1st Dec 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဒီဇင်ဘာလ ၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ (တပ်မဟာ-) () လပတ် တပ်မှူးများ အစည်းအဝေး ပြုလုပ်

📌 ၂။ မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ အုပ်ချုပ်ရေးသင်တန်း ဖွင့်လှစ်ပို့ချ 

📌 ၃။ တာချီလိတ်မြို့တွင် လူငယ်()ဦးကို လူတစ်စုက သေနတ်ဖြင့် ခြောက်လှန့် ပစ်ဖောက်ပြီး ရိုက်နှက် ဖမ်းဆီး

📌 ၄။ ထိုင်းရေပိုင်နက်အတွင်းက ငါးဖမ်းသင်္ဘောတွေကို စစ်ကောင်စီရေတပ် ဝင်ရောက်တိုက်ခိုက်မှုကြောင့် တစ်ဦး သေဆုံး ၃၁ဦး ဖမ်းဆီးထား


၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ Kiamtlang တပ်စခန်း သိမ်းပိုက်မှုအတွင်း စစ်ကောင်စီ တပ်ရင်းမှူး အပါအဝင် အရာရှိ ဦး သေဆုံးပြီး ၃၀ ကျော် အရှင်ဖမ်းမိ

🚩 ၂။ ဟုမ္မလင်း တောင်ယာမော် စခန်းကို KIA KPDF ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်

🚩 ၃။ ရွှေစက်တော် ဘုရားအဝင် မိုင်ဂိတ်အနီးတွင် စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၀ ဦး သေဆုံး

🚩 ၄။ မြောက်ခင်းရန်း ပျူရွာမှ ထွက်လာတဲ့ စစ်ကြောင်းကို Fixed Wing ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

🚩 ၅။ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

🚩 ၆။ ကြို့ပင်ကောက်တွင် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်၊ ပျူ-တပ်စိတ်မှူး တဦးကို ပစ်ခတ်ရှင်းလင်း

🚩 ၇။ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်တပ်ကြောင့် ပြည်သူ () ဦး သေဆုံးခဲ့ရပြီး () ဦး ဒဏ်ရာ ရရှိကာ ဘုန်းကြီးကျောင်း () ကျောင်း နှင့် ဓမ္မာရုံ () ရုံ ထိခိုက် ပျက်စီးခဲ့ရ

🚩 ၈။ တနင်္သာရီတွင် ကွမ်းသီးခူးရန် လာတဲ့ အမျိုးသမီးတဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။



========================



📌📌 ၁။ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ (တပ်မဟာ-) () လပတ် တပ်မှူးများ အစည်းအဝေး ပြုလုပ်


နိုဝင်ဘာ ၃၀

Radio NUG

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့-မတူပီ (တပ်မဟာ-) Chinland Defense Force - Matupi (Brigae-1) () လပတ် တပ်မှူးများ အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၈-၂၉) ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


တပ်မဟာ- () လပတ်အတွင်းရှိ  ဘဏ္ဍာရေး အစီအရင်ခံစာများ စစ်ရေးလုပ်ဆောင်ချက် အစီအရင်ခံစာများ၊ မဟာမိတ် ဆက်ဆံရေး အစီအရင်ခံစာများ၊ မြို့တွင်း/မြို့ပြင် လုံခြုံရေး အစီအရင်ခံစာများ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအစီအရင်ခံစာများ တင်ပြခြင်း၊ ရှေ့ဆက်လုပ်ငန်းစဉ်များ ချမှတ်ခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


တပ်မဟာ စတင်ဖွဲ့စည်းသည့် ကာလမှ () ကာလအတွင်း ချင်းနောင်စစ်ဆင်ရေး (ကျင်ဒွေး) ချင်းညီနောင် စစ်ဆင်ရေး (မတူပီ) များတွင် တပ်မဟာ () ကျဆုံး ရဲဘော် () ဦး ရှိပြီး ဒဏ်ရာရဲဘော် (၁၂) ဦး ရှိကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ အုပ်ချုပ်ရေးသင်တန်း ဖွင့်လှစ်ပို့ချ 


နိုဝင်ဘာ ၃၀ 

Radio NUG 


စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ နိုဝင်ဘာလ ၂၈ရက်နေ့တွင် တိုက်နယ်အတွင်းရှိ ကျေးရွာ (၁၅)ရွာမှ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့  တာဝန်ခံများအား အုပ်ချုပ်ရေးသင်တန်း ဖွင့်လှစ်ပို့ချခဲ့ရာ သင်တန်းဖွင့်ပွဲ၌  မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။


အဆိုပါသင်တန်းကို (၂၈.၁၁.၂၀၂၄)ရက်နေ့မှ  (၂၉.၁၁.၂၀၂၄)ရက်နေ့ထိ ()ရက်တာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းတာဝန်ခံဖြစ်‌သော မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူးမှ သင်တန်းပို့ချပေးခဲ့ကာ သင်တန်းဆင်းချိန်တွင် ကျေးရွာအုပ်ချုပ်ရေး တံဆိပ်တုံးများ ပေးအပ်ခဲ့ပြီး တိုက်နယ်အတွင်း ကျန်းမာရေးကားများ ပြုပြင်ရန်အတွက် ငွေကျပ် (၇၀၀၀၀၀) လမ်းပြုပြင်ရန်အတွက် ငွေကျပ်(၃၀၀၀၀၀) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။


========================


📌📌 ၃။ တာချီလိတ်မြို့တွင် လူငယ်()ဦးကို လူတစ်စုက သေနတ်ဖြင့် ခြောက်လှန့် ပစ်ဖောက်ပြီး ရိုက်နှက် ဖမ်းဆီး


နိုဝင်ဘာ ၃၀ 

Radio NUG 


သေနတ်များကိုင်ဆောင်ကာ ဥပဒေမဲ့  လွတ်လပ်စွာ လုပ်ဆောင်ခွင့်ရနေသည့် တာချီလိတ်မြို့တွင်  နိုဝင်ဘာလ (၂၉)ရက်နေ့ ညနေ ()နာရီခွဲဝန်းကျင်အချိန်က  လူငယ် ()ဦးကို သေနတ်များ ကိုင်ဆောင်ထားသည့် အဖွဲ့က ဆန်ဆိုင်း(က)ရပ်ကွက်အပိုင်း ပုံလို့သွားလမ်းပေါ်  မီဒေးကိုယ်ပိုင် အထက်တန်းကျောင်း ရှေ့တည့်တည့်တွင် သေနတ်ပစ်ဖောက်ကာ ရိုက်နှက်ဖမ်းဆီးသွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း Tachileik News Agency မှာ ဖော်ပြထားပါတယ်။


အဆိုပါ ဖြစ်စဉ် ဖြစ်ပွားတဲ့ အချိန်မှာ ကလေးကျောင်း ကြိုပို့ ယာဉ်များရှိနေပြီး ကျောင်းသားကလေးငယ်များလည်း ရှိနေကြောင်း သိရပါတယ်။


အသက်(၂၀)မှ (၂၅)နှစ်ဝန်းကျင် အရွယ် အမျိုးသား()ဦးနှင့် အမျိုးသမီး()ဦး စုစုပေါင်း လူငယ်()ဦးတို့အား  Crown အမျိုးအစား အဖြူ ရောင်ကားနှင့် ဆိုင်ကယ်တို့ဖြင့်  ရောက်ရှိလာသည့် အမျိုးသား စုစုပေါင်း ()ဦးသည် သေနတ်များ ကိုင်ဆောင်ပြီး ဖမ်းဆီးရာမှာ မိုးပေါ် သေနတ်ပစ်ဖောက်ခြောက်လှန့်ပြီး လိုက်လံ ရိုက်နှက်ဖမ်းဆီးခြင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


တာချီလိတ်မှာ ကျားဖြန့်တွေ ရှိနေဆဲဖြစ်ပြီး အကောင်ကြီးကြီးတွေရဲ့ အကာအကွယ်နဲ့ရှိနေကာ  စစ်တပ်က ဝင်လို့မရတဲ့ နေရာတွေမှာ ရှိနေတာကြတာများပါတယ်။


ကျားဖျန့်က လူငယ်တွေက သတ်မှတ်ချက်အတိုင်း မပြည့်ရင် နှိပ်စက်ခံရတော့ ထွက်ပြေးကြပြီး တချို့ လွတ်မြောက်ကာ တချို့ ဖမ်းခံရချိန်မှာ ကျားဖျန့်ကိုယ်ပိုင် အချုပ်ခန်းထဲမှာ ထည့်ထားကြပါတယ်။


========================


📌📌 ၄။ ထိုင်းရေပိုင်နက်အတွင်းက ငါးဖမ်းသင်္ဘောတွေကို စစ်ကောင်စီရေတပ် ဝင်ရောက်တိုက်ခိုက်မှုကြောင့် တစ်ဦး သေဆုံး ၃၁ဦး ဖမ်းဆီးထား


နိုဝင်ဘာ ၃၀ 

Radio NUG 


နိုဝင်ဘာလ ၃၀ရက်နေ့ အစောပိုင်းမှာ ထိုင်းရေပိုင်နက်အတွင်း ငါးဖမ်းနေတဲ့ ထိုင်းငါးဖမ်းသင်္ဘော စင်းကို စစ်ကောင်စီရေတပ်က  ပစ်ခတ်ခဲ့ရာ သင်္ဘောသားတစ်ဦး သေဆုံးပြီး ၃၁ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။


ထိုင်းစက်လှေတွေဟာ ကော့ဖရမ် အနောက်ဘက် ကီလို ၂၀ အကွာမှာ ငါးဖမ်းနေကြတာဖြစ်ပြီး မြန်မာစစ်သင်္ဘောတွေ ချဉ်းကပ်လာချိန်မှာတော့ ၎င်းတို့ပိုက်တွေကို ဖြတ်ပြီး အရှိန်မြှင့်တင် မောင်းပြေးခဲ့ကြတာလို့ သိရပါတယ်။


ဒေသအာဏာပိုင်တွေရဲ့ ကနဦး သတင်းအရရနောင်း ၃၃၃နဲ့ချရွန်ချိုင် လို့ခေါ်တဲ့ ထိုင်းငါးဖမ်းစက်လှေ နှစ်စင်းကို မြန်မာရေပိုင်နက်အတွင်း သယ်ဆောင်သွားကြောင်း သိရပြီးမဟာလတ်သန္နဝပ် လို့ခေါ်တဲ့ စက်လှေက သင်္ဘောသား ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ တစ်ဦးဟာ မြန်မာရေတပ်ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာ ရခဲ့တာဖြစ်ပြီး ကျန်တစ်ဦးက တိုက်ခိုက်မှုအတွင်း ဓာတ်လိုက်ခံရတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


ကော့ဖရမ်အနီး စခန်းချထားတဲ့ ထိုင်းကင်းလှည့်ရေယာဉ် T.274 ဟာ အခင်းနေရာကို သွားရောက်ခဲ့ပြီး ဒဏ်ရာရသူတွေကို ရနောင်းမြို့ဆီ သယ်ဆောင်လာကာ နံနက် နာရီခွဲမှာ ဆိပ်ခံတံတားကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။


ရနောင်း ၃၃၃က သင်္ဘောသားတွေဟာ သေနတ်ပစ်ခတ်မှုကြောင့် သင်္ဘောပေါ်ကနေ ခုန်ဆင်းခဲ့ရာမှာ တဦးရေနစ်သေဆုံးခဲ့ပါတယ်။ 


ထိုင်း ဦးနဲ့ မြန်မာ ၂၇ ဦး ပါဝင်တဲ့ သင်္ဘောသား ၃၁ ဦးကို စစ်ကောင်စ်ီက Yan Cheuk ကျွန်းကို ခေါ်ဆောင်သွားတယ်လို့ ဆိုထားပါတယ်။


ထိုင်း-မြန်မာနယ်စပ် ငါးဖမ်းလုပ်ငန်း ညှိနှိုင်းရေးဗဟို (SEA) အနေနဲ့ ထိုင်း-မြန်မာနယ်စပ် ကော်မတီနဲ့ ပူးပေါင်းပြီး ထိုင်းရေပိုင်နက်အတွင်း စစ်ကောင်စီရေ တပ်ကင်းလှည့်ယာဉ်တွေ ကျူးကျော်ဝင်ရောက်မှုနဲ့ နောက်ဆက်တွဲ ထိုင်းစက်လှေတွေကို ဖမ်းဆီးသွားမှုကို တရားဝင်ကန့်ကွက်ဖို့ လုပ်ဆောင်နေပြီး ဖမ်းဆီးခံထားရတဲ့ ငါးဖမ်းသမားတွေ လွတ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။



========================

========================




🚩🚩 ၁။ Kiamtlang တပ်စခန်း သိမ်းပိုက်မှုအတွင်း စစ်ကောင်စီ တပ်ရင်းမှူး အပါအဝင် အရာရှိ ဦး သေဆုံးပြီး ၃၀ ကျော် အရှင်ဖမ်းမိ


နိုဝင်ဘာလ ၃၀ ရက်၊ 

Radio NUG


ချင်းပြည်နယ်၊ ဟားခါးမြို့ အနီးက စစ်ကောင်စီရဲ့ (၂၂၂) တပ်ရင်း လက်အောက်ခံ Kiamtlang တပ်စခန်း သိမ်းပိုက်မှုအတွင်း စစ်ကောင်စီ တပ်ရင်းမှူး အပါအဝင် အရာရှိ ဦး သေဆုံးပြီး ၃၀ ကျော် အရှင်ဖမ်းမိ ခဲ့တယ်လို့ သိရပါတယ်။


နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်း အကျော်မှာ ဟားခါးနဲ့ ထန်တလန် ကြားမှာ ရှိတဲ့ ခလရ (၂၂၂) တပ်ရင်း၊ လက်အောက်ခံ အင်အား ၅၀ ခန့်ရှိ စခန်းကို ချင်းလန်းအစိုးရ တပ်ဖွဲ့က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်ရင်းမှူး အပါအဝင် အရာရှိ ဦးသေဆုံးကာ တပ်သား ၃၀ ကျော် အရှင်ဖမ်းမိခဲ့ပြီး တပ်သား ရုပ်အလောင်း ၁၁ လောင်းကို တွေ့ရှိရတယ်လို့ သိရပါတယ်။


ထို့အပြင် G3 လက်၊ MA11 ၁၁ လက်၊ MA1 လက်၊ MA3 လက်၊ MA4 လက်၊ MA12 လက်၊ ငါးကြင်းမီး လက်၊ RPG လက်၊ 60MM လက်၊ Pistol လက်နဲ့ G3 ကျည်ဘောက် ခု၊ MA ကျည် ဘောက် ၄၁ ခု၊ MA11 ကျည်ဘောက် ၂၂ ခု၊ Pistol ကျည်ဘောက် ခု၊ နင်းမိုင်း ၂၀ လုံးနဲ့ အီနာဂါ ဗုံးသီး ၃၀ တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


လက်ရှိမှာတော့ ထန်တလန်မြို့ နှင့်တကွ ထန်တလန် - ဟားခါးကြားမှာ ချင်းလဲန်း ကောင်စီ/ ချင်းလဲန်း အစိုးရ တပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။


========================


🚩🚩 ၂။ ဟုမ္မလင်း တောင်ယာမော် စခန်းကို KIA KPDF ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်


နိုဝင်ဘာ၃၀ 

Radio NUG 


နိုဝင်ဘာလ ၃၀ရက် နံနက်ပိုင်းတွင် စစ်ကိုင်း-ကချင်အစပ် ဟုမ္မလင်းနယ် ပါဟုတ်ရွာနားရှိ တောင်ယာမော် SNAနဲ့ စစ်ကောင်စီပူးပေါင်း စခန်းကြီးကို KIA+KPDF ပူးပေါင်းတပ်ဖွဲ့များ အပြီးသတ်တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။


SNAနှင့် စစ်ကောင်စီဘက်မှ ၁၀ဦးကျော် ဖမ်းဆီးရမိထားပြီး လက်နက်နဲ့ ခဲယမ်းအများအပြားရရှိထားတယ်လို့ သိရပါတယ်။


ဟုမ္မလင်းမြို့နယ်အတွင်း KIA နှင့် PDF ပူးပေါင်းတပ်များနှင့် အကြမ်းဖက်စစ်တပ်၊ ရှမ်းနီပြည်သူ့စစ် SNA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ လချီ ကြာနေပြီ ဖြစ်ပြီး နိုဝင်ဘာလ နောက်ဆုံးပတ်မှစ၍ ပါဟုတ်ရွာအနီး တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ စစ်တပ်ဘက်မှ အထိအခိုက်အကျအဆုံးများပြားနေသလို စစ်တပ်စခန်းများကိုလည်း KIA ပူးပေါင်းတပ်များက ဆက်တိုက် သိမ်းပိုက်လျက်ရှိပါတယ်။


========================


🚩🚩 ၃။ ရွှေစက်တော် ဘုရားအဝင် မိုင်ဂိတ်အနီးတွင် စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၀ ဦး သေဆုံး


နိုဝင်ဘာလ ၃၀ ရက်၊ 

Radio NUG


မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းမ၊ ရွှေစက်တော်အဝင်၊ မိုင်ဂိတ် အနီးတွင် စစ်ကောင်စီ စစ်ကြောင်းနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင်၊ အမှတ် () တပ်ရင်းက ထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်က အင်အား ၅၀ မှ ၆၀ ကြားရှိ စစ်ကောင်စီ စစ်ကြောင်းကို မိုင် ဂိတ်အနီးမှာ မင်းဘူးခရိုင်၊ အမှတ် () တပ်ရင်း၊ မင်းဘူးခရိုင်၊ အမှတ် () တပ်ရင်းနှင့် မင်းဘူးခရိုင် ပကဖ ဒရုန်းလက်ရုန်း တပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက် ခဲ့တာဖြစ်ပါတယ်။


အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား အနည်းဆုံး ၁၀ ဦးခန့် သေဆုံးခဲ့ကာ လက်နက်ကြီး ပစ်ကူ အလွန်အကျွံ အသုံးပြုခဲ့ပေမယ့် ပူးပေါင်းတပ်ဘက်မှ အထိခိုက် မရှိခဲ့ဘူးလို့ သိရပါတယ်။


စစ်ကောင်စီ တပ်သားများဟာ ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ ရွှေစက်တော် ဘုရားအတွင်း ပြည်သူလူထုကို အကာအကွယ်ယူကာ စစ်ရေးပြင်ဆင်ခြင်းနဲ့ ခရီးသွားလာနေတဲ့ ပြည်သူများထံမှ အဖိုးတန် ပစ္စည်းများ လုယက်ယူဆောင် နေတာကြောင့် ယခုလို တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၄။ မြောက်ခင်းရန်း ပျူရွာမှ ထွက်လာတဲ့ စစ်ကြောင်းကို Fixed Wing ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်


နိုဝင်ဘာလ ၃၀ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီး ကျေးရွာမှ ထွက်လာတဲ့ စစ်ကောင်စီ နှင့် ပျူ ပူးပေါင်း စစ်ကြောင်းကို Fixed Wing ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ နာရီ ၅၀ မိနစ်ခန့်မှာ မြောက်ခင်ရန်း ပျူရွာမှ ထွက်လာတဲ့ အင်အား ၄၀ ခန့်ပါ စစ်ကြောင်းကို ဂန့်ဂေါခရိုင်၊ ဒရုန်းတပ်ဖွဲ့နဲ့ ဂန့်ဂေါမြို့နယ် ဒရုန်းတပ်ဖွဲ့တို့က Fixed Wings Drone ဖြင့် ဗုံးချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


ထို့အပြင် ဂန့်ဂေါခရိုင်၊ အမှတ် (၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉) တပ်ရင်းများ ပူးပေါင်းပြီး အဆိုပါ စစ်ကြောင်းကိုပဲ တိုက်မိုင်းများ အသုံးပြုကာ ထပ်မံတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဘက်မှ ဦးထက်မနည်း ထိခိုက်နိုင်ပြီး ထိခိုက်သေဆုံးမှု စာရင်းကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကောင်စီတပ်က ၈၁ မမ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ဒရုန်းများပါ အသုံးပြု တိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၅။ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ


နိုဝင်ဘာလ ၃၀ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ငါးရှန်ကျေးရွာ အနီးမှာ စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်၊ အမှတ် -၁၂ တပ်ရင်း၊ တပ်ခွဲ - (လျှပ်စီးတပ်ခွဲ) က သတင်းထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာလ ၂၉ ရက်‌နေ့ မနက် နာရီ ဝန်းကျင်မှာ ချောင်းဦးမြို့မှ ငါးရှန်ကျေးရွာ ဂိတ်ဆီကို ထွက်လာတဲ့ အင်အား ၃၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို ဟန်သစ်ဆီဆိုင် အရှေ့ဘက် မီတာ ၃၀ ခန့် အကွာမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သားများ သေဆုံးမှုကို အတည်မပြုနိုင်သေးပေမယ့် အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ အတည်ပြုနိုင်ကြောင်း ဖော်ပြထားပါတယ်။


၎င်းစစ်ကောင်စီ တပ်သားများဟာ ချောင်ဦး ရဲစခန်းကနေ ငါးရှန်ကျေးရွာရှေ့က ဂိတ်ဆီကို လာရောက်၍ ဆက်ကြေးကောက်လျက် ရှိကြောင်း သတင်းရတာကြောင့် ရက်ကြာ အချိန်ယူပြီး ရှေ့ထွက်မိုင်း လုံး ဆင်ပြီး အောင်မြင်စွာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်၊ အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ - (လျှပ်စီးတပ်ခွဲ) မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်း နှင့် ရှန်းရှန်းတောက် ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့က ပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၆။ ကြို့ပင်ကောက်တွင် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်၊ ပျူ-တပ်စိတ်မှူး တဦးကို ပစ်ခတ်ရှင်းလင်း


နိုဝင်ဘာလ ၃၀ ရက်၊ 

Radio NUG


ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အရှေ့ပိုင်း၊ ဆင်ပိုက် အနောက်စုရွာ အုပ်ချုပ်ရေးမှူး အဖွဲ့ဝင် ပျူစောထီး တပ်စိတ်မှူး တဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ BTZM GBK PDF မှ ထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာလ ၂၉ ရက်နေ့ နာရီ မိနစ် ၄၀ အချိန်မှာ ဆင်ပိုက်အနောက်စုရွာ လမ်းကော်မတီ ဥက္ကဋ္ဌ၊ ပျူ တပ်စိတ်မှူး ဖြစ်သူ ကိုကိုဦးကို ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။


၎င်းဟာ စစ်ကောင်စီတပ် အားကိုးဖြင့် ဒေသခံ ကျေးရွာလူထုအပေါ် အနိုင်ကျင့် ဗိုလ်ကျနေတာကြောင့် အခုလို ပစ်ခတ်ရှင်းလင်း ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ ရှင်းလင်းမှုကို ပဲခူးတိုင်း၊ သာယာဝတီ ခရိုင်၊ ကြို့ပင်ကောက် မြို့နယ်၊ BTZM GBK PDF ပဲခူးရိုးမ အခြေပြုအဖွဲ့က ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။


========================


🚩🚩 ၇။ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်တပ်ကြောင့် ပြည်သူ () ဦး သေဆုံးခဲ့ရပြီး () ဦး ဒဏ်ရာ ရရှိကာ ဘုန်းကြီးကျောင်း () ကျောင်း နှင့် ဓမ္မာရုံ () ရုံ ထိခိုက် ပျက်စီးခဲ့ရ


နိုဝင်ဘာ ၃၀ 

Radio NUG 


ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်နှင့် လယ်ဒိုမြို့နယ်တို့အတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ကျေးရွာတွင်းသို့ လက်နက်ကြီး (၁၈) လုံး၊ ဒရုန်းဖြင့် (၁၁) ကြိမ်ပစ်ခတ်မှုကြောင့် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း () ကျောင်း၊ ရေကန် () ကန်၊ ဆိုလာ ()ချပ်၊ ဓမ္မာရုံ ()ရုံ ထိခိုက်ပျက်စီးခဲ့ရပြီး စစ်ကောင်စီတပ်များ ထောင်ထားသော မိုင်းကြောင့် ()နှစ်အရွယ် ကလေး () ဦး အပါအဝင် ဒေသခံပြည်သူ ()ဦး သေဆုံးခဲ့ရကာ ()ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။


မူးမြို့နယ်တွင် နိုဝင်ဘာလ (၂၃) ရက်နေ့၌ သေဂေးလူ(ရင်းတိုက်ကုန်း)ကျေးရွာတွင် နေရာယူထားသော အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်သည် ရေလဲဗမာကျေးရွာတွင်းသို့ ဒရုန်းဖြင့် ()ကြိမ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့၌ ကုန်းချောင်းဝမှ နေရာယူထားသော စစ်ကောင်စီတပ်များသည် ဟော်ခိုဝေါ (ငထွေစုတ်) ကျေးရွာသို့ ဟောင်ဝစ်ဇာလက်နက်ကြီး ()လုံး ပစ်ခတ်ခဲ့သည် ထို့အပြင် နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ပေါက်ဇလုပ်ကျေးရွာမှ ကိုစိုးမင်းနောင်+မနုနုဝင်းတို့ ဇနီးမောင်နှံနှင့် သမီး မအေးမြတ်ငြိမ်း တို့သည် မြို့သို့ဈေးသွားဝယ်ရန် ညောင်ပင်သာကျေးရွာအရောက်တွင် စစ်ကောင်စီတပ်များ ထောင်ထားသော မိုင်းပေါက်ကွဲမှုကြောင့် (အဘ) ကိုစိုးမင်းနောင် (၂၇)နှစ်နှင့် (သမီး)မအေးမြတ်ငြိမ်း ()နှစ်တို့ ပွဲချင်းပြီး သေဆုံးခဲ့ရပြီး (အမိ) မနုနုဝင်း (၂၅)နှစ်မှာ ဖြူးဆေးရုံတွင် ဆေးကုသမှုခံယူနေရလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။


လယ်ဒိုမြို့နယ်တွင် နိုဝင်ဘာလ (၂၇)ရက်နေ့၌ ခလရ-၂၆၄သည် ဒရုန်းဖြင့် ယောက်သွား ကုန်းတွင် လက်နက်ကြီး ()လုံး၊ ၁၂၂ မမ လက်နက်ကြီးဖြင့် ကော်သာစေးကျေးရွာသို့ ()လုံး၊ ဝက်လာတောကျေးရွာသို့ ()လုံး၊ အနန်းဘော်ကျေးရွာမှ စကစတပ်များသည် ဒရုန်းဖြင့် ရွာသာယာကျေးရွာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွင်းသို့ လက်နက်ကြီး ()လုံး၊ နတ်သံကွင်းမှ စကစတပ်များသည် ဒရုန်းဖြင့် သူးကဘီး (ကျွဲတလင်း)ကျေးရွာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းသို့ လက်နက်ကြီး()လုံး၊ ဟောင်ဝစ်ဇာ လက်နက်ကြီး ၁၂၂မမဖြင့် ဖါးလဲဘာကုန်းသို့ ()လုံးပစ်ခတ်ခဲ့ရာ ထိုပစ်ခတ်မှုကြောင့် သူးကဘီး (ကျွဲတလင်း) ကျေးရွာမှ ဗုဒ္ဓဘာဘာ ဘုန်းကြီးကျောင်း () ကျောင်း အပါအဝင် ကျောင်းဝင်းအတွင်းရှိ ရေကန် () ကန်၊ ဆိုလာ ()ချပ် နှင့် ရွာသာယာကျေးရွာမှ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း () ကျောင်း ထိခိုက် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။


နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ခလရ-၂၆၄မှ ကော်သာစေးကျေးရွာနှင့် ငဖယ်အင်းကျေးရွာသို့ ဟောင်ဝစ်ဇာ လက်နက်ကြီး ၁၂၂မမ ()လုံး၊ နတ်သံကွင်းမှ စကစတပ်များသည် နတ်တလင်း ဗုဒ္ဓဘာသာ ဘာသာရေး ကျောင်းဝန်းအတွင်းသို့ ဒရုန်းဖြင့် ()ကြိမ်၊ လက်နက်ကြီးဖြင့် ()လုံး၊ ပဲသောင်ကျေးရွာတွင် ()လုံး ကုန်းချောင်းဝမှ စစ်ကောင်စီတပ်များသည် ဒရုန်းဖြင့် တောကြောင်ပေါက်ကျေးရွာသို့ လက်နက်ကြီး ()ကြိမ်၊ နတ်တလင်းကျေးရွာနှင့် ခြောက်တဲစုကျေးရွာကြားတွင် လက်နက်ကြီး ()ကြိမ်၊ အင်းနက်ကျေးရွာ ဗုဒ္ဓဘာသာ ဘာသာရေးကျောင်းဝန်းတွင် ()ကြိမ် စုစုပေါင်း()ကြိမ်၊ လက်နက်ကြီး ၁၂၀မမဖြင့် ဝေဒေါခို (အင်တိုင်းကုန်း)ကျေးရွာသို့ ()လုံး၊ ဖါးလဲဘာကုန်းသို့ ()လုံး စုစုပေါင်း()လုံး ပစ်ခတ်ခဲ့ရာ ထို ပစ်ခတ်မှု ကြောင့် နတ်တလင်းကျေးရွာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းနှင့် ကျောင်းဝင်းအတွင်းရှိ ရေကန် () ကန်၊ ဓမ္မာရုံ () ရုံ၊ ဆိုလာ ()ချပ်၊ အင်းနက်ကျေးရွာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း () ကျောင်းတို့ ထိခိုက် ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၈။ တနင်္သာရီတွင် ကွမ်းသီးခူးရန် လာတဲ့ အမျိုးသမီးတဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ


နိုဝင်ဘာလ ၃၀ ရက်၊ 

Radio NUG


တနင်္သာရီတိုင်း ဒေသကြီး၊ တနင်္သာရီ မြို့နယ်၊ ဘန်းလမွတ်အုပ်စု၊ ရမ်းဖိုရွာရှိ ဆီအုန်းကုန်းမှာ ကွမ်းသီးခူးရန် ထွက်လာတဲ့ အမျိုးသမီးတဦး မြေမြှပ်မိုင်း နင်းမိပြီး ပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။


နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အသက် ၂၇ နှစ်အရွယ်ရှိ မသန္တာဦး ဆိုသူမှာ ဥယျာဉ်ခြံကို ကွမ်းသီးခူးရန် ထွက်လာချိန် မိုင်းနင်းမိ ခဲ့တာကြောင့် ဘယ်ဘက်ခြေဖမိုး ပြတ်ထွက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ အမျိုးသမီး နင်းမိခဲ့တဲ့ မြေမြှပ်မိုင်းဟာ ၁၄ အမျိုးအစားဖြစ်ပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုးချိန်က ထောင်သွားခဲ့တာ ဖြစ်တယ်လို့ တော်လှန်‌‌ရေး အင်အားစုများက ပြောပါတယ်။


မြိတ်ခရိုင်နဲ့ ထားဝယ်ခရိုင်တို့ဟာ တနင်္သာရီတိုင်းအတွင်း လူသွားလူလာ နေရာများမှာ ထောင်ထားတဲ့  မြေမြှုပ်မိုင်းများကြောင့် လူထုထိခိုက်မှု အများဆုံး ဒေသ ဖြစ်တယ်လို့ FE5 Tanintharyi အဖွဲ့ မှတ်တမ်းများအရ သိရပါတယ်။


ယခုနှစ် (၂၀၂၄) ဇန်နဝါရီမှ ဩဂုတ်လ အတွင်းမှာတင် မြေမြုတ်မိုင်း ပေါက်ကွဲမှု ၂၄ ကြိမ်ထိ ဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးသူ ဆယ်ဂဏန်း အထက် ရှိခဲ့တယ်လို့ လူ့အခွင့်အရေး ချိုးဖောက်ခံရ မှုများကို မှတ်တမ်း တင်နေတဲ့ အဆိုပါ အဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၉။ ဝေါလေလမ်းပိုင်း ဥကရစ်ထ ရွှေအေးမြိုင် ဘုရားကုန်း ဝါးမီထ ကာကင်းစခန်းက စစ်သား ၁၆ဦး လက်နက်ခဲယမ်းများနဲ့ လက်နက်ချ


နိုဝင်ဘာ ၃၀ 

Radio NUG 


ကရင်ပြည်နယ်၊ ဝေါလေလမ်းပိုင်းမှာရှိတဲ့ ဥကရစ်ထစခန်းရဲ့ ကာကင်းကုန်းဖြစ်တဲ့ ရွှေအေးမြိုင်ဘုရားကုန်းစခန်း၊ ဝါးမီထ ကာကင်းမှာ ရှိတဲ့ အကြမ်းဖက်စစ်တပ်က ဗိုလ်ကြီးအဆင့် အပါအဝင် စခန်းတစ်ခုလုံးက စစ်သားများ KTLA စစ်ကြောင်းဆီကို လက်နက်ချ အလင်းဝင်ရောက်ခဲ့ပြီး KTLA တိုက်ဂါးစစ်ကြောင်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။


နိုဝင်ဘာလ ၂၄ရက်နေ့က အဆိုပါ တပ်စခန်းကို KNLA တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲချခဲ့ပြီးနောက် အဆိုပါ ကာကင်းကုန်းစခန်းရှိ အကြမ်းဖက်စစ်သားတွေက လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတာ ဖြစ်ပါတယ်။


အလင်းဝင်ရောက်တဲ့ စစ်ကောင်စီတပ်သားများထံမှ MA 1 လက်၊ MA 2 လက်၊ (စက်ကလေး) MA 3 လက်၊ MA 4 လက်  (ပူးတွဲ) စကစ Glock လက်နဲ့  MA ကျည်ဘောက်၊ ကျည်များကို ရရှိခဲ့တယ်လို့လည်း သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment