18th NOV 2024 - Evening Daily News by Radio NUG

၂၀၂၄ နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်း လလည်ဆွမ်းတရားနာနဲ့ အောက်မေ့ဖွယ်အခမ်းအနား ကျန်ရစ်သူမိသားစုက ကျင်းပ

📌 ၂။ နွေဦးဖွံဖြိုးရေးဘဏ်အစုရှယ်ယာတွေကိုများများဝယ်ယူမှုဟာ စစ်ကောင်စီရဲ့နောက်ဆုံးရက်တွေနီးကပ်လာမှုကိုပြသရာရောက်တယ်လို့ဆို

📌 ၃။ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာဆာဆာနဲ့ ကယ်လီဖိုးနီးယားမြောက်ပိုင်း မြန်မာတိုင်းရင်းသားမိသားစုများ တွေ့ဆုံပွဲကျင်းပခဲ့

📌 ၄။ပြည်သူနဲ့ဆန့်ကျင်ဘက်မှာနေမယ်ဆိုရင်တရုတ်နဲ့မြန်မာပြည်သူတွေရဲ့ဆက်ဆံရေးကမကောင်းနိုင်ဘူး"လို့ဆို

📌 ၅။ အမေရိကန်နိုင်ငံမေရီလန်းပြည်နယ်က မြန်မာတော်လှန်ရေးရုပ်ရှင်ပြပွဲNUGဝန်ကြီးများတက်ရောက်ခဲ့

📌 ၆။ မြန်မာနိုင်ငံရှိ ကလေးသူငယ်များနှင့် လူငယ်များဟာ ပညာရေးနှင့် ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုလိုမျိုး အစရှိတဲ့ အခြေခံလူ့အခွင့်အရေးများကို ဆုံးရှုံးနေကြရတယ်လို့ ယူနီဆတ်မြန်မာထုတ်ပြန်


၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ကွတ်ခိုင်မြို့တွင် ညသန်းခေါင်ဝန်းကျင် စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ၂လသားအရွယ်ကလေး၁ဦးအပါအဝင် ဦးသေဆုံးပြီး ဦးထိခိုက်ဒဏ်ရာ ရရှိ

🚩 ၂။ ရေစကြိုမြို့နယ် ရုံးပေါင်းစုံအတွင်း သန်းခေါင်စားရင်းကောက်ယူရာကနေလက်နက်နဲ့အတူ ထွက်ပြေးလာသည့်စကစတပ်သား၂ယောက်ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များကဆုချ

🚩 ၃။ သန်းခေါင်စာရင်းကောက်ရန် အသံချဲ့စက်ဖြင့် အော်နေသည့်အုပ်ချုပ်ရေးမှူးပျူခေါင်းဆောင်အပစ်ခံရ



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ၁။ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်း လလည်ဆွမ်းတရားနာနဲ့ အောက်မေ့ဖွယ်အခမ်းအနား ကျန်ရစ်သူမိသားစုက ကျင်းပ


Radio NUG နိုဝင်ဘာ ၁၈၊ ၂၀၂၄


အမေရိကန်အချိန် နိုဝင်ဘာ ၁၇ နေ့ခင်း၊ မေရီလန်းပြည်နယ်၊ ဆီးလဗားစပရင်းမြို့၊ မင်္ဂလာရာမဝိဟာရကျောင်းတိုက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ () မန္တလေးတိုင်း ဝန်ကြီးချုပ်၊ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်း လလည်ဆွမ်းကျွေးတရားနာနဲ့ အောက်မေ့ဖွယ်အခမ်းအနားကို ကျန်ရစ်သူ မိသားစုဝင်တို့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာ ရက်နေ့က အာဏာသိမ်းမြန်မာစစ်ကောင်စီ၏ မတရားဖမ်ဆီးချုပ်နှောင်မှု၊ ဆေးကုသခွင့် ကန့်သတ်ပိတ်ပင်ထားမှု၊ လူသိက္ခာ လူ့အခွင့်အရေးနှင့်အညီ စောင့်ရှောက်မှုများ မရရှိခဲ့ရဘဲ ကွယ်လွန်ခဲ့ရတဲ့ မြန်မာ့ပြည်သူလူထု ချစ်ခင်လေးစားရတဲ့ နိုင်ငံခေါင်းဆောင်တဦး ဖြစ်ပါတယ်။ ကျန်ရစ်သူမိသားစုများက ယခုလို လလည်ဆွမ်းတရားနာ နဲ့ အောက်မေ့ဖွယ်အခမ်းအနားကို ၎င်းကို ချစ်ခင်လေးစားတဲ့ ပြည်သူများ လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးမိတ်ဆွေများနဲ့ အတူတကွ ကျင်းပခြင်း ဖြစ်ပါတယ်။

အခမ်းအနားတက်ရောက်ကြသူများထဲတွင် လက်ရှိ CRPH  နဲ့ NUG အဖွဲ့ဝင်များ ဖြစ်ကြတဲ့ - ဦးအောင်ကြည်ညွန့်၊ ဒေါ်မေဝင်းမြင့်၊ ဦးမိုးဇော်ဦး၊ သံအမတ်ကြီး ဦးကျော်မိုးထွန်း တို့အပြင် ဒေါက်တာစိန်ဝင်း၊ ဦးဘိုလှတင့်နှင့် NLD ပါတီဝင်ဟောင်းများ၊ ရပ်နီးရပ်ဝေးမှမြန်မာပြည်ဖွားများ တက်ရောက်ကြပါတယ်။ နံနက်ပိုင်း သံဃာတော်များထံမှတရားနာယူ၊ ဆွမ်းကပ်ပြီးနောက် နေ့လယ်တွင် ဂုဏ်ပြုအမှတ်တရအခမ်းအနားကျင်းပခဲ့ပါတယ်။  ဇနီးဖြစ်သူဒေါက်တာယုယုမေကို NLD ဂုဏ်ပြုအလံကို ပေးအပ်ခဲ့ကြပါတယ်။


========================


📌📌 ၂။ နွေဦးဖွံဖြိုးရေးဘဏ်အစုရှယ်ယာတွေကိုများများဝယ်ယူမှုဟာ စစ်ကောင်စီရဲ့နောက်ဆုံးရက်တွေနီးကပ်လာမှုကိုပြသရာရောက်တယ်လို့ဆို


နိုဝင်ဘာ၁၈ရက်


နွေဦးဖွံဖြိုးရေးဘဏ်အစုရှယ်ယာတွေကိုများများဝယ်ယူမှုဟာ စစ်ကောင်စီရဲ့နောက်ဆုံးရက်တွေနီးကပ်လာမှုကိုပြသရာရောက်တယ်လို့NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကဆိုပါတယ်။

နိုဝင်ဘာလအတွင်း နွေဦးဘဏ်ရဲ့ ဒုတိယအကြိမ် အစုရှယ်ယာ ပိုင်ဆိုင်ခွင့် အစီအစဉ်မှ ပါဝင်မှတ်တမ်းတင်ကြဖို့ တိုက်တွန်း နှိုးဆော်ရာမှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကဆိုပါတယ်။

"ဒီအစုရှယ်ယာတွေကို ပိုင်ဆိုင်တာတွေကိုများများပြည်သူလူထုကဝယ်ယူတာကိုပြသခြင်းနဲ့လည်း ပြည်သူလူထုကဒီတော်လှန်ရေးကိုဘယ်လောက်အထိအောင်မြင်စေချင်သလဲ။တဖက်မှာဒီတော်လှန်ရေးကိုအောင်မြင်စေဖိူ့ဘယ်လောက်အထိစိတ်ဆန္ဒရှိသလဲဆိုတာ ပြသရာရောက်သလိုတိုင်းတာလို့ရတဲ့အမှတ်အသားလည်းဖြစ်တယ်။ဒီနွေဦးဖွံဖြိုးရေးဘဏ်အစုရှယ်ယာတွေကိုများများဝယ်တယ်။များများရောင်းရတယ်ဆိုတာဘယ်လိုအဓိပ္ပယ်သက်ရောက်သလဲဆိုတော့ စစ်ကောင်စီရဲ့နောက်ဆုံးရက်တွေတဖြည်းဖြည်းနီးလာပြီ။ဒီဘဏ္ဍာရန်ပုံငွေမျက်နှာစာမှာ များများအစုရှယ်ယာရောင်းချရလေလေစစ်ကောင်စီရဲ့နောက်ဆုံးရက်တွေကိုပြသတာဖြစ်တယ်"လို့ဆိုပါတယ်။

ဒါ့အပြင် နွေဦးဖွံဖြိုးရေးSDBဘဏ်အစုရှယ်ယာများကို ပြင်ပလိမ်လည်သူရန်မှ သတိပြုကာကွယ်နိုင်ဖို့ ယုံကြည်စိတ်ချရတဲ့ RM များအားလုံး နဲ့ ရင်းနှီးတဲ့မိတ်ဆွေ လမ်းကြောင်းကတဆင့်သာ ဆက်သွယ်ဝယ်ယူကြဖို့ကိုလည်း နွေဦးဖွံဖြိုးရေးSDBဘဏ်က တရားဝင်အသိပေးကြေညာပါတယ်။

"အနည်းဆုံး $10 ပမာဏနဲ့ SDB အကောင့်ရှိရုံနဲ့ ကိုယ်တိုင်ဝယ်ဝယ်၊ RM ဆီကဝယ်ဝယ် နွေဦးဘဏ် ရှယ်ယာရှင် ဖြစ်နိုင်ပါတယ်။ အပတ်စဉ် သတ်မှတ် ငွေလဲနှုန်းထားများအတိုင်း SDB app အတွင်းရှိ ICO Round 2 icon မှတဆင့် ရှယ်ယာ တိုကင်များကို စိတ်ကြိုက်ဝယ်ယူပြီး ဂုဏ်ပြုလွှာ ထုတ်ယူနိုင်ပါတယ်။ ပြင်ပလိမ်လည်သူရန်မှ သတိပြုကာကွယ်နိုင်ဖို့ ယုံကြည်စိတ်ချရတဲ့ RM များအားလုံး နဲ့ ရင်းနှီးတဲ့မိတ်ဆွေ လမ်းကြောင်းကတဆင့်သာ ဆက်သွယ်ဝယ်ယူကြဖို့ကိုလည်း အထူး တိုက်တွန်းလိုက်ပါတယ်"လို့ဆိုထားပါတယ်။

ဘဏ်အစုရှယ်ယာရှင် ဖြစ်ဖို့အတွက် ICO round 2 မှာ နွေဦးဘဏ် အကောင့် မရှိလို့ မဝယ်ဖြစ်ဘဲ မရှိရလေအောင်  SDB အကောင့် အခမဲ့ ဖွင့်လှစ်ခြင်းကို ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် နိုဝင်ဘာ၁၅ရက်မှဒီဇင်ဘာ၅ရက်အတွင်း မြန်မာစံတော်ချိန်  မနက် နာရီ မှ ၁၂ နာရီ အထိ  နှင့် နေ့လည် နာရီ မှ နာရီအထိ နေ့စဥ်  () ကြိမ် ဖြင့် Zoom Meeting မှတဆင့် ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။


နွေဦးဖွံဖြိုးရေးဘဏ်အစုရှယ်ယာများကို ရောင်းချရာ ICO Round 2 စတင်ချိန် နိုဝင်ဘာ ၁၅ ရက် မနက် နာရီ မှ နိုဝင်ဘာ ၁၆ ရက် မနက် နာရီအထိ (၂၄) နာရီအတွင်း ကိုယ်တိုင် နှင့် RM များမှ တဆင့် နွေဦးဘဏ် အစု ရှယ်ယာ ဝယ်ယူမှုအသီးသီးရဲ့ စုစုပေါင်း ပမာဏမှာ ဒေါ်လာ 2.2 သန်း ကျော် ရရှိထားပြီးဖြစ်ပါတယ်။


========================


📌📌 ၃။ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာဆာဆာနဲ့ ကယ်လီဖိုးနီးယားမြောက်ပိုင်း မြန်မာတိုင်းရင်းသားမိသားစုများ တွေ့ဆုံပွဲကျင်းပခဲ့


Radio NUG နိုဝင်ဘာ ၁၈၊ ၂၀၂၄


အမေရိကန်နိုင်ငံပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းနေ မြန်မာတိုင်းရင်းသားမိသားစုများနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန   ဝန်ကြီး ဒေါက်တာဆာဆာတို့ တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁၇ နေ့လည်ပိုင်းတွင် စည်ကားသိုက်မြိုက် ရင်းနှီးချစ်ခင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ မြန်မာမိသားစေတနာရှင်များက ထမင်းဘူးများကို ချက်ပြုတ်ထုတ်ပိုးပြီး ကျွေးမွေးဧည့်ခံခဲ့ကြပါတယ်။ ပရိသတ် ၃၅၀ လောက် တက်ရောက်ကြပြီး ဒေါက်တာဆာဆာက ပရိသတ်များကို မြန်မာပြည်တော်လှန်ရေးအခြေအနေများကို ပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ပါတယ်။ တက်ရောက်လာကြတဲ့ မြန်မာတိုင်းရင်းသားမိသားစုများက ဒေါက်တာဆာဆာနဲ့ ၎င်းဝန်ကြီးဌာန၏ လူသားစာနာကူညီမှုရန်ပုံငွေအတွက် တတ်အားသရွေ့ထည့်ဝင်ကြခြင်းနဲ့ ဒေါက်တာဆာဆာ တီးခပ်ဖျော်ဖြေတဲ့ ဂီတာနဲ့ ချင်းတိုင်းရင်းသားဝတ်စုံများ လေလံတင်ခြင်းကနေ အလှူငွေ ၂သောင်း ၅ထောင် ၅၀၀ လက်ခံရရှိတယ်လို့ သိရပါတယ်။

ဒေါက်တာဆာဆာက ပြည်သူအားလုံး၏ စည်းလုံးညီညွတ်မှုကို တောင်းဆိုပြီး၊ အမြဲတမ်း မြန်မာ့အရေးကို ထောက်ခံပေးကြဖို့၊ အမေရိကန်အစိုးရနဲ့ လွှတ်တော်ကို  တောင်းဆိုဆွေးနွေးတိုက်တွန်းပေးကြဖို့ ပြောကြားပါတယ်။ မြန်မာပြည်ဟာ လူဦးရေအများဆုံးတိုင်းပြည်ကြီး ခုဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယပြည်ကြားထဲမှာ တည်ရှိကြောင်း ကြားနေသော ချိန်ခွင်ညှာကို ထိန်းနိုင်သော တိုးတက်သည့် အနာဂတ်တိုင်းပြည်အဖြစ် ရပ်တည်ရမည်ဖြစ်ကြောင်း သဘောထားပြောကြားသွားပါတယ်။


========================


📌📌 ၄။ပြည်သူနဲ့ဆန့်ကျင်ဘက်မှာနေမယ်ဆိုရင်တရုတ်နဲ့မြန်မာပြည်သူတွေရဲ့ဆက်ဆံရေးကမကောင်းနိုင်ဘူး"လို့ဆို


နိုဝင်ဘာ၁၈ရက်


"ပြည်သူနဲ့ဆန့်ကျင်ဘက်မှာနေမယ်ဆိုရင်တရုတ်နဲ့မြန်မာပြည်သူတွေရဲ့ဆက်ဆံရေးကမကောင်းနိုင်ဘူး"လို့  အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးက နိုဝင်ဘာလအတွင်းမှာကျင်းပတဲ့ ပြည်သူမှပြည်သူသို့အစီအစဥ်မှာ ဆိုထားပါတယ်။

"ပြည်သူနဲ့ဆန့်ကျင်ဘက်မှာနေမယ်ဆိုရင်တရုတ်နဲ့မြန်မာပြည်သူတွေရဲ့ဆက်ဆံရေးကမကောင်းဘူး။ဒါကြောင့်သေချာစဥ်းစားသင့်တယ်။တရုတ်နဲ့တွေ့ပြီးပြန်လာတဲ့မင်းအောင်လှိုင်ဟာအခုရက်ပိုင်းအတွင်းဗုံးတွေပိုကြဲလာတယ်။ပိုပြီးတော့လူမဆန်ဖြစ်လာတယ်။ ဒီဖြစ်ရပ်တွေဟာ တရုတ်တို့ထိုင်းတို့နဲ့တွေ့ဆုံပြီးဖြစ်လာတဲ့အတွက်ကြောင့်သူတို့တွေရဲ့ပယောဂမကင်းဘူးလို့ပြောရမယ်။မင်းအောင်နဲ့စကစကိုလက်ခံတွေ့ပြီးဒါတွေဖြစ်လာတာကြောင့် ပြည်သူကတော့ကြိုက်မှာမဟုတ်ဘူး"လိူ့ဆိုပါတယ်။

လက်ရှိမှာ စကစရဲ့အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အာဆီယံဒေသတွင်း၄င်းတရားဝင်ဖြစ်လာရေးကို လိမ်လည်လှည့်ဖျားလုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၅။ အမေရိကန်နိုင်ငံမေရီလန်းပြည်နယ်က မြန်မာတော်လှန်ရေးရုပ်ရှင်ပြပွဲNUGဝန်ကြီးများတက်ရောက်ခဲ့


နိုဝင်ဘာ၁၈ရက်


အမေရိကန်နိုင်ငံမေရီလန်းပြည်နယ်က မြန်မာတော်လှန်ရေးရုပ်ရှင်ပြပွဲသို့ NUGဝန်ကြီးများတက်ရောက်ခဲ့တယ်လို့ နိုဝင်ဘာလအတွင်းမှာ လူ့အခွင့်ရေးဒုဝန်ကြီးဦးအောင်ကျော်မိုးက ဆိုရှယ်မီဒီယာမှတစ်ဆင့် အသိပေးဆိုထားပါတယ်။"The Zoomer by Innlay Production ရုပ်ရှင်ပြပွဲကို မေရီလန်းတွင် ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရှိ PDF ဖြစ်ရပ်မှန်ကို အခြေခံထားသော နိုင်ငံတကာ ဆုပေါင်းများစွာ ရရှိထားသော မှတ်တမ်းရုပ်ရှင်"ဖြစ်တယ်လို့ဆိုပါတယ်။

အခမ်းအနားသို့ လူ့အခွင့်ရေးဝန်ကြီးဦးအောင်မျိုးမင်း၊နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးတို့အတူတက်ရောက်ကာ အမှာစကားများပြောကြားခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။


========================


📌📌 ၆။ မြန်မာနိုင်ငံရှိ ကလေးသူငယ်များနှင့် လူငယ်များဟာ ပညာရေးနှင့် ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုလိုမျိုး အစရှိတဲ့ အခြေခံလူ့အခွင့်အရေးများကို ဆုံးရှုံးနေကြရတယ်လို့ ယူနီဆတ်မြန်မာထုတ်ပြန်


နိုဝင်ဘာ၁၈ရက်


မြန်မာနိုင်ငံရှိ ကလေးသူငယ်များနှင့် လူငယ်များဟာ ပညာရေးနှင့် ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုလိုမျိုး အစရှိတဲ့ အခြေခံလူ့အခွင့်အရေးများကို ဆုံးရှုံးနေကြရတယ်လို့ နိုဝင်ဘာ၁၈ရက်မှာ ယူနီဆတ်မြန်မာက တရားဝင်ထုတ်ပြန်လိုက်ပါတယ်။

"ပဋိပက္ခမှသည် မလုံခြုံမှုအထိ၊ အကျပ်အတည်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံရှိ ကလေးသူငယ်များနှင့် လူငယ်များဟာ ပညာရေးနှင့် ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုလိုမျိုး အစရှိတဲ့ အခြေခံလူ့အခွင့်အရေးများကို ဆုံးရှုံးနေကြရပါတယ်။ ဒီလိုစိန်ခေါ်မှုအမျိုးမျိုးကြားကပဲ သူတို့တွေဟာ ကလေးတိုင်း ငြိမ်းငြိမ်းချမ်းချမ်း သင်ကြားနိုင်၊ အသက်ရှင်နေထိုင်နိုင်မယ့် အနာဂတ်တစ်ခု တည်ဆောက်ဖို့ စိတ်ဓာတ်ခိုင်မာနေဆဲဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။

အကြမ်းဖက်စကစရဲ့လေကြောင်းတိုက်ခိုက်မှုတွင်စာသင်ကျောင်းများပါဝင်ပြီး ၂၀၂၂ ခုနှစ်ဒီပဲယင်းမြို့နယ်လက်ယက်ကုန်းကျေးရွာရှိစာသင်ကျောင်းကိုတိုက်ခိုက်ရာမှာကလေးငယ်အများစုသေဆုံးခဲ့ရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက်ကိုမင်းသီဟန်နှင့်မင်းနွေဦးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။



========================

========================


🚩🚩 ၁။ကွတ်ခိုင်မြို့တွင် ညသန်းခေါင်ဝန်းကျင် စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ၂လသားအရွယ်ကလေး၁ဦးအပါအဝင် ဦးသေဆုံးပြီး ဦးထိခိုက်ဒဏ်ရာ ရရှိ


နိုဝင်ဘာ၁၈ရက်


ကွတ်ခိုင်မြို့တွင် ညသန်းခေါင်ဝန်းကျင် စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ၂လသားအရွယ်ကလေး၁ဦးအပါအဝင် ဦးသေဆုံးပြီး ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။

ကွတ်ခိုင်မြို့တွင် နိုဝင်ဘာလ ၁၇ ရက်နေ့ညသန်းခေါင် ၁၂ နာရီဝန်းကျင်က စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်ဖြင့် ပစ်ခတ်မှု တရုတ်နှစ်ခြင်းခရစ်ယာန်အသင်းတော်ဘုရားကျောင်းအနီးရှိ လူနေအိမ်တစ်လုံး၌ ကျရောက်ပေါက်ကွဲ၍ ဦးသေဆုံးပြီး ဦးထိခိုက်ဒဏ်ရာ ရရှိကြောင်း သတင်းရရှိပါတယ်။

"သေတာက သုံးယောက်ဟုတ်တယ်။ သက်ကြီးအမျိုးသားတစ်ဦးနဲ့ ကလေးနဲ့ မိခင်ဟုတ်တယ်။ ကလေးက နှစ်လသားအရွယ်ပဲရှိသေးတယ်။ဟု ကွတ်ခိုင်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဩဂုတ်လ ရက်နေ့နှင့် ယခု နိုဝင်ဘာ ရက်နေ့ နံနက်ပိုင်းတွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အရပ်သားနေရာများ၌ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားသေဆုံးထိခိုက်မှုနှင့် နေအိမ်အဆောက်အအုံထိခိုက်ပျက်စီးမှုများ ရှိခဲ့ပါတယ်။


========================


🚩🚩 ၂။ ရေစကြိုမြို့နယ် ရုံးပေါင်းစုံအတွင်း သန်းခေါင်စားရင်းကောက်ယူရာကနေလက်နက်နဲ့အတူ ထွက်ပြေးလာသည့်စကစတပ်သား၂ယောက်ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များကဆုချ


နိုဝင်ဘာလ(၁၈)ရက်


ရေစကြိုမြို့နယ် ရုံးပေါင်းစုံအတွင်း သန်းခေါင်စားရင်းကောက်ယူရာကနေလက်နက်နဲ့အတူ ထွက်ပြေးလာသည့်စကစတပ်သား၂ယောက်ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များကဆုချခဲ့ပါတယ်။

ရေစကြိုမြို့နယ် ခလရ၂၅၇ လက်အောက်ခံ တပ်သားကိုဦး  နှင့် ခလရ၂၅၈လက်အောက်ခံ တပ်သားစိုးလင်းအောင် တို့သည် ရေစကြိုမြို့နယ် ရုံးပေါင်းစုံအတွင်း သန်းခေါင်စာရင်းကောက်ယူရာတွင် လုံခြုံရေးယူနေ့သည် အဆိုပါတပ်သား၂ယောက်သည် နိုဝင်ဘာလ(၁၆)ရက်နေ့ နေ့လည်၂နာရီအချိန်ခန့်တွင် ထွက်ပြေးလာခဲ့တယ်လို့ဖော်ပြပါတယ်။

 ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များမှ သတင်းအရလိုက်လံရှာဖွေခဲ့ပြီး နိုဝင်ဘာလ(၁၇)ရက် နေ့လည်အချိန်ခန့်တွင် ရေစကြိုမြို့နယ် တစ်နေရာတွင် ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့ယူဆောင်လာသည့် MA1 2လက်၊ကျည်ဘောက်၉ဘောက်နှင့် .၅၆ကျည်၄၅၀ခန့်အား ရေစကြိုမြို့နယ်(.က.)ထံအပ်နှံခဲ့ပြီး စစ်ကောင်စီထံမှထွက်ပြေးလွတ်မြောက်လာသည့် တပ်သား၂ဦးအား ကောင်းမွန်စွာထားရှိပြီး ဆုငွေတစ်ဦးလျှင်၁၅သိန်းပေးအပ်ခဲ့တယ်လို့ရေစကြိုပကဖထံကသိရပါတယ်။

 ရေစကြိုမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံများအနေဖြင့် ပြည်သူ့ဘက်အား လုံခြုံစိတ်ချစွာ ဘက်ပြောင်းခိုလှုံကြဖို့ ထပ်မံတိုက်တွန်းအပ်ပြီး ဆက်သွယ်လိုပါက 09988895428ကိုလုံခြုံစိတ်ချစွာဆက်သွယ်နိုင်တယ်လို့ဆိုပါတယ်။


========================


🚩🚩 ၃။ သန်းခေါင်စာရင်းကောက်ရန် အသံချဲ့စက်ဖြင့် အော်နေသည့်အုပ်ချုပ်ရေးမှူးပျူခေါင်းဆောင်အပစ်ခံရ


နိုဝင်ဘာ၁၈ရက်


သန်းခေါင်စာရင်းကောက်ရန် အသံချဲ့စက်ဖြင့် အော်နေသည့်အုပ်ချုပ်ရေးမှူးပျူခေါင်းဆောင်အပစ်ခံရတယ်လို့ နိုဝင်ဘာ၁၈ရက်မှာ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက သတင်းထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် စစ်ဒေသခွဲ၊ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂၊ တပ်ခွဲ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ကထုတ်ပြန်ချက်အရ နိုဝင်ဘာ၁၇ရက် ရန်ကုန် ပြည်လမ်းမဘေး ရဲကင်းအနီးလမ်းမပေါ်အသံချဲ့စက်နဲ့အော်နေသည့် အုပ်ချုပ်ရေးမှူးပျူခေါင်းဆောင်ကိုပစ်ခတ်ခဲ့တယ်လို့အတည်ပြုပါတယ်။

၄င်းထံမှငွေစက္ကူအနည်းငယ်နဲ့လက်ပစ်ဗုံးတို့ကိုသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment