29th SEP 2024 - Morning Daily News by Radio NUG

၂၀၂၄ စက်တင်ဘာလ ၂၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာနှင့် အမိုးအကာ အကူအညီများ ထောက်ပံ့ပေး

📌 ၂။ ပြည်သူ့ရေးရာကော်မတီနှင့် AAPP တို့ ပူးပေါင်း၍ ဒုတိယအကြိမ်နှင့် တတိယအကြိမ် Mental Health ဆိုင်ရာ သင်တန်းပို့ချ

📌 ၃။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို ထောက်ခံရန် ပျက်ကွက်ခဲ့သည်ဟု ဆို

📌 ၄။ နိုင်ငံပျောက်သွားနိုင်လို့ PDF နှင့် တိုင်းရင်းသားများ လက်နက်စွန့်၍  နိုင်ငံရေးပြဿနာ ဖြေရှင်းရန် ဖိတ်ခေါ်တာဟု အကြမ်းဖက် ဇော်မင်းထွန်း ဆို

📌 ၅။ ရေဘေးသင့် ပြည်သူများကို PDF နဲ့ ပကဖ ရဲဘော်များ ကူညီကယ်ဆယ်ရေး ပြုလုပ်


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။  မုံရွာမြို့တွင် အချိန်းအပြောင်း ရိက္ခာပို့ ပြန်လာတဲ့ စစ်ကောင်စီ အမြန်ယာဉ် နှစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့

🚩 ၂။ ချောင်းဦးတွင် စစ်ကောင်စီ တပ်ဖွဲ့ကို ပဒေသာမိုင်း () လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ဦး ပြင်းထန် ဒဏ်ရာရ

🚩 ၃။ ကောလင်းက ရွာ ရွာကို တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့လို့ ပြည်သူ ဦး ဒဏ်ရာရ

🚩 ၄။ MNDAA ထိန်းချုပ်ရာ နောင်မွန်မြို့နယ်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ဦး ဒဏ်ရာရ

🚩 ၅။ တောင်ယမားရေလှောင်တမံအား ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သွားရောက်ကြည့်ရှု

🚩 ၆။ တိုက်ပွဲဖြစ်ပွားနေတဲ့ ဆင်ဖြူကျွန်းမြို့က စစ်ရှောင် ၁၀၀ နီးပါးကို PDF ကူညီစောင့်ရှောက်ထား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာနှင့် အမိုးအကာ အကူအညီများ ထောက်ပံ့ပေး


စက်တင်ဘာ ၂၈။ 

RadioNUG 


စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ ရေဘေးသင့် စစ်ဘေးရှောင်ပြည်သူများသို့ ရေးပေါ်အမိုးအကာနှင့် စားနပ်ရိက္ခာများကို အိမ်ထောင်စုအလိုက် မြို့နယ် လူသားစာနာတာဝန်ခံများနှင့် ချိတ်ဆက်ကာ ထောက်ပံ့ပေးလျက်‌ရှိပြီး ဒေသအလိုက် ဘေးကင်းသည့်နေရာများသို့ အရေးပေါ်ရွှေ့ပြောင်းပေးခြင်း၊ ကူညီကယ်ဆယ်ခြင်း၊ အရေးပေါ်လူသားချင်းစာနာမှု အကူအညီများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အချိန်မီရရှိနိုင်ရေးလုပ်ငန်းများကို မြေပြင်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ် ပကဖအဖွဲ့နှင့် ပအဖအဖွဲ့များက ဆက်လက်ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေနှင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ လတ်တလော ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရေကြီးရေလျှံဒေသများဖြစ်သည့် စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ ရှမ်း(တောင်) ကရင်နီ၊ ကရင်၊ ရခိုင်နှင့် မွန် ဒေသများရှိ  ဒေသခံပြည်သူများသို့ ပြည်သူမှပြည်သူသို့ ပေးပို့လှူဒါန်းသည့် အလှူငွေမှ ရေဘေးသင့် ဒေသများအတွက် ဆက်လက်ချိတ်ဆက် ထောက်ပံ့ပေးလျက်ရှိပါတယ်။


========================


📌📌 ၂။ ပြည်သူ့ရေးရာကော်မတီနှင့် AAPP တို့ ပူးပေါင်း၍ ဒုတိယအကြိမ်နှင့် တတိယအကြိမ် Mental Health ဆိုင်ရာ သင်တန်းပို့ချ


စက်တင်ဘာ ၂၈။

RadioNUG 


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP- Assistance Association for Political Prisoners) နှင့် အတူပူးပေါင်းပြီး CDM ဝန်ထမ်းများအတွက် Mental Health ဆိုင်ရာသင်တန်းများကို ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပို့ချဆွေးနွေးလျက်ရှိပါကြောင်း CRPH မှ သတင်းထုတ်ပြန်ပါတယ်။


ဒုတိယအကြိမ် Mental Health ဆိုင်ရာသင်တန်းကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်၊ ၁၇ ရက်နှင့် ၁၈ ရက်နေ့များတွင် တနင်္သာရီတိုင်းဒေသကြီးမှ CDM ဝန်ထမ်းများအားလည်းကောင်း၊ တတိယအကြိမ် Mental Health ဆိုင်ရာသင်တန်းကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်၊ ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင် ပဲခူးတိုင်းဒေသကြီးမှ CDM ဝန်ထမ်းများအားလည်းကောင်း () ရက်တာ နေ့စဉ် နံနက် နာရီမှ နေ့လယ် ၁၂ နာရီအထိ ပို့ချဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


သင်တန်းတွင် သင်တန်းနည်းပြက Stress Management နှင့် Self-Care ခေါင်းစဉ်များဖြင့် သင်ကြားပို့ချခဲ့ပြီး၊ သင်တန်းကာလအတွင်း စိတ်ကျန်းမာရေးနှင့် စိတ်ခံစားမှုအခြေပြုဖြေရှင်းနည်း၊ စိတ်ကျန်းမာရေး အစွဲများကို ဖယ်ခွာခြင်း၊ စိတ်ပင်ပန်းဖိစီးမှုဖြစ်စေသည့် ပဋိပက္ခအခြေအနေများ၊ လက္ခဏာများနှင့် ကိုင်တွယ်ဖြေရှင်းနည်းများ၊ မိမိကိုယ်ကို ဂရုစိုက်ခြင်းနည်းလမ်းများအား သင်ကြားမျှဝေခဲ့ပြီး စစ်တမ်းများ၊ ဆန်းစစ်ချက်များဖြင့် လက်တွေ့လေ့ကျင့်မှုများလည်း သင်တန်းသားများနှင့်အတူတကွ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။


ပြည်သူ့ရေးရာကော်မတီသည် AAPP နှင့် အတူပူးပေါင်း၍ အလားတူသင်တန်းများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးမှ CDM ဝန်ထမ်းများအတွက် စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်မှုများကို လေ့လာသိရှိစေရန်နှင့် တော်လှန်ရေးကာလအတွင်း စိတ်ဓာတ်ခွန်အား တိုးပွားစေရန် ရည်ရွယ်၍  လစဉ်ဖွင့်လှစ်ပို့ချသွားမှာ ဖြစ်ပါတယ်။


အဆိုပါသင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း တက်ရောက်၍ အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတိုင်းဒေသကြီးများမှ လွှတ်တော်ကိုယ်စားလှယ်များ၊ AAPP မှ တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို ထောက်ခံရန် ပျက်ကွက်ခဲ့သည်ဟု ဆို


စက်တင်ဘာ ၂၈ 

RadioNUG 

၂၀၂၁ခုနှစ်တွင် ဂျပန်ဝန်ကြီးချုပ်ဖြစ်လာသည့် ဖုမီအို ခိရှိဒ ဟာ လက်ရှိမြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် အကန့်အသတ်ဖြင့် ထောက်ခံနေမှုအား စိတ်ပျက်မိကြောင်း The Japan Times မီဒီယာက ဖော်ပြထားပါတယ်။

 မြန်မာနိုင်ငံအပေါ် ဂျပန်နိုင်ငံ၏မူဝါဒဟာ ၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ရိုက်ပါဝင်ပတ်သတ်မှုကို ရှောင်ရှားခဲ့ပြီး လက်ရှိမြန်မာနိုင်ငံအရေးကို ပြည်တွင်းရေးတစ်ခုအဖြစ် ရှုမြင်ခဲ့တယ်လို့လည်း အဆိုပါ မီဒီယာက ထောက်ပြထားပါတယ်။

ဂျပန်နိုင်ငံအနေဖြင့် အနောက်နိုင်ငံများကဲ့သို့ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ စစ်အစိုးရနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားတယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်အစိုးရနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသော်လည်း အာဏာသိမ်းမှုဟာ မြန်မာနိုင်ငံရှိ ဂျပန်စီးပွားရေးလုပ်ငန်းများကို ပြင်းထန်စွာ ထိခိုက်ခဲ့ပြီး Eneos Holdings နှင့် Kirin Holdings ကဲ့သို့သော အဓိကကုမ္ပဏီများကို အဓိကစီမံကိန်းများမှ နုတ်ထွက်စေခဲ့သည့်အပြင် မြန်မာနိုင်ငံအတွက် ဂျပန်၏ ဘဏ္ဍာရေးအကူအညီသည် စစ်တပ်ထိန်းချုပ်ထားသော မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှတဆင့် အများအပြားရောက်ရှိနေတဲ့အတွက် စိုးရိမ်မှုများလည်းဖြစ်ပေါ်စေခဲ့ပါတယ်။ အထူးသဖြင့် အာဏာသိမ်းပြီးနောက် ဂျပန်နိုင်ငံမှ လူသားချင်းဆိုင်ရာအကူအညီများ အများစုမှာနစ်နာသူများထံ မရောက်ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

ထို့အပြင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး ဆိုင်ရာ ဆောင်ရွက်မှုတွင် Kishida သည် ယခင် ဝန်ကြီးချုပ်ရှင်ဇိုအာဘေး၏ ခြေရာကို မလိုက်နိုင်ခဲ့ကြောင်း၊ ဒေသတွင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆောင်ရွက်မှုတွင် ဂျပန်နိုင်ငံက ပိုမိုပါဝင်လုပ်ဆောင်ရန် လိုအပ်ကြောင်းကိုလည်း အဆိုပါ မီဒီယာမှာထည့်သွင်း ဖော်ပြထားပါတယ်။


========================


📌📌 ၄။ နိုင်ငံပျောက်သွားနိုင်လို့ PDF နှင့် တိုင်းရင်းသားများ လက်နက်စွန့်၍  နိုင်ငံရေးပြဿနာ ဖြေရှင်းရန် ဖိတ်ခေါ်တာဟု အကြမ်းဖက် ဇော်မင်းထွန်း ဆို


စက်တင်ဘာ ၂၈ 

Radio NUG

ကမ္ဘာ့အင်အားကြီး နိုင်ငံများ၏ အကျိုးစီးပွားပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန်လာပြီး နိုင်ငံတကာပြိုင်ဆိုင်မှုများအကြား နိုင်ငံပါ ပျောက်ကွယ်နိုင်သည့် အန္တရာယ်ကြီးမားလာသောကြောင့်  PDF များ၊ တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် လက်နက်စွန့်၍ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ၏ ပြောခွင့်ရ အကြမ်းဖက် ဇော်မင်းထွန်းက စက်တင်ဘာလ (၂၇)ရက်နေ့တွင် ရှင်းလင်းပြောကြားလာခြင်း ဖြစ်ပါတယ်။


"ဒီကြေညာချက် ထုတ်ပြန်ရခြင်း အကြောင်းအရင်းတွေကတော့ () ယနေ့ မြန်မာနိုင်ငံရဲ့ အခြေအနေ၊ () ပြောင်းလဲလာတဲ့ နိုင်ငံတကာ အခြေအနေ၊ () ငြိမ်းချမ်းရေးကို လိုလားတဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်များရဲ့ သဘောဆန္ဒတွေကြောင့်ပဲ ဖြစ်ပါတယ်" လို့ ဇော်မင်းထွန်းက ဆိုထားတာပါ။


"ပြည်တွင်းစည်းလုံးညီညွတ်မှု ယိုင်နဲ့နေရင် နိုင်ငံတကာ ပြိုင်ဆိုင်မှုတွေအကြားမှာ နိုင်ငံပါ ပျောက်သွားနိုင်တဲ့အထိ အန္တရာယ်ကြီးမားလာပါတယ်။ ဒါကြောင့်လည်း ပြည်တွင်းညီညွတ်မှုကို ဦးတည်ပြီး ဒီကြေညာချက် ထွက်ပေါ်လာရခြင်းပဲ ဖြစ်ပါတယ်" အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုပါတယ်။


ရေဘေး ပြန်လည်ထူထောင်ရေးကို အမြန်ဆုံးလုပ်ဆောင်နိုင်ရန်အတွက် ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းဖို့ မေတ္တာရပ်ခံရခြင်းဖြစ်ကြောင်းလည်း ပြောဆိုထားပါတယ်။


NUG နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များကြောင့် ပညာရေးဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်း၊ ရဟန်း သံဃာ အပါအဝင် ပြည်သူ ၆၇၀၀ ကျော် သေဆုံးခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။


ဗုံးဖောက်ခွဲမှု ၉၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ စက်ရုံ၊ အလုပ်ရုံ၊ ဘဏ်များ၊ လူနေအိမ်များအပါအဝင် အခြေခံအဆောက်အဦ မီးရှို့ဖျက်ဆီးခံရမှု ၁၃၀၀ ကျော်ရှိကာ PDF များ၏ လုပ်ရပ်မှာ နိုင်ငံတော်တည်ငြိမ်ရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ ထိခိုက်ပျက်စီးစေသည်ဟု အကြမ်းဖက်ဇော်မင်းထွန်းက တစ်ဖက်သက် ပြစ်တင်ပြောဆိုထားပါတယ်။


လက်တွေ့တွင် ၎င်းတို့၏ စစ်ကောင်စီတပ်က နိုင်ငံအတွင်း ရေကြီးရေလျှံမှုကြောင့် ပိတ်မိနေသည့် ပြည်သူများကို ထိုင်းနိုင်ငံကဲ့သို့ ကယ်တင်ခြင်းမရှိဘဲ မြန်မာနိုင်ငံအနှံ့ မြို့ပေါ်များကို လေကြောင်းမှ ညစဉ် အလှည့်ကျ ဗုံးကြဲတိုက်ခိုက်နေပြီး စစ်တပ် အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်ကောင်စီနှင့် လက်ပါးစေများကြောင့် အာဏာသိမ်းကာလမှာ ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် အပြစ်မဲ့ပြည်သူ ၅၇၁၂ ဦး သေဆုံးခဲ့ရပြီး သေဆုံးတယ်လို့ အတည်ပြုရန် လိုအပ်နေတဲ့ ၂၅၀၀ဦးခန့် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများအဖွဲ့ AAPP က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ ရေဘေးသင့် ပြည်သူများကို PDF နဲ့ ပကဖ ရဲဘော်များ ကူညီကယ်ဆယ်ရေး ပြုလုပ်


စက်တင်ဘာ ၂၈ ရက်

Radio NUG


တောင်ပိုင်းတိုင်း စစ်ဒေသ၊ အမှတ် စစ်ဒေသခွဲ ကွပ်ကဲမှုအောက်က  ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်း၊ စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့မှ ရဲဘော်များက စိုးမိုးထိန်းချုပ် နယ်မြေအတွင်းရှိ ရေဘေးသင့် ပြည်သူများကို ကူညီကယ်ဆယ်ရေး ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။


စက်တင်ဘာလ ၂၈ ရက်နေ့မှာ တောင်ပိုင်းတိုင်း စစ်ဒေသ အမှတ် စစ်ဒေသခွဲက ရေဘေး ကူညီကယ်ဆယ်ရေး ပြုလုပ်နေတဲ့ ရဲဘော်များရဲ့ မှတ်တမ်းပုံရိပ်များနဲ့အတူ ထုတ်ပြန်လာတာပါ။


ရေဘေးသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းအပြင် ရိက္ခာခြောက်များနှင့်ငွေသား ကူညီပံ့ပိုးပေးခြင်း စတဲ့ ထောက်ပံ့ရေး လုပ်ငန်းများကိုလည်း ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။  မုံရွာမြို့တွင် အချိန်းအပြောင်း ရိက္ခာပို့ ပြန်လာတဲ့ စစ်ကောင်စီ အမြန်ယာဉ် နှစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့


စက်တင်ဘာ ၂၈ ရက်

Radio NUG


စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကနေ ဆားလင်းကြီးမြို့ကို အချိန်းအပြောင်းနဲ့ ရိက္ခာပို့ပြန်လာတဲ့ စစ်ကောင်စီ အမြန်ယာဉ် စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်၊ တပ်ရင်း () က ထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ၂၇ ရက် နေ့လယ် နာရီ ၃၀ မိနစ်တွင် အဆိုပါ စစ်ကောင်စီ အမြန်ယာဉ် စီးကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း တပ်ခွဲ , 5/Teachers People Defense Force Flight For Freedom (F3) နဲ့ Chindwin Defence Force (CDF) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ ချောင်းဦးတွင် စစ်ကောင်စီ တပ်ဖွဲ့ကို ပဒေသာမိုင်း () လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ဦး ပြင်းထန် ဒဏ်ရာရ


စက်တင်ဘာ ၂၈ ရက် 

Radio NUG


စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန် စစ်ကောင်စီ ဂိတ်စခန်းကနေ ရေပိုးစားဘက်ကို ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ပဒေသာမိုင်း လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဦး ပြင်းထန် ဒဏ်ရာရခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ၂၇ ရက်နေ့ မနက် နာရီ ၄၀ မိနစ်ခန့်မှာ အင်အား ၃၀ ခန့် ပါတဲ့ အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့ကို အသင့်ပြင်ထားတဲ့ မိုင်းပွိုင့်အရောက်မှာ ပ‌ဒေသာမိုင်း လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့မှ လက်နက် ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် ခဲ့ပေမယ့် မဟာမိတ်ရဲဘော်များ အထိခိုက်မရှိ ပြန်လာနိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း (People's Defence Force - South Monywa) နွေဦး လူငယ် People's Defence Force တောသားကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Myinmu Local Defence Force Pentagram နဲ့ မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။


ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း ချောင်းဦးနဲ့ ငါးယှဉ်ကြား သံလွင်မြန်မာ ဆီဆိုင်ရှေ့တွင် လမ်းသွား လမ်းလာ ပြည်သူများအား တားဆီး အနိုင်ကျင့် လုယက်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ကောလင်းက ရွာ ရွာကို တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့လို့ ပြည်သူ ဦး ဒဏ်ရာရ


စက်တင်ဘာ ၂၈ ရက် 

Radio NUG


စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်က ကျေးရွာ ရွာကို တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ပြည်သူမှပြည်သူသို့-ကောလင်း အဖွဲ့ထံက သိရပါတယ်။


စက်တင်ဘာလ ၂၈ ရက်‌နေ့ နာရီ ဝန်းကျင်ခန့်မှာ ကောလင်းမြို့ရှိ တဂေါင်းကျေးရွာကို စစ်ကောင်စီက Mi-35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


စစ်ကောင်စီတပ်က ကျေးရွာစာသင်ကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရော့ကတ် စက်လက်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် တဦး အပါအဝင် ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ပစ်ခတ်မှုအတွင်း လူနေအိမ်နဲ့ စာသင်ကျောင်းများ ပျက်စီးမှု ရှိနိုင်ပြီး မြေပြင်မှာ တိုက်ပွဲဖြစ်ပွားနေတာ မရှိဘဲ အကြောင်းမဲ့ လာရောက်ပစ်ခတ်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။


အလားတူ ကောလင်းမြို့ အနောက်ခြမ်း၊ တကောင်းအိုင်ရွာရှိ ဘုန်းကြီးကျောင်း၊ ဥက္ကံရွာနဲ့ မူတိမ်ရွာ အနီးတို့ကိုလည်း မွန်းလွဲပိုင်းမှာ Mi-35 ဖြင့် ကြိမ်တိုင် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ MNDAA ထိန်းချုပ်ရာ နောင်မွန်မြို့နယ်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ဦး ဒဏ်ရာရ


စက်တင်ဘာ ၂၈ ရက်

Radio NUG


ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီခရိုင်၊ နောင်မွန် မြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ဦး ဒဏ်ရာရခဲ့တယ်လို့ MNDAA က သတင်း ထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ၂၈ ရက်၊ မနက် နာရီ မိနစ် ၃၀ ကနေ ၅၀ အတွင်း သံလွင်လျင်ဟိုန်ဒေသ နောင်မွန်မြို့နယ်ကို စစ်ကောင်စီက ဗုံး ၁၀ လုံး ထက်မနည်း ကြဲချခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း နေအိမ်နဲ့ လမ်းများ ထိခိုက်ပျက်စီးခဲ့ရပြီး အရပ်သား ဦး ဘယ်ဘက်ခြေဖဝါး  ထိခိုက်ပြုတ်ထွက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


အကြမ်းဖက်စစ်ကောင်စီက MNDAA သိမ်းပိုက်ထားသော နယ်မြေများကို ဆက်တိုက်ဆိုသလို ဗုံးကျဲလျက်ရှိရာ လအတွင်း ဗုံးကျဲမှုများကြောင့် ပြည်သူ ဦးသေဆုံးခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ တောင်ယမားရေလှောင်တမံအား ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သွားရောက်ကြည့်ရှု


စက်တင်ဘာ ၂၈

RadioNUG 

စက်တင်ဘာလ ၂၈ရက် နေ့တွင် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ တိုက်နယ်၊ရပ်ကျေး အုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့များနှင့် တောင်ယမားရေလှောင်တမံ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီတို့သည် တောင်ယမားဆည် ရေဝင်မှုအခြေအနေများ  တိကျစွာသိရှိနိုင်ရန် သွားရောက်ခဲ့ကြကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။


လက်ရှိအခြေအနေတွင် ဆည်ရေပြည့်  ရေပိုလွှဲမှ ရေထွက်ရန် ၃ပေခန့်သာလိုပါတော့သဖြင့် တောင်ယမားဆည်အား တာဝန်ယူခဲ့ကြသော CDM ဆည်မြောင်းဝန်ထမ်းများ၊ ဒေသခံ ဆည်ကို စောင့်ရှောက်ကူညီနေကြသော ပြည်သူများ၏ အကြံဉာဏ်များကို ရယူပြီး ရေလွှတ်မြောင်းမကြီးမှ ဆည်ရေများ စနစ်တကျ ထုတ်လွှတ်လျှက်ရှိတယ်လို့ ဖော်ပြထားပါတယ်။


စိုးရိမ်ရေအမှတ်ထိ ရေမရောက်သေးသည့်အတွက် တောင်ယမားဆည် အောက်ဖက်နေ ပြည်သူများအနေဖြင့် ကောလဟာလ သတင်းများအား မယုံကြည်ဘဲ စိုးရိမ်ရသည့် အခြေအနေ ရှိခဲ့သော် ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် သက်ဆိုင်ရာ ဆည်မြောင်းကော်မတီတို့မှ ကြိုတင်အသိပေး ကြေညာပေးသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။


ပုလဲမြို့နယ်အတွင်း ရေကူတမံ၊ ရေလှောင်တမံ စုစုပေါင်း ခုရှိသည့်အနက် မည်သည့်ဆည်မှ စိုးရိမ်ရသည့် အခြေအနေ မရှိဘူးလို့ သိရပါတယ်။


ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆည်မြောင်းတာဝန်ခံအနေနှင့်လည်း ဆည်များအားလုံး အခြေအနေအား နေ့စဉ်မှတ်တမ်းများ ကောက်ယူပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန တာဝန်ရှိသူများနှင့်ချိတ်ဆက်ဆောင်ရွက်လျှက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ တိုက်ပွဲဖြစ်ပွားနေတဲ့ ဆင်ဖြူကျွန်းမြို့က စစ်ရှောင် ၁၀၀ နီးပါးကို PDF ကူညီစောင့်ရှောက်ထား


စက်တင်ဘာ ၂၈ ရက် 

Radio NUG


မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်း မြို့မှာ ဖြစ်ပွားနေတဲ့ ထိတွေ့တိုက်ပွဲ အခြေအနေတွေကြောင့် ထွက်ပြေး တိမ်းရှောင်လာတဲ့ အရပ်သားပြည်သူတွေကို လက်ခံစောင့်ရှောက်ထားတယ်လို့ မင်းဘူးခရိုင်၊ အမှတ် တပ်ရင်း က ထုတ်ပြန်ထားပါတယ်။


စက်တင်ဘာ ၂၄ ရက်နေ့ မနက်အစောပိုင်းက ဆင်ဖြူကျွန်းမြို့၊ နွယ်တမယ်တံတားမှာ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး ညနေပိုင်းမှာ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံ ပြည်သူတွေကို စတင်လက်ခံ ကူညီပေးခဲ့တာလို့ ဆိုပါတယ်။


တိုက်ပွဲများအတွင်း စစ်ကောင်စီက ပစ်ခတ်နေတဲ့ လက်နက်ကြီးရန်ကို ကြောက်ရွံ့ပြီး တိမ်းရှောင်လာတဲ့ ဒေသခံ အယောက် ၁၀၀ နီးပါးကို ဘေးလွတ်ရာကို ပို့ဆောင်ပေးထားပြီး စားဝတ်နေရေး၊ ကျန်းမာရေး အဘက်ဘက်က ကူညီပေးထားတယ်လို့ သိရပါတယ်။


ဆင်ဖြူကျွန်း တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေး တပ်တွေဘက်က တစုံတရာ ထုတ်ဖော် ပြောကြားထားတာ မရှိသေးပါဘူး။


အလားတူ စလင်းမြို့နယ်မှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ခလရ ၂၅၃ နဲ့ ၂၅၅ တပ်တွေက ငလင်ပန်းရွာကို စစ်ကြောင်းထိုး လာတာကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြ ပါသေးတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment