာ သင်ကြားနေသော ဆရာ၊ ဆရာမ (၁၄)ဦးအား တစ်ဦးလျှင် (၂သိန်း)ကျပ်ဖြင့် စုစုပေါင်း (၂၈သိန်း) ကျပ်၊ INA တက်ရောက်ခဲ့သော၊ တက်ရောက်နေသော သင်တန်းသား/သူ (၅၉)ဦးအား တစ်ဦးလျှင် (၁သိန်း)ကျပ်ဖြင့် စုစုပေါင်း (၅၉သိန်း)ကျပ်အား ပအဖ နာယကကြီးနှင့် ပအဖ ခေါင်းဆောင်တို့မှ အခမ်းအနားတွင် ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။


========================


📌📌 ၂။ KNU တပ်မဟာ () နယ်မြေအတွင်း ရေကြီးရေလျှံမှုကြောင့် ကျေးရွာများ နစ်မြုပ်ပြီး ပြည်သူများ ရေဘေးသင့် 


စက်တင်ဘာလ ၂၂ ရက်၊၊

Radio NUG


KNU ထိန်းချုပ်နယ်မြေ၊ တောအူး (တောင်ငူ) ခရိုင်နဲ့ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်အတွင်းက ကျေးရွာများမှာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာများ ရေနစ်မြုပ်နေပြီး အရပ်သား သုံးသိန်းကျော် ရေးဘေးသင့်နေတယ်လို့ KNU ဗဟိုက အသိပေးထားပါတယ်။


တောအူး ခရိုင်အတွင်း စက်တင်ဘာ ၁၄ ရက်နေ့က စတင်ခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း ၇၅ ရွာထိ ရေနစ်မြုပ်ကာ လူဦးရေ ၁၄၈,၅၀၀ ဦး ရေဘေးသင့်နေပြီး လူ ဦး သေဆုံးခဲ့ကာ စာသင်ကျောင်း ကျောင်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။


ခလယ်လွီထူ ခရိုင်အတွင်းမှာလည်း လယ်ဒို၊ မူးနှင့် ဆောထိမြို့နယ်တို့တွင် စက်တင်ဘာလ ၁၀ ရက်နေ့က စတင် ရေကြီးနစ်မြုပ်ခဲ့ရာ ကျေးရွာ ၂၈၉ ရွာမှ လူဦးရေ ၁၆၈,၄၂၇ ဦး ရေဘေးသင့်နေပြီး အိမ်ခြေ ၃၂,၂၄၆ လုံး ရေဘေးဒဏ်ကို ဆိုးဝါးစွာ ခံစားနေရပြီး ပြည်သူ ဦး သေဆုံးခဲ့ပါတယ်။


ထို့အပြင် အဓိက အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ လယ်ယာမြေ ဧကပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရသလို ကျွဲ၊ နွားနဲ့ တိရစ္ဆာန် များစွာလည်း အသေအပျောက် ရှိနေခဲ့တယ်လို့ သိရပါတယ်။


ထိုသို့ အခက်အခဲ ကြုံနေတဲ့ ကျေးရွာများကို ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေး ကော်မတီနဲ့ အဖွဲ့သားများက အမြင့်ပိုင်း နေရာများကို ပို့ဆောင်ပေးခြင်းနဲ့ အရေးပေါ် အကူအညီများ ထောက်ပံ့ပေးခြင်းများ ပြုလုပ်ခဲ့ပေမယ့် လုံလောက်မှု မရှိဘဲ အကူအညီနဲ့ ဆေးဝါးများစွာ လိုအပ်နေသေးတယ်လို့ KNU က အသိပေးထားပါတယ်။


========================


📌📌 ၃။ အင်းတော်မှာ စစ်ကောင်စီက လူသားဒိုင်း လုပ်ထားတဲ့ အရပ်သား ၃၀၀ ခန့် ထွက်ပြေးလွတ်မြောက်


စက်တင်ဘာလ ၂၂ ရက်။ 

Radio NUG


စစ်ကိုင်းတိုင်း၊ အင်းတော် မြို့နယ်မှာ စစ်ကောင်စီက ဖမ်းဆီးပြီး လူသားဒိုင်း ပြုလုပ်ထားတဲ့ အရပ်သားတွေထဲက ၃၀၀ နီးပါး ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။


ဩဂုတ်လ ၁၆ ရက်ကတည်းက စတင်ခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ထွက်ပြေးတိမ်းရှောင်ရင်း မြို့မဘုန်းကြီး ကျောင်းထဲ ပိတ်မိနေခဲ့တဲ့ အရပ်သားတွေကို စစ်ကောင်စီက ဖမ်းဆီးထားပြီး လူသားဒိုင်းအဖြစ် သုံးခဲ့တာ ဖြစ်ပါတယ်။


ဖမ်းခံထားရတဲ့ အရပ်သားတွေကို ပြန်လွှတ်ပေးဖို့ မြို့နယ်သံဃနာယက အဖွဲ့ကနေ စက်တင်ဘာ ရက်က မေတ္တာရပ်ခံစာထုတ်ပြီး တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီက လက်မခံဘဲ ဆက်လက် ဖမ်းဆီးထားတာပါ။


စက်တင်ဘာ ၁၇ ရက်နေ့မှာ ဖမ်းဆီးခံထားရသူတွေထဲက ၃၀၀ နီးပါး ထွက်ပြေးလွတ်မြောက်လာခဲ့ပေမယ့် ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ သံဃာတော်၊ ကိုရင်တွေနဲ့ Non CDM ဝန်ထမ်းတွေ အပါအဝင် ၅၀၀ နီးပါး ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။


အင်းတော်မြို့က စစ်ကောင်စီ တပ်စခန်းတွေကို KIA, ABSDF နဲ့ PDF ပူးပေါင်းတပ်တွေက ဩဂုတ်လ ၁၆ ရက်နေ့မှာ စတင်ထိုးစစ်ဆင်ခဲ့ပြီး ၂၄ ရက်မှာ အင်းတော်မြို့မ ရဲစခန်းကို သိမ်းပိုင်းထားနိုင်တာ ဖြစ်ပါတယ်။


========================


📌📌 ၄။ မင်းမော်ကွန်း ရဲ့ပထမဆုံးတော်လှန်ရုပ်ရှင်ကို နယူးရောက်မှာ စတင် ပြသမယ်


စက်တင်ဘာလ ၂၂ရက်။ 

Radio NUG 

နိုဝင်ဘာ ရက်မှာ စစ်အာဏာသိမ်းမှုအပြီးနောက် တော်လှန်အနုပညာရှင် မင်းမော်ကွန်းက အဓိကသရုပ်ဆောင်အဖြစ် ပထမဆုံး ပြန်လည်ရိုက်ကူးထားတဲ့ "ဖြတ်" ရုပ်ရှင်ဇာတ်လမ်းတိုကို အမေရိကန်နိုင်ငံ၊ နယူးရောက်မြို့မှာ စတင်ပြီး ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။


"ဖြတ်" ရုပ်ရှင်ကို တော်လှန်အနုပညာရှင်တွေဖြစ်ကြတဲ့ ဒါရိုက်တာ စောအေးထူးက ရိုက်ကူးတာဖြစ်ပြီး မင်းမော်ကွန်း၊ အောင်မြင့်မြတ်၊ နေဇော်နိုင်၊ ဂျပန်ကြီး၊ ပိုးလေး၊ တိုးကျော်တို့အပြင် အခြား CDM အနုပညာရှင်တွေ ပါဝင်ကြပြီး Together Production က စီစဉ်တင်ဆက်ထားတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ရက်၊ စနေနေ့ နေ့လယ် ၁၂ : ၃၀ မှာ ပထမပွဲစဉ်အဖြစ်လည်းကောင်း၊ နေ့လယ် : ၃၀ မှာ ဒုတိယပွဲစဉ်အဖြစ်လည်းကောင်း ပြသသွားမှာဖြစ်ပြီး နယူးရောက်မြို့ အခြေစိုက် H2B အဖွဲ့က ပွဲဦးထွက် စီစဉ်ပြသတာဖြစ်ကာ ထိုင်ခုံနေရာ အကန့်အသတ်ရှိတာကြောင့် ကြိုတင်ဝယ်ယူအားပေးကြဖို့ အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက်မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ငါန်းမြာကြီးမြို့အား စစ်ကောင်စီမှ ၂ရက်ဆက် ဗုံးကြဲခြင်းကြောင့် ပြည်သူ ၉ဦးနှင့် ကာကွယ်ရေးရဲဘော် ၂ဦး ကျဆုံး


စက်တင်ဘာလ ၂၂ရက်။ 

Radio NUG 


မြင်းခြံခရိုင်၊ ငါန်းမြာကြီးမြို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ စက်တင်ဘာလ ၂၀ရက်နေ့နှင့် ၂၁ရက်နေ့ ၂ရက်ဆက် ဗုံးကြဲခြင်းကြောင့် ပြည်သူ ၉ဦးနှင့် ကာကွယ်ရေးရဲဘော် ၂ဦး ကျဆုံးခဲ့တယ်လို့ CDSOM မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။


ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး စက်တင်ဘာလ ၂၂ရက်နေ့တွင် ပြည်သူအလောင်း ၃ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။


ဆီမီးခုံရွာတွင် စက်တင်ဘာလ ၂၀ရက်နေ့က အင်အား ၅၀ကျော် တိုးထားပြီး ဆုံပျူရွာမှလည်း ပြင်ဆင်မှုတွေလုပ်နေကာ ငါန်းမြာကြီးဘက်အခြမ်းကို စစ်ကောင်စီမှ လေကြောင်းထပ်သုံးရန်အတွက် ကာကွယ်ရေးအဖွဲ့တွေရဲ့တည်နေရာသိနိုင်ဖို့ ငါန်းမြာတစ်ဝိုက်၊ ကျားတိုင်း၊ သိမ်ရွာနှင့် စဥ့်ကွတ်ဘက်များကို စစ်ကြောင်းထိုးနိုင်တာကြောင့် ပြည်သူများ စစ်ကြောင်းလာလျှင် ဘေးလွတ်ရာအမြန်ရှောင်တိမ်းနိုင်စေရန် အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ငါ့သရောက် ရဲစခန်းမှ ကင်းပတ်လာတဲ့ စစ်ကောင်စီ တပ်သားများ တိုက်ခိုက်ခံရပြီး ဦး သေဆုံး 


စက်တင်ဘာလ ၂၂ ရက်။

Radio NUG


မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်ရဲစခန်းမှ ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံးပြီး သေနတ် လက်နဲ့ ဆိုင်ကယ် စီး သိမ်းဆည်းရရှိခဲ့တယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။


စက်တင်ဘာလ ၂၀ ရက် ညနေ နာရီဝန်းကျင်မှာ ငါ့သရောက် ရဲစခန်းမှ မြို့နယ်မှူး ဒုရဲမှူး ဝင်းဆန်း၊ ညောင်ဦး စရဖ အရာရှိ တင်ထွန်းအောင်နဲ့ ညောင်ဦး နယ်ထိန်း ချစ်မိုးတို့ ဦးဆောင်ပြီး စစ်ကား စီး၊ ဆိုင်ကယ် စီးဖြင့် ကင်းပတ်ပြီး ပြန်လာချိန်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။


တိုက်ခိုက်မှုကြောင့် စစ်သားနဲ့ ရဲ ဦး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ကာ အလောင်းရရှိခဲ့ပြီး သေနတ် လက်နဲ့ ဆိုင်ကယ် စီး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


ထို့ပြင်  ဒုရဲမှူး ဝင်းဆန်း၊ စရဖ အရာရှိ တင်ထွန်းအောင်နဲ့ ညောင်ဦး နယ်ထိန်း ချစ်မိုးတို့ အပါအဝင် ဦး ဒဏ်ရာ ရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရင်း ဦးထပ်မံ သေဆုံးခဲ့တယ်လို့ သတင်းရရှိကြောင်း ဖော်ပြထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ညောင်ဦးမြို့နယ် ပကဖ (ပုဂံပြည် ဘီလူးတပ်) ညောင်ဦးမြို့နယ် .က. တပ်ခွဲ () ရန်ကြီးအောင် PDF ညောင်ဦးခရိုင် တပ်ရင်း () ကျောက်ပန်းတောင်းမြို့နယ် .က. Popa Production and Guerilla Force ညောင်ဦးခရိုင် တပ်ရင်း () နှင့် Black Tiger (မြင်းခြံ) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၃။ နောင်ချိုမြို့အတွင်း Jet Fighter ဖြင့် ပေါင် (၅၀၀)ဗုံး လုံး ကြဲချ၊ ()ဦးဒဏ်ရာရ


စက်တင်ဘာလ ၂၂ ရက်။

RadioNUG 


စက်တင်ဘာလ ၂၂ရက်နေ့ နံနက် (:၀၅)မိနစ်အချိန်တွင် နောင်ချိုမြို့ကို စစ်ကောင်စီတပ်သည် Jet Fighter ဖြင့်  ဖျက်အားပြင်းလက်နက်အမျိုးအစားဖြစ်သည့် ပေါင်(၅၀၀)ဗုံး လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ သတင်းထုတ်ပြန်ပါတယ်။


လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ပေါင်(၅၀၀)ဗုံး လေးလုံးသည် နောင်ချိုမြို့ တဖန်ကုန်းရပ်ကွက်အတွင်း ()လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး တောအတွင်း လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထိုကဲ့သို့ ပေါင် (၅၀၀)ဗုံးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့်  တဖန်ကုန်းရပ်ကွက်ရှိ ဒေသခံပြည်သူ()ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ()အိမ်  ကားနှစ်စီးနှင့် ဆိုင်ကယ်တစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


နောင်ချိုမြို့တွင် စစ်ကောင်စီတပ်က လူအများအပြား သေကြေပျက်စီးစေနိုင်သည့် ပေါင် (၅၀၀)ဗုံးအပါအဝင် နေ့စဥ်ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ()ဦးအပါအဝင် ပြည်သူ(၁၅)ဦးသေဆုံးခဲ့ပြီး (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံနေအိမ် (၂၇)လုံး၊ ဘုန်းကြီးကျောင်း ()ကျောင်းနှင့် စာသင်ကျောင်း ()ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။


စစ်ကောင်စီ အမြောက်တပ် (၂၀၆)တပ်စခန်းနှင့် တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂) တပ်စခန်းနေရာတွင် တိုက်ပွဲဖြစ်ပွားလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။


စက်တင်ဘာလ ၂၂ရက်နေ့ မနက် (:၂၀)နာရီအချိန်တွင် စစ်ကောင်စီ အမတ (၂၀၆)တပ်တွင်လည်းကောင်း၊ ညနေ(:၄၀)နာရီအချိန်တွင် တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂) တပ်ခန်းနေရာတွင်လည်းကောင်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားလျက်ရှိသော နောင်ချိုမြို့  စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် ()ကြိမ် ဗုံး ()လုံး၊ မကျီးရေရွာ၊ စစ်ကောင်စီ အမတ (၃၅၄)တပ်စခန်းနှင့် တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂)တပ်စခန်းနေရာတွင် Y-12 ဖြင့် ()ကြိမ် ဗုံး(၆၀)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည့်အပြင် နောင်ချိုမြို့ တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂) တပ်စခန်းနေရာတွင် ထောက်ပို့ယာဉ် Y8 ဖြင့် ()ကြိမ် လက်နက်ခဲယမ်းများ (၄၅)ထုပ် လာရောက်ကြဲချခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ ဆိုင်းတောင်ကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများပစ်ခတ်မှု နေအိမ်များ မီးလောင်


စက်တင်ဘာလ ၂၂ရက်။ 

Radio NUG 


စက်တင်ဘာလ ၂၂ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်နှင့် မွန်းလွဲ ၁၂ နာရီ ၅၈ မိနစ်အချိန်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂စီးဖြင့် ဗုံးကြဲခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်များမှ သိရပါတယ်။


ဆိုင်းတောင်မှာ ဗုံးတစ်လုံး ကျကာ ယူမာမှာ ရှိတဲ့ ကျောက်စိမ်းရုံးနားမှာ ဗုံးတစ်လုံးကျတယ်လို့ သိရပါတယ်။


ထို့ပြင် ဆိုင်းတောင်တွင် စစ်ကောင်စီတပ်များနှင့် KIA ဦးဆောင်သော တော်လှန်ရေးတပ်များအကြား ဆက်လက် တိုက်ပွဲပြင်းထန်နေပြီး ကျောက်စိမ်းရုံးနား တပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဆိုင်းတောင်ရှိ နေအိမ်များ မီးလောင်နေကြောင်း သိရပါတယ်။


ဖားကန့်မြို့ပေါ်တွင်လည်း ပြည်သူများအားလုံးမှာ တိမ်းရှောင်သွားပြီး မြို့ပေါ်တွင် လူသူ နည်းပါးနေပါတယ်။


========================


🚩🚩 ၅။ တောင်ပိုင်းတိုင်း စစ်ဒေသတွင် တပတ်အတွင်း အရပ်သား ဦး သေဆုံး ကလေးငယ် ဦး အပါအဝင် ဦး ဒဏ်ရာရ


စက်တင်ဘာလ ၂၂ ရက်။ 

Radio NUG


တောင်ပိုင်းတိုင်း စစ်ဒေသနယ်မြေတွင် စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ပြီးခဲ့တဲ့ ရက်တာအတွင်း ပြည်သူ ဦးသေဆုံးကာ ရှစ်လသား ကလေးငယ် ဦး၊ ၁၀ နှစ်အရွယ် ကလေးတဦး အပါအဝင် ဦး ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။


သေဆုံးခဲ့ရသူတွေထဲက တဦးမှာ စစ်ကောင်စီတပ်က အထိန်းကွပ်မဲ့ ဖမ်းဆီးရိုက်နှက် စစ်ဆေးခြင်းကြောင့် သေဆုံးခဲ့တာဖြစ်ပြီး လက်ရှိချိန်ထိ ဖမ်းဆီးခံရသူ ၆၁ ဦး ရှိနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။


ဖမ်းဆီးခံရသူ အများစုရဲ့ မိသားစုဝင်များဟာ စစ်ကောင်စီ တပ်ဖွဲ့တွေက တောင်းတဲ့ ငွေကျပ် သိန်း ၃၀, ၄၀ ပေးပေမယ့် တွေ့ခွင့်မပေးဘဲ အခြားနေရာ ပို့လိုက်တာကြောင့် အဆက်အသွယ် မရတဲ့အပြင် စိုးရိမ်သောက ရောက်နေရပါတယ်။


ထို့အပြင် စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် အတွက် တောင်ပိုင်းတိုင်း စစ်ဒေသမှာ တရပ်ကွက်လျင် ၁၀ ဦးနှုန်းဖြင့် အသည်းအသန် လူအင်အား စုဆောင်းနေပြီး စစ်မှုမထမ်းလိုသူများကို ကျပ်သိန်း ၅၀ အထိ တောင်းခံကာ လစဉ်ထောက်ပံ့ကြေးများလည်း ကောက်ခံနေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ မြင်းခြံမြို့နယ်၊ ခြေဆေးကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲပစ်ခတ်မှုကြောင့် အမျိုးသမီး ဦး သေဆုံးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး ဦး အပါအဝင် ဦးဒဏ်ရာရ


စက်တင်ဘာလ ၂၂ရက်။ 

Radio NUG 

စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် နာရီခန့်က မြင်းခြံမြို့နယ်၊ ခြေဆေးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ် စီးဖြင့် လာရောက်ကာ ဗုံးသီး လုံးကျဲချပြီးပြီးနောက် စက်လက်ဖြင့် လှည့်ပတ်ပစ်ခတ်ခဲ့ရာ အမျိုးသမီး ဦး သေဆုံးပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး ဦး အပါအဝင် ပြည်သူ ဦး စိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိကာ နွား ၂၈ ကောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲပစ်ခတ်မှုကြောင့်  တစ်ယောက် ခြေထောက်ပြတ်ကာ တစ်ယောက်မှာ ခါးရိုး ထွက်သွားတယ်လို့ သိရပါတယ်။


အလားတူ နံနက် ၁၁ နာရီအချိန်တွင် ခြေဆေးကျေးရွာကို ထပ်မံဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲပါတယ်။


========================


🚩🚩 ၇။ မိုင်းနောင်မှာ RCSS က မိုင်းဆွဲတိုက်ခိုက်တာကြောင့် အရပ်သား ၁ဦး သေဆုံးပြီး ဦး ဒဏ်ရာရခဲ့တယ်လို့ SSPP ထုတ်ပြန်


စက်တင်ဘာလ ၂၂ရက်။ 

RadioNUG 


စက်တင်ဘာ ၂၁ ရက် မနက် နာရီခွဲကျော်မှာ ရှမ်းတောင် မိုင်းနောင်မြို့နယ် ဝမ်စိမ်းကျေးရွာက ဒေသခံတွေကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- RCSS/SSA က မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် ဝမ်စိမ်းရွာခံ အမျိုးသားတစ်ဦး သေဆုံးပြီး ဦး ဒဏ်ရာရခဲ့တယ်လို့ SSPP/SSA က ရှမ်းဘာသာနဲ့ သတင်းထုတ်ပြန်ပါတယ်။


ဝမ်စိမ်းရွာခံ အမျိုးသား ဦးက ခြံထဲမှာရှိတဲ့ မြက်တွေကို ရိပ်ဖို့ ထွေလာဂျီနဲ့ သွားနေချိန် RCSS က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။


မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးခဲ့တဲ့ အမျိုးသားကတော့ အသက် ၃၈ နှစ်အရွယ် ဦးကြာထီဆိုသူဖြစ်ပြီး လားဟူလူမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။


ဒဏ်ရာတဲ့ အမျိုးသားနှစ်ဦးကတော့ အသက် ၁၄ နှစ်အရွယ် မောင်မိုးတီက လားဟူလူမျိုးဖြစ်ပြီး နောက်ထပ် အမျိုးသားတစ်ဦးကတော့ အသက် ၃၆ နှစ်အရွယ် ဦးလုံးငို့က တအာင်းလူမျိုး ဖြစ်တယ်လို့ ရေးသားထားပါတယ်။

RCSS အသုံးပြုတဲ့မိုင်းဟာ ထိန်းချုပ်လို့ရတဲ့ မိုင်းဆွဲကိရိယာကို အသုံးပြုခဲ့တာလို့ ဆိုပါတယ်။


မိုင်းထောင်တာ၊ မိုင်းဆွဲတာတွေကို မလုပ်ကြဖို့ ပြီးခဲ့တဲ့ ဇွန်လ ရက် ရှမ်းသံဃာတော်အဖွဲ့နဲ့ ရှမ်းလူထုတွေက တောင်းဆိုခဲ့ပေမယ့် RCSS က လူထုတွေ အသုံးပြုသွားလာတဲ့ လမ်းတွေကို မကြာခဏ မိုင်းထောင် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ SSPP က ပြောဆိုထားပါတယ်။


========================


🚩🚩 ၈။ ထောက်ပို့ပြည်သူများရဲ့ ထောက်ပံ့ငွေဖြင့် ဝယ်ယူထားတဲ့ ကျည်ကာ၊ ဦးထုတ်နဲ့ စစ်အသုံးအဆောင်များ ရရှိ


စက်တင်ဘာလ ၂၂ ရက်။ 

Radio NUG


GEMS collection မှတဆင့် ထောက်ပို့ပြည်သူများက ထောက်ပံ့တဲ့ ငွေဖြင့် ဝယ်ယူထားတဲ့ ကျည်ကာ ဦးထုတ်၊ ကျည်ကာနဲ့ စစ်အသုံးအဆောင် ပစ္စည်းများ ရောက်ရှိလာပြီဖြစ်ကြောင်း ယင်းမာပင်ခရိုင်၊ တပ်ရင်း () က အသိပေးထားပါတယ်။


စက်တင်ဘာလ ၂၂ ရက်နေ့မှာ ဓါတ်ပုံနဲ့တကွ အသိပေးထားတာ ဖြစ်ပြီး မိုးတွင်းကာလ လမ်းပမ်းဆက်သွယ်ရေး အခြေအနေကြောင့် ပစ္စည်းများ ရောက်ရှိဖို့ရာ အချိန်ကြာမြင့်နေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


အခုလို ထောက်ပံ့ကူညီပေးခဲ့ကြတဲ့ GEMS collection အဖွဲ့သားများနှင့် အနယ်နယ် အရပ်ရပ်က ထောက်ပို့- ပြည်သူများကို ကျေးဇူးများကြီးတင်ရှိကြောင်း ယင်းမာပင်ခရိုင်၊ အမှတ် () တပ်ရင်းက ဖော်ပြ ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment