22nd NOV 2024 - Evening Daily News by Radio NUG

 

၂၀၂၄ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမေရိကန်အထက်လွှတ်တော်အမတ် Young ၏ရုံးခန်းသို့ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာရောက်ရှိခဲ့

📌 ၂။ စေ့စပ်ဖျန်ဖြေခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ပွဲသို့ ပြည်ထောင်စုဝန်ကြီးဦးသိန်းဦးတက်ရောက်ဖွင့်လှစ်ပေးခဲ့

📌 ၃။ SDB ရှယ်ယာဝယ်ယူမှု စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ . သန်းကျော်အထိ တက်လှမ်းရောက်ရှိ

📌 ၄။ မုံရွာခရိုင်အမှတ် ၅တပ်ရင်း ရဲဘော်များနှင့် ဒေါက်တာတေဇာဆန်းတို့ အညာဒေသတနေရာမှာ ရေနွေးကြမ်းစကားဝိုင်းအောင်မြင်စွာကျင်းပပြီးစီး

📌 ၅။ ကနီနယ်မှာ ချင်းတွင်းမြစ်ကမ်းပြိုပြီး ကုန်ထုတ်လမ်းပျက်စီးသွားတာကြောင့် ဒေသနေသူတွေအခက်ကြုံတွေ့နေရ


၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။⁨⁨⁨⁨⁨ ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲမှာ လက်နက် ၁၀၀ ကျော် သိမ်းပိုက်ရရှိ 

🚩 ⁨⁨၂။ မင်းတပ်နဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ အောင်မြင်မှုတွေေထားတယ်လို့ ချင်းညီနောင် အသိပေး

🚩 ၃။⁨⁨ တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက် 

🚩၄။ ပေါက်မြို့နယ်မှာ ပျူစောထီး ဦးဖမ်းမိပြီး စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာကြောင့် အရပ်သား ဦး ဒဏ်ရာရ 

🚩၅။ ကျွန်းလှမြို့နယ်က ကုက္ကိုကုန်းတိုက်နယ်ဆေးရုံကို စစ်တပ်စီးနင်းတပ်စွဲပြီး လေယာဉ်တွေဒရုန်းတွေနဲ့ ဗုံးကြဲနေတဲ့အတွက် ကျေးရွာဒေသနေသူတွေ ထွက်ပြေးနေရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။



========================




📌📌 ၁။ အမေရိကန်အထက်လွှတ်တော်အမတ် Young ၏ရုံးခန်းသို့ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာရောက်ရှိခဲ့


နိုဝင်ဘာ၂၂ရက်


အမေရိကန်အထက်လွှတ်တော်အမတ် Young ၏ရုံးခန်းသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာရောက်ရှိခဲ့တယ်လို့ နိုဝင်ဘာ၂၁ရက်မှာပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ဆိုရှယ်မီဒီယာမှာအသိပေးဆိုထားပါတယ်။

"အထက်လွှတ်တော်အမတ် Young ၏ရုံးခန်းတွင် အပြုသဘောဆောင်သော ဆွေးနွေးမှုတစ်ခုပြုလုပ်ရန် အခွင့်ထူးတစ်ခုဖြစ်ပါတယ်။ မြန်မာပြည်သူတွေဟာ တည်ငြိမ်အေးချမ်းပြီး အားလုံးပါဝင်ပြီး သာယာဝပြောသော ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်အတွက် လမ်းခင်းပေးနေတဲ့ မြန်မာပြည်သူပြည်သားတွေဟာ သမိုင်းကြောင်းကို ဖန်တီးနေကြပါတယ်။ သင်၏ ကတိကဝတ်နှင့် ပံ့ပိုးမှုအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်"လို့ဝန်ကြီးကဆိုထားပါတယ်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာဟာ အမေရိကန်နိုင်ငံသို့အလုပ်သဘောခရီးစဥ်အဖြစ်ရောက်ရှိနေခြင်းဖြစ်ပါတယ်။ 


========================


📌📌 ၂။ စေ့စပ်ဖျန်ဖြေခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ပွဲသို့ ပြည်ထောင်စုဝန်ကြီးဦးသိန်းဦးတက်ရောက်ဖွင့်လှစ်ပေးခဲ့


နိုဝင်ဘာ၂၂ရက်


စေ့စပ်ဖျန်ဖြေခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ပွဲသို့ ပြည်ထောင်စုဝန်ကြီးဦးသိန်းဦးတက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

တရားရုံးမှဦးဆောင်သည့် စေ့စပ်ဖျန်ဖြေရေးလုပ်ငန်းစဉ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရှေ့ပြေးမြို့နယ်များအဖြစ် လျာထားသည့် မြို့နယ်()မြို့နယ်တွင် စေ့စပ်ဖျန်ဖြေသူအရာရှိများအဖြစ် အမည်စာရင်း တင်သွင်းထား သူများအား စေ့စပ်ဖျန်ဖြေခြင်းဆိုင်ရာ သင်တန်းတစ်ရပ် ကျင်းပပေးခဲ့တယ်လို့သိရပါတယ်။

 သင်တန်းတွင် နိုင်ငံတကာပညာရှင်များထံမှ အခြားနည်းဖြင့်အငြင်းပွားမှုဖြေရှင်းခြင်း (Alternative Dispute Resolution-ADR) Training ရရှိထားပြီးသော တရားရေးဝန်ကြီးဌာနရှိ ဆရာ/ဆရာမများနှင့် မိတ်ဖက်အဖွဲ့အစည်းရှိ ADR သင်တန်းဆရာ၊ ဆရာမများမှ စေ့စပ်ဖျန်ဖြေခြင်း၏ အခြေခံသဘောတရားများအပါအဝင် စေ့စပ်ဖျန်ဖြေရေး လုပ်ငန်းစဉ် အဆင့်ဆင့်တို့အား  နိုဝင်ဘာ၁၁ မှ ၁၅ရက်အထိ ()ရက်တာ သင်ကြားပို့ချခဲ့ပါတယ်။

အဆိုပါ သင်တန်းသို့ သက်ဆိုင်ရာ စေ့စပ်ဖျန်ဖြေရေး အရာရှိများအဖြစ် ဆောင်ရွက်ရန် အမည်စာရင်းတင်သွင်းထားသူများ၊ မြို့နယ်တရားသူကြီးများ မြို့နယ်ဥပဒေတာဝန်ခံများနှင့် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင် တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ SDB ရှယ်ယာဝယ်ယူမှု စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ . သန်းကျော်အထိ တက်လှမ်းရောက်ရှိ


နိုဝင်ဘာ၂၂ရက်


နွေဦးဖွံဖြိုးရေး SDBဘဏ် ရှယ်ယာဝယ်ယူမှု စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ . သန်းကျော် အထိ တက်လှမ်း ရောက်ရှိပြီလို့ နိုဝင်ဘာ၂၂ရက်မနက်ပိုင်းမှာ နွေဦးဖွံဖြိုးရေး SDBဘဏ်ကအသိပေးဆိုထားပါတယ်။

"အိမ်ပြန်လှိုင်းသစ် ခရီးစဉ် မှာ အဆင့်မြင့်အနာဂတ်ဆီသို့ မောင်းနှင်နေသည့်  ICO 2 မှာ ရက်မြောက်နေ့ မနက် နာရီ အချိန်တွင် SDB ရှယ်ယာဝယ်ယူမှု စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ . သန်းကျော် အထိ တက်လှမ်း ရောက်ရှိခဲ့ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ပြည်သူများရဲ့ ပံ့ပိုးမှုနဲ့ စိတ်အားထက်သန်မှူတွေကြောင့်သာ ဘုံအနာဂတ်ဆီသို့ ဆက်လက်ရွေ့နေတဲ့လောင်စာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။

ဒီလို မလျော့သော အရှိန်နဲ့အတူ ဒီဇင်ဘာ ရက်နေ့ နောက်ဆုံးထားပြီး ရှယ်ယာတိုကင်များကို ဝယ်ယူမြှုပ်နှံဖို့ အသိမိတ်ဆွေများကို တိုက်တွန်းရင်း ICO Round 2 တားဂတ်ပြည့်မှီအောင် အတူဝိုင်းတွန်းကြဖို့ကိုလည်းဆိုထားပါတယ်။နွေဦးဖွံဖြိုးရေးSDBဘဏ်အစုရှယ်ယာများကို နိုဝင်ဘာ၁၅ရက်မှဒီဇင်ဘာ၅ရက်နေ့အထိရောင်းချပေးသွားမှာဖြစ်ပါတယ်။

ဘဏ်အစုရှယ်ယာရှင် ဖြစ်ဖို့အတွက်ICO round 2 မှာ"အနည်းဆုံး $10 ပမာဏနဲ့ SDB အကောင့်ရှိရုံနဲ့ ကိုယ်တိုင်ဝယ်ယူနိုင်သလိုRMများကတဆင့်လည်းဝယ်ယူနိုင်ပါတယ်။


========================


📌📌 ၄။ မုံရွာခရိုင်အမှတ် ၅တပ်ရင်း ရဲဘော်များနှင့် ဒေါက်တာတေဇာဆန်းတို့ အညာဒေသတနေရာမှာ ရေနွေးကြမ်းစကားဝိုင်းအောင်မြင်စွာကျင်းပပြီးစီး


နိုဝင်ဘာ၂၂ရက်


မုံရွာခရိုင် အမှတ် ၅တပ်ရင်း ရဲဘော်များနှင့် ဒေါက်တာတေဇာဆန်းတို့ အညာဒေသ တနေရာမှာ ရေနွေးကြမ်းစကားဝိုင်းအောင်မြင်စွာကျင်းပပြီးစီးခဲ့တယ်လို့ နိုဝင်ဘာ၂၂ရက်မှာ မုံရွာခရိုင်အမှတ် ၅တပ်ရင်းကအသိပေးဆိုပါတယ်။

"မုံရွာခရိုင် အမှတ် တပ်ရင်း ရဲဘော်များနှင့် ဒေါက်တာတေဇာဆန်း တို့ အညာဒေသ တနေရာမှာ ရေနွေးကြမ်းစကားဝိုင်း လေး လုပ်ဖြစ်ခဲ့ကြပါတယ်။ အညာဒေသ တော်လှန်ရေး အခက်အခဲများကို ပြောကြဆိုကြ ဆွေးနွေးကြရင်း၊ ရင်ဖွင့်ကြရင်း၊ ဆရာမှလည်း စိတ်ခွန်အားပေးရင်း ပျော်စရာ ပညာရစရာ စကားဝိုင်းလေး ဖြစ်ခဲ့ရတယ်။ ထင်မှတ်မထားဘဲ ကြုံရ ဆုံရပြီး ဂရုတစိုက် စိတ်ခွန်အားပေးခဲ့တဲ့ ဆရာ့ကိုလည်း အထူးကျေးဇူးတင်ရပါတယ်"လို့ဆိုပါတယ်။

စစ်ကောင်စီ ဒေါက်တိုင်တွေ ဖြိုဖျက်နိုင်ရေး၊ စကစ ထုတ် ကုန်စည်တွေ မဝယ် မသုံးရေးအတွက် "ဘူး" သပိတ် ကမ့်ပိန်းမှာလည်း တပ်ရင်းရဲဘော်များမှ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။


========================


📌📌 ၅။ ကနီနယ်မှာ ချင်းတွင်းမြစ်ကမ်းပြိုပြီး ကုန်ထုတ်လမ်းပျက်စီးသွားတာကြောင့် ဒေသနေသူတွေအခက်ကြုံတွေ့နေရ


နိုဝင်ဘာ၂၂ရက်


စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ ချင်းတွင်းမြစ်ကမ်းပြိုကျတာကြောင့် ဒေသနေသူတွေ အဓိကအားထားနေရတဲ့ ကုန်ထုတ်လမ်း တခုပျက်စီးသွားတဲ့အတွက် သွားရေးလာရေးမှာ အခက်အခဲကြုံတွေ့နေရတယ်လို့ ဒေသနေပြည်သူတွေက ပြောပါတယ်။ 

ကနီမြို့နယ် ကနဲရွာအရှေ့ဘက် ချင်းတွင်းမြစ်ကမ်းဘေးကနေ ဘုတလင်နယ်အထိသွားလို့ရတဲ့ အဓိကကုန်ထုတ်လမ်း ဖြစ်ပြီး မြစ်ရေတိုက်စားပြီးတဲ့နောက် အက်ကြောင်းတွေဖြစ်ကာ ကွန်ကရစ်လမ်း ပြိုကျပျက်စီးသွားတာလို့ ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုက ဦးဆောင်သူ ကိုပြည့်အောင်နိုင်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ အသိပေး ထားပါတယ်။ 

ဒါကြောင့် ဒေသနေပြည်သူတွေ သွားလာရေးအတွက် လမ်းပန်းဆက်သွယ်ရေးပိုင်မှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ်။

ဒီလမ်းဟာ အဓိက ကုန်ထုတ်လမ်းဖြစ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေးအတွက် အခက်အခဲဖြစ်ရတယ်လို့ ဒေသနေသူတွေက ဆိုပါတယ်။ 

စစ်ကောင်စီတပ်တွေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ရေယာဥ်တွေ သင်္ဘောတွေနဲ့စစ်ကြောင်းထွက်လာချိန်မှာ ဒေသနေ ပြည်သူတွေအနေနဲ့ အခုပျက်စီးသွားတဲ့လမ်းကိုပဲ အဓိကအသုံးပြုပြီး စစ်ရှောင်ကြရတာလို့ သိရပါတယ်။ 

အဲဒီမြစ်ကမ်းပြိုကျမှုကြောင့် ကနဲရွာနဲ့ ညောင်ဝန်းရွာတွေပါ ကမ်းပါးပြိုကျမယ့်အန္တရာယ် စိုးရိမ်နေရသလို ကနဲရွာ အရှေ့ ဘက်မှာရှိတဲ့ အင်းဝခေတ်နဲ့ ကုန်းဘောင်ခေတ်က တည်ထားခဲ့တဲ့ ရှေးဟောင်းစေတီ ၁၇ ဆူဟာလည်း မြစ်ကမ်းဘေး အက်ကြောင်းထတဲ့နေရာအနီးမှာရှိနေတာကြောင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေ ပျက်စီးမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက်မင်းသီဟန်နှင့် ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။



========================

========================



🚩🚩 ၁။⁨⁨⁨⁨⁨ ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲမှာ လက်နက် ၁၀၀ ကျော် သိမ်းပိုက်ရရှိ 


နိုဝင်ဘာ၂၂ရက်


ကချင်ပြည်နယ် တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ ကန်ပိုက်တီမြို့ကို KIA နဲ့ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့ရာမှာ စစ်အုပ်စုထံက နေ လက်နက်မျိုးစုံ ၁ဝဝ ကျော် သိမ်းဆည်းရရှိခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေ နိုဝင်ဘာ ၂၀ ရက်နေ့က ကန်ပိုက်တီမြို့ကို တိုက်ခိုက်သိမ်းပိုက် လိုက်ပြီး မြို့တွင်းနဲ့မြို့ပတ်ဝန်းကျင်ကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ပြီးနောက်တရက် နိုဝင်ဘာ ၂၁ ရက်နေ့မှာ သိမ်းပိုက်ရရှိထားတဲ့ လက်နက်ခဲယမ်းတွေကို ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ရုပ်သံမှတ်တမ်းနဲ့တကွ အသိပေး လာတာဖြစ်ပါတယ်။

KIA နဲ့ပူးပေါင်းတပ်တွေ မြို့တွင်းနဲ့မြို့ပတ်ဝန်းကျင်ကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာ စစ်ကောင်စီတပ်ဘက်က အရာရိအဆင့်ရှိသူတွေအပါအဝင် စစ်သုံ့ပန်းအချို့ဖမ်းဆီးရမိထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နဲ့ပြည်သူစစ်တွေ တရုတ် နိုင်ငံဘက် ထွက်ပြေးသွားတာရှိတယ်လို့လည်း သိရပါတယ်။  

အခုလို KIA နဲ့ပူးပေါင်းတပ်တွေ ကန်ပိုက်တီမြို့ကိုသိမ်းပိုက်လိုက်တဲ့အချိန်မှာ တရုတ်ဘက်က နယ်စပ်ဂိတ်ကို ပိတ်လိုက် တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒါကြောင့် KIA က ကန်ပိုက်တီမြို့က တရုတ်-မြန်မာနယ်စပ် ချစ်ကြည်ရေးဥမင်လှိုဏ်ခေါင်းတံခါးထိပ်မှာ ကချင်အမျိုးသား အလံတော်ကို လွှင့်ထူလိုက်ပြီး နယ်မြေလုံခြုံရေးနဲ့ ကန်ပိုက်တီမြို့ လုံခြုံရေးကို KIA က တာဝန်ယူထားကာ နယ်စပ်ဂိတ်မှာ လည်း KIA ရဲဘော်တွေ စောင့်ကြပ်နေတယ်လို့ သိရပါတယ်။ 

ကချင်-တရုတ်နယ်စပ် ကန်ပိုက်တီမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင် ခဲ့ဟာ စစ်ကောင်စီ လက်အောက်ခံ ဇခုန်တန့်ယိန်းထိန်းချုပ်ထားတဲ့ ကချင်အထူးဒေသ- တခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။


========================


🚩🚩 ⁨⁨၂။ မင်းတပ်နဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ အောင်မြင်မှုတွေေထားတယ်လို့ ချင်းညီနောင် အသိပေး


နိုဝင်ဘာ၂၂ရက်


ချင်းညီနောင်နဲ့မဟာမိတ်တပ်တွေဆင်နွှဲနေတဲ့ မင်းတပ်နဲ့ဖလမ်းမြို့သိမ်းတိုက်ပွဲဟာ အောင်မြင်မှုတွေရရှိထားတဲ့အတွက် ပြည်သူလူထုအနေနဲ့ ဆက်ပြီး ပံ့ပိုးပေးဖို့ ချင်းညီနောင်အဖွဲ့တာဝန်ရှိသူက အသိပေးနှိုးဆော်လိုက်ပါတယ်။ 

ချင်းညီနောင်စစ်ဆင်ရေးအတွက် အရေးပေါ် ရန်ပုံငွေရှာဖွေမှုကို ဒီနေ့ နိုဝင်ဘာ ၂၂ရက်က အွန်လိုင်းကနေကျင်းပခဲ့ရာ အဖွဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်-CDF Mindat စစ်ဦးစီးချုပ် ကိုထန်းချွန်းဖေက ထည့်သွင်းပြောဆိုလိုက်တာဖြစ်ပါတယ်။

မင်းတပ်နဲ့ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို နိုဝင်ဘာ ရက်က စတင်ခဲ့တာလို့ သိရပါတယ်။

အသိပေးတဲ့အချိန်ကစပြီး တိုက်ပွဲတွေဖြစ်နေတဲ့အနေအထားမှာ အဲဒီအချိန်ကထက်ပိုတဲ့ အောင်မြင်မှုတွေ ရထားပါတယ်လို့ ကိုထန်းချွန်းဖေက ပြောပါတယ်။

ဘေးထွက်ဆိုးကျိုးအနည်းဆုံးဖြစ်အောင် စီမံခန့်ခွဲနေတာကြောင့် တိုက်ပွဲသတင်းတွေကို အချိန်နဲ့တပြေးညီ မထုတ်ပြန်ပေး နိုင်တာလို့ ရှင်းပြခဲ့ပြီး ဒါကို နားလည်ပေးကြဖို့လည်း သူက မေတ္တာရပ်ခံထားပါတယ်။ 

နိုဝင်ဘာ ၂၁ ရက် မနေ့ညပိုင်းအထိ စစ်ကောင်စီတပ်က မင်းတပ်နဲ့ဖလမ်းမြို့ကို လေယာဉ်ပစ်ကူတွေနဲ့ ဆက်လက်တိုက်ခိုက် နေဆဲလို့ CDF မင်းတပ် စစ်ဦးစီးချုပ်လည်းဖြစ်တဲ့ သူက တဆက်တည်း ရှင်းပြခဲ့ပါတယ်။

အသက်ကို ဖက်နဲ့ထုပ်ပြီး ရှေ့တန်းမှာ တိုက်ပွဲဖော်ဆောင်နေတဲ့ရဲဘော်တွေရှိတယ်။ တိုက်ပွဲဖြစ်တဲ့အားလျော်စွာ ကျဆုံး ဆုံးရှုံးမှုလည်းရှိမယ်။ ဒဏ်ရာရလည်းရှိမယ်။ဒါတွေအတွက်လည်း ကျနော်တို့အများကြီးဆက်ပြီးတော့ တာဝန်ယူရမယ့် အပိုင်းတွေရှိပါတယ်။ ဒီအတွက်လည်း ဆေးဝါးကုသမှု အပိုင်းတွေမှာပဲဖြစ်ဖြစ် ကျနော်တို့မှာ ရန်ပုံငွေတွေလိုအပ်မှာ ဖြစ်ပါတယ်လို့ စစ်ဦးစီးချုပ် ကိုထန်းချွန်းဖေက ပြောပါတယ်။

ဒါကြောင့် တနိုင်ငံလုံးက ပြည်သူလူထုအနေနဲ့ ယုံကြည်စွာနဲ့ မင်းတပ်နဲ့ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာ ပံ့ပိုးပေးကြဖို့ သူက ထပ်ပြီး မေတ္တာရပ်ခံထားပါတယ်။

အခက်အခဲတွေ ဘယ်လောက်ပဲရှိရှိ စစ်ကောင်စီဘက်က ဘယ်လိုပဲခုခံနေပါစေ ကျနော်တို့က လိုချင်တဲ့ပန်းတိုင်ကို ရောက်အောင် ပြည်သူလူထုအတွက် အကာအကွယ်ပေးတဲ့တပ်။ ကျနော်တို့ချင်းညီနောင်သည် ချင်းပြည်သူလူထုအပါအဝင် ပြည်သူလူထုအားလုံးက အားကိုးယုံကြည်လောက်တဲ့ အဆင့်အတန်းတခုမှာ ရပ်တည်နိုင်အောင် အလုပ်နဲ့သက်သေပြဖို့ ချီတက်နေတာဖြစ်ပါတယ်။ အားလုံးဆက်ပြီးတော့ ဝန်းရံပံ့ပိုးကြပါ။ အောင်မြင်မှုတွေလည်း အတူတကွ ကျနော်တို့ အတူခံစားကြမယ်လို့ ကိုထန်းချွန်းဖေက ပြောကြားခဲ့ပါတယ်။

ဒေသတွင်းသတင်းတွေအရ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ် ကာကင်းအချို့ကို ချင်းညီနောင်က သိမ်းပိုက် ရရှိထားသလို မင်းတပ်မြို့ ထက်ဝက်ကျော်ကိုလည်း ချင်းညီနောင်ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။


========================


🚩🚩 ၃။⁨⁨ တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက် 


နိုဝင်ဘာ၂၂ရက်


ရန်ကုန်မြို့တော် တောင်ဥက္ကလာပမြို့နယ်က အမှတ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး လုံးနဲ့ ပစ်သွင်း တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ထိခိုက်မှုရှိနိုင်တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။  

တောင်ဥက္ကလာပမြို့နယ် အမှတ် ၁၄ ရပ်ကွက်အုပ်ချူပ်ရေးမှူးရုံးကို မနေ့ နိုဝင်ဘာ ၂၁ ရက်နေ့ နာရီခန့်အချိန်မှာ လက်ပစ်ဗုံး လုံး ပစ်သွင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး အုပ် ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူးများနဲ့ ရဲများ ထိခိုက်မှုရှိနိုင်တယ်လို့ သိရပါတယ်။

လက်ပစ်ဗုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခံရတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟာ ငွေတောင် စားသောက်ဆိုင်ဘေးမှာရှိပြီး လက်ပစ်ဗုံး လုံးစလုံး ပေါက်ကွဲခဲ့တာကြောင့် ကျယ်လောင်တဲ့ ပေါက်ကွဲသံ ကြိမ် ကြားရတယ်လို့ ဒေသနေသူတွေက ဆိုပါတယ်။  

ဒီတိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိတာ သေခြာပေမယ့် နောက်ဆက်တွဲအခြေအနေကိုတော့ မသိရသေးဘူး လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို ရန်ကုန် အရှေ့ပိုင်းခရိုင် မြောက်ဥကလာပမြို့နယ်-ပကဖ ရဲဘော်တွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ မစ်ရှင်တခုမှာ ငွေတောင်စားသောက်ဆိုင်က ဝန်ထမ်းတွေရဲ့ ဖမ်းဆီးသတ်ဖြတ်တာခံလိုက်ရတဲ့ ရဲဘော် ချောကလက် () သာဒင်အတွက် လက်စားချေနဲ့အနေဖြင့် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


========================


🚩🚩၄။ ပေါက်မြို့နယ်မှာ ပျူစောထီး ဦးဖမ်းမိပြီး စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာကြောင့် အရပ်သား ဦး ဒဏ်ရာရ 


နိုဝင်ဘာ၂၂ရက်


မကွေးတိုင်း ပေါက်မြို့နယ်မှာ ပျူစောထီး ဦးကို အရှင်ဖမ်းမိခဲ့ပြီး စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တာကြောင့် အရပ်သား ပြည်သူ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ နိုဝင်ဘာ ၂၂ မှာ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။  

ပေါက်မြို့နယ် တရော်ကိုင်း ပျူစောထီးရွာက ပျူစောထီး ဦး နိုဝင်ဘာ ၁၈ ရက် မနက် နာရီခွဲခန့်အချိန်က ရိက္ခာရှာဖွေဖို့  ထွက်လာချိန်မှာ ဇေယျာဦးလို့ ခေါ် တဲ့ ပျူစောထီးတဦးကို တော်လှန်ရေးတပ်တွေ ဖမ်းမိခဲ့ပြီး ကျန်တဲ့ ဦး ထွက်ပြေးလွတ် မြောက်သွားတယ်လို့ ဆိုပါတယ်။

ထို့အတူ နိုဝင်ဘာ ၂၀ ရက်နေ့ မနက် ၁၀ နာရီခန့်အချိန်မှာလည်း ပေါက်မြို့နယ် ရွှေဘုံသာရွာက ပျူစောထီး ဦးကိုလည်း အရှင်ဖမ်းမိခဲ့တယ်လို့ အသိပေးပါတယ်။

အခုလို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေကို ဖမ်းဆီးခံရပြီးနောက် နိုဝင်ဘာ ၂၀ ရက်နေ့ ညသန်းခေါင်အချိန်မှာ ပေါက်မြို့အနီးမှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်က ၁၂၀ မမ လက်နက်ကြီးနဲ့ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

စစ်တပ်ကပစ်တဲ့လက်နက်ကြီးကျည်တွေဟာ ပေါက်မြို့နယ် ဇီးဖြူကုန်းကျေးရွာအနီးမှာ လုံးပေါက်ကွဲခဲ့ပေမယ့် ဒေသနေ ပြည်သူတွေ ထိခိုက်မှုမရှိဘူးလို့ ပေါက် ပကဖ က ပြောပါတယ်။

ခွေးအတွင်းရွာအနီးနဲ့ရွာအတွင်း ကျရောက်ပေါက်ကွဲတဲ့ လက်နက်ကြီးကျည် လုံးကြောင့် အမျိုးသမီး ဦးထိခိုက်ဒဏ်ရာ ရခဲ့ပြီး အိမ်လုံးပျက်စီးခဲ့သလို မြေခြားရွာအနီးမှာ ပေါက်ကွဲတဲ့ လက်နက်ကြီးကျည် လုံးကြောင့် အရပ်သားတဦး ဒဏ်ရာ ရသွားတယ်လို့ သိရပါတယ်။ 

ပေါက်မြို့နယ် ကပစ ၂၄ ကပစ်တဲ့ လက်နက်ကြီး လုံး ပလောင်းရွာအနီး ကျရောက်ပေါက်ကွဲခဲ့တာရှိပေမယ့် အရပ်သား ပြည်သူ ထိခိုက်တာမရှိဘူးလို့ ထပ်သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေအနေနဲ့ တိုက်ပွဲဖြစ်တာမရှိဘဲ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို အကြောင်းမဲ့ ပစ်ခတ်တာကြောင့် ဒေသနေပြည်သူတွေ ထိခိုက်ဒဏ်ရာ ရစေခဲ့တာပဲဖြစ်ပါတယ်။


========================


🚩🚩၅။ ကျွန်းလှမြို့နယ်က ကုက္ကိုကုန်းတိုက်နယ်ဆေးရုံကို စစ်တပ်စီးနင်းတပ်စွဲပြီး လေယာဉ်တွေဒရုန်းတွေနဲ့ ဗုံးကြဲနေတဲ့အတွက် ကျေးရွာဒေသနေသူတွေ ထွက်ပြေးနေရ


နိုဝင်ဘာ၂၂ရက်


စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် ကုက္ကိုကုန်း တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းပြီး တပ်စွဲကာ ရွာအနီးတဝိုက်ကို လေယာဉ်တွေ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်လာတဲ့အတွက် ကျေးရွာဒေသနေသူတွေ ထွက်ပြေးနေရ တယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။ 

စစ်ကောင်စီတပ်နဲ့ ပျူ စုပေါင်းအင်အား ၂ဝဝ ခန့်ဟာ ကျွန်းလှမြို့ကနေ ကံပေါက်ရွာကို နိုဝင်ဘာ ၂ဝ ရက် မနက် နာရီခွဲခန့် မှာ ရောက်လာခဲ့ပြီး ရွာမြောက်ဘက်ကို ခြေလျင်စစ်ကြောင်းထိုးကာ ဒရုန်းတွေနဲ့ အနီးအနားရွာတွေကို ဗုံးသီးချတိုက်ခိုက် တဲ့အတွက် တကုန်း၊ကုက္ကိုကုန်း၊သံပုရာပင်စုနဲ့ မြဘုံသာရွာက ဒေသနေပြည်သူ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။ 

အဲဒီနောက် ကုက္ကိုကုန်းတိုက်နယ်ဆေးရုံကို ရောက်နေတဲ့ အင်အား ၂ဝဝ ခန့်ရှိတဲ့ စစ်အုပ်စုဟာ မွန်းလွဲ နာရီ ခန့်ကစပြီး ကုက္ကိုကုန်းရွာကို မီးစရှို့ကာ ဒရုန်းတွေနဲ့ ၆၀ မမ ဗုံးသီးတွေ ရွာပတ်လည်ကို ဆက်တိုက်ဆိုသလို ကြဲချခဲ့တယ်လို သိရပါတယ်။ 

တချိန်တည်းမှာပဲ ကျွန်းလှမြို့ကနေ အင်အားအပြည့်နဲ့ နောက်ထပ် ကား စီးထွက်လာပြီး ကံပေါက်ရွာကို ထပ်ရောက်လာ တယ်လို့လည်း သိရပါတယ်။

အဲဒီနောက် စစ်ကောင်စီဟာ နိုဝင်ဘာ ၂ဝ ရက်နေ့ နာရီခွဲခန့်အချိန်မှာ တကုန်းနဲ့ ကုက္ကိုကုန်းရွာအနီးတဝိုက်ကို တံတားဦးက တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးသီး လုံး ကြဲချခဲ့ပြီး နိုဝင်ဘာ ၂၁ ရက် နေလယ် ၂နာရီ ၄၆ မိနစ်နဲ့ နာရီ မိနစ် ၅ဝ မှာလည်း တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ကြိမ်လုပ်ခဲ့တယ်လို့ ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့နဲ့ ကောလင်းအင်ဖိုက အသိပေးပါတယ်။ 

အခုလို အကြမ်းဖက်စစ်အုပ်စုက ကျွန်းလှမြို့နယ် ကုက္ကိုကုန်း တိုက်နယ်ဆေးရုံမှာတပ်စွဲပြီး ရွာအနီးတဝိုက်ကို လေယာဉ်နဲ့ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အနီးအနားမှာရှိတဲ့ ကျေးရွာ ရွာက ထောင်နဲ့ချီတဲ့ ဒေသနေပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတာပဲဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ် စစ်ကြောင်းအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာမရှိဘဲ ကျေးရွာတွေကို ဦးတည် တိုက်ခိုက်လာတာလည်းဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကိုတော့ နိုဝင်ဘာ ၂၂ မနက် ၁ဝ နာရီဝန်းကျင်အထိ မသိရသေးပါဘူး။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment