8th OCT 2024 - Evening Daily News by Radio NUG

 


၂၀၂၄ အောက်တိုဘာလ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ဒေါက်တာဇော်မြင့်မောင်စျာပနအခမ်းအနား မန္တလေးသူ/သား အများအပြားလိုက်ပါပို့ဆောင်

📌 ၂။ ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်ခြင်းအပေါ်အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရိုအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက စိတ်ထိခိုက်ရကြောင်းထုတ်ပြန်

📌 ၃။ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်ခြင်းအတွက် အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ပေးပို့

📌 ၄။ တက္ကဆက်ရောက်မြန်မာပြည်သူများနှင့်ကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုးတို့ တွေ့ဆုံမည်

📌 ၅။ စစ်အုပ်စုအနေဖြင့် ကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို သာမက နိုင်ငံတစ်ဝှမ်း ကျယ်ပြန့် သော ပျက်စီးဆုံရှုံးမှုများကိုပါ ဖြစ်ပေါ်စေခဲ့တယ်လို့ သံအမတ်ကြီး ဉီးကျော်မိုးထွန်းပြောကြား

📌 ၆။ နွေဦးတော်လှန်ရေးမှသည် ဖက်ဒရယ်အောင်ပွဲဆီသို့ "ခေါင်းစဥ်နဲ့ "ဖက်ဒရယ်ပွဲတော်"အား ဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပမည်


၂၀၂၄ ခုနှစ် အောက်တိုဘာလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ရက္ခိုင်ပြည်နယ် အမ်းမြို့နယ် မဲတောင်ဗျူဟာစခန်း ကို AAသိမ်းပိုက်

🚩 ၂။ စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့က စစ်တပ်စခန်းတွေကိုယနေ့မနက်အပြီးသတ်သိမ်းပိုက်ရရှိ

🚩 ၃။ မွန်ပြည်နယ်ရေးမြို့၊ကျောင်းရွာ၅၃၈တိုက်ပွဲမှာ ဒဏ်ရာရရဲဘော်ကိုအချိန်မီဆေးကုသပေးနိုင်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့အသိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ဒေါက်တာဇော်မြင့်မောင်စျာပနအခမ်းအနား မန္တလေးသူ/သား အများအပြားလိုက်ပါပို့ဆောင်


အောက်တိုဘာ၈ရက်


ဒေါက်တာဇော်မြင့်၏မောင်စျာပနအခမ်းအနားကို မန္တလေးသူ/သား အများအပြားလိုက်ပါပို့ဆောင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


အောက်တိုဘာ၈ရက် မနက်ပိုင်းတွင်မန္တလေးမြို့ တောင်အင်းမြောက်အင်းသုသာန်မှာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၏ စျာပနကို ပို့ဆောင်သဂြိုလ်ခဲ့ကြတယ်လို့ ဒေသခံသတင်းအရင်းအမြစ်များကတစ်ဆင့်သိရပါတယ်။


ဒီလိုလိုက်ပါပို့ဆောင်ရာမှာ မန္တလေးသူ/သားမြို့ခံအများစုက မီရာ ဆိုင်ကယ်များ၊ကားများနဲ့လိုက်ပါပို့ဆောင်ခဲ့တယ်လို့အတည်ပြုသိရှိရပါတယ်။


မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ဟာ ပြည်သူ့အစိုးရလက်ထက်၄င်းတာဝန်ယူစဥ်ကာလအတွင်း မန္တလေးမြို့တော်ရဲ့လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့သူတဦးလည်းဖြစ်ပါတယ်။


========================


📌📌 ၂။ ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်ခြင်းအပေါ်အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရိုအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက စိတ်ထိခိုက်ရကြောင်းထုတ်ပြန်


အောက်တိုဘာ၈ရက်


ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်ခြင်းအပေါ်အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရိုအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက စိတ်ထိခိုက်ရကြောင်းထုတ်ပြန်ပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ် ဒုဥက္ကဌနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်ကွယ်လွန်သည့်အတွက် အမေရိကန်ပြည်ထောင်စုက စိတ်ထိခိုက်ရပြီး နှစ်နိုင်ငံအကြား နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်ရာတွင် အရေးပါသော ကဏ္ဍမှပါဝင်ခဲ့သော ဒေါက်တာဇော်မြင့်မောင်သည် အမေရိကန်ပြည်ထောင်စု၏ အဖိုးတန် မိတ်ဘက်တစ်ဦးဖြစ်တယ်လို့ဖော်ပြပါတယ်။


၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ အကျဉ်းချထားခံရစဉ်အတွင်း ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးအခြေအနေ တစတစယိုယွင်းလာခြင်းအပေါ် မိမိတို့ စိုးရိမ်ပူပန်မိခဲ့ပြီး ဒေါက်တာဇော်မြင့်မောင်သည် ယခင်ကလည်း ၁၉၉၀မှ ၂၀၀၉ အထိ ၁၉နှစ်ကြာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရတယ်လို့ဖော်ပြပါတယ်။


ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်ခြင်းက အားလုံးပါဝင်နိုင်သော အများကိုကိုယ်စားပြုနိုင်သောဒီမိုကရေစီတစ်ရပ်အတွက် တိုက်ပွဲဝင်နေကြသည့် မြန်မာပြည်သူများ၏ စွန့်လွှတ်အနစ်နာခံမှုများအကြောင်း မိမိတို့ကို အမှတ်ရစေပြီး ပြည်သူများအားလုံး၏ အခွင့်အရေးကို လေးစားခြင်းနှင့် တိုင်းပြည်အနာဂတ်အတွက် ၄င်းတို့၏ ပြောရေးဆိုခွင့်ကို သေချာမှုရှိစေခြင်းတို့ကသာ မြန်မာနိုင်ငံကို လက်ရှိအကြပ်အတည်းမှ ကျော်လွန်နိုင်စေလိမ့်မယ်လို့ဆိုပါတယ်။


 ဒါ့အပြင် မတရားဖမ်းဆီးထားသူများကို ချက်ခြင်းလွှတ်ပေးရန်၊ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် သက်ဆိုင်သူများအားလုံးနှင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများပြုလုပ်သွားရန် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းကို အမေရိကန်ပြည်ထောင်စုက တောင်းဆိုအပ်တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၃။ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်ခြင်းအတွက် အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ပေးပို့


အောက်တိုဘာလ()ရက်


မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်ခြင်းအတွက် အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ပေးပို့ခဲ့ပါတယ်။


 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌ-၂၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် (အသက်-၇၃နှစ်)သည် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ၊ ()ရက်နေ့ မနက် ၃နာရီတွင် ဘဝတပါးသို့ ပြောင်းရွေ့ကွယ်လွန် သွားပါကြောင်း သိရှိရပါသဖြင့် မိမိတို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ကျန်ရစ်သူမိသားစုနှင့်ထပ်တူ အထူးဝမ်းနည်း ကြေကွဲ ရတယ်လို့ဖော်ပြပါတယ်။


မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဒီမိုကရေစီခရီးလမ်း တစ်လျှောက်တွင် ခက်ခဲကြမ်းတမ်းမှုမျိုးစုံကို ကြံ့ကြံ့ခံစွာ ရင်ဆိုင်ဖြတ်သန်းခဲ့ရမှုများနှင့် ဒီမိုကရေစီ အရေးကြိုးပမ်းမှုများ သည် မိမိတို့အတွက် စံပြထား လေးစားဂုဏ်ယူဖွယ်ဖြစ်တယ်လို့ဆိုပါတယ်။


မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် တိုင်းပြည်နှင့် ပြည်သူလူထု အပေါ် ချစ်မြတ်နိုးမှု၊ အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ်အပေါ် သစ္စာရှိမှုတို့အပြင် တိုင်းရင်းသား ပြည်သူတရပ်လုံး၏ နှစ်ပေါင်းများစွာမျှော်လင့် တောင်းတနေသော ဖက်ဒရယ်ဒီမိုကရေစီ အရေးတို့တွင် ကိုယ်ကျိုးမဖက် အနစ်နာခံပြီး မဆုတ်မနစ် ဇွဲ၊ လုံးလ၊ ဝီရိယဖြင့် နှစ်ပေါင်းများစွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်အတူ ပြည်သူလူထုအတွက်  ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအပေါ် လေးစားဦးညွှတ် ဂုဏ်ပြုအပ်တယ်လို့ဖော်ပြပါတယ်။


 မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွက်သာမက တိုင်းပြည်နှင့်ပြည်သူလူထု တစ်ရပ်လုံးအတွက်ပါ ကြီးမားသော ဆုံးရှုံးမှု တစ်ခုဖြစ်ပြီးမန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကောင်းမွန်ရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေကြောင်း ဆန္ဒပြုရင်း မပြီးဆုံးသေးသော ဒီမိုကရေစီခရီးလမ်းကို မိမိတို့က ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းစစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကဖော်ပြပါတယ်။


========================


📌📌 ၄။ တက္ကဆက်ရောက်မြန်မာပြည်သူများနှင့်ကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုးတို့ တွေ့ဆုံမည်


အောက်တိုဘာ၈ရက်


အမေရိကန်နိုင်ငံ၊တက္ကဆက်ရောက်မြန်မာပြည်သူများနှင့်ကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုး ဟူစတန်၊ တက္ကဆက်ပြည်နယ်မှာတွေ့ဆုံမယ်လို့သိရပါတယ်။


မြန်မာပြည်သူများ၏အရေးပေါ်ကျန်းမာရေးလိုအပ်ချက်များကိုအကူအညီပေးနိုင်ရန်အတွက် တက္ကဆက်ရောက်မြန်မာပြည်သူများနှင့်ရင်းနှီးပွင့်လင်းစွာဆွေးနွေးရန် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုးသည် ဟူစတန်၊ တက္ကဆက်ပြည်နယ်ကို အောက်တိုဘာ ၂၀ ရက်နေ့တွင် လာရောက်မယ်လို့သိရပါတယ်။


တက္ကဆက်ရောက်မြန်မာပြည်သူများအားလုံးလာရောက်ပါဝင်ဆွေးနွေးပေးပါရန်လှိုက်လှဲစွာဖိတ်ခေါ်ထားပါတယ်။


========================


📌📌 ၅။ စစ်အုပ်စုအနေဖြင့် ကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို သာမက နိုင်ငံတစ်ဝှမ်း ကျယ်ပြန့် သော ပျက်စီးဆုံရှုံးမှုများကိုပါ ဖြစ်ပေါ်စေခဲ့တယ်လို့ သံအမတ်ကြီး ဉီးကျော်မိုးထွန်းပြောကြား


အောက်တိုဘာ၈ရက်


စစ်အုပ်စု အနေဖြင့် ကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို သာမက နိုင်ငံတစ်ဝှမ်း ကျယ်ပြန့် သော ပျက်စီးဆုံရှုံးမှုများကိုပါ ဖြစ်ပေါ်စေခဲ့တယ်လို့သံအမတ်ကြီး ဉီးကျော်မိုးထွန်းက

ကုလသမဂ္ဂ အထွေထွေညီလာခံ ဆဋ္ဌမကော်မတီ၏ အာဂျင်ဒါအမှတ် ၈၆ - "သဘာဝဘေးအန္တရာယ်များ၌ လူပုဂ္ဂိုလ် များ အားကာကွယ်စောင့်ရှောက်ခြင်း" ခေါင်းစဉ်ဖြင့် အထွေထွေဆွေးနွေးမှုတွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။


"၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ကျူးလွန်ခဲ့သည့် တရားမဝင် အာဏာသိမ်းရန် အားထုတ်မှု မှစ၍ မိမိတို့ နိုင်ငံသည် သဘာဝဘေးအန္တရာယ်နှင့် လူကြောင့်ဖြစ်ပေါ်သည့် ဘေးအန္တရာယ် နှစ်မျိုးစလုံး၏ ဆိုးရွားသော အကျိုးဆက်များကို မျက်မြင်တွေ့ကြုံခဲ့ရပါကြောင်း၊ စစ်အုပ်စု အနေဖြင့် ကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို သာမက နိုင်ငံတစ်ဝှမ်း ကျယ်ပြန့် သော ပျက်စီးဆုံးရှုံးမှုများကိုပါ ဖြစ်ပေါ်စေခဲ့ပြီး၊ လူသန်းပေါင်းများစွာအတွက် ကြီးစွာသော ဒုက္ခ ဆင်းရဲများကို ဖြစ်ပေါ်စေခဲ့ပါကြောင်း၊ ယခုအခြေအနေသည် လူသားတို့၏ ဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်သည့် ဘေးအန္တရာယ်များ အပါအဝင် ဘေးအန္တရာယ်ပုံစံအားလုံးကို ပြည့်စုံစွာ လွှမ်းခြုံနိုင်စေရန် ဥပဒေ (မူကြမ်း) တွင် သေချာစွာထည့်သွင်းခြင်း၏ အရေးပါမှုကို မီးမောင်းထိုးပြလျက်ရှိပါကြောင်း"သံအမတ်ကြီးကပြောပါတယ်။


ဒါ့အပြင် တရားမဝင် အာဏာသိမ်းရန် အားထုတ်မှုဖြစ်ပွားခဲ့သည့် နောက်ပိုင်း လေကြောင်းတိုက်ခိုက်မှု များ၊ ကျေးရွာများနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ အပါအဝင် အကြမ်းဖက်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအတွင်း ပြည်သူပေါင်း ,၇၀၀ ကျော် စစ်တပ်၏ ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံခဲ့ရပါကြောင်း၊ လူပေါင်း . သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေး နေရလျက် ရှိကြောင်း၊ ပြည်သူ ၁၈. သန်း ကျော်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အရေးတကြီး လိုအပ်နေပြီး ယင်းပမာဏ၏ ထက်ဝက်ကျော်မှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ဖြစ်ကြကြောင်း၊ လူပေါင်း ၁၅ သန်းကျော်မှာ စားနပ်ရိက္ခာမလုံလောက်မှုကို ကြုံတွေ့ နေရသကဲ့သို့ နိုင်ငံ့ လူဦးရေ၏ ထက်ဝက်ခန့်မှာ ဆင်းရဲမွဲတေမှုမျဉ်းအောက်သို့ ရောက်ရှိ သွားပြီဖြစ်ပါကြောင်း၊ ကလေးငယ် သန်းကျော်မှာ နေရပ်စွန့်ခွာမှု၊ ကျန်းမာရေး စောင့်ရှောက်မှု နှင့် ပုံမှန်ပညာရေး ပြတ်တောက်မှုများအောက်တွင် ရုန်းကန်နေရကြောင်းသံအမတ်ကြီးကထပ်လောင်းပြောပါတယ်။


========================


📌📌 ၆။ နွေဦးတော်လှန်ရေးမှသည် ဖက်ဒရယ်အောင်ပွဲဆီသို့ "ခေါင်းစဥ်နဲ့ "ဖက်ဒရယ်ပွဲတော်"အား ဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပမည်


အောက်တိုဘာ၈ရက်


"နွေဦးတော်လှန်ရေးမှသည် ဖက်ဒရယ်အောင်ပွဲဆီသို့ "ခေါင်းစဥ်နဲ့ "ဖက်ဒရယ်ပွဲတော်"အား ဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပမယ်လို့သိရပါတယ်။


"ဖက်ဒရယ်ပွဲတော်"အား တတိယအကြိမ်မြောက် အဖြစ် နိုဝင်ဘာ၁၇ရက်တွင် Tokyoမြို့၊ Shinjuku မြို့နယ်၊Takadanobaba ရှိ Toyama ပန်းခြံတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။


နေရာဒေသအသီးသီးမှ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ဓလေ့ထုံးစံများ၊ယဉ်ကျေးမှု ဖျော်ဖြေရေးအစီအစဉ်များ၊ အစားအစာများ၊ရိုးရာဖက်ရှင်များ၊နှင့်အမှတ်တရ ပစ္စည်းများပါ တနေရာတည်းတွင်း စုံစုံလင်လင် ရရှိနိုင်မည့် ယဉ်ကျေးမှုပွဲတော်ဖြစ်ပြီး ရရှိလာသောအကျိုးအမြတ်များအား မြန်မာပြည်တွင်းသို့ အပြည့်အဝပေးပို့လှူဒါန်းသွားမှာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ရက္ခိုင်ပြည်နယ် အမ်းမြို့နယ် မဲတောင်ဗျူဟာစခန်း ကို AAသိမ်းပိုက်


အောက်တိုဘာလ၈ရက်


ရက္ခိုင်ပြည်နယ် အမ်းမြို့နယ် အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) နှင့် ၉မိုင်ခန့်သာ ဝေးသည့် စစ်ကောင်စီ၏ မဲတောင် ဗျူဟာစခန်းကို အာရက္ခတပ်တော်(AA)က အောက်တိုဘာ ၇ရက် ညနေပိုင်း၌ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း AAက သတင်းထုတ်ပြန်သည်။

အမ်းမြို့နယ်အတွင်း လက်ကျန် စခန်းများထဲမှတစ်ခုဖြစ်သောမဲတောင် ဗျူဟာကို AAက စက်တင်ဘာ ၂၆ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ ၁၂ ရက်ခန့် အကြာတွင်   မဲတောင်ဗျူဟာစခန်းတစ်ခုလုံးနှင့် ၎င်းအနီး ပတ်ဝန်းကျင်ရှိ ရန်သူ့စခန်းများအားလုံးကို သိမ်းနိုင်ခဲ့ပြီးလက်နက်ခဲယမ်းများစွာ ရရှိခဲ့ဟု AAက အသိပေးသည်။

အဆိုပါ ဗျူဟာစခန်းသည် အမ်းမြို့ နပခ ဌာနချုပ်မှ အဖြောင့်တိုင်းလျှင် ၁၄ ကီလိုမီတာ( ၉မိုင်)ခန့်သာ ကွာဝေးသည်ဟု ထုတ်ပြန်သည်။

အာရက္ခတပ်တော်သည် အာရက္ခဒေသအတွင်း၌ သိမ်းပိုက်ရန်ကျန်ရှိနေသေးသော ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို တစ်ခုမကျန်ဆက်လက်သိမ်းပိုက်ရယူရန်အတွက် ကြိုးပမ်းလျက် ရှိသောကြောင့် မောင်တော၊ ကျိန္တလီ နှင့်အမ်းစသည့်ဒေသများအတွင်း၌ တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွား လျက်ဟု အသိပေးသည်။

မောင်တောမြို့သိမ်းတိုက်ပွဲ၏ တစ်ခုတည်းသောစခန်းဖြစ်သည့် ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ နခခ () စခန်းအား အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ပြိုင်နက်တည်းတွင် ARSO RSO မူဆလင်အကြမ်းဖက် လက်နက်ကိုင်အဖွဲ့အစည်းများ၏ မောင်တော၊ ဘူးသီးတောင်ဒေသများ၌ အတင့်ရဲစွာ ပြုလုပ်လျက်ရှိသောအကြမ်းဖက် လုပ်ငန်းများကို တိုက်ဖျက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်သည်။

ကျိန္တလီဒေသအတွင်း၌လည်း တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိသည်မှာ တစ်ပတ် ခန့်ကြာမြင့်ခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

ရန်သူသည် ကျိန္တလီပတ်ဝန်းကျင်၌လည်း ကြည်း၊ ရေ၊ လေ ခုခံနေသည့်ကြားမှ စစ်ရေးအရများစွာရှုံးနိမ့်နေသည့် အပြင် ကျိန္တလီချောင်းအား ဖြတ်သန်းတည်ဆောက်ထားသည့် ကုလားပြင်တံတားအား ယမန်နေ့ အောက်တိုဘာ ၇ရက်တွင် တံတား အလယ်အား ဖောက်ခွဲဖျက်ဆီးပြီး ဂွဖက်သို့ ဆုတ်ခွာသွားကြောင်း AAက ထုတ်ပြန်သည်။

အာရက္ခတပ်တော်မှ ကုလားပြင်တံတားထိပ်ရှိ ကိုင်းခုန်နှင့် ကံဂေါ်တောင် (ကံကော်တောင်) တပ်စွဲထားသော  စစ်ကောင်စီ၏ စခန်းများကို အောက်တိုဘာ ၆ရက်တွင် သိမ်းပိုက်ရရှိခဲ့ပြီးနောက်  စစ်ကောင်စီက  တံတားအား ဖောက်ခွဲဖျက်ဆီးကာ ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း၊  ဆုတ်ခွာသွားသည့် ရန်သူများအား လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိကြောင်း အသိပေးသည်။

စစ်ရေးအရ အရေးနိမ့်နေသော ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီသည် ရှုံးမဲမဲကာ အရပ်သားပြည်သူ လူထုများအား လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်းကို ပြုလုပ်လျက်ရှိပြီး စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်  ပြစ်မှုကျူးလွန်ခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း AAက ထုတ်ပြန်သည်။

တောင်ကုတ်မြို့ ရွာမကျေးရွာအတွင်းသို့   စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးထိခိုက် ဒဏ်ရာရမှုများရှိခဲ့ဟု အသိပေးဖော်ပြထားပါတယ်။

AA အနေဖြင့် စစ်ကောင်စီ၏ တောင်ကုတ်မြို့ စကခ () လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခမရ (၃၄၆/၅၄၄) တပ်စခန်းများနှင့် အခြားသော စခန်းများကိုလည်း ဝိုင်းရံပိတ်ဆို့ထားပြီး အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့က စစ်တပ်စခန်းတွေကိုယနေ့မနက်အပြီးသတ်သိမ်းပိုက်ရရှိ


အောက်တိုဘာ၈ရက်


စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့က စစ်တပ်စခန်းတွေကို ယနေ့မနက်အောက်တိုဘာ၈ရက်မှာ မဟာမိတ်တပ်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PDFတွေကသိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။

"မဂ်လာရှိသော နံနက်ခင်းလေးပါ။သတင်းကောင်းလေးပါဗျ"လို့ထွဋ်ခေါင် (ယင်းမာပင်ခရိုင်တပ်ရင်း၂၈)ကလည်းအသိပေးဆိုထားပါတယ်။

သြဂုတ်လလယ်ပိုင်းကစပြီး ပင်လည်ဘူး ၊အင်းတော်၊ထီးချိုင့် မြို့တွေကို PDF နဲ့ မဟာမိတ်တပ်တွေကစကစတပ်တွေကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာပင်လည်ဘူးစကစစခန်းဆီကနေလက်နက်များစွာရရှိထားပြီး အခြားသိမ်းပိုက်ပစ္စည်းများလည်းရရှိထားပါတယ်။


========================


🚩🚩 ၃။ မွန်ပြည်နယ်ရေးမြို့၊ကျောင်းရွာ၅၃၈တိုက်ပွဲမှာ ဒဏ်ရာရရဲဘော်ကိုအချိန်မီဆေးကုသပေးနိုင်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့အသိပေး


အောက်တိုဘာ၈ရက်


မွန်ပြည်နယ်ရေးမြို့၊ကျောင်းရွာ၅၃၈တိုက်ပွဲမှာဒဏ်ရာရရဲဘော်ကိုအချိန်မီဆေးကုသပေးနိုင်ခဲ့တယ် လို့အောက်တိုဘာ၈ရက်မှာ ရေးဘီလူးအဖွဲ့က အသိပေးဆိုထားပါတယ်။


"ကျောင်းရွာ၅၃၈ တိုက်ပွဲမှာဒဏ်ရာရရှိရဲဘော်ကိုအချိန်မီဆေးကုသမှုဆောင်ရွက်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။


မွန်ပြည်နယ်ရေးမြို့ ကျောင်းရွာ၅၃၈တိုက်ပွဲကိုအောက်တိုဘာလပထမပတ်စစ်ဆင်ရေးလှုပ်ရှားခဲ့ရာစကစဘက်ကကျောင်းရွာ ၅၈၃ တပ်သားလက်နက်ကြီးသင်တန်းဆင်းရဲမေတဦးအပါဝင်တပ်သား၅ဦးသေဆုံးခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment