5th OCT 2024 - Evening Daily News by Radio NUG

၂၀၂၄ အောက်တိုဘာလ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် သဝဏ်လွှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီပေးပို့

📌 ၂။ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို မြန်မာလူထုက ဆန့်ကျင်နေသလို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ကန့်ကွက်ဖို့ ဦးကျော်မိုးထွန်း တိုက်တွန်း 

📌 ၃။ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စု ပြုတ်ကျမှာကို တရုတ် စိုးရိမ်

📌 ၄။ မြန်မာနိုင်ငံက ရဲစွမ်းသတ္တိရှိတဲ့ ဆရာ၊ ဆရာမ‌တွေကို ဂုဏ်ပြုတယ်လို့ အမေရိကန်သံရုံးက ကမ္ဘာ့ဆရာများနေ့မှာ ထုတ်ပြန်


၂၀၂၄ ခုနှစ် အောက်တိုဘာလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ လားရှိုး ကွန်ပျူတာတက္ကသိုလ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

🚩 ၂။ ပလက်ဝအပါအဝင် ရခိုင်ပြည်နယ်အတွင်း သိမ်းပိုက်ထားတဲ့ဒေသတွေမှာ ရခိုင့်တပ်တော် AA မိုင်းရှင်းလင်းရေးလုပ်ဆောင်

🚩 ၃။ ပေါက်မြို့နယ်မှာ တိုက်ပွဲမရှိဘဲ စစ်တပ်က ပစ်တဲ့လက်နက်ကြီးကြောင့် ကလေးတဦးအပါအဝင် () ဦး သေဆုံး

🚩 ၄။ မကွေးတိုင်းအတွင်း အကြမ်းဖက်စစ်အုပ်စုမှာ ပါဝင်နေသူတွေကို တမာအင်စတီကျု ဖော်ထုတ်  

🚩 ၅။ ယောဒေသမှာ () ကြိမ်မြောက် အခြေခံ စစ်ပညာသင်တန်းဖွင့် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် သဝဏ်လွှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီပေးပို့


အောက်တိုဘာလ () ရက် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သဝဏ်လွှာပေးပို့ရာတွင် "မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၌ ပညာရေးကဏ္ဍတွင် ရှေ့ဆောင်လမ်းပြ မီးအိမ်ရှင်များဖြစ်သည့် ဆရာ၊ ဆရာမများ၏ ဂုဏ်အရည်အချင်းတို့အား ဂုဏ်ပြုလေးစားသောအားဖြင့် ကမ္ဘာ့ဆရာများနေ့အား နှစ်စဥ် ကျင်းပပြုလုပ်ကြမြဲဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအနေဖြင့် ဆရာ၊ ဆရာမများ၏ ကြီးမြတ်သည့် ဂုဏ်ကျေးဇူးအနန္တတို့အား အစဥ်အမြဲ တန်ဖိုးထားလေးစားပါကြောင်းနှင့် ဓမ္မဘက်တွင် ပြတ်သားစွာ ရဲရဲဝံ့ဝံ့ ရပ်တည်လျက် နွေဦးတော်လှန်ရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်သူ့ဝန်ထမ်း CDM ဆရာ၊ ဆရာမ များအား လေးစားဂုဏ်ယူအပ်ပါတယ်" လို့ ဖော်ပြပါတယ်။

ပညာသင်ကြားမှု၊ သင်ယူမှုလုပ်ငန်းစဥ်သည် စဉ်ဆက်မပြတ် စီးဆင်း အသက်ဝင်နေသည့် လုပ်ငန်းစဉ်ဖြစ်သည်နှင့်အညီ လူသားတိုင်းသည် ယင်းလုပ်ငန်းစဉ်အား ကြိုးစားဖော်ဆောင်ကြမြဲ ဖြစ်ပြီး မိမိတို့နိုင်ငံတွင် စစ်ကျွန်ပညာရေးစနစ် ကြီးစိုးခဲ့သည့် ခေတ်ကာလမှစ၍ လွတ်လပ်စွာ ပညာသင်ကြားခွင့်၊ သင်ယူခွင့်တို့ အပြည့်အဝမရရှိခဲ့ကြကာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ အခွင့်အရေးများ ဆုံးရှုံးခဲ့ကြရတယ်လို့ဆိုပါတယ်။

ယခုနွေဦးတော်လှန်ရေးကာလတွင်လည်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့် ပြည်သူ့ဝန်ထမ်း CDM ဆရာ၊ ဆရာမများသည် အတားအဆီး၊ အခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေကြရပြီး အချို့သော ဆရာ၊ ဆရာမများသည် အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးနှိပ်စက်မှု၊ သတ်ဖြတ်မှုများ ခံကြရကာ အချို့သည် အကျဥ်းထောင်ထဲတွင် ဖမ်းဆီးထိန်းသိမ်းခံနေကြရဆဲဖြစ်တယ်လို့ ဖော်ပြပါတယ်။

ယနေ့ကျရောက်သော ကမ္ဘာ့ဆရာများနေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီအနေဖြင့် အကြမ်းဖက်စစ်အာဏာရှင်များအား အကြမ်းမဖက်နည်းဖြင့် ရဲဝံ့စွာ ဆန့်ကျင် တော်လှန်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော ဆရာ၊ ဆရာမများအပါအဝင် ဖမ်းဆီးခံ ပြည်သူများအား အမြန်ဆုံး ပြန်လည်လွှတ်ပေးရေးနှင့် အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက် ရှိရှိဖြင့် ကျူးလွန်နေသော လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ရာဇဝတ်မှုများ၊ အကြမ်းဖက်မှုများ အမြန်ဆုံး ရပ်တန့်စေရေးတို့အတွက် နိုင်ငံတကာက အကြမ်းဖက်စစ်အုပ်စုအပေါ် ယခုထက် ပိုမို ထိရောက်သော စီးပွားရေးပိတ်ဆို့မှုများနှင့် သံတမန်ရေးအရ ဖိအားပေးခြင်းများကို တိုးမြှင့် လုပ်ဆောင်သွားရန် အထူးတိုက်တွန်းတောင်းဆိုအပ်တယ်လို့ ဖော်ပြပါတယ်။


========================


📌📌 ၂။ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို မြန်မာလူထုက ဆန့်ကျင်နေသလို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ကန့်ကွက်ဖို့ ဦးကျော်မိုးထွန်း တိုက်တွန်း 


အကြမ်းဖက်စစ်ကောင်စီက လုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို မြန်မာလူထုက ဆန့်ကျင်နေသလို နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ဒီရေးကောက်ပွဲကိုကန့်ကွက်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။ 

စစ်ကောင်စီက လုပ်မယ့် ရွေးကောက်ပွဲကြောင့် မြန်မာနိုင်ငံမှာ ပဋိပက္ခတွေနဲ့တိုက်ခိုက်မှုတွေ ပိုမိုတိုးပွားလာမှာ ဖြစ်တာကြောင့် ကုလသမဂ္ဂအစည်းအဝေးမှာ ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။ 

(၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီအစည်အဝေးဖြစ်တဲ့ လူမှုရေးဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အထွေထွေဆွေးနွေးမှုအစီအစဉ်ကိုလည်း အောက်တိုဘာ () ရက်နဲ့ () ရက်မှာကျင်းပခဲ့ရာမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ပြောဆိုလိုက်တာပါ။ 

ဒီမိုကရေစီအတွက် လွတ်လပ်သော၊ တရားမျှတသော ရွေးကောက်ပွဲတွေကသာ အခြေခံကျတာကြောင့် အာဏာသိမ်း စစ်တပ်ကလုပ်မယ့် ဘယ်ရွေးကောက်ပွဲမဆို လွတ်လပ် မျှတပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်မှာမဟုတ်ဘူလို့လည်း သံအမတ်ကြီးက အသိပေးခဲ့ပါတယ်။ 

အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ ပြဿနာကို ဖြေရှင်းတဲ့နည်းမဟုတ်ဘဲ ပဋိပက္ခတွေကို ပိုမို ကြာမြင့်စေပြီး တိုက်ခိုက်မှုတွေ တိုးပွားစေမယ်လို့လည်း ထောက်ပြပြောဆိုခဲ့ပါတယ်။ 

မြန်မာပြည်သူတွေရဲ့ ရပ်တည်ချက်ဟာ ခိုင်မာတဲ့အတွက် မိမိတို့အနေနဲ့ စစ်တပ်ကပြင်ဆင်နေတဲ့ အတုအယောင် ရွေး ကောက်ပွဲကို ပြင်းပြင်းထန်ထန်ကန့်ကွက်သလို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း ကန့်ကွက်ဖို့လိုတယ်လို့ သံအမတ်ကြီးက တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

လက်ရှိအချိန်မှာ စစ်အာဏာရှင်တွေကြောင့် မြန်မာပြည်သူလူထုတရပ်လုံး အထူးသဖြင့် အမျိုးသမီးတွေနဲ့ ကလေးငယ်များ၊ မသန်စွမ်းသူများနဲ့ လူငယ်တွေဟာ စစ်အာဏာရှင်စနစ်ဆိုးနဲ့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုဒဏ်တွေကို ခါးစည်းခံနေရ တယ်လို့လည်း အသိပေးခဲ့ပါတယ်။ 

စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုရန်စွယ်ကို ကာကွယ်ပေးဖို့နဲ့ ကူညီပေးဖို့ မြန်မာပြည်သူတွေ ကျယ်ကျယ်လောင်လောင် တောင်းဆိုနေကြတယ်လို့လည်း ကုလသမဂ္ဂအစည်းအဝေးမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းက ဆက်လက် ပြောဆိုခဲ့ပါ တယ်။  

ပြည်သူများဒုက္ခခံစားနေရတဲ့ အကျပ်အတည်းရဲ့ အဓိကဇစ်မြစ်ဟာ စစ်အာဏာရှင်စနစ်နဲ့ တရားမဝင်စစ်အာဏာသိမ်းဖို့ ကြိုးပမ်းမှုတို့ကြောင့်သာဖြစ်တဲ့အတွက် ဒီဇစ်မြစ် အပြီးတိုင်ချုပ်ငြိမ်းဖို့ လိုတယ်လို့လည်း သံအမတ်ကြီးက အစည်းအဝေး တက်ရောက်လာသူတွေကို ရှင်းပြထားပါတယ်။ 

မြန်မာပြည်သူ ထိခိုက်စေတဲ့ ဒီဇစ်မြစ်ကို ဖြေရှင်းဖို့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေ ချမှတ်ပြီး အရှိန်အဟုန်နဲ့ ဆောင်ရွက်သင့်တယ်လို့လည်း အကြံပြုထားပါတယ်။ 

မြန်မာနိုင်ငံက ကလေးငယ် () သန်းကျော် နေရပ်စွန့်ခွာနေရပြီး ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပုံမှန်ပညာရေး ပြတ်တောက်မှု တွေအောက်မှာ ရုန်းကန်နေရတယ်လို့လည်း အသိပေးထားပါတယ်။ 

ဒါ့အပြင် အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကလေးတွေဟာ ယာယီစခန်းတွေနဲ့ ဗုံးခို ကျင်းတွေမှာ ပညာဆည်းပူးနေရသလို စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ကာကွယ်ဆေး ပုံမှန်မရတာကြောင့် အာဟာရ ပြတ်လတ်မှုတို့နဲ့ ရင်ဆိုင်နေရချိန်မှာ အသက်မပြည့်သေးတဲ့ကလေးငယ်တွေဟာ စစ်တပ်ရဲ့ အတင်းအကြပ် စစ်သားသစ် စုဆောင်းမှု ဘေးအန္တရာယ်ဆိုးနဲ့ပါ ရင်ဆိုင်နေရတယ်လို့ မြန်မာကလေးငယ်တွေရဲ့ လက်ရှိအခြေအနေတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက မသန်စွမ်းသူတွေဟာ သူတို့အတွက် လိုအပ်နေတဲ့ အထောက်အကူပြုအစီအမံတွေရဖို့ ခက်ခဲလာပြီး အခွင့်အရေးချိုးဖောက်ခံရမှုတွေ မြင့်တက်လာတယ်လို့လည်း အသိပေးထားပါတယ်။ 

ဒါကြောင့် မြန်မာလူငယ်တွေဟာ စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေမှာ ပညာသင်ကြားနေရမယ်အစား အများစုဟာ ပြည်သူများရဲ့ အသက်အိုးအိမ်တွေကို ကယ်တင်ဖို့နဲ့ လူ့အသိုက်အဝန်းကိုကာကွယ်ဖို့ ပြည်သူ့တော်လှန်ရေးတိုက်ပွဲမှာ ပါဝင်နေရသလို အချို့ကလည်း စစ်တပ်ရဲ့ မတရားဖမ်းဆီးတာကို ရှောင်ရှားနိုင်ဖို့ ပြည်တွင်းကနေထွက်ခွာကြရတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

ဒီမိုကရေစီအရေးတိုက်ပွဲဝင်မှုအတွက် အလွန်အရေးပါတဲ့ ဦးဆောင်မှုအခန်းကဏ္ဍကနေပါဝင်နေတဲ့ မြန်မာလူငယ်တွေဟာ   အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအကြပ် တပ်သားစုဆောင်းမှုတွေကြောင့် အလုံးအရင်းနဲ့ ရွှေ့ပြောင်းနေထိုင်းခြင်း၊ ဦးနှောက် ယိုစိမ့်မှုပြဿနာ စတာတွေဟာ စိုးရိမ်ရတဲ့ အခြေအနေဖြစ်လာတယ်လို့လည်း သံအမတ်ကြီးက ရှင်းလင်းပြောဆိုထားပါ တယ်။ 

ဒါ့အပြင် မကြာသေးချိန်က ဖြစ်ပေါ်ခဲ့တဲ့ ရာဂီမုန်တိုင်းရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့်လည်း မြန်မာပြည်သူတွေဟာ နေရပ်စွန့်ခွာမှု၊ ဒုက္ခဆင်းရဲနဲ့ လူသားချင်းစာနာထောက်ထားမှုအခြေအနေတွေ ပိုမိုဆိုးရွားလာတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ရှင်းလင်းပြောဆိုခဲ့ပါတယ်။


========================


📌📌 ၃။ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စု ပြုတ်ကျမှာကို တရုတ် စိုးရိမ်


အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စု ပြုတ်ကျမှာကို တရုတ်အစိုးရက မလိုလားဘဲ စိုရိမ်မှုတွေ မြင့်တက်လာနေတယ်လို့ စစ်ရေး နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။ 

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စု ပြုတ်ကျမှာကို တရုတ်အစိုးရက မလိုလားတဲ့အကြောင်း တရုတ်အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ ပြည်သွေးစည်း ညီညွတ်ရေးပါတီတို့ လျှို့ဝှက်တွေ့ဆုံခဲ့တဲ့ အစည်းအဝေးမှတ်တမ်း ပေါက်ကြားလာတာနဲ့ ပတ်သက်လို့ စစ်ရေး နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေက အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

ပြည်နယ်က ဗဟိုခေါင်းဆောင်တွေနဲ့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းဦးဆောင်တဲ့အဖွဲ့တို့ ပြီးခဲ့တဲ့ ဩဂုတ်လ (၂၇) ရက် အင်္ဂါနေ့မှာ တွေ့ဆုံခဲ့တဲ့အစည်းအဝေးမှတ်တမ်း ပေါက်ကြားလာတာပဲဖြစ်ပါတယ်။ 

စီးပွားရေးအရ တရုတ်ကို မှီခိုအားထားနေရတဲ့ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA အနေနဲ့ တရုတ်နဲ့ ပြသနာဖြစ်မယ့် အလုပ်မျိုး လုပ်မှာ မဟုတ်တဲ့အတွက် ဒီမှတ်တမ်းဟာ တရုတ်ဘက်ကဖော်ကောင်လုပ်ပြီး ဖွင့်ချလိုက်တာဖြစ်နိုင်တယ်လို့ နိုင်ငံရေး စစ်ရေးလေ့လာနေသူ တဦးက ဆိုပါတယ်။ 

ပေါက်ကြားလာတဲ့အစည်းအဝေးမှတ်တမ်းအရ တရုတ်အစိုးရအနေနဲ့ ကိုးကန့်တပ်မတော် - MNDAA နဲ့ ကိုးကန့်ဒေသကို ဖြတ် () ဖြတ် ဖြစ်တဲ့ လျှပ်စစ်မီး၊ ရေ၊ အင်တာနက်၊ လောင်စာဆီ၊ ဆေးဝါးနဲ့ ဆန်အပါအဝင် လူသုံးကုန်ပစ္စည်းစတဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပိတ်ဆို့ထားတဲ့အပြင် လူအဝင်အထွက်ကိုလည်း ကိုးကန့်ဒေသနဲ့ထိစပ်နေတဲ့ တရုတ်နယ်စပ်ဂိတ်တွေကနေ တင်းကျပ်စွာ ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။ 

ဒါအပြင် အမျိုးသားညီညွတ်ရေးအစိုးရ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက မြန်မာစစ်တပ်ကို ဖြုတ်ချပြီး အစားထိုးလို့မရနိုင်ကြောင်းနဲ့ စစ်တပ်ပြိုကျပြီး အနောက်နိုင်ငံတွေနဲ့ နီးစပ်တဲ့ NUG နဲ့ PDF အုပ်စုတွေ အနိုင်ရ သွားမှာကို တရုတ်ဘက်က လုံးဝလက်ခံမဟုတ်ကြောင်း တရုတ် အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက ခေါင်းဆောင်တွေကို ပြောဆိုထားပါတယ်။ 

လားရှိုးမြို့ကို ထိန်းချုပ်ထားတဲ့ ကိုးကန့်တပ်တွေ မဆုတ်သွားမခြင်း ကိုးကန့်ဒေသကို ပိတ်ဆို့ထားတွေ ရုပ်သိမ်းပေးမှာ မဟုတ်တဲ့အပြင် ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေ ထပ်လုပ်သွားဖို့ရှိတယ်လို့လည်း ပေါက်ကြားလာတဲ့ အစည်းအဝေး မှတ်တမ်းအရ သိရပါတယ်။

အခုလို အစည်းအဝေးမှတ်တမ်းပေါက်ကြားလာချိန်မှာပဲ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လားရှိးမြိုနဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို ပြန်သိမ်းဖို့ စစ်ရေးပြင်ဆင်မှုတွေလုပ်ခိုင်းထားပြီး မကြာမီ ထိုးစစ်စတင်ဖို့ရှိနေတယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပါတယ်။ 

လားရှိုးကို တိုက်ခိုက်မယ့် စစ်ဆင်ရေးမှာ လေကြောင်းနဲ့ မြေပြင်ထိုးစစ် ဟန်ချက်ညီညီ တိုက်ခိုက်မယ့် လမ်းညွှန်ချက်တွေ ရှိထားပြီး ဒီနှစ်မကုန်ခင် လားရှိုးကို ပြန်လည်တိုက်ခိုက်နိုင်တယ်လို့ စစ်ရေးသတင်းတွေအရ သိရပါတယ်။  

လက်ရှိမှာလည်း အကြမ်းဖက်စစ်ကောင်စီဟာ လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာကြောင့် အရပ်သားပြည်သူတွေ သေဆုံးနေသလို အဆောက်အအုံတွေ များစွာပျက်စီးခဲ့ရတယ်လို့ ကိုးကန့်တပ်မတော် - MNDAA က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ မြန်မာနိုင်ငံက ရဲစွမ်းသတ္တိရှိတဲ့ ဆရာ၊ ဆရာမ‌တွေကို ဂုဏ်ပြုတယ်လို့ အမေရိကန်သံရုံးက ကမ္ဘာ့ဆရာများနေ့မှာ ထုတ်ပြန်


မြန်မာနိုင်ငံက ရဲစွမ်းသတ္တိရှိတဲ့ ဆရာ၊ ဆရာမ‌တွေအတွက် USAID က ဂုဏ်ယူတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ကမ္ဘာ့ဆရာများနေ့ဖြစ်တဲ့ ဒီနေ့ အောက်တိုဘာ () ရက်မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ 

မြန်မာနိုင်ငံက ဆရာ၊ ဆရာမ‌တွေရဲ့ ကရုဏာနဲ့ လုံ့လစိုက်ထုတ်မှုတွေဟာ သူတို့နေထိုင်ရာအဝန်းအဝိုင်းရဲ့ အနာဂတ်ကို ပုံဖော် ထုဆစ်နေပါတယ်လို့ အမေရိကန်သံရုံးက ဆိုပါတယ်။

ကြိမ်ဖန်များစွာ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေရတဲ့ကြားက ဆရာ၊ ဆရာမတွေဟာ အနာဂတ်မျိုးဆက်သစ်တွေကို ဆက်လက် အားပေး၊ ညွှန်ပြ၊ ပညာသင်ပေးနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

မြန်မာနိုင်ငံတဝှမ်းက ထိခိုက်လွယ်တဲ့ ကလေးငယ်တွေရဲ့ ပညာရေးလိုအင်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆရာ၊ ဆရာမပေါင်း () သောင်း () ထောင်ကျော်အတွက် အကူအညီဖြစ်စေမယ့် ပညာရပ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနဲ့ အရင်းအမြစ်တွေကို USAID က ဂုဏ်ယူစွာနဲ့ ပံ့ပိုးပေးနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက ကလေးငယ် () သန်းကျော်ဟာ နေရပ်စွန့်ခွာနေရပြီး ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးပြတ်တောက်မှုတွေအောက်မှာ ရုန်းကန်နေရပြီး ယာယီစခန်းတွေနဲ့ ဗုံးခိုကျင်းတွေမှာ ပညာဆည်းပူးနေရသလို အသက်မပြည့်သေးတဲ့ ကလေးငယ်တွေဟာ စစ်တပ်ရဲ့ အတင်းအကြပ် စစ်သားစုဆောင်းမှု ဘေးအန္တရာယ်ဆိုးနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း အခုရက်ပိုင်းမှာ ကျင်းပခဲ့တဲ့ လူမှုရေး၊ လူသားချင်း စာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအစည်းအဝေးမှာ ပြော‌ကြားထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ လားရှိုး ကွန်ပျူတာတက္ကသိုလ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်


လားရှိုးမြို့ရှိ ကွန်ပျူတာတက္ကသိုလ်ကို စစ်ကောင်စီက ဒီနေ့ အောက်တိုဘာ () ရက် မနက် (၁၀း၅၀) နာရီမှာ  လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

MNDAA သိမ်းပိုက်ထားတဲ့ လားရှိးမြို့က ကွန်ပျူတာတက္ကသိုလ်ကို ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့  ဗုံး () ကြိမ် ကြဲချခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးသူမရှိဘူးလို့ ဒေသခံအချို့က ပြောပါတယ်။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို မနေ့ အောက်တိုဘာ () ရက်ကလည်း စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါသေးတယ်။ 

ဒီတိုက်ခိုက်မှုကြောင့် အရပ်သားတဦး ဒဏ်ရာရခဲ့ပြီး ရပ်ကွက် - မှာ ရှိတဲ့ ကွမ်ရင်ဘုရားကျောင်း ရှေးဟောင်းအဆောက်အအုံအပါအဝင် အဆောက်အအုံတွေများစွာ ပျက်စီးခဲ့ရပါတယ်။  

လားရှိုးမြို့က သမိုင်းဝင် ကွမ်ရင် တရုတ်ဘာသာရေး ဘုံကျောင်းကို ဗုံးကြဲတိုက်ခိုက်တာဟာ လူထုကို သတ်ဖြတ်တာတွေအပြင် သမိုင်းဝင်နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။

ဒါဟာ စစ်ကောင်စီအနေနဲ့ အမျိုးသားယဉ်ကျေးမှုကို နင်းချေလိုက်တာဖြစ်ပြီး အမျိုးသားယဉ်ကျေးမှုနဲ့ ယုံကြည်ချက်များကို ချိုးနှိမ်စော်ကား ကျူးလွန်လိုက်တာပဲလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ ပလက်ဝအပါအဝင် ရခိုင်ပြည်နယ်အတွင်း သိမ်းပိုက်ထားတဲ့ဒေသတွေမှာ ရခိုင့်တပ်တော် AA မိုင်းရှင်းလင်းရေးလုပ်ဆောင်


ချင်းပြည်နယ် ပလက်ဝဒေသ အပါအဝင် ရခိုင်ဒေသက သိမ်းပိုက်ထားတဲ့ မြို့၊ ရွာတွေမှာ ရခိုင့်တပ်တော် AA က မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ ပြုလုပ်ပေးနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်မရှုံးခင်နဲ့ စခန်းမစွန့်ခွာခင်ကတည်းက ၎င်းတို့စခန်းအနီးတဝိုက် မိုင်းထောင်ထားတာ  စစ်ကြောင်းထိုးရာဒေသတွေမှာ မိုင်းထောင်ထားတွေ ပြုလုပ်ခဲ့တာကြောင့် ရခိုင့်တပ်တော် AA က တပ်ဖွဲ့ဝင်တွေ မိုင်းရှင်းလင်းရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာလို့ သိရပါတယ်။

လက်ရှိမှာ ရခိုင့်တပ်တော် ထိန်းချုပ်ထားရာမြို့တွေဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေ၊ တောင်ကုတ်၊ အမ်း၊ မာန်အောင် ဒေသ တွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၎င်းတို့ စခန်းအနီးပတ်ဝန်းကျင်နဲ့ မြို့ပတ်ပတ်လည်မှာ မိုင်းထောင်ထားတာ ရှိတယ်လို့ သိရကြောင်း Western News က ဖော်ပြထားပါတယ်။ 

ရခိုင့်တပ်တော် AA အနေနဲ့ စစ်ကောင်စီထံကနေ သိမ်းပိုက်ထားတဲ့ မြို့၊ ရွာတွေမှာ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ အဓိက ထားဆောင်ရွက်ပေးနေပြီး သိမ်းလုဆဲဖြစ်နေတဲ့ မောင်တောဒေသမှာလည်း မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ပေးနေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ပေါက်မြို့နယ်မှာ တိုက်ပွဲမရှိဘဲ စစ်တပ်က ပစ်တဲ့လက်နက်ကြီးကြောင့် ကလေးတဦးအပါအဝင် () ဦး သေဆုံး


မကွေးတိုင်း ပေါက်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်တာမရှိဘဲ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကလေးငယ်တဦးနဲ့ အမျိုးသမီးတဦး သေဆုံးသွားတယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

မနေ့ အောက်တိုဘာ () ရက်နေ့ ညနေ () နာရီခန့်အချိန်မှာ ပေါက်မြို့အနီးမှာရှိတဲ့ ကပစ တပ်က (၁၂ဝ) မမ လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာမှာ ခင်ရှည်တောင်ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးရတာလို့ ဆိုပါတယ်။

ပေါက်မြို့အနီးမှာရှိတဲ့ ကပစတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေကြောင့် အသက် () နှစ်ခွဲခန့်အရွယ်ရှိ ကလေးငယ်တဦး အပါအဝင် အသက် (၆၃) နှစ်အရွယ်အမျိုးသမီးတဦး သေဆုံးကာ () ဦး ဒဏ်ရာရသွားတယ်လို့ အသိပေးထားပါတယ်။ 

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ ရမ်းကားပစ်ခတ်မှုကြောင့် ခင်ရှည်တောင်ရွာအတွင်းက အရပ်သားပြည်သူတွေနေထိုင်ရာ အိမ်အချို့ ပျက်စီးခဲ့ရတယ်လို့လည်း သိရပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီဟာ အောက်တိုဘာ () ရက်နေ့ မွန်းလွဲပိုင်းကလည်း တိုက်ပွဲဖြစ်တာမရှိတဲ့ ပေါက်မြို့နယ် တောင်ပိုင်းက ကျေးရွာတွေကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု () ကြိမ်လုပ်ခဲ့သလို တချိန်တည်းမှာပဲ ပေါက်မြို့နယ် မှာရှိတဲ့ ကပစ (၂၄) တပ်က (၁၂၂) ဟောင်ဝစ်ဇာအမြောက်တွေနဲ့ သီးခြောက်ကျေးရွာကို () ကြိမ် ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတဦး ဒဏ်ရာရသွားတယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ မကွေးတိုင်းအတွင်း အကြမ်းဖက်စစ်အုပ်စုမှာ ပါဝင်နေသူတွေကို တမာအင်စတီကျု ဖော်ထုတ်  


မကွေးတိုင်းအတွင်း စစ်ရာဇဝတ်မှုကျူးလွန်နေကြတဲ့ စစ်ရာဇဝတ်ကောင်တွေရဲ့ အမည်စာရင်းနဲ့ အချက်အလက်အချို့ကို တမာအင်စတီကျု Tamar Institute of Development က စုစည်းထုတ်ပြန်ထားပါတယ်။ 

ဒီအချက်အလက်တွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်ဖိနှိပ်ရေးယန္တရားမှာ ပါဝင်ပြီး စစ်ရာဇဝတ်မှုတွေ၊ နိုင်ငံတကာ ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြတဲ့ မကွေးတိုင်းအတွင်းက အုပ်ချုပ်ရေးကောင်စီဝင်တွေဖြစ်တဲ့ စစ်တပ်အဖွဲ့ဝင်တွေရဲ့ အချက်အလက်တွေကို ဖော်ထုတ်လိုက်တာဖြစ်ပါတယ်။

လက်ရှိ မကွေးတိုင်းရဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးနေရာကို ဗိုလ်မှူးကြီးမိုးမင်းသိန်းက တာဝန်ယူထားပြီး အရင် နယ်စပ်ရေးရာဝန်ကြီးဟောင်း ဗိုလ်မှူးကြီးကျော်ကျော်လင်းနေရာမှာ အခုနှစ် ဖေဖော်ဝါရီလကမှ အစားထိုးဝင်ရောက်လာ တာလို့ သိရပါတယ်။

မကွေးတိုင်းထဲက ခရိုင် () ခုရဲ့ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် - နေရာတွေကို ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ‌ () ဦးက တာဝန်ယူထားပြီး မြို့နယ် (၂၅) မြို့နယ်ရဲ့ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် - နေရာတွေကို ဗိုလ်မှူးအဆင့်ရှိသူတွေက တာဝန်ယူထားတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ 

(၂ဝ၂၁) ခုနှစ် ဖေဖော်ဝါရီလ () ရက်မှာ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းယူခဲ့ပြီး နောက်တရက်ဖြစ်တဲ့ ဖေဖော်ဝါရီလ () ရက်နေ့မှာ ၎င်းတို့ယန္တရား လည်ပတ်နိုင်ဖို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့ပြီး တိုင်း/ခရိုင် မြို့နယ်အဆင့် စီမံအုပ်ချုပ်ရေးကောင်စီတွေကို ဖွဲ့စည်းခဲ့ပါတယ်။ 

မြို့နယ်အဆင့်၊ ခရိုင်အဆင့်စီမံအုပ်ချုပ်ရေးကောင်စီဝင်တွေဟာ ပြည်သူ့အာဏာကို တရားမဝင်လုယူထားတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ အခြေခံအကျဆုံးသော ဖိနှိပ်ရေးယန္တရားတွေဖြစ်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းတွေကို ဖမ်းဆီးခြင်းနဲ့ သတ်ဖြတ်ခြင်း စတာတွေကျူးလွန်ရာ အဓိကထောက်တိုင်တွေလို့ တမာအင်စတီကျုက ထောက်ပြထားပါတယ်။ 

ဒါ့အပြင် ပြည်သူတွေ ခရီးသွားလာတာကို ကန့်သတ်ပိတ်ပင်တာ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးငွေညှစ်တာ စစ်အုပ်စုရဲ့ စစ်မှုထမ်းဥပဒေကို အသက်သွင်းကာ လူငယ်လူရွယ်များစွာကို အဓမ္မစစ်မှုထမ်းစေတာ စတာတွေကို အဓိက လုပ်ဆောင်ပေးတဲ့ ထောက်တိုင်အဖွဲ့အစည်းတွေလို့လည်း ဆိုပါတယ်။ 

အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်ဖိနှိပ်ရေးယန္တရားတွေမှာ ပါဝင်ခဲ့သူတွေကို အပြစ်ပေး အရေးယူနိုင်ရေးဟာ အသွင်ကူး ပြောင်းရေးကာလ တရားမျှတမှုအတွက် မဖြစ်မနေလုပ်ဆောင်ရမယ့် တာဝန်တရပ်ဖြစ်တာကြောင့် အခုလို စစ်တပ်အဖွဲ့ဝင်တွေကို မှတ်တမ်းတင်ပြီး အများပြည်သူရှေ့မှောက် ဖော်ထုတ်တင်ပြလိုက်ရတာလို့ တမာအင်စတီကျု Tamar Institute of Development ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


🚩🚩 ၅။ ယောဒေသမှာ () ကြိမ်မြောက် အခြေခံ စစ်ပညာသင်တန်းဖွင့် 

 

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - YPDF က () ကြိမ်မြောက် တပ်သားသစ် အခြေခံစစ်ပညာသင်တန်းဖွင့်ပွဲကို အောက်တိုဘာ () ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီ အပတ်စဉ် () အခြေခံစစ်ပညာသင်တန်းဖွင့်ပွဲကို YPDF တပ်ဖွဲ့ရဲ့ ယောနကခန်းမမှာ ကျင်းပခဲ့တာဖြစ်ပြီး တပ်ဖွဲ့ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်တွေ၊ အရာရှိအရာခံ အကြပ်စစ်သည်တွေနဲ့ သင်တန်းသားတွေ တက်ရောက်ခဲ့ကြတယ် လို့ YPDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်သင်တန်းဆိုတာ ကိုယ်၊ စိတ် () ခုလုံး ကျန်းမာသန်စွမ်းအောင် လေ့ကျင့်ပေးတာဖြစ်ပြီး စည်းကမ်းကောင်းမွန်တဲ့ ပြည်သူ့ တော်လှန်ရေး တပ်သားတွေ ဖြစ်လာစေဖို့ လေ့ကျင့်ပျိုးထောင်ပေးတာဖြစ်တယ်လို့ YPDF ဥက္ကဋ္ဌ ရဲဘော်ယောလေးက အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

သင်တန်းဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး သင်တန်းမှူးအဖြစ်တာဝန်ယူထားတဲ့ တပ်ဖွဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော်လူလှကလည်း စစ်ပညာဆိုတာ လူတိုင်းတတ်ထားသင့်တယ်။ ဒါမှ အရေးအကြောင်းကြုံလာရင် အဆင်သင့် ဖြစ်နေမှာလို့ ဆိုပါတယ်။

သင်တန်းဖွင့်ပွဲမှာ တပ်ရင်းမှူး ရဲဘော်တာရာက သင်တန်းသားတွေကို သင်တန်းနဲ့ လေ့ကျင့်ရေးဌာနထံ အပ်နှံခဲ့ပြီး ကျေးဇူးတင်စကားပြောကြားတာ၊ တပ်ဖွဲ့ သစ္စာဓိဌာန် () ချက် ရွတ်ဆိုတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment