1st NOV 2024 - Morning Daily News by Radio NUG

၂၀၂၄ နိုဝင်ဘာလ ၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရက ဒေဝါလီ(ဒီပါဝလီ)နေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့

📌 ၂။ မြို့နယ်တွေမှာ အခွန်ဂိတ်တွေ ရှိသင့်တဲ့ အရေအတွက်ထက် ပိုနေတာမျိုး မရှိအောင် တည့်မတ်ပေးဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၃။ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာနဲ့ အမေရိကန်နိုင်ငံရောက် တောင်ပိုင်းကယ်လီဖိုးနီးယားမြန်မာမိသားစုများတွေ့ဆုံမယ်

📌 ၄။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၅၅) ဦးနှင့် အမျိုးသား (၈၂) ဦး စုစုပေါင်း (၁၃၇) ဦး သေဆုံးခဲ့ပြီး ရခိုင်ပြည်နယ်မှာ (၄၄) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်

📌 ၅။ လောင်းလုံးမြို့ပေါ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးချထားတဲ့နေရာနဲ့ အနီးတဝိုက်က မြို့တော်ခန်းမနဲ့ မြို့နယ်ပြည်သူ့ဆေးရုံရှေ့မှာ ပြည်သူ့အာဏာ(People's Power) အမှတ်အသားစာရွက်တွေ ကြဲချပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကြွေးကြော်ခဲ့


၂၀၂၄ ခုနှစ် နိုဝင်ဘာလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ PDF ရဲဘော်တွေ ကျင့်ဝတ်ဖောက်ဖျက်ရင် တိုင်ကြားနိုင်ကြောင်း အမှတ် (၁၂၂၂) တပ်ရင်း ထုတ်ပြန်

🚩 ၂။ စစ်ကောင်စီလက်အောက်ခံ BGF ၁၀၀၁ တပ်ရင်းသိမ်းပိုက်နိုင်ရေး KIA ပူးပေါင်းတပ်တွေ အပြင်းအထန်တိုက်ခိုက်နေ 

🚩 ၃။ တောင်သာမှာ ရဲစခန်းအနီး ဂိတ်ချ စစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဦး သေဆုံး

🚩 ၄။ မတ္တရာ မြို့အဝင်က စစ်ကောင်စီတပ်ဖွဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး ဦး သေဆုံး

🚩 ၅။ ရန်ကုန် - မန္တလေး အမြန်လမ်းပေါ်မှာ စစ်ဆေးရေး လုပ်နေတဲ့ စစ်အုပ်စု လက်ပစ်ဗုံးနဲ့ ပစ်ခံရကာ ဦးသေ ဦး ဒဏ်ရာရ

🚩 ၆။ PDF တွေကို စိန်ခေါ်ထားတဲ့ နတ်မောက်မြို့နယ်က ပျူခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရ

🚩 ၇။ ကဲချောင်းရွာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ဦး ဒဏ်ရာရ

🚩 ၈။ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာ ရွာအား စစ်ကောင်စီတပ်မှ အကြမ်းဖက်မီးရှို့ဖျက်ဆီးပြီး Drone ဗုံးသီးချ တိုက်ခိုက်ခဲ့သဖြင့် ဘုန်းကြီးကျောင်း ၃ကျောင်း၊ စာသင်ကျောင်းနှင့် ပြည်သူပိုင်နေအိမ် ၇၀၀ နီးပါး ပျက်ဆီးဆုံးရှုံး

🚩 ၉။ ကျိုက်ထိုတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံတွေ ထွက်ပြေးနေရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။



========================



📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရက ဒေဝါလီ(ဒီပါဝလီ)နေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့


အောက်တိုဘာလ ၃၁

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရက ဒေဝါလီ(ဒီပါဝလီ)နေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။


အောက်တိုဘာ၃၁ရက် သဝဏ်လွှာပေးပို့မှုကိုထုတ်ပြန်ခဲ့ပါတယ်။


ယနေ့ကျရောက်သည့် မြန်မာပြည်ဖွား ဟိန္ဒူဘာသာဝင်များအတွက် အလေးအမြတ် ပြုအပ်သော ဒေဝါလီ (ဒီပါဝလီ)နေ့ မီးထွန်းပွဲတော် အခါသမယတွင် ပြည်တွင်း/ပြည်ပရှိ ဟိန္ဒူ ဘာသာဝင်များအားလုံး လုံခြုံဘေးကင်းကြပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာ ပို့သအပ်ပါ တယ်လို့ ဖော်ပြပါတယ်။


ဒေဝါလီ(ဒီပါဝလီ)နေ့ကို ရှေးယခင် နှစ်ပေါင်းများစွာကတည်းက ပျော်ရွှင်စွာ ကျင်းပ လာခဲ့ကြပြီး အစွဲပြု ကျင်းပကြသည့် အကြောင်းအရာများအနက် မကောင်းဆိုးဝါး ဘုရင်ဖြစ်သည့် ရာဝဏ္ဏကို တိုက်ခိုက်အောင်မြင်ပြီးနောက် ရာမမင်းနှင့် သီတာဒေဝီတို့၏ ပြည်တော်ပြန် ခရီးစဉ်တွင် အောင်နိုင်ခြင်းအထိမ်းအမှတ်အဖြစ် ဆီမီးများ ထွန်းညှိပူဇော်ရာမှ စတင်ခဲ့ကြကြောင်း သိရှိရတယ်လို့ဖော်ပြပါတယ်။


 အလားတူ ဒေဝါလီ( ဒီပါဝလီ)နေ့ ဆီမီးထွန်းညှိ ပူဇော်ခြင်းသည် အမှောင်ကိုခွင်းပြီး အလင်းရောက်သကဲ့သို့ အဆိုးအညံ့များ ကင်းစင်ပပျောက်ပြီး ကောင်းခြင်းမင်္ဂလာနှင့် ချမ်းသာ ကြွယ်ဝခြင်းများ ရောက်ရှိစေရန်လည်း အဓိပ္ပာယ်ဖော်ဆောင်တယ်လို့သိရှိရပြီး မြန်မာနိုင်ငံတွင်လည်း အကြမ်းဖက်စစ်အုပ်စု၏ အနိုင်ကျင့် ဖိနှိပ်ဗိုလ်ကျမှုများကြောင့် ပြည်သူများအားလုံး စိတ်နှလုံး ညိုးငယ်နွမ်းလျ လျက်ရှိကြပြီး မည်သည့်ဘာသာရေးပွဲတော်ကိုမျှ အနှစ်သာရပြည့်ဝစွာဖြင့် ပျော်ပျော်ရွှင်ရွှင်ပါဝင်ဆင်နွှဲခွင့် မရှိသည့် အခြေအနေဖြစ်တယ်လို့ဖော်ပြပါတယ်။


အကြမ်းဖက်စစ်အုပ်စု အမြန်ဆုံးကျဆုံးနိုင်စေရန်အတွက် တစ်နိုင်ငံလုံးရှိ ဓမ္မချစ်မြတ်နိုးသူ ပြည်သူများအားလုံးနှင့်အတူ တော်လှန်ရေးအင်အားစုအသီးသီးမှ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး လာမည့် အနာဂတ်ကာလမြန်မာပြည်တွင် ပြည်သူများကို ဖိစီးနှိပ်စက်မည့် အကြမ်း ဖက်အာဏာရှင်မှန်သမျှမရှိဘဲ ဒေဝါလီ (ဒီပါဝလီ)နေ့ ဆီမီးထွန်းညှိပူဇော်ခြင်း ပွဲတော်ကို ဟိန္ဒူဘာသာဝင်များနှင့်အတူ ပြည်သူတစ်ရပ်လုံးက ပျော်ရွှင်ဝမ်းမြောက်စွာ ပါဝင်ဆင်နွှဲလာ နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းဖော်ပြပါရှိပါတယ်။


========================


📌📌 ၂။ မြို့နယ်တွေမှာ အခွန်ဂိတ်တွေ ရှိသင့်တဲ့ အရေအတွက်ထက် ပိုနေတာမျိုး မရှိအောင် တည့်မတ်ပေးဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


အောက်တိုဘာ ၃၁

Radio NUG

မြို့နယ်တွေမှာ အခွန်ဂိတ်တွေ ရှိသင့်တဲ့ အရေအတွက်ထက် ပိုနေတာမျိုး မရှိအောင် တည့်မတ်ပေးဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားပါတယ်။


အောက်တိုဘာလ (၃၁) ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။


"တာဝန်ရှိသူတွေအနေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ အခွန်ကောက်ခံ/သုံးစွဲမှု လုပ်ငန်းစဉ်တွေကို ပြည်သူတွေ နားလည်သဘောပေါက်အောင် အသိပညာပေးဖို့လည်း လိုအပ်မှာဖြစ်ပါကြောင်း၊ ဒါမှသာ ပြည်သူတွေ တစ်ဦးချင်းစီကလည်း သူတို့ ပေးဆောင်လိုက်တဲ့ အခွန်ငွေတွေဟာ တော်လှန်ရေးဖြစ်စဉ် တစ်ရပ်လုံး အပေါ်မှာသာမကဘဲ ပညာရေး/ ကျန်းမာရေးနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းစဉ်အပေါ်ကိုပါ အထောက်အပံ့ရရှိနေတယ်ဆိုတာကို ကျယ်ကျယ် ပြန့်ပြန့် သိရှိသွားမှာဖြစ်ပါကြောင်း၊ မြို့နယ်တွေမှာ အခွန်ဂိတ်တွေ ရှိသင့်တဲ့ အရေအတွက်ထက် ပိုနေတာမျိုး မရှိအောင်လည်း ကော်မတီအနေနဲ့ ဝိုင်းဝန်းထိန်းကျောင်း တည့်မတ်စေလိုပါကြောင်း၊ ဒီဂိတ်တွေဟာ အခွန်ရရှိရေးကိုပဲ ဦးတည်တာမျိုးမဖြစ်စေဘဲ ပြည်သူတွေအနေနဲ့ လုံလုံခြုံခြုံ နဲ့ သွားလာလှုပ်ရှာနိုင်အောင်၊ အကြမ်းဖက်စစ်အုပ်စုရဲ့ ကုန်စည်တွေ ထိန်းချုပ်မြို့နယ်တွေအတွင်း မဝင်ရောက်အောင်၊ အကြမ်းဖက်စစ်အုပ်စုရဲ့ ထောက်ပံ့မှုတွေနဲ့ အင်အား ဖြည့်တင်းမှုတွေ မရောက်ရှိလာအောင်လည်း ကြပ်ကြပ်မတ်မတ် ကွပ်ကဲ ဆောင်ရွက်ကြဖို့ကိုလည်း မှာကြားလိုပါကြောင်း" ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၃၉/၂၀၂၄) တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်ကာ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာနဲ့ အမေရိကန်နိုင်ငံရောက် တောင်ပိုင်းကယ်လီဖိုးနီးယားမြန်မာမိသားစုများတွေ့ဆုံမယ်


အောက်တိုဘာ ၃၁

Radio NUG

ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာနဲ့ အမေရိကန်နိုင်ငံရောက် တောင်ပိုင်းကယ်လီဖိုးနီးယားမြန်မာမိသားစုများ တွေ့ဆုံမယ်လို့ သိရပါတယ်။


အဆိုပါတွေ့ဆုံပွဲကို နိုဝင်ဘာ ၁၆ရက် မွန်းလွဲပိုင်းကျင်းပမှာ ဖြစ်ပါတယ်။


မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး အစိုးရ၏ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၀န်ကြီး ဒေါက်တာဆာဆာနဲ့လူထုတွေ့ဆုံပွဲကို လော့စ်အိန်ဂျလိစ်မြို့အနီးရှိ Baldwin Park ရှိ ဖျော်ဖြေရေး အနုပညာစင်တာတွင် တွေ့ဆုံကျင်းပမယ်လို့ သိရပါတယ်။


========================


📌📌 ၄။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၅၅) ဦးနှင့် အမျိုးသား (၈၂) ဦး စုစုပေါင်း (၁၃၇) ဦး သေဆုံးခဲ့ပြီး ရခိုင်ပြည်နယ်မှာ (၄၄) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်


အောက်တိုဘာ ၃၁

Radio NUG


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ရက်နေ့မှ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၅၅) ဦးနှင့် အမျိုးသား (၈၂) ဦး စုစုပေါင်း (၁၃၇) ဦး သေဆုံးခဲ့ပြီး ရခိုင်ပြည်နယ်မှာ (၄၄) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်တယ်လို့ ဖော်ပြပါတယ်။


ထို့ပြင် တလတာအတွင်း နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး (၂၂) ဦးနှင့် အမျိုးသား (၃၆) ဦး စုစုပေါင်း (၅၈) ဦးကို နွေဦးတော်လှန်ရေးကိစ္စနှင့် စပ်လျဉ်း၍ ဖမ်းဆီးခဲ့ပြီး မကွေးတိုင်းမှာ (၁၃) ဦး ဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရပါတယ်။


အဆိုပါကာလအတွင်း နိုင်ငံတဝန်းရှိ အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံ တရားရုံးများက မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံရပြီး လက်ရှိ အကျဉ်းထောင်များ၌ ထိန်းသိမ်းခံနေရသူ အမျိုးသမီး () ဦးနှင့် အမျိုးသား (၂၉) ဦး စုစုပေါင်း (၃၇) ဦး ရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၃၁) ဦးဖြင့် အများဆုံး ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။


========================


📌📌 ၅။ လောင်းလုံးမြို့ပေါ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးချထားတဲ့နေရာနဲ့ အနီးတဝိုက်က မြို့တော်ခန်းမနဲ့ မြို့နယ်ပြည်သူ့ဆေးရုံရှေ့မှာ ပြည်သူ့အာဏာ(People's Power) အမှတ်အသားစာရွက်တွေ ကြဲချပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကြွေးကြော်ခဲ့


အောက်တိုဘာ ၃၁

Radio NUG


အောက်တိုဘာလ ၃၁ ရက်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) ကော်မတီဝင်များမှ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။


စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးချထားတဲ့နေရာနဲ့ အနီးတဝိုက်က မြို့တော်ခန်းမနဲ့ မြို့နယ်ပြည်သူ့ဆေးရုံရှေ့မှာ ပြည်သူ့အာဏာ(People's Power) အမှတ်အသားစာရွက်တွေ ကြဲချပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ကြပါတယ်။ 


စစ်အာဏာရှင်စနစ်အဆုံးသတ်ရေးနဲ့ တော်လှန်ရေးတရပ်အောင်ပွဲဆင်နိုင်ရေးအတွက် အဓိကသော့ချက်ဟာ ပြည်သူလူထုရဲ့ နိုင်ငံရေးအာဏာကို တည်ဆောက်ခြင်းဖြစ်ပြီး နည်းလမ်းပေါင်းစုံနဲ့ နိုင်ငံရေးအရအန်တုဆန့်ကျင်တဲ့အနေနဲ့ လှုပ်ရှားမှု လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================



🚩🚩 ၁။ PDF ရဲဘော်တွေ ကျင့်ဝတ်ဖောက်ဖျက်ရင် တိုင်ကြားနိုင်ကြောင်း အမှတ် (၁၂၂၂) တပ်ရင်း ထုတ်ပြန်


အောက်တိုဘာ ၃၁၊ 

Radio NUG


ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် (၁၂၂၂) တပ်ရင်းက PDF ရဲဘော်တွေအနေနဲ့ ပြည်သူလူထုအပေါ်မှာ ကျင့်ဝတ်ဖောက်ဖျက်ခဲ့ရင် လာရောက်တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

v

ပြည်သူများအနေဖြင့် အမှတ် ၁၂၂၂ တပ်ရင်းမှ ရဲဘော်တွေ လူထုအပေါ် ကိုယ်နှုတ်အမူအရာဖြင့်ဖြစ်စေ ရိုင်းပြစော်ကားမှုများ ရှိလာပါက တပ်ရင်း Page နဲ့ တပ်ရင်း ခေါင်းဆောင်တွေထံကို လာရောက်တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


တပ်ရင်းအနေနဲ့ နေ့စဉ်နဲ့အမျှ ရဲဘော်တွေ အင်အားတိုးလာနေတာကြောင့် COC သက်ရောက်မှုနဲ့ စည်းကမ်းပိုင်း အားနည်းမှုတွေ ရှိလာမှာကို စိုးရိမ်တာကြောင့် အခုလို ထုတ်ပြန်ရတာလို့ ဆိုပါတယ်။


ပြည်သူတွေ သာမက မဟာမိတ်တပ်တွေ အပေါ်မှာလည်း ရိုင်းပြစွာ ကျူးလွန်ခဲ့တာရှိရင် လာရောက်တိုင်ကြားနိုင်တယ်လို့ အသိပေး ထားပါတယ်။


ယခု ထုတ်ပြန်ချက်ဟာ တပ်ရင်း ရဲဘော်တွေကနေ ခေါင်းဆောင်ပိုင်း တာဝန်ယူထားသူတွေအထိ ချွင်းချက်မရှိ အကျုံးဝင် တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။


ကျင့်ဝတ်ဖောက်ဖျက်ခဲ့တာကို တွေ့ရှိရင် ပြစ်မှု ပြစ်ဒဏ်အပေါ် မူတည်ပြီး ထိရောက်စွာ အရေးယူသွားမယ်လို့ ကတိပြုကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ စစ်ကောင်စီလက်အောက်ခံ BGF ၁၀၀၁ တပ်ရင်းသိမ်းပိုက်နိုင်ရေး KIA ပူးပေါင်းတပ်တွေ အပြင်းအထန်တိုက်ခိုက်နေ 


အောက်တိုဘာ ၃၁

Radio NUG

ကချင်ပြည်နယ် ချီဖွေမြို့နယ် မြန်မာ - တရုတ်နယ်စပ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ၁၀၀၁ နယ်ခြား စောင့်တပ်ရင်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်-KIA နဲ့ ပူးပေါင်းတပ်တွေ အပြင်းအထန် တိုက်ခိုက်နေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကချင်အထူးဒေသ- နယ်မြေ ပန်ဝါဒေသ လုပီကျေးရွာအနီးမှာ အခြေစိုက်တဲ့ နယ်ခြားစောင့်တပ်ရင်း ၁၀၀၂  ဌာနချုပ်၊ ကန်ပိုက်တီဒေသ စင်ကြိုင်ရွာအနီးက အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်တို့ကို သိမ်းပိုက်ထားတဲ့ KIA ပူးပေါင်းတပ်က ဖီမော်ဒေသမှာရှိတဲ့ လက်ကျန် နယ်ခြားစောင့်တပ်ရင်းကို ဆက်လက်တိုက်ခိုက်နေတာနဲ့ ပတ်သက်လို့ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

တိုက်ပွဲအခြေအနေကိုတော့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက အောက်တိုဘာ ၃၁ ညနေ နာရီကျော်တဲ့အထိ အသိပေး ပြောဆိုတာမရှိသေးသလို KIA သတင်းပြန်ကြားရေးဌာနကလည်း ထုတ်ပြန်လာတာမရှိသေးပါဘူး။

KIA နဲ့ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ ကချင်အထူးဒေသ- နယ်မြေက တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အခုနှစ် ဇွန်လမှာ ဆဒုံးဒေသ၊ စက်တင်ဘာလကုန်မှာ ချီဖွေမြို့၊ အောက်တိုဘာ လဆန်းမှာ ဆော့လော်မြို့၊ အောက်တိုဘာလလယ်မှာ ပန်ဝါမြို့၊ အောက်တိုဘာ ၂၁ ရက်မှာ ကန်ပိုက်တီဒေသက အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်တို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။

အခုလို စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေမှာ စစ်တပ်ဗျူဟာစခန်းတွေနဲ့ တပ်စခန်းတွေအပါအဝင် ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်စခန်း စတဲ့တပ်စခန်း ၅၀ကျော် သိမ်းပိုက်ရရှိထားပြီး ချီဖွေ၊ ဆဒုံး၊ ဆော့လော်၊ ပန်ဝါစတဲ့မြို့တွေကို သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်တာကြောင့် ပြည်သူစစ်အဖွဲ့တွေအနေနဲ့ လက်နက်ချပြီး KIA နဲ့ပူးပေါင်းဖို့ KIO/KIA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်းပြောဆိုထားပါတယ်။


========================


🚩🚩 ၃။ တောင်သာမှာ ရဲစခန်းအနီး ဂိတ်ချ စစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဦး သေဆုံး


အောက်တိုဘာ ၃၁

Radio NUG


မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရဲစခန်းနဲ့ မနီးမဝေးမှာ ဂိတ်ချ စစ်ဆေးနေတဲ့ ရဲတွေကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဦး သေဆုံးခဲ့တယ်လို့ တောင်သာမြို့နယ် ပကဖက ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာ ၃၁ ရက်နေ့ မနက် နာရီ ၂၀ မိနစ်ခန့်မှာ ရဲစခန်းအနီး ကားဂိတ်မှာ ဂိတ်ချပြီး လမ်းသွားလမ်းလာ ကား၊ ဆိုင်ကယ်တွေကို စစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရှောင်တခင် ဝင်ရောက်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။


အဆိုပါ တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင် ဦး သေဆုံးခဲ့ပြီး အရပ်သား တဦးလည်း ရဲတပ်ဖွဲ့ဘက်က ပစ်ခတ်ခဲ့တဲ့ ကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


၎င်းစစ်ဆင်ရေးကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နေပြည်တော် ၈၀၁ တပ်ရင်း၊ မိတ္ထီလာ ပကဖ၊ စဉ့်ကိုင် ပကဖ၊ တောင်သာ ပကဖ၊ ကျောက်ပန်းတောင်း ပကဖ နဲ့ ညောင်ဦးခရိုင် တပ်ရင်း () အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၄။ မတ္တရာ မြို့အဝင်က စစ်ကောင်စီတပ်ဖွဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး ဦး သေဆုံး


အောက်တိုဘာ ၃၁

Radio NUG

မန္တလေးတိုင်း၊ မတ္တရာမြို့ အဝင်က စစ်ကောင်စီ တပ်ဖွဲ့ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဦး သေဆုံးခဲ့တယ်လို့ မိုးကြိုးစစ်ကြောင်း NUG:FF အဖွဲ့ထံက သိရပါတယ်။


အောက်တိုဘာ ၂၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်နဲ့ ၁၀ နာရီခန့် အချိန်တို့မှာ မတ္တရာမြို့အဝင်က သံတံတားအနီးကို ရောက်ရှိနေချိန်မှာ တော်လှန်ရေးတပ်များက လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ဦးခန့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရမ်းသမ်းပစ်ခတ်မှုများ ပြန်လည်လုပ်ဆောင်ခဲ့ပေမယ့် အထိခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို မတ္တရာမြို့နယ် တိုက်နယ် () မိုးကြိုးပြောက်ကျား တပ်ဖွဲ့၊ မတ္တရာမြို့နယ် ပကဖ နဲ့ NGU : FF အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၅။ ရန်ကုန် - မန္တလေး အမြန်လမ်းပေါ်မှာ စစ်ဆေးရေး လုပ်နေတဲ့ စစ်အုပ်စု လက်ပစ်ဗုံးနဲ့ ပစ်ခံရကာ ဦးသေ ဦး ဒဏ်ရာရ


အောက်တိုဘာ ၃၁

Radio NUG


ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရန်ကုန် - မန္တ‌လေး အမြန်လမ်း (လမ်းဟောင်း) ပေါ်မှာ ကားရပ်ပြီး စစ်ဆေးရေး လုပ်ကာ ငွေညှစ်နေတဲ့ စစ်ကောင်စီအုပ်စုကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဦး သေဆုံးပြီး ဦး ဒဏ်ရာ ရခဲ့တယ်လို့ Mother Son မြို့ပြ UG အဖွဲ့ ထံက သိရပါတယ်။


အောက်တိုဘာလ ၃၁ ရက်နေ့ ညနေပိုင်းမှာ အမြန်လမ်း တိုးဂိတ်အနီးမှာ ရှိနေတဲ့ ရဲ၊ စစ်သားနဲ့ မော်တော်ပီကယ် စုစုပေါင်း ဦးခန့်ကို UG အဖွဲ့ဝင်တွေက လက်ပစ်ဗုံး လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။


တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦး သေဆုံးခဲ့ကာ ဦး ဒဏ်ရာရခဲ့တယ်လို့ မြေပြင်ကင်းထောက်ထံက သိရတယ်လို့ ဆိုပါတယ်။


ဒီတိုက်ခိုက်မှုဟာ မကြာသေးခင်က ဆုံးပါးသွားတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အတွက် သွေးကြွေးပြန်ယူတဲ့ အနေနဲ့ လုပ်ဆောင်ခဲ့တာလို့  Mother Son မြို့ပြ UG အဖွဲ့က အသိပေးထားပါတယ်။


========================


🚩🚩 ၆။ PDF တွေကို စိန်ခေါ်ထားတဲ့ နတ်မောက်မြို့နယ်က ပျူခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရ


အောက်တိုဘ ၃၁

Radio NUG

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်တွေကို စိန်ခေါ်ထားတဲ့ နတ်မောက်မြို့နယ်က ပျူခေါင်းဆောင်တဦး ပစ်ခတ် ရှင်းလင်းခံလိုက်ရတယ်လို့ People's Defence Organization-Natmauk က အသိပေးပြောဆိုလိုက်ပါတယ်။

စစ်မှုထမ်းဟောင်းတဦးလည်းဖြစ်တဲ့ ပျူစောထီးခေါင်းဆောင် ဇော်ဝင်း () မြွေဟောက်ကို နတ်မောက်မြို့နယ် မဟာမိတ် တပ်ပေါင်းစုက နတ်မောက်မြို့ရဲစခန်းအနီးမှာပဲ အောက်တိုဘာ ၃၀ ရက် ညနေ နာရီခန့်မှာ ပစ်ခတ်ရှင်းလင်းခဲ့ရာ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ဖော်ဝင်း () မြွေဟောက်ဟာ စစ်ထွက်တဦးဖြစ်ပြီး အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း   ပျူစောထီးခေါင်းဆောင်အဖြစ် တာဝန်ယူကာ နတ်မောက်မြို့နယ်က ဒေသနေပြည်သူတွေကို ဒုက္ခမျိုးစုံပေးနေသူဖြစ်ကာ လူငယ်တွေကို အတင်းအဓမ္မစစ်သား စုဆောင်းရာမှာ အားကြိုးမာန်တက် လုပ်ကိုင်နေသူလို့ သိရပါတယ်။

 သူ့မှာ ပစ္စတိုသေနတ်တလက်နဲ့ လက်ပစ်ဗုံး ၂လုံးရှိတယ်လို့သိရပေမယ့် ပစ်ခတ်ရှင်းလင်းတဲ့နေရာဟာ ရဲစခန်းနဲ့နီးနေတာကြောင့် ရှာဖွေသိမ်းဆည်းဖို့ အချိန်မရခဲ့ဖူးလို့လည်း နတ်မောက်မြို့နယ်မဟာမိတ်တပ်ပေါင်းစုက အသိပေးထားပါတယ်။  

နတ်မောက်တော်လှန်ရေးအင်အားစုတွေက နတ်မောက်မြို့ပေါ်က အကြမ်းဖက်စစ်တပ်ထောက်တိုင်အဖြစ် လုပ်ကိုင်နေတဲ့ အုပ်ချုပ်ရေးမှူးများ၊ လောင်းကစားသမားများ၊ ပျူစောထီးများ၊ စစ်သားနဲ့ ရဲများကို ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ သတိပေးထားပါတယ်။


========================


🚩🚩 ၇။ ကဲချောင်းရွာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ဦး ဒဏ်ရာရ


အောက်တိုဘာ ၃၁၊ 

Radio NUG


မကွေးတိုင်း၊ ဆောမြို့နယ်၊ ကဲချောင်းကျေးရွာကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက် ခဲ့တာကြောင့် အရပ်သား ပြည်သူ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ယောအလင်းတန်းထံက သိရပါတယ်။


အောက်တိုဘာလ ၃၀ ရက်နေ့ ၁၂ နာရီခန့်မှာ ကဲချောင်းရွာကို MiG 29 Jet Fighter တစီးဖြင့် ပေါင် ၂၅၀ ဗုံး နှစ်လုံး ကြဲချ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် ဦးသာအေး ၇၂ နှစ်၊ ဦးကျော်မြင့် ၅၀ နှစ်၊ ဦးအောင်မင်းထွန်း ၄၂ နှစ်နဲ့ မယွန်းဝတီ အသက် ၁၁ နှစ်တို့ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး လူနေအိမ် လုံးခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။


စစ်ကောင်စီ တပ်ဟာ ယောနယ်ဘက်က ကျေးရွာတွေကို တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေတာကြောင့် မိဘပြည်သူများအနေနဲ့ လေကြောင်းအန္တရာယ် ဂရုစိုက်ကြဖို့နဲ့ ဗုံးခိုကျင်းများ ပြုလုပ်ထားကြဖို့ အသိပေးထားပါတယ်။


========================


🚩🚩 ၈။ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာ ရွာအား စစ်ကောင်စီတပ်မှ အကြမ်းဖက်မီးရှို့ဖျက်ဆီးပြီး Drone ဗုံးသီးချ တိုက်ခိုက်ခဲ့သဖြင့် ဘုန်းကြီးကျောင်း ၃ကျောင်း၊ စာသင်ကျောင်းနှင့် ပြည်သူပိုင်နေအိမ် ၇၀၀ နီးပါး ပျက်ဆီးဆုံးရှုံး


အောက်တိုဘာ ၃၁

Radio NUG

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာ ရွာအား စစ်ကောင်စီတပ်မှ အကြမ်းဖက်မီးရှို့ဖျက်ဆီးပြီး Drone ဗုံးသီးချ တိုက်ခိုက်ခဲ့သဖြင့် ဘုန်းကြီးကျောင်း ၃ကျောင်း၊ စာသင်ကျောင်းနှင့် ပြည်သူပိုင်နေအိမ် ၇၀၀ နီးပါး ပျက်ဆီးဆုံးရှုံးခဲ့ရပါတယ်။


အောက်တိုဘာ ၃၀ ရက်နေ့ နေ့လယ်တွင် ကန့်ဘလူမြို့နယ်၊ ကာဘိုးတိုက်နယ်အတွင်းရှိ ကျီစုရွာနှင့် ကျောက်တိုင်ရွာတို့အား စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအင်အား ၁၆၀ ခန့်မှ အကြမ်းဖက်ဝင်ရောက်မီးရှို့ဖျက်ဆီးသည့်အပြင် Drone ဗုံးသီးချ တိုက်ခိုက်ခဲ့သဖြင့် ကျီစုရွာမှ ဘုန်းကြီးကျောင်း ၂ကျောင်းနှင့် ပြည်သူပိုင်နေအိမ် (၄၀၀) ခန့် ပျက်ဆီးဆုံးရှုံးပြီး ကျောက်တိုင်ရွာမှ ဘုန်းကြီးကျောင်း(မြောက်)ကျောင်း၊ စာသင်ဆောင်တစ်ဆောင်နှင့် ပြည်သူပိုင်နေအိမ် ၃၀၀ နီးပါး ပျက်ဆီးဆုံးရှုံးခဲ့ကြောင်းသိရပါတယ်။


"ကျီစုနဲ့ ကျောက်တိုင်က လွန်ခဲ့တဲ့ နှစ်က မီးရှို့ခံရဖူးတယ်၊ ကျီစုက အခုနဲ့ဆို ရှို့ခံရတာ ကြိမ်၊ ကျောက်တိုင်က ၂ကြိမ်ရှိပြီ ။ကျီစုက အရင်ရှို့ခံထားရတော့ အိမ်ခြေ ၂၀၀ လောက်ကျန်တာ၊ ကျောက်တိုင်လဲ ၁၅၀လောက်ကျန်မှာပဲ။ ၂ရွာစလုံး ရှောင်နေရာကနေ အခုနောက်ပိုင်းမှ ကိုယ့်အိမ်ကွင်းနဲ့ကိုယ်  အိမ်လေးတွေပြန်ဆောက်ပြီး နေကြတာ၊ အခုတခါ စစ်ကြောင်းဝင်တော့ အရင်မရှို့ခံရတဲ့အိမ်တွေရော အကုန်ရှို့သွားတယ်တဲ့ အသစ်ဆောက်ထားတာလေးတွေရော ဘာမှမကျန်ဘူးပြောတာပဲ တရွာလုံးနီးနီးအကုန်ရှို့ခံရတာ ထင်ပါတယ်"လို့ ကျီစုရွာမှ စစ်ရှောင်ပြည်သူတစ်ဦးမှ ပြောပါတယ်။


ထိုစစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာများအတွင်း အကြမ်းဖက်ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးသည့်အပြင် Drone ဖြင့်  ကျေးရွာများအတွင်းဗုံးသီး (၁၁)ကြိမ်ချခဲ့ကြောင်းသိရပါတယ်။


ထိုသို့ ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းကြောင့် အိုင်ပေါင်းချောင်ရွာမှ  အမျိုးသားတစ်ဦး ဗုံးစမှန်၍ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိုင်ပေါင်းချောင်ရွာမှ ဘုန်းကြီးကျောင်းအတွင်း စစ်ရှောင်နေသည့် အမျိုးသား ၃၄ ဦးနှင့် အမျိုးသမီး ဦး၊စုစုပေါင်း အပြစ်မဲ့ပြည်သူ ၃၇ ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးကာ ကန့်ဘလူ ၆၀၀၆ တကရတပ်သို့ ခေါ်ဆောင်သွားရာ ယခုအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရပါတယ်။


========================


🚩🚩 ၉။ ကျိုက်ထိုတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံတွေ ထွက်ပြေးနေရ


အောက်တိုဘာ ၃၁၊ 

Radio NUG


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က KNU ထိန်းချုပ်နယ်မြေထဲကို စစ်ကောင်စီက စစ်ကြောင်းထိုးလာတာကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပြီး ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။


အောက်တိုဘာလ ၃၀ ရက်နေ့က စပြီး ကျိုက်ထိုမြို့နယ် KNU ထိန်းချုပ်နယ်မြေထဲက မဲရုံးကြီး ကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာကာ ကျောက်ပုံကျေးရွာက KNLA/PDF ပူးပေါင်းအဖွဲ့ရဲ့ ယာယီဂိတ်စခန်း တခုကို မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။


ထို့အပြင် အောက်တိုဘာလ ၃၁ ရက်‌နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ KNLA/PDF ပူးပေါင်း အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။


ကျိုက်ထို မြို့နယ်ထဲက စစ်ကောင်စီ ခြေလျှင်၊ ခြေမြန် တပ်တွေနဲ့ အမြှောက်တပ်တွေပါ အင်အား ၂၀၀ ဝန်းကျင်ခန့်ဟာ စစ်ကြောင်း သုံးကြောင်းခွဲပြီး ဝင်ရောက်လာတာလို့ တော်လှန်ရေး တပ်ဖွဲ့ဝင် တဦးက ဆိုပါတယ်။


လက်ရှိမှာတော့ ကျိုက်ထိုမြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူ ၅၀၀ ခန့်ဟာ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင် နေရတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment