28th OCT 2024 - Morning Daily News by Radio NUG

 

၂၀၂၄ အောက်တိုဘာလ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှု၊ လူမဆန်၍ နှိမ့်ချသော ဆက်ဆံမှုများမှာ စစ်အုပ်စုက အရပ်သားပြည်သူများကို ဖိနှိပ်ရန်နှင့် တော်လှန်ရေး အင်အားစုများ၏ သတင်းများကို ရယူရန် အသုံးပြုသော ရက်စက်သည့် နည်းလမ်းများအနက် အချို့သာဖြစ်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား

📌 ၂။ နွေဦးဘဏ် CEO မှ တိုကင် ပိုင်ဆိုင်ထားသူများသို့ ထပ်မံ၍ အမြတ်ဝေစု ခွဲဝေ

📌 ၃။ ကချင်၊ ကရင်နှင့် မန္တလေးတွင် ပြည်ပထုတ်ကုန်များ တင်ဆောင်သည်ဟုဆိုကာ အိမ်စီးကား၊ ကုန်ကားနှင့် ခရီးသည်တင်ကား စီး အသိမ်းခံရ 

📌 ၄။ ကောလင်းမြို့နယ် အနောက်ခြမ်းမှာ စစ်ရှောင်နေတဲ့ မီးရထားCDM တစ်ဦး အသားဝါရောဂါခံစားနေရတာကြောင့် ဆေးကုသဖို့ ထောက်ပံ့

📌 ၅။ ၁၀၂၇  နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် "ရန်ကုန်မှာပြန်ဆုံမယ်" လှုပ်ရှားမှု ဂျပန်နိုင်ငံတွင် ပြုလုပ် 


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်း အသက်ပေးလှူသွားခဲ့ကြသည့် TNLA တပ်မတော်သားများအား ရည်စူး၍ PSLF/TNLAမှ အလှူဒါန ပြုလုပ်ပေး

🚩 ၂။ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည် မှတ်တမ်းများ PLA ထုတ်ပြန်

🚩 ၃။ BPLAဟာ မကြာခင် အညာဒေသမှာ အခြေချပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်လာနိုင်တော့မယ်ဟု အသိပေး

🚩 ၄။ အောင်ဇေယျစစ်ကြောင်း အာရှလမ်းမကြီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

🚩 ၅။ ဖလမ်းမြို့မှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား

🚩 ၆။ ငါန်းဇွန် မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ စနိုက်ဘာဖြင့် ပစ်ခတ်ခံရပြီး ဦးသေဆုံး

🚩 ၇။ ဒူးပလာယာ ခရိုင်အတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရ

🚩 ၈။ ဘူးသိုမြို့နယ်အတွင်း စကစတိုက်လေယာဥ် ပစ်ခတ်မှုကြောင့် ကျောင်းနှင့် အိမ်ယာအချို့ ပျက်စီး

🚩 ၉။ ABSDF အမှတ် စစ်ကြောင်းမှာ ပြုလုပ်တဲ့  အခြေခံစစ်ပညာသင်တန်း ( /၂၀၂၄ ) သင်တန်းအပတ်စဉ် () သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================



📌📌 ၁။ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှု၊ လူမဆန်၍ နှိမ့်ချသော ဆက်ဆံမှုများမှာ စစ်အုပ်စုက အရပ်သားပြည်သူများကို ဖိနှိပ်ရန်နှင့် တော်လှန်ရေး အင်အားစုများ၏ သတင်းများကို ရယူရန် အသုံးပြုသော ရက်စက်သည့် နည်းလမ်းများအနက် အချို့သာဖြစ်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား


အောက်တိုဘာ ၂၇ 

Radio NUG 


(၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးအတွင်း လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ (တတိယကော်မတီ) တွင် ညှဉ်းပန်း နှိပ်စက်မှုနှင့် အခြားသော ရက်စက်ကြမ်းကြုတ်၍ လူမဆန်သော သို့တည်းမဟုတ် နှိမ့်ချသော ဆက်ဆံမှု သို့တည်းမဟုတ် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီခွဲဥက္ကဋ္ဌနှင့် အထူးအစီရင်ခံစာ တင်သွင်းသူတို့နှင့် အပြန်အလှန် ဆွေးနွေးမှုအစီအစဉ်အတွင်း ညှဉ်းပန်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှု၊ လူမဆန်၍ နှိမ့်ချသော ဆက်ဆံမှုများမှာ စစ်အုပ်စုက အရပ်သားပြည်သူများကို ဖိနှိပ်ရန်နှင့် တော်လှန်ရေး အင်အားစုများ၏ သတင်းများကို ရယူရန် အသုံးပြုသော ရက်စက်သည့် နည်းလမ်းများအနက်အချို့သာ ဖြစ်ကြောင်း  ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ ပြောကြားခဲ့ပါတယ်။


စစ်အုပ်စုအနေဖြင့် အဆိုပါ ရက်စက်ကြမ်းတမ်းသော လုပ်ရပ်များကို စစ်ကြောရေး စင်တာများ၊ အကျဉ်းထောင်များနှင့် ကျေးရွာများအား အလစ်အငိုက်တိုက်ခိုက်ရာတွင် အများဆုံး အသုံးပြုလျက်ရှိသည်ကို ဗီဒီယိုရုပ်သံများ အပါအဝင် အစီရင်ခံစာ အများအပြားမှတဆင့် လေ့လာတွေ့ရှိရကြောင်း ဆိုထားပါတယ်။

            

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားအရ ဖမ်းဆီးထိန်းသိမ်းခံထားရသူများအနေဖြင့် ရိုက်နှက်ခြင်း၊ လျှပ်စစ်ရှော့ခ်ပေးခြင်း၊ အသက်ရှူကြပ်သည်အထိ လည်မျိုညှစ်ခြင်းတို့ အပါအဝင် ရုပ်ပိုင်းဆိုင်ရာ အလွန်အမင်း ညှဉ်းပန်းနှိပ်စက်ခြင်း၊ လက်သည်းများအား ပလာရာများဖြင့် ညှပ်ထုတ်ခြင်း၊ သက်ငယ်များနှင့် အရွယ်ရောက်ပြီးသူများအား ကျားမမရွေး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခြင်း အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို အရက်စက်ဆုံးပုံစံဖြင့် ကျူးလွန်ခြင်း၊ လိင်အင်္ဂါများအပေါ် မီးလောင်မြိုက်ခြင်းနှင့် အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ကျားမအခြေပြုရာဇဝတ်မှုများနှင့် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို ရည်ရွယ်ချက်ရှိရှိ မပေးအပ်ခြင်း စသည့် ပုံစံများဖြင့် စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် အကြမ်းဖက်ခံထားရကြောင်း သံအမတ်ကြီးက ပြောဆိုထားပါတယ်။

            

မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်၏ ဖြစ်စဉ်မှာ လက်ငင်း ဖြစ်စဉ်တစ်ခုပင်ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် သင့်တင့်လျောက်ပတ်သော ကျန်းမာရေး စောင့်ရှောက်မှု မရရှိသဖြင့် -၁၀-၂၀၂၄ ရက်နေ့က ကွယ်လွန်သွားခဲ့ကြောင်း ပြောဆိုထားပါတယ်။


========================


📌📌 ၂။ နွေဦးဘဏ် CEO မှ တိုကင် ပိုင်ဆိုင်ထားသူများသို့ ထပ်မံ၍ အမြတ်ဝေစု ခွဲဝေ


အောက်တိုဘာ ၂၇ 

Radio NUG 


အောက်တိုဘာလ ၁၇ ရက်၏ နွေဦးဘဏ် CEO မှ ကြေညာချက်အတိုင်း တိုကင် ပိုင်ဆိုင်ထားသူများသို့ ထပ်မံ၍ အမြတ်ဝေစု ခွဲဝေခြင်းကို အောက်တိုဘာလ ၂၇ရက်မှစပြီး စတင်ဖြန့်ဖြူးနေပြီ ဖြစ်ကြောင်း SDB မှ သတင်းထုတ်ပြန်ပါတယ်။


၂၀၂၄  ဇန်နဝါရီ ရက်မှ ဇွန်လ ၃၀ ရက်နေ့ အတွက် ဘဏ်ဝင်ငွေ၏ အသားတင် အမြတ်အစွန်းဖြစ်သည့် USD ၃၆၉,၂၈၇ ကို SDB တိုကင်အစုရှယ်ယာရှင်များအားလုံးထံ  ရာနှုန်းပြည့် ဒုတိယအကြိမ် အမြတ်ဝေစု ခွဲဝေပေးနိုင်ခြင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


အမြတ်ဝေစု ရရှိမှုကို မိမိ SDB အကောင့်၏ Transaction History တွင် အောက်တိုဘာလကုန် နောက်ဆုံးထားပြီး စစ်ဆေးကြည့်ရှုနိုင်မှာ ဖြစ်ပြီး နွေဦးဘဏ်၏ ICO Round 2 ကိုလည်း နိုဝင်ဘာ ၁၅ မှ ဒီဇင်ဘာ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်လို့ တော်လှန်ပြည်သူတရပ်လုံးနှင့် ဘဏ္ဍာရေးအောင်ပွဲ ဆင်နွှဲရင်း ယခုထက်မကသော အောင်မြင်မှုများ ပိုင်ဆိုင်နိုင်ရန်အတွက် တခဲနက် ပါဝင် ရင်းနှီးမြှုပ်နှံနိုင်ကြဖို့လည်း တိုက်တွန်း နှိုးဆော်ထားပါတယ်။


========================


📌📌 ၃။ ကချင်၊ ကရင်နှင့် မန္တလေးတွင် ပြည်ပထုတ်ကုန်များ တင်ဆောင်သည်ဟုဆိုကာ အိမ်စီးကား၊ ကုန်ကားနှင့် ခရီးသည်တင်ကား စီး အသိမ်းခံရ 


အောက်တိုဘာ ၂၇ 

Radio NUG 


မြ၀တီမြို့မှ ယိုးဒယားပစ္စည်းများတင်ဆောင်လာသော အိမ်စီးကား၊ ခရီးသည်တင်ကားနှင့် ကုန်ကားများကို စစ်ကောင်စီက သိမ်းယူလျက်ရှိကြောင်း၊ ယာဉ်မောင်းကိုလည်း ဖမ်းဆီးထားကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တချို့မှာ ကုန်ကားများပါ သိမ်းဆည်းခံရနေ၍ အလွန်ဒုက္ခဖြစ်နေရကြောင်း မော်လမြိုင်အခြေစိုက် အဝေးပြေး ကုန်စည်သယ်ပို့ဆောင်ရေး လုပ်ငန်းရှင်အချို့ထံမှ သိရပါတယ်။


အရင်လတွေက  ကုန်ပဲဖမ်းပြီး လူနဲ့ ကားကို ညှိနှိုင်းငွေပေးရင် ပြန်လွှတ်ပေးကာ အခုက စီမံချက်နဲ့ ဖမ်းခိုင်းနေလို့ ပြန်ရွေးခွင့်မပေးဘူးလို့ သိရပါတယ်။


ကုန်ကားသိမ်းခံရသော လုပ်ငန်းရှင်တချို့က ဂိတ်တာဝန်ကျ စစ်တပ်တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ကြည့်တော့ အစားထိုးကားတစ်စီး ထည့်ရမှာဖြစ်တာ‌ကြောင့် ကားတန်ဖိုးရဲ့  ၈၀ ရာခိုင်နှုန်းပေးရင် ကားပြန်ပေးမယ်လို့ ဆိုတာကြောင့် ပြန်ရွေးသူအချို့ကြောင့် ဂိတ်တာဝန်ကျသူများ စီးပွားဖြစ်နေတယ်လို့ သိရပါတယ်။


========================


📌📌 ၄။ ကောလင်းမြို့နယ် အနောက်ခြမ်းမှာ စစ်ရှောင်နေတဲ့ မီးရထားCDM တစ်ဦး အသားဝါရောဂါခံစားနေရတာကြောင့် ဆေးကုသဖို့ ထောက်ပံ့


အောက်တိုဘာ ၂၇ 

Radio NUG 


ကောလင်းမြို့နယ်အနောက်ခြမ်းမှာ စစ်ရှောင်နေတဲ့ မီးရထား CDM ကိုသိန်း(အမည်လွှဲ) သည် အသားဝါရောဂါ ခံစားနေရပီး ဆေးကုသဖို့ အခက်ခဲဖြစ်နေလို့ ပြည်သူမှ ပြည်သူသို့အဖွဲ့နှင့် စေတနာရှင် ပြည်သူများမှ ပါဝင်လှူဒါန်းသောအလှူငွေအား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း ပြည်သူမှ ပြည်သူသို့ (ကောလင်း)မှ သတင်းထုတ်ပြန်ပါတယ်။


ပြည်သူများ ပါဝင်လှူဒါန်းမှုနှင့်အတူ ဆေးကုသစရိတ် ( ၁၅၀,၀၀၀)ကျပ် ထောက်ပံ့ကူညီနိုင်ခဲ့တယ်လို့ သိရပါတယ်။


" အစထဲက CDM ဝန်ထမ်းလည်းဖြစ်တယ် အလုပ်အကိုင်ကြတော့လဲ လတ်တလော မရှိ စားဝတ်နေရေးတောင် ခက်ခက်ခဲခဲဖြေရှင်းနေရတာ ခုလို အသားဝါပါဖြစ်တော့ ဆေးကုဖို့ တော်တော်ခက်ခဲတာပေါ့ မရရတဲ့အလုပ်လုပ်တယ် ကြိုးစားဖြေရှင်းရတာပဲ ခုက ပင်လည်ဘူးနယ်ဘက် သစ်စက်မှာ 21 အလုပ်သွားလုပ်ပီးပြန်လာတာ ငွေ တစ်သိန်းကျော်လောက်ပဲရခဲ့တယ်။ ရတဲ့ ငွေလေးနဲ့ မိသားစု စားဝတ်နေရေးဖြေရှင်းနေတာ ခု ကျန်းမာရေးဖြစ်တော့ ဆေးကုဖို့ ခက်ခဲနေတာပေါ့" လို့ CDM ဝန်ထမ်းမှ ပြောပါတယ်။


ထိုသူ၏ မိန်းမဖြစ်သူမှလည်း " သူ့အမျိုးသားဆေးဖိုး လိုအပ်နေလို ဟန်းဆက်လေးရောင်းပီး ဆေးဖိုးအတွက် သုံးခဲ့ရတယ်" လို့ ဖြည့်စွက်ပြောကြားပါတယ်။


========================


📌📌 ၅။ ၁၀၂၇  နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် "ရန်ကုန်မှာပြန်ဆုံမယ်" လှုပ်ရှားမှု ဂျပန်နိုင်ငံတွင် ပြုလုပ် 


အောက်တိုဘာ ၂၇ 

Radio NUG


အောက်တိုဘာလ ၂၇ရက်နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ စစ်ကောင်စီသံရုံး၊ ဂျပန်လွှတ်တော်၊ ကုလသမဂ္ဂတက္ကသိုလ် နှင့် အထင်ကရနေရာများတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) နှင့် Revolution Tokyo Myanmar - R.T.M တို့ ပူးပေါင်းကာ "ရန်ကုန်မှာပြန်ဆုံမယ်" စာတန်းပါ အင်္ကျီများဝတ်ဆင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။


စစ်တပ်မှ ကျူးလွန်နေသည့် အကြမ်းဖက်စစ်ရာဇဝတ်မှု မှတ်တမ်းများအား အထူးအလေးအနက်ထား အရေးယူရန်၊ လွတ်မြောက်ဒေသ နှင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ဆန့်ကျင်တိမ်းရှောင်နေကြသူများ၊ အကျဥ်းထောင်များမှ  နိုင်ငံရေးအကျဥ်းသားများ၊ မြေပေါ်မြေအောက် တော်လှန်ရေးအင်အားစုများနှင့်  ရန်ကုန်ရှိ မိဘပြည်သူများအားလုံး ရန်ကုန်တွင် ပြန်ဆုံကြစေရန်၊ ရေဘဝဲ၏ ဆောင်ပုဒ်တစ်ခုဖြစ်သော ရေဘဝဲအလံတော်ကို လက်ဆင့်ကမ်း လွှင့်ထူကြရန် ရည်ရွယ်၍ "ရန်ကုန်မှာပြန်ဆုံမယ်" လှုပ်ရှားမှုအား ရန်ကုန်မှ တိုကျိုသို့ ဆောင်ယူခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 


အဆိုပါ "ရန်ကုန်မှာပြန်ဆုံမယ်" လှုပ်ရှားမှုအား ရေဘဝဲမှ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ခြေရင်းတွင် စတင်ခဲ့ပြီး မြို့လယ်ရှိ အထင်ကရနေရာများ၌  လက်နက်မဲ့ နိုင်ငံရေးအန်တုလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။


ထိုလှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှားခဲ့ကြသော ရေဘဝဲ ရဲဘော် အမျိုးသား () ဦး၊ အမျိုးသမီး () ဦးနှင့် ဆက်စပ် () ဦးအား စစ်တပ်မှ အကျဥ်းထောင်များတွင် ဖမ်းဆီးချုပ်နှောင်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================



🚩🚩 ၁။ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်း အသက်ပေးလှူသွားခဲ့ကြသည့် TNLA တပ်မတော်သားများအား ရည်စူး၍ PSLF/TNLAမှ အလှူဒါန ပြုလုပ်ပေး


အောက်တိုဘာ ၂၇ 

Radio NUG 


အောက်တိုဘာလ (၂၇)ရက် (၁၀၂၇)စစ်ဆင်ရေး တစ်နှစ်ပြည့်နေ့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အုပ်ချုပ်နယ်မြေတစ်နေရာတွင် (၁၀၂၇)စစ်ဆင်ရေးတိုက်ပွဲအတွင်း အာဏာရှင်စစ်ကောင်စီတပ်အား ရွပ်ရွပ်ချွံချွံတော်လှန်ရင်း အသက်ပေးလှူသွားခဲ့ကြသည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော် TNLA  တပ်မတော်သားများနှင့် ပူပေါင်းတပ်အား ရည်စူး၍ အလှူဒါနပြုလုပ်ပေးခဲ့ကြောင်း TNLAမှ သတင်းထုတ်ပြန်ပါတယ်။


၎င်းတို့သည် တအာင်းပြည်လွတ်မြောက်ရေး၊ မြန်မာနိုင်ငံပြည်တွင်းရှိ တိုင်းရင်းသားပြည်သူလူထုများအား ရက်ရက်စက်စက်သတ်ဖြတ်နေသည့် အာဏာရှင်စစ်ကောင်စီတပ် အမြစ်ပြတ်ချေမှုန်းရေး၊ စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် အာဏာရှင်စစ်ကောင်စီတပ်အား ရွပ်ရွပ်ချွံချွံတော်လှန်တိုက်ခိုက်ရင်း အသက်ပေးလှူခဲ့ကြရတယ်လို့ ဖော်ပြထားပါတယ်။


မြောက်ပိုင်းညီနောင်မဟာမိတ် ()ဖွဲ့ဖြစ်သည့် PSLF/TNLA MNTJP/MNDAA နှင့် ULA/AA တို့ ဦးဆောင်စတင်ခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ ( ၁၀၂၇ စစ်ဆင်ရေး)သည် အောက်တိုဘာလ ၂၇ ရက်တွင် တစ်နှစ်တင်းတင်းပြည့်မြောက်ခဲ့ပြီး မြောက်ပိုင်းညီ‌နောင်မဟာမိတ် ()ဖွဲ့နှင့်အတူ နွေဦးတော်လှန်‌ရေးတပ်ဖွဲ့များ တော်လှန်ရေးအင်အားစုများ ပူပေါင်းပါ၀င်ဆင်နွှဲ‌သော စစ်ဆင်ရေးလည်း ဖြစ်ပါတယ်။


၁၀၂၇ စစ်ဆင်ရေး အပိုင်း()တွင် တအာင်းတပ်မတော်မှ စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ မိုင်းလုံနှင့် မိုင်းငေါ့မြို့တို့ကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။


၁၀၂၇ စစ်ဆင်ရေး အပိုင်း()တွင်လည်း လက်ကျန်မြို့ဖြစ်သည့် ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး တောင်ခမ်းစခန်းကိုသာ တိုက်ခိုက်သိမ်းပိုက်ရန် ကျန်ရှိတော့တာ ဖြစ်ပါတယ်။


စစ်ဆင်ရေးတစ်နှစ်တာအတွင်း ကိုယ်ကျိုးမငှဲ့ အာဏာရှင်စစ်အုပ်စုများကို ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင် တော်လှန်တိုက်ခိုက်ပြီး အသက်၊ သွေး၊ ချွေးနှင့် ကိုယ်လက်အင်္ဂါ ပေးလှူသွားခဲ့ကြသည့် PSLF/TNLA တပ်မတော်သားများနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအား PSLF/TNLA နှင့် မိဘပြည်သူလူထုများမှ အစဥ်အောက်မေ့ဂုဏ်ယူကာသမိုင်းမှတ်တမ်းတင်အပ်ပါကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည် မှတ်တမ်းများ PLA ထုတ်ပြန်


အောက်တိုဘာ ၂၇ 

Radio NUG 


မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာရက္ခတပ်တော် (AA) တို့ ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးတွင် ပူးပေါင်းပါဝင်ကာ စစ်ကောင်စီ၏ တပ်စခန်းများနှင့် ၎င်းတို့ ထိန်းချုပ်ထားသော မြို့ရွာများကို သိမ်းပိုက်နိုင်ခဲ့သည့် မှတ်တမ်းများကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - People’s Liberation Army - PLA မှ သတင်းထုတ်ပြန်ပါတယ်။


၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် သိန္နီမြို့ကို MNDAAနှင့် PLA တို့ ပူးပေါင်းကာ သိမ်းပိုက်နိုင်ခဲ့ပြီး သိန္နီမြို့ရှိ ရေပူစစ်ဆေးရေး ဂိတ်စခန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


သိန္နီမြို့ အခြေစိုက် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၆) ကို အောက်တိုဘာ ၃၀ ရက်နေ့က စတင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ရက်ပေါင်း ၇၂ ရက်အကြာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သလို  စကခ ၁၆ ကို သိမ်းပိုက်ရာတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကလည်း စစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။


စစ်ကိုင်းတိုင်းအတွင်းတွင်လည်း  စစ်ကောင်စီနှင့် ပျူစောထီးများ တပ်စွဲရာ ရေဦးမြို့နယ်၊ အောင်သာယာကျေးရွာကို PLA က ဦးဆောင်ပြီး အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သည့်အပြင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ အမှတ် စစ်ဒေသ၊ အနောက်မြောက်စစ်ဒေသနှင့် အမှတ် စစ်ဒေသတို့တွင်လည်း တိုက်ပွဲများ ဖော်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင်လည်း ဇွန်လ ၂၇ ရက်နေ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့်ပူးပေါင်းကာ မိုးမိတ်မြို့နယ်အတွင်းရှိ ကျောက်မောရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ဇွန်လ ၂၉ ရက်နေ့တွင် စစ်ကောင်စီတပ်များ တပ်စွဲထားသော ကင်းချောင်းစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 


ထို့နောက် မိုးမိတ်မြို့ကို ဇွန်လ ၂၈ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး မိုးမိတ်မြို့ အခြေစိုက် စကခ ၂၁ လက်အောက်ခံ ခလရ ၃၄၈၊ ခလရ ၂၇၆ နှင့် ခလရ ၂၂၃ တို့ အခြေစိုက်ရာ စစ်ဗျူဟာ အခြေချ မိုးမိတ် (မိုးမိတ်ဗျူဟာ) ကို တစ်လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဇူလိုင်လ ၃၀ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကာ မိုးမိတ်မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


လားရှိုးမြို့သိမ်းတိုက်ပွဲတွင်လည်း MNDAA ဗမာအမျိုးသားလွတ်မြောက်ရေးတပ်တော် (BPLA) တို့နှင့်အတူ ပူးပေါင်းပါဝင်ခဲ့ပြီး လားရှိုးမြို့ အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ ၆၈) ကို ဇူလိုင်လ ၂၈ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကာ လားရှိုးမြို့ကို ဩဂုတ်လ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။


ဩဂုတ်လ ရက်နေ့တွင် TNLA မိုးကုတ်ဗျူဟာနှင့် ပူးပေါင်းကာ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ခလရ ၁၄၈ ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဩဂုတ်လ ၁၄ ရက်နေ့တွင် မိုးကုတ်-သပိတ်ကျင်း-မန္တလေး လမ်းဆုံရှိ ဖော့တောလမ်းဆုံ စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ဆက်လက်၍ ဩဂုတ်လ ၁၆ ရက်နေ့တွင် TNLA နှင့် ပူးပေါင်းကာ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာကို သိမ်းပိုက်နိုင်ခဲ့ပြီး သီပေါမြို့သိမ်းတိုက်ပွဲတွင်လည်း အောက်တိုဘာ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဖြတ်တောက်ရေး တာဝန်ယူကာ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တယ်လို့ သိရပါတယ်။


သပိတ်ကျင်းမြို့နယ်အတွင်းရှိ မိုင်၊ ကျောက်ကြီးနှင့် စစ်ကောင်စီ၏ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တတက ၁၃) နှင့် မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများကိုလည်း ဆက်လက်တိုက်ခိုက်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။


၁၀၂၇ စစ်ဆင်ရေးတွင် (MNDAA) (TNLA) (AA) တို့နှင့်အတူ ၆၁၁ တပ်မဟာအတွင်းမှ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) လားရှိုး PDF မိတ္ထီလာ PDF ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) ဒရုန်းတပ်ဖွဲ့များနှင့် အခြားမဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ BPLAဟာ မကြာခင် အညာဒေသမှာ အခြေချပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်လာနိုင်တော့မယ်ဟု အသိပေး


အောက်တိုဘာ ၂၇ 

Radio NUG 

BPLAဟာ မကြာခင် အညာဒေသမှာ အခြေချပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်လာနိုင်တော့မှာ ဖြစ်ပြီး အညာလူထုကလည်း ကြိုဆိုမယ်လို့ ယုံကြည်မျှော်လင့်ပါကြောင်း  BPLA တာဝန်ခံ မောင်ဆောင်းခမှ အသိပေးဖော်ပြပါတယ်။


အောက်တိုဘာလ ၂၇ရက်နေ့ဟာ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့ဖြစ်ပြီး ညီနောင်မဟာမိတ်()ဖွဲ့ရဲ့ ဦးဆောင်မှုအောက်မှာ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေ  အများကြီးတိုးတက်ဖြစ်ထွန်းခဲ့တာကြောင့် ဒီကျေးဇူးကို ဘယ်တော့မှမေ့မှာ မဟုတ်ပါဘူးလို့ မောင်ဆောင်းခမှ ရေးသားထားပါတယ်။


========================


🚩🚩 ၄။ အောင်ဇေယျစစ်ကြောင်း အာရှလမ်းမကြီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


စက်တင်ဘာလ ၂၇ ရက်၊ 

Radio NUG


ကရင်ပြည်နယ်၊ မြဝတီမြို့ဘက်ကို တက်လာတဲ့ စစ်ကောင်စီရဲ့ တပ်မ ၅၅၊ တပ်မ ၁၁ နဲ့ စကခ ၁၂ အောင်ဇေယျ စစ်ကြောင်းနဲ့ တောင်ပိုင်းစစ်‌ဒေသ၊ စစ်ဒေသခွဲ ၃၊ ဗျူဟာ ၃၂ စစ်ကြောင်းတို့ ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။


အောက်တိုဘာလ ၂၆ ရက်နေ့က အာရှလမ်းမကြီး တနေရာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ကျည်ကာပြား ခုနဲ့ လက်နက်ကြီးကျည် ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ပါတယ်။


အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံဒဏ်ရာရရှိမှု စာရင်းကို အတည်ပြုနေဆဲဖြစ်ပြီး ပူးပေါင်းတပ်ဘက်မှလည်း ရဲဘော် ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တောင်ပိုင်း စစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဗျူဟာ ၃၂ ကော်ဘရာ စစ်ကြောင်း ၁၊ ကော်ဘရာ စစ်ကြောင်း ၂၊ ကျားသစ်နက်စစ်ကြောင်း၊ ဗျူဟာ ၃၁ လက်အောက်ခံ ကျားဖြူစစ်ကြောင်း၊ ရောင်နီ (ဒရုန်းအထူးတပ်ဖွဲ့) Golden Eagle နဲ့ KNU-KNLA Federal Wings Justice Wings Fixed Wings တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၅။ ဖလမ်းမြို့မှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား


အောက်တိုဘာ ၂၇ 

Radio NUG 


အောက်တိုဘာ  ၂၆ ရက်နေ့က ဖလမ်းမြို့အ၀င်မှာ စစ်ကောင်စီတပ်နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြို့ပေါ်မှာနေတဲ့ ဒေသခံ တစ်၀က်ခန့် ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ 


စစ်ကောင်စီက ပစ်တဲ့ လက်နက်ကြီး ထိမှန်လို့ တောင်ယာလုပ်နေတဲ့ ဒေသခံ အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျန်ဘာရီရပ်ကွက်က နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


ဒုတိယအကြိမ် စစ်ရှောင်ကြတာကြောင့် မြို့ ပေါ်မှာ ပြည်သူ သုံးပုံတစ်ပုံခန့်သာ ကျန်တော့တယ်လို့ သိရပါတယ်။


အောက်တိုဘာ ၂၅ ရက်နေ့မှာလည်း ဖလမ်းမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ‌CNDF တို့ တိုက်ပွဲ နှစ်နာရီကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။


========================


🚩🚩 ၆။ ငါန်းဇွန် မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ စနိုက်ဘာဖြင့် ပစ်ခတ်ခံရပြီး ဦးသေဆုံး


စက်တင်ဘာလ ၂၇ ရက်၊ 

Radio NUG


မန္တ‌လေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရဲစခန်း ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ စနိုက်ဘာ နဲ့ ပစ်ခတ်ခံရပြီး ဦး သေဆုံးခဲ့တယ်လို့ မြင်ခြံခရိုင် တပ်ရင်း - Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) က သတင်းထုတ်ပြန်ထားပါတယ်။


အောက်တိုဘာ ၂၇ ရက် မနက် အစောပိုင်းမှာ ငါန်းမြာကြီးရဲစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီ တပ်သားတွေကို လယ်ကွင်းထဲ အရောက်မှာ ကင်းပုန်းဝတ် စောင့်ဆိုင်းနေတဲ့ Zero ပျောက်ကြား တပ်ဖွဲ့ဝင်တွေက စနိုက်ဘာနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား ဦး လဲကျသေဆုံးသွားခဲ့ပြီး သေဆုံးသွားတဲ့ နှစ်ယောက်ကို ဆွဲသွားကာ တပ်ဆုတ်သွားခဲ့တာကြောင့် တော်လှန်ရေး ရဲဘော်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်၊ တပ်ရင်း () Zero ပြောက်ကျားတပ်ဖွဲ့နဲ့ မြင်းခြံခရိုင်၊ တပ်ရင်း () တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၇။ ဒူးပလာယာ ခရိုင်အတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရ


စက်တင်ဘာလ ၂၇ ရက်

Radio NUG


ကရင့်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်အတွင်း စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ဦး သေဆုံးပြီး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။


အောက်တိုဘာလ ၂၅ ရက် မနက် ၁၂ နာရီ ၄၈ မိနစ်အချိန်မှာ မှော်ဘီလေတပ်မှ Yak-130 တိုက်လေယာဉ် တစီးဖြင့် ပေါင် ၅၀၀ ဗုံး လုံးကို ဝင်ရေးမြို့နယ်၊ ပနောကျဲခီး ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာနေ အသက် ၃၀ ကျော်အရွယ် စောသဲမူး သေဆုံးခဲ့ကာ အသက် ၃၃ နှစ် အရွယ်ရှိ နော်အဲတာမူး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ပြည်သူပိုင် နေအိမ် လုံးနဲ့ ဘုရားကျောင်း လုံး ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။


========================


🚩🚩 ၈။ ဘူးသိုမြို့နယ်အတွင်း စကစတိုက်လေယာဥ် ပစ်ခတ်မှုကြောင့် ကျောင်းနှင့် အိမ်ယာအချို့ ပျက်စီး


အောက်တိုဘာ ၂၇ 

Radio NUG 


အောက်တိုဘာ(၂၆)ရက်နေ့ နံနက် နာရီအချိန်တွင် အကြမ်းဖက်စစ်ရှုံးကောင်စီ၏ Y-12တစ်စီးသည် ဘူးသိုမြို့နယ်၊ ခေါပူ (ခေါပုတ်)ဒေသ၊ ခေါပုတ်အုပ်စုအတွင်းသို့ ဗုံးဆံအလုံး (၄၀)ခန့် လာရောက်ကြဲချသွားခဲ့ကြောင်း ကေအဲန်ယူ-မူတြော်မှ သတင်းထုတ်ပြန်ပါတယ်။


ထို့အတူ အောက်တိုဘာလ(၂၅)ရက်နေ့ နံနက် ၁၀:၁၅ အချိန်တွင်လည်း အကြမ်းဖက်စစ်ရှုံးကောင်စီ တိုက်လေယာဥ်မှ ဆောဘွဲဒဲကျေးရွာ၊ ပါဟိုက်အုပ်စုအတွင်းသို့ ဗုံးဆံ()လုံးလာရောက်ကြဲချပြီး စက်သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာတွင် ကျောင်းအဆောက်အဦး တစ်လုံးနှင့်  အိမ်ခြေ ()လုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထိုနေ့ ညနေ ၁၇:၄၅ အချိန်တွင်လည်း အဆိုပါကျေးရွာနှင့် အနီးအနား ဒေသအတွင်းသို့ ဗုံးဆံ (၃၀)လုံးမျှ လာရောက်ကြဲချသွားခဲ့ပြီး ၂၁:၀၀ နာရီမှ ၂၂:၀၀နာရီအတွင်း အကြမ်းဖက်စစ်ရှုံးကောင်စီ၏ တိုက်လေယာဥ်ဖြင့် ၎င်းတို့ တပ်စခန်းရှိရာ ခေါပူနေရာ အနီးအနားတစ်ဝိုက်သို့ ဗုံးဆံ ()လုံးသော်လည်းကောင်း၊ Y-12ဖြင့် ဗုံးဆံ (၃၀)လုံးသော်လည်းကောင်း လာရောက်ကြဲချပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၉။ ABSDF အမှတ် စစ်ကြောင်းမှာ ပြုလုပ်တဲ့  အခြေခံစစ်ပညာသင်တန်း ( /၂၀၂၄ ) သင်တန်းအပတ်စဉ် () သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်


အောက်တိုဘာ ၂၇ 

Radio NUG 


အောက်တိုဘာလ ၂၇ ရက်နေ့က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ် စစ်ကြောင်းမှာ  ပြုလုပ်တဲ့  အခြေခံစစ်ပညာသင်တန်း ( /၂၀၂၄ ) သင်တန်းအပတ်စဉ် () သင်တန်းဆင်းပွဲအခမ်းအနားကို စစ်ကြောင်း လှုပ်ရှားနယ်မြေမှာ ပြုလုပ်ခဲ့ကြောင်း ABSDF Column-3 မှ သတင်းထုတ်ပြန်ပါတယ်။


သင်တန်းဆင်း  ရဲဘော်များကို စစ်ကြောင်းမှူး ရဲဘော်မင်းဌေးမှ တပ်စစ်ဆေးခဲ့ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပြီး  သင်တန်းကာလ ကြာမြှင့်ခဲ့တဲ့ အဆိုပါ သင်တန်းကို ကျောင်းသားတပ်မတော်တပ်ဖွဲ့ဝင် ရဲဘော် ၂၄  ဦး  သင်တန်းဆင်းခဲ့ကြကာ တပ်ဖွဲ့ဝင် အလံကိုင်သစ္စာ ဆိုခဲ့ကြပါတယ် လို့ ဖော်ပြထားပါတယ်။


အဆိုပါ သင်တန်းဆင်းပွဲကို ABSDFတပ်ဖွဲ့ဝင်များ မဟာမိတ်ညီနောင်များတပ်ဖွဲ့များ   ဒေသအတွင်းရှိ .က. များနဲ့ ပြည်သူလူထုများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment