13th NOV 2024 - Morning Daily News by Radio NUG

 

၂၀၂၄ နိုဝင်ဘာလ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်()ရပ် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ၍  ကြားကာလအစီအမံပေါ်ပေါက်ရေးဆွေးနွေး

📌 ၂။ မြန်မာပြည်သူလူထုရဲ့နွေဦးတော်လှန်ရေးကို ဆက်လက်ထောက်ခံအားပေးသွားဖို့ မြန်မာပြည်သူတွေက ယုံကြည်မျှော်လင့်လျက်ရှိကြောင်း အမေရိကန်အစိုးရနဲ့ အမေရိကန်ပြည်သူတွေကို  NUG အစိုးရ သတင်းစကားပါး

📌 ၃။ အမေရိကန်နိုင်ငံ ဖို့ဝိန်းမြို့ ဇေတဝန်ကျောင်းမှာ တိုင်းရင်းသားပေါင်းစုံ၊ မိသားစုများနဲ့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးတို့ တွေ့ဆုံခဲ့

📌 ၄။ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ

📌 ၅။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ၍ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)အပေါ်တွင် ဆွေးနွေးသုံးသပ်

📌 ၆။ အာဏာသိမ်းသည့် နေ့မှ ၂၀၂၄ အောက်တိုဘာလ (၃၁) ရက်နေ့အထိ သေဆုံးသူ အမျိုးသမီး ၁၇၁၇ ဦး၊ လူငယ်၂၂၁ဝ ဦးနှင့် ကလေး ၉၃၀ ဦး ရှိ

📌 ၇။ အကြမ်းဖက်စစ်အုပ်စုကြောင့် နိုင်ငံတဝန်း အမျိုးသမီး (၁၂၇၀) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၄၆၃) ဦးဖြင့် သေဆုံးမှုအများဆုံးတွင် ရှိနေ

📌 ၈။ မြောင်မြို့နယ်သို့ စစ်ရှောင်ရောက်ရှိနေသော ငါန်းဇွန်မြို့နယ်ရှိ ကျေးရွာ()ရွာမှ  ရေရှည်စစ်ဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့


၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ



🚩 ၁။ ကျောက်ကြီးမှ ပြန်ဆင်းလာတဲ့ စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅၀ ကျော် ထိခိုက်သေဆုံးခဲ့

🚩 ၂။ ပခုက္ကူ မြို့နယ်မှာ စစ်ကောင်စီ တပ်သား တဦးကို ဖမ်းဆီးရမိ

🚩 ၃။ ၁၁၁၁ ရွှေလင်းယုန် ဒရုန်းအထူးစစ်ဆင်ရေး မိတ္ထီလာ ရှမ်းတဲလေတပ် တိုက်ခိုက်မှု Y12 စီး၊ အရာရှိ ၂ဦး၊ စစ်သား ၄ဦးမက ထိခိုက်

🚩 ၄။ ရုံးစဉ်ကြီးတိုက်နယ် ရဲစခန်းကို လေးဘက်လေးတန် ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ ရဲ ဦး သေဆုံး

🚩 ၅။ ပုလဲမြို့ပေါ်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့မှုကြောင့် NON CDMများပါ သေဆုံးမှု ရှိ

🚩 ၆။ မိုးကုတ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ဦး သေဆုံး 

🚩 ၇။ နောင်ချို မြို့မဈေးကို စစ်ကောင်စီ တပ်က ပေါင် (၅၀၀) ဗုံး ကျဲချခဲ့တာကြောင့် ဒေသခံ ၁၁ ဦး သေဆုံး

🚩 ၈။ ဖလမ်းမြို့ ရဲစခန်းနဲ့ ထွေအုပ်ရုံးကို ချင်းညီနောင်သိမ်းပိုက်၊ စစ်ကော်စီ ၄၀ကျော် လက်နက်ချ

🚩 ၉။ စဉ့်ကူးမြို့နယ် ကျေးရွာများမှ ပျူစောထီး လက်နက်ကိုင် ရာနဲ့ချီကို လက်နက်ချ အညံ့ခံရန် စည်းရုံးသိမ်းသွင်းနိုင်ခဲ့သော အမှတ် ၁၂၂၂ တပ်ရင်း တပ်ရင်းမှူး "ဒိုလေး" ကို "စစ်ရေးဗျူဟာထူးချွန်ဆု" ပေးအပ်ချီးမြှင့်






ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။



========================



📌📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်()ရပ် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ၍  ကြားကာလအစီအမံပေါ်ပေါက်ရေးဆွေးနွေး


နိုဝင်ဘာ ၁၂

Radio NUG

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီနှင့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်()ရပ် လွှတ်တော်ကိုယ်စားလှယ်များဟာ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့၊ ၀၉၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး မကွေးဖက်ဒရယ်ယူနစ်၏ လွှတ်တော်ဥက္ကဋ္ဌက  လွှတ်တော်၏ ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းစဉ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။


ယင်းနောက်တွင် ကြားကာလ အစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင်အနေဖြင့် အစီအမံပေါ်ပေါက်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ တက်ရောက်လာသူများက ဆွေးနွေးမေးမြန်း၍ ယူနစ်လွှတ်တော်ကိုယ်စားလှယ်များဘက်မှလည်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပါတယ်။


 အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အဖွဲ့ဝင်များ၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်()ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြတယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီထံက သိရပါတယ်။


========================


📌📌 ၂။ မြန်မာပြည်သူလူထုရဲ့နွေဦးတော်လှန်ရေးကို ဆက်လက်ထောက်ခံအားပေးသွားဖို့ မြန်မာပြည်သူတွေက ယုံကြည်မျှော်လင့်လျက်ရှိကြောင်း အမေရိကန်အစိုးရနဲ့ အမေရိကန်ပြည်သူတွေကို  NUG အစိုးရ သတင်းစကားပါး


နိုဝင်ဘာ ၁၂

Radio NUG

မြန်မာပြည်သူလူထုရဲ့နွေဦးတော်လှန်ရေးကို ဆက်လက်ထောက်ခံအားပေးသွားဖို့ မြန်မာပြည်သူတွေက ယုံကြည်မျှော်လင့်လျက်ရှိကြောင်း အမေရိကန်အစိုးရနဲ့ အမေရိကန်ပြည်သူတွေကို NUGအစိုးရ သတင်းစကားပါး ဆိုလိုက်ပါတယ်။


နိုဝင်ဘာ၁၂ရက်ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ်မှာ ဝန်ကြီးချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကဆိုပါတယ်။


"မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျထုတ်ဖော်ပြသခဲ့ပြီးဖြစ်တဲ့ ပြည်သူ့ဆန္ဒကို လက်နက်အားကိုးပြီး မတရား ပယ်ဖျက်ဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်စစ်တပ် အမြစ်ဖြတ်ဖို့ တော်လှန်တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူလူထုရဲ့ နွေဦးတော်လှန်ရေးကို ဆက်လက်ထောက်ခံအားပေးသွားဖို့ မြန်မာပြည်သူတွေက ယုံကြည်မျှော်လင့်လျက်ရှိကြောင်းလည်း သတင်းစကားပါးလိုပါတယ်"လို့ ဆိုပါတယ်။


ဒါ့အပြင် နိုဝင်ဘာ၅ရက်ကျင်းပတဲ့ အမေရိကန်ရွေးကောက်ပွဲမှာအနိုင်ရတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ အမေရိကန်ပြည်သူ မဲဆန္ဒရှင်များကိုလည်း ဝမ်းမြောက်စွာဂုဏ်ယူကြောင်း NUGအစိုးရကဆိုပါတယ်။


========================


📌📌 ၃။ အမေရိကန်နိုင်ငံ ဖို့ဝိန်းမြို့ ဇေတဝန်ကျောင်းမှာ တိုင်းရင်းသားပေါင်းစုံ၊ မိသားစုများနဲ့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးတို့ တွေ့ဆုံခဲ့


နိုဝင်ဘာ ၁၂

Radio NUG

အမေရိကန်နိုင်ငံ ဖို့ဝိန်းမြို့ ဇေတဝန်ကျောင်းမှာ တိုင်းရင်းသားပေါင်းစုံ၊ မိသားစုများနဲ့ လူ့အခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတို့ တွေ့ဆုံခဲ့ကြတယ်လို့ နိုဝင်ဘာ ၁၂ရက် ဆိုရှယ်မီဒီယာမှာ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုပါတယ်။


"ဖို့ဝိန်းမြို့ ဇေတဝန်ကျောင်းမှာ တိုင်းရင်းသားပေါင်းစုံ၊ မိသားစုများနဲ့ ထပ်မံတွေ့ဆုံခဲ့ပါတယ်။ တော်လှန်ရေးဖြတ်သန်းခဲ့တဲ့ ကာလအတွင်း စခန်းအသီးသီး၊ နေရာအသီးသီး၊ ကဏ္ဍအသီးသီးမှာ လက်တွဲပါဝင်ကြတဲ့ ရဲမေ၊ ရဲဘော်ဟောင်းတွေနဲ့ တွေ့ဆုံခဲ့ရတဲ့အတွက် ငယ်ဘဝတွေ၊ တော်လှန်ရေးဖြတ်သန်းမှုတွေကို ပြန်လည်သတိရသလို၊ အခုအချိန်ထိ ရောက်တဲ့နေရာမှာ အသံမတိတ် အလံမလိပ်ပဲ တိုက်ပွဲဝင်ခွပ်ဒေါင်းမျိုးဆက်တွေကို တွေ့ရလို့ ဝမ်းသာမိပါတယ်။ ဖြတ်သန်းခဲ့တဲ့ တောတွင်းနေ့ရက်တွေ၊ ဘန်ကောက်မြို့မှာ ဒုက္ခသည်အဖြစ်နေထိုင်နေရတဲ့ အတွေ့အကြုံတွေကို ပြန်ပြောင်းသတိရပြီး ကျဆုံးသွားတဲ့ ရဲဘော်၊ ရဲမေတွေကိုလည်း လွမ်းဆွတ်မိတယ်။ အဲ့ဒီကာလက ရယ်မောစရာတွေ၊ ရင်မောစရာတွေ နှစ်ခုစလုံးကို ရသအမျိုးမျိုးနဲ့ ပြန်လည်သတိရမိတဲ့ညပါပဲ။ တယောက်နဲ့တယောက် အားပေးကူရင်း လက်တွဲကူရင်း ယုံကြည်တဲ့ ဒီမိုကရေစီ၊ ဖယ်ဒရယ်၊ လူ့အခွင့်အရေးတိုက်ပွဲကို မလျှော့သောခွန်အားတွေနဲ့ ဆက်လက်တိုက်ပွဲဝင်သွားကြပါစို့" လို့ ဆိုပါတယ်။


========================


📌📌 ၄။ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ


နိုဝင်ဘာ ၁၂

Radio NUG


မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီ အစည်းအဝေးကို (နိုဝင်ဘာလ ၁၂ ရက်) မှာ Zoom Platform မှတဆင့် ကျင်းပခဲ့ကြပါတယ်။


အစည်းအဝေးကို ကော်မတီ၏ အစုအဖွဲ့ () ဖွဲ့မှ ကော်မတီဝင်များ ပါဝင်တက်ရောက်ကြပြီး တက်ရောက်ခွင့်ရှိသူရဲ့ (၈၇%) တက်ရောက်ခဲ့ကြပါတယ်။


ဒီအစည်းအဝေးမှာ အစီအစဉ် () အနေနဲ့ လုပ်ငန်းကော်မတီအနေနဲ့ ချိတ်ဆက်တွေ့ဆုံခဲ့သည့် အစည်းအဝေးများအပေါ် သုံးသပ်ခြင်း၊ ဆက်လက် ချိတ်ဆက်တွေ့ဆုံကြရမယ့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပတ်သက်ပြီး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။


အဲ့ဒီနောက်မှာ အစီအစဉ် () အနေနဲ့ မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံနှင့်စပ်လျဉ်း၍ ကော်မတီဝင်များရဲ့ သဘောထားများ၊ အမြင်များ၊ စိတ်ဆန္ဒများကို အပြန်အလှန် လွပ်လပ်စွာ ဆွေးနွေးဖလှယ်ခြင်း (Brainstorming) နဲ့ အမြင်များကို စုစည်းခြင်းတို့ လုပ်ခဲ့ကြပါတယ်။ 


ယခုအပတ်မှာတော့ ကြားကာလအစီအမံနဲ့စပ်လျဥ်းပြီး သယံဇာတ၊ မြေယာ၊ အခွန်ဘဏ္ဍာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။


========================


📌📌 ၅။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ၍ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)အပေါ်တွင် ဆွေးနွေးသုံးသပ်


နိုဝင်ဘာ ၁၂

Radio NUG


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်များသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ရက်နေ့၊ ၁၀၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီကိုယ်စား ဒေါက်တာဒေါ်မေဝင်းမြင့်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းစဉ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက ရှင်းလင်းပြောကြားခဲ့တယ်လို့သိရပါတယ်။


ယင်းနောက်တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)အပေါ်တွင် ဆွေးနွေးသုံးသပ် အကြံပြုမှုများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီဘက်မှ ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော ယူနစ်လွှတ်တော်ကိုယ်စားလှယ်များဘက်မှလည်း ရှေ့လုပ်ငန်းစဉ်ကိစ္စရပ်များအပေါ် အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်ဘက်မှလည်း ယူနစ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ယူနစ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၆။ အာဏာသိမ်းသည့် နေ့မှ ၂၀၂၄ အောက်တိုဘာလ (၃၁) ရက်နေ့အထိ သေဆုံးသူ အမျိုးသမီး ၁၇၁၇ ဦး၊ လူငယ်၂၂၁ဝ ဦးနှင့် ကလေး ၉၃၀ ဦး ရှိ


နိုဝင်ဘာ ၁၂ 

Radio NUG 


အာဏာသိမ်းသည့် နေ့မှ ၂၀၂၄ အောက်တိုဘာလ (၃၁) ရက်နေ့အထိ သေဆုံးသူ အမျိုးသမီးဦးရေ ၁၇၁၇ ဦးရှိပြီး တော်လှန်ရေးကာလအတွင်း သေဆုံးသူအားလုံး၏ 20.7% ရှိကြောင်း အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။


တော်လှန်ရေးကာလအတွင်း သေဆုံးသူ လူငယ်ဦးရေ ၂၂၁ဝ ဦးရှိပြီး သေဆုံးသူအားလုံး၏ 26.6%ရှိကာ ယောက်ျားလေး 79.9% မိန်းကလေး 19.9%နှင့် LGBTQI/ ကျား/ မဖော်ပြနိုင်သူ 0.2% ရှိတယ်လို့ သိရပါတယ်။


နွေဦးတော်လှန်ရေးကာလ အတွင်း သေဆုံးသူ ကလေးဦးရေ ၉၃၀ ဦးရှိပြီး သေဆုံးသူ အားလုံးအနက် ကလေးရာခိုင်နှုန်း 11.2% ရှိကာ ကျား/ မဖော်ပြ နိုင်သူ 11.1% ယောက်ျားလေး 57.2%နှင့် မိန်းကလေး 31.7% ရှိကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ အကြမ်းဖက်စစ်အုပ်စုကြောင့် နိုင်ငံတဝန်း အမျိုးသမီး (၁၂၇၀) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၄၆၃) ဦးဖြင့် သေဆုံးမှုအများဆုံးတွင် ရှိနေ


နိုဝင်ဘာ ၁၂

Radio NUG

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် နိုင်ငံတဝန်း အမျိုးသမီး (၁၂၇၀) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၄၆၃) ဦးဖြင့် သေဆုံးမှုအများဆုံးတွင် ရှိနေတယ်လို့ ဖော်ပြပါတယ်။


၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိ (၉၅) ဦး၊ ၂၀၂၂ ခုနှစ်တွင် (၂၁၃) ဦး၊  ၂၀၂၃ ခုနှစ်တွင် (၄၀၂) ဦးနှင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ (၅၆၀) ဦး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။


နိုဝင်ဘာလ ၁၀ရက်၊ နံနက် ၃နာရီ ၁၅မိနစ်ခန့်အချိန်တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ အံတော်တံတားထိပ် ကို အကြမ်းဖက်စစ်အုပ်စုက ဖျက်အားပြင်းဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ထိုတံတားအနီးမှ ဒေါ်အေးကျော့စိန်အမည်ရှိ စားသောက်ဆိုင်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် မစုစုလှိုင်နှင့် စိတ်ကျန်းမာရေး ကောင်းမွန်ခြင်းမရှိသူ မဝိုင်းစိန်မတို့နှစ်ဦး ဗုံးစထိမှန် သေဆုံးခဲ့ရပါတယ်။


========================


📌📌 ၈။ မြောင်မြို့နယ်သို့ စစ်ရှောင်ရောက်ရှိနေသော ငါန်းဇွန်မြို့နယ်ရှိ ကျေးရွာ()ရွာမှ  ရေရှည်စစ်ဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့


နိုဝင်ဘာ ၁၂

Radio NUG

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်သို့ စစ်ရှောင်ရောက်ရှိနေသော  မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ ကျေးရွာ()ရွာမှ  ရေရှည်စစ်ဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့ငွေကျပ် (၁၀၀၀၀၀၀)အား မြောင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာတာဝန်ခံမှ  နိုဝင်ဘာ (၁၁)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ ဖော်ပြပါတယ်။


အဆိုပါ ထောက်ပံ့မှုကို ပြည်မှပြည်သူသို့ ထောက်ပံ့ငွေများဖြင့် သွားရောက်ထောက်ပံ့ခဲ့ခြင်း ဖြစ်ကာ စစ်ရှောင် ()ရွာလျှင် ငွေကျပ် (၅၀၀၀၀၀)နှုန်းဖြင့် စစ်ရှောင် ()ရွာစာအတွက် ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။



========================

========================




🚩🚩 ၁။ ကျောက်ကြီးမှ ပြန်ဆင်းလာတဲ့ စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅၀ ကျော် ထိခိုက်သေဆုံးခဲ့


နိုဝင်ဘာ ၁၂  

Radio NUG


ပဲခူးတိုင်း၊ ကျောက်ကြီးမြို့ ကနေ နတ်သံကွင်းမြို့ ဘက်ကို နောက်တန်း ပြန်ဆင်းလာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းနဲ့ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၅၀ ခန့် ထိခိုက်သေဆုံးခဲ့တယ်လို့ အထူးကွန်မန်ဒိုတပ်ရင်း P29914 က ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာလ ၂၉ ရက်‌နေ့ မနက် နာရီ ၃၀ မိနစ်မှာ ကျွန်းကုန်းရွာထိပ်မှာ ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး နာရီခွဲတွင် တိုက်ပွဲပြီးဆုံးခဲ့ကာ စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့ပြီးနောက် မနက် ၁၀ နာရီကျော်ခန့်မှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာကို တက်ရောက် ရှင်းလင်းခဲ့ရာ MA3 သေနတ်တလက် နဲ့ ခဲယမ်းတချို့ အပါအဝင် ခြင်းကြား လုံးနဲ့ စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပါတယ်။


နိုဝင်ဘာ ၃၀ ရက်နေ့မှာ ရွာကြီးအင်းရွာဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အင်အား အလုံးအရင်းနဲ့ ထိုးဖောက် ဝင်ရောက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ရိုးမ () ကွန်မန်ဒို အဖွဲ့နဲ့ KNLA ပူးပေါင်းတပ်က စောင့်ကြို တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ဘက်က ၁၂ ဦး ကျော် သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရခဲ့ကာ ကျောက်ကြီးမြို့ ဒုံးတို၊ ဆိပ်ကြီးဖက်ကို ပြန်လည်ဆုတ်ခွာ သွားတယ်လို့ သိရပါတယ်။


နိုဝင်ဘာလ ရက်နေ့ နာရီမှာလည်း ရွာကြီးအင်းရွာကို ထပ်မံ ထိုးဖောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပူးပေါင်းတပ်က ထောင်ထားတဲ့ မိုင်းများကြောင့် အထိနာခဲ့ပြီး ရိုးမ () ရိုးမ () ဖြူး ပကဖ နဲ့ KNLA ပူးပေါင်း အဖွဲ့များကလည်း ပိတ်ဆို့တိုက်ခိုက် ခဲ့ပါတယ်။


ထိုနောက် နေ့လည် ၁၂ နာရီခန့်မှာလည်း စစ်ကောင်စီက ဂျက်ဖိုက်တာ စီးဖြင့် လေကြောင်းပစ်ကူပေးခဲ့ပေမယ့် တော်လှန်ရေးတပ် တွေက ပွိုင့်ဖိုက်နဲ့ ပြန်လည်ပစ်ခတ် ခဲ့တာကြောင့် လေယာဉ်မှာ ဆက်မပစ်တော့ဘဲ ပြန်ဆုတ် သွားခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၁၀ ဦးကျော် သေဆုံးခဲ့ပြီး ၁၅ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ကျောက်ကြီးမြို့ဘက်ကို ပြန်လည်ဆုတ်ခွာ သွားခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲ ရက်တာအတွင်း ရိုးမ () ရိုးမ () ဖြူး ပကဖ မြေပြင်ကွန်မန်ဒို၊ အာဠာဝက KNLA နှင့် ပူးပေါင်း Drone အဖွဲ့များက လက်တွဲတိုက်ခိုက်ခဲ့ကြပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့ကာ စစ်ကောင်စီ တပ်သား ၅၀ ကျော် ထိခိုက်သေဆုံး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ပခုက္ကူ မြို့နယ်မှာ စစ်ကောင်စီ တပ်သား တဦးကို ဖမ်းဆီးရမိ


နိုဝင်ဘာ ၁၂ 

Radio NUG


မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဆင်မင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ တပ်သားတဦးကို လက်နက်နဲ့တကွ ဖမ်းဆီးရမိခဲ့တယ်လို့ Young Force - UG အဖွဲ့က ထုတ်ပြန်ထားပါတယ်။


အဆိုပါ စစ်ကောင်စီ တပ်သားဟာ ဆင်မင်းဂိတ်ကနေ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ စိုးမိုးထားတဲ့ နယ်မြေထဲကို လမ်းမှား ဝင်လာတာကြောင့် ကင်းပုန်းဝပ် စောင့်ဆိုင်းနေကြတဲ့ တော်လှန်ရေး ရဲဘော်များက အလစ်အငိုက် ဝိုင်းဝန်း ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။


၎င်းနဲ့အတူ ကာဘိုင်သေနတ် လက်၊ ကျည်ဘောက် ခု၊ ကာဘိုင်ကျည် ၄၅ တောင့်၊ ကျည်ကာဝတ်စုံ ထည်၊ ဦးထုတ် လုံးနဲ့ ဖုန်း လုံးကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ လှုပ်ရှားမှုကို Pakokku People Defense Force ( PPDF ) နဲ့ Young Force U.G တပ်ဖွဲ့မှ ရဲဘော်များက ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၃။ ၁၁၁၁ ရွှေလင်းယုန် ဒရုန်းအထူးစစ်ဆင်ရေး မိတ္ထီလာ ရှမ်းတဲလေတပ် တိုက်ခိုက်မှု Y12 စီး၊ အရာရှိ ၂ဦး၊ စစ်သား ၄ဦးမက ထိခိုက်


နိုဝင်ဘာ ၁၂ 

Radio NUG 


မိတ္ထီလာမြို့နယ် ပကဖ၊ မိတ္ထီလာ ဒရုန်းတပ်ဖွဲ့၊ မိတ္ထီလာ တပ်ရင်း () ၁၈၂၅ စစ်ကိုင်းခရိုင် ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း () နဲ့ အမည်မဖော်လိုတဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့တွေက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထောက်ပံ့ကူညီမှု၊ ရှားထူးဝေါ နည်းပညာ အဖွဲ့ရဲ့ နည်းပညာပိုင်းအကူအညီနဲ့ ၁၁၁၁ ရွှေလင်းယုန် Drone အထူးစစ်ဆင်ရေးအဖြစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ပီး၊ လကသ အရာရှိအိမ်ရာ (လေကြောင်းအတတ်သင်) ခဲယမ်းသိုလှောင်ရုံ၊ လထခ အရာရှိရိပ်သာ  (လေကြောင်းထုတ်လုပ်)နဲ့ တပ်မ (၉၉ ) ဌာနချုပ်တို့ကို ဒရုန်း အစီးရေ (၂၄ ) စီးဖြင့် တိုက်ခိုက်ခဲ့တယ်လို့ Meiktila Revolution Force မှ သတင်းထုတ်ပြန်ပါတယ်။


ရှမ်းတဲလေတပ်နဲ့ ထိစပ်လျက်ရှိတဲ့ ထုတ်လုပ်ရေးတပ်တွေမှာ ပျက်စီးမှုအများဆုံး ဖြစ်ခဲ့ပြီး Y12 စစ်လေယာဉ် စီး ထုတ်လုပ်ရေး အဆောက်အဦး လုံး အရာရှိ ဦးနဲ့ စစ်သည် ဦးမက ထိခိုက်ခဲ့ကာ အရပ်သားထိခိုက်မှု မရှိအောင် ဖရဲသီးသတင်းပေးများဖြင့် အောင်မြင်ထိရောက်အောင်  ဖော်ဆောင်နိုင်ခဲ့ပါတယ်လို့ ဖော်ပြထားပါတယ်။


စကစအနေနဲ့ တပ်တွင်းသတင်းများ ဖုံးဖိထားနိုင်ရန် တိုက်ခိုက်ခံရသည့် တပ်တွင်းရှိ ဖုန်းများကို သိမ်းဆည်းပီး ပျက်စီးမှုများ၊ ထိခိုက်မှုများကို ဖုံးဖိထားကာ လုံခြုံရေးတိုးမြှင့်ပီး ဒရုန်းအကြောက်တရားများ တိုးပွားလာနေကြောင်း သိရပါတယ်။


မိတ္ထီလာမြို့ပြည်သူများအနေနဲ့ မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲ လုပ်ဆောင်ချက်များအပေါ် ဆန့်ကျင်ကြရန်၊ ပူးပေါင်းပါ၀င် အားပေးဆောင်ရွက်ခြင်းမပြုလုပ်ရန်၊ စကစ ဝန်ထမ်းများအနေနဲ့လည်း ပြည်သူများအပေါ် ဖိနှိပ်အနိုင်ကျင့်မှုများ မလုပ်ဆောင်ဘဲ ပြည်သူနှင့်အတူ ပူးပေါင်းရန်၊ လုပ်ငန်းရှင်များအနေနဲ့လဲ မိမိတို့အကျိုးစီးပွားအတွက် မင်း‌အောင်လှိုင်သက်ဆိုးရှည်‌စေရန် ပူးပေါင်းဆောင်ရွက်ခြင်းများ မပြုလုပ်ရန် အကြံပြုပြောကြားလိုကာ မိတ္ထီလာမြို့ကို မိတ္ထီလာသားတွေ ၁၁၁၁ ရွှေလင်းယုန် ဒရုန်းအထူးစစ်ဆင်ရေးကနေ အစပြုကာ ဝင်ရောက်လာတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ ရုံးစဉ်ကြီးတိုက်နယ် ရဲစခန်းကို လေးဘက်လေးတန် ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ ရဲ ဦး သေဆုံး


နိုဝင်ဘာ ၁၂  

Radio NUG


မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာ - မိတ္ထီလာ ကားလမ်းမပေါ်က ရုံးစဉ်ကြီး တိုက်နယ်ရဲစခန်းကို လေးဘက် လေးတန် ပိတ်ဆို့ပြီး အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲ ()ဦး သေဆုံးခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာလ ၁၁ ရက်နေ့ မနက် နာရီ အချိန်မှ စတင်ပြီး မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (MDSO) အနေဖြင့် ရုံးစဉ်ကြီး ရဲစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်၊ Drone များဖြင့် ပိတ်ဆို့ကာ အနီးကပ် ဝင်ရောက်တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။


တိုက်ခိုက်မှုအတွင်း အခြေအနေ တခုကြောင့် စခန်းမသိမ်း နိုင်ခဲ့ပေမယ့် ရဲ ဦး သေဆုံးကာ ထိခိုက်မှုများ ရှိခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။


ယခု စစ်ဆင်ရေးကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ Myingyan Disctric Drone Strike Team နေပြည်တော် ၈၀၁ တပ်ရင်း မိတ္ထိီလာ ပကဖ စဥ့်ကိုင် ပကဖ ကျောက်ပန်းတောင်း ပကဖ တောင်သာ ပလဖ ညောင်ဦးခရိုင် တပ်ရင်း () တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။


ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် မနက် နာရီခွဲခန့်မှာ ဇဂျမ်းအုပ်စု၊ ကျောင်းအိုကျေးရွာကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့ပိုင် နေအိမ် လုံး ပျက်စီးပြီး နွားတကောင် သေဆုံးခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၅။ ပုလဲမြို့ပေါ်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့မှုကြောင့် NON CDMများပါ သေဆုံးမှု ရှိ


နိုဝင်ဘာ ၁၂ 

Radio NUG 


ပုလဲမြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းမှာ စတင်ဝင်ရောက်တိုက်ခိုက်ရာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး  စစ်ကောင်စီတပ်က မြို့မကျရေး လေကြောင်းပစ်ကူမှုတွေ လုပ်နေပြီး  လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့မှုကြောင့် NON CDMများပါ သေဆုံးမှု ရှိတယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း-၁၁ မှ သတင်းထုတ်ပြန်ပါတယ်။


လေကြောင်းတိုက်ခိုက်မှုကြောင့် ရဲစခန်း အရှေ့မြောက်ဘက်က မြို့နယ်လျှပ်စစ် ဝန်ထမ်းအိမ်ရာပေါ်ကို ပေါင် ၅၀၀ ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး မြို့နယ်လျှပ်စစ်မှူး သေဆုံးခဲ့ကာ သူ့ရဲ့ဇနီးဖြစ်သူလည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့  သိရပါတယ်။


ဒါ့အပြင် ရဲစခန်းအနောက်ဘက် ဝန်ထမ်းအိမ်ရာမှာ နေထိုင်တဲ့ ထွေအုပ်စာရေးဒဏ်ရာရရှိပြီး ဇနီးနဲ့ သားဖြစ်သူတို့ကတော့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ အရပ်သားပြည်သူတွေကို တော်လှန်ရေးတပ်ဖွဲ့က ဘေးလွတ်ရာ ကူညီကယ်ထုတ်ပေးလျက် ရှိတယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ မိုးကုတ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ဦး သေဆုံး 


နိုဝင်ဘာ ၁၂ ရက်

Radio NUG


မန္တလေးတိုင်း၊ တအောင်းတပ် TNLA ထိန်းချုပ်နယ်မြေ၊ မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် ဒေသခံ ဦးသေဆုံးပြီး ကလေးငယ် တဦး အပါအဝင် ၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာလ ၁၁ ရက်‌နေ့ ညသန်းခေါင်ယံ အချိန်တွင် မိုးကုတ် အရှေ့ပိုင်း၊ အထက်လယ်ဦး ရပ်ကွက်မှာ ဗုံး လုံး နဲ့ မိုးကုတ် အနောက်ပိုင်း၊ မြို့ဦးလွင် အနီးမှာ ဗုံး လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။


ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရှေ့ပိုင်းတွင် ဒေသခံ ဦး သေဆုံးကာ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အနောက်ပိုင်းတွင်လည်း ဒေသခံ ဦး သေဆုံပြီး ဦး ထိခိုက်ဒဏ်ရာ ရခဲ့တဲ့အပြင် နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


မိုးကုတ်မြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် TNLA နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ဇူလိုင်လ ၂၅ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၇။ နောင်ချို မြို့မဈေးကို စစ်ကောင်စီ တပ်က ပေါင် (၅၀၀) ဗုံး ကျဲချခဲ့တာကြောင့် ဒေသခံ ၁၁ ဦး သေဆုံး


နိုဝင်ဘာ ၁၂ ရက် 

Radio NUG


ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအောင်းတပ် TNLA တပ်မဟာ ထိန်းချုပ်နယ်မြေ၊ နောင်ချိုုမြို့၊ မြို့မဈေးနေရာကို စစ်ကောင်စီတပ်က ပေါင် (၅၀၀) ဗုံး လာရောက်ကြဲချခဲ့တာကြောင့် ဒေသခံပြည်သူ ၁၁ ဦး သေဆုံးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာလ ၁၂ ရက် နေ့လည် နာရီ ၄၃ မိနစ်မှာ နောင်ချို မြို့မဈေးရှိ လန်းဆန်း လဖက်ရည်ဆိုင်နေရာကို ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။


ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒေသခံ ၁၁ ဦး သေဆုံးခဲ့ကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် လုံးနဲ့ ခရီးသည်တင် ကားများ မီးလောင်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက် ညနေ နာရီကလည်း နောင်ချို  ရဲစခန်း၊ ဈေးရပ်ကွက်နဲ့ တောင်ရပ်ကွက်တို့ကို စစ်ကောင်စီက ပေါင် ၃၀၀ ဗုံးများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။


အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲစခန်းနဲ့ စျေးရပ်ကွက်တို့မှာ နေအိမ် လုံးနှင့် တောင်ရပ်ကွက်မှာ နေအိမ် လုံး ထိမှန်ပျက်စီးပြီး လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။


အလားတူ နိုဝင်ဘာ ရက်နေ့ကလည်း နောင်ချိုမြို့၊  ဆမ္မဆယ်ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ဦး သေဆုံးပြီး ဦး ဒဏ်ရာရခဲ့ပါသေးတယ်။


========================


🚩🚩 ၈။ ဖလမ်းမြို့ ရဲစခန်းနဲ့ ထွေအုပ်ရုံးကို ချင်းညီနောင်သိမ်းပိုက်၊ စစ်ကော်စီ ၄၀ကျော် လက်နက်ချ


နိုဝင်ဘာလ ၁၂ 

Radio NUG 


နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဖလမ်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ တပ်ဆွဲထားသည့် ရဲစခန်းနဲ့ မြို့နယ်ထွေအုပ်ရုံးကို  CNDF ပါ၀င်တဲ့ ချင်းညီနောင် ပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဒေသသတင်းများအရ သိရပါတယ်။


သိမ်းပိုက်ရရှိခဲ့တဲ့ ရဲစခန်းကနေ စစ်ကောင်စီတပ်သားတွေနဲ့ မိသားစု၀င် ၄၀ကျော်ဟာ CNDF ထံသို့ လက်နက်ချ အလင်း၀င်ခဲ့တယ်လို့ သိရပါတယ်။


ဖလမ်းမြို့တွင်း အားလုံးထိန်းချုပ်နိုင်ခဲ့ပြီး  ခလရ ၂၆၈ တပ်ကုန်းပဲ ကျန်တော့တယ်လို့ သိရပါတယ်။


နိုဝင်ဘာလ ရက်နေ့က ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့မှ ဖလမ်းမြို့သိမ်းတိုက်ပွဲကို စတင်ဆင်နွဲခဲ့ပြီး ၅ရက်အကြာမှာ မြို့ထဲရှိ စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၉။ စဉ့်ကူးမြို့နယ် ကျေးရွာများမှ ပျူစောထီး လက်နက်ကိုင် ရာနဲ့ချီကို လက်နက်ချ အညံ့ခံရန် စည်းရုံးသိမ်းသွင်းနိုင်ခဲ့သော အမှတ် ၁၂၂၂ တပ်ရင်း တပ်ရင်းမှူး "ဒိုလေး" ကို "စစ်ရေးဗျူဟာထူးချွန်ဆု" ပေးအပ်ချီးမြှင့်


နိုဝင်ဘာ ၁၂

Radio NUG

စဉ့်ကူးမြို့နယ် ကျေးရွာများမှ ပျူစောထီး လက်နက်ကိုင် ရာနဲ့ချီကို လက်နက်ချ အညံ့ခံရန် စည်းရုံးသိမ်းသွင်းနိုင်ခဲ့သော အမှတ် ၁၂၂၂ တပ်ရင်း တပ်ရင်းမှူး "ဒိုလေး" ကို "စစ်ရေးဗျူဟာထူးချွန်ဆု" ပေးအပ်ချီးမြှင့်ခဲ့ကြောင်း နိုဝင်ဘာ ၁၂ရက် အမှတ် -၁၂၂၂ တပ်ရင်း က တရားဝင်အသိပေးဆိုပါတယ်။


၁၀၂၇ ဒုတိယလှိုင်း စဉ့်ကူးမြို့နယ် စစ်ဆင်ရေးတွင် "ရန်သူ့နယ်မြေအတွင်း ထွက်ပြေးရောက်ရှိနေသော" စဉ့်ကူးမြို့နယ် ပျူစောထီး ခေါင်းဆောင် "ရေတော်ငနိုင်"အပါအဝင် စဉ့်ကူးမြို့နယ် ထုံးကြီး ကျေးရွာ ပျူစောထီး လက်နက်ကိုင်များ၊ဆည်သည် ဒိုးပင်ကုန်း ဇီးပင်ကုန်း၊ ရေတော်ဘက်မှ ပျူစောထီးခေါင်းဆောင်များ  စုစုပေါင်း ပျူစောထီးဦးရေ (၁၀၀) ဦး ခန့်ကို မိမိတို့တပ်ရှိရာ နယ်မြေသို့ ပြန်လည်ခေါ်ယူကာ မိမိတို့ဘက်မှ ကျည်တစ်ချက်မှ မဖောက်စေပဲ လက်နက်ချ အညံ့ခံရန် စည်းရုံးသိမ်းသွင်းနိုင်ခဲ့သော အမှတ်၁၂၂၂တပ်ရင်း တပ်ရင်းမှူး "ဒိုလေး" ကို အမှတ်၁၂၂၂တပ်ရင်း က "စစ်ရေးဗျူဟာထူးချွန်ဆု" ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဖော်ပြပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။








#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment