8th OCT 2024 - Morning Daily News by Radio NUG

 

၂၀၂၄ အောက်တိုဘာလ ၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်းအပေါ် ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ပြည်ထောင်စုဝန်ကြီးချုပ်တို့က အထူးဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ 

📌 ၂။ ဒေါက်တာဇော်မြင့်မောင် မကွယ်လွန်မီ နာရီပိုင်းအလိုတွင်မှ စစ်အစိုးရက လွတ်ငြိမ်းသက်သာခွင့်ကို ပေးအပ်ခဲ့ခြင်းသည်  စစ်မှန်သော သနားကြင်နာမှု မဟုတ်ပါဟု EU Myanmar ထုတ်ပြန် 

📌 ၃။ အာဏာသိမ်းပြီးစဥ်ကတည်းက နိုင်ငံရေးအကျဥ်းသားစုစုပေါင်း (၂၁,၀၀၀) ကျော် ဖမ်းဆီးထိန်းသိမ်း ခံထားရခြင်းမှာ အလွန်အကျည်းတန်ဆိုးရွားလှတယ်လို့ ဗြိတိသျှသံရုံး (ရန်ကုန်)က ပြစ်တင်ရှုတ်ချ 

📌 ၄။ စလင်းမြို့နယ် လင်းဇင်းကျေးရွာတွင် တစ်ပတ်အတွင်း ပြည်သူများ ကျေးရွာတွင် နေထိုင်ခြင်း မပြုလုပ်ကြပါရန် မင်းဘူးခရိုင်တပ်ရင်း (၁၊ ) မှ ကြေငြာချက် ထုတ်ပြန် 

📌 ၅။ သန်းခေါင်စာရင်းကောက်နေတဲ့ Non CDM ကျောင်းဆရာမ () ဦးနှင့် ထွေအုပ်စာရေးမကို လောင်းလုံး PDF ဖမ်းဆီး 

📌 ၆။ ကြယ်စင်များရဲ့ အလင်းကောင်းကင် () ရန်ပုံငွေရှာဖွေပွဲ အောင်မြင်စွာ ပြီးဆုံး 

📌 ၇။ လားရှိုးမှာ ဖုန်း၊ အင်တာနက်နဲ့ Starlink တွေကို သုံးစွဲခွင့် ပိတ်၊ စစ်ကောင်စီ သတင်းပေးနှစ်ယောက် ဖမ်းမိထားတယ်လို့ ဆို 

📌 ၈။ အကျဉ်းထောင်အတွင်းတွင် နိုင်ငံရေးအကျဉ်းသား သေဆုံးသူ (၁၀၃) ဦးရှိပြီး ဆေးကုသမှုမရခဲ့သဖြင့် ကျန်းမာရေးချို့တဲ့မှုကြောင့် သေဆုံးသူ (၆၃) ဦး ပါဝင် 


၂၀၂၄ ခုနှစ် အောက်တိုဘာလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဈေးဝယ်ပြန်လာတဲ့ အရပ်သား ကားတစီးကို ARSA က ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး () ဦး သေဆုံး 

🚩 ၂။ ခလယ်လွီထူခရိုင်တွင် စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူ () ဦး သေဆုံးပြီး () ဦး ဒဏ်ရာရ 

🚩 ၃။ ဖားကန့် ဆိုင်းတောင်မှာ အမျိုးသမီး တစ်ဦး စစ်ကောင်စီ ပစ်လိုက်တဲ့ လက်နက်ကြီး ကျည်ထိပြီး သေဆုံး 

🚩 ၄။ တနင်္သာရီတွင် စစ်ကောင်စီက ၎င်းရဲ့ စခန်းဟောင်း တခုနဲ့ အင်းရှည်ကုန်းရွာတို့ကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက် 

🚩 ၅။ ထန်တလန်မြို့တွင်း စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်၊ စခန်းနှစ်ခုကျန်ရှိသေး 

🚩 ၆။ စလင်းမြို့နယ် ကပစ (၂၅) နှင့် ကပစ (၂၁) ကို ဆက်သွယ်ထားသော လျှပ်စစ်မီးတိုင်များအနီး စစ်တပ်က ထောင်ထားသော မြေမြုပ်မိုင်းများကို PDF တပ်ဖွဲ့ ရှင်းလင်း 

🚩 ၇။ စစ်ကောင်စီက သင်္ကန်းဝတ် ဝါသဝ၏ ပြည်သူ့စစ်တပ်ဖွဲ့ကို လက်နက်တပ်ဆင် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်းအပေါ် ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ပြည်ထောင်စုဝန်ကြီးချုပ်တို့က အထူးဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ 


ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်းအပေါ်  အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ပြည်ထောင်စုဝန်ကြီးချုပ်တို့ကအထူးဝမ်းနည်းကြောင်း သဝဏ်လွှာများပေးပို့ခဲ့ကြပါတယ်။

အောက်တိုဘာ () ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဒုတိယဥက္ကဋ္ဌ () မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားသည့်အတွက် လွန်စွာ စိတ်ထိခိုက်ဝမ်းနည်းရတယ်လို့ ယာယီသမ္မတသဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒေါက်တာဇော်မြင့်မောင်သည် မြန်မာ့ဒီမိုကရေစီအရေး၊ တိုင်းပြည်နှင့် လူထုအကျိုးအတွက် တစိုက်မတ်မတ် ထမ်းရွက်ခဲ့သူဖြစ်ပြီး စစ်အာဏာရှင်များ၏ ခေတ်အဆက်ဆက် နှစ်ရှည်လများ ဖမ်းဆီးအကျဉ်းချခံရသော်လည်း ကွယ်လွန်ချိန်အထိ မိမိယုံကြည်ချက်ပေါ် အခိုင်အမာရပ်တည်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါက်တာဇော်မြင့်မောင်သည် သူရှင်သန်ခဲ့သည့် ဘဝတလျှောက်လုံး ခေတ်က ပေးအပ်လာသည့် သမိုင်းပေး တာဝန်မှန်သမျှကို မြဲမြံစွာ ထမ်းရွက်ကာ သူ၏ တန်ဖိုးကို ပြသခဲ့သည့် စံနမူနာထားစရာ လူသားတဦးဖြစ်ကြောင်း ဂုဏ်ပြု မှတ်တမ်းတင်အပ်ပြီးဒေါက်တာဇော်မြင့်မောင် ကွယ်လွန် သွားခြင်းသည် တိုင်းပြည်နှင့် လူမျိုးအတွက် ကြီးစွာသော ဆုံးရှုံးမှုတခုဟု မှတ်ယူတယ်လို့ ယာယီသမ္မတက ဖော်ပြပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကလည်း ယခုကဲ့သို့ မြန်မာ့ဒီမိုကရေစီ ခရီးကြမ်းအဆက်ဆက်တွင် အကြမ်းဖက်စစ်တပ်၏  နှိပ်စက်ဖမ်းဆီး မတရားအကျဉ်းချမှုမျိုးစုံကို အံတုရင်း ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် အကြမ်းဖက်စစ်တပ်ကို တွန်းလှန်တိုက်ပွဲဝင်ရင်း အသက်ပေးခဲ့ရသည့်  ဒေါက်တာဇော်မြင့်မောင်ကို ဦးညွတ်ဂါရဝပြုရင်း မိသားစုနှင့် ထပ်တူကြေကွဲဝမ်းနည်းရပါကြောင်းနှင့် ကောင်းရာဘုံဘဝသို့ ရရှိရောက်ရှိပါ‌စေကြောင်း ညှိုးငယ်စွာဖြင့် ဆုတောင်းမေတ္တာပေးပို့အပ်တယ်လို့ ဖော်ပြထားပါတယ်။

တော်လှန်ရေးခရီးလမ်းခုလတ်တွင် ကျဆုံးကွယ်လွန်ခဲ့ကြသော သူရဲကောင်းအပေါင်းတို့၏ ရင်းနှီးပေးဆပ်မှုများကို အလေးအနက်တန်ဖိုးထား နှလုံးသွင်းလျက် တော်လှန်ရေးအလုံးစုံ ပြီးမြောက်အောင်မြင်သည်အထိ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထပ်လောင်း၍ ကတိသစ္စာပြုအပ်တယ်လို့ ဝန်ကြီးချုပ်က ဆိုထားပါတယ်။


========================


📌📌 ၂။ ဒေါက်တာဇော်မြင့်မောင် မကွယ်လွန်မီ နာရီပိုင်းအလိုတွင်မှ စစ်အစိုးရက လွတ်ငြိမ်းသက်သာခွင့်ကို ပေးအပ်ခဲ့ခြင်းသည်  စစ်မှန်သော သနားကြင်နာမှု မဟုတ်ပါဟု EU Myanmar ထုတ်ပြန် 


ဒေါက်တာဇော်မြင့်မောင် မကွယ်လွန်မီ နာရီပိုင်းအလိုတွင်မှ စစ်အစိုးရက လွတ်ငြိမ်းသက်သာခွင့်ကို ပေးအပ်ခဲ့ခြင်းသည် စစ်မှန်သော သနားကြင်နာမှု မဟုတ်ပါဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးက ထုတ်ပြန်ပါတယ်။

သုံးကြိမ်တိုင်တိုင် ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်သည် (၂၀၂၄) ခုနှစ် အောက်တိုဘာလ () ရက်နေ့တွင် ကွယ်လွန်ခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ နှင့် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်သည် (၁၉၈၈) ခုနှစ်မှ (၂၀၀၉) ခုနှစ်အတွင်း ထောင်ဒဏ် (၁၉) နှစ် ကျခံခဲ့ရ ပြီး မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကို လမ်းညွှန်ပေးခဲ့သည့် လူ့အခွင့်အရေးကို အထူး အလေးအနက်ထား ခုခံကာကွယ်ခဲ့သူ တစ်ဦး ဖြစ်ပါသည်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေါက်တာဇော်မြင့်မောင်သည် (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီ () ရက် အာဏာသိမ်းမှုအပြီးတွင် စစ်အာဏာပိုင်များက မမှန်ကန်သည့် နိုင်ငံရေးစွဲချက်များဖြင့် ထပ်မံဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ နှစ်ပေါင်းများစွာ လုံလောက်သည့် ဆေးကုသမှုကို မရရှိခဲ့ဘဲ ပြင်းထန်သော နာမကျန်းမှုဖြင့် ရုန်းကန်ခဲ့ရသည့် သူ၏ အကျဥ်းစံအခြေအနေသည် လွန်စွာ လူမဆန်၊ အဆင့်နှိမ့်စွာ နေခဲ့ရသည်ဟု ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးသည် ဒေါက်တာဇော်မြင့်မောင်၏ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါပြီး မြန်မာပြည်သူများနှင့်အတူ ခိုင်မာစွာ ရပ်တည်လျက်ရှိကာ ငြိမ်းချမ်းရေးနှင့် ပြန်လည် သင့်မြတ်ရေးတို့အတွက် မရှိမဖြစ် လိုအပ်ချက်များဖြစ်သည့်  မတရားဖမ်းဆီး ထိန်းသိမ်းထားခြင်းခံရများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် တောင်းဆို တိုက်တွန်းအပ်ပါသည်ဟု ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ အာဏာသိမ်းပြီးစဥ်ကတည်းက နိုင်ငံရေးအကျဥ်းသားစုစုပေါင်း (၂၁,၀၀၀) ကျော် ဖမ်းဆီးထိန်းသိမ်း ခံထားရခြင်းမှာ အလွန်အကျည်းတန်ဆိုးရွားလှတယ်လို့ ဗြိတိသျှသံရုံး (ရန်ကုန်)က ပြစ်တင်ရှုတ်ချ 


အာဏာသိမ်းပြီးစဥ်ကတည်းက နိုင်ငံရေးအကျဥ်းသားစုစုပေါင်း (၂၁,၀၀၀) ကျော် ဖမ်းဆီးထိန်းသိမ်း ခံထားရခြင်းမှာ အလွန်အကျည်းတန်ဆိုးရွားလှတယ်လို့ အောက်တိုဘာ () ရက်မှာ ဗြိတိသျှသံရုံး (ရန်ကုန်) က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားကြောင်းကြားသိရတဲ့အတွက် အလွန်စိတ်မကောင်းဖြစ်မိပြီး မိသားစုဝင်များနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် ဒေါက်တာဇော်မြင့်မောင်ရဲ့ ပံ့ပိုးကူညီမှုများကို အောက်မေ့ သတိရနေမှာဖြစ်ပြီး နာမကျန်း ဖြစ်နေစဥ်ကာလအတွင်း ဖမ်းဆီးခံထားရခြင်း အပါအဝင် သူ့ရဲ့ဘဝတလျှောက်လုံး အချိန် ကြာမြင့်စွာ မတရားဖမ်းဆီးချုပ်နှောင်ခံထားခဲ့ရခြင်းကိုလည်း ဘယ်လိုမှ မေ့ပျောက်နိုင်မှာ မဟုတ်ပါဘူး။ အာဏာသိမ်းပြီးစဥ်ကတည်းက နိုင်ငံရေးအကျဥ်းသားစုစုပေါင်း ၂၁,၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်း ခံထားရခြင်းမှာ အလွန်အကျည်းတန်ဆိုးရွားလှပါတယ်လို့ သံရုံးအကြီးအကဲ Ken OFlaherty က ဆိုထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရှိ နိုင်ငံရေးသမားများဟာ မိမိတို့ ယုံကြည်ရာကို ရပ်တည်ခြင်းအတွက် ကြမ်းတမ်းဆိုးရွားလှတဲ့ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရပြီး ဒေါက်တာဇော်မြင့်မောင်ကဲ့သို့ပင် နိုင်ငံရေးအကျဉ်းသားအများစုဟာ သင့်လျော်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဆေးကုသခွင့် မရရှိပဲ ဆိုးရွားလှတဲ့ အခြေအနေမှာ ထိန်းသိမ်းခံထားကြရကာ မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့ ယူကေက ထပ်လောင်း တောင်းဆိုလိုက်တယ်လို့ ဆိုပါတယ်။


========================


📌📌 ၄။ စလင်းမြို့နယ် လင်းဇင်းကျေးရွာတွင် တစ်ပတ်အတွင်း ပြည်သူများ ကျေးရွာတွင် နေထိုင်ခြင်း မပြုလုပ်ကြပါရန် မင်းဘူးခရိုင်တပ်ရင်း (၁၊ ) မှ ကြေငြာချက် ထုတ်ပြန် 


စလင်းမြို့နယ်အတွင်း စစ်ရေးဆိုင်ထားသော လင်းဇင်းကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီ ရဲစခန်းနှင့် တပ်စွဲထားသော စခအဖွဲ့တို့သည် ကျေးရွာနေပြည်သူများကို အကာအကွယ် ပြုလုပ်ကာ လုပ်ကိုင်ဆောင်ရွက်နေပါသဖြင့်  အောက်တိုဘာလ () ရက်နေ့မှစ၍ တစ်ပတ်အတွင်း ပြည်သူများ ကျေးရွာတွင် နေထိုင်ခြင်း မပြုလုပ်ကြပါရန် စလင်းအခြေစိုက် မင်းဘူးခရိုင် တပ်ရင်း (၁၊ ) မှ ကြေငြာချက် ထုတ်ပြန်ပါတယ်။ 

မင်းဘူးခရိုင်အတွင်း ထိန်းချုပ်နယ်မြေ၊ စိုးမိုးနယ်မြေ ရရှိနိုင်ရေးအတွက် ယခုကာလများအတွင်း အစွမ်းကုန် ကြိုးစားလုပ်ဆောင်နေချိန်တွင် အကြမ်းဖက် စကစမှ ၎င်းတို့၏ အခြေစိုက် နေရာယူ စခန်းချထားသော နေရာများအား ပြည်သူလူထုကို အကာအကွယ်ယူကာ တိုက်ခိုက်ချေမှုန်း မခံရစေရန် ပြုလုပ်ထားပြီး လူသားဒိုင်းပြုလုပ်ကာ ဆောင်ရွက် နေပါသဖြင့် အပြစ်မဲ့ ပြည်သူလူထုများ ထိခိုက်နစ်နာမှုမရှိစေရန် ကြိုတင်အသိပေး သတိပေးခြင်း ဖြစ်ကြောင်း ဖော်ပြထားပါတယ်။


========================


📌📌 ၅။ သန်းခေါင်စာရင်းကောက်နေတဲ့ Non CDM ကျောင်းဆရာမ () ဦးနှင့် ထွေအုပ်စာရေးမကို လောင်းလုံး PDF ဖမ်းဆီး 


အောက်တိုဘာလ () ရက်နေ့တွင် သန်းခေါင်စာရင်းကောက်‌ရာမှာ ပါဝင်နေတဲ့ Non CDM ကျောင်းဆရာမ () ဦးနဲ့ ထွေအုပ်စာရေးမကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ဆီက သိရပါတယ်။ 

အောက်တိုဘာလ () ရက် မနက် () နာရီခန့်တွင် ထားဝယ်မြို့တွင် သန်းခေါင်စာရင်း ကောက်ဖို့ သွားတဲ့ ဆရာမတစ်ဦးကို လောင်းလုံး-ထားဝယ်ကားလမ်းပေါ်မှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက စတင်စစ်ဆေးပြီး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီနောက် ဖမ်းဆီးခံရသူတွေ ထွက်ဆိုချက်အရ နောက်ထပ် () ဦးကို သူတို့ရဲ့ နေအိမ်တွေနဲ့ သန်းခေါင်စာရင်းကောက်ပြီးပြီး ပြန်လာတဲ့အချိန်တွေမှာ ဆက်လက်ပြီး ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။ 

လောင်းလုံးပကဖက ရွေးကောက်ပွဲအတွက်အထောက်အကူဖြစ်တဲ့ သန်းခေါင်စာရင်းကောက်တဲ့လုပ်ငန်းမှာ လုပ်ကိုင်သူတွေ ဖြစ်လို့ သက်သေတွေ၊ စာရွက်စာတမ်းတွေနဲ့အတကွ ဖမ်းခဲ့တယ်လို့ ဆိုပါတယ်။ 

ဖမ်းဆီးထားတဲ့ () ဦးစလုံးကို လောင်းလုံး ပကဖက ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး အရေးယူတဲ့အပိုင်းကို လမ်းညွှန်မှုအတိုင်း လုပ်ဆောင်သွားမယ် ဆိုပါတယ်။


========================


📌📌 ၆။ ကြယ်စင်များရဲ့ အလင်းကောင်းကင် () ရန်ပုံငွေရှာဖွေပွဲ အောင်မြင်စွာ ပြီးဆုံး 


UK နိုင်ငံ လန်ဒန်မြို့မှာ ကျင်းပတဲ့ ကြယ်စင်များရဲ့ အလင်းကောင်းကင် () ရန်ပုံငွေ ရှာဖွေပွဲ အောင်မြင်စွာ ပြီးဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။ 

အဆိုပါ ပွဲအခမ်းအနားကို အောက်တိုဘာလ () ရက် လန်ဒန်မြို့မှာ ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာနဲ့အတူ တော်လှန်ရေးအင်အားစုများ တက်ရောက်ခဲ့ကြပါတယ်။ 

"ပွဲ တပွဲတော့ ပြီးသွားပြန်ပြီ။ Oct 21 ကြယ်စင် မှ သည် ယနေ့ ကြယ်စင်ထိ UK နွေဦးမိသားစု များမှ Fundraising ပွဲများ၊ နိုင်ငံတကာ ကမ်ပိန်းများ၊ ရုပ်ရှင်နှင့် ဆန္ဒပြပွဲများ အစရှိသည့် ထောက်ပို့ပွဲများစွာကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့သည့်အပြင် EOD/Bond/ ICO/PRF အစရှိသည့် NUG project များအတွက်လည်း USD သန်းပေါင်းများစွာသော ငွေကြေးပါဝင်မှုများဖြင့် ချစ်သောအမိမြေအတွက် စည်းလုံးညီညွတ်စွာ တာဝန်ထမ်းဆောင်လျက်ရှိကြပါတယ်။ ရှေ့နှစ် (၂၀၂၅) တွင်တော့ ပြန်လည်တည်ထောင်ရေးအတွက်သာ ဦးတည်သော ပွဲများစွာကို ကျင်းပနိုင်ရပါစေဟု တော်လှန်သစ္စာပြုလိုက်ရင်း ပွဲအတွက် ပါဝင်ခဲ့ကြသော Fundraiser များ၊ Volunteer များယနှင့် လာရောက်အားပေးထောက်ပို့ကြသည့် UK တော်လှန်ရေး မောင်နှမများ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်" လို့ Myanmar Event in UK က ဖော်ပြပါတယ်။


========================


📌📌 ၇။ လားရှိုးမှာ ဖုန်း၊ အင်တာနက်နဲ့ Starlink တွေကို သုံးစွဲခွင့် ပိတ်၊ စစ်ကောင်စီ သတင်းပေးနှစ်ယောက် ဖမ်းမိထားတယ်လို့ ဆို 


လားရှိုးမှာ ဖုန်း၊ အင်တာနက်နဲ့ Starlinkတွေကို MNDAAမှ အပြင်လူ သုံးစွဲခွင့် ပိတ်ထားပြီး အဖွဲ့အစည်းက လူတွေကိုပဲ ပေးသုံးကာ  စစ်ကောင်စီ သတင်းပေး ဒလန်နှစ်ယောက် ဖမ်းမိထားတယ်လို့ ရွှေဖီမြေမှာ ဖော်ပြထားပါတယ်။

အောက်တိုဘာလဆန်းကစပြီး ဖုန်းလိုင်းတွေ ပြတ်တောက်သွားပြီး Starlink အင်တာနက်လိုင်းကို အောက်တိုဘာလ () ရက်နေ့မှာ စတင်ပြီး ပိတ်ထားပါတယ်လို့ သိရပါတယ်။

စက်တင်ဘာလမှ အောက်တိုဘာလ () ရက်နေ့အတွင်း MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ (၁၆) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံ () ဦး သေဆုံးကာ (၅၆) ဦး ဒဏ်ရာရှိထားပါတယ်။


========================


📌📌 ၈။ အကျဉ်းထောင်အတွင်းတွင် နိုင်ငံရေးအကျဉ်းသား သေဆုံးသူ (၁၀၃) ဦးရှိပြီး ဆေးကုသမှုမရခဲ့သဖြင့် ကျန်းမာရေးချို့တဲ့မှုကြောင့် သေဆုံးသူ (၆၃) ဦး ပါဝင် 


စစ်အာဏာသိမ်းပြီးချိန်မှစ၍ အကျဉ်းထောင်အတွင်းတွင် နိုင်ငံရေးအကျဉ်းသား သေဆုံးသူ (၁၀၃) ဦးရှိပြီး ဆေးကုသမှုမရခဲ့သဖြင့် ကျန်းမာရေးချို့တဲ့မှုကြောင့် သေဆုံးသူ (၆၃) ဦး ပါဝင်တယ်လို့ အောက်တိုဘာလ () ရက် AAPP က မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဒေါက်တာဇော်မြင့်မောင် ကျဆုံးမှုနဲ့ စပ်လျဥ်း၍ ဖော်ပြပါတယ်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ (၂၀၂၀) ခုနှစ် ရွေးကောက်ခံ အမရပူရမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဌ၊ နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ ဒေါက်တာဇော်မြင့်မောင်သည် အကျဉ်းကျခံနေရစဉ်အတွင်း လုံလောက်သည့် ဆေးကုခွင့် မရရှိဘဲ၊ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးတွင် အောက်တိုဘာလ () ရက် နံနက် () နာရီအချိန်တွင် ကွယ်လွန်သွားခဲ့တယ်လို့ ဖော်ပြပါတယ်။

ပြီးခဲ့သည့် ဩဂုတ်လတွင် နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သည့် မှတ်တမ်းရုပ်ရှင်ဖန်တီးသူ ဒါရိုက်တာ ကိုဖေမောင်စိမ်းသည် အကျဉ်းထောင်တွင်း ကျန်းမာရေးအလွန်ဆိုးရွားလာပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေဖြစ်လာခဲ့ကာ မည်သို့မျှ အသက်ရှင်နိုင်စွမ်း မရှိတော့သည့်အချိန်တွင် အာဏာပိုင်များမှ အကျဉ်းထောင်မှ လွှတ်ပေးလိုက်ပြီး () ရက်အကြာ သြဂုတ် (၁၉) ရက်တွင် ရန်ကုန်မြို့၊ ဆာကူရာဆေးရုံတွင် သေဆုံးခဲ့ရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို RADIO NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ဈေးဝယ်ပြန်လာတဲ့ အရပ်သား ကားတစီးကို ARSA က ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး () ဦး သေဆုံး 


ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ တောင်ပြို ဒေသမှ ဈေးဝယ်ပြီး ပြန်လာတဲ့ အရပ်သား ကားတစီးကို ARSA မူဆလင်အကြမ်းဖက်လက်နက်ကိုင် အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး တဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က သတင်းထုတ်ပြန် ထားပါတယ်။

အောက်တိုဘာလ () ရက်နေ့၊ ညနေ () နာရီ (၁၅) မိနစ်တွင် တောင်ပြိုမှ အခြေခံ စားသောက်ကုန် ပစ္စည်းများ ဝယ်ပြန်လာတဲ့ အရပ်သား ဦးနဲ့ ယာဉ်မောင်းတို့ ပါဝင်တဲ့ တေဘာကား တစီးကို ARSA လက်နက်ကိုင် တပ်ဖွဲများက လမ်းတလျောက် ခြုံခိုပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အောင်မင်္ဂလာ ကျေးရွာနေ အသက် (၃၈) နှစ်အရွယ် ဒေါ်ဆန်းဆန်းဦးရဲ့ ဝဲဘက်နားထင်ကို ကျည်ထိမှန်ကာ သေဆုံးခဲ့ပါတယ်။

ထို့အပြင် အခြား အရပ်သား () ဦးလည်းအသီးသီး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး ဝမ်းဗိုက်နဲ့  ဦးခေါင်းမှာ ပြင်းထန်ဒဏ်ရာရခဲ့သူ နှစ်ဦးကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ဆေးကုသပေးလျက်ရှိတယ်လို့ သိရပါတယ်။

ထိုသို့ အပြစ်မဲ့ အရပ်သား ပြည်သူများကို အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့ ARSA မူဆလင် အကြမ်းဖက်လက်နက်ကိုင် တပ်ဖွဲ့ဝင်များအား အာရက္ခတပ်တော်မှ လိုက်လံ ရှင်းလင်းနေတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ ခလယ်လွီထူခရိုင်တွင် စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူ () ဦး သေဆုံးပြီး () ဦး ဒဏ်ရာရ 


ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်တွင် စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့်  အရပ်သားပြည်သူ () ဦး သေဆုံးပြီး () ဦး ဒဏ်ရာရရှိခဲ့ကာ () ဦး အကြောင်းမဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ () ရက် နေ့လည် (၁၂) နာရီ (၁၁) မိနစ်က တောကျွဲအင်းမြို့ အရှေ့ဘက် ရွာသစ်ကျေးရွာကို ခမရ - ၃၀၇ တပ်ရင်းမှ ဒရုန်းဖြင့် ဗုံးသီး () လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အသက် (၅၅) နှစ်အရွယ် ဒေါ်ရင်ထွေး ဆိုသူ ဦးခေါင်း ထိမှန်ပြီး သေဆုံးခဲ့ရပါတယ်။

တချိန်ထဲမှာပဲ မူးမြို့နယ်၊ လှေဒုံးကျေးရွာကို လက်နက်ကြီး () လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းရှေ့နဲ့ ဘော်လုံးကွင်းတို့မှာ ကျရောက် ပေါက်ကွဲခဲ့ပါသေးတယ်။

အလားတူ အောက်တိုဘာလ () ရက် နေ့လည် (၁၁) နာရီ (၄၅) မိနစ်မှာ ဆောထိ မြို့နယ်၊ အင်ဂနီ ကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ KNLA တပ်တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့တာကြောင့် အသက် (၂၃) နှစ် အရွယ်ရှိ မအေးသီတာမှာ လက်နက်ကြီး ထိမှန် ဒါဏ်ရာရခဲ့ပါတယ်။

ထို့အပြင် စက်တင်ဘာလ (၃၀) ရက်နေ့ ညနေ () နာရီ အချိန်ကလည်း ကျောက်တံခါး မြို့ပေါ်ကို ဈေးဝယ်သွားတဲ့ သမင်အင်ကုန်း ဒေသခံ စောထီးမူး နဲ့ နော်သဒါးဖောတို့ကို ရဲ အမာခံသတင်းပေး စောစိုးနိုင်ဝင်းမှ ကျောက်တံခါး ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

ထိုနောက် စောထီးမူးအား ပြန်လွှတ်ပေးခဲ့ပေမယ့် နော်သဒါးဖောကို အောက်တိုဘာ () ရက်နေ့မှ ပြန်လာခေါ်ရန် ရက်ချန်းပေးခဲ့ပြီး ပြန်သွားချိန်တွင် ငွေကျပ် () သိန်းပေးရန် တောင်းခဲ့ပြီးမှ ပြန်လွတ်ပေးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ဖားကန့် ဆိုင်းတောင်မှာ အမျိုးသမီး တစ်ဦး စစ်ကောင်စီ ပစ်လိုက်တဲ့ လက်နက်ကြီး ကျည်ထိပြီး သေဆုံး 


အောက်တိုဘာလ () ရက်နေ့ မနက် () နာရီခန့်တွင် ဖားကန့်မြို့နယ် ဆိုင်း‌တောင်မှာ စစ်ကောင်စီတွ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်စ ထိမှန်ပြီး အသက် (၅၆) နှစ်အရွယ် ဒေါ်ခင်မာရီ ဆိုတဲ့ ဒေသခံ အမျိုးသမီး သေဆုံးသွားတယ်လို့ ဒေသသတင်းအရင်းအမြစ်များမှ သိရပါတယ်။ 

အေးမြသာယာရပ်ကွက်၊ မိသားစု ကဖေးရှေ့က လမ်းမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပြီး ဖားကန့် ကျောက်ဝိုင်းတဝိုက်လည်း လက်နက်ကြီးကျတာ ရှိတယ်လို့ သိရပါတယ်။

အောက်တိုဘာလ () ရက်နေ့ () နာရီခန့် ကတည်းက ဖားကန့် ‌‌‌‌‌‌‌‌‌‌ဗျူဟာကုန်းပေါ်မှ လက်နက်ကြီး ပစ်ခတ်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ တနင်္သာရီတွင် စစ်ကောင်စီက ၎င်းရဲ့ စခန်းဟောင်း တခုနဲ့ အင်းရှည်ကုန်းရွာတို့ကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက် 


တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန္ဒေါရွာရှိ စစ်ကောင်စီရဲ့ စခန်းဟောင်း တခုကို စစ်ကောင်စီတပ် က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း () က သတင်း ထုတ်ပြန် ထားပါတယ်။

အောက်တိုဘာလ () ရက် မနက် () နာရီ (၂၀) မိနစ်မှာ စစ်ကောင်စီက K-8 W Jet Fighter တစီးဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဆိုပါ စခန်းဟာ စက်တင်ဘာလ (၂၅) ရက်နေ့က စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စွန့်ခွာထွက်ပြေး သွားခဲ့ကြတဲ့ စခန်းဟောင်း  တခုဖြစ်တဲ့အပြင် လူသူမရှိတဲ့ စခန်းအလွတ်တခု ဖြစ်တယ်လို့ သိရပါတယ်။

ထို့အပြင် တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု အင်းရှည်ကုန်းရွာကိုလည်း စစ်ကောင်စီတပ်က တိုက်လေယာဉ် ဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှု တစုံတရာ မရှိခဲ့ပေမယ့် ကျေးရွာနေ ပြည်သူများ စိုးရိမ်ပူပန် နေကြရတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၅။ ထန်တလန်မြို့တွင်း စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်၊ စခန်းနှစ်ခုကျန်ရှိသေး 


အောက်တိုဘာလ () ရက်နေ့ မွန်းလွဲပိုင်းတွင် ထန်တလန်မြို့၊ စျေးရပ်ကွက်နဲ့ ဇုန်မွှန်ရပ်ကွက် အစပ်မှာ ရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်စွဲထားတဲ့ CB ဘဏ်ကို ချင်းပြည်ကောင်စီတပ်ဖွဲ့ဝင်တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နေ့လယ် () နာရီဝန်းကျင်မှာ အပြီးသိမ်းပိုက်လိုက်တယ်လို့ ဒေသသတင်းအမြစ်များအရ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတွေရဲ့ အလောင်းတွေလည်းရထားသလို လက်နက်ခဲယမ်းတွေလည်း ရထားကာ သက်ဆိုင်ရာ တပ်ဖွဲ့တွေက တရားဝင် မထုတ်ပြန်သေးပါဘူး။

ထန်တလန်မြို့ NLD ရုံးနဲ့ ရဲစခန်း နှစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆက်လက်တပ်စွဲထားတယ်လို့ သိရပြီး စခန်းအားလုံး သိမ်းပိုက်နိုင်ဖို့ ပြင်ဆင်လျက်ရှိတယ်လို့ သိရပါတယ်။

ချင်းပြည်ကောင်စီတပ်ဖွဲ့ဝင်များဟာ ထန်တလန်-ဟားခါးကြားက စစ်ကောင်စီစခန်းများ အပါအဝင် ထန်တလန်မြို့ထဲက ခလရ - ၂၆၉ တပ်ကုန်း၊ Lai Villa တည်းခိုခန်း နဲ့ CB ဘဏ်တို့ ကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။


========================


🚩🚩 ၆။ စလင်းမြို့နယ် ကပစ (၂၅) နှင့် ကပစ (၂၁) ကို ဆက်သွယ်ထားသော လျှပ်စစ်မီးတိုင်များအနီး စစ်တပ်က ထောင်ထားသော မြေမြုပ်မိုင်းများကို PDF တပ်ဖွဲ့ ရှင်းလင်း 


အောက်တိုဘာလ () ရက် နံနက်ပိုင်းတွင် စလင်းမြို့နယ် ကပစ (၂၅) နှင့် ကပစ (၂၁) ကို ဆက်သွယ်ထားသော လျှပ်စစ် မီးတိုင်များအနီး ပြည်သူများ သွားလာအသုံးပြုရာ လမ်းကြောင်းများတွင်  စစ်တပ်က ထောင်ထားသော မြေမြုပ်မိုင်း အလုံး (၁၀၀) ကျော်ကို သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦးနှင့်အတူ ရှင်းလင်းနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်းမှ သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ ကပစ (၂၅) နှင့် ကပစ (၂၁) တို့ကို သွယ်တန်းထားတဲ့ မီးလိုင်းများကို စက်တင်ဘာလ (၁၆) ရက်နေ့၌ တော်လှန်ရေး တပ်ဖွဲ့များက ဖြတ်တောက်ခဲ့ပြီး စက်တင်ဘာလ (၁၈) ရက်နေ့တွင် မီးလိုင်း လာပြင်သည့် စစ်ကောင်စီ တပ်သားများပါ ထပ်မံ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လျှပ်စစ် မီးတိုင်များအနီး မြေမြုပ်မိုင်း အများအပြား ထောင်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။


========================


🚩🚩 ၇။ စစ်ကောင်စီက သင်္ကန်းဝတ် ဝါသဝ၏ ပြည်သူ့စစ်တပ်ဖွဲ့ကို လက်နက်တပ်ဆင် 


အောက်တိုဘာလ () ရက်နေ့တွင် စစ်ကောင်စီက ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များလုပ်နေတဲ့ သင်္ကန်းဝတ် ဝါသဝ၏ ပြည်သူ့စစ်တပ်ဖွဲ့ကို မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) တိုင်းမှူးကိုယ်တိုင် ဦးဆောင်ကာ လက်နက်တပ်ဆင်ပေးခြင်းဖြစ်ကြောင်း သိရပါတယ်။

သင်္ကန်းဝတ် ဝါသဝသည် ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည် စသည့် မြို့နယ်များမှ စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီကို ထောက်ခံမှု အားကောင်းသည့် ကျေးရွာများတွင် ပြည်သူ့စစ်များကို ဦးဆောင်ဖွဲ့စည်းနေသူ ဖြစ်တယ်လို့လည်း သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို RADIO NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment