01 Dec 2024 - (Ethnic language program-CHO_MΓΌn) by Radio NUG

πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၄ α€’ီဇင်α€˜ာα€œ ( ၁ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား


πŸ“ŒπŸ“Œ ၁။ မင်းတပ်α€™ြို့α€€ို α€…α€…်α€€ောင်α€…ီα€€ α€–ျα€€်ထားပြင်းα€—ုံးα€žီးတွေα€”ဲ့α€œေα€€ြောင်းတိုα€€်ခိုα€€်α€™ှုပြုα€œုပ်

 

မင်းတပ်α€™ြို့ပေါ်α€€ို α€”ို၀င်α€˜ာ α‚αˆ α€›α€€် α€™α€”α€€် ၁၂ α€”ာα€›ီ ၄၅ α€™ိα€”α€…် ၀န်းα€€ျင်α€™ှာ α€…α€…်α€€ောင်α€…ီα€€ α€–ျα€€်ထားပြင်း α€—ုံးတွေα€”ဲ့ α€œေα€€ြောင်းတိုα€€်ခိုα€€်α€™ှု ပြုα€œုပ်ခဲ့α€α€š်α€œို့‌ ‌‌ α€’ေα€žα€ံ‌တွေα€€ ပြောပါα€α€š်။

 

ထဲα€’ီα€œေα€€ြောင်းတိုα€€်ခိုα€€်α€™ှုα€™ှာ α€…α€…်α€€ောင်α€…ီα€€ ပေါင် ၅၀၀ ထားထက် α€”ှα€…်α€†α€œောα€€်ပြင်းတဲ့ α€—ုံးα€žီးတွေα€€ို α€‘α€žုံးပြုပြီးတိုα€€်ခိုα€€်ခဲ့တာα€œို့ ဆိုα€€ြပါα€α€š်။

 

α€…α€…်α€€ောင်α€…ီα€€ မင်းတပ်α€™ြို့α€€ို α€œေα€€ြောင်းတိုα€€်ခိုα€€်α€›ာα€™ှာပုံα€™ှα€”် α€€ြဲα€”ေα€€ျ ပေါင် ၂၅၀ α€—ုံးα€žီး၊ ၅၀၀ ထားα€›ှိတဲ့ α€—ုံးα€žီးတွေထက် ပြင်းထားပိုတဲ့ α€—ုံးα€žီးတွေα€€ို α€‘α€žုံးပြုα€œာα€α€š်α€œို့ α€’ေα€žα€ံတွေα€€ ပြောပါα€α€š်။

 

ပြီးခဲ့တဲ့ α€”ို၀င်α€˜ာα€œ ၂၅ α€›α€€်α€”ေ့α€€α€œα€Š်း မင်းတပ်α€™ြို့ပေါ်α€€ို α€…α€…်α€€ောင်α€…ီးတပ်α€€ ဂျα€€်α€–ိုα€€်တာα€”ဲ့ ၇ α€€ြိα€™်  ပေါင် ၅၀၀ ထားα€—ုံးα€žီး ၁၄ α€œုံး၊ Y-12 ကင်းထောα€€်α€—ုံးα€€ြဲα€œေα€šာဉ်α€”ဲ့ α€‘α€œုံး ၅၀ ထက်α€™α€”α€Š်း တိုα€€်ခိုα€€်ခဲ့α€α€š်α€œို့ α€žိရပါα€α€š်။

 

၂၀၂၄ α€”ိုဝင်α€˜ာα€œα€α€œα€‘α€ွင်း မင်းတပ်α€™ှာ α€œေα€€ြောင်းတိုα€€်ခိုα€€်ခံα€›α€™ှု ထကြိα€™် ၁၅၀ α€€ျော်α€›ှိα€”ေပြီး α€—ုံးα€‘α€œုံးα€›ေ ၆၀၀ α€€ျော်ထထိ α€‘α€žုံးပြုα€”ေတာ α€–ြα€…်ပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၂။ ပခုα€€္α€€ူα€œေဆိပ် α€‘α€žုံးပြုα€–ို့ α€…α€…်α€€ောင်α€…ီ ပြင်ဆင်

 

α€™α€€ွေးတိုင်း၊ ပခုα€€္α€€ူα€™ြို့α€™ှာ α€α€Š်α€›ှိတဲ့ ပခုα€€္α€€ူα€œေဆိပ်α€€ို α€…α€…်α€›ေးထတွα€€်α€‘α€žုံးပြုα€–ို့ α€…α€…်α€€ောင်α€…ီα€˜α€€်α€€ ထပြင်းထထန် ပြင်ဆင်α€”ေတဲ့ထကြောင်း The Irawaddy α€žα€α€„်းα€Œာα€”α€€ α€›ေးα€žားပါα€α€š်။

ပခုα€€္α€€ူα€™ြို့α€™ှာα€α€Š်α€›ှိတဲ့ ထရပ်α€˜α€€် α€œေα€šာဉ်α€€ွင်းα€€ို α€”ှα€…်ပေါင်းα€™ျားα€…ွာ α€™α€žုံးα€˜ဲ ပစ်ထားα€›ာα€€α€”ေ ထခုထခါ α€…α€…်α€€ောင်α€…ီα€€ α€…α€…်α€›ေးထတွα€€် α€žုံးα€–ို့ ပြα€”်α€œα€Š်ပြင်ဆင်α€”ေပြီး α€œေဆိပ်ဝန်းα€€ျင် α€€ျေးα€›ွာတွေα€€ိုα€œα€Š်း α€œေα€€ြောင်းပစ်α€€ူα€–ြင့် α€›ှင်းα€œα€„်းα€”ေα€α€š်α€œို့ α€–ော်ပြပါα€α€š်။ ပခုα€€္α€€ူα€™ြို့α€Ÿာ ချင်းပြα€Š်တောင်ပိုင်းα€”ဲ့ α€™ိုင် ၁၀၀ ဝန်းα€€ျင် ထကွာထဝေးα€™ှာ α€α€Š်α€›ှိပါα€α€š်။

 

α€…α€…်α€€ောင်α€…ီα€€ ပခုα€€္α€€ူα€œေဆိပ်α€€ို α€…α€…်α€›ေးထတွα€€် α€‘α€žုံးပြုα€™α€š်ဆိုရင် α€…α€…်α€€ိုင်း၊ ချင်း၊ α€™α€€ွေးα€’ေα€žα€ွေα€€ို ဂျα€€်α€–ိုα€€်တာ ထချိα€”်တိုထတွင်းα€›ောα€€်α€”ိုင်တာα€€ြောင့် တော်α€œှα€”်α€›ေးထင်ထားα€…ု၊ α€’ေα€žα€ံတွေထနေα€”ဲ့ ထထူးα€žα€ိထားα€–ို့α€œိုထပ်α€”ေα€α€š်α€œို့ α€œေတပ် CDM တဦးα€€ ပြောထားပါα€α€š်။

 

The Mindat Post α€€ ပြုα€…ုထားတဲ့ ထချα€€်α€‘α€œα€€်တွေထရ ၂၀၂၄ α€”ိုဝင်α€˜ာα€œα€•α€‘α€™α€‘α€•α€်α€™ှ α€”ိုဝင်α€˜ာα€œα€€ုα€”်ထထိ မင်းတပ်α€™ှာ α€…α€…်α€€ောင်α€…ီ တံတားဦးα€œေတပ်၊ α€™α€€ွေးα€œေတပ်α€”ဲ့ α€™ိတ္ထီα€œာ α€›ှα€™်းတဲα€œေတပ်တို့α€€ α€œေα€€ြောင်းတိုα€€်ခိုα€€်α€™ှု ထကြိα€™် ၁၅၀ ထက်α€™α€”α€Š်း ပြုα€œုပ်ခဲ့ပါα€α€š်။

 

α€’ီα€œို တိုα€€်ခိုα€€်ခံရတဲ့ထချိα€”်α€™ှာ α€…α€…်α€€ောင်α€…ီα€˜α€€်α€€ Cluster α€—ုံး၊ ပေါင် ၅၀၀၊ ပေါင် ၂၅၀ ထပြင် α€—ုံးα€žီးပေါင်း ၆၀၀ α€€ျော် α€‘α€žုံးပြုထားပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၃။ မတူပီပဋိပက္ခကို α€žုံးပွင့်ဆိုင် တွေ့ဆုံဆွေးα€”ွေးထဖြေα€›ှာα€™α€š်α€œို့ မတူချင်း ဓမ္မထမှုတော်ဆောင်ထဖွဲ့ ထုတ်ပြα€”်

 

မတူပီα€™ြို့α€”α€š်ထခြေα€…ိုα€€် CDF - မတူပီ တပ်α€–ွဲ့ထချင်းချင်းα€€ြား ပြα€”်α€œα€Š်α€žα€„့်α€™ြတ်α€™ှုα€›α€›ှိα€–ို့ α€žုံးပွင့်ဆိုင် တွေ့ဆုံဆွေးα€”ွေးα€™ှု ထမြα€”်ဆုံးပြုα€œုပ်α€”ိုင်α€›α€”် ဆောင်α€›ွα€€်α€”ေα€α€š်α€α€š်α€œို့ မတူချင်း ဓမ္မထမှုတော်ဆောင် α€™ိတ်α€žα€Ÿာα€šα€‘α€–ွဲ့α€€ α€”ိုဝင်α€˜ာ α‚αˆ α€›α€€်α€”ေ့ ထုတ်ပြα€”်ပါα€α€š်။

 

မတူပီα€™ြို့α€™ှာ ချင်းα€€ာα€€ွα€š်α€›ေးထင်ထားα€…ုα€™ျားα€€ြား ပဋိပက္ခထတွα€€် α€žα€„့်α€™ြတ်α€™ှု α€›α€›ှိα€–ို့α€”ဲ့ α€”α€š်ခြားα€›ောα€€် မတူα€œူထု ထမြα€”်ဆုံး α€”ေရပ်ပြα€”်α€”ိုင်α€–ို့ α€™ီဇိုα€›α€™်α€›ောα€€် မတူချင်း ဓမ္မထမှုတော်ဆောင်α€™ျား α€™ိတ်α€žα€Ÿာα€žα€›ဲ့ ငြိα€™်းချα€™်းα€›ေး α€€ော်မတီα€€ ဆောင်α€›ွα€€်α€”ေတာα€œို့ ဆိုပါα€α€š်။

 

CDF - မတူပီ တပ်α€™α€Ÿာ - ၁၊ တပ်α€™α€Ÿာ - ၂ ငြိα€™်းချα€™်းα€›ေး α€€ြားဝင်ဆောင်α€›ွα€€်ပေးα€™α€š့် ငြိα€™်းချα€™်းα€›ေးα€€ော်မတီα€™ှ ဓမ္မထမှုတော်ဆောင်ဆရာတော်ထပါထဝင် α€žုံးပွင့်ဆိုင် ထမြα€”်ဆုံး တွေ့ဆုံဆွေးα€”ွေးα€”ိုင်α€›ေး ဆောင်α€›ွα€€်α€œျα€€်α€›ှိα€α€š်α€œို့ α€žိရပါα€α€š်။

 

α€”ှα€…်α€–α€€်ထဖွဲ့ တွေ့ဆုံα€›ာα€™ှာ တူα€Šီတဲ့ α€žα€˜ောထား ၅ ချα€€်α€€ိုတွေ့α€›ှိα€›α€α€š်α€œို့ ထဲα€’ီငြိα€™်းချα€™်းα€›ေးα€€ော်မတီα€€ ဆိုပါα€α€š်။

 

α€žα€„့်α€™ြတ်α€›ေး၊ ငြိα€™်းα€›ေးα€€ို α€œိုα€œားα€€ြα€žα€œို မတူပီထရေးα€€ို မတူပီα€žူ/α€žားα€œူထုα€€α€žာ ဆုံးα€–ြတ် ပိုင်ခွင့်α€›ှိα€–ို့၊ α€”ှα€…်α€–α€€် ထပစ်ထခတ်ရပ်α€…ဲα€–ို့၊ α€šုံα€€ြα€Š်α€™ှု α€α€Š်ဆောင်α€–ို့ α€œိုα€œားα€€ြပြီး α€”α€š်α€™ြေα€’ေα€ž ခွဲခြားα€™ှုα€™α€›ှိα€˜ဲ One Army One Budget One Command α€–ြင့် α€™ူα€œα€‘α€ိုင်း α€–ွဲ့α€…α€Š်α€›α€”် α€œိုα€œားα€€ြα€α€š်α€œို့ α€žα€˜ောတူα€Šီချα€€် ၅ ချα€€်α€€ို α€–ော်ပြပါα€α€š်။

 

α€’ါ့ထပြင် ပြα€Š်α€žူတွေထနေα€”ဲ့α€œα€Š်း ဆိုα€›ှα€š်α€™ီα€’ီα€šာα€™ှာ α€žα€α€„်းတု၊ α€žα€α€„်းα€™ှားα€™α€œွှင့်α€€ြα€–ို့၊ တဖက်α€”ဲ့ တဖက်တိုα€€်ခိုα€€်ခြင်း၊ α€…ိတ်ဓါတ်ပြိုα€€ွဲထောင် α€žွေးခွဲပြောဆိုခြင်းတွေ ရပ်တန့်α€–ို့ α€œိုα€œားα€€ြောင်း၊ တပ်α€™α€Ÿာ ၁ α€”ဲ့ ၂ တို့ မထုတ်ပြα€”်တဲ့ α€žα€α€„်းα€Ÿာ α€žα€α€„်းတုα€žာα€–ြα€…်α€α€š်α€œို့ မတူချင်း ဓမ္မထမှုတော်ဆောင်ထဖွဲ့α€€ ထုတ်ပြα€”်ထားပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၄။ α€…α€…်ခေါင်းဆောင် မင်းထောင်α€œှိုင်α€€ို α€”ိုင်ငံတကာခုံα€›ုံး - ICC α€€ α€–α€™်းဝရမ်းထုတ်α€–ို့ တင်α€žွင်း

 

α€…α€…်α€€ောင်α€…ီခေါင်းဆောင် မင်းထောင်α€œှိုင်α€€ို α€œူα€žားα€™ျိုးα€”ွα€š်ထပေါ် α€›ာဇ၀တ်α€™ှုα€€ျူးα€œွα€”်α€€ြောင်း ထထောα€€်ထထားα€›ှိတဲ့ထတွα€€် α€”ိုင်ငံတကာα€›ာဇ၀တ်ခုံα€›ုံး International Criminal Court  (ICC) α€€α€”ေ α€–α€™်းဝရမ်းထုတ်α€–ို့ တင်α€žွင်းα€œိုα€€်တဲ့ထကြောင်း REUTERS α€žα€α€„်းα€™ှာ α€”ိုဝင်α€˜ာ ၂၇ α€›α€€်α€”ေ့ α€–ော်ပြပါα€α€š်။

 

ဝရမ်းထုတ်α€™ှု α€”ောα€€်ဆက်တွဲထဖြα€…် α€–α€™်းဆီးα€”ိုင်α€›ေး ဆက်α€œα€€်α€œုပ်ဆောင်α€žွားα€–ို့ ICC α€›ဲ့ ထုတ်ပြα€”်ချα€€်α€™ှာ α€–ော်ပြပါα€α€š်။

 

α€”α€š်α€žာα€œα€”်α€”ိုင်ငံထခြေα€…ိုα€€် International Criminal Court  (ICC) α€€α€”ေ α€…α€…်ခေါင်းဆောင်α€€ို α€–α€™်းဝရမ်းထုတ်α€”ိုင်α€–ို့ တင်α€žွင်းα€œိုα€€်တာ α€–ြα€…်ပြီး တရားဝင် α€–α€™်းဝရမ်းထုတ်α€–ို့ ထခြေထနေထိတော့ α€™α€›ောα€€်α€žေးα€˜ူးα€œို့ α€žိရပါα€α€š်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment