22nd OCT 2024 - Morning Daily News by Radio NUG

၂၀၂၄ အောက်တိုဘာလ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမေရိကန်မြောက်ပိုင်း ကယ်လီဖိုးနီးယားရှိ မြန်မာမိသားစုများနဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး တွေ့ဆုံမယ်

📌 ၂။ အင်မထီး ပျူရွာက ထွက်ပြေးလာသော အရပ်သားများကို ပုလဲမြို့နယ် ပအဖ၊ လူသားစာနာနှင့် PDF များမှ ကယ်တင် 

📌 ၃။ ကနီမြို့နယ်အတွင်း ထိခိုက်ဒဏ်ရာရ စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်

📌 ၄။ ဆားလင်းကြီးမြို့နယ် NUG ကြားကာလပညာရေးအတွက် စာသင်ဆောင် () ဆောင် ဆောက်လုပ်လှူဒါန်း

📌 ၅။ မန္တလေး ကောင်စစ်ဝန်ရုံး တိုက်ခိုက်မှုကို တရုတ်နိုင်ငံ ရှုံ့ချ

📌 ၆။ ပုလောမြို့နယ် ကျောက္ကာမှ မြိတ်သို့ သွားသည့် လူဦးရေ (၇၀) ခန့်ပါ ခရီးသည်လှေ နစ်မြုပ်

📌 ၇။ Miss ဝင်ပြိုင်နေတဲ့ သဲသဲကို Boycott လုပ်ဖို့ တော်လှန်ပြည်သူတွေကို အသိပေး


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ယော ဗျူဟာကို ဖွဲ့စည်းပြီး လက်နက်တပ်ဆင် စုဖွဲ့မှု ဆောင်ရွက်ခဲ့

🚩 ၂။ အမှတ် - ၁၀၀၃ BGF ဌာနချုပ်စခန်းကုန်းကို KIA ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်

🚩 ၃။ မောင်တောတွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား () ဦး သေဆုံး၊ (၁၄) ယောက်ထက်မနည်း ပြင်းထန် ဒဏ်ရာရ၊ အမ်းမြို့တွင်လည်း စစ်ကောင်စီ လက်နက်ကြီးပစ်လို့ အရပ်သားပြည်သူ () ဦး သေဆုံး၊ () ဦး ဒဏ်ရာရ

🚩 ၄။ KNU အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ () ဦး ဒဏ်ရာရ

🚩 ၅။ ကောလင်းတွင် စစ်ကောင်စီက တရက်အတွင်း () ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ () ဦး သေဆုံး

🚩 ၆။ ငါးဇွန်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းအား သွားရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှု ရှိခဲ့

🚩 ၇။ ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ (တပ်မဟာ -) () လပတ် အစည်းအဝေးကြီးအား ကောင်းမွန်စွာ ကျင်းပခဲ့

🚩 ၈။ PDF တပ်မတော်မှာ အင်အား (၇၀,၀၀၀) ကျော် နဲ့ ပကဖအဖွဲ့မှာ ပြည်သူ့စစ်အသွင် ဖွဲ့စည်းထားတဲ့ အင်အား သိန်းချီ ရှိနေပြီလို့ ဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ အမေရိကန်မြောက်ပိုင်း ကယ်လီဖိုးနီးယားရှိ မြန်မာမိသားစုများနဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး တွေ့ဆုံမယ်


အမေရိကန်နိုင်ငံမြောက်ပိုင်း ကယ်လီဖိုးနီးယားရှိ မြန်မာမိသားစုများနဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး တွေ့ဆုံမယ်လို့ သိရပါတယ်။

"တွေ့ကြမယ်။ မေးကြမယ်။ ဆွေးနွေးကြမယ်။ အလုပ်ပါတဲ့ စုစည်းမှုတွေအတွက် ဝိုင်းဝန်းကြိုးစားကြမယ်။ ကူနိုင်သမျှ ကူကြမယ်။ လှူနိုင်သမျှ လှူကြမယ်။ အားလုံးကို ဖိတ်ကြားအပ်ပါတယ်" လို့ ဆိုထားပါတယ်။

လတ်တလောမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဟာ အမေရိကန်နိုင်ငံကို အလုပ်သဘောခရီးစဥ်အဖြစ် ရောက်ရှိနေခြင်း ဖြစ်ပါတယ်။


========================


📌📌 ၂။ အင်မထီး ပျူရွာက ထွက်ပြေးလာသော အရပ်သားများကို ပုလဲမြို့နယ် ပအဖ၊ လူသားစာနာနှင့် PDF များမှ ကယ်တင် 


အောက်တိုဘာလ (၂၀) ရက်နေ့တွင် အင်မထီးပျူရွာအတွင်းမှ ထွက်ပြေးလာကြပြီး တိုက်နယ်၊ ရပ်ကျေး ပအဖ၊ ပကဖများ၊ ရဲဘော်များက ကယ်ဆယ်ထားခဲ့ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။

ကယ်ဆယ်ထိန်းသိမ်းထားသော အရပ်သား အမျိုးသား လူကြီး () ဦး၊ ကလေး () ဦး၊ အမျိုးသမီး လူကြီး () ဦး၊ ကလေး () ဦး စုစုပေါင်း () ဦး တို့အား  မြို့နယ်ပအဖ ခေါင်းဆောင်နှင့် လူသားစာနာ တာဝန်ခံ၊ ပလဖ တို့မှ တွေ့ဆုံခဲ့ပြီး စစ်ဆေးမေးမြန်းခြင်း၊ ခံဝန်ထိုးခိုင်းခြင်းနှင့် အပြင်ဘက်မှာ ကောင်းမွန်စွာနေထိုင်ဖို့ မှာကြားပြီး လူသားချင်းစာနာမှုအကူအညီများ အမြန်ဆုံးရရှိအောင် ပြုလုပ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပအဖ ခေါင်းဆောင်မှ ငွေကျပ် (၁၀၀,၀၀၀) လူသားစာနာမှ ငွေကျပ် (၂၀၀,၀၀၀) နှင့် အဝတ်အစားများ၊ စောင်များ ထောက်ပံ့ပေးခဲ့ကြတယ်လို့ သိရပါတယ်။

အဓိကထွက်ပြေးလာကြတာကတော့ အတွင်းထဲမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာ၊ အစားအစာ ရှားပါးတာ၊ အလုပ်အကိုင် လွတ်လွတ်လပ်လပ် လုပ်မရတာ၊ စကစနဲ့ ပျူ ပေါင်းထားတဲ့ အခြေစိုက်စခန်းဖြစ်တာကြောင့် လွတ်လွတ်လပ်လပ် လုံလုံခြုံခြုံ နေမရတဲ့ အခြေအနေ၊ ကလေးတွေ စာမသင်ရတာ၊ အမျိုးသမီးတွေ မတော်တရော်တွေ အမြဲတမ်း ပြုမူခံရတာ၊ ပျူလက်နက်ကိုင် ခေါင်းဆောင်တွေက မထင်ရင် မထင်သလို ဆဲတာ၊ ဖမ်းဆီးတာ၊ ရိုက်နှက်တာ၊ ကလေးလူကြီးမရွေး ကြုံရကြတယ်လို့  ပုလဲမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောထားပါတယ်။


========================


📌📌 ၃။ ကနီမြို့နယ်အတွင်း ထိခိုက်ဒဏ်ရာရ စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်


ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် နာတာရှည် လေဖြတ်ရောဂါခံစားနေရသော အသက် (၇၈) နှစ်အရွယ် စစ်ဘေးရှောင်ပြည်သူ () ဦး၊  စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိထားသော အသက် (၃၁) နှစ်အရွယ် စစ်ဘေးရှောင်ပြည်သူ () ဦးနှင့် အသက် () နှစ်အရွယ် စစ်ဘေးရှောင်ပြည်သူ () ဦး စုစုပေါင်း () ဦးတို့အား တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ် (၁၀၀,၀၀၀) စီ ထောက်ပံ့ပေးခဲ့ကြောင်း သိရပါတယ်။

အဆိုပါထောက်ပံ့မှုအား ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူသားစာနာတာဝန်ခံမှ အောက်တိုဘာလ (၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါတယ်။


========================


📌📌 ၄။ ဆားလင်းကြီးမြို့နယ် NUG ကြားကာလပညာရေးအတွက် စာသင်ဆောင် () ဆောင် ဆောက်လုပ်လှူဒါန်း


အောက်တိုဘာလ (၂၁) ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် NUG ကြားကာလပညာရေးအတွက် စာသင်ဆောင် အမှတ် (၁၆) ကို ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။

ကလေးငယ်များ ကောင်းမွန်စွာ ပညာသင်ကြားနိုင်ရေး ရည်ရွယ်လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး ကျောင်းဆောင်သစ်ဖွင့်ပွဲတွင် ကလေးငယ်များအား မုန့်များ လှူဒါန်းခဲ့ကာ တန်ဖိုးအားဖြင့် ကျပ်သိန်း (၃၀) ကျော် လှူဒါန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၅။ မန္တလေး ကောင်စစ်ဝန်ရုံး တိုက်ခိုက်မှုကို တရုတ်နိုင်ငံ ရှုံ့ချ


မန္တလေးရှိ ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်မှု တရုတ်နိုင်ငံက ရှုံ့ချခဲ့ပြီး ကျူးလွန်သူများကို ဖမ်းဆီးနိုင်ရေး အစွမ်းကုန် ကြိုးစားလုပ်ဆောင်ရန် မြန်မာအာဏာပိုင်များကို တိုက်တွန်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Lin Jian က အောက်တိုဘာလ (၂၁) ရက်နေ့မှာ ပြောဆိုပါတယ်။

သောကြာနေ့ ညနေ () နာရီ ဗုံးပေါက်ကွဲမှုတွင် လူအသေအပျောက် မရှိသော်လည်း ကောင်စစ်ဝန်ရုံး၏ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားကြောင်း ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Lin Jian က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။

တရုတ်ကောင်စစ်ဝန်ရုံးသည် မကြာသေးမီက မြန်မာနိုင်ငံရှိ ၎င်း၏နိုင်ငံသားများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အဖွဲ့များအားလုံးကို လုံခြုံရေးအခြေအနေကို ဂရုပြုရန်နှင့် လိုအပ်သည့် ကြိုတင်ကာကွယ်မှုများ ချမှတ်ရန် သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကလည်း အဆိုပါ ပေါက်ကွဲမှုအပေါ် ကန့်ကွက်ရှုံ့ချထားပြီး လူမျိုးရေးပဋိပက္ခ ဖြစ်လာမှာစိုးရိမ်ကြောင်း၊ လူမျိုးရေးပဋိပက္ခဖြစ်စေမယ့် လုပ်ရပ်တိုင်းကို ဆန့်ကျင်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ ပုလောမြို့နယ် ကျောက္ကာမှ မြိတ်သို့ သွားသည့် လူဦးရေ (၇၀) ခန့်ပါ ခရီးသည်လှေ နစ်မြုပ်


အောက်တိုဘာလ (၂၀) ရက်နေ့ (၁၀) နာရီဝန်းကျင်အချိန်တွင် ပုလောမြို့နယ်၊  ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့ သွားသည့် လူဦးရေ (၇၀) ခန့် လိုက်ပါသော ခရီးသည်တင်လှေ နစ်မြုပ်သွားခဲ့ရာ နစ်မြုပ်သွားခဲ့သော လှေကို တွေ့ရှိထားပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ဒေသသတင်းများအရ သိရပါတယ်။

လှေပေါ်တွင် လိုက်ပါသူများတွင်  သီတင်းကျွတ်ချိန် နေအိမ်သို့ ခဏ ပြန်လာကြပြီး ထိုင်းနိုင်ငံ ပြန်တက်မည့်သူများ၊ စစ်ဘေးရှောင်များ၊ သီတင်းကျွတ် ကျောင်းပိတ်ရက် အိမ်ပြန်လာကြသည့် ကျောင်းသား/ကျောင်းသူများ ပါဝင်တယ်လို့ သိရပါတယ်။

အလောင်း (၁၀) လောင်းခန့် တွေ့ရှိထားပြီး အသက်ရှင်သူ (၅၀) ဦးခန့် ကယ်တင်ထားကာ ပျောက်ဆုံးသူများကို ရှာဖွေနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၇။ Miss ဝင်ပြိုင်နေတဲ့ သဲသဲကို Boycott လုပ်ဖို့ တော်လှန်ပြည်သူတွေကို အသိပေး


Miss ဝင်ပြိုင်နေတဲ့ သဲသဲကို Boycott လုပ်ဖို့ တော်လှန်ပြည်သူတွေကို အောက်တိုဘာလ (၂၁) ရက် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုက အသိပေးဆိုထားပါတယ်။

 "Missတစ်ယောက်ဟာ နိုင်ငံ တစ်နိုင်ငံရဲ့ ဂုဏ်ဆောင်တဲ့။အဲ့လိုလူတစ်ယောက်ဟာ ကိုယ့်နိုင်ငံ့အရေး မပြောနဲ့၊ ကိုယ့်နိုင်ငံကို ဖျက်ဆီးနေတဲ့

- နိုင့်ထက်စီးနင်း အကြမ်းဖက်မှုတွေ၊ 

- ရက်စက်စွာ သတ်ဖြတ်ခံရမှုတွေ၊ 

- အပြစ်မဲ့ ပြည်သူတွေဆီကပါ အသက်၊ အိုးအိမ် လုယူ ဖျက်ဆီးမှုတွေနဲ့ ပတ်သက်လို့ တစ်ခွန်းမှ ဟမသွားတာဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဂုဏ်လို့ ပြောရင် ဒီနိုင်ငံဟာ ဂုဏ်သိက္ခာမဲ့ရာ ကျသွားပါလိမ့်မယ်။ Miss နဲ့ နိုင်ငံရေး ဘာမှမဆိုင်ဘူးဆိုသူတွေကို မေးချင်တာက အဲ့ဒီ ပြိုင်ပွဲရဲ့ Concept & Moto ဖြစ်တဲ့ "Stop the War and Violence" နဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို ဘယ်ဘက်မှ မပါဘဲတောင် Speak out ဘာလို့ လုပ်မသွားရတာလဲ" လို့ ဆိုပါတယ်။ 

နိုင်ငံအတွက် ဘာအကျိုးပြုမှုမှမရှိဘဲ အချိန်တစ်ခုရောက်တဲ့အခါ ပြည်သူတွေဆီကပဲ ပိုက်ဆံတွေ သဲ့ယူသွားတဲ့ Organization နဲ့ Miss အပါအဝင် အားလုံးကို အပြင်းအထန် ရှုံ့ချတယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုက ဖော်ပြပါတယ်။

"ဒီလို အကျိုးမရှိဘဲ ပြည်သူတွေဆီကသာ အမြတ်ထုတ်နေတဲ့ပွဲတွေကြောင့် လူတွေကြား ရောက်သင့်တဲ့ သတင်းတွေ ဘယ်လောက်တောင် အမှောင်ဖုံးနေခဲ့ပြီးပြီလဲ သတိပြုမိကြရဲ့လား။ မတရားမှုကို မျက်ကွယ်ပြုသူတို့ဟာ မတရားမှု ကျူးလွန်သူတွေကို အားပေးအားမြောက်ပြုရာ ရောက်ကြောင်း ထပ်မံ သတိပေးရင်း ဒီလိုလူတွေကို Boycott လုပ်ဖို့ တော်လှန်ပြည်သူတွေကို သတိပေးလိုက်ရပါတယ်" လို့ ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ယော ဗျူဟာကို ဖွဲ့စည်းပြီး လက်နက်တပ်ဆင် စုဖွဲ့မှု ဆောင်ရွက်ခဲ့


စစ်ကိုင်းတိုင်း ဂန့်ဂေါခရိုင် ယောဒေသ အတွင်းက တပ်ရင်းများ အနေနဲ့ ခရိုင်ကွပ်ကဲမှု လမ်းညွန်ချက်များ နဲ့အညီ ဗျူဟာ ဖွဲ့စည်းပြီး လက်နက်တပ်ဆင် စုဖွဲ့မှု ဆောင်ရွက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ (၂၀) ရက်နေ့က ဗျူဟာအတွက် လက်နက် တပ်ဆင်ပွဲ အခမ်းအနားကို စုဖွဲ့မှု တနေရာတွင် ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။

ဂန့်ဂေါခရိုင် အမှတ် (၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈) တပ်ရင်းများကို ဗျူဟာအနေနဲ့ စုဖွဲ့ခဲ့တာဖြစ်ပြီး လိုအပ်တဲ့ လက်နက်ခဲယမ်းများကို အမျိုးသားညီညွတ်‌ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တပ်ဆင်ပေးခဲ့တာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။


========================


🚩🚩 ၂။ အမှတ် - ၁၀၀၃ BGF ဌာနချုပ်စခန်းကုန်းကို KIA ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်


အောက်တိုဘာလ (၂၁) ရက် ညနေ () နာရီတွင် ကံပိုင်တည်နဲ့ () မိုင်အကွာ ရှိန်ကြိုင် (စင်ကြိုင်) ရွာရှိ အမှတ် - ၁၀၀၃ BGF ဌာနချုပ်စခန်းကုန်းကို KIA ပူးပေါင်းတပ်ဖွဲ့များ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ရှေ့တန်းသတင်းအရင်းမြစ်များမှ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲ နောက်ဆက်တွဲအခြေအနေများ မသိရသေးဘဲ နယ်မြေရှင်းလင်းရေး လုပ်နေတယ်လို့ သိရပါတယ်။

နယ်ခြားစောင့်တပ်လက်အောက် အမှတ် - ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃ တပ်ရင်းဌာနချုပ် () ခုရှိတဲ့အနက် လုပီရွာရှိ (၁၀၀၂) တပ်ရင်းဌာနချုပ်ကို အောက်တိုဘာ (၁၅) ရက်နေ့ သိမ်းပိုက်ထားပြီး (၁၀၀၃) တပ်ရင်းကို အောက်တိုဘာလ (၂၁) ရက်နေ့ သိမ်းလိုက်တာကြောင့် နိုဇွန်ဘွမ်ရွာရှိ (၁၀၀၁) တပ်ရင်းသာ ကျန်ရှိဝောာ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၃။ မောင်တောတွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား () ဦး သေဆုံး၊ (၁၄) ယောက်ထက်မနည်း ပြင်းထန် ဒဏ်ရာရ၊ အမ်းမြို့တွင်လည်း စစ်ကောင်စီ လက်နက်ကြီးပစ်လို့ အရပ်သားပြည်သူ () ဦး သေဆုံး၊ () ဦး ဒဏ်ရာရ


အောက်တိုဘာလ (၂၁) ရက် မနက် (၁း၅၀) အချိန်တွင် မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းရွာကို အကြမ်း ဖက် စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အပြစ်မဲ့ပြည်သူ အမျိုးသမီး () ဦး၊ အမျိုးသား () ဦး စုစုပေါင်း () ဦး သေဆုံးပြီး (၁၄) ဦးထက်မနည်း ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ APM သတင်းဌာနမှ ဖော်ပြထားပါတယ်။

ဖားဝပ်ချောင်းရွာကို ပေါင် (၅၀၀) ဗုံးသီးတစ်လုံး ဗုံးကြဲချမှုကြောင့် နေရာမှာတင် (၃‌) ဦး သေဆုံးပြီး ဒဏ်ရာရသူ (၁၆) ဦးထဲမှ () ဦး ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားတယ်လို့ သိရပါတယ်။

ထို့အပြင် အိမ် () လုံး၊ ကား () စီးနဲ့ သုံးဘီး () စီးတို့လည်း  ပျက်စီးသွားတယ်လို့ သိရပါတယ်။

အလားတူ အောက်တိုဘာ (၂၁) ရက် နေ့လယ် (၂း၀၀) ကျော်အချိန် အမ်းမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် လောင်းစပ်ရွာက ဒေသခံအပြစ်မဲ့ အရပ်သားပြည်သူ အမျိုးသား () ဦး သေဆုံးသွားပြီး အမျိုးသမီး () ဦးနဲ့ အမျိုးသား () ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ အနီးအနားက နေအိမ်များ ပျက်စီးသွားတယ်လို့  APM သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။


========================


🚩🚩 ၄။ KNU အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ () ဦး ဒဏ်ရာရ


ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ ခရိုင်နဲ့ တောအူးခရိုင်အတွင်းမှာ စစ်ကောင်စီရဲ့ အကြောင်းမဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ () ဦး ဒဏ်ရာရခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ခလယ်လွီထူ ခရိုင်၊ စောထိမြို့နယ်တွင် အောက်တိုဘာ (၁၅) ရက်နေ့ မနက် (၁၀း၁၀) အချိန်ခန့်က စစ်ကောင်စီ ရဲ့ ခလရ - (၅၇) တပ်ရင်းက (၈၁) မမ လက်နက်ကြီး () လုံးပစ်ခတ်ခဲ့ရာ သံဆိပ်ရွာမအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် (၁၆) နှစ် အရွယ်ရှိ ရွာသား တဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

အလားတူ တောအူးခရိုင်၊ ဒေါ့ဖားခို မြို့နယ် သံတောင်ကြီးမြို့မှာလည်း ညနေ (၄း၂၀) အချိန်ခန့်တွင် စစ်ကော်စီက (၁၂၀) မမ လက်နက်ကြီး (၁၂) လုံး ပစ်ခတ်ခဲ့ရာ မြို့အတွင်း () လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး မြို့အပြင်မှာ () လုံး ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ လက်နက်ကြီး ပေါက်ကွဲမှုကြောင့် သံတောင်ကြီးမြို့ ရပ်ကွက် () မှ အသက် (၁၃) နှစ်အရွယ် ကလေးငယ် တဦးနှင့် ဆရာမ တဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး အရပ်သား ပြည်သူပိုင် နေအိမ်တချို့ ပျက်စီးခဲ့ရပါတယ်။

ထို့ပြင် အောက်တိုဘာ (၁၆) ရက်နေ့မှာလည်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သမင်မင်းကုန်း ကျေးရွာ စာသင်ကျောင်း ပျက်စီးခဲ့ရပြီး နေအိမ်တချို့လည်း ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ကောလင်းတွင် စစ်ကောင်စီက တရက်အတွင်း () ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ () ဦး သေဆုံး


စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဥက္ကံရွာကို စစ်ကောင်စီက တရက်ထဲ လေကြောင်းတိုက်ခိုက်မှု () ကြိမ် ပြုလုပ် ခဲ့ပြီး အပြစ်မဲ့ပြည်သူ () ဦး သေဆုံးခဲ့ရတယ်လို့ Kawlin info က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ (၂၁) ရက်နေ့ မနက် (၁၀) နာရီ (၁၉) မိနစ်၊ (၂၉) မိနစ်နဲ့ (၅၈) မိနစ်တို့မှာ YAK - 130 ဂျက်ဖိုက်တာ () စီး ဖြင့် () ကြိမ်တိုင် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဥက္ကံကျေးရွာမှ အပြစ်မဲ့ ပြည်သူ () ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရထားသူတွေလည်း အများအပြား ရှိနေတယ်လို့ သိရပါတယ်။

ဗုံးကြဲခံခဲ့ရတဲ့ ဥက္ကံကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထား သတ်ဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။


========================


🚩🚩 ၆။ ငါးဇွန်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းအား သွားရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှု ရှိခဲ့


မန္တလေးတိုင်း ငါးဇွန်မြို့နယ် ငါးမြှာကြီး ကျေးရွာတွင် စစ်ကောင်စီ စစ်ကြောင်းအား တော်လှန်ရေး တပ်ဖွဲ့တွေက သွားရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ DK PDF က သတင်းထုတ်ပြန် ထားပါတယ်။

အောက်တိုဘာလ (၂၀) ရက် မနက် (၈း၁၅) အချိန်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး () နာရီကျော်ကြာ အပြန်လှန် ပစ်ခတ်တိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ကျဆုံးမှုများကို မျက်မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက်မှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်များ ရှိရာကို မကြဲမိဘဲ စစ်ကောင်စီ တပ်သားများဘက်ကို မှားကြဲချခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို မဟာမိတ် ညီနောင်များ နှင့်အတူ Dog Killers People's Defence Force Myinmu (DK-PDF MMU) က သွားရောက်အားဖြည့် တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၇။ ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ (တပ်မဟာ -) () လပတ် အစည်းအဝေးကြီးအား ကောင်းမွန်စွာ ကျင်းပခဲ့


အောက်တိုဘာလ (၁၉-၂၀)ရက်နေ့တွင် ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့-မတူပီ (တပ်မဟာ -) () လပတ် အစည်းအဝေးကြီးအား ကောင်းမွန်စွာ ကျင်းပနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။

ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ (တပ်မဟာ -) တပ်မဟာမှူးမှ မိန့်ခွန်းပြောကြားပြီး ပညာရေး၊ အုပ်ချုပ်ရေး၊ ဘာသာရေး အကြီးအကဲများမှ အမှာစကားပြောကြားကာ အခမ်းနားအစီစဥ်ကို ကောင်းမွန်စွာ ကျင်းပနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

() ရက်တာ အစည်းအဝေးကြီးတွင် တပ်ရင်းတပ်ဖွဲ့ဝင်များ၏ အခြေခံမူဝါဒနှင့် အမျိုးသားလုံခြုံရေး၊ အမျိုးသားပိုင်နက်လုံခြုံရေးအား ပိုမိုအာရုံစူးစိုက် ဆောင်ရွက်နိုင်ရန်နှင့် ပညာရေး၊ ကျန်းမားရေး၊အုပ်ချုပ်ရေး ကောင်းမွန်စွာ လည်ပတ်နိုင်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၈။ PDF တပ်မတော်မှာ အင်အား (၇၀,၀၀၀) ကျော် နဲ့ ပကဖအဖွဲ့မှာ ပြည်သူ့စစ်အသွင် ဖွဲ့စည်းထားတဲ့ အင်အား သိန်းချီ ရှိနေပြီလို့ ဆို


PDF တပ်မတော်မှာ အင်အား (၇၀,၀၀၀) ကျော် နဲ့ ပကဖအဖွဲ့မှာ ပြည်သူ့စစ် အသွင်ဖွဲ့စည်းထားတဲ့ အင်အား သိန်းချီ ရှိနေပြီး လူထုထောက်ခံမှု နဲ့ တပ်အင်အားရှိနေတဲ့ PDF ပကဖတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဦးဆောင်မှုအောက်နေ စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်မျိုးစုံကို ချေမှုန်းတိုက်ခိုက်သွားမှာဖြစ်ပါတယ်လို့ PDF Insight က အသိပေးဖော်ပြပါတယ်။

PDF တွေ နဲ့ ပကဖ တွေဟာ စစ်ပညာလုံးဝ မရှိ၊ သေနတ် တလက်မှ မရှိတဲ့ အခြေအနေကနေ လက်ရှိမှာ PDF တွေ နဲ့ ပကဖတွေဟာ  မြို့ပေါင်း () မြို့ ကို သိမ်းယူပြီး ဖြစ်သလို မြို့သိမ်းတိုက်ပွဲများစွာ ဝင်ရောက်တိုက်ခိုက်ထားတဲ့ အတွေ့အကြုံတွေကိုလည်း ရရှိထားပြီ ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment