22nd OCT 2024 - Evening Daily News by Radio NUG

 

၂၀၂၄ အောက်တိုဘာလ ၂၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အယူအဆမတူ ဝါဒမတူလို့ထောင်သွင်းအကျဥ်းချခံရတဲ့လူဦးရေဟာ ၈၈ထက်တောင်ပိုများနေပြီး အပြစ်မဲ့တဲ့လူတွေ အကျဥ်းထောင်ထဲဆုံးရှုံးခဲ့ရတယ်လို့ဆို

📌 ၂။ တော်လှန်ရေးအင်အားစုဘက်မှ မြေပြင်ကျောင်းတွေကို ဆေးကျောင်းများဖွင့်လှစ်သင်ကြားပေးနိုင်တဲ့အထိရောက်ရှိနေကြောင်းနိုင်ငံတကာကိုအသိပညာပေးခဲ့တယ်လို့ဆို

📌 ၃။ မြန်မာနိုင်ငံမှာ  တရားဥပဒေစိုးမိုးရေး ပြိုလဲနေပြီလို့ ကုလသမဂ္ဂမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းဖွင့်ချ

📌 ၄။ "နိုင်ငံတကာအရေးယူမှုထဲမှာစစ်ကောင်စီရဲ့ငွေကြေးစီးဆင်းမှုကိုထိထိရောက်ရောက် ဖြတ်တောက်ဖို့လိုအပ်"


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မြန်မာနိုင်ငံတွင် နေရပ် စွန့်ခွာသူ . သန်းကျော်ရှိနေပြီး လူငယ်ပေါင်းများစွာ အိမ်နီးချင်းနိုင်ငံများ နှင့် နိုင်ငံတွင်း တောတောင်များရှိ လွတ်မြောက်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရ

🚩 ၂။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ကပြည်သူလူထုနဲ့တွေ့ဆုံ

🚩 ၃။ KNU/KNLA ဗဟိုဌာနချုပ်  သေ့ဘေးထစခန်းကို အကြမ်းဖက် စစ်ကောင်စီက ကာမီကာဇယ်ဒရုံးအကြီးများဖြင့် ယနေ့မနက် ဗုံးကြဲတိုက်ခိုက်

🚩 ၄။ ထားဝယ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားတစ်ဦး ကျဆုံးကာ၂၀၂၄ခုနှစ်အတွင်း ဆေးဝါးစောင့်ရှောက်မှု မလုံလောက်၍ ကျဆုံးသူ (၁၅)ဦးအထိရှိလာ

🚩 ၅။ အဆိုတော်ကျားပေါက်ရဲ့ ပန်းချီကားလေလံအလှူမှ ငွေကျပ်(၁၆၅)သိန်းတိတိကို စစ်တောင်းမြစ်ဝှမ်းအရှေ့ PDFစိုးမိုးနယ်မြေများရှိရေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးအပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ အယူအဆမတူ ဝါဒမတူလို့ထောင်သွင်းအကျဥ်းချခံရတဲ့လူဦးရေဟာ ၈၈ထက်တောင်ပိုများနေပြီး အပြစ်မဲ့တဲ့လူတွေ အကျဥ်းထောင်ထဲဆုံးရှုံးခဲ့ရတယ်လို့ဆို


အောက်တိုဘာ၂၂ရက်


အယူအဆမတူ ဝါဒမတူလို့ထောင်သွင်းအကျဥ်းချခံရတဲ့လူဦးရေဟာ ၈၈ထက်တောင်ပိုများနေပြီး အပြစ်မဲ့တဲ့လူတွေ အကျဥ်းထောင်ထဲဆုံးရှုံးခဲ့ရတယ်လို့ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်ကဆိုပါတယ်။

အောက်တိုဘာလအတွင်း အမေရိကန်ဘော်စတွန်မြို့ လူထုတွေ့ဆုံပွဲမှာ ဆက်သွယ်ရေးသတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်ကဆိုပါတယ်။

"ဆရာဇော်မြင့်မောင်ရဲ့စျာပနာကိုဝမ်းနည်းစွာကြားလိုက်ရတယ်။ထောင်ထဲမှာ နှစ်ပေါင်းများစွယအကျဥ်းကျခံခဲ့ရတဲ့တော်လှန်ရေးသမားတယောက်၊နိုင်ငံရေးသမားတယောက်၊အင်မတန်မှကိုတန်ဖိုးရှိတဲ့နိုင်ငံရေးသမားကိုကျနော်တို့ဆုံးရှုံးလိုက်ရတယ်။လက်ရှိအကျဥ်းထောင်ထဲမှာအခြားသောနိုင်ငံရေးခေါင်းဆောင်တွေ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်အများကြီးရှိသေးတယ်။အယူအဆမတူလို့၊ဝါဒမတူလို့ထောင်ချတာဟာ ၈၈ထက်တောင်ပိုများတယ်။လူဦးရေထောင်နဲ့ချီကိုပေါ့ထောင်ထဲမှာချုပ်နှောင်ထားတယ်။အပြစ်မဲ့တဲ့လူတွေထောင်ထဲမှာဆုံးရှူံးခဲ့ရတယ်"လို့ဝန်ကြီးကဆိုပါတယ်။

AAPPရဲ့စာရင်းအချက်အလက်များအရ မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၅၆၃) ဦးရှိပြီး ထိုအထဲမှ (၂၁၀၂၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၄၇၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


========================


📌📌 ၂။ တော်လှန်ရေးအင်အားစုဘက်မှ မြေပြင်ကျောင်းတွေကို ဆေးကျောင်းများဖွင့်လှစ်သင်ကြားပေးနိုင်တဲ့အထိရောက်ရှိနေကြောင်းနိုင်ငံတကာကိုအသိပညာပေးခဲ့တယ်လို့ဆို


အောက်တိုဘာ၂၂ရက်


တော်လှန်ရေးအင်အားစုဘက်မှ မြေပြင်ကျောင်းတွေကို ဆေးကျောင်းများဖွင့်လှစ်သင်ကြားပေးနိုင်တဲ့အထိရောက်ရှိနေကြောင်းနိုင်ငံတကာကိုအသိပညာပေးခဲ့တယ်လို့ပညာရေးဒုဝန်ကြီးဒေါက်တာစိုင်းခိုင်မျိုးထွန်းကဆိုပါတယ်။

ကြားကာလယာယီကောင်စီ၊ ဆေးတက္ကသိုလ် (မန္တလေး) ၁၀/၂၀၂၄ အတန်း မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားမှာ ပညာရေးဒုဝန်ကြီးဒေါက်တာစိုင်းခိုင်မျိုးထွန်းကဆိုပါတယ်။

"ကျနော်တို့လည်းနိုင်ငံတကာနဲ့ထိတွေ့တဲ့အချိန်မှာ သင်ကြားရေးပညာရေးဘာသာရပ်တွေအများကြီးရှိတယ်။ဒီထဲကမှထူးခြားစွာနဲ့ဆေးကျောင်းတွေမြေပြင်ဖွင့်နေတယ်။ဂုဏ်ယူစရာကောင်းလောက်အောင် ဖွင့်နေတယ်လို့ပြောတဲ့အခါသူတို့အံ့သြကြပါတယ်။ကျနော်တို့အဆင့်မြင့်ပညာကဏ္ဍာမှာ ကျောင်းပြန်ဖွင့်တော့ကျောင်းပေါင်း၂၀လောက်ကပုံမှန်အတန်းတွေပြန်ဖွင့်လက်ခံနေပါတယ်။အဲဒီမှာဆိုရင်ဆေးတက္ကသိုလ်၊နည်းပညာတက္ကသိုလ်၊ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၊သစ်တောအစရှိသဖြင့်ဖွင့်နိုင်ကြပါတယ်။ဒါလည်းအားလုံးရဲ့တက်ညီလက်ညီကြိုးစားမှုကြောင့်ဖြစ်ပါတယ်"လို့ဆိုပါတယ်။

လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနဟာ ကြားကာလပညာသင်ကြားရေးအစီအစဥ်ကိုအကောင်ပထည်ဖော်ဆောင်နေပြီးတိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၃။ မြန်မာနိုင်ငံမှာ  တရားဥပဒေစိုးမိုးရေး ပြိုလဲနေပြီလို့ ကုလသမဂ္ဂမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းဖွင့်ချ


အောက်တိုဘာ၂၂ရက်


(၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ဆဋ္ဌမကော်မတီ အစီအစဉ်အမှတ် ၈၄ " ပြည်တွင်းနှင့် နိုင်ငံတကာအဆင့်များ၌ တရားဥပဒေစိုးမိုးရေး" ခေါင်းစဉ်ဖြင့်  ဆွေးနွေးသည့် အထွေထွေဆွေးနွေးမှု တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောကြားခဲ့ပါတယ်။

"စစ်တပ်သည် ယခုအခါ ဥပဒေများကို တရားမျှတမှုအတွက် အသုံးပြုမည့် အစား ဖိနှိပ်ရေးကိရိယာအဖြစ် အသုံးပြုနေကြောင်း၊ ထိုကဲ့သို့သော လုပ်ရပ်များအတွက် တာဝန်ခံ မှု မရှိ၊ ဥပဒေကို တရားမျှတစွာ အသုံးချခြင်းမရှိ၊  နိုင်ငံသားတို့ရပိုင်ခွင့်ရှိမည့် အခြေခံ လူ့ အခွင့်အရေးများကိုလည်း  ကာကွယ်မှုမရှိပါကြောင်း၊ မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးရေး ပြိုလဲ မှုသည် တရားမျှတသော လူ့အဖွဲ့အစည်းတစ်ရပ်အတွက် မရှိမဖြစ်လိုအပ်သော ဥပဒေရေးရာ အကာအကွယ်များမဲ့စေခဲ့ကြောင်း၊  ထိုကဲ့သို့ပြိုလဲမှုသည် မြန်မာ့ဥပဒေစံနှုန်းများကိုသာမက အပြည်ပြည်ဆိုင်ရာ ဥပဒေ၏ အခြေခံမူများကိုပါ ဆန့်ကျင်နေပါကြောင်း"သံအမတ်ကြီးကပြောပါတယ်။

 စစ်အုပ်စု၏ တရားဥပဒေစိုးမိုးရေးအား ဖျက်ဆီးမှုကြောင့် မြန်မာနိုင်ငံသည် နိုင်ငံပေါင်းစုံမှ ခေတ်သစ်ရာဇဝတ်မှုများ၊ ဆိုက်ဘာရာဇဝတ်မှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများအတွက် ဘေးကင်း ခိုလှုံရာနေရာများ ဖြစ်ပေါ်စေခဲ့ပြီး အွန်လိုင်း အခြေပြု ရာဇဝတ်မှုများဖြစ်ပွားမှုလည်း မြင့်တက်လာခဲ့တယ်လို့သံအမတ်ကြီးကဖွင့်ချပြောဆိုပါတယ်။


========================


📌📌 ၄။ "နိုင်ငံတကာအရေးယူမှုထဲမှာစစ်ကောင်စီရဲ့ငွေကြေးစီးဆင်းမှုကိုထိထိရောက်ရောက် ဖြတ်တောက်ဖို့လိုအပ်"


အောက်တိုဘာ၂၂ရက်


"နိုင်ငံတကာအရေးယူမှုထဲမှာစစ်ကောင်စီရဲ့ငွေကြေးစီးဆင်းမှုကိုထိထိရောက်ရောက် ဖြတ်တောက်ဖို့လိုအပ်"တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးကျော်ဇော်ကပြောပါတယ်။

အောက်တိုဘာလ ၁၉ ရက် RFA သတင်းဌာန စကားဝိုင်းမှာသမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးကျော်ဇော်ကပြောကြားခဲ့ပါတယ်။

"နိုင်ငံတကာအရေးယူမှုထဲမှာ စစ်ကောင်စီ လေယာဉ်ဆီရရှိနေတာကတော့ ကျွန်တော်တို့ရဲ့ ဒေသတွင်းနိုင်ငံတွေ ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်နေတာ ပြသခြင်းဖြစ်ပါတယ်။ နောက် စစ်ကောင်စီရဲ့ငွေကြေးစီးဆင်းမှုကိုထိထိရောက်ရောက် ဖြတ်တောက်ဖို့လိုတယ်။ သူတို့က နိုင်ငံတည်ဆောက်ဖို့လုပ်နေတာမဟုတ်ဘူး လူသတ်ဖို့လုပ်နေတာ။ စီးပွားရေးပိတ်ဆို့မှု တခုတည်းနဲ့ကတော့ ဒီစစ်ကောင်စီပြုတ်ကျမှာမဟုတ်ဘူး၊ ပြည်သူတွေရဲ့အားနဲ့အနိုင်ယူမယ့် တော်လှန်ရေးဖြစ်တယ်။ ဒါပေမယ့် ဒီပိတ်ဆို့မှုတွေက စစ်ကောင်စီရဲ့ သက်တမ်းတိုအောင် လုပ်တဲ့ကိရိယာတစ်ခုဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်။" လို့ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ရေနံနဲ့သဘာဝဓာတ်ငွေ့အပါအဝင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းအများစုကနေစစ်သုံးစရိတ်ရရှိကာအရပ်သားများကိုသတ်ဖြတ်လျက်ရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ မြန်မာနိုင်ငံတွင် နေရပ် စွန့်ခွာသူ . သန်းကျော်ရှိနေပြီး လူငယ်ပေါင်းများစွာ အိမ်နီးချင်းနိုင်ငံများ နှင့် နိုင်ငံတွင်း တောတောင်များရှိ လွတ်မြောက်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရ


အောက်တိုဘာ၂၂ရက်


(၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ၏ ဘာသာရပ်အစီအစဉ် (၂၀)() အောက်ရှိ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်မှုနှင့် ဒုတိယကော်မတီဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထွေထွေဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကအခုလိိုထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

"မတရား စစ်အာဏာသိမ်းယူရန် ကြိုးပမ်းခဲ့ခြင်းနှင့် စစ်ကောင်စီ၏ ရက်စက်သည့်လုပ်ရပ်များသည် ရွှေ့ပြောင်းသူများဖြစ်ပေါ်စေရန် အဓိကအချက်များဖြစ်ခြင်း၊ စစ်အုပ်စုမှ တော်လှန်ရေး အင်အားစု များကို ဖိနှိပ်ရန် နိုင်ငံအဝှမ်းရှိ ပြည်သူတစ်ရပ်လုံးအား ဆက်ဆုတ်ဖွယ်ကောင်းသည့် အကြမ်းဖက် လုပ်ရပ်များကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့ခြင်း၊ ငွေကြေးဖောင်းပွမှု၊ လုပ်အားခကျဆင်းမှုနှင့် အရွယ်ရောက်ပြီးသူ အလုပ်လက်မဲ့များပြားလာမှုနှင့် ဆင်းရဲမွဲတေမှုမြင့်တက် လာခြင်း၊ အတင်း အဓမ္မ စစ်မှုထမ်းခိုင်းစေခြင်းများကြောင့် တိုင်းပြည်၏ လူငယ်ပေါင်းများစွာသည် အိမ်နီးချင်းနိုင်ငံများ နှင့် နိုင်ငံတွင်း တောတောင်များရှိ လွတ်မြောက်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်း၊ ပြည်သူများအပေါ် စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အကြမ်းဖက်မှုများ ပြုလုပ်ခြင်းများအပြင် စီးပွားရေးဆုတ်ယုတ်မှု၊ စစ်မှုထမ်းခိုင်းစေမှုနှင့် နိုင်ငံရေး မတည်ငြိမ်မှုများက ရွှေ့ပြောင်းသူများ အများအပြားဖြစ်ပေါ်စေခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် နေရပ် စွန့်ခွာသူ . သန်းကျော်ရှိနေကြောင်း"သံအမတ်ကြီးကပြောပါတယ်။

မတရား စစ်အာဏာသိမ်းယူရန် ကြိုးပမ်းခဲ့ခြင်းနှင့် စစ်ကောင်စီ၏ ရက်စက်သည့်လုပ်ရပ်များသည် ရွှေ့ပြောင်းသူများ ဖြစ်ပေါ်စေရန် အဓိကအချက်များဖြစ်ကာ နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုအပါအဝင် ထိရောက်ပြီးညှိနှိုင်းဆောင်ရွက်မှုရှိသည့် အရေးယူဆောင်ရွက်မှုများ ကို အစောတလျင် လုပ်ဆောင် ပေးရန်လိုအပ်ကြောင်းသံအမတ်ကြီးကထပ်လောင်းပြောပါတယ်။


========================


🚩🚩 ၂။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ကပြည်သူလူထုနဲ့တွေ့ဆုံ


အောက်တိုဘာ၂၂ရက်


ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ကပြည်သူလူထုနဲ့တွေ့ဆုံခဲ့တယ်လို့အောက်တိုဘာ၂၂ရက်ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကသတင်းထုတ်ပြန်ပါတယ်။

"ပြည်သူ့ဆက်ဆံရေးနှင့် စည်းရုံးရေးဌာနမှ ပြုလုပ်ခဲ့သည့်ပြည်သူနှင့်တွေ့ဆုံပွဲ မှတ်တမ်းပုံရိပ်များ"လို့လူထုတွေ့ဆုံပွဲကိုဖော်ပြပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေနဲ့ပြည်သူများကိုမိဘသဖွယ်ပြုမူဆက်ဆံရန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း ကျင့်ဝတ်များထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ KNU/KNLA ဗဟိုဌာနချုပ်  သေ့ဘေးထစခန်းကို အကြမ်းဖက် စစ်ကောင်စီက ကာမီကာဇယ်ဒရုံးအကြီးများဖြင့် ယနေ့မနက် ဗုံးကြဲတိုက်ခိုက်


အောက်တိုဘာ၂၂ရက်


KNU/KNLA ဗဟိုဌာနချုပ်  သေ့ဘေးထစခန်းကို အကြမ်းဖက် စစ်ကောင်စီက ကာမီကာဇယ်ဒရုံးအကြီးများဖြင့်ယနေ့မနက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။

"ဒီနေ့ နံနက် ၁၀ နာရီ KNU ဌာနချုပ်နေရာကို စစ်ကောင်စီဘက်မှ ကာမိကာဇီလေးစင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရတယ်"လို့ တော်လှန်ရေးအင်အားစုထောက်ပို့တဦးကလည်းဆိုထားပါတယ်။

ထိခိုက်ပျက်စီး အများအပြားမရှိသော်လည်း လုံခြုံရေးအရ ရုံးလည်ပတ်မှုနဲ့ ကျောင်းများ ယာယီရပ်ဆိုင်းလိုက်တယ်လို့သိရပါတယ်။

လတ်တလောမှာ ပြည်သူ တစ်ဦး ထိခိုက်ပြီး အသက်အန္တရာယ် စိုးရိမ်ရကာ အဆောက်အဦတချို့ပျက်စီးခဲ့ပါတယ်။


========================


🚩🚩 ၄။ ထားဝယ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားတစ်ဦး ကျဆုံးကာ၂၀၂၄ခုနှစ်အတွင်း ဆေးဝါးစောင့်ရှောက်မှု မလုံလောက်၍ ကျဆုံးသူ (၁၅)ဦးအထိရှိလာ


အောက်တိုဘာ၂၂ရက်


ထားဝယ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားတစ်ဦး ကျဆုံးကာ၂၀၂၄ခုနှစ်အတွင်း ဆေးဝါးစောင့်ရှောက်မှု မလုံလောက်၍ ကျဆုံးသူ (၁၅)ဦးအထိရှိလာတယ်လို့သိရပါတယ်။

ထားဝယ်အကျဉ်းထောင်တွင် ပုဒ်မ ၅၀ည နှင့်ပုဒ်မ  ၅၂ တို့ဖြင့် မတရားဖမ်းဆီးခံထားရသည့် အသက် (၆၂)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ဦးရဲအောင်(ခေါ်) ကိုချင်း ()ဦးစိန်လင်း သည်

အောက်တိုဘာလ(၁၇)ရက်နေ့တွင် ထားဝယ်ဆေးရုံ၌ ကျဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)ကဖော်ပြပါတယ်။

အကျဉ်းထောင်တွင်း ဖမ်းဆီးခံထားရစဉ် စက်တင်ဘာလ (၂၇)ရက်နေ့တွင် လေဖြတ်သွားသည့်အတွက် ထောင်တွင်း ဆရာဝန်အင်အားလောက်ငှမှုမရှိ၍ ထောင်ပြင်ပသို့ ပို့ဆောင်ကုသမှု ခံယူခဲ့ရပြီး အဆိုပါ လေဖြတ်ရောဂါဝေဒနာကို ကုသမှု ခံယူနေချိန်၌ ကျဆုံးသွားကြောင်း ကနဦးသိရှိထားရပါတယ်။

ကျဆုံးရသည့် အခြေအနေအသေးအစိတ်အား မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ အတည်ပြုနိုင်ရေး ကြိုးစားလျက်ရှိတယ်လို့သိရပါတယ်။


========================


🚩🚩 ၅။ အဆိုတော်ကျားပေါက်ရဲ့ ပန်းချီကားလေလံအလှူမှ ငွေကျပ်(၁၆၅)သိန်းတိတိကို စစ်တောင်းမြစ်ဝှမ်းအရှေ့ PDFစိုးမိုးနယ်မြေများရှိရေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးအပ်


အောက်တိုဘာ၂၂ရက်


အဆိုတော်ကျားပေါက်ရဲ့ ပန်းချီကားလေလံအလှူမှ ငွေကျပ်(၁၆၅)သိန်းတိတိကို စစ်တောင်းမြစ်ဝှမ်းအရှေ့ PDFစိုးမိုးနယ်မြေများရှိရေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးအပ်ခဲ့တယ်လို့အောက်တိုဘာ၂၂ရက်မှာနေပြည်တော်PDFက တရားဝင်အသိပေးဖော်ပြပါတယ်။

 ကိုကျားပေါက်၏ ပန်းချီကားလေလံအလှူမှ ငွေကျပ်(၁၆၅)သိန်းတိတိကို စစ်တောင်းမြစ်ဝှမ်းအရှေ့ PDFစိုးမိုးနယ်မြေများရှိရေဘေးသင့်ပြည်သူများအားတစ်အိမ်ထောင်လျှင်ငါးသောင်းကျပ်နှုန်းဖြင့်၎င်း အိမ်အလုံးလိုက်မျောပါ ပျောက်ဆုံးသူများအတွက် ကျပ်()သိန်းနှုန်းဖြင့်၎င်း စုစုပေါင်းအိမ်ထောင်စု(၂၀၀)နီးပါးအားနေပြည်တော်PDFရဲဘော်များမှ တစ်အိမ်တက်ဆင်းသွားရောက်လှုဒါန်းခဲ့တယ်လို့ဖော်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကလည်းရေဘေးသင့်ပြည်သူသန်းနဲ့ချီကို ထောက်ပံမှုများအချိန်မီလုပ်ဆောင်နိုင်ခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment