30th SEP 2024 - Evening Daily News by Radio NUG

၂၀၂၄ စက်တင်ဘာလ ၃၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ဒဂုံတက္ကသိုလ်ကျောင်းသားတဦးကိုAnonymous Force အဖွဲ့ဝင်ဟုစွပ်စွဲကာစကစက မတရားဖမ်းဆီးခဲ့

📌 ၂။ "လက်နက်ကိုင်ပဋိပက္ခမှာ အရပ်သားပြည်သူတွေကိုမထိခိုက်ဖို့နဲ့ဆေးရုံတွေ၊စာသင်ကျောင်းတွေကို မထိခိုက်အောင် ကာကွယ်ပေးရမယ်ဆိုတဲ့အသိစိတ်ဓာတ် ကိန်းအောင်းဖို့လိုအပ်တယ်"လို့ဆို

📌 ၃။ အမျိူးသားညီညွတ်ရေးအစိုးရ ၊အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ ကွန်ရက်တို့ တွေ့ဆုံ၍ဂျဲန်ဒါမူဝါဒ(မူကြမ်း)ကိုဆွေးနွေး

📌 ၄။ သံအမတ်ကြီးဦးကျော်မိုး ဆက်လက်ထားရှိရန်တောင်းဆိုထားသောစာကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိUN (United Nations University) တာဝန်ခံထံသို့NUGဂျပန်ကိုယ်စားလှယ်နဲ့ ပြည်သူများကပေးအပ်ခဲ့

📌 ၅။ စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ပြည်သူများက သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ထုတ်ဖော်ဆန္ဒပြ


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်ကောင်စီ၏ နိုင်ငံရေးဆွေးနွေးပွဲ ဖိတ်ခေါ်ချက်နှင့် စပ်လျဥ်း၍ မွန်ပြည် ဖက်ဒရယ် ကောင်စီက သဘောထားထုတ်ပြန်

🚩 ၂။ မောင်တောမြို့ပြင်မှာ တစ်ခုတည်းကျန်ရှိနေသော ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ နခခ () စခန်းအား အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်များကို ဆက်လက်အရှိန်အဟုန်မြှင့်တင်သွားမယ်လို့ဆို

🚩 ၃။ စစ်ကောင်စီရဲ့ သွေးခွဲဝါဒဖြန့်မှုတွေကိုသထိထားကြဖို့လိုတယ်လို့ဆို

🚩 ၄။လောင်းလုံးမြို့နယ်ထဲပြည်သူလူထုအနေနဲ့ စစ်ကောင်စီကောက်ယူမယ့် သန်းခေါင်စာရင်းကို ပြင်းပြင်းထန်ထန်ငြင်းဆန်ကြပြီးအတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ စည်းရုံးလှုံ့ဆော်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ဒဂုံတက္ကသိုလ်ကျောင်းသားတဦးကိုAnonymous Force အဖွဲ့ဝင်ဟုစွပ်စွဲကာစကစက မတရားဖမ်းဆီးခဲ့


စက်တင်ဘာ၃၀ရက်


ဒဂုံတက္ကသိုလ်ကျောင်းသားတဦးကိုAnonymous Force အဖွဲ့ဝင်ဟုစွပ်စွဲကာစကစက မတရားဖမ်းဆီးခဲ့တယ်လို့ စက်တင်ဘာ၃၀ရက်မှာ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂကဖော်ပြပါတယ်။


ဒဂုံတက္ကသိုလ်၊ဇီဝဓာတုဗေဒ၊စတုတ္ထနှစ် ကျောင်းသား ခင်မောင်ဌေး () ကျန်ကျောင်း အသက် ၂၅နှစ်ကို စက်တင်ဘာလ ၂၆ ရက်နေ့က Anonymous Force အဖွဲ့ဝင်ဟုစွပ်စွဲကာ မတရားဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီက စက်တင်ဘာလ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။


စစ်ကောင်စီ၏ မတရားဖမ်းဆီးခံထားရသည့် ဒဂုံတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ (၃၀) ဦးကျော်ရှိနေပြီး အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်မှစ၍ တသက်တကျွန်း အထိ ချမှတ်ခံထားရပါတယ်။


========================


📌📌 ၂။ "လက်နက်ကိုင်ပဋိပက္ခမှာ အရပ်သားပြည်သူတွေကိုမထိခိုက်ဖို့နဲ့ဆေးရုံတွေ၊စာသင်ကျောင်းတွေကို မထိခိုက်အောင် ကာကွယ်ပေးရမယ်ဆိုတဲ့အသိစိတ်ဓာတ် ကိန်းအောင်းဖို့လိုအပ်တယ်"လို့ဆို


စက်တင်ဘာ၃၀ရက်


"လက်နက်ကိုင်ပဋိပက္ခမှာ အရပ်သားပြည်သူတွေကိုမထိခိုက်ဖို့နဲ့ဆေးရုံတွေ၊စာသင်ကျောင်းတွေကို မထိခိုက်အောင် ကာကွယ်ပေးရမယ်ဆိုတဲ့အသိစိတ်ဓာတ် ကိန်းအောင်းဖို့လိုအပ်တယ်"လို့ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းကဆိုပါတယ်။


Human Rights Lens- လူ့အခွင့်အရေး အဝေးမြင် အနီးမြင်အစီစဉ်မှာ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းကဆိုပါတယ်။


"လက်နက်ကိုင်ပဋိပက္ခမှာ အရပ်သားပြည်သူတွေကိုမထိခိုက်ဖို့ဒါ့အပြင်ဆေးရုံတွေ၊စာသင်ကျောင်းတွေကို မထိခိုက်အောင် ကာကွယ်ပေးရမယ်တိုက်ခိုက်ခြင်းမပြုရဘူးဆိုတဲ့စကားကိုတော်တော်များများသိကြပါတယ်။ ဒီနေရာတွေကလုံးဝအကာအကွယ်ပေးရမယ့်နေရာတွေဖြစ်တယ်။ဒီနေရာတွေကို မထိခိုက်ဖို့အတွက်တာဝန်ပေးရမယ်ဆိုတဲ့အသိစိတ်ဓာတ် 

ပထမဦးဆုံးကိန်းအောင်းဖို့လိုအပ်ပါတယ်"လို့ဆိုပါတယ်။


အကြမ်းဖက်စစ်အုပ်စုဟာလက်ရှိမှာစာသင်ကျောင်း၊ဆေးရုံများကို ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်နေလျက်ရှိပါတယ်။


စက်တင်ဘာလ ရက်နေ့မှ ၁၄ ရက်နေ့ အတွင်း အကြမ်းဖက်စစ်အုပ်စုသည် ရခိုင်ပြည်အား ၂၀ ကြိမ်နှင့် ရှမ်းပြည် မြောက်ပိုင်းအား ၁၁ ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်းအတည်ပြုနိုင်ပြီး တနင်္သာရီတိုင်းတွင် ကြိမ်နှင့် ပဲခူးတိုင်းတွင် ကြိမ် ဒရုန်းဖြင့် တိုက်ခိုက််ခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေး ၁၁ ဦးနှင့် အမျိုးသမီး ၁၉ ဦး အပါအဝင် အရပ်သား ပြည်သူစုစုပေါင်း ၁၁၈ ဦး သေဆုံးခဲ့ပြီး ၈၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းအတည်ပြုနိုင်ပါတယ်။


========================


📌📌 ၃။ အမျိူးသားညီညွတ်ရေးအစိုးရ ၊အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ ကွန်ရက်တို့ တွေ့ဆုံ၍ဂျဲန်ဒါမူဝါဒ(မူကြမ်း)ကိုဆွေးနွေး


စက်တင်ဘာ၃၀ရက်


၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် အမျိူးသားညီညွတ်ရေးအစိုးရ ၊အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ ကွန်ရက်တို့ တွေ့ဆုံခဲ့ကြတယ်လို့သိရပါတယ်။


ထို့နောက်ဝန်ကြီးဌာနလုပ်ငန်းစဉ်များနှင့် MWPN လုပ်ငန်းစဉ်များကို ရှင်းလင်းခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ ရေးဆွဲနေသော ဂျဲန်ဒါမူဝါဒ(မူကြမ်း)ကို ရှင်းလင်းဖော်ပြခဲ့ပြီး အကြံပြုချက်များနှင့် မေးခွန်းများကို ဖြေကြားခဲ့ပါတယ်။


အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးတက်ရောက်ခဲ့ပြီး လိုအပ်သည်များကိုဆွေးနွေးပြောကြားခဲ့ပါတယ်။


========================


📌📌 ၄။ သံအမတ်ကြီးဦးကျော်မိုး ဆက်လက်ထားရှိရန်တောင်းဆိုထားသောစာကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိUN (United Nations University) တာဝန်ခံထံသို့NUGဂျပန်ကိုယ်စားလှယ်နဲ့ ပြည်သူများကပေးအပ်ခဲ့


စက်တင်ဘာ၃၀


စက်တင်ဘာလ ၂၀ရက်နေ့တွင်  ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ UN (United Nations University )တွင် ဂျပန် NUG-japan  ကိုယ်စားလှယ်နှင့်ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသား( ၅ဦး၊လက်ခံမည့်ဖက်မှသတ်မှတ်သည့်အတိုင်း)များမှဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုး ဆက်လက်ထားရှိရန်တောင်းဆိုထားသောစာကို UN (United Nations University) တာဝန်ခံထံသို့ပေးအပ်ခဲ့ပြီး တာဝန်ခံမှလဲအပေါ်ဆုံးသို့ရောက်အောင်ဆက်လက်ပို့ပေးသွားမယ်လို့ သိရပါတယ်။


ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ (၇၉) ကြိမ်မြောက်အထွေထွေညီလာခံတွင် ကုလသမဂ္ဂအဖွဲ့ကြီးမှ ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းအား မြန်မာနိုင်ငံကိုယ်စားပြု ပြည်သူ့ကိုယ်စားလှယ်အဖြစ် ဆက်လက်လက်ခံအသိအမှတ်ပြုပေးရန် ကမ္ဘာတဝှမ်းကမြန်မာနိုင်ငံသားများနှင့် ပြည်တွင်းကပြည်သူများက တရားဝင်မှုအရေးတိုက်ပွဲ (Credential Campaign) ကိုတညီတညာတည်း တောင်းဆိုကြလျက်ရှိပါတယ်။


သံအမတ်ကြီး ဦးကျော်မိုးထွန်းအတွက် ထောက်ခံဆန္ဒပြပွဲတွင်ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ် စောဘလှသိန်းမှ ဂျပန်ရောက်ရောက်မြန်မာများအနေဖြင့် တော်လှန်ရေးတွင်တတ်နိုင်သည့်ဘက်ကနေဆက်လက်ပါဝင်ပေးကြရန် တိုက်တွန်းခဲ့ပါတယ်။


========================


📌📌 ၅။ စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ပြည်သူများက သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ထုတ်ဖော်ဆန္ဒပြ


စက်တင်ဘာ၃၀ရက်


စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ပြည်သူများက သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ထုတ်ဖော်ဆန္ဒပြခဲ့ကြပါတယ်။


စက်တင်ဘာလအတွင်း သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ထုတ်ဖော်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။


စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ပြည်သူတရပ်လုံးက သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း Our Ambassador Myanmars Voice ဆောင်ပုဒ်ကိုင်ဆောင်ပြီး  ထုတ်ဖော်ဆန္ဒပြပွဲများပြုလုပ်ခဲ့ကြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ စစ်ကောင်စီ၏ နိုင်ငံရေးဆွေးနွေးပွဲ ဖိတ်ခေါ်ချက်နှင့် စပ်လျဥ်း၍ မွန်ပြည် ဖက်ဒရယ် ကောင်စီက သဘောထားထုတ်ပြန်


 စက်တင်ဘာလ၃၀ရက်


တိုင်းပြည်နှင့် လူထုကို နည်းလမ်းမျိုးစုံအသုံးပြုကာ ဖိနှိပ်သတ်ဖြတ်လျက်ရှိသော အကြမ်းဖက် စစ်ကောင်စီသည် စက်တင်ဘာလ (၂၆) ရက်နေ့တွင် နိုင်ငံရေး လှည့်ကွက်တခုအနေဖြင့်  ဖိတ်ခေါ်ထားတာကိုတွေ့ရှိရတယ်လို့  မွန်ပြည် ဖက်ဒရယ် ကောင်စီကဆိုပါတယ်။


 စစ်ကောင်စီသည် နိုင်ငံရေး စစ်ရေး စီးပွားရေး အစရှိသဖြင့် အဘက်ဘက်မှ ပြိုလဲ ကျဆုံးနေချိန်တွင် နိုင်ငံတကာ တရားဝင်မှုရရှိရေးကို အားထုတ်သည့်အနေဖြင့် အတုအယောင် ရွေးကောက်ပွဲကို ကျင်းပရန်ပြင်ဆင်သည်နှင့် တပြိုင်တည်း ယခုနိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် အားထုတ်လာခြင်းဖြစ်တယ်လို့ဆိုပါတယ်။


တော်လှန်ရေးအဖွဲ့များအား လက်နက်စွန့်ကာ နိုင်ငံရေးဆွေးနွေးပွဲသို့ လာရောက်ရန် ဖိတ်ခေါ် ထားချိန်တွင်  စစ်ကောင်စီသည် လေကြောင်းအသုံးပြုပြီး အရပ်သားများကို ပစ်မှတ်ထား  တိုက်ခိုက်ခြင်းသည် ရိုးသားဖြောင့်မှန်မှု မရှိသော လုပ်ရပ်ဖြစ်တယ်လို့ဆိုပါတယ်။


ထို့ကြောင့် မွန်ပြည် ဖက်ဒရယ် ကောင်စီသည် စစ်ကောင်စီ၏ နိုင်ငံရေးလှည့်ကွက်အဖြစ် ဖန်တီး ထားသော အဆိုပါ ဆွေးနွေးပွဲတွင် ပါဝင်ရန် လက်ခံ စဥ်းစားမည်မဟုတ်ဘဲ စစ်အာဏာရှင်စနစ် ပျက်သုဥ်းသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ဆိုပါတယ်။


========================


🚩🚩 ၂။ မောင်တောမြို့ပြင်မှာ တစ်ခုတည်းကျန်ရှိနေသော ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ နခခ () စခန်းအား အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်များကို ဆက်လက်အရှိန်အဟုန်မြှင့်တင်သွားမယ်လို့ဆို


စက်တင်ဘာ၃၀ရက်


ရခိုင်ပြည်နယ် မောင်တောမြို့ပြင်မှာ တစ်ခုတည်းကျန်ရှိနေသော ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ နခခ () စခန်းအား အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်များကို ဆက်လက်အရှိန်အဟုန်မြှင့်တင်သွားမယ်လို့

စက်တင်ဘာနောက်ဆုံးပတ်မှာ အာရက္ခ တပ်တော်ကအသိပေးထုတ်ပြန်ပါတယ်။


 မောင်တောမြို့ပြင်၌ တစ်ခုတည်းကျန်ရှိနေသော ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ နခခ () စခန်းအား အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်များကို ဆက်လက်အရှိန်အဟုန်မြှင့်တင်သွားမည်ဖြစ်ပြီး အာရက္ခဒေသအတွင်းရှိ မိမိတို့ အပြီးသတ်သိမ်းပိုက်ရန် ကျန်ရှိနေသေးသော မပြီးပြတ်သေးသည့် ရန်သူ့လက်ကျန်စခန်းများအားလုံးကို တစ်ခုမကျန် သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်များကို ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့ အာရက္ခတပ်တော်ကဆိုပါတယ်။


မောင်တောမြို့အား အလုံးစုံသိမ်းပိုက်ရရှိရန်အတွက် မောင်တောမြို့အတွင်း၌ ကစဉ့်ကလျားထွက်ပြေးပြီး တိုက်တာအဆောက်အအုံ၊ လူနေအိမ်အချို့မှာ ထွက်ပြေးပုန်းခိုလွတ်မြောက်နေသေးသော ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလိုက်လံရှင်းလင်းနေတယ်လို့အာရက္ခတပ်တော်ကဆိုပါတယ်။


========================


🚩🚩 ၃။ စစ်ကောင်စီရဲ့ သွေးခွဲဝါဒဖြန့်မှုတွေကိုသထိထားကြဖို့လိုတယ်လို့ဆို


စက်တင်ဘာ၃၀ရက်


စစ်ကောင်စီရဲ့ သွေးခွဲဝါဒဖြန့်မှုတွေကိုသထိထားကြဖို့လိုတယ်လို့ စက်တင်ဘာလအတွင်းမှာ အထူးစစ်ဆင်ရေးအဖွဲ့SOF အောင်စံရှားက ဆိုထားပါတယ်။


"တောင်ပိုင်းစစ်ဒေသအပေါ်အားမလိုအားမရဖြစ်ကြရတယ်။တောင်ပိုင်းက ပိုအောင်မြင်ဖို့လည်း လိုတယ်၊ အောင်မြင်မှုနဲ့လည်း ထိုက်တန်တယ်။

ပြည်သူတွေကိုလည်း တတ်နိုင်သမျှ အခြေအနေမှန် ချပြ ပြောပြဖို့လိုတယ်။EAO တွေလည်း ဦးဆောင်ပါဝင်ဖို့လိုတယ်၊ အားလုံးလည်း ခုထက်လည်း ပိုစည်းလုံးဖို့လိုတယ်။စစ်ကောင်စီရဲ့ သွေးခွဲဝါဒဖြန့်မှုတွေကိုလည်း သထိထားကြဖို့လိုတယ်"လို့ဆိုပါတယ်။


ရန်သူရဲ့ မြောက်ပိုင်းအပေါ်ထားတဲ့ သဘောထားနဲ့ တောင်ပိုင်းအပေါ်ထားတဲ့သဘောထား မတူသလိုမြေပြင်ပထဝီ အနေအထားအရလည်းမတူတာတွေကိုသတိပြုဖို့လိုတယ်လို့ဆိုပါတယ်။


========================


🚩🚩 ၄။လောင်းလုံးမြို့နယ်ထဲပြည်သူလူထုအနေနဲ့ စစ်ကောင်စီကောက်ယူမယ့် သန်းခေါင်စာရင်းကို ပြင်းပြင်းထန်ထန်ငြင်းဆန်ကြပြီးအတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ စည်းရုံးလှုံ့ဆော်ခဲ့


စက်တင်ဘာ၃၀ရက်


လောင်းလုံးမြို့နယ်ထဲပြည်သူလူထုအနေနဲ့ စစ်ကောင်စီကောက်ယူမယ့် သန်းခေါင်စာရင်းကို ပြင်းပြင်းထန်ထန်ငြင်းဆန်ကြပြီး အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ စည်းရုံးလှုံ့ဆော်ခဲ့တယ်လို့ စက်တင်ဘာလ ၃၀ ရက်မှာ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီကအသိပေးဆိုပါတယ်။


"ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) လူထုစည်းရုံးရေးဆပ်ကော်မတီမှ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲက ကျေးရွာစျေးမှာ လူထုစည်းရုံးရေး အသိပညာပေးလှုပ်ရှားမှု သွားရောက်ပြုလုပ်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


အာဏာသိမ်းစစ်တပ်အနေနဲ့ နိုင်ငံရေးအရရော စစ်ရေးအရပါ အရေးနိမ့်နေတဲ့အချိန်မှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူပြီး အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်ရန် ကြိုးပမ်းလျှက်ရှိနေပါတယ်။


"ပြည်သူလူထုအနေနဲ့ စစ်ကောင်စီကောက်ယူမယ့် သန်းခေါင်စာရင်းကို ပြင်းပြင်းထန်ထန်ငြင်းဆန်ကြပြီး အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ စည်းရုံးလှုံ့ဆော်ခဲ့ပါတယ်"လို့ဆိုပါတယ်လို့ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီကဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment